【 နိုင်ငံတကာဆောင်းပါး 】 “ကမ္ဘာ့အကျပ်အတည်းမှာ နိုင်ငံတကာသွေးစည်းညီညွတ်မှု လိုအပ်”

【 နိုင်ငံတကာဆောင်းပါး 】 “ကမ္ဘာ့အကျပ်အတည်းမှာ နိုင်ငံတကာသွေးစည်းညီညွတ်မှု လိုအပ်”

၂၀၂၀ ခုနှစ်ကို ပြန်လည်လေ့လာသုံးသပ်ရန် အကြောင်းရင်းများစွာရှိသော်လည်း ကိုဗစ်နိုင်တင်း ကမ္ဘာတဝှမ်းကူးစက်ရောဂါတစ်ခုကိုသာ ပြန်လည်မှတ်မိကြမည့် အခြေအနေရှိသည်။

ကမ္ဘာတဝှမ်း အတည်ပြု ကိုဗစ်နိုင်တင်းကူးစက်မှုပေါင်း ၇၉ သန်းရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ကမ္ဘာတဝှမ်းကူးစက်ရောဂါကို ကမ္ဘာက မည်သို့တုံ့ပြန်နေလဲ

ကမ္ဘာနှစ်ခု ဆုံစည်းသောနေရာ

ရောဂါကူးစက်မှု အစောပိုင်းတွင် အီတလီနိုင်ငံသည် ဥရောပတွင် အဆိုးရွားဆုံးထိခိုက်သော နိုင်ငံဖြစ်သည်။ဆရာဝန်များက တရုတ်နိုင်ငံ၏အတွေ့အကြုံကို လေ့လာရန် စိတ်အားထက်သန်ကြသည်။

"အထူးကြပ်မတ်ကုသဆောင်နဲ့ ကုသရေးအဆောင်တွေမှာ ဘယ်လိုနှာခေါင်းစည်း ပါးစပ်စည်းနဲ့ ဘယ်လိုကာကွယ်ရေးဝတ်စုံတွေ ဝတ်တယ်ဆိုတာကို ချရေးပေးနိုင်မလား" ဟု ဗီဒီယိုကွန်ဖရင့်တစ်ခုအတွင်း မီလန်ရှိ Niguarda ဆေးရုံမှ ဒေါက်တာ Enrico Ammirati က ပြောသည်။

၎င်းတို့၏ ကျန်းမာရေးဝန်ထမ်းများကို ၎င်းတို့အကာအကွယ်ပေးလိုကြပြီး တရုတ်လုပ်ဖော်ကိုင်ဖက်များကလည်း ကိုရိုနာဗိုင်းရပ်စ်နှင့်ရင်ဆိုင်သည့် ၎င်းတို့၏အတွေ့အကြုံအတွင်းက ရရှိထားသော အသိပညာများကိုမျှဝေရန် စိတ်အားထက်သန်ကြသည်။

"ကျနော်တို့တွေက မျှဝေစရာ အတွေ့အကြုံအများကြီးရှိတဲ့ ရှေ့တန်းက ဆေးဝန်ထမ်းတွေပါ။ကျနော်တို့လေ့လာသိရှိခဲ့တာတွေကို တစ်ကမ္ဘာလုံးကဆရာဝန်တွေနဲ့မျှဝေဖို့ ကျနော်တို့မှာတာဝန်ရှိတယ်လို့ ကျနော်ထင်တယ်" ဟု တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် မြို့တော်ဝူဟန်ရှိ Tongji ဆေးရုံမှ သမားတော် Zhou Ning ပြောသည်။

ဝူဟန်ဇာတ်လမ်း

တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးကူးစက်မှုများသည် ဝူဟန်တွင်ဖြစ်ပွားသည်။ထိုစဉ်က လူသိနည်းသေးသော ထိုဗိုင်းရပ်စ်ကို ထိန်းချုပ်ရန်အတွက် ထိုမြို့တော်ကြီးကို တရုတ်နှစ်သစ်ကူးမတိုင်မီ ညနေ တစ်ရက်အလို ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီတွင် လော့ခ်ဒေါင်းပိတ်ဆို့လိုက်သည်။ထိုဆုံးဖြတ်ချက်သည် ခက်ခဲသော ဆုံးဖြတ်ချက်ဖြစ်သော်လည်း အလျှင်အမြန်အရေးယူဆောင်ရွက်မှုကို မရှိမဖြစ်လိုအပ်နေပြီဖြစ်သည်။

