【 နိုင်ငံတကာဆောင်းပါး 】" ယီမင်နိုင်ငံနှစ်ခြမ်းကွဲတော့မလား"

 【  နိုင်ငံတကာဆောင်းပါး  】" ယီမင်နိုင်ငံနှစ်ခြမ်းကွဲတော့မလား"

ဧပြီလ ၂၆ ရက်နေ့တွင် ယီမင်ခွဲထွက်ရေးတောင်ပိုင်းအသွင်ကူးပြောင်းရေးကောင်စီ (STC) က နိုင်ငံတောင်ပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးကြေညာသည်။ သို့သော်ချက်ခြင်းဆိုသလိုပင် ထိုကြေညာချက်ကို နိုင်ငံတကာအသိအမှတ်ပြုနှင့်ကုလသမဂ္ဂကျောထောက်နောက်ခံပြု အက်ဘ်ဒရာဘား မန်ဆာဟာဒီ အစိုးရနှင့် နိုင်ငံတောင်ပိုင်းပြည်နယ် ၅ ခုမှ အုပ်ချုပ်ရေးမှူးများက ကန့်ကွက်ကြသည်။ STC ၏ကြေညာချက်ထွက်လာသော်လည်း နိုင်ငံတောင်ပိုင်းတွင် ကိုယ်ပိုင် အုပ်ချုပ်ရေးအကောင်အထည်ပေါ်ရန် စိန်ခေါ်မှုများစွာ တွေ့ရမည်ဖြစ်သည်။ STC ကိုဆန့်ကျင် နေသော ဖြစ်ရပ်များတွင် တောင်ပိုင်းရှိ အခြားအုပ်စုများအကြား အားပြိုင်မှုလည်းပါဝင်သည်။ကိုယ်ပိုင်အုပ်ချုပ်ရေးကြေညာခြင်းအားဆန့်ကျင်မှုများသည် STC ရင်ဆိုင်နေရသော စိန်ခေါ်မှု များ၏ သဘောသဘာဝကိုလည်း ပြသနေသည်။ အထူးသဖြင့် STC သည် တောင်ပိုင်းယီမင် နိုင်ငံတော်သစ်ကို ဖွဲ့စည်းလျှင် လက်ရှိဖြစ်ပွားနေသောပြည်တွင်းစစ် စိန်ခေါ်မှုများသာမက နိုင်ငံရေးနှင့် စီးပွားရေး အခက်အခဲများစွာကို ကျော်လွှားရန်လိုအပ်နေသည်။ နိုင်ငံရေးအရ ဆိုပါက STC သည် ယီမင်နိုင်ငံတွင် လက်ရှိဖြစ်ပေါ် နေသော ပြင်းထန်သည့် အုပ်စုကွဲများကို ကျော်လွှားရမည်ဖြစ်သည်။

