【 နိုင်ငံတကာဆောင်းပါး 】 "အမျိုးသားလုံခြုံရေးအမည်ခံ နိုင်ငံတော်ကမကထပြုလုယက်မှု"

【 နိုင်ငံတကာဆောင်းပါး 】 "အမျိုးသားလုံခြုံရေးအမည်ခံ နိုင်ငံတော်ကမကထပြုလုယက်မှု"

အမေရိကန်ပြည်ထောင်စုမှ ထရမ့်အစိုးရက ဦးဆောင်သည့် လက်ရှိအချိန်တွင်ဖြစ်ပွားနေသည့် ရှည်လျှားလှသည့် TikTok ဇာတ်လမ်းသည် ထရမ့် စိတ်တိုင်းကျအတိုင်း ဆက်လက်ဖြစ်ပေါ်နေပါက ခေတ်သစ်သမိုင်းတွင် ဥပဒေလိုက်နာပြီး အခွန်ပေးဆောင်နေသော လုပ်ငန်းတစ်ခုအပေါ် အကြီးမားဆုံး နိုင်ငံတော်ကမကထပြု လုယက်ရန်အားထုတ်မှုဖြစ်သည်။

တရားဝင်အရပြောရပါက ထိုကိစ္စသည် TikTok  အသုံးပြုသူ သန်း ၁၀၀ ထံမှ ထွက်လာသော အချက်အလက်များကို တရုတ်နိုင်ငံရရှိမည်ကို စိုးရိမ်ှုအပေါ်ထင်ဟပ်သည့် အမျိုးသားလုံခြုံရေးနှင့်ပတ်သက်သော ကိစ္စဖြစ်သည်။

TikTok အပလီကေးရှင်းကို ဝါရှင်တန်ပို့စ် နည်းပညာဆောင်းပါးရှင် ဂျက်ဖရီ ဖလားဝါး အပါအဝင် နည်းပညာကျွမ်းကျင်သူများက အသေးစိတ်လေ့လာပြီးဖြစ်သောကြောင့်  ထိုသို့ဆိုရာတွင်ပင် ပြင်းထန်သောငြင်းခုံမှုတစ်ခုဖြစ်နေသည်။

အခြားသောအချက်များအပြင် TikTok သည် အသုံးပြုသူများ၏ အချက်အလက်များကို ဖေ့စ်ဘွတ်ထက် ပိုမိုယူခြင်းမရှိကြောင်းကို ၎င်းတို့တွေ့ရှိခဲ့သည်။ထိုသို့ယူရခြင်းမှာလည်း ကြော်ငြာများကို ပစ်မှတ်ထားကြော်ငြာရန်သာဖြစ်သည်။ထို့အပြင် ထိုအချက်အလက်များကိုလည်း အမေရိကန်ပြည်ထောင်စုရှိ ဆာဗာများတွင် သိမ်းဆည်းထားပြီး စင်္ကာပူတွင် အရန်အဖြစ် သိုမှီးထားသည်။

ထရမ့်သည် တရုတ်လုပ်ငန်းတစ်ခု အမေရိကန်မြေတွင် အရူးအမူးအောင်မြင်နေသည်ကို မမြင်လိုသောကြောင့်နှင့် ထိုလုပ်ငန်းကို မောင်းထုတ်ပစ်သည့် အကျိုးကျေးဇူများအဖြစ် ရွှေအိုးဟု သူမြင်သောအရာကို နှိုက်လိုသောကြောင့် TikTok ကို အတင်းအကျပ်ရောင်းချရန် ဖိအားပေးခြင်း၏နောက်ကွယ်မှ အဓိကအကြောင်းရင်းမှာ နိုင်ငံရေးပရောဂက ပိုနေနိုင်သည်။

TikTok ပါဝင်ပတ်သက်သည့် ရောင်းဝယ်မှုကို အတည်ပြုရန် စည်းကမ်းချက်တစ်ခုအဖြစ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ငွေအများအပြားရအောင်လုပ်မည်ဟု ထရမ့် က ယခင်ကပြောကြေားခဲ့သည်။ဖိအားအောက်တွင် TikTok သည် အဖြေရှာရန်အတွက် ပူးပေါင်းဆောင်ရွက်သူအများအပြားနှင့် အလျှင်အမြန်ဆွေးနွေးရသည်။

