【 နိုင်ငံတကာဆောင်းပါး 】" ဟားဗတ်ဟူးဗားလိုအမှားမျိုး ဒေါ်နယ်ထရမ့် ကျူးလွန်မလား"

【  နိုင်ငံတကာဆောင်းပါး 】" ဟားဗတ်ဟူးဗားလိုအမှားမျိုး ဒေါ်နယ်ထရမ့် ကျူးလွန်မလား"

အတိတ်ကို သတိမရသူများသည် ထိုအတိတ်ကို တဖန်ပြန်လုပ်ရန် ဒဏ်ခတ်ခံရသူများဖြစ်သည်ဟု ဂျော့ဆန်တာယန ကပြောသည်။အမေရိကန် စီးပွားရေးသည် ကမ္ဘာ့စီးပွာပျက်ကပ်ကြီးနောက်ပိုင်း အဆိုးဆုံး အခြေအနေကို ရင်ဆိုင်နေရချိန်တွင် ထရမ့်သည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး စစ်ပွဲကို လှုံ့ဆော်နေသောကြောင့် သူနှင့် ပတ်သက်ပြီးထိုသို့ပြောရန် ဖြစ်နိုင်မဖြစ်နိုင်ကို မေးခွန်းထုတ်ရမည်ဖြစ်သည်။ ၁၉၃၀ ခုနှစ်များက သူ၏ ကုန်သွယ်ရေးမူဝါဒ၏ ဆိုးရွားလှသော အကျိုးဆက် များကြောင့် ဟားဗတ်ဟူးဗား ဂုဏ်သရေ ညှိုးနွမ်းစွာ သမိုင်းတွင်ကျန်ရစ် သကဲ့သို့ ထရမ့်လည်း လုပ်ဆောင်နေကြောင်း အထင်အရှားတွေ့နေရသည့် သဘောဖြစ်နေသည်။

ဟားဗတ်ဟူးဗားသည် ၁၉၃၀ ခုနှစ်များက အောင်မြင်မှုများနှင့် အကျုံးမဝင်ပေ။ သူသည် ကမ္ဘာ့စီးပွားပျက်ကပ် အစတွင် အများပြည်သူအသုံးစရိတ်ကို ဖြတ်တောက်ပြီး အခွန်များကို တိုးမြှင့်ပြီး အများပြည်သူ အသုံးစရိတ်ကို ချိန်ခွင်လျှာညီအောင် လုပ်ဆောင်သည့် မကောင်းလှသော အကြံဥာဏ်များကို အကောင်အထည်ဖေါ်ရန် ကြိုးစာခဲ့ရုံသာမကပေ။ သူသည် လွန်စွာ ကိုယ်ကျိုးစီးပွားကာကွယ်သည့် ၁၉၃၀ ခုနှစ် Smoot-Hawley Tariff Act အခွန်ဥပဒေကိုလည်း ပြဋ္ဌာန်းပြီး ကမ္ဘာ့စီးပွား ပျက်ကပ်ကို အခြေအနေပိုမိုဆိုးရွားစေခဲ့သည်။ ထိုဥပဒေကြောင့် ဆိုးရွားလှသော တဖက်သတ်ကုန်သွယ်ရေးများကို ပေါ်ပေါက်စေခဲ့ပြီ ထိုမူဝါဒများကြောင့် နိုင်ငံတကာကုန်သွယ်ရေးစနစ်ပြိုကွဲပြီး ကမ္ဘာ့စီးပွားပျက်ကပ် သက်ဆိုးရှည်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ဖြစ်ပွားသော စီးပွားရေးပြဿနာများအတွက် သူ၏ ရုတ်တရက် ပြင်းထန်သော ဘဏ္ဍာငွေ အသုံးစရိတ် မူဝါဒ တုံ့ပြန်မှုဖြင့် ထရမ့်သည် ဟားဗတ်ဟူးဗား ကျူးလွန်ခဲ့သည့် အမှားမျိုးကို ထပ်မံကျူးလွန်ခြင်း ရှိကြောင်း ထရမ့်ကို အသိအမှတ်ပြုရမည်ဖြစ်သည်။
 
