【 နိုင်ငံတကာဆောင်းပါး 】" အိမ်ဖြူတော်၏တရုတ်ဆန့်ကျင်ရေးရူးသွပ်မှု အကျယ်လောင်ဆုံးဖြစ်လာ"

【  နိုင်ငံတကာဆောင်းပါး  】" အိမ်ဖြူတော်၏တရုတ်ဆန့်ကျင်ရေးရူးသွပ်မှု အကျယ်လောင်ဆုံးဖြစ်လာ"

ထရမ့်အစိုးရသည် ဆင်ခြင်တုံတရားအားလုံးကို ဆုံးရှုံးလာသည်။ မကြာသေးမီကာလအတွင်း အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးမပြေလည်သည်ကို မည်သူမျှ သံသယမရှိကြသော်လည်း ဝါရှင်တန်၏ ဘေကျင်း ဆန့်ကျင်ရေး နည်းလမ်းသည် လွန်ခဲ့သော ရက်အနည်းငယ်တွင်မူ ဖရိုဖရဲရူးသွပ်မှုဖြစ်လာသည်။ သမ္မတ ဒေါ်နယ်ထရမ့်သည် သတင်းအချက်အလက်စစ်ဆင်ရေးလုပ်သည်ဟု စွပ်စွဲခံရသည့် တရုတ် အပလီကေးရှင်းများဖြစ်သော TikTok နှင့် WeChat တို့ကို ပြင်းထန်စွာအရေးယူမည်ဟု လွန်ခဲ့သော တနင်္ဂနွေနေ့က အိမ်ဖြူတော်အကြံပေး ပီတာနာဗာရို ပြောသည်။

တောင်တရုတ်ပင်လယ်သို့ လေယာဉ်တင်သင်္ဘောနှစ်စင်းကို စေလွှတ်လိုက်ပြီးနောက် ထိုရေပိုင်နက်တွင် တရုတ်နိုင်ငံ၏ ပိုင်နက်တောင်းဆိုမှုများအားလုံးသည် တရားမဝင်သော တောင်းဆိုမှုဖြစ်သည်ဟု တနင်္လာနေ့တွင် အမေရိကန်ပြည်ထောင်စုက ပြောခဲ့သည်။  အင်္ဂါနေ့တွင် ထရမ့်သည် ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ရေးဥပဒေကို လက်မှတ်ရေးထိုးပြီး ဟောင်ကောင်၏ အထူးအဆင့်အတန်းကို ပယ်ဖျက်လိုက်သည်။  ဗြိတိန်က ဟွာဝေး အသုံးပြုမှုပိတ်ပင်လိုက်ခြင်းအတွက် ထိုနေ့တွင်ပင် ထရမ့်က သူ့ကိုယ်သူ ဂုဏ်ယူနေသည်။

 “ဟွာဝေးကို မသုံးဖို့ ကျနော်နိုင်ငံတော်တော်များများကို ပြောပြီးပြီ။ သူတို့တွေ ကျနော်တို့နဲ့အလုပ်လုပ်ချင်ရင် ဒါကိုသုံးလို့မရဘူး” ဟု သူပြောသည်။ ဗုဒ္ဓဟူးနေ့တွင်မူ အိမ်ဖြူတော်သည် တရုတ်ကွန်မြူနစ်ပါတီဝင်များအားလုံးနှင့် ၎င်းတို့၏ မိသားစု များကို အမေရိကန်ပြည်ထောင်စုတွင် ခရီးသွားခွင့် ပိတ်ပင်ရန် စဉ်စားနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။ အမေရိကန်နိုင်ငံတွင် ရောက်ရှိနေပြီး ဖြစ်သူများမှာ မောင်းထုတ်ခံရနိုင်သည်။