Oracle က တင်သွင်းသည့်အဆိုပြုချက်တွင် TikTok ၏ ကမ္ဘာ့စီးပွားရေးလုပ်ငန်းများကို ByteDance ထံမှ ခွဲထုတ်ပြီး အမေရိကန်လုပ်ငန်းအဖြစ် လုပ်ကိုင်ပြီး Oracle က အနည်းစုရှယ်ယာရှင်ဖြစ်လာမည်။ Oracle သည် ယုံကြည်စိတ်ချရသော စီးပွားဖက်အဖြစ် အမေရိကန်တွင်ဖြစ်စေ၊ တစ်ကမ္ဘာလုံးတွင်ဖြစ်စေ အသုံးပြုသူများနှင့်ဆိုင်သည့် အချက်အလက်များကို စိစစ်ခြင်းနှင့် စီမံခန့်ခွဲခြင်းကို ရယူမည်ဖြစ်သည်။

ထို့အပြင် အမေရိကန်အစိုးရအနေဖြင့် ပုဂ္ဂလိကရောင်းဝယ်မှုတစ်ခုမှ ငွေကိုလက်ခံရန် မည်သို့မျှခွင့်မပြုနိုင်ကြောင်း အိမ်ဖြူတော်ရှေ့နေများက ပြောကြားပြီးနောက် ထရမ့်၏ တုံ့ပြန်မှုသည် သူ၏အမျိုးသားလုံခြုံရေး အကြောင်းပြချက်အတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်လာသည်။

“အံ့သြစရာကောင်းလိုက်တာ မင်းကို ဒါလုပ်ခွင့်မပေးဘူး။မင်းကိုငွေလက်ခံခွင့်မပေးဘူး” ဟု ထရမ့် က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များကိုပြောသည်။

ထို့အပြင် Oracle ၏ အဆိုပြုချက်တွင် လုပ်ငန်းလည်ပတ်မှုအစီအစဉ်များ၏ အချက်အလက်လုံခြုံမှုနှင့်ပတ်သက်သည့် CFIUS  လုပ်ငန်းစဉ်တွင် ပါဝင်သည့် ထောက်လှမ်းရေးအရာရှိများအကြားတွင်လည်း သံသယအချို့ရှိနေသည်။

သို့သော် Oracle ဥက္ကဌ လာရီ အယ်လစ်ဆန်သည် ထရမ့်၏ နီးကပ်သောမိတ်ဆွေနှင့် သူ၏ သမ္မတပြန်လည်ရွေးချယ်ခံရရေး မဲဆွယ်ရာတွင် ကြီးမားသည့်လှူဒါန်းသူဖြစ်နေသည်။

ဤနေရာတွင်လည်း ထရမ့်ဖြစ်နေကြ ထုံးစံအတိုင်း ငွေက ထပ်မံစကားပြောလာသည်။ထရမ့်၏ နိုင်ငံတော်ကမကထပြု လုယက်ရန်အားထုတ်မှုသည် တစစီပြိုကွဲနေပုံရသော်လည်း ထိုကိစ္စကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း ရှိ၊ မရှိ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

(ဒေါက်တာဂျွန်ဂုန်သည် နိုင်ငံတကာစီးပွားရေးနှင့် ဘောဂဗေဒတက္ကသိုလ်မှ ပါမောက္ခနှင့် ထိုကျောင်းမှ Academy of China Open Economy Studies တွင် သုတေသီဖြစ်ပါသည်။ယခုဗီဒီယိုသည် စာရေးသူ၏အမြင်သာဖြစ်ပြီး CGTN ၏ အမြင်ဖြစ်သည်ဟု မယူဆနိုင်ပါ။)

Linko
Ref : (State-sponsored pillage – in the name of national security - CGTN)
စက်တင်ဘာ - ၂၂

( Zawgyi )

