【 နိုင်ငံတကာဆောင်းပါး 】 ဘုရင်စနစ်ကို အာခံလာသော ထိုင်းမျိုးဆက်သစ်များ

【 နိုင်ငံတကာဆောင်းပါး 】 ဘုရင်စနစ်ကို အာခံလာသော ထိုင်းမျိုးဆက်သစ်များ

ဆောင်ဖွန် ယာဂျိုင် ဆွန်သီရက်သည် ငယ်စဉ်ဘဝတွင် လက်ဝှေ့သမားဖြစ်ခဲ့ပြီး သန်မာသောပြိုင်ဖက်ကို မည်သို့မှောက်သွားအောင်ထိုးရမည်ကို နားလည်သည်။သတိမပြတ်ထား၊ တည့်တည့်မတ်မတ်ရပ်ပြီး အာရုံစူးစိုက်ရန်သာလိုသည်။ထို့ကြောင့် သူ့ကိုဖမ်းဆီးသောနေ့တွင် သူ၏လေ့ကျင်မှုများ မည်မျှအသုံးမဝင်တော့ဘဲ အကြောက်တရားက သူ့ကို မည်သို့ဖမ်းစားလိုက်သည်ကို သိရသောအခါ သူတုန်လှုပ်သွားသည်။

နှလုံးသား၏ အဆီအနှစ်ဟု ထိုင်းဘာသာစကားတွင် အဓိပ္ပါယ်ရသော ယာဂျိုင်သည် အသက် ၂၁ နှစ်အရွယ် စိမ်းပြာရောင် ဆေးဆိုးထားသည့် ဆံပင်ဘုတ်သိုက်နှင့် ဥပဒေကျောင်းသားတစ်ဦးဖြစ်သည်။သူသည် ဘန်ကောက်မြို့ဟောင်း မြို့လယ်ရှိ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများအတွက် လုံခြုံရေးစေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်ခဲ့သည်။

ထိုနေ့သည် ယာဂျိုင်၏ ဘဝကို ပြောင်းလဲသွားစေပြီး ထိုင်းနိုင်ငံကို ကိုင်လှုပ်လိုက်သည့် ရက်ပေါင်း ၁၁ ရက်အနက် ပထမဆုံးနေ့ဖြစ်သော အောက်တိုဘာလ ၁၃ ရက် အင်္ဂါနေ့ဖြစ်သည်။

ငယ်ရွယ်သော ထိုင်းနိုင်ငံသား ထောင်ပေါင်းများစွာတို့သည် ရဲတပ်ဖွဲ့၏ အဟန့်အတားမရှိသလောက်ဖြင့် အရွယ်အစားကြီးမားလာသလို ပိုမိုလည်းရဲတင်းလာသည့် လမ်းမများပေါ်မှ ဆန္ဒပြပွဲများတွင် ပါဝင်နေကြသည်မှာ သုံးလရှိပြီဖြစ်သည်။ထိုလူငယ်များက ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် စစ်တပ်အကြီးအကဲဟောင်း ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာ နုတ်ထွက်ပေးရန် တောင်းဆိုနေကြသည်။ပိုမိုမှတ်သားစရာကောင်းသည်မှာ ထိုလူငယ်များသည် တင်းကျပ်သော ဘုရင်စနစ်ကာကွယ်ရေးဥပဒေ အကာအကွယ်ရထားသည့် ဘုရင် မဟာဘာဂျီရာလောင်ကွန် ကို လူသိရှင်ကြား ဝေဖန်နေခြင်းဖြစ်သည်။ထို့ကြောင့် ထိုလူငယ်များသည် အချို့သူများက ဘုရင်ကို ဘုရားတစ်ပိုင်းကိုးကွယ်နေဆဲဖြစ်သော လူ့အဖွဲ့အစည်းကို ဖျက်ဆီးခြင်းနှင့် ရာဇဝတ်မှုအရ စီရင်ခံရမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

“ကျနော့်ဘဝမှာ တစ်ခါမှ အဲဒီလောက်မကြောက်ဖူးဘူး” ဟု သူပြောသည်။

ယာဂျိုင်နှင့် သူ၏သူငယ်ချင်းများသည် စင်မြင့်အဖြစ် အသုံးပြုထားသည့် ပစ်ကပ်ကားတစ်စင်းပတ်လည်တွင် စုဝေးနေသည်။ထိုအချိန်သည် မိုးရာသီအကုန်ဖြစ်ပြီး မိုးအုံ့ကာ မိုးဖွဲဖွဲရွာနေသည်။ထရပ်ကားပေါ်တွင် ကနေသူမှာ ယာဂျိုင်၏ သူငယ်ချင်း ဂျတူပက် ပိုင် ဘွန်ပက်တာရာရက်စာ ဖြစ်သည်။ပိုင်သည် ဘုရင် ဘာဂျီရာလောင်ကွန်း ကို ဝေဖန်သည့် ဆောင်းပါးတစ်ခုကို ဖေ့စ်ဘွတ်ခ်တွင် မျှဝေသောကြောင့် ထောင်နှစ်နှစ်ကျဖူးပြီး တော်ဝင်မိသားစုကို ကာကွယ်သည့်ဥပဒေကို ရှုတ်ချသူဖြစ်သည်။
ယနေ့တွင်မူ ပိုင်သည် တင်ပါးကိုလှုပ်ခါကရင်း ဘုရင်ကိုလှောင်ပြောင်သည့် သီချင်းတစ်ပုဒ်ကို သီဆိုနေသည်။