အမေရိကန်အစိုးရသည် တရုတ်နိုင်ငံနှင့်ပတ်သက်ပြီး အမြင်အားလုံးဆုံးရှုံးနေသည်။ သမ္မတ၏ တင်းမာသော စကားများသည် အသစ်အဆန်းမဟုတ်ပေ။ သို့သော်ထိုသို့သော ဖရိုဖရဲတိုက်ခိုက်မှုများသည် အနှစ်သာရကင်းမဲ့လှသည်။ အလားအလာ ရှိသော ထိုခရီးသွားလာမှု ပိတ်ပင်ခြင်းသည် လုံးဝယုတ္တိကင်းမဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီတွင် ပါတီဝင် ၉၂ သန်းရှိသည်။ ၎င်းတို၏ မိသားစုများကိုပါ ထည့်တွက်လျှင် နောက်ထပ်လူ သန်း ၁၀၀ ကျော်ပါဝင်ဦးမည်ဖြစ်ပြီး ဆရာဝန်များ၊ သိပ္ပံ ပညာရှင်များ၊ ကျောင်းဆရာများ စသည့်ဖြင့် အလွှာစုံမှ လူများသည် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခွင့် ပိတ်ပင်ခံရမည်ဖြစ်သည်။ ထိုအချက်သည် လုံးဝ ရူးသွပ်မှုဖြစ်သည်။ တရုတ်နိုင်ငံ၏ တိုးတက်မှုသည် အမေရိကန်ပြည်ထောင်စုက တကမ္ဘာလုံးကို လွှမ်းမိုးထားခြင်းကို ခြိမ်းခြောက်မှုဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက မြင်သည်မှာ ထင်ရှားသည်။ ၎င်းတို့၏ ယခင်က အောင်မြင်မှုများကို ပြန်လည်အသက်သွင်းရန် မျှော်လင့်ချက်ကင်းမဲသော အားထုတ်မှုအဖြစ် ထရမ့်လက် အောက်မှ အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံနှင့် Huawei နှင့် tikTok  ကဲ့သို့သော ၎င်း၏ ပုဂ္ဂလိက နည်းပညာလုပ်ငန်းများကို ထိန်းချုပ်ရန် အလိမ်အညာများကို တခုပြီး တခု လုပ်ကြံနေသည်။

ထရမ့်၏ တရုတ်ဆန့်ကျင်ရေး စကားများနောက်တွင် ရွေးကောက်ပွဲတွက်ကိန်းလည်းရှိနေသည်။ မဲဆွယ်ရန်နှင့် ရွေးကောက်ပွဲအတွက် အောင်မြင်မှုမရှိခြင်း၊ ကိုဗစ်-၁၉ ကိုကိုင်တွယ်ရာတွင် ကျရှုံးမှုများ၊ လူမျိုးရေးတရားမျှတမှုကင်းမဲ့ခြင်းနှင့် စီးပွားရေး အခြေအနေတို့သည်အားရစရာမကောင်းသလို အံ့သြစရာလည်းမကောင်းသော နည်းလမ်းဖြစ်သည်။ ထိုသို့သော အစီအမံများကို တစေ့တစောင်းကြည့်လိုက်ပါက ၎င်းတို့ကို ၎င်းတို့ ထိခိုက်စေသော လုပ်ရပ်များသာဖြစ်ကြောင်း ထင်ရှားနေသည်။ ယုတ္တိရှိရှိ စဉ်းစားသူတိုင်းအတွက် ထိုတရုတ်ဆန့်ကျင်ရေးရူးသွပ်မှုကို အားနည်းချက်အဖြစ်မြင်ကြမည်ဖြစ်သည်။

တန်ဖိုးကို ပေးဆပ်ရမည့်သူများမှာ အမေရိကန် နိုင်ငံသားများသာဖြစ်သည်။ Huawei ကို ဥပမာအဖြစ်ကြည့်ပါ။ ပြိုင်ဖက်များထက် ဈေးသက်သာပြီးစွမ်းဆောင်ရည်မြင့်သော အလုပ်သမားပိုင် ထိုကုမ္ပဏီသည် အနောက်နိုင်ငံများအတွက် ပထမဆုံး ရွေးချယ်ရမည့် လုပ်ငန်းဖြစ်ကြောင်း ဈေးကွက်ကပြသနေသည်။ သို့သော် အိမ်ဖြူတော်ကထိုတရုတ်နည်းပညာလုပ်ငန်းသည် အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း အကြိမ်ကြိမ် စွပ်စွဲပြီး မည်သည့် သက်သေအထောက်အထားကိုမျှ ထုတ်ဖေါ်ပြသနိုင်ခြင်းမရှိပေ။ ထိုပိတ်ပင်မှုမှာ နိုင်ငံရေးကြောင့်သာဖြစ်ပြီး လစ်ဘရယ်စီးပွားရေး စနစ်ကို သစ္စာဖေါက်ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် အမေရိကန်နှင့် ၎င်း၏ နောက်လိုက်များသည် ဈေးနှုန်းမြင့်မားပြီး စွမ်းဆောင်ရည်နိမ့်ကျသော အခြားလုပ်ငန်းများကို သာရွေးချယ်ရတော့မည်ဖြစ်သည်။