အေမရိကန္ျပည္ေထာင္စုမွ ထရမ့္အစိုးရက ဦးေဆာင္သည့္ လက္ရွိအခ်ိန္တြင္ျဖစ္ပြားေနသည့္ ရွည္လွ်ားလွသည့္ TikTok ဇာတ္လမ္းသည္ ထရမ့္ စိတ္တိုင္းက်အတိုင္း ဆက္လက္ျဖစ္ေပၚေနပါက ေခတ္သစ္သမိုင္းတြင္ ဥပေဒလိုက္နာၿပီး အခြန္ေပးေဆာင္ေနေသာ လုပ္ငန္းတစ္ခုအေပၚ အႀကီးမားဆုံး ႏိုင္ငံေတာ္ကမကထျပဳ လုယက္ရန္အားထုတ္မႈျဖစ္သည္။

တရားဝင္အရေျပာရပါက ထိုကိစၥသည္ TikTok  အသုံးျပဳသူ သန္း ၁၀၀ ထံမွ ထြက္လာေသာ အခ်က္အလက္မ်ားကို တ႐ုတ္ႏိုင္ငံရရွိမည္ကို စိုးရိမ္ႈအေပၚထင္ဟပ္သည့္ အမ်ိဳးသားလုံၿခဳံေရးႏွင့္ပတ္သက္ေသာ ကိစၥျဖစ္သည္။

TikTok အပလီေကးရွင္းကို ဝါရွင္တန္ပို႔စ္ နည္းပညာေဆာင္းပါးရွင္ ဂ်က္ဖရီ ဖလားဝါး အပါအဝင္ နည္းပညာကြၽမ္းက်င္သူမ်ားက အေသးစိတ္ေလ့လာၿပီးျဖစ္ေသာေၾကာင့္  ထိုသို႔ဆိုရာတြင္ပင္ ျပင္းထန္ေသာျငင္းခုံမႈတစ္ခုျဖစ္ေနသည္။

အျခားေသာအခ်က္မ်ားအျပင္ TikTok သည္ အသုံးျပဳသူမ်ား၏ အခ်က္အလက္မ်ားကို ေဖ့စ္ဘြတ္ထက္ ပိုမိုယူျခင္းမရွိေၾကာင္းကို ၎တို႔ေတြ႕ရွိခဲ့သည္။ထိုသို႔ယူရျခင္းမွာလည္း ေၾကာ္ျငာမ်ားကို ပစ္မွတ္ထားေၾကာ္ျငာရန္သာျဖစ္သည္။ထို႔အျပင္ ထိုအခ်က္အလက္မ်ားကိုလည္း အေမရိကန္ျပည္ေထာင္စုရွိ ဆာဗာမ်ားတြင္ သိမ္းဆည္းထားၿပီး စကၤာပူတြင္ အရန္အျဖစ္ သိုမွီးထားသည္။

ထရမ့္သည္ တ႐ုတ္လုပ္ငန္းတစ္ခု အေမရိကန္ေျမတြင္ အ႐ူးအမူးေအာင္ျမင္ေနသည္ကို မျမင္လိုေသာေၾကာင့္ႏွင့္ ထိုလုပ္ငန္းကို ေမာင္းထုတ္ပစ္သည့္ အက်ိဳးေက်းဇူမ်ားအျဖစ္ ေ႐ႊအိုးဟု သူျမင္ေသာအရာကို ႏႈိက္လိုေသာေၾကာင့္ TikTok ကို အတင္းအက်ပ္ေရာင္းခ်ရန္ ဖိအားေပးျခင္း၏ေနာက္ကြယ္မွ အဓိကအေၾကာင္းရင္းမွာ ႏိုင္ငံေရးပေရာဂက ပိုေနႏိုင္သည္။

TikTok ပါဝင္ပတ္သက္သည့္ ေရာင္းဝယ္မႈကို အတည္ျပဳရန္ စည္းကမ္းခ်က္တစ္ခုအျဖစ္ အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနအေနျဖင့္ ေငြအမ်ားအျပားရေအာင္လုပ္မည္ဟု ထရမ့္ က ယခင္ကေျပာေၾကားခဲ့သည္။ဖိအားေအာက္တြင္ TikTok သည္ အေျဖရွာရန္အတြက္ ပူးေပါင္းေဆာင္႐ြက္သူအမ်ားအျပားႏွင့္ အလွ်င္အျမန္ေဆြးေႏြးရသည္။