“သူ့ကိုမချစ်နဲ့၊ သူ့ကိုမချစ်နဲ့၊ သူ့ကိုမချစ်နဲ့ ----

ပြီးတော့ ဂရုစိုက် ထောင်ထဲရောက်သွားမယ်၊ ထောင်ထဲရောက်သွားမယ် ---

အခြားသော ဆန္ဒပြသူများကလည်း သီချင်းကိုလိုက်ပါသီဆိုနေပြီး Hunger Games မှ ယူထားသည့် အာခံသောသင်္ကေတဖြစ်သည့် လက်ချောင်းသုံးချောင်းကို ထောင်ထားကြသည်။

ယာဂျိုင် က ရဲများကိုကြည့်နေသည်။နံနက်ခင်းအစောပိုင်းမှစတင်ပြီး ရဲအနည်းငယ်ရောက်နေသည်။ထို့နောက် ညနေ ၃ နာရီခန့်တွင် ရဲရာပေါင်းများစွာသည် လမ်းစုံတွင် စုရုံးလာသည်။ဘုရင် ဘာဂျီယာလောင်ကွန်းသည် သူ တစ်နှစ်လျှင် အချိန်အများစုနေထိုင်ရာ ဂျာမဏီမှ ထိုင်းနိုင်ငံသို့ ရှားရှားပါးပါးလာရောက်လည်ပတ်နေပြီး အနီးရှိ ဘုရားကျောင်းသို့သွားရန် မကြာမီထိုလမ်းဆုံမှ ဖြတ်သန်းမည်ဖြစ်သောကြောင့်ဖြစ်သည်။

ပုံမှန်အားဖြင့် ဘုရင်၏ယာဉ်တန်း ချဉ်းကပ်လာသောအခါ ထိုင်းနိုင်ငံသားများ မြေကြီးပေါ်ထိုင်လျှက် သို့မဟုတ် လဲလှောင်းလျှက် တိတ်ဆိပ်စွာနေရသည်။ယခုအခါတွင် ပထမဆုံးအနေဖြင့် ဗြောက်ကျကျပင် မလေးစားသော ဆန္ဒပြသူများသည် ဘုရင်နှင့်မလှမ်းမကမ်းတွင် အော်ဟစ်နေကြသည်။ထိုဆန္ဒပြပွဲများ စတင်ပြီးနောက်တွင် ရဲတပ်ဖွဲ့ ပထမဆုံးအနေဖြင့် ထိုနေ့တွင် ဆန္ဒပြသူများကို ဖြိုခွဲသည်။

“တန်းစီ၊ တန်းစီ" ဟု ယာဂျိုင် အော်လိုက်ကာ အခြားသူများနှင့် လက်မောင်းချင်းချိတ်ကာ ရဲများကိုတားဆီးရန် ကြိုးစားသည်။

တန်းစီနေသောရဲများသည် ပိုမိုနီးကပ်လာပြီး ဆန္ဒပြသူများကို တဖြည်းဖြည်းတွန်းထိုးတိုက်ခိုက်သည်။ရုတ်ရုတ်သဲသဲဖြစ်နေစဉ်အတွင်း သူ၏ သူငယ်ချင်းတယောက်ကို ရဲများဆွဲသွားသည်ကို တွေ့သောကြောင့် ယာဂျိုင်သည် သူ့ကိုကူညီရန်သွားကြောင်း နောင်တွင် ယာဂျိုင် ပြန်ပြောပြသည်။ခဏတာမျှ ဆွဲလားရမ်းလားဖြစ်ပြီးနောက် သူ့ကိုဆွဲလှဲကာ ရဲ  ၄၊ ၅ ယောက်က သယ်ဆောင်သွားပြီး အချုပ်ကားအတွင်း ထိုးသိပ်ထည့်ထားလိုက်သည်။

“ကျနော့်ရဲ့ လက်ဝှေ့အတွေ့အကြုံကြောင့် ကျနော့်ကိုယ်ကျနော် ကာကွယ်နိုင်တယ်လို့ပဲ အမြဲတမ်းထင်ခဲ့တာ။တကယ်ကျတော့ ကျနော်ဘာမှတောင်မတတ်နိုင်ဘူး။ကျနော့်ဘဝမှ တစ်ခါမှ ဒီလောက်မကြောက်ခဲ့ဖူးဘူး” ဟု သူပြန်ပြောသည်။

အချုပ်ကားထဲတွင် သူ့ကို ရဲ ၆ ယောက်က စောင့်ကြည့်ကြောင်း ယာဂျိုင် ပြောသည်။“မင်းတို့ကိုယ်မင်းတို့ ဘာကောင်တွေထင်နေလဲ။မင်းတို့နိုင်မယ်ထင်လို့လား” ဟု ထိုရဲများထဲမှ တစ်ယောက်က လှောင်ပြောင်မေးကြောင်း သူပြန်ပြောပြသည်။

ခေတ်သစ် ထိုင်းနိုင်ငံသမိုင်းတွင် မအောင်မြင်သော လမ်းမပေါ်ဆန္ဒပြပွဲများဖြင့်ပြည့်နေပြီး အများအပြားမှာ စစ်တပ်၏ချေမှုန်းခြင်းကို ခံရသည်။နောက်ဆုံးဖြစ်ရပ်ဖြစ်သော ၂၀၁၀ တွင် လူထုထောက်ခံသော ရှပ်နီများ၏ ဆန္ဒပြပွဲများကို စစ်တပ်က အဆုံးသတ်ချေမှုန်းသောအခါ လူ ၉၀ ကျော် သေဆုံးသည်။

