【 နိုင်ငံတကာဆောင်းပါး 】 အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုအတွက် ရှီ၏ အမြင်

【 နိုင်ငံတကာဆောင်းပါး 】 အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုအတွက် ရှီ၏ အမြင်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ ဖိတ်ကြားချက်အရ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဆန်ဖရန်စစ္စကိုတွင် ကျင်းပပြုလုပ်မည့် တရုတ်-အမေရိကန် ထိပ်သီးအစည်းအဝေးနှင့် အကြိမ် ၃၀ မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးတို့ကို တက်ရောက်သွားမည်ဖြစ်သည်။  

ထိုခရီးစဉ်သည် တရုတ်သမ္မတက အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအပေါ် အလေးထားမှုအား မီးမောင်းထိုးပြလျက်ရှိသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့က ပေကျင်းအမျိုးသားအဏ္ဏဝါပြတိုက်မှာ ကျင်းပခဲ့သော အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် စုဝေးနေကြသည့် ဧည့်သည်များအတွက် ညစာစားပွဲတွင် သမ္မတ ရှီက မိန့်ခွန်းပြောခဲ့သည်။

“အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် လုပ်ငန်းကုမ္ပဏီတွေဟာ ပစိဖိတ်သမုဒ္ဒရာကနေတစ်ဆင့် စုစည်းပေးထားတာဖြစ်ပါတယ်။မိမိတို့ဟာ ဒီသမုဒ္ဒရာကြီးကို ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သမုဒ္ဒရာအဖြစ်၊ အာရှ-ပစိဖိတ်ဒေသအတွက် ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်ကြွယ်ဝမှုကို ယူဆောင်ပေးသော သမုဒ္ဒရာကြီးအဖြစ် ပြုလုပ်ဖို့ ဘုံတာဝန်ရှိပါတယ်” ဟု သမ္မတ ရှီက ဆိုသည်။  

တရုတ်သည် ထိုမျှော်မှန်းချက်ကို လက်ကိုင်ထားပြီး အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအတွက် တက်ကြွစွာ အားပေးခဲ့သည်။သမ္မတ ရှီသည် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးကို အမြဲတမ်းတက်ရောက်ခဲ့ပြီး အရေးပါသော မိန့်ခွန်းများစွာကို ပြောကြားခဲ့သည်။  

၂၀၂၂ ခုနှစ်တုန်းက ကျင်းပသော အစည်းအဝေးတွင် ကမ္ဘာကြီးက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဒုက္ခရောက်နေပြီး ကမ္ဘာ့စီးပွားရေးက အကျဘက်ရောက်နေသောအချိန်တွင် သမ္မတ ရှီက အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အဆိုပြုချက်များကို ဖော်ပြခဲ့သည်။  

“ကမ္ဘာကြီးဟာ လမ်းဆုံမှာရောက်နေပါတယ်။ဘယ်ကိုဦးတည်မှာလဲ အာရှ-ပစိဖိတ်ဒေသမှာရော ဘာတွေလုပ်သင့်လဲဆိုတဲ့ မေးခွန်းတွေအတွက် အလျင်အမြန်ဖြေကြားပေးဖို့ လိုနေပါတယ်” ဟု သမ္မတ ရှီက ဆိုသည်။  

အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများအနေဖြင့် “ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း” ကို လိုက်နာသင့်သည်ဟု ဆိုသည်။

“မိမိတို့အနေနဲ့ ကုလသမဂ္ဂ ပဋိဉာဉ်ရဲ့ ရည်ရွယ်ချက်တွေနဲ့ မူဝါဒတွေကို လိုက်နာပြီး ဘုံဖြစ်သော၊ အားလုံးပါဝင်သော၊ ပူးပေါင်းဆောင်ရွက်မှုရှိသော၊ ရေရှည်တည်တံ့သော လုံခြုံရေးပန်းတိုင်ဆီ လျှောက်လှမ်းပြီး စစ်အေးခေတ် စိတ်ဓာတ်ကို ဖယ်ရှားကာ ထိပ်တိုက်တွေ့ဆုံမှုကို တားဆီးရမှာဖြစ်ပါတယ်” ဟု ဆိုခဲ့သည်။  

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အနေဖြင့် ပွင့်လင်းပြီး အားလုံးပါဝင်မှုကို သေချာစေကာ စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များကို နှောင့်ယှက်မည့် အားထုတ်မှုများသည် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ဆိုးရွားသော အဆုံးသတ်သာ ဖြစ်စေမည်ဟု သမ္မတ ရှီက ပြောခဲ့ သည်။  

အာရှ-ပစိဖိတ်ဒေသသည် ကိုဗစ်ကပ်ရောဂါမှ ပြန်လည်နာလန်ထူချိန်သို့ ရောက်နေချိန်တွင် စည်းလုံးညီညွတ်ခြင်းလမ်းကြောင်းကိုလိုက်ဖို့ အရေးပါကြောင်း ဆိုသည်။အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ အားပေးထောက်ပံ့ရေးနှင့် အကူအညီပေးရေးတို့ဖြင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနာလန်ထူမှုကို အားဖြည့်စေမည်ဖြစ်သည်။  

မကြာခင်ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီးပွားရေးသည်လည်း အရေးပါသောအချိန်တွင် ကျင်းပခြင်းဖြစ်သည်။ကမ္ဘာ့စီးပွားရေး၏ မတည်ငြိမ်မှုနှင့် မရေရာမှုများအကြား အာရှ-ပစိဖိတ်ဒေသအတွက် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးအင်ဂျင်အဖြစ် ဆက်လက်တည်ရှိရေး ကျယ်ပြန့်သော ဘုံမျှော်လင့်ချက် ရှိနေခြင်းဖြစ်သည်။  

သမ္မတ ရှီကလည်း အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းစေပြီး ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်၏ အဓိကအခန်းကဏ္ဍများနှင့်ပက်သက်ပြီး အရေးပါသော မိန့်ခွန်းကို ပြောကြားသွားမည်ဖြစ်သည်။  

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအကြားတွင် သမ္မတ ရှီ၏ မိန့်ခွန်းသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည့် အရေးပါသော အခိုက်အတန့်တစ်ခု ဖြစ်လာဦးမည်ဖြစ်သည်။  

စိုးနိုင်ထွန်း
Ref - Xinhua | Xi Focus-Closeup: Xi's vision for Asia-Pacific cooperation