တောင်ပိုင်းပြည်နယ် အုပ်ချုပ်ရေးမှူးများက STC ၏ ကြေညာချက်ကိုတုံ့ပြန်မှုက ပြသနေသည့်အတိုင်း ၎င်းတို့သည် တောင်ပိုင်းတခုလုံးကို ကိုယ်စားပြုပြောဆိုနေခြင်းမဟုတ်ကြပေ။ လက်တွေ့တွင်လည်း STC သည် ဟာရက်ဟုခေါ်သည့် တောင်ပိုင်းလှုပ်ရှားမှုတွင် ပါဝင်သည့် အဖွဲ့အစည်းများစွာအနက်မှ တခုသာဖြစ်သည်။ အတွေးအခေါ်အရပြောရလျှင် တောင်ပိုင်းလှုပ်ရှားမှုသည် ကျယ်ပြန့်လွန်းလှသည်။ ၎င်းတွင် STC ကဲ့သို့သော ခွဲထွက်ရေးသမားများ ပါဝင်သကဲ့သို့ ယီမင်တောင်ပိုင်းတွင် အခြေစိုက်သည့် နိုင်ငံတော်သစ် တည်ထောင်ရေးကို စိတ်အားထက်သန်ခြင်းမရှိသည့် အခြားအုပ်စုများလည်း ပါဝင်နေ သည်။ ထိုသို့လုပ်ဆောင်မည့်အစား ၎င်းအုပ်စုများသည် နိုင်ငံမြောက်ပိုင်းတွင် ဟူသီတို့လိုချင်သည့် အတိုင်း လက်ရှိနိုင်ငံတော် တည်ဆောက်ပုံအတွင်း ပိုမိုကျယ်ပြန့်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အာဏာ ခွဲဝေခြင်းကိုလိုချင်သည်။ အခြားအုပ်စုများနှင့် ယှဉ်လိုက်လျှင် STC သည် အကျော်ကြားဆုံး တောင်ပိုင်း အခြေစိုက်အုပ်စုများအနက် တစုဖြစ်သည်။ ထိုအဆင့်ကိုရရှိခြင်းမှာ ၂၀၁၇ ခုနှစ်က ထိုအဖွဲ့ကို စတင် ထူထောင်ချိန်က အာရပ်စော်ဘွားများနိုင်ငံမှ ပြည်ပထောက်ခံမှုကို ရရှိခြင်းနှင့် အခြားပြည်ပမြို့တော် များတွင် ရုံးခွဲများ ဖွင့်လှစ်ကာ မိမိအဖွဲ့အစည်းကိုမိမိ ဂုဏ်ရှိန်မြှင့်တင်ခြင်းဖြစ်သည်။ ထိုကဲ့သို့သော အားထုတ်မှုများရှိသော်လည်း STC ၏ကြေညာချက်သည် နိုင်ငံတကာထောက်ခံမှု များများမရရှိပေ။ ဟာဒီအစိုးရဖက်မှ မြောက်ပိုင်းအခြေစိုက်ဟူသီများကို တိုက်ခိုက်ပေးနေသည့် ဆော်ဒီအာရေးဗီးယာနှင့် အာရပ်စော်ဘွားများနိုင်ငံတို့က ထိုလုပ်ရပ်ကို ဝေဖန်ကြသည်။

အာရပ်စော်ဘွားများနိုင်ငံသည် ထိုအဖွဲ့ကို ယခင်ကပြုစုပျိုးထောင်ပေခဲ့သောကြောင့် ၎င်း၏ ဆန့်ကျင်မှု သည် ပိုမိုပြင်းထန်နေဆဲဖြစ်သည်။ ထိုကြေညာချက်အစား ဆော်ဒီနှင့် အာရပ်စော်ဘွားများနိုင်ငံတို့က ဟာဒီ အစိုးရနှင့် STC တို့ ရီယာဒ် သဘောတူညီချက်ကို ပူးပေါင်း အကောင်အထည်ဖေါ်ရန် တောင်းဆို ကြသည်။ ထိုသဘောတူညီချက်သည် STC က အဒန်ကို သိမ်းပိုက်ပြီးနောက် ထိုအမည်ခံ မဟာမိတ်များ အကြား သဘောထားကွဲလွဲမှုများကို ဖြေရှင်းရေးကို ကမကထပြုသည်။ ထိုသဘောတူညီချက်အရ STC နှင့် ဟာဒီအစိုးရတို့သည် တပ်များကိုဆုတ်ခွာပြီး လက်နက်များကို စစ်ဆေးခံကာ အကျဉ်းသား ချင်း လဲလှယ်ပြီးတူညီသောကိုယ်စားပြုမှုဖြင့် အစိုးရဖွဲ့စည်းရန် တောင်းဆိုသည်။ သို့သော် ဟာဒီ အစိုးရ၏ လုပ်ဆောင်မှုသည် လွန်စွာနှေးကွေးနေသောကြောင့် STC ကစိတ်ပျက်ကာ ဇန်နဝါရီလ အစောပိုင်းတွင် အကောင်အထည်ဖေါ်ရေး ကော်မတီမှ နှုတ်ထွက်လိုက်သည်။ STC သည် အာဒန်ကို ထိန်းချုပ်ထားသော်လည်း ကျန်တောင်ပိုင်းဒေသများတွင် ထိုအဖွဲ့၏ သြဇာမှာ အားနည်းလှသည်။ ကိုယ်ပိုင်အုပ်ချုပ်ရေးထူထောင်ရန်အတွက် ၎င်းသည် ယီမင်အရေးလေ့လာသူ အယ်လီယွန်နိုရာ အာဒန်မက်ဂနီက စစ်ဘုရင်နိုင်ငံများဟုခေါ်သည့် တောင်ပိုင်းအပါအဝင် နိုင်ငံတဝှမ်းရှိ ဒေသအလိုက်လုံခြုံရေးနှင့်အုပ်ချုပ်ရေးထူထောင်ထားသည့် အုပ်စုများနှင့် ထိတွေ့ဆက်ဆံရန်လိုသည်။

တောင်ပိုင်းတွင်နေထိုင်ကြသော ပြည်သူများ၏ ဘဝတိုးတက်အောင်လုပ်ဆောင် နိုင်ကြောင်း ပြသရန် လည်း STC အတွက် ခက်ခဲမည်ဖြစ်သည်။ ထိုအဖွဲ့က ဟာဒီအစိုးရသည် အများပြည်သူအုပ်ချုပ်ရေးကို မလုပ်နိုင်ဘဲ အကျင့်ပျက်ခြစားကာ အများပြည်သူဝန်ဆောင်မှု ညံ့ဖျင်းပြီး လျှပ်စစ်ဓါတ်အား၊ ရေနှင့် သန့်ရှင်းရေးကဲ့သို့သော ဝန်ဆောင်မှုများကို အကန့်အသတ်ဖြင့်သာ ပေးနိုင်ကြောင်းစွပ်စွဲသည်။ နိုင်ငံ၏ ကျန်းမာရေး ဆိုင်ရာအဆောက်အအုံများ၏ ထက်ဝက်သာ လုပ်ငန်းလည်ပတ်နိုင်ကြသည်။ သို့သော် ယီမင်၏ အများပြည်သူ ဘဏ္ဍာရေး ဝန်ဆောင်မှုနှင့် စီးပွားရေးသည် အထူးသဖြင့် စစ်ပွဲများကြောင့် လွန်ခဲ့သောဆယ်စုနှစ်အတွင်း ကျဆင်းနေသည်မှာကာလကြာမြင့်ပြီဖြစ်သည်။ အစားအသောက် သွင်းကုန်များအပေါ် လုံးဝနီးပါးမှီခိုနေရပြီး အစားအစာအရန်နှင့် အစားအစာအတွက် ပေးရန် နိုင်ငံခြား အရန်ငွေကြေးသည်လည်း မကြာသေးမီနှစ်များအတွင်းကျဆင်းနေသည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက် အရ ယီမင်နိုင်ငံသား ၂၈ သန်းအနက် ၁၆ သန်းသည် အစားအစာပြတ်လပ်နေပြီး မိသားစုများ၏ ထက်ဝက်သည် အစားအသောက် ကိုချေးငွေဖြင့်ဝယ်ယူနေရသည်။

အာဒန်ဆိပ်ကမ်းကို ထိန်းချုပ်လိုက်သောကြောင့် အခြေအနေကိုပြောင်းလဲသွားစေမည့် အကောက်ခွန် နှင့် ဆိပ်ကမ်းနှင့် ပတ်သက်သောဝင်ငွေများ ရလာမည်ဟု STC ကမျှော်လင့်နေသည်။ သို့သော်ထိုငွေ ပမာဏသည် လုံလောက်မည်မဟုတ်ပေ။ ထိရောက်မှုဖြစ်စေရန်တွက် ၎င်းသည် ဟက်ဒရာမော့ ပြည်နယ်ရှိ ယီမင်၏ ရေနံမြေအများအပြားကို ထိန်းချုပ်နိုင်ပြီး ထုတ်လုပ်မှုကို အကြီးအကျယ် တိုးမြှင့်ရန်လိုသည်။ လွန်ခဲ့သော ဆယ်စုနှစ်တွင်း ယီမင်နိုင်ငံ၏ ရေနံထုတ်လုပ်မှုသည် တနေ့လျှင် စည်ပေါင်း ၃ သိန်း ရှိရာမှ ၅ သောင်းသို့ကျဆင်း သွားသည်။ တချိန်တည်းတွင် ထုတ်လုပ်မှုမြှင့်တင်ခြင်း သည် ဝင်ငွေတိုးရေးအတွက် အထောက်အကူမဖြစ်နိုင်ပေ။ ကိုဗစ်-၁၉ ကမ္ဘာတဝှမ်း ကူးစက်ရောဂါ ကြောင့် ကမ္ဘာ့ဝယ်လိုအားကျဆင်းခြင်းနှင့် ရေနံဈေးနှုန်းကျဆင်းခြင်းကြောင့် ယီမင်သည် ယခင်ကဲ့သို့ ဝင်ငွေရရှိ တော့မည် မဟုတ်ပေ။ ထိုပြဿနာများအပြင် STC သည် ဟာဒရာမော့ကို ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ထိုပြည်နယ်အုပ်ချုပ်ရေးမှူးသည် STC ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဆန့်ကျင်ကြောင်း ကြေညာ ထားသည့် ပြည်နယ်အုပ်ချုပ်ရေးမှူး ၅ ဦးအနက် တဦးဖြစ်သည်။

အချုပ်အားဖြင့်ဆိုရပါက STC သည် ယီမင်တောင်ပိုင်းတွင် ကာလကြာမြင့်စွာခံစားနေရသည့် နစ်နာမှုများ နှင့် စိတ်ပျက်မှုများကို အသုံးချနိုင်သော်လည်း ၎င်းရင်ဆိုင်နေရသည့် နိုင်ငံရေးနှင် စီးပွားရေး ပြဿနာများကြောင့် ၁၉၉၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တောင်ပိုင်းယီမင် နိုင်ငံသစ် ထူထောင်ရေးအလားအလာမှာ လတ်တလောတွင် အလှမ်းဝေနေသေးသည်။

(  Zawgyi  )

 ဧၿပီလ ၂၆ ရက္ေန႔တြင္ ယီမင္ခြဲထြက္ေရးေတာင္ပိုင္းအသြင္ကူးေျပာင္းေရးေကာင္စီ (STC) က ႏိုင္ငံေတာင္ပိုင္းတြင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးေၾကညာသည္။ သို႔ေသာ္ခ်က္ျခင္းဆိုသလိုပင္ ထိုေၾကညာခ်က္ကို ႏိုင္ငံတကာအသိအမွတ္ျပဳႏွင့္ကုလသမဂၢေက်ာေထာက္ေနာက္ခံျပဳ အက္ဘ္ဒရာဘား မန္ဆာဟာဒီ အစိုးရႏွင့္ ႏိုင္ငံေတာင္ပိုင္းျပည္နယ္ ၅ ခုမွ အုပ္ခ်ဳပ္ေရးမႉးမ်ားက ကန႔္ကြက္ၾကသည္။ STC ၏ေၾကညာခ်က္ထြက္လာေသာ္လည္း ႏိုင္ငံေတာင္ပိုင္းတြင္ ကိုယ္ပိုင္ အုပ္ခ်ဳပ္ေရးအေကာင္အထည္ေပၚရန္ စိန္ေခၚမႈမ်ားစြာ ေတြ႕ရမည္ျဖစ္သည္။ STC ကိုဆန႔္က်င္ ေနေသာ ျဖစ္ရပ္မ်ားတြင္ ေတာင္ပိုင္းရွိ အျခားအုပ္စုမ်ားအၾကား အားၿပိဳင္မႈလည္းပါဝင္သည္။ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးေၾကညာျခင္းအားဆန႔္က်င္မႈမ်ားသည္ STC ရင္ဆိုင္ေနရေသာ စိန္ေခၚမႈ မ်ား၏ သေဘာသဘာဝကိုလည္း ျပသေနသည္။ အထူးသျဖင့္ STC သည္ ေတာင္ပိုင္းယီမင္ ႏိုင္ငံေတာ္သစ္ကို ဖြဲ႕စည္းလွ်င္ လက္ရွိျဖစ္ပြားေနေသာျပည္တြင္းစစ္ စိန္ေခၚမႈမ်ားသာမက ႏိုင္ငံေရးႏွင့္ စီးပြားေရး အခက္အခဲမ်ားစြာကို ေက်ာ္လႊားရန္လိုအပ္ေနသည္။ ႏိုင္ငံေရးအရ ဆိုပါက STC သည္ ယီမင္ႏိုင္ငံတြင္ လက္ရွိျဖစ္ေပၚ ေနေသာ ျပင္းထန္သည့္ အုပ္စုကြဲမ်ားကို ေက်ာ္လႊားရမည္ျဖစ္သည္။

ေတာင္ပိုင္းျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးမ်ားက STC ၏ ေၾကညာခ်က္ကိုတုံ႔ျပန္မႈက ျပသေနသည့္အတိုင္း ၎တို႔သည္ ေတာင္ပိုင္းတခုလုံးကို ကိုယ္စားျပဳေျပာဆိုေနျခင္းမဟုတ္ၾကေပ။ လက္ေတြ႕တြင္လည္း STC သည္ ဟာရက္ဟုေခၚသည့္ ေတာင္ပိုင္းလႈပ္ရွားမႈတြင္ ပါဝင္သည့္ အဖြဲ႕အစည္းမ်ားစြာအနက္မွ တခုသာျဖစ္သည္။ အေတြးအေခၚအရေျပာရလွ်င္ ေတာင္ပိုင္းလႈပ္ရွားမႈသည္ က်ယ္ျပန႔္လြန္းလွသည္။ ၎တြင္ STC ကဲ့သို႔ေသာ ခြဲထြက္ေရးသမားမ်ား ပါဝင္သကဲ့သို႔ ယီမင္ေတာင္ပိုင္းတြင္ အေျခစိုက္သည့္ ႏိုင္ငံေတာ္သစ္ တည္ေထာင္ေရးကို စိတ္အားထက္သန္ျခင္းမရွိသည့္ အျခားအုပ္စုမ်ားလည္း ပါဝင္ေန သည္။ ထိုသို႔လုပ္ေဆာင္မည့္အစား ၎အုပ္စုမ်ားသည္ ႏိုင္ငံေျမာက္ပိုင္းတြင္ ဟူသီတို႔လိုခ်င္သည့္ အတိုင္း လက္ရွိႏိုင္ငံေတာ္ တည္ေဆာက္ပုံအတြင္း ပိုမိုက်ယ္ျပန႔္သည့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ႏွင့္ အာဏာ ခြဲေဝျခင္းကိုလိုခ်င္သည္။ အျခားအုပ္စုမ်ားႏွင့္ ယွဥ္လိုက္လွ်င္ STC သည္ အေက်ာ္ၾကားဆုံး ေတာင္ပိုင္း အေျခစိုက္အုပ္စုမ်ားအနက္ တစုျဖစ္သည္။ ထိုအဆင့္ကိုရရွိျခင္းမွာ ၂၀၁၇ ခုႏွစ္က ထိုအဖြဲ႕ကို စတင္ ထူေထာင္ခ်ိန္က အာရပ္ေစာ္ဘြားမ်ားႏိုင္ငံမွ ျပည္ပေထာက္ခံမႈကို ရရွိျခင္းႏွင့္ အျခားျပည္ပၿမိဳ႕ေတာ္ မ်ားတြင္ ႐ုံးခြဲမ်ား ဖြင့္လွစ္ကာ မိမိအဖြဲ႕အစည္းကိုမိမိ ဂုဏ္ရွိန္ျမႇင့္တင္ျခင္းျဖစ္သည္။ ထိုကဲ့သို႔ေသာ အားထုတ္မႈမ်ားရွိေသာ္လည္း STC ၏ေၾကညာခ်က္သည္ ႏိုင္ငံတကာေထာက္ခံမႈ မ်ားမ်ားမရရွိေပ။ ဟာဒီအစိုးရဖက္မွ ေျမာက္ပိုင္းအေျခစိုက္ဟူသီမ်ားကို တိုက္ခိုက္ေပးေနသည့္ ေဆာ္ဒီအာေရးဗီးယာႏွင့္ အာရပ္ေစာ္ဘြားမ်ားႏိုင္ငံတို႔က ထိုလုပ္ရပ္ကို ေဝဖန္ၾကသည္။