ထို့အပြင် 5G တည်ဆောက်ရေးတွင် Huawei ၏ အဆင့်အတန်းကြောင့် ၎င်းကိုပိတ်ပင်ခြင်းသည် အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာ့ 5G ခေါင်းဆောင်ဖြစ်ရေးကိုလည်း ထိခိုက်စေသည်။ အမေရိကန် ကုမ္ပဏီများနှင့် နိုင်ငံသားများသည် ပိုမိုများပြားသော ဆက်သွယ်ရေးကုန်ကျစရိတ်များကို ပေးရမည်ဖြစ်ပြီး ထိုအတွက် ထရမ့်ကပေးမည်မဟုတ်သည့်အပြင် နိုင်ငံတွင် 5G ကွန်ရက်တည်ဆောက်ရေးလည်း နှောင့်နှေးမည်ဖြစ်သည်။ ကွန်မြူနစ်ပါတီဝင်များ၊ တရုတ် ကုမ္ပဏီများက ထုတ်လုပ်သည့် အပလီကေးရှင်းများ၊ တောင်တရုတ်ပင်လယ်နှင့် ဟောင်ကောင်ကိစ္စများကို  ထရမ့်အစိုးရက ရန်စခြင်းသည် ကမ္ဘာ့ဒုတိယအကြီးမားဆုံး စီးပွားရေး ဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအခြေအနေဆိုးရွားစေပြီး အမေရိကန် အခွန်ထမ်းများကို ထိခိုက်စေသည်။

အမေရိကန်ပြည်ထောင်စုသည် တခါက လစ်ဘရယ်စီးပွားရေး စနစ်ကိုကာကွယ်ရာတွင် ထိပ်တန်းအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သို့သော် ယခုအခါတွင်မူ ကမ္ဘာ့ရေးရာများတွင် အရှုံးအနိုင်ဖြစ်အောင်လုပ်ပြီး ကန့်သတ်သော နည်းလမ်းများကို ကျင့်သုံးနေသည်။ ထရမ့်လက်အောက်တွင် ဗိုလ်ကျမှုကြောင့် ကမ္ဘာက စိတ်ပျက်ရသည်။ YouGov စစ်တမ်းသစ်အရ ဂျာမန်နိုင်ငံသားထက်ဝက်ခန့်က အမေရိကန်ပြည်ထောင်စုသည်လာမည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ၎င်း၏လက်ရှိ အဆင့်မှလျှောကျကာ ထိုနေရာတွင် တရုတ်နိုင်ငံအစားထိုးဝင်လာမည်ဟု ယုံကြည်ကြောင်း သိရသည်။  ကမ္ဘာ့တခုတည်းသော မဟာအင်အားကြီး နိုင်ငံအဖြစ် ၎င်း၏တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန်နှင့် ကမ္ဘာ့တည်ငြိမ်မှုနှင့်တိုးတက်မှုအတွက် အင်အားတခုဖြစ်ရန် နိုင်ငံတကာအသိုင်းအဝန်းက အမေရိကန်ကိုမျှော်လင့်သော်လည်း ထရမ့်၏ ရူးသွပ်သောနည်းလမ်းသည် ဆန့်ကျင်မှုများသာရရှိစေသည်။

Linko
Ref:White House's anti-China hysteria reaches a crescendo(CGTN)
Photo Credit:China daily

(  Zawgyi  )

 ထရမ့္အစိုးရသည္ ဆင္ျခင္တုံတရားအားလုံးကို ဆုံးရႈံးလာသည္။ မၾကာေသးမီကာလအတြင္း အေမရိကန္ျပည္ေထာင္စုသည္ တ႐ုတ္ႏိုင္ငံႏွင့္ဆက္ဆံေရးမေျပလည္သည္ကို မည္သူမွ် သံသယမရွိၾကေသာ္လည္း ဝါရွင္တန္၏ ေဘက်င္း ဆန႔္က်င္ေရး နည္းလမ္းသည္ လြန္ခဲ့ေသာ ရက္အနည္းငယ္တြင္မူ ဖ႐ိုဖရဲ႐ူးသြပ္မႈျဖစ္လာသည္။ သမၼတ ေဒၚနယ္ထရမ့္သည္ သတင္းအခ်က္အလက္စစ္ဆင္ေရးလုပ္သည္ဟု စြပ္စြဲခံရသည့္ တ႐ုတ္ အပလီေကးရွင္းမ်ားျဖစ္ေသာ TikTok ႏွင့္ WeChat တို႔ကို ျပင္းထန္စြာအေရးယူမည္ဟု လြန္ခဲ့ေသာ တနဂၤေႏြေန႔က အိမ္ျဖဴေတာ္အႀကံေပး ပီတာနာဗာ႐ို ေျပာသည္။