ဝူဟန်ဒေသခံများသည် မြို့တော်လုပ်ငန်းများ ဆက်လက်လည်ပတ်စေရေးအတွက် လုပ်ဆောင်နေစဉ် ဆရာဝန်များနှင့် သူနာပြုများသည် အသက်များကိုကယ်ဆယ်ရန် မနားမနေလုပ်ဆောင်နေသည်။သူတို့၏ စွန့်လွှတ်အနစ်နာခံရခြင်းသည် အချည်းနှီးမဖြစ်ပေ။ထိုကြီးမားသော အစီအမံများသည် ထိရောက်ကြောင်း သက်သေပြခဲ့သည်။တရုတ်နိုင်ငံတွင် လူနာသစ်အရေအတွက်သည် ဆက်လက်ကျဆင်းလာသည်။သို့သော် ပြည်ပတွင်စတင်သော ကူးစက်မှုများ မြင်မားလာသောကြောင့် တရုတ်အနေဖြင့် ကြိုတင်ပြင်ဆင်ရန်လိုသောကြောင့် စိန်ခေါ်မှုသစ်များသည် ရှေ့တွင်စောင့်ကြိုနေသည်။

ဗိုင်းရပ်စ်များသည် နိုင်ငံနယ်နိမိတ်များကို လေးစားခြင်းမရှိဘဲ ကိုဗစ်နိုင်တင်းသည် မလေ့လာမသိရှိရသေးသော ဗိုင်းရပ်စ်ဖြစ်ကာ ပျံ့နှံ့ပုံကိုလည်း သိပ်မသိရပေ။သို့သော် တရုတ်နိုင်ငံ၏ အတွေ့အကြုံကြောင့် အခြားနိုင်ငံများသည် အသိပညာနှင့်နားလည်မှုမရှိဘဲ တစစီဖြစ်နေသောအခြေအနေမှ စတင်ရန်မလိုတော့ပေ။

SARS ပြင်းထန်သော အသက်ရှူလမ်းကြောင်းရောဂါ သင်ခန်းစာ

ကမ္ဘာ့ပြည်သူ့ကျန်းမာရေးပြဿနာအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက် အဖြေရှာမှုလိုသည်။မည်သူမျှသီးခြားရပ်တည်မရပေ။တရုတ်နိုင်ငံသည် တချိန်က တစ်နိုင်ငံတည်းရပ်တည်ခဲ့သောကြောင့် ထိုအချက်ကိုနားလည်သည်။

၂၀၀၃ ခုနှစ်က ပြင်းထန်သော အသက်ရှူလမ်းကြောင်းရောဂါ SARS တရုတ်နိုင်ငံတွင် ဖြစ်ပွားသည်။ပထမတွင် ဂွမ်ဒေါင်နှင့် ဘေဂျင်းတွင်ဖြစ်ပွားပြီးနောက် တစ်ကမ္ဘာလုံးတွင်ဖြစ်ပွားသည်။အတည်ပြုကူးစက်မှု ပေါင်း ၈၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၇၇၄ ဦးရှိသည်။ထိုစဉ်က တရုတ်နိုင်ငံ၏ ကျန်းမာရေးစနစ်ကို တည်ဆောက်နေဆဲဖြစ်သည်။စီးပွားရေးသည် အလျှင်အမြန်တိုးတက်နေသည်။သို့သော် တရုတ်နိုင်ငံသည် ထိုသို့သော အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေကို  ကိုင်တွယ်ခဲ့ဖူးသည့် အတွေ့အကြံမရှိပေ။အာဏာပိုင်များသည် တုံ့ပြန်ရန်နှေးကွေးပြီး သတင်းဖလှယ်သည့် စနစ်သည်လည်း စိတ်ပျက်စရာကောင်းလှသည်။
အစိုးရအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် ကူးစက်မှုအားလုံးကို အသိပေးရန် အချိန် ၃ လကြာသည်။ထို့အပြင် ပြည်သူများသည် ထိုလူသတ်ဗိုင်းရပ်စ်မှ ၎င်းတို့ကိုယ် ၎င်းတို့ မည်သို့ကာကွယ်ရမည်ကို အပြည့်အ၀မသိကြသေးပေ။