Oracle က တင္သြင္းသည့္အဆိုျပဳခ်က္တြင္ TikTok ၏ ကမာၻ႔စီးပြားေရးလုပ္ငန္းမ်ားကို ByteDance ထံမွ ခြဲထုတ္ၿပီး အေမရိကန္လုပ္ငန္းအျဖစ္ လုပ္ကိုင္ၿပီး Oracle က အနည္းစုရွယ္ယာရွင္ျဖစ္လာမည္။ Oracle သည္ ယုံၾကည္စိတ္ခ်ရေသာ စီးပြားဖက္အျဖစ္ အေမရိကန္တြင္ျဖစ္ေစ၊ တစ္ကမာၻလုံးတြင္ျဖစ္ေစ အသုံးျပဳသူမ်ားႏွင့္ဆိုင္သည့္ အခ်က္အလက္မ်ားကို စိစစ္ျခင္းႏွင့္ စီမံခန႔္ခြဲျခင္းကို ရယူမည္ျဖစ္သည္။

ထို႔အျပင္ အေမရိကန္အစိုးရအေနျဖင့္ ပုဂၢလိကေရာင္းဝယ္မႈတစ္ခုမွ ေငြကိုလက္ခံရန္ မည္သို႔မွ်ခြင့္မျပဳႏိုင္ေၾကာင္း အိမ္ျဖဴေတာ္ေရွ႕ေနမ်ားက ေျပာၾကားၿပီးေနာက္ ထရမ့္၏ တုံ႔ျပန္မႈသည္ သူ၏အမ်ိဳးသားလုံၿခဳံေရး အေၾကာင္းျပခ်က္အတြက္ ေနာက္ထပ္ထိုးႏွက္ခ်က္တစ္ခုျဖစ္လာသည္။

“အံ့ၾသစရာေကာင္းလိုက္တာ မင္းကို ဒါလုပ္ခြင့္မေပးဘူး။မင္းကိုေငြလက္ခံခြင့္မေပးဘူး” ဟု ထရမ့္ က သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ သတင္းေထာက္မ်ားကိုေျပာသည္။

ထို႔အျပင္ Oracle ၏ အဆိုျပဳခ်က္တြင္ လုပ္ငန္းလည္ပတ္မႈအစီအစဥ္မ်ား၏ အခ်က္အလက္လုံၿခဳံမႈႏွင့္ပတ္သက္သည့္ CFIUS  လုပ္ငန္းစဥ္တြင္ ပါဝင္သည့္ ေထာက္လွမ္းေရးအရာရွိမ်ားအၾကားတြင္လည္း သံသယအခ်ိဳ႕ရွိေနသည္။

သို႔ေသာ္ Oracle ဥကၠဌ လာရီ အယ္လစ္ဆန္သည္ ထရမ့္၏ နီးကပ္ေသာမိတ္ေဆြႏွင့္ သူ၏ သမၼတျပန္လည္ေ႐ြးခ်ယ္ခံရေရး မဲဆြယ္ရာတြင္ ႀကီးမားသည့္လႉဒါန္းသူျဖစ္ေနသည္။

ဤေနရာတြင္လည္း ထရမ့္ျဖစ္ေနၾက ထုံးစံအတိုင္း ေငြက ထပ္မံစကားေျပာလာသည္။ထရမ့္၏ ႏိုင္ငံေတာ္ကမကထျပဳ လုယက္ရန္အားထုတ္မႈသည္ တစစီၿပိဳကြဲေနပုံရေသာ္လည္း ထိုကိစၥကို ဆက္လက္လုပ္ေဆာင္ႏိုင္ျခင္း ရွိ၊ မရွိ ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။

(ေဒါက္တာဂြၽန္ဂုန္သည္ ႏိုင္ငံတကာစီးပြားေရးႏွင့္ ေဘာဂေဗဒတကၠသိုလ္မွ ပါေမာကၡႏွင့္ ထိုေက်ာင္းမွ Academy of China Open Economy Studies တြင္ သုေတသီျဖစ္ပါသည္။ယခုဗီဒီယိုသည္ စာေရးသူ၏အျမင္သာျဖစ္ၿပီး CGTN ၏ အျမင္ျဖစ္သည္ဟု မယူဆႏိုင္ပါ။)

Linko
Ref : (State-sponsored pillage – in the name of national security - CGTN)
စက္တင္ဘာ - ၂၂