ေတာင္တ႐ုတ္ပင္လယ္သို႔ ေလယာဥ္တင္သေဘၤာႏွစ္စင္းကို ေစလႊတ္လိုက္ၿပီးေနာက္ ထိုေရပိုင္နက္တြင္ တ႐ုတ္ႏိုင္ငံ၏ ပိုင္နက္ေတာင္းဆိုမႈမ်ားအားလုံးသည္ တရားမဝင္ေသာ ေတာင္းဆိုမႈျဖစ္သည္ဟု တနလၤာေန႔တြင္ အေမရိကန္ျပည္ေထာင္စုက ေျပာခဲ့သည္။  အဂၤါေန႔တြင္ ထရမ့္သည္ ေဟာင္ေကာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးဥပေဒကို လက္မွတ္ေရးထိုးၿပီး ေဟာင္ေကာင္၏ အထူးအဆင့္အတန္းကို ပယ္ဖ်က္လိုက္သည္။  ၿဗိတိန္က ဟြာေဝး အသုံးျပဳမႈပိတ္ပင္လိုက္ျခင္းအတြက္ ထိုေန႔တြင္ပင္ ထရမ့္က သူ႔ကိုယ္သူ ဂုဏ္ယူေနသည္။

 “ဟြာေဝးကို မသုံးဖို႔ က်ေနာ္ႏိုင္ငံေတာ္ေတာ္မ်ားမ်ားကို ေျပာၿပီးၿပီ။ သူတို႔ေတြ က်ေနာ္တို႔နဲ႔အလုပ္လုပ္ခ်င္ရင္ ဒါကိုသုံးလို႔မရဘူး” ဟု သူေျပာသည္။ ဗုဒၶဟူးေန႔တြင္မူ အိမ္ျဖဴေတာ္သည္ တ႐ုတ္ကြန္ျမဴနစ္ပါတီဝင္မ်ားအားလုံးႏွင့္ ၎တို႔၏ မိသားစု မ်ားကို အေမရိကန္ျပည္ေထာင္စုတြင္ ခရီးသြားခြင့္ ပိတ္ပင္ရန္ စဥ္စားေနေၾကာင္း သတင္းမ်ား ထြက္ေပၚလာသည္။ အေမရိကန္ႏိုင္ငံတြင္ ေရာက္ရွိေနၿပီး ျဖစ္သူမ်ားမွာ ေမာင္းထုတ္ခံရႏိုင္သည္။

အေမရိကန္အစိုးရသည္ တ႐ုတ္ႏိုင္ငံႏွင့္ပတ္သက္ၿပီး အျမင္အားလုံးဆုံးရႈံးေနသည္။ သမၼတ၏ တင္းမာေသာ စကားမ်ားသည္ အသစ္အဆန္းမဟုတ္ေပ။ သို႔ေသာ္ထိုသို႔ေသာ ဖ႐ိုဖရဲတိုက္ခိုက္မႈမ်ားသည္ အႏွစ္သာရကင္းမဲ့လွသည္။ အလားအလာ ရွိေသာ ထိုခရီးသြားလာမႈ ပိတ္ပင္ျခင္းသည္ လုံးဝယုတၱိကင္းမဲ့သည္။ တ႐ုတ္ကြန္ျမဴနစ္ပါတီတြင္ ပါတီဝင္ ၉၂ သန္းရွိသည္။ ၎တို၏ မိသားစုမ်ားကိုပါ ထည့္တြက္လွ်င္ ေနာက္ထပ္လူ သန္း ၁၀၀ ေက်ာ္ပါဝင္ဦးမည္ျဖစ္ၿပီး ဆရာဝန္မ်ား၊ သိပၸံ ပညာရွင္မ်ား၊ ေက်ာင္းဆရာမ်ား စသည့္ျဖင့္ အလႊာစုံမွ လူမ်ားသည္ အေမရိကန္ ျပည္ေထာင္စုသို႔ သြားေရာက္ခြင့္ ပိတ္ပင္ခံရမည္ျဖစ္သည္။ ထိုအခ်က္သည္ လုံးဝ ႐ူးသြပ္မႈျဖစ္သည္။ တ႐ုတ္ႏိုင္ငံ၏ တိုးတက္မႈသည္ အေမရိကန္ျပည္ေထာင္စုက တကမာၻလုံးကို လႊမ္းမိုးထားျခင္းကို ၿခိမ္းေျခာက္မႈျဖစ္ေၾကာင္း အေမရိကန္ျပည္ေထာင္စုက ျမင္သည္မွာ ထင္ရွားသည္။ ၎တို႔၏ ယခင္က ေအာင္ျမင္မႈမ်ားကို ျပန္လည္အသက္သြင္းရန္ ေမွ်ာ္လင့္ခ်က္ကင္းမဲေသာ အားထုတ္မႈအျဖစ္ ထရမ့္လက္ ေအာက္မွ အေမရိကန္ျပည္ေထာင္စုသည္ တ႐ုတ္ႏိုင္ငံႏွင့္ Huawei ႏွင့္ tikTok  ကဲ့သို႔ေသာ ၎၏ ပုဂၢလိက နည္းပညာလုပ္ငန္းမ်ားကို ထိန္းခ်ဳပ္ရန္ အလိမ္အညာမ်ားကို တခုၿပီး တခု လုပ္ႀကံေနသည္။