ဗိုင်းရပ်စ်မုဆိုးဟု ကျော်ကြားသည့် Walter Ian Lipkin သည် ထိုအချိန် ၂၀၀၃ ခုနှစ်တွင် တရုတ်ပြည်ကိုကူညီရန် ရောက်ရှိလာသည်။ထိုစဉ်က တရုတ်သုတေသီ Zhao Fengxian က သူ့ကိုဖိတ်ခေါ်ပြီး သူကလည်း ချက်ခြင်းသဘောတူခဲ့သည်။ကူးစက်မှုဖြစ်ပွားပြီးနောက် သူသည် တရုတ်နိုင်ငံ ပြည်သူ့ကျန်းမာရေး အခြေခံအဆောက်အအုံများ အဆင့်မြှင်တင်ရေးအတွက် ကူညီခဲ့ပြီး သူနှင့်ဘဝတူ ပညာရှင်များအတွက် ဆေးပညာသင်တန်းများ ပို့ချခဲ့ သည်။နောက် ၁၇ နှစ်ကြာသောအခါ သူသည် တရုတ်ပြည်သူများကို ကူညီရန် ဆုံးဖြတ်ချက်နှင့်အတူ တရုတ်နိုင်ငံသို့ ပြန်လာခဲ့သည်။မိတ်ဆွေဟောင်းတစ်ဦးအနေဖြင့် သူသည် တရုတ်နိုင်ငံအနေဖြင့် SARS မှ ကိုဗစ်နိုင်တင်းအထိအတွင်း တရုတ်နိုင်ငံ၏တိုးတက်မှုများကို မြင်တွေ့ပြီးဖြစ်သည်။

"တရုတ်နိုင်ငံက လွန်ခဲ့တဲ့ ၁၇ နှစ်က SARS ရောဂါကနေ သင်ခန်းစာရပြီးပြီလို့ ထင်တယ်။အခုကျတော့ အဲဒီတုန်းကထက် သိပ္ပံပညာက အရမ်းကိုတိုးတက်နေပြီး ပိုမိုများပြားတဲ့ သိပ္ပံပညာရှင်တွေရှိတယ်။ကူးစက်ရောဂါကိုလေ့လာနိုင်တဲ့ ဓါတ်ခွဲခန်းတွေရှိနေပြီ။ပိုကောင်းတဲ့ ရောဂါရှာဖွေရေးကိရိယာတွေ ရှိနေပြီ" ဟု Lipkin က CGTN နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောသည်။
 
တရုတ်နိုင်ငံသည် ခက်ခဲသောကာလများတွင် ပူးပေါင်းဆောင်ရွက်မှု၏တန်ဖိုးကို လေ့လာသိရှိခဲ့ သည်။ထို့ကြောင့်ပင် တရုတ်နိုင်ငံသည် အခြားနိုင်ငံများက အကူအညီတောင်းခံသောအခါ လက်မတွန့်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် အီဘိုလာရောဂါဖြစ်ပွားသောအခါ အပြင်းထန်ဆုံးထိခိုက်သော ဒေသများသို့ တရုတ်နိုင်ငံက ဆေးဝန်ထမ်းပေါင်း ၁၂၀၀ ကျော်ကို စေလွှတ်ခဲ့သည်။၎င်းတို့သည် ထိုဗိုင်းရပ်စ်ကို တိုက်ဖျက်ရာတွင် လူ ၁၃၀၀၀ ကို သင်တန်းများပေးခဲ့သည်။