ယခုအချိန်သည် ပြောင်းလဲသွားပြီဖြစ်ကြောင်း လမ်းမများပေါ်ထွက်လာနေကြသော လူငယ်ဆန္ဒပြသူများက ဆိုသည်။၎င်းတို့၏လှုပ်ရှားမှုတွင် ပါဝင်မှုပိုမိုကျယ်ပြန့်ပြီး နိုင်ငံရေး၊ လူမှုရေး ထိခိုက်နစ်နာမှုများပါဝင်ကြောင်း ပြောသည်။၄င်းတို့၏ တောင်းဆိုချက်သုံးချက်မှာ ပရာယွဒ် နုတ်ထွက်ရေး၊ ပိုမိုဒီမိုကရေစီကျသည့် ဖွဲ့စည်းပုံသစ်နှင့် ဘုရင်၏အာဏာများကို ထိန်းချုပ်ရေးတို့ဖြစ်သော်လည်း ဘုရင်ကိုဖြုတ်ချရန် တောင်းဆိုခြင်းမရှိပေ။

၎င်းတို့သည် ဟောင်ကောင်မှ ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုမှ နည်းပိရိယာယ်များကို လေ့လာထားပြီး ထိုင်ဝမ်မှ တရုတ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများနှင့် မဟာမိတ်ဖွဲ့ထားသည်။မျိုးဆက်သစ်သည် ထိုင်းနိုင်ငံ၏ ရှေးရိုးစဉ်လာဝါဒီဆန်သည့် ဗုဒ္ဓဘာသာလွှမ်းမိုးသော လက်ရှိစနစ်ကို အဆုံးသတ်မည်ဟု ခြိမ်းခြောက်ကြသည်။ဒေသတွင်းမှ သက်တမ်းအရင့်ဆုံးမဟာမိတ် ထိုင်းနိုင်ငံကို တရုတ်သြဇာအောက်မှ ဆွဲထုတ်လိုသည့် အမေရိကန်၏ မျှော်လင့်ချက်ကိုလည်း ၎င်းတို့က ပိုမိုရှုပ်ထွေးစေသည်။အချို့သော ထိုင်းအရာရှိများက ဝါရှင်တန်သည် ဆန္ဒပြပွဲများကို ကူညီထောက်ပံ့နေသည်ဟု သံသယရှိသော်လည်း အမေရိကန်နိုင်ငံက ထိုအချက်ကို ငြင်းပယ်သည်။

ဘုရင်စနစ်သည် မည်သည့်အတွက် အရေးကြီးကြောင်းနှင့် ထိုစနစ်သည် ထိုင်းနိုင်ငံတွင် မည်သည့်အတွက် ရာစုနှစ်ပေါင်းများစွာရှိနေသည်ကို လူငယ်များ ပိုမိုနားလည်အောင် အာဏာပိုင်များအနေဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အစိုးရပြောခွင့်ရသူ အနူချာ ဘူရာပါချိုင်ဆရီ က ပြောသည်။ပရာယွဒ် အစိုးရသည် ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသော အစိုးရဖြစ်ကြောင်းနှင့် မည်သည့်စိန်ခေါ်မှုကိုမဆို ပါလီမန်တွင်လုပ်သင့်ပြီး လမ်းမများတွင် မလုပ်သင့်ကြောင်းလည်း သူပြောသည်။

နန်းတော်ကို ထိုကိစ္စအတွက် ဝေဖန်ပြောကြားပေးရန် ဆက်သွယ်သော်လည်း တုံ့ပြန်ခြင်းမရှိပေ။

ယာဂျိုင်နှင့် ပိုင်တို့သည် ထိုနေ့က အဖမ်းခံရသူ ၂၁ ဦးအနက် နှစ်ဦးမျှသာဖြစ်သည်။ရဲတပ်ဖွဲ့သည် လမ်းကိုပိတ်ဆို့ထားသည့် တရားမဝင်စုဝေးသူများကို စံလုပ်ထုံးလုပ်နည်းများလိုက်နာကာ ရင်ဆိုင်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ဒုတိယပြောခွင့်ရသူ ရဲမှူးကြီး ကစ္စနာ ပါသန်နာချာရွန် ပြောသည်။

နောက်ရက်များတွင် အစိုးရက မငြိမ်သက်မှုကိုထိန်းချုပ်ရန် ကြိုးစားသောအခါ ပိုမိုကြီးမားသည့် ဆန္ဒပြပွဲများပေါ်ပေါက်လာပြီး ပိုမိုများပြားသည့် ဖမ်းဆီးမှုများ၊ ပိုမိုကြမ်းတမ်းသည့် တုံ့ပြန်မှုများ ဖြစ်လာသည်။

နိုင်ငံ၏ ကောင်းမွန်သော ဂုဏ်သတင်းမှာ ပျောက်ကွယ်သွားပြီးဖြစ်သည်။ယာဂျိုင်၊ ပိုင်နှင့် အခြားသူအများအပြားကို ဖမ်းဆီးပြီးနောက်တွင် ဒါဇင်ပေါင်းများစွာသော ဆန္ဒပြသူများသည် လမ်းမများတွင် ဆက်လက်ရှိနေကြပြီး အာခံသည့်သင်္ကေတ လက်ချောင်းသုံးချောင်း ထောင်နေဆဲဖြစ်သည်။ဘုရင်၏ကားတန်း ဖြတ်သန်းသွားသောအခါ တိုက်ပွဲခေါ်သံသစ်ကို အော်ဟစ်ကြသည်။