ထရမ့္၏ တ႐ုတ္ဆန႔္က်င္ေရး စကားမ်ားေနာက္တြင္ ေ႐ြးေကာက္ပြဲတြက္ကိန္းလည္းရွိေနသည္။ မဲဆြယ္ရန္ႏွင့္ ေ႐ြးေကာက္ပြဲအတြက္ ေအာင္ျမင္မႈမရွိျခင္း၊ ကိုဗစ္-၁၉ ကိုကိုင္တြယ္ရာတြင္ က်ရႈံးမႈမ်ား၊ လူမ်ိဳးေရးတရားမွ်တမႈကင္းမဲ့ျခင္းႏွင့္ စီးပြားေရး အေျခအေနတို႔သည္အားရစရာမေကာင္းသလို အံ့ၾသစရာလည္းမေကာင္းေသာ နည္းလမ္းျဖစ္သည္။ ထိုသို႔ေသာ အစီအမံမ်ားကို တေစ့တေစာင္းၾကည့္လိုက္ပါက ၎တို႔ကို ၎တို႔ ထိခိုက္ေစေသာ လုပ္ရပ္မ်ားသာျဖစ္ေၾကာင္း ထင္ရွားေနသည္။ ယုတၱိရွိရွိ စဥ္းစားသူတိုင္းအတြက္ ထိုတ႐ုတ္ဆန႔္က်င္ေရး႐ူးသြပ္မႈကို အားနည္းခ်က္အျဖစ္ျမင္ၾကမည္ျဖစ္သည္။

တန္ဖိုးကို ေပးဆပ္ရမည့္သူမ်ားမွာ အေမရိကန္ ႏိုင္ငံသားမ်ားသာျဖစ္သည္။ Huawei ကို ဥပမာအျဖစ္ၾကည့္ပါ။ ၿပိဳင္ဖက္မ်ားထက္ ေဈးသက္သာၿပီးစြမ္းေဆာင္ရည္ျမင့္ေသာ အလုပ္သမားပိုင္ ထိုကုမၸဏီသည္ အေနာက္ႏိုင္ငံမ်ားအတြက္ ပထမဆုံး ေ႐ြးခ်ယ္ရမည့္ လုပ္ငန္းျဖစ္ေၾကာင္း ေဈးကြက္ကျပသေနသည္။ သို႔ေသာ္ အိမ္ျဖဴေတာ္ကထိုတ႐ုတ္နည္းပညာလုပ္ငန္းသည္ အမ်ိဳးသားလုံၿခဳံေရးအတြက္ ၿခိမ္းေျခာက္မႈျဖစ္ေၾကာင္း အႀကိမ္ႀကိမ္ စြပ္စြဲၿပီး မည္သည့္ သက္ေသအေထာက္အထားကိုမွ် ထုတ္ေဖၚျပသႏိုင္ျခင္းမရွိေပ။ ထိုပိတ္ပင္မႈမွာ ႏိုင္ငံေရးေၾကာင့္သာျဖစ္ၿပီး လစ္ဘရယ္စီးပြားေရး စနစ္ကို သစၥာေဖါက္ျခင္းလည္းျဖစ္သည္။ ထို႔ေၾကာင့္ အေမရိကန္ႏွင့္ ၎၏ ေနာက္လိုက္မ်ားသည္ ေဈးႏႈန္းျမင့္မားၿပီး စြမ္းေဆာင္ရည္နိမ့္က်ေသာ အျခားလုပ္ငန္းမ်ားကို သာေ႐ြးခ်ယ္ရေတာ့မည္ျဖစ္သည္။

ထို႔အျပင္ 5G တည္ေဆာက္ေရးတြင္ Huawei ၏ အဆင့္အတန္းေၾကာင့္ ၎ကိုပိတ္ပင္ျခင္းသည္ အေမရိကန္ျပည္ေထာင္စု၏ ကမာၻ႔ 5G ေခါင္းေဆာင္ျဖစ္ေရးကိုလည္း ထိခိုက္ေစသည္။ အေမရိကန္ ကုမၸဏီမ်ားႏွင့္ ႏိုင္ငံသားမ်ားသည္ ပိုမိုမ်ားျပားေသာ ဆက္သြယ္ေရးကုန္က်စရိတ္မ်ားကို ေပးရမည္ျဖစ္ၿပီး ထိုအတြက္ ထရမ့္ကေပးမည္မဟုတ္သည့္အျပင္ ႏိုင္ငံတြင္ 5G ကြန္ရက္တည္ေဆာက္ေရးလည္း ေႏွာင့္ေႏွးမည္ျဖစ္သည္။ ကြန္ျမဴနစ္ပါတီဝင္မ်ား၊ တ႐ုတ္ ကုမၸဏီမ်ားက ထုတ္လုပ္သည့္ အပလီေကးရွင္းမ်ား၊ ေတာင္တ႐ုတ္ပင္လယ္ႏွင့္ ေဟာင္ေကာင္ကိစၥမ်ားကို  ထရမ့္အစိုးရက ရန္စျခင္းသည္ ကမာၻ႔ဒုတိယအႀကီးမားဆုံး စီးပြားေရး ျဖစ္သည့္ တ႐ုတ္ႏိုင္ငံႏွင့္ ဆက္ဆံေရးအေျခအေနဆိုး႐ြားေစၿပီး အေမရိကန္ အခြန္ထမ္းမ်ားကို ထိခိုက္ေစသည္။

အေမရိကန္ျပည္ေထာင္စုသည္ တခါက လစ္ဘရယ္စီးပြားေရး စနစ္ကိုကာကြယ္ရာတြင္ ထိပ္တန္းအခန္းက႑မွ ပါဝင္ခဲ့သည္။ သို႔ေသာ္ ယခုအခါတြင္မူ ကမာၻ႔ေရးရာမ်ားတြင္ အရႈံးအႏိုင္ျဖစ္ေအာင္လုပ္ၿပီး ကန႔္သတ္ေသာ နည္းလမ္းမ်ားကို က်င့္သုံးေနသည္။ ထရမ့္လက္ေအာက္တြင္ ဗိုလ္က်မႈေၾကာင့္ ကမာၻက စိတ္ပ်က္ရသည္။ YouGov စစ္တမ္းသစ္အရ ဂ်ာမန္ႏိုင္ငံသားထက္ဝက္ခန႔္က အေမရိကန္ျပည္ေထာင္စုသည္လာမည့္ ဆယ္စုႏွစ္အနည္းငယ္အတြင္း ၎၏လက္ရွိ အဆင့္မွေလွ်ာက်ကာ ထိုေနရာတြင္ တ႐ုတ္ႏိုင္ငံအစားထိုးဝင္လာမည္ဟု ယုံၾကည္ေၾကာင္း သိရသည္။  ကမာၻ႔တခုတည္းေသာ မဟာအင္အားႀကီး ႏိုင္ငံအျဖစ္ ၎၏တာဝန္ဝတၱရားမ်ားကို ထမ္းေဆာင္ရန္ႏွင့္ ကမာၻ႔တည္ၿငိမ္မႈႏွင့္တိုးတက္မႈအတြက္ အင္အားတခုျဖစ္ရန္ ႏိုင္ငံတကာအသိုင္းအဝန္းက အေမရိကန္ကိုေမွ်ာ္လင့္ေသာ္လည္း ထရမ့္၏ ႐ူးသြပ္ေသာနည္းလမ္းသည္ ဆန႔္က်င္မႈမ်ားသာရရွိေစသည္။

Linko
Ref:White House's anti-China hysteria reaches a crescendo(CGTN)
Photo Credit:China daily