【 နိုင်ငံတကာဆောင်းပါး 】 အမေရိကန်-ဩစတြေးလျ ကာကွယ်ရေးမဟာမိတ်မှု ဘယ်လိုမအောင်မြင်နိုင်တာလဲ

【 နိုင်ငံတကာဆောင်းပါး 】 အမေရိကန်-ဩစတြေးလျ ကာကွယ်ရေးမဟာမိတ်မှု ဘယ်လိုမအောင်မြင်နိုင်တာလဲ

အမေရိကန်နှင့် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများ AUSMIN (Australia-United States Ministerial Consultation) နှစ်ပတ်လည် အစည်းအဝေးစတင်ခင် နှစ်နိုင်ငံက ကာကွယ်ရေးဝန်ကြီးများကတော့ တရုတ်ဆန့်ကျင်ရေးနဲ့ပတ်သက်ပြီး စွပ်စွဲချက်များပြောဆိုရန် စင်မြင့်ကတော့ ဆင်ထားပြီးသွားပြီဖြစ်ပါတယ်။ထိုထဲတွင် “ပူးပေါင်းဆုံးဖြတ်ချက်” ဟု နှစ်နိုင်ငံကခေါ်ဆိုကြတဲ့ “တရုတ်ပြည်သူ့သမ္မတနိုင်ငံကြောင့် စစ်ဘက်ဆိုင်ရာ မတည်ငြိမ်ခြင်း” ဟု ပင်တဂွန်က သုံးနှုန်းထားတဲ့ စိန်ခေါ်မှုကို တန်ပြန်လက်တုံ့ပြန်ရေးကို လုပ်ဆောင်မည်ဟု ဆိုပါတယ်။

ထိုကဲ့သို့ မှားယွင်းစွာ စွပ်စွဲမှုများဟာ ပေကျင်းရဲ့ စိန်ခေါ်မှုအကြောင်းကို လုပ်ကြံသတင်းဖြန့်ရန်ဖြစ်ပြီး အင်ဒို-ပစိဖိတ်ဒေသတွင် စစ်တပ်အင်အားတိုးချဲ့ရေးနှင့် နယ်မြေတိုးချဲ့ရေးအတွက် အသုံးပြုနေခြင်းဖြစ်ပါတယ်။

ကင်ဘာရာနှင့် ဝါရှင်တန်တို့ဟာ သူတို့ရဲ့ နျူကလီးယားလက်နက် ပပျောက်ရေး ကြိုးပမ်းမှု၊ စစ်တပ်အင်အားချဲ့ထွင်ရေးနှင့် ဩစတြေးလျတွင် အမေရိကန်စစ်တပ်ထားရှိရေးကနေ အများရဲ့အာရုံစိုက်မှုကိုပြောင်းနိုင်ရန် ကြိုးစားနေခြင်းကို လျှို့ဝှက်ထားမနေတော့ပါဘူး။ဒါတွေအားလုံးကို ကျယ်ပြန့်သော နိုင်ငံခြားအသုံးစရိတ်၊ ဒေသတွင်းက ငြိမ်းချမ်းရေးတို့နဲ့ ရင်းလိုက်ခြင်းပဲဖြစ်ပါတယ်။ထို့ကြောင့် သူတို့ရဲ့ “စစ်တပ်လှုပ်ရှားမှုကို ဟန့်တားရေး” ဟာ သူတို့အတွက် အရေးကြီးဆုံးသောအရာ ဖြစ်လာပါတယ်။

နျူကလီးယားလက်နက် ပပျောက်ရေးအတွက် ကြိုးပမ်းနေခြင်းဟာ ဩစတြေးလျအတွက် စစ်ရေးဆိုင်ရာ စီမံချက်အသစ်များ စတင်ရန် လိုအပ်သော ဩစတြေးလျအတွက် ဗျူဟာကျသော အာရှတစ်ခွင်တွင် စိုးရိမ်မှုမြင့်တက်လာစေပါတယ်။ဒီလိုအမြင်များကြောင့် နျူကလီးယားလက်နက် ပပျောက်ရေးနှင့် လက်နက်အင်အားပြိုင်ဆိုင်မှုမှာ စည်းကမ်းအခြေခံအုပ်ချုပ်မှုအတွက် ဆိုကျိုးဖြစ်ပေါ်လာစေပါတယ်။တရုတ်ကို အာရုံစိုက်ထားသော ကာကွယ်ရေးမဟာမိတ်ဖွဲ့ခြင်းဟာ ဒေသလုံခြုံရေးအနေအထားကို အနှောက်အယှက်ပေးလာနိုင်ပါတယ်။

အမေရိကန်နိုင်ငံကတော့ ဩစတြေးလျနိုင်ငံတွင် သူ့ရဲ့စစ်တပ်အခြေချမှုကို အင်းအားတိုးချဲ့ရန် စီစဉ်နေပြီး ထိုထဲတွင် ဗုံးကြဲတိုက်ခိုက်ရေးတပ်နှင့် တိုက်လေယာဉ်များပါဝင်ပြီး ဒါတွေဟာ ပစိဖိတ်ဒေသ၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်ခြောက်နေခြင်းဖြစ်ပါတယ်။အမေရိကန်ရေတပ်နှင့် စစ်တပ်ဖြန့်ကျပ်မှုဟာ “အနာဂတ်ငြိမ်းချမ်းရေးနှင့် လုံခြုံရေး” နာမည်အောက်တွင် အင်အားတိုးချဲ့နေခြင်းကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားရန် လိုအပ်နေပါတယ်။ဒီလိုအကြောင်းပြချက်များဟာ အမေရိကန်နှင့် ဩစတြေးလျတို့၏ တေင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားတွင် ဝင်ရောက်စွပ်ဖက်မှုများကို ကျယ်ပြန့်စွာမြင်စေပါတယ်။နှစ်နိုင်ငံလုံးကတော့ တရုတ်ကို စိန်ခေါ်မှုအဖြစ် အသုံးပြုပြီး တပ်လှန့်ထားခြင်းဖြစ်ပါတယ်။

တရုတ်ကို စွပ်စွဲခြင်းဟာ မှန်ကန်ကြောင်း ပြသနေပါက အမေရိကန်နိုင်ငံနှင့် ဩစတြေးလျအကြားတွင် နှစ်နိုင်ငံဆက်ဆံရေးဆိုတာမရှိပါဘူး။ပင်တဂွန်ကတော့ အမေရိကန်နှင့် ဩစတြေးလျအကြားက  ဆက်ဆံရေးဟာ မကြုံစဖူး အခိုင်မာဆုံးဖြစ်ကြောင်း နိုင်ငံတကာကို ယုံကြည်စေချင်ပါတယ်။သို့သော်လည်း အမေရိကန်စစ်တပ်ရဲ့ နေရာတိုးချဲ့ခြင်း၊ နျူကလီးယားလက်နက် ပပျောက်ရေးနှင့် ထိန်းသိမ်းရေးနည်းဗျူဟာ စစ်အေးကာလတုန်းကလို အာရှဒေသအတွင်း အမေရိကန်၏ အာဏာကြီးထွားလာစေမည်ဖြစ်ပါတယ်။ဒါဟာ ဒေသအတွင်းတည်ငြိမ်ရေးကို နှောက်ယှက်ရန် နည်းလမ်းတစ်ခုဖြစ်ပြီး ဒေသအတွင်းက လုံခြုံရေးကိစ္စကို စိုးမိုးရန် ကြိုးစားနေခြင်းဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ဝါရှင်တန်ဟာ တရုတ်၏ AUKUS အဖွဲ့နဲ့ပတ်သက်ပြီး စိုးရိမ်မှုကို သတင်းမှားဖြင့် ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ပါတယ်၊ အမေရိကန်ကတော့ နျူကလီးယားလက်နက် ပပျောက်ရေးကို အသုံးချခဲ့ပါတယ်။သို့သော်လည်း ဒီလိုစိုးရိမ်မှုများဟာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနဲ့ပတ်သက်ပြီး ဒေသအတွင်းက သံသယဝင်မှုနဲ့ လိုက်လျောညီထွေမှုရှိကြောင်း မြင်ရပါတယ်။

မရေရာမသချာသော မဟာမိတ်ဖွဲ့ခြင်းအပေါ် အလေးထားခြင်းထက် အမေရိကန်နိုင်ငံအနေနဲ့ အခြေအမြစ်မရှိသော စွပ်စွဲမှုများဖြင့် တရုတ်ကို ဝေဖန်ခြင်းကို ရပ်တန့်ရန် လိုအပ်နေပြီး တရုတ်ကိုဆန့်ကျင်ရန် ကင်ဘာရာကို အသုံးပြုနေခြင်းကိုလည်း ရပ်တန့်သင့်ပါတယ်။

“ဒီလိုလုပ်ရပ်များနဲ့ပတ်သက်ပြီး ဩစတြေးလျနိုင်ငံဟာ အတွေ့အကြုံမရှိသောသူမဟုတ်ပါဘူး ပြီးတော့ ဘယ်လိုဖိအားပဲကြုံလာပါစေ ကျွန်တော်တို့ဟာ သူတို့နဲ့အတူ ရပ်တည်မည်ဆိုတာကို ပြန်လည်အတည်ပြုချင်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးရာဝန်ကြီး အန်တိုနီ ဘလင်ကင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။

တရုတ်ဆန့်ကျင်ရေး အပြောအဆိုများဟာ ကင်ဘာရာအတွက် အသစ်သော အရာဖြစ်ပါတယ်။သို့သော်လည်း အမေရိကန်နိုင်ငံက အတင်းအကျပ်ခိုင်းစေကာ ပစိဖိတ်ဒေသအတွင်း အာဏာတည်ဆောက်ရန် ကြိုးပမ်းနေပါတယ်။

နောက်ဆုံးတော့လည်း သမိုင်းဟာ အမေရိကန်၏ တရုတ်အပေါ် စစ်အေးကာလက အပြုအမူများဖြင့် ဆက်ဆံနေကြောင်းကို ထပ်ခါသလဲလဲ သတိပေးနေပါတယ်။စစ်ရေးတင်းမာခြင်းဖြင့် အကြွင်းသုညသာရပါတယ်၊ ပြီးတော့ ဒါဟာလည်း အဆုံးသတ်ဖို့ရန် နည်းလမ်းတစ်ခုတည်းပဲရှိပါတယ်။

ဩစတြေးလျနှင့် အမေရိကန် မဟာမိတ်ဖွဲ့မှုကနေ ပေကျင်းအရေးကို ဖယ်ရှားလိုက်ပါ၊ ခံနိုင်ရည်ဟာ ကျဆင်းလာပါလိမ့်မယ်။

          Naing
 
Ref : CMG - Where-the-U-S-Australia-defense-alliance-falls-flat
https://news.cgtn.com/news/2022-12-07/Where-the-U-S-Australia-defense-al...