စမ်းသပ်မှုသစ်

ကိုဗစ်နိုင်တင်းဖြစ်ပွားမှုသည် အသစ်အဆန်းဖြစ်ပြီး ပိုမိုကြီးမားသည့်စိန်ခေါ်မှုဖြစ်သည်။သို့သော် လွန်ခဲ့သော ၁၇ နှစ်ကနှင့် မတူဘဲ တရုတ်နိုင်ငံသည် ပိုမိုကောင်းမွန်စွာပြင်ဆင်ထားပြီး စိတ်ပိုင်းဖြတ်မှုအဆင့်သည်လည်း မကြုံစဖူးမြင့်မားလှသည်။တရုတ်နိုင်ငံသည် ထိုဗိုင်းရပ်စ်နှင့်ပတ်သက်သည့် ရနိုင်သမျှ သတင်းအချက်အလက်များကို နိုင်ငံတကာအသိုင်းအဝန်းနှင့် မျှဝေရာတွင် လျှင်မြန်လာသည်။ယခုအကြိမ်တွင်မူ ထိုတိုက်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုလိုကြောင်း ပိုမိုများပြားသောသူများက နားလည်ကြပြီးဖြစ်သည်။

ဂျပန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် ဥရောပသမဂ္ဂမှ နိုင်ငံများသည် တရုတ်နိုင်ငံတွင် လွန်စွာလိုအပ်နေသော ဆေးဖက်ဆိုင်ရာပစ္စည်းများကို လှူဒါန်းခဲ့ကြသည်။ကမ္ဘာတဝှမ်းမှ အဝေးရောက် တရုတ်များသည်လည်း ၎င်းတို့၏ ပုဂ္ဂလိကအဆက်အသွယ်များမှတဆင့် မိခင်နိုင်ငံသို့ ရင်းမြစ်များကို လှူဒါန်းကြသည်။အာရှသားများအပေါ် လူမျိုးရေးခွဲခြားမှုနှင့် အငြိုးထားမှုများ မြင့်မားလာသောအခါ အများအပြားက တုံ့ပြန်ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်သည်။ထိုသူများသည် ဆန္ဒအလျှောက်လုပ်ကိုင်သည့် ရာဇဝတ်မှုတားဆီးရေးအုပ်စုတစ်ခုဖြစ်သည့် ကိုယ်စောင့်နတ်များ - Guardian Angels အဖွဲ့ဖြစ်သည်။

တရုတ်နိုင်ငံပြင်ပတွင် ရောဂါကူးစက်မှုများ မြင့်မားလာသောအခါ အန္တရာယ်ကျရောက်လွယ်သော ဒေသများသို့ ကျွမ်းကျင်သူများစေလွှတ်ရေးနှင့် အသိပညာမျှဝေရေးသည် တရုတ်နိုင်ငံ၏ တာဝန်ဖြစ်လာခဲ့သည်။ကျန်းမာရေးစောင့်ရှောက်မှု အခြေခံအဆောက်အအုံ အကန့်အသတ်ဖြစ်နေချိန်တွင် အီရန်ကိုကူညီရန် ထိုဗိုင်းရပ်စ်ကိုကိုင်တွယ်ရန် လုံလောက်သော ဆေးပညာစနစ်တည်ဆောက်ရန် ဆေးပညာကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။ရောဂါရှာဖွေရေးပစ္စည်းများ၊ ပိုးသတ်ဆေးများနှင့် အခြားအထောက်အပံ့များကို တရုတ်အစိုးရက တီဟီရန်သို့ ပို့သည်။ထိုစဉ်က တရုတ်-အီရန် စီးပွားရေးအသိုင်းအဝန်းသည် နှာခေါင်းစည်း ပါးစပ်စည်း သိန်းပေါင်းများစွာကို အီရန်သို့ လှူဒါန်းထားပြီးဖြစ်သည်။

ဂျပန်တွင် ကူးစက်မှုမြင့်မားလာသောအခါ ကူးစက်ရောဂါအစောပိုင်းကာလအတွင်ပင် တရုတ်နိုင်ငံ သည် ကာကွယ်ရေးကိရိယာ အစုံ ၅၀၀၀ နှင့် နှာခေါင်းစည်း ပါးစပ်စည်း တစ်သိန်းကို ဂျပန်သို့ လှူဒါန်းပြီးဖြစ်သည်။