“ငါတို့မိတ်ဆွေတွေကိုလွှတ်ပေး၊ ငါတို့မိတ်ဆွေတွေကို လွှတ်ပေး” ဟု သူတို့အော်ကြသည်။

“ငါတို့က ဘုရင်စနစ်ကို မဖြုတ်ချချင်ဘူး။ဒါပေမယ့် ဒီပြဿနာတွေ အကြောင်းကိုတော့ ပြောချင်တယ်” ဟု အော်ဟစ်ကြသည်။

ယာဂျိုင်သည် ရဲတပ်ဖွဲ့အချုပ်ခန်းတွင် ပထမဆုံးညကို ဖြတ်သန်းနေချိန်တွင် ပက်ဆာရာဗယ်လီ မိုင်း တာနာကစ်ဗွီဗူပွန်သည် သယ်ယူရွှေ့ပြောင်းနိုင်သော သန့်စင်ခန်းများအတွက် စိတ်ပူသလို မိဘများအတွက်လည်း စိတ်ပူနေသည်။

ဘန်ကောက်မှ အသက် ၂၅ နှစ်အရွယ် အင်ဂျင်နီယာကျောင်းသူ မိုင်းသည် နောက်တစ်နေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပိုမိုကြီးမားသည့် ဆန္ဒပြပွဲကျင်းပရန် ပြင်ဆင်နေသည်။ထောင်ချီသော ဆန္ဒပြသူများသည် ဝန်ကြီးချုပ်ရုံးရှိရာ အစိုးရအိမ်တော်သို့ ချီတက်ကြမည်ဖြစ်ပြီး ပတ်ဝန်းကျင်လမ်းများကို ၅ ရက်ကြာ သိမ်းပိုက်ထားမည်ဖြစ်သည်။သူတို့အတွက် ထရပ်ကားများ၊ ရွက်ဖျင်တဲများ၊ ရိက္ခာမျိုးစုံနှင့် ရွှေ့ပြောင်းနိုင်သော သန့်စင်ခန်းများ လိုသည်။ထိုသန့်စင်ခန်းများကို ငှားနိုင်ရန် မိုင်း ကြိုးစားနေသည်။

အရာရာအဆင်ပြေမည်ဖြစ်ကြောင်းကိုလည်း မိုင်း က သူမ၏မိဘများကို ယုံကြည်အောင် ပြောနေရသည်။“ကျမက အမေ့အတွက် ခေါင်းကိုက်စရာဖြစ်နေတာ” ဟု သူပြောသည်။

မိုင်းတွင် သေးငယ်သောကိုယ်လုံး၊ အဆိပ်မရှိသော အပြုံးနှင့် လူအများကို နှုတ်ဆက်သောအခါ လက်နှစ်ဖက်ဝှေ့ရမ်းပြီး အားရပါးရနှုတ်ဆက်သည့် အလေ့အထရှိသည်။သူမသည် နောက်ကွယ်မှ ဆန္ဒပြပွဲစီစဉ်သူအဖြစ်သာ အများအားဖြင့် လုပ်ကိုင်သည်။ထိုလူငယ်လှုပ်ရှားမှုသည် ခေါင်းဆောင်မဲ့သော လှုပ်ရှားမှုဖြစ်သည်ဟု မကြာခဏပြောဆိုလေ့ရှိသော်လည်း ဦးခေါင်းများစွာပါသည့် လှုပ်ရှားမှုဖြစ်ကာ ခေါင်းဆောင်တစ်ဦးကို ဖမ်းလိုက်တိုင်း နောက်ထပ်ခေါင်းဆောင်တစ်ဦး ပေါ်ပေါက်လာနေသည်။မကြာမီ မိုင်း၏ အလှည့်သို့ ရောက်လာတော့မည်ဖြစ်သည်။

Linko
Ref : Reuters:A new generation of Thais is defying the monarchy
ဒီဇင်ဘာ - ၂၁

( Zawgyi )

ေဆာင္ဖြန္ ယာဂ်ိဳင္ ဆြန္သီရက္သည္ ငယ္စဥ္ဘဝတြင္ လက္ေဝွ႔သမားျဖစ္ခဲ့ၿပီး သန္မာေသာၿပိဳင္ဖက္ကို မည္သို႔ေမွာက္သြားေအာင္ထိုးရမည္ကို နားလည္သည္။သတိမျပတ္ထား၊ တည့္တည့္မတ္မတ္ရပ္ၿပီး အာ႐ုံစူးစိုက္ရန္သာလိုသည္။ထို႔ေၾကာင့္ သူ႔ကိုဖမ္းဆီးေသာေန႔တြင္ သူ၏ေလ့က်င္မႈမ်ား မည္မွ်အသုံးမဝင္ေတာ့ဘဲ အေၾကာက္တရားက သူ႔ကို မည္သို႔ဖမ္းစားလိုက္သည္ကို သိရေသာအခါ သူတုန္လႈပ္သြားသည္။

ႏွလုံးသား၏ အဆီအႏွစ္ဟု ထိုင္းဘာသာစကားတြင္ အဓိပၸါယ္ရေသာ ယာဂ်ိဳင္သည္ အသက္ ၂၁ ႏွစ္အ႐ြယ္ စိမ္းျပာေရာင္ ေဆးဆိုးထားသည့္ ဆံပင္ဘုတ္သိုက္ႏွင့္ ဥပေဒေက်ာင္းသားတစ္ဦးျဖစ္သည္။သူသည္ ဘန္ေကာက္ၿမိဳ႕ေဟာင္း ၿမိဳ႕လယ္ရွိ အစိုးရဆန႔္က်င္ေရး ဆႏၵျပသူမ်ားအတြက္ လုံၿခဳံေရးေစတနာ့ဝန္ထမ္းအျဖစ္ ကူညီေဆာင္႐ြက္ခဲ့သည္။

ထိုေန႔သည္ ယာဂ်ိဳင္၏ ဘဝကို ေျပာင္းလဲသြားေစၿပီး ထိုင္းႏိုင္ငံကို ကိုင္လႈပ္လိုက္သည့္ ရက္ေပါင္း ၁၁ ရက္အနက္ ပထမဆုံးေန႔ျဖစ္ေသာ ေအာက္တိုဘာလ ၁၃ ရက္ အဂၤါေန႔ျဖစ္သည္။

ငယ္႐ြယ္ေသာ ထိုင္းႏိုင္ငံသား ေထာင္ေပါင္းမ်ားစြာတို႔သည္ ရဲတပ္ဖြဲ႕၏ အဟန႔္အတားမရွိသေလာက္ျဖင့္ အ႐ြယ္အစားႀကီးမားလာသလို ပိုမိုလည္းရဲတင္းလာသည့္ လမ္းမမ်ားေပၚမွ ဆႏၵျပပြဲမ်ားတြင္ ပါဝင္ေနၾကသည္မွာ သုံးလရွိၿပီျဖစ္သည္။ထိုလူငယ္မ်ားက ၂၀၁၄ ခုႏွစ္တြင္ အာဏာသိမ္းခဲ့သည့္ စစ္တပ္အႀကီးအကဲေဟာင္း ဝန္ႀကီးခ်ဳပ္ ပရာယြဒ္ ခ်န္အိုခ်ာ ႏုတ္ထြက္ေပးရန္ ေတာင္းဆိုေနၾကသည္။ပိုမိုမွတ္သားစရာေကာင္းသည္မွာ ထိုလူငယ္မ်ားသည္ တင္းက်ပ္ေသာ ဘုရင္စနစ္ကာကြယ္ေရးဥပေဒ အကာအကြယ္ရထားသည့္ ဘုရင္ မဟာဘာဂ်ီရာေလာင္ကြန္ ကို လူသိရွင္ၾကား ေဝဖန္ေနျခင္းျဖစ္သည္။ထို႔ေၾကာင့္ ထိုလူငယ္မ်ားသည္ အခ်ိဳ႕သူမ်ားက ဘုရင္ကို ဘုရားတစ္ပိုင္းကိုးကြယ္ေနဆဲျဖစ္ေသာ လူ႔အဖြဲ႕အစည္းကို ဖ်က္ဆီးျခင္းႏွင့္ ရာဇဝတ္မႈအရ စီရင္ခံရမည့္အႏၲရာယ္ႏွင့္ ရင္ဆိုင္ေနရသည္။

“က်ေနာ့္ဘဝမွာ တစ္ခါမွ အဲဒီေလာက္မေၾကာက္ဖူးဘူး” ဟု သူေျပာသည္။

ယာဂ်ိဳင္ႏွင့္ သူ၏သူငယ္ခ်င္းမ်ားသည္ စင္ျမင့္အျဖစ္ အသုံးျပဳထားသည့္ ပစ္ကပ္ကားတစ္စင္းပတ္လည္တြင္ စုေဝးေနသည္။ထိုအခ်ိန္သည္ မိုးရာသီအကုန္ျဖစ္ၿပီး မိုးအုံ႔ကာ မိုးဖြဲဖြဲ႐ြာေနသည္။ထရပ္ကားေပၚတြင္ ကေနသူမွာ ယာဂ်ိဳင္၏ သူငယ္ခ်င္း ဂ်တူပက္ ပိုင္ ဘြန္ပက္တာရာရက္စာ ျဖစ္သည္။ပိုင္သည္ ဘုရင္ ဘာဂ်ီရာေလာင္ကြန္း ကို ေဝဖန္သည့္ ေဆာင္းပါးတစ္ခုကို ေဖ့စ္ဘြတ္ခ္တြင္ မွ်ေဝေသာေၾကာင့္ ေထာင္ႏွစ္ႏွစ္က်ဖူးၿပီး ေတာ္ဝင္မိသားစုကို ကာကြယ္သည့္ဥပေဒကို ရႈတ္ခ်သူျဖစ္သည္။
ယေန႔တြင္မူ ပိုင္သည္ တင္ပါးကိုလႈပ္ခါကရင္း ဘုရင္ကိုေလွာင္ေျပာင္သည့္ သီခ်င္းတစ္ပုဒ္ကို သီဆိုေနသည္။

“သူ႔ကိုမခ်စ္နဲ႔၊ သူ႔ကိုမခ်စ္နဲ႔၊ သူ႔ကိုမခ်စ္နဲ႔ ----

ၿပီးေတာ့ ဂ႐ုစိုက္ ေထာင္ထဲေရာက္သြားမယ္၊ ေထာင္ထဲေရာက္သြားမယ္ ---

အျခားေသာ ဆႏၵျပသူမ်ားကလည္း သီခ်င္းကိုလိုက္ပါသီဆိုေနၿပီး Hunger Games မွ ယူထားသည့္ အာခံေသာသေကၤတျဖစ္သည့္ လက္ေခ်ာင္းသုံးေခ်ာင္းကို ေထာင္ထားၾကသည္။

ယာဂ်ိဳင္ က ရဲမ်ားကိုၾကည့္ေနသည္။နံနက္ခင္းအေစာပိုင္းမွစတင္ၿပီး ရဲအနည္းငယ္ေရာက္ေနသည္။ထို႔ေနာက္ ညေန ၃ နာရီခန႔္တြင္ ရဲရာေပါင္းမ်ားစြာသည္ လမ္းစုံတြင္ စု႐ုံးလာသည္။ဘုရင္ ဘာဂ်ီယာေလာင္ကြန္းသည္ သူ တစ္ႏွစ္လွ်င္ အခ်ိန္အမ်ားစုေနထိုင္ရာ ဂ်ာမဏီမွ ထိုင္းႏိုင္ငံသို႔ ရွားရွားပါးပါးလာေရာက္လည္ပတ္ေနၿပီး အနီးရွိ ဘုရားေက်ာင္းသို႔သြားရန္ မၾကာမီထိုလမ္းဆုံမွ ျဖတ္သန္းမည္ျဖစ္ေသာေၾကာင့္ျဖစ္သည္။

ပုံမွန္အားျဖင့္ ဘုရင္၏ယာဥ္တန္း ခ်ဥ္းကပ္လာေသာအခါ ထိုင္းႏိုင္ငံသားမ်ား ေျမႀကီးေပၚထိုင္လွ်က္ သို႔မဟုတ္ လဲေလွာင္းလွ်က္ တိတ္ဆိပ္စြာေနရသည္။ယခုအခါတြင္ ပထမဆုံးအေနျဖင့္ ေျဗာက္က်က်ပင္ မေလးစားေသာ ဆႏၵျပသူမ်ားသည္ ဘုရင္ႏွင့္မလွမ္းမကမ္းတြင္ ေအာ္ဟစ္ေနၾကသည္။ထိုဆႏၵျပပြဲမ်ား စတင္ၿပီးေနာက္တြင္ ရဲတပ္ဖြဲ႕ ပထမဆုံးအေနျဖင့္ ထိုေန႔တြင္ ဆႏၵျပသူမ်ားကို ၿဖိဳခြဲသည္။

“တန္းစီ၊ တန္းစီ" ဟု ယာဂ်ိဳင္ ေအာ္လိုက္ကာ အျခားသူမ်ားႏွင့္ လက္ေမာင္းခ်င္းခ်ိတ္ကာ ရဲမ်ားကိုတားဆီးရန္ ႀကိဳးစားသည္။

တန္းစီေနေသာရဲမ်ားသည္ ပိုမိုနီးကပ္လာၿပီး ဆႏၵျပသူမ်ားကို တျဖည္းျဖည္းတြန္းထိုးတိုက္ခိုက္သည္။႐ုတ္႐ုတ္သဲသဲျဖစ္ေနစဥ္အတြင္း သူ၏ သူငယ္ခ်င္းတေယာက္ကို ရဲမ်ားဆြဲသြားသည္ကို ေတြ႕ေသာေၾကာင့္ ယာဂ်ိဳင္သည္ သူ႔ကိုကူညီရန္သြားေၾကာင္း ေနာင္တြင္ ယာဂ်ိဳင္ ျပန္ေျပာျပသည္။ခဏတာမွ် ဆြဲလားရမ္းလားျဖစ္ၿပီးေနာက္ သူ႔ကိုဆြဲလွဲကာ ရဲ  ၄၊ ၅ ေယာက္က သယ္ေဆာင္သြားၿပီး အခ်ဳပ္ကားအတြင္း ထိုးသိပ္ထည့္ထားလိုက္သည္။

“က်ေနာ့္ရဲ႕ လက္ေဝွ႔အေတြ႕အႀကဳံေၾကာင့္ က်ေနာ့္ကိုယ္က်ေနာ္ ကာကြယ္ႏိုင္တယ္လို႔ပဲ အၿမဲတမ္းထင္ခဲ့တာ။တကယ္က်ေတာ့ က်ေနာ္ဘာမွေတာင္မတတ္ႏိုင္ဘူး။က်ေနာ့္ဘဝမွ တစ္ခါမွ ဒီေလာက္မေၾကာက္ခဲ့ဖူးဘူး” ဟု သူျပန္ေျပာသည္။

အခ်ဳပ္ကားထဲတြင္ သူ႔ကို ရဲ ၆ ေယာက္က ေစာင့္ၾကည့္ေၾကာင္း ယာဂ်ိဳင္ ေျပာသည္။“မင္းတို႔ကိုယ္မင္းတို႔ ဘာေကာင္ေတြထင္ေနလဲ။မင္းတို႔ႏိုင္မယ္ထင္လို႔လား” ဟု ထိုရဲမ်ားထဲမွ တစ္ေယာက္က ေလွာင္ေျပာင္ေမးေၾကာင္း သူျပန္ေျပာျပသည္။

ေခတ္သစ္ ထိုင္းႏိုင္ငံသမိုင္းတြင္ မေအာင္ျမင္ေသာ လမ္းမေပၚဆႏၵျပပြဲမ်ားျဖင့္ျပည့္ေနၿပီး အမ်ားအျပားမွာ စစ္တပ္၏ေခ်မႈန္းျခင္းကို ခံရသည္။ေနာက္ဆုံးျဖစ္ရပ္ျဖစ္ေသာ ၂၀၁၀ တြင္ လူထုေထာက္ခံေသာ ရွပ္နီမ်ား၏ ဆႏၵျပပြဲမ်ားကို စစ္တပ္က အဆုံးသတ္ေခ်မႈန္းေသာအခါ လူ ၉၀ ေက်ာ္ ေသဆုံးသည္။

ယခုအခ်ိန္သည္ ေျပာင္းလဲသြားၿပီျဖစ္ေၾကာင္း လမ္းမမ်ားေပၚထြက္လာေနၾကေသာ လူငယ္ဆႏၵျပသူမ်ားက ဆိုသည္။၎တို႔၏လႈပ္ရွားမႈတြင္ ပါဝင္မႈပိုမိုက်ယ္ျပန႔္ၿပီး ႏိုင္ငံေရး၊ လူမႈေရး ထိခိုက္နစ္နာမႈမ်ားပါဝင္ေၾကာင္း ေျပာသည္။၄င္းတို႔၏ ေတာင္းဆိုခ်က္သုံးခ်က္မွာ ပရာယြဒ္ ႏုတ္ထြက္ေရး၊ ပိုမိုဒီမိုကေရစီက်သည့္ ဖြဲ႕စည္းပုံသစ္ႏွင့္ ဘုရင္၏အာဏာမ်ားကို ထိန္းခ်ဳပ္ေရးတို႔ျဖစ္ေသာ္လည္း ဘုရင္ကိုျဖဳတ္ခ်ရန္ ေတာင္းဆိုျခင္းမရွိေပ။

၎တို႔သည္ ေဟာင္ေကာင္မွ ဒီမိုကေရစီလိုလားေသာ လႈပ္ရွားမႈမွ နည္းပိရိယာယ္မ်ားကို ေလ့လာထားၿပီး ထိုင္ဝမ္မွ တ႐ုတ္ဆန႔္က်င္ေရး တက္ႂကြလႈပ္ရွားသူမ်ားႏွင့္ မဟာမိတ္ဖြဲ႕ထားသည္။မ်ိဳးဆက္သစ္သည္ ထိုင္းႏိုင္ငံ၏ ေရွး႐ိုးစဥ္လာဝါဒီဆန္သည့္ ဗုဒၶဘာသာလႊမ္းမိုးေသာ လက္ရွိစနစ္ကို အဆုံးသတ္မည္ဟု ၿခိမ္းေျခာက္ၾကသည္။ေဒသတြင္းမွ သက္တမ္းအရင့္ဆုံးမဟာမိတ္ ထိုင္းႏိုင္ငံကို တ႐ုတ္ၾသဇာေအာက္မွ ဆြဲထုတ္လိုသည့္ အေမရိကန္၏ ေမွ်ာ္လင့္ခ်က္ကိုလည္း ၎တို႔က ပိုမိုရႈပ္ေထြးေစသည္။အခ်ိဳ႕ေသာ ထိုင္းအရာရွိမ်ားက ဝါရွင္တန္သည္ ဆႏၵျပပြဲမ်ားကို ကူညီေထာက္ပံ့ေနသည္ဟု သံသယရွိေသာ္လည္း အေမရိကန္ႏိုင္ငံက ထိုအခ်က္ကို ျငင္းပယ္သည္။

ဘုရင္စနစ္သည္ မည္သည့္အတြက္ အေရးႀကီးေၾကာင္းႏွင့္ ထိုစနစ္သည္ ထိုင္းႏိုင္ငံတြင္ မည္သည့္အတြက္ ရာစုႏွစ္ေပါင္းမ်ားစြာရွိေနသည္ကို လူငယ္မ်ား ပိုမိုနားလည္ေအာင္ အာဏာပိုင္မ်ားအေနျဖင့္ လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း အစိုးရေျပာခြင့္ရသူ အႏူခ်ာ ဘူရာပါခ်ိဳင္ဆရီ က ေျပာသည္။ပရာယြဒ္ အစိုးရသည္ ဒီမိုကေရစီနည္းက် ေ႐ြးခ်ယ္ထားေသာ အစိုးရျဖစ္ေၾကာင္းႏွင့္ မည္သည့္စိန္ေခၚမႈကိုမဆို ပါလီမန္တြင္လုပ္သင့္ၿပီး လမ္းမမ်ားတြင္ မလုပ္သင့္ေၾကာင္းလည္း သူေျပာသည္။

နန္းေတာ္ကို ထိုကိစၥအတြက္ ေဝဖန္ေျပာၾကားေပးရန္ ဆက္သြယ္ေသာ္လည္း တုံ႔ျပန္ျခင္းမရွိေပ။

ယာဂ်ိဳင္ႏွင့္ ပိုင္တို႔သည္ ထိုေန႔က အဖမ္းခံရသူ ၂၁ ဦးအနက္ ႏွစ္ဦးမွ်သာျဖစ္သည္။ရဲတပ္ဖြဲ႕သည္ လမ္းကိုပိတ္ဆို႔ထားသည့္ တရားမဝင္စုေဝးသူမ်ားကို စံလုပ္ထုံးလုပ္နည္းမ်ားလိုက္နာကာ ရင္ဆိုင္ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ ဒုတိယေျပာခြင့္ရသူ ရဲမႉးႀကီး ကစၥနာ ပါသန္နာခ်ာ႐ြန္ ေျပာသည္။

ေနာက္ရက္မ်ားတြင္ အစိုးရက မၿငိမ္သက္မႈကိုထိန္းခ်ဳပ္ရန္ ႀကိဳးစားေသာအခါ ပိုမိုႀကီးမားသည့္ ဆႏၵျပပြဲမ်ားေပၚေပါက္လာၿပီး ပိုမိုမ်ားျပားသည့္ ဖမ္းဆီးမႈမ်ား၊ ပိုမိုၾကမ္းတမ္းသည့္ တုံ႔ျပန္မႈမ်ား ျဖစ္လာသည္။

ႏိုင္ငံ၏ ေကာင္းမြန္ေသာ ဂုဏ္သတင္းမွာ ေပ်ာက္ကြယ္သြားၿပီးျဖစ္သည္။ယာဂ်ိဳင္၊ ပိုင္ႏွင့္ အျခားသူအမ်ားအျပားကို ဖမ္းဆီးၿပီးေနာက္တြင္ ဒါဇင္ေပါင္းမ်ားစြာေသာ ဆႏၵျပသူမ်ားသည္ လမ္းမမ်ားတြင္ ဆက္လက္ရွိေနၾကၿပီး အာခံသည့္သေကၤတ လက္ေခ်ာင္းသုံးေခ်ာင္း ေထာင္ေနဆဲျဖစ္သည္။ဘုရင္၏ကားတန္း ျဖတ္သန္းသြားေသာအခါ တိုက္ပြဲေခၚသံသစ္ကို ေအာ္ဟစ္ၾကသည္။

“ငါတို႔မိတ္ေဆြေတြကိုလႊတ္ေပး၊ ငါတို႔မိတ္ေဆြေတြကို လႊတ္ေပး” ဟု သူတို႔ေအာ္ၾကသည္။

“ငါတို႔က ဘုရင္စနစ္ကို မျဖဳတ္ခ်ခ်င္ဘူး။ဒါေပမယ့္ ဒီျပႆနာေတြ အေၾကာင္းကိုေတာ့ ေျပာခ်င္တယ္” ဟု ေအာ္ဟစ္ၾကသည္။

ယာဂ်ိဳင္သည္ ရဲတပ္ဖြဲ႕အခ်ဳပ္ခန္းတြင္ ပထမဆုံးညကို ျဖတ္သန္းေနခ်ိန္တြင္ ပက္ဆာရာဗယ္လီ မိုင္း တာနာကစ္ဗြီဗူပြန္သည္ သယ္ယူေ႐ႊ႕ေျပာင္းႏိုင္ေသာ သန႔္စင္ခန္းမ်ားအတြက္ စိတ္ပူသလို မိဘမ်ားအတြက္လည္း စိတ္ပူေနသည္။

ဘန္ေကာက္မွ အသက္ ၂၅ ႏွစ္အ႐ြယ္ အင္ဂ်င္နီယာေက်ာင္းသူ မိုင္းသည္ ေနာက္တစ္ေန႔ျဖစ္ေသာ ေအာက္တိုဘာလ ၂၄ ရက္ေန႔တြင္ ပိုမိုႀကီးမားသည့္ ဆႏၵျပပြဲက်င္းပရန္ ျပင္ဆင္ေနသည္။ေထာင္ခ်ီေသာ ဆႏၵျပသူမ်ားသည္ ဝန္ႀကီးခ်ဳပ္႐ုံးရွိရာ အစိုးရအိမ္ေတာ္သို႔ ခ်ီတက္ၾကမည္ျဖစ္ၿပီး ပတ္ဝန္းက်င္လမ္းမ်ားကို ၅ ရက္ၾကာ သိမ္းပိုက္ထားမည္ျဖစ္သည္။သူတို႔အတြက္ ထရပ္ကားမ်ား၊ ႐ြက္ဖ်င္တဲမ်ား၊ ရိကၡာမ်ိဳးစုံႏွင့္ ေ႐ႊ႕ေျပာင္းႏိုင္ေသာ သန႔္စင္ခန္းမ်ား လိုသည္။ထိုသန႔္စင္ခန္းမ်ားကို ငွားႏိုင္ရန္ မိုင္း ႀကိဳးစားေနသည္။

အရာရာအဆင္ေျပမည္ျဖစ္ေၾကာင္းကိုလည္း မိုင္း က သူမ၏မိဘမ်ားကို ယုံၾကည္ေအာင္ ေျပာေနရသည္။“က်မက အေမ့အတြက္ ေခါင္းကိုက္စရာျဖစ္ေနတာ” ဟု သူေျပာသည္။

မိုင္းတြင္ ေသးငယ္ေသာကိုယ္လုံး၊ အဆိပ္မရွိေသာ အၿပဳံးႏွင့္ လူအမ်ားကို ႏႈတ္ဆက္ေသာအခါ လက္ႏွစ္ဖက္ေဝွ႔ရမ္းၿပီး အားရပါးရႏႈတ္ဆက္သည့္ အေလ့အထရွိသည္။သူမသည္ ေနာက္ကြယ္မွ ဆႏၵျပပြဲစီစဥ္သူအျဖစ္သာ အမ်ားအားျဖင့္ လုပ္ကိုင္သည္။ထိုလူငယ္လႈပ္ရွားမႈသည္ ေခါင္းေဆာင္မဲ့ေသာ လႈပ္ရွားမႈျဖစ္သည္ဟု မၾကာခဏေျပာဆိုေလ့ရွိေသာ္လည္း ဦးေခါင္းမ်ားစြာပါသည့္ လႈပ္ရွားမႈျဖစ္ကာ ေခါင္းေဆာင္တစ္ဦးကို ဖမ္းလိုက္တိုင္း ေနာက္ထပ္ေခါင္းေဆာင္တစ္ဦး ေပၚေပါက္လာေနသည္။မၾကာမီ မိုင္း၏ အလွည့္သို႔ ေရာက္လာေတာ့မည္ျဖစ္သည္။

Linko
Ref : Reuters:A new generation of Thais is defying the monarchy
ဒီဇင္ဘာ - ၂၁