စီးပွားရေးအကျပ်အတည်းသို့ ဘာဏ္ဍာငွေ အသုံးစရိတ်ဆိုင်ရာ တုံ့ပြန်မှု ကြီးမားသကဲ့သို့ပင် မိမိတို့သည် ကမ္ဘာတဝှမ်း ကူးစက်ရောဂါ ဒုတိယလှိုင်းနှင့်ရင်ဆိုင်ရမည်ဆိုလျှင် ထိုတုံ့ပြန်မှုသည် ရေရှည်တည်တံ့သော စီးပွားနာလန်ထမှုကို အားပေးရန် လုံလောက်ခြင်းရှိမရှိကို မိမိတို့အနေဖြင့် စောင့်ကြည့်ရမည်ဖြစ်သည်။ ထိုကဲ့သို့သော ဖြစ်နိုင်ခြေကို ထရမ့်မည်သို့ တုံ့ပြန်မည်ကိုလည်း ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။ သို့သော်လတ်တလောတွင် သူသည် အကျပ်အတည်းနှင့်ပတ်သက်သော ဘဏ္ဍာငွေ အသုံးစရိတ်အတွက် မြင့်မားသော ရမှတ်နှင့် ထိုက်တန်ပေသည်။

ထရမ့်သည့် ဟားဗတ်ဟူးဗား၏ အသုံးစရိတ်ခွဲဝေမှုဆိုင်ရာအမှားကို ယနေ့တိုင်ရှောင်ရှားနိုင်သော်လည်း သူ၏ ကုန်သွယ်ရေးမူဝါဒနှင့် ပတ်သက်လျှင် ထိုသို့ပြောဆိုနိုင်ခြင်းမရှိပေ။

သူ၏ အစိုးရ အာဏာရလာချိန်မှစတင်ပြီး မဲဆွယ်ပွဲကတိများကို ဖြည့်ဆည်းသည့်အနေဖြင့် ထရမ့်သည် တရုတ်အမေရိကန် ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး အမေရိကန်ဦးစားပေးရေး မူဝါဒကို ကျင့်သုံးပြီး အခြားနိုင်ငံအများအပြား အပေါ်တွင်လည်း အငြင်းပွားဖွယ်ရာ သွင်းကုန်ခွန်များ ချမှတ်သည်။ ထိုသို့လုပ်ရာတွင်လည်း တဖက်သတ်လုပ်ဆောငသောကြောင့် နိုင်ငံတကာ ကုန်သွယ်ရေးစနစ်ကို ထိခိုက်စေသည်။

တရုတ်နိုင်ငံနှင့်ကုန်သွယ်ရေး စစ်ပွဲယာယီရပ်ဆိုင်းကြောင်း အမေရိကန်နိုင်ငံကြေညာသည့် ၂၀၁၉ ခုနှစ် နှစ်ကုန်အထိ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့စီးပွားရေး ကို အကြီးအကျယ်ထိခိုက်စေကာမူ ကိုယ်ကျိုးစီးပွားကာကွယ်ရေး ကုန်သွယ်ရေး မူဝါဒ ကိုသာကျင့်သုံးသည်။ အဓိကအားဖြင့် တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲကြောင့် ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး၏ ၇၅ ရာခိုင်နှုန်းသည် အတက်ဖက်ရောက်နေရာမှ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး၏ ၉၀ ရာခိုင်နှုန်းသည် သိသိသာသာနှေးကွေးသွားကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ အဆိုအရ သိရသည်။

လွန်စွာအင်အားချိနဲ့နေသော အမေရိကန်စီးပွားရေးနှင့် ကူးစက်ရောဂါပျံ့နှံ့မှုကို တုံ့ပြန်ရာတွင် ညံ့ဖျင်းခြင်းကြောင့် ပြန်လည်ရွေးချယ်ခံရရေး သေနင်္ဂဗျူဟာသည် အကျပ်အတည်း ကျရောက်နေကြောင်း သိသောကြောင့် ထရမ့်သည် တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲကို ပြန်လည်မီးမွှေးခြင်းဖြင့် ရွေးကောက်ပွဲအတွက် အမြတ်ထုတ်ရန် မြင်နေပုံရသည်။ ထို့ကြောင့် ပင် သူသည် ဗိုင်းရပ်စ်ပိုးအတွက် တရုတ်နိုင်ငံကို ရန်စပြစ်တင်ရန်၊ ဟွာဝေးက အမေရိကန်နည်းပညာအသုံးပြုခြင်းကို ကန့်သတ်ရန် နှင့် ကုန်စည်ပံ့ပိုးရေးလမ်းကြောင်းအတွက် အမေရိကန် လုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံအပေါ် မှီခိုအားထားခြင်း လျှော့ချရန် လုပ်ဆောင်နေပုံရသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်သည့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး စစ်ပြန်လည်စတင်ရန် အချိန်ကောင်း ရှိလိမ့်မည်မဟုတ်ပေ။ ကမ္ဘာကို စီးပွားပျက်ကပ်က ချုပ်ကိုင်ထားပြီး ကမ္ဘာသည် အမေရိကန်နှင့် ကမ္ဘာ၏ စစ်ပြီးခေတ် ကြွယ်ဝချမ်းသာ မှုကို ဖြစ်စေသော ပွင့်လင်းသော နိုင်ငံတကာ ကုန်သွယ်ရေး စနစ်ကို ထိန်းသိမ်းထားရန် အမေရိကန်ခေါင်းဆောင်မှုကို အပြင်းအထန်လိုအပ်နေချိန်တွင် ထိုသို့လုပ်ရန်အထူးသဖြင့် မဖြစ်နိုင်ပေ။