အာရပ္ေစာ္ဘြားမ်ားႏိုင္ငံသည္ ထိုအဖြဲ႕ကို ယခင္ကျပဳစုပ်ိဳးေထာင္ေပခဲ့ေသာေၾကာင့္ ၎၏ ဆန႔္က်င္မႈ သည္ ပိုမိုျပင္းထန္ေနဆဲျဖစ္သည္။ ထိုေၾကညာခ်က္အစား ေဆာ္ဒီႏွင့္ အာရပ္ေစာ္ဘြားမ်ားႏိုင္ငံတို႔က ဟာဒီ အစိုးရႏွင့္ STC တို႔ ရီယာဒ္ သေဘာတူညီခ်က္ကို ပူးေပါင္း အေကာင္အထည္ေဖၚရန္ ေတာင္းဆို ၾကသည္။ ထိုသေဘာတူညီခ်က္သည္ STC က အဒန္ကို သိမ္းပိုက္ၿပီးေနာက္ ထိုအမည္ခံ မဟာမိတ္မ်ား အၾကား သေဘာထားကြဲလြဲမႈမ်ားကို ေျဖရွင္းေရးကို ကမကထျပဳသည္။ ထိုသေဘာတူညီခ်က္အရ STC ႏွင့္ ဟာဒီအစိုးရတို႔သည္ တပ္မ်ားကိုဆုတ္ခြာၿပီး လက္နက္မ်ားကို စစ္ေဆးခံကာ အက်ဥ္းသား ခ်င္း လဲလွယ္ၿပီးတူညီေသာကိုယ္စားျပဳမႈျဖင့္ အစိုးရဖြဲ႕စည္းရန္ ေတာင္းဆိုသည္။ သို႔ေသာ္ ဟာဒီ အစိုးရ၏ လုပ္ေဆာင္မႈသည္ လြန္စြာေႏွးေကြးေနေသာေၾကာင့္ STC ကစိတ္ပ်က္ကာ ဇန္နဝါရီလ အေစာပိုင္းတြင္ အေကာင္အထည္ေဖၚေရး ေကာ္မတီမွ ႏႈတ္ထြက္လိုက္သည္။ STC သည္ အာဒန္ကို ထိန္းခ်ဳပ္ထားေသာ္လည္း က်န္ေတာင္ပိုင္းေဒသမ်ားတြင္ ထိုအဖြဲ႕၏ ၾသဇာမွာ အားနည္းလွသည္။ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးထူေထာင္ရန္အတြက္ ၎သည္ ယီမင္အေရးေလ့လာသူ အယ္လီယြန္ႏိုရာ အာဒန္မက္ဂနီက စစ္ဘုရင္ႏိုင္ငံမ်ားဟုေခၚသည့္ ေတာင္ပိုင္းအပါအဝင္ ႏိုင္ငံတဝွမ္းရွိ ေဒသအလိုက္လုံၿခဳံေရးႏွင့္အုပ္ခ်ဳပ္ေရးထူေထာင္ထားသည့္ အုပ္စုမ်ားႏွင့္ ထိေတြ႕ဆက္ဆံရန္လိုသည္။

ေတာင္ပိုင္းတြင္ေနထိုင္ၾကေသာ ျပည္သူမ်ား၏ ဘဝတိုးတက္ေအာင္လုပ္ေဆာင္ ႏိုင္ေၾကာင္း ျပသရန္ လည္း STC အတြက္ ခက္ခဲမည္ျဖစ္သည္။ ထိုအဖြဲ႕က ဟာဒီအစိုးရသည္ အမ်ားျပည္သူအုပ္ခ်ဳပ္ေရးကို မလုပ္ႏိုင္ဘဲ အက်င့္ပ်က္ျခစားကာ အမ်ားျပည္သူဝန္ေဆာင္မႈ ညံ့ဖ်င္းၿပီး လွ်ပ္စစ္ဓါတ္အား၊ ေရႏွင့္ သန႔္ရွင္းေရးကဲ့သို႔ေသာ ဝန္ေဆာင္မႈမ်ားကို အကန႔္အသတ္ျဖင့္သာ ေပးႏိုင္ေၾကာင္းစြပ္စြဲသည္။ ႏိုင္ငံ၏ က်န္းမာေရး ဆိုင္ရာအေဆာက္အအုံမ်ား၏ ထက္ဝက္သာ လုပ္ငန္းလည္ပတ္ႏိုင္ၾကသည္။ သို႔ေသာ္ ယီမင္၏ အမ်ားျပည္သူ ဘ႑ာေရး ဝန္ေဆာင္မႈႏွင့္ စီးပြားေရးသည္ အထူးသျဖင့္ စစ္ပြဲမ်ားေၾကာင့္ လြန္ခဲ့ေသာဆယ္စုႏွစ္အတြင္း က်ဆင္းေနသည္မွာကာလၾကာျမင့္ၿပီျဖစ္သည္။ အစားအေသာက္ သြင္းကုန္မ်ားအေပၚ လုံးဝနီးပါးမွီခိုေနရၿပီး အစားအစာအရန္ႏွင့္ အစားအစာအတြက္ ေပးရန္ ႏိုင္ငံျခား အရန္ေငြေၾကးသည္လည္း မၾကာေသးမီႏွစ္မ်ားအတြင္းက်ဆင္းေနသည္။ ကုလသမဂၢ၏ ခန႔္မွန္းခ်က္ အရ ယီမင္ႏိုင္ငံသား ၂၈ သန္းအနက္ ၁၆ သန္းသည္ အစားအစာျပတ္လပ္ေနၿပီး မိသားစုမ်ား၏ ထက္ဝက္သည္ အစားအေသာက္ ကိုေခ်းေငြျဖင့္ဝယ္ယူေနရသည္။

အာဒန္ဆိပ္ကမ္းကို ထိန္းခ်ဳပ္လိုက္ေသာေၾကာင့္ အေျခအေနကိုေျပာင္းလဲသြားေစမည့္ အေကာက္ခြန္ ႏွင့္ ဆိပ္ကမ္းႏွင့္ ပတ္သက္ေသာဝင္ေငြမ်ား ရလာမည္ဟု STC ကေမွ်ာ္လင့္ေနသည္။ သို႔ေသာ္ထိုေငြ ပမာဏသည္ လုံေလာက္မည္မဟုတ္ေပ။ ထိေရာက္မႈျဖစ္ေစရန္တြက္ ၎သည္ ဟက္ဒရာေမာ့ ျပည္နယ္ရွိ ယီမင္၏ ေရနံေျမအမ်ားအျပားကို ထိန္းခ်ဳပ္ႏိုင္ၿပီး ထုတ္လုပ္မႈကို အႀကီးအက်ယ္ တိုးျမႇင့္ရန္လိုသည္။ လြန္ခဲ့ေသာ ဆယ္စုႏွစ္တြင္း ယီမင္ႏိုင္ငံ၏ ေရနံထုတ္လုပ္မႈသည္ တေန႔လွ်င္ စည္ေပါင္း ၃ သိန္း ရွိရာမွ ၅ ေသာင္းသို႔က်ဆင္း သြားသည္။ တခ်ိန္တည္းတြင္ ထုတ္လုပ္မႈျမႇင့္တင္ျခင္း သည္ ဝင္ေငြတိုးေရးအတြက္ အေထာက္အကူမျဖစ္ႏိုင္ေပ။ ကိုဗစ္-၁၉ ကမာၻတဝွမ္း ကူးစက္ေရာဂါ ေၾကာင့္ ကမာၻ႔ဝယ္လိုအားက်ဆင္းျခင္းႏွင့္ ေရနံေဈးႏႈန္းက်ဆင္းျခင္းေၾကာင့္ ယီမင္သည္ ယခင္ကဲ့သို႔ ဝင္ေငြရရွိ ေတာ့မည္ မဟုတ္ေပ။ ထိုျပႆနာမ်ားအျပင္ STC သည္ ဟာဒရာေမာ့ကို ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိေပ။ ထိုျပည္နယ္အုပ္ခ်ဳပ္ေရးမႉးသည္ STC ၏ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးကို ဆန႔္က်င္ေၾကာင္း ေၾကညာ ထားသည့္ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ၅ ဦးအနက္ တဦးျဖစ္သည္။

အခ်ဳပ္အားျဖင့္ဆိုရပါက STC သည္ ယီမင္ေတာင္ပိုင္းတြင္ ကာလၾကာျမင့္စြာခံစားေနရသည့္ နစ္နာမႈမ်ား ႏွင့္ စိတ္ပ်က္မႈမ်ားကို အသုံးခ်ႏိုင္ေသာ္လည္း ၎ရင္ဆိုင္ေနရသည့္ ႏိုင္ငံေရးႏွင္ စီးပြားေရး ျပႆနာမ်ားေၾကာင့္ ၁၉၉၀ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ေတာင္ပိုင္းယီမင္ ႏိုင္ငံသစ္ ထူေထာင္ေရးအလားအလာမွာ လတ္တေလာတြင္ အလွမ္းေဝေနေသးသည္။