【 နိုင်ငံတကာဆောင်းပါး 】 အကြမ်းဖက်မှုကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ အဓိကသော့ချက်များ

 【 နိုင်ငံတကာဆောင်းပါး 】 အကြမ်းဖက်မှုကို တန်ပြန်တိုက်ခိုက်နိုင်ဖို့  အဓိကသော့ချက်များ

ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သီရိလင်္ကာ နိုင်ငံမှာဖြစ်ခဲ့တဲ့  အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအရေအတွက်က ယခုဆို ၃၅၉ ဦးထိရှိလာခဲ့ပါပြီ။ သေဆုံးသူတွေအတွက် သီရိလင်္ကာနိုင်ငံသား တွေနဲ့အတူကြေ ကွဲရင်းနဲ့ ကမ္ဘာတစ်ဝန်းက  အကြမ်းဖက်တိုက်ခိုက်မှုကို ပြန်လှန်တုံ့ပြန်နိုင်ရန် ကြီးမားကျယ်ပြန့်တဲ့ စည်းလုံးမှုတော့ လိုအပ်နေပါပြီ။ တောင်အာရှမှာ တစ်နေ့ထဲ ဖြစ်သွားခဲ့တဲ့ အကြမ်း ဖက် တိုက်ခိုက်မှုတွေအတွက် ပြင်ဆင်မှုအများကြီးလိုအပ် မှာတော့သေချာပါတယ်။

 ဒါကတော့ နိုင်ငံ တကာမှာရှိတဲ့ အကြမ်းဖက်သမားတွေ၏ ပူးပေါင်းလုပ်ဆောင်နိုင်မှုကြောင့် ခုလို နေရာအတော် တော်များများမှာ တိုက်ခိုက်မှုကို တစ်ချိန်တည်းမှာ လုပ်နိုင်တယ်လို့ ပြောကြပါတယ်။ သီရိလင်္ကာ နိုင်ငံမှာဖြစ်တဲ့  တိုက်ခိုက်မှုဟာ နယူးဇီလန်နိုင်ငံက Christchurch မှာ တိုက်ခိုက်မှုဖြစ် ပွား ခဲ့ပြီးမကြာခင်မှာ ဖြစ်ခဲ့တာပါ။

ဒါကို တစ်ကမ္ဘာလုံးအနေနဲ့ သတိပေးချက်လို့ မခံယူဘဲ အကြမ်းဖက်မှုကို စည်းစည်းလုံးလုံး နဲ့ဟန့်တားဖို့ အချိန်ရောက်ပြီလို့ သိထားသင့်ပါပြီ။ နယူးဇီလန်မှာဖြစ်သွားခဲ့တဲ့ အကြမ်းဖက်မှု ကတော့ အစွန်းရောက်လူဖြူတွေက မွတ်ဆလင်အသိုင်းအဝိုင်းကို တိုက်ခိုက်တဲ့ အကြမ်းဖက်မှုပါ။

ဒါပေမယ့် သီရိလင်္ကာဖြစ်ရပ်ကတော့ မွတ်ဆလင် အစွန်းသမားတွေက ခရစ်ယာန်တွေ တိုက်ခိုက်ရေးမှာ အဓိကနောက်ခံပါဝင်ထားပါတယ်။ ISIS ကတော့ သူတို့၏ လက်ချက်လို့ပြောထား ပေမယ့် ဒါကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ဒါပေမယ့် အကြမ်းဖက်မှု၏နောက်ကွယ်မှာ ဘယ်သူ ဘယ်ဝါ ပဲဖြစ်နေပါစေ၊ နိုင်ငံ့ခေါင်းဆောင်တွေက တစ်ယောက်ကိုတစ်ယောက် မေးခွန်းထုတ် ပြစ်တင်ဝေဖန်ရင်းနဲ့ပဲ အချိန်မဖြုန်းသင့်တော့ပါဘူး။ ဘယ်ဘာသာ ဘယ်လူတွေပဲဖြစ်နေပါစေ၊ အကြမ်းဘက်မှုကို တွန်းလှန်နိုင်ရေးအတွက်တော့ စည်းလုံးစွာနဲ့ ပူပေါင်းလုပ်သင့်ပါပြီ။