ထရမ့်သည် သူ၏ ကိုယ်ကျိုးစီးပွာကာကွယ်ရေး စကားများကို ပြန်လည်ရုတ်သိမ်းပြီး သူ၏ထိခိုက်စေသောစကားများကို လုပ်ရပ်ဖြင့်  သက်သေမပြရန်သာ မျှော်လင့်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး ပျက်စီးမှုမှ အပြည့်အဝနာလန်ထရန် အချိန်လွန်စွာ ကြာမြင့်မည်ကို သာ မိမိတို့ ရင်ဆိုင်ရန် ပြင်ဆင်ထားရတော့မည်ဖြစ်သည်။

(  Zawgyi  )

 အတိတ္ကို သတိမရသူမ်ားသည္ ထိုအတိတ္ကို တဖန္ျပန္လုပ္ရန္ ဒဏ္ခတ္ခံရသူမ်ားျဖစ္သည္ဟု ေဂ်ာ့ဆန္တာယန ကေျပာသည္။အေမရိကန္ စီးပြားေရးသည္ ကမာၻ႔စီးပြာပ်က္ကပ္ႀကီးေနာက္ပိုင္း အဆိုးဆုံး အေျခအေနကို ရင္ဆိုင္ေနရခ်ိန္တြင္ ထရမ့္သည္ တ႐ုတ္ႏိုင္ငံႏွင့္ ကုန္သြယ္ေရး စစ္ပြဲကို လႈံ႕ေဆာ္ေနေသာေၾကာင့္ သူႏွင့္ ပတ္သက္ၿပီးထိုသို႔ေျပာရန္ ျဖစ္ႏိုင္မျဖစ္ႏိုင္ကို ေမးခြန္းထုတ္ရမည္ျဖစ္သည္။ ၁၉၃၀ ခုႏွစ္မ်ားက သူ၏ ကုန္သြယ္ေရးမူဝါဒ၏ ဆိုး႐ြားလွေသာ အက်ိဳးဆက္ မ်ားေၾကာင့္ ဟားဗတ္ဟူးဗား ဂုဏ္သေရ ညႇိဳးႏြမ္းစြာ သမိုင္းတြင္က်န္ရစ္ သကဲ့သို႔ ထရမ့္လည္း လုပ္ေဆာင္ေနေၾကာင္း အထင္အရွားေတြ႕ေနရသည့္ သေဘာျဖစ္ေနသည္။

ဟားဗတ္ဟူးဗားသည္ ၁၉၃၀ ခုႏွစ္မ်ားက ေအာင္ျမင္မႈမ်ားႏွင့္ အက်ဳံးမဝင္ေပ။ သူသည္ ကမာၻ႔စီးပြားပ်က္ကပ္ အစတြင္ အမ်ားျပည္သူအသုံးစရိတ္ကို ျဖတ္ေတာက္ၿပီး အခြန္မ်ားကို တိုးျမႇင့္ၿပီး အမ်ားျပည္သူ အသုံးစရိတ္ကို ခ်ိန္ခြင္လွ်ာညီေအာင္ လုပ္ေဆာင္သည့္ မေကာင္းလွေသာ အႀကံဥာဏ္မ်ားကို အေကာင္အထည္ေဖၚရန္ ႀကိဳးစာခဲ့႐ုံသာမကေပ။ သူသည္ လြန္စြာ ကိုယ္က်ိဳးစီးပြားကာကြယ္သည့္ ၁၉၃၀ ခုႏွစ္ Smoot-Hawley Tariff Act အခြန္ဥပေဒကိုလည္း ျပ႒ာန္းၿပီး ကမာၻ႔စီးပြား ပ်က္ကပ္ကို အေျခအေနပိုမိုဆိုး႐ြားေစခဲ့သည္။ ထိုဥပေဒေၾကာင့္ ဆိုး႐ြားလွေသာ တဖက္သတ္ကုန္သြယ္ေရးမ်ားကို ေပၚေပါက္ေစခဲ့ၿပီ ထိုမူဝါဒမ်ားေၾကာင့္ ႏိုင္ငံတကာကုန္သြယ္ေရးစနစ္ၿပိဳကြဲၿပီး ကမာၻ႔စီးပြားပ်က္ကပ္ သက္ဆိုးရွည္ခဲ့သည္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါေၾကာင့္ ျဖစ္ပြားေသာ စီးပြားေရးျပႆနာမ်ားအတြက္ သူ၏ ႐ုတ္တရက္ ျပင္းထန္ေသာ ဘ႑ာေငြ အသုံးစရိတ္ မူဝါဒ တုံ႔ျပန္မႈျဖင့္ ထရမ့္သည္ ဟားဗတ္ဟူးဗား က်ဴးလြန္ခဲ့သည့္ အမွားမ်ိဳးကို ထပ္မံက်ဴးလြန္ျခင္း ရွိေၾကာင္း ထရမ့္ကို အသိအမွတ္ျပဳရမည္ျဖစ္သည္။
 
စီးပြားေရးအက်ပ္အတည္းသို႔ ဘာ႑ာေငြ အသုံးစရိတ္ဆိုင္ရာ တုံ႔ျပန္မႈ ႀကီးမားသကဲ့သို႔ပင္ မိမိတို႔သည္ ကမာၻတဝွမ္း ကူးစက္ေရာဂါ ဒုတိယလႈိင္းႏွင့္ရင္ဆိုင္ရမည္ဆိုလွ်င္ ထိုတုံ႔ျပန္မႈသည္ ေရရွည္တည္တံ့ေသာ စီးပြားနာလန္ထမႈကို အားေပးရန္ လုံေလာက္ျခင္းရွိမရွိကို မိမိတို႔အေနျဖင့္ ေစာင့္ၾကည့္ရမည္ျဖစ္သည္။ ထိုကဲ့သို႔ေသာ ျဖစ္ႏိုင္ေျခကို ထရမ့္မည္သို႔ တုံ႔ျပန္မည္ကိုလည္း ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။ သို႔ေသာ္လတ္တေလာတြင္ သူသည္ အက်ပ္အတည္းႏွင့္ပတ္သက္ေသာ ဘ႑ာေငြ အသုံးစရိတ္အတြက္ ျမင့္မားေသာ ရမွတ္ႏွင့္ ထိုက္တန္ေပသည္။

ထရမ့္သည့္ ဟားဗတ္ဟူးဗား၏ အသုံးစရိတ္ခြဲေဝမႈဆိုင္ရာအမွားကို ယေန႔တိုင္ေရွာင္ရွားႏိုင္ေသာ္လည္း သူ၏ ကုန္သြယ္ေရးမူဝါဒႏွင့္ ပတ္သက္လွ်င္ ထိုသို႔ေျပာဆိုႏိုင္ျခင္းမရွိေပ။

သူ၏ အစိုးရ အာဏာရလာခ်ိန္မွစတင္ၿပီး မဲဆြယ္ပြဲကတိမ်ားကို ျဖည့္ဆည္းသည့္အေနျဖင့္ ထရမ့္သည္ တ႐ုတ္အေမရိကန္ ကုန္သြယ္ေရးႏွင့္ ပတ္သက္ၿပီး အေမရိကန္ဦးစားေပးေရး မူဝါဒကို က်င့္သုံးၿပီး အျခားႏိုင္ငံအမ်ားအျပား အေပၚတြင္လည္း အျငင္းပြားဖြယ္ရာ သြင္းကုန္ခြန္မ်ား ခ်မွတ္သည္။ ထိုသို႔လုပ္ရာတြင္လည္း တဖက္သတ္လုပ္ေဆာငေသာေၾကာင့္ ႏိုင္ငံတကာ ကုန္သြယ္ေရးစနစ္ကို ထိခိုက္ေစသည္။

တ႐ုတ္ႏိုင္ငံႏွင့္ကုန္သြယ္ေရး စစ္ပြဲယာယီရပ္ဆိုင္းေၾကာင္း အေမရိကန္ႏိုင္ငံေၾကညာသည့္ ၂၀၁၉ ခုႏွစ္ ႏွစ္ကုန္အထိ အေမရိကန္ျပည္ေထာင္စုသည္ ကမာၻ႔စီးပြားေရး ကို အႀကီးအက်ယ္ထိခိုက္ေစကာမူ ကိုယ္က်ိဳးစီးပြားကာကြယ္ေရး ကုန္သြယ္ေရး မူဝါဒ ကိုသာက်င့္သုံးသည္။ အဓိကအားျဖင့္ တ႐ုတ္-အေမရိကန္ ကုန္သြယ္ေရး စစ္ပြဲေၾကာင့္ ၂၀၁၈ ခုႏွစ္တြင္ ကမာၻ႔စီးပြားေရး၏ ၇၅ ရာခိုင္ႏႈန္းသည္ အတက္ဖက္ေရာက္ေနရာမွ ၂၀၁၉ ခုႏွစ္တြင္ ကမာၻ႔စီးပြားေရး၏ ၉၀ ရာခိုင္ႏႈန္းသည္ သိသိသာသာေႏွးေကြးသြားေၾကာင္း ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕၏ အဆိုအရ သိရသည္။

လြန္စြာအင္အားခ်ိနဲ႔ေနေသာ အေမရိကန္စီးပြားေရးႏွင့္ ကူးစက္ေရာဂါပ်ံ႕ႏွံ႔မႈကို တုံ႔ျပန္ရာတြင္ ညံ့ဖ်င္းျခင္းေၾကာင့္ ျပန္လည္ေ႐ြးခ်ယ္ခံရေရး ေသနဂၤဗ်ဴဟာသည္ အက်ပ္အတည္း က်ေရာက္ေနေၾကာင္း သိေသာေၾကာင့္ ထရမ့္သည္ တ႐ုတ္-အေမရိကန္ ကုန္သြယ္ေရး စစ္ပြဲကို ျပန္လည္မီးေမႊးျခင္းျဖင့္ ေ႐ြးေကာက္ပြဲအတြက္ အျမတ္ထုတ္ရန္ ျမင္ေနပုံရသည္။ ထို႔ေၾကာင့္ ပင္ သူသည္ ဗိုင္းရပ္စ္ပိုးအတြက္ တ႐ုတ္ႏိုင္ငံကို ရန္စျပစ္တင္ရန္၊ ဟြာေဝးက အေမရိကန္နည္းပညာအသုံးျပဳျခင္းကို ကန႔္သတ္ရန္ ႏွင့္ ကုန္စည္ပံ့ပိုးေရးလမ္းေၾကာင္းအတြက္ အေမရိကန္ လုပ္ငန္းမ်ားအေနျဖင့္ တ႐ုတ္ႏိုင္ငံအေပၚ မွီခိုအားထားျခင္း ေလွ်ာ့ခ်ရန္ လုပ္ေဆာင္ေနပုံရသည္။

ကမာၻ႔ဒုတိယအႀကီးဆုံး စီးပြားေရးျဖစ္သည့္ တ႐ုတ္ႏိုင္ငံႏွင့္ ကုန္သြယ္ေရး စစ္ျပန္လည္စတင္ရန္ အခ်ိန္ေကာင္း ရွိလိမ့္မည္မဟုတ္ေပ။ ကမာၻကို စီးပြားပ်က္ကပ္က ခ်ဳပ္ကိုင္ထားၿပီး ကမာၻသည္ အေမရိကန္ႏွင့္ ကမာၻ၏ စစ္ၿပီးေခတ္ ႂကြယ္ဝခ်မ္းသာ မႈကို ျဖစ္ေစေသာ ပြင့္လင္းေသာ ႏိုင္ငံတကာ ကုန္သြယ္ေရး စနစ္ကို ထိန္းသိမ္းထားရန္ အေမရိကန္ေခါင္းေဆာင္မႈကို အျပင္းအထန္လိုအပ္ေနခ်ိန္တြင္ ထိုသို႔လုပ္ရန္အထူးသျဖင့္ မျဖစ္ႏိုင္ေပ။

ထရမ့္သည္ သူ၏ ကိုယ္က်ိဳးစီးပြာကာကြယ္ေရး စကားမ်ားကို ျပန္လည္႐ုတ္သိမ္းၿပီး သူ၏ထိခိုက္ေစေသာစကားမ်ားကို လုပ္ရပ္ျဖင့္  သက္ေသမျပရန္သာ ေမွ်ာ္လင့္ရမည္ျဖစ္သည္။ ထိုသို႔မဟုတ္ပါက ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရး ပ်က္စီးမႈမွ အျပည့္အဝနာလန္ထရန္ အခ်ိန္လြန္စြာ ၾကာျမင့္မည္ကို သာ မိမိတို႔ ရင္ဆိုင္ရန္ ျပင္ဆင္ထားရေတာ့မည္ျဖစ္သည္။