တရုတ်ရှေးဟောင်းစကားပုံအရဆိုပါက ကောင်းကင်အောက်မှ လူအားလုံးသည် မိသားစုတစ်စုတည်းသ ဖြစ်သည်။လမ်းခွဲမည် ပြောဆိုရေးသားမှုများအစား တရုတ်နိုင်ငံသည် ၎င်း၏လုပ်ရပ်များတွင် ကမ္ဘာနှင့်ညီညွတ်ရန် လုပ်ဆောင်နေသည်။ထိုအချက်သည် တရုတ်နိုင်ငံ၏ ကမ္ဘာအတွက် အဖြေဖြစ်သော်လည်း ထိုအဖြေသည် တရုတ်တစ်နိုင်ငံတည်းအတွက် မဖြစ်သင့်ပေ။မတူညီသောနိုင်ငံများတွင် မတူညီသောနိုင်ငံရေးစနစ်များရှိသည်။ထိုအချက်သည် မှန်သည်။သို့သော် ထိုဗိုင်းရပ်စ်ကို တိုက်ဖျက်ရာတွင် တစ်ကမ္ဘာလုံးသည် တစ်လှေတည်းစီးများဖြစ်သည်ဆိုသည့် ရိုးရှင်းလှသော ယုတ္တိဗေဒကို ထိုအချက်က ပြောင်းလဲနိုင်ခြင်းမရှိပေ။

Linko
Ref : Global crisis requires international solidarity(CGTN)
ဒီဇင်ဘာ - ၂၉

( Zawgyi )

၂၀၂၀ ခုႏွစ္ကို ျပန္လည္ေလ့လာသုံးသပ္ရန္ အေၾကာင္းရင္းမ်ားစြာရွိေသာ္လည္း ကိုဗစ္ႏိုင္တင္း ကမာၻတဝွမ္းကူးစက္ေရာဂါတစ္ခုကိုသာ ျပန္လည္မွတ္မိၾကမည့္ အေျခအေနရွိသည္။

ကမာၻတဝွမ္း အတည္ျပဳ ကိုဗစ္ႏိုင္တင္းကူးစက္မႈေပါင္း ၇၉ သန္းရွိေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ က ေနာက္ဆုံးထုတ္ျပန္သည့္ အခ်က္အလက္မ်ားအရ သိရသည္။

ကမာၻတဝွမ္းကူးစက္ေရာဂါကို ကမာၻက မည္သို႔တုံ႔ျပန္ေနလဲ

ကမာၻႏွစ္ခု ဆုံစည္းေသာေနရာ

ေရာဂါကူးစက္မႈ အေစာပိုင္းတြင္ အီတလီႏိုင္ငံသည္ ဥေရာပတြင္ အဆိုး႐ြားဆုံးထိခိုက္ေသာ ႏိုင္ငံျဖစ္သည္။ဆရာဝန္မ်ားက တ႐ုတ္ႏိုင္ငံ၏အေတြ႕အႀကဳံကို ေလ့လာရန္ စိတ္အားထက္သန္ၾကသည္။

"အထူးၾကပ္မတ္ကုသေဆာင္နဲ႔ ကုသေရးအေဆာင္ေတြမွာ ဘယ္လိုႏွာေခါင္းစည္း ပါးစပ္စည္းနဲ႔ ဘယ္လိုကာကြယ္ေရးဝတ္စုံေတြ ဝတ္တယ္ဆိုတာကို ခ်ေရးေပးႏိုင္မလား" ဟု ဗီဒီယိုကြန္ဖရင့္တစ္ခုအတြင္း မီလန္ရွိ Niguarda ေဆး႐ုံမွ ေဒါက္တာ Enrico Ammirati က ေျပာသည္။

၎တို႔၏ က်န္းမာေရးဝန္ထမ္းမ်ားကို ၎တို႔အကာအကြယ္ေပးလိုၾကၿပီး တ႐ုတ္လုပ္ေဖာ္ကိုင္ဖက္မ်ားကလည္း ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ရင္ဆိုင္သည့္ ၎တို႔၏အေတြ႕အႀကဳံအတြင္းက ရရွိထားေသာ အသိပညာမ်ားကိုမွ်ေဝရန္ စိတ္အားထက္သန္ၾကသည္။