အကြမ်းတိုက်ခိုက်မှုဆိုတာ နယ်မြေ အကန့်အသတ်မရှိတဲ့ အတွက် အကြမ်းဖက်မှုကို တွန်းလှန် တိုက်ခိုက်နိုင်ရန်အတွက် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပူပေါင်းရမည့်အချိန်ရောက်ပါပြီ။  ခုဆိုရင် ISIS လည်း တစ်ဖြည်းဖြည်းနဲ့ ပျောက်ကွယ်နေပါပြီ။

 ပြီးတော့ လူမှုကွန်ရက်ပေါ်က အကြမ်းဖက်မှုကို အားပေးတဲ့ လှုံ့ဆော်မှုတွေကလည်း ခုချိန်ဆို ထိထိရောက်ရောက် အရေးယူနေပါပြီ။ သေချာတာ တစ်ခုကတော့ တစ်ကမ္ဘာလုံးက စည်းလုံးမှသာ အကြမ်းဖက်မှုကို တွန်းလှန်နိုင်မှာပါ။ နိုင်ငံရေးစနစ်ပေါင်းစုံနဲ့ မတူညီတဲ့ လူမှုရေးဆိုင်ရာ ခြားနားချက် တွေရှိကြတဲ့ နိုင်ငံတွေသူတို့မှာရှိတဲ့ ကွဲပြားခြားနားခြင်းတွေကို ဘေးဖယ်ထားပြီး တစ်ကမ္ဘာလုံးက အကြမ်းဘက်မှုကို တိုက်ထုတ်သင့်ပါပြီ။ သီရိလင်္ကာ နဲ့ နယူးဇီလန် တို့လို တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတွေတောင် အကြမ်းဖက်ခံရတယ်ဆိုတာက အကြမ်းဖက်မှုက ဘယ်နိုင်ငံမဆို မရွေးဘူးဆိုတာပါပဲ။

(  Zawgyi  )

 ရဲတပ္ဖြဲ႕ သတင္းထုတ္ျပန္ခ်က္အရ သီရိလကၤာ ႏိုင္ငံမွာျဖစ္ခဲ့တဲ့  အၾကမ္းဖက္ တိုက္ခိုက္မႈေတြေၾကာင့္ ေသဆုံးသူအေရအတြက္က ယခုဆို ၃၅၉ ဦးထိရွိလာခဲ့ပါၿပီ။ ေသဆုံးသူေတြအတြက္ သီရိလကၤာႏိုင္ငံသား ေတြနဲ႔အတူေၾက ကြဲရင္းနဲ႔ ကမာၻတစ္ဝန္းက  အၾကမ္းဖက္တိုက္ခိုက္မႈကို ျပန္လွန္တုံ႔ျပန္ႏိုင္ရန္ ႀကီးမားက်ယ္ျပန႔္တဲ့ စည္းလုံးမႈေတာ့ လိုအပ္ေနပါၿပီ။ ေတာင္အာရွမွာ တစ္ေန႔ထဲ ျဖစ္သြားခဲ့တဲ့ အၾကမ္း ဖက္ တိုက္ခိုက္မႈေတြအတြက္ ျပင္ဆင္မႈအမ်ားႀကီးလိုအပ္ မွာေတာ့ေသခ်ာပါတယ္။

 ဒါကေတာ့ ႏိုင္ငံ တကာမွာရွိတဲ့ အၾကမ္းဖက္သမားေတြ၏ ပူးေပါင္းလုပ္ေဆာင္ႏိုင္မႈေၾကာင့္ ခုလို ေနရာအေတာ္ ေတာ္မ်ားမ်ားမွာ တိုက္ခိုက္မႈကို တစ္ခ်ိန္တည္းမွာ လုပ္ႏိုင္တယ္လို႔ ေျပာၾကပါတယ္။ သီရိလကၤာ ႏိုင္ငံမွာျဖစ္တဲ့  တိုက္ခိုက္မႈဟာ နယူးဇီလန္ႏိုင္ငံက Christchurch မွာ တိုက္ခိုက္မႈျဖစ္ ပြား ခဲ့ၿပီးမၾကာခင္မွာ ျဖစ္ခဲ့တာပါ။

ဒါကို တစ္ကမာၻလုံးအေနနဲ႔ သတိေပးခ်က္လို႔ မခံယူဘဲ အၾကမ္းဖက္မႈကို စည္းစည္းလုံးလုံး နဲ႔ဟန႔္တားဖို႔ အခ်ိန္ေရာက္ၿပီလို႔ သိထားသင့္ပါၿပီ။ နယူးဇီလန္မွာျဖစ္သြားခဲ့တဲ့ အၾကမ္းဖက္မႈ ကေတာ့ အစြန္းေရာက္လူျဖဴေတြက မြတ္ဆလင္အသိုင္းအဝိုင္းကို တိုက္ခိုက္တဲ့ အၾကမ္းဖက္မႈပါ။

ဒါေပမယ့္ သီရိလကၤာျဖစ္ရပ္ကေတာ့ မြတ္ဆလင္ အစြန္းသမားေတြက ခရစ္ယာန္ေတြ တိုက္ခိုက္ေရးမွာ အဓိကေနာက္ခံပါဝင္ထားပါတယ္။ ISIS ကေတာ့ သူတို႔၏ လက္ခ်က္လို႔ေျပာထား ေပမယ့္ ဒါကိုေတာ့ အတည္မျပဳႏိုင္ေသးပါဘူး။ ဒါေပမယ့္ အၾကမ္းဖက္မႈ၏ေနာက္ကြယ္မွာ ဘယ္သူ ဘယ္ဝါ ပဲျဖစ္ေနပါေစ၊ ႏိုင္ငံ့ေခါင္းေဆာင္ေတြက တစ္ေယာက္ကိုတစ္ေယာက္ ေမးခြန္းထုတ္ ျပစ္တင္ေဝဖန္ရင္းနဲ႔ပဲ အခ်ိန္မျဖဳန္းသင့္ေတာ့ပါဘူး။ ဘယ္ဘာသာ ဘယ္လူေတြပဲျဖစ္ေနပါေစ၊ အၾကမ္းဘက္မႈကို တြန္းလွန္ႏိုင္ေရးအတြက္ေတာ့ စည္းလုံးစြာနဲ႔ ပူေပါင္းလုပ္သင့္ပါၿပီ။

အၾကမ္းတိုက္ခိုက္မႈဆိုတာ နယ္ေျမ အကန႔္အသတ္မရွိတဲ့ အတြက္ အၾကမ္းဖက္မႈကို တြန္းလွန္ တိုက္ခိုက္ႏိုင္ရန္အတြက္ တစ္ႏိုင္ငံႏွင့္ တစ္ႏိုင္ငံ ပူေပါင္းရမည့္အခ်ိန္ေရာက္ပါၿပီ။  ခုဆိုရင္ ISIS လည္း တစ္ျဖည္းျဖည္းနဲ႔ ေပ်ာက္ကြယ္ေနပါၿပီ။

 ၿပီးေတာ့ လူမႈကြန္ရက္ေပၚက အၾကမ္းဖက္မႈကို အားေပးတဲ့ လႈံ႕ေဆာ္မႈေတြကလည္း ခုခ်ိန္ဆို ထိထိေရာက္ေရာက္ အေရးယူေနပါၿပီ။ ေသခ်ာတာ တစ္ခုကေတာ့ တစ္ကမာၻလုံးက စည္းလုံးမွသာ အၾကမ္းဖက္မႈကို တြန္းလွန္ႏိုင္မွာပါ။ ႏိုင္ငံေရးစနစ္ေပါင္းစုံနဲ႔ မတူညီတဲ့ လူမႈေရးဆိုင္ရာ ျခားနားခ်က္ ေတြရွိၾကတဲ့ ႏိုင္ငံေတြသူတို႔မွာရွိတဲ့ ကြဲျပားျခားနားျခင္းေတြကို ေဘးဖယ္ထားၿပီး တစ္ကမာၻလုံးက အၾကမ္းဘက္မႈကို တိုက္ထုတ္သင့္ပါၿပီ။ သီရိလကၤာ နဲ႔ နယူးဇီလန္ တို႔လို တည္ၿငိမ္ေအးခ်မ္းတဲ့ ႏိုင္ငံေတြေတာင္ အၾကမ္းဖက္ခံရတယ္ဆိုတာက အၾကမ္းဖက္မႈက ဘယ္ႏိုင္ငံမဆို မေ႐ြးဘူးဆိုတာပါပဲ။