【 နိုင်ငံတကာဆောင်းပါး 】 မရေရာသောစျေးကွက်နဲ့ ရုရှားအပေါ် ထပ်တိုးပိတ်ဆို့အရေးယူမှု

【 နိုင်ငံတကာဆောင်းပါး 】 မရေရာသောစျေးကွက်နဲ့ ရုရှားအပေါ် ထပ်တိုးပိတ်ဆို့အရေးယူမှု

ဒီဇင်ဘာလ ၅ ရက်နေ့တွင် အနောက်နိုင်ငံများဟာ ရုရှားလောင်စာဆီကနေ ဝင်ငွေရရှိမှုကို တားဆီးနိုင်ရန် ရည်ရွယ်ပြီး ပိတ်ဆို့မှု ၂ ခုကို စတင်ခဲ့ပါတယ်။ပထမတစ်ခုကတော့ ဥရောပသမဂ္ဂဟာ ရုရှားကနေ ရေကြောင်းလမ်းဖြင့် လောင်စာဆီတင်သွင်းကို ရပ်နားလိုက်ပြီဖြစ်ပါတယ်။ဒုတိယကတော့ G7 နိုင်ငံများဟာ ရုရှား၏ ရေနံစိမ်း တစ်စည်ကို ကန်ဒေါ်လာ ၆၀ တွင် စျေးနှုန်းသတ်မှတ်လိုက်ပါတယ်။ထိုကဲ့သို့ လုပ်ဆောင်ခြင်းများဟာ အစွန်းရောက်သော ဝင်ရောက်စွက်ဖက်မှုများဖြစ်သောကြောင့် နိုင်ငံတကာစီးပွားရေးတစ်ခုလုံးတွင် ရေနံစိမ်းစျေးနှုန်းများအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်ပါသလဲ။

ကိုဗစ်-၁၉ ကြောင့် ကျဆင်းသွားခဲ့သော စီးပွားရေးနှင့် ယူကရိန်းအရေးတို့ကြောင့် နိုင်ငံတကာစီးပွားရေး ကြီးမားစွာ ကျဆင်းလာခြင်း အစရှိသော စိန်ခေါ်မှုများရှိပါသေးတယ်။ရေရှည်ရှိနေပြီဖြစ်သော ငွေကြေးဖောင်းပွမှုကြောင့် ကုန်စျေးနှုန်းမြင့်တက်လာခြင်းနှင့် ကပ်ရောဂါကြောင့် အလုပ်သမားများ မလုံလောက်မှုဖြစ်ပေါ်ခြင်းအပြင် ယူကရိန်းအရေးတို့ကြောင့် စားနပ်ရိက္ခာနှင့် စွမ်းအင်တင်ပို့မှုတွင် စိန်ခေါ်မှုများစွာ ရှိနေဆဲဖြစ်ပါတယ်။စစ်မှန်သောအန္တရာယ်ကတော့ ဒီပိတ်ဆို့မှုအသစ်နှစ်ခုဟာ Brent ရေနံစိမ်းစျေးနှုန်း မြင့်တက်လာစေမည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှုကို  ပိုမြင့်မားစေမည်ဖြစ်ပါတယ်။

သို့သော်လည်း G7 နှင့် အီးယူတို့ရဲ့ ပြောဆိုချက်အရ ဒီပိတ်ဆို့မှုနှစ်ခုဟာ ရုရှား၏ လောင်စာဆီစျေးနှုန်း မြင့်တက်လာမှုအပေါ် အမြတ်ငွေယူနေခြင်းကို တားဆီးရန်ဖြစ်ပြီး ရုရှားရေနံစိမ်း တစ်စည်ကို ကန်ဒေါ်လာ ၆၀ အောက်တွင် ရောင်းချခြင်းကို တားမြစ်ခြင်းဖြစ်ကြောင်း ဆိုပါတယ်။ဒီသတင်းကို ရေးသားခဲ့သောအချိန်တွင် ရေနံစျေးနှုန်းဟာ တစ်စည်ကို ၈၅.၅၇ ဒေါ်လာတွင် ရှိခဲ့ပါတယ်။

ဒီလိုစျေးနှုန်းလျှော့လိုက်ခြင်းဟာ လောင်စာဆီစျေးနှုန်းများကို တည်ငြိမ်စေလိမ့်မည်ဟု အီးယူကတော့ ယုံကြည်ထားသော်လည်း ဒါဟာ မော်စကိုတွင်လုပ်သင့်သော နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေခြင်းသာဖြစ်ပါတယ်။ရုရှားကတော့ အသစ်အသစ်သော စည်းကမ်းများကို လိုက်နာမည်မဟုတ်ကြောင်း ဖော်ပြထားပြီဖြစ်ပါတယ်။

ဒုဝန်ကြီးချုပ်ဖြစ်တဲ့ အလက်ဇန်းဒါးနိုဗက်ကတော့ Rossiya 24 တီဗီပေါ်က သတိပေးချက်အရ “ရေနံစိမ်းများကို စျေးကွက်အခြေအနေပေါ် မူတည်ပြီး ကျွန်တော်တို့နဲ့အတူတူ အလုပ်လုပ်မယ့် နိုင်ငံကို ရောင်းချမယ် ထုတ်လုပ်မှုကို လျှော့ချနေရပါစေ” ဟု ပြောခဲ့ပါတယ်။

ဆုံးဖြတ်ချက်ကတော့ G7 ရဲ့ စျေးနှုန်းလျှော့ချမှုကို မလိုက်နာသော နိုင်ငံများအပေါ်မှီခိုမှုပြုပြီး စျေးနှုန်းအမြင့်ယူမှာလား (သို့မဟုတ်) ကန်ဒေါ်လာ ၆၀ ပေမယ့် နိုင်ငံများကိုတင်ပို့ပြီး လိုအပ်သော ငွေရရှိရန် တင်ပို့မှုပမာဏအပေါ် မှီခိုမှာလားဆိုတာကတော့ ရုရှားအနေနဲ့ ဆုံးဖြတ်ရမည်ဖြစ်ပါတယ်။

ပိတ်ဆို့မှုပြုလုပ်နေချိန်မှာပဲ OPEC+ နဲ့ မိတ်ဖက်အဖွဲ့အစည်းများကတော့ ရေနံစိမ်းထုတ်လုပ်မှုကို ပုံမှန်အတိုင်းထားရှိရန် ဆုံးဖြတ်ခဲ့ပြီး ပိတ်ဆို့အရေးယူမှုများကိုလည်း ဆက်လက်စစ်ဆေးဦးမည်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ အောက်တိုဘာလတွင် OPEC+ ဟာ ရေနံစိမ်းထုတ်လုပ်မှုကို လျှော့ချရန် ဆုံးဖြတ်ခဲ့ပြီး တစ်ရက်ကို ရေနံစိမ်းစည်ပေါင်း ၂ သန်း ထုတ်ရန် ဆုံးဖြတ်ခဲ့ပါတယ်၊ ထိုပမာဏဟာ ကမ္ဘာ့ရေနံစိမ်း ထုတ်လုပ်မှု၏ ၂ ရာခိုင်နှုန်းဖြစ်ပါတယ်။ထို့ကြောင့် ရေနံစိမ်းစျေးနှုန်းဟာ မူလက ကန်ဒေါ်လာ ၉၇.၅၀ ရှိရာကနေ ၈၅.၅၇ သို့ ပြန်လည်ကျဆင်းလာခဲ့ပါတယ်။ထို့ကြောင့် မကြာခင်အတွင်း OPEC+ ဟာ ဆုံးဖြတ်ချက်များ ပြုလုပ်မည်ဟု ခန့်မှန်းရပါတယ်။

ယခုလို ရုရှားရေနံစိမ်းစျေးနှုန်းများကို လျော့ချခြင်းဟာ တတိယနိုင်ငံများအတွက် အကျိုးဖြစ်စေလိမ့်မည်ဟုဆိုပြီး အာဖရိက၊ အာရှနှင့် လက်တင်အမေရိကရှိ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကျိုးရှိစေလိမ့်မည်ဟုဆိုကာ နိုင်ငံတကာတွင် လောင်စာဆီစျေးနှုန်းကို တည်ငြိမ်စေလိမ့်မည်ဟု ဆိုပါတယ်။

ရုရှားလောင်စာဆီကို တရားမဝင်စျေးနှုန်းပြောင်းလဲသတ်မှတ်ထားသော်လည်း ဝယ်လိုအားကတော့ ဆက်ပြီးမြင့်တက်နေဦးမည်ဟု ဆိုပါတယ်။ OPEC+ ကတော့ ရေနံစိမ်းထုတ်လုပ်မှုပမာဏကို လျှော့ချလာနိုင်ခြေရှိပါတယ်။အကယ်၍ ရေနံစိမ်း ထုတ်လုပ်မှုကို လျှော့ချလိုက်ပါက အာရှတစ်ခွင်တွင် စီးပွားရေးလည်ပတ်မှု အရှိန်လျော့နည်းလာနိုင်ခြင်း (သို့မဟုတ်) နိုင်ငံတကာစီးပွားရေးကျဆင်းမှုဖြစ်ပေါ်လာကာ လောင်စာဆီစျေးနှုန်းဟာ ပြန်လည်မြင့်တက်လာနိုင်ပါတယ်။

ယခုလို ဥရောပနိုင်ငံများအတွင်း ရေနံစိမ်းစျေးနှုန်းကို ပြင်ဆင်သတ်မှတ်ခြင်းဟာ တတိယနိုင်ငံများကို အကျိုးဖြစ်ထွန်းစေသော်လည်း ဒီလိုလုပ်ရပ်များကြောင့် နောက်ဆက်တွဲပြဿနာများအဖြစ် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲပြဿနာများကို လျှော့တွက်လို့မရပါဘူး။

ရေနံစိမ်းထုတ်မှုကို ထိန်းချုပ်ထားတဲ့သူအဖြစ် OPEC+ ဟာ ဆက်ရှိနေချိန်တွင် အီးယူနှင့် G7 နိုင်ငံများ ဟာ နိုင်ငံရေးလှုပ်ရှားမှုအဖြစ် ဒီလိုဆုံးဖြတ်ခြင်းဟာ စျေးကွက်ကို ကြီးမားစွာထိခိုက်လာနိုင်ပြီး ငွေကြေးဖောင်းပွမှုကို အားပေးရာ ရောက်နိုင်ပါတယ်။ဒီလိုစျေးနှုန်းပြောင်းလဲသတ်မှတ်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာကို မကြာခင်လေ့လာရမည်ဖြစ်ပြီး ရေရှည်အတွက် စျေးနှုန်းတည်ငြိမ်ရေးနဲ့ပတ်သက်ပြီး ဥရောပအတွင်း တင်းမာမှုမြင့်တက်နေချိန်တွင် လောင်စာဆီစျေးနှုန်းကလည်း သံသယရှိစရာ ပိုများလာပါတယ်။

Naing
Ref : CMG : Additional-sanctions-on-Russian-oil-signal-market-uncertainty
https://news.cgtn.com/news/2022-12-05/Additional-sanctions-on-Russian-oi...