"က်ေနာ္တို႔ေတြက မွ်ေဝစရာ အေတြ႕အႀကဳံအမ်ားႀကီးရွိတဲ့ ေရွ႕တန္းက ေဆးဝန္ထမ္းေတြပါ။က်ေနာ္တို႔ေလ့လာသိရွိခဲ့တာေတြကို တစ္ကမာၻလုံးကဆရာဝန္ေတြနဲ႔မွ်ေဝဖို႔ က်ေနာ္တို႔မွာတာဝန္ရွိတယ္လို႔ က်ေနာ္ထင္တယ္" ဟု တ႐ုတ္ႏိုင္ငံအလယ္ပိုင္း ဟူေဘးျပည္နယ္ ၿမိဳ႕ေတာ္ဝူဟန္ရွိ Tongji ေဆး႐ုံမွ သမားေတာ္ Zhou Ning ေျပာသည္။

ဝူဟန္ဇာတ္လမ္း

တ႐ုတ္ႏိုင္ငံမွ ကို႐ိုနာဗိုင္းရပ္စ္ ပထမဆုံးကူးစက္မႈမ်ားသည္ ဝူဟန္တြင္ျဖစ္ပြားသည္။ထိုစဥ္က လူသိနည္းေသးေသာ ထိုဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ရန္အတြက္ ထိုၿမိဳ႕ေတာ္ႀကီးကို တ႐ုတ္ႏွစ္သစ္ကူးမတိုင္မီ ညေန တစ္ရက္အလို ဇန္နဝါရီလ ၂၃ ရက္ေန႔ နံနက္ ၁၀ နာရီတြင္ ေလာ့ခ္ေဒါင္းပိတ္ဆို႔လိုက္သည္။ထိုဆုံးျဖတ္ခ်က္သည္ ခက္ခဲေသာ ဆုံးျဖတ္ခ်က္ျဖစ္ေသာ္လည္း အလွ်င္အျမန္အေရးယူေဆာင္႐ြက္မႈကို မရွိမျဖစ္လိုအပ္ေနၿပီျဖစ္သည္။

ဝူဟန္ေဒသခံမ်ားသည္ ၿမိဳ႕ေတာ္လုပ္ငန္းမ်ား ဆက္လက္လည္ပတ္ေစေရးအတြက္ လုပ္ေဆာင္ေနစဥ္ ဆရာဝန္မ်ားႏွင့္ သူနာျပဳမ်ားသည္ အသက္မ်ားကိုကယ္ဆယ္ရန္ မနားမေနလုပ္ေဆာင္ေနသည္။သူတို႔၏ စြန႔္လႊတ္အနစ္နာခံရျခင္းသည္ အခ်ည္းႏွီးမျဖစ္ေပ။ထိုႀကီးမားေသာ အစီအမံမ်ားသည္ ထိေရာက္ေၾကာင္း သက္ေသျပခဲ့သည္။တ႐ုတ္ႏိုင္ငံတြင္ လူနာသစ္အေရအတြက္သည္ ဆက္လက္က်ဆင္းလာသည္။သို႔ေသာ္ ျပည္ပတြင္စတင္ေသာ ကူးစက္မႈမ်ား ျမင္မားလာေသာေၾကာင့္ တ႐ုတ္အေနျဖင့္ ႀကိဳတင္ျပင္ဆင္ရန္လိုေသာေၾကာင့္ စိန္ေခၚမႈသစ္မ်ားသည္ ေရွ႕တြင္ေစာင့္ႀကိဳေနသည္။

ဗိုင္းရပ္စ္မ်ားသည္ ႏိုင္ငံနယ္နိမိတ္မ်ားကို ေလးစားျခင္းမရွိဘဲ ကိုဗစ္ႏိုင္တင္းသည္ မေလ့လာမသိရွိရေသးေသာ ဗိုင္းရပ္စ္ျဖစ္ကာ ပ်ံ႕ႏွံ႔ပုံကိုလည္း သိပ္မသိရေပ။သို႔ေသာ္ တ႐ုတ္ႏိုင္ငံ၏ အေတြ႕အႀကဳံေၾကာင့္ အျခားႏိုင္ငံမ်ားသည္ အသိပညာႏွင့္နားလည္မႈမရွိဘဲ တစစီျဖစ္ေနေသာအေျခအေနမွ စတင္ရန္မလိုေတာ့ေပ။

SARS ျပင္းထန္ေသာ အသက္ရႉလမ္းေၾကာင္းေရာဂါ သင္ခန္းစာ

ကမာၻ႔ျပည္သူ႔က်န္းမာေရးျပႆနာအတြက္ ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္ အေျဖရွာမႈလိုသည္။မည္သူမွ်သီးျခားရပ္တည္မရေပ။တ႐ုတ္ႏိုင္ငံသည္ တခ်ိန္က တစ္ႏိုင္ငံတည္းရပ္တည္ခဲ့ေသာေၾကာင့္ ထိုအခ်က္ကိုနားလည္သည္။

၂၀၀၃ ခုႏွစ္က ျပင္းထန္ေသာ အသက္ရႉလမ္းေၾကာင္းေရာဂါ SARS တ႐ုတ္ႏိုင္ငံတြင္ ျဖစ္ပြားသည္။ပထမတြင္ ဂြမ္ေဒါင္ႏွင့္ ေဘဂ်င္းတြင္ျဖစ္ပြားၿပီးေနာက္ တစ္ကမာၻလုံးတြင္ျဖစ္ပြားသည္။အတည္ျပဳကူးစက္မႈ ေပါင္း ၈၀၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူ ၇၇၄ ဦးရွိသည္။ထိုစဥ္က တ႐ုတ္ႏိုင္ငံ၏ က်န္းမာေရးစနစ္ကို တည္ေဆာက္ေနဆဲျဖစ္သည္။စီးပြားေရးသည္ အလွ်င္အျမန္တိုးတက္ေနသည္။သို႔ေသာ္ တ႐ုတ္ႏိုင္ငံသည္ ထိုသို႔ေသာ အမ်ားျပည္သူက်န္းမာေရး အေရးေပၚအေျခအေနကို  ကိုင္တြယ္ခဲ့ဖူးသည့္ အေတြ႕အႀကံမရွိေပ။အာဏာပိုင္မ်ားသည္ တုံ႔ျပန္ရန္ေႏွးေကြးၿပီး သတင္းဖလွယ္သည့္ စနစ္သည္လည္း စိတ္ပ်က္စရာေကာင္းလွသည္။
အစိုးရအေနျဖင့္ ကမာၻ႔က်န္းမာေရးအဖြဲ႕ႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ႏွင့္ ကူးစက္မႈအားလုံးကို အသိေပးရန္ အခ်ိန္ ၃ လၾကာသည္။ထို႔အျပင္ ျပည္သူမ်ားသည္ ထိုလူသတ္ဗိုင္းရပ္စ္မွ ၎တို႔ကိုယ္ ၎တို႔ မည္သို႔ကာကြယ္ရမည္ကို အျပည့္အ၀မသိၾကေသးေပ။

ဗိုင္းရပ္စ္မုဆိုးဟု ေက်ာ္ၾကားသည့္ Walter Ian Lipkin သည္ ထိုအခ်ိန္ ၂၀၀၃ ခုႏွစ္တြင္ တ႐ုတ္ျပည္ကိုကူညီရန္ ေရာက္ရွိလာသည္။ထိုစဥ္က တ႐ုတ္သုေတသီ Zhao Fengxian က သူ႔ကိုဖိတ္ေခၚၿပီး သူကလည္း ခ်က္ျခင္းသေဘာတူခဲ့သည္။ကူးစက္မႈျဖစ္ပြားၿပီးေနာက္ သူသည္ တ႐ုတ္ႏိုင္ငံ ျပည္သူ႔က်န္းမာေရး အေျခခံအေဆာက္အအုံမ်ား အဆင့္ျမႇင္တင္ေရးအတြက္ ကူညီခဲ့ၿပီး သူႏွင့္ဘဝတူ ပညာရွင္မ်ားအတြက္ ေဆးပညာသင္တန္းမ်ား ပို႔ခ်ခဲ့ သည္။ေနာက္ ၁၇ ႏွစ္ၾကာေသာအခါ သူသည္ တ႐ုတ္ျပည္သူမ်ားကို ကူညီရန္ ဆုံးျဖတ္ခ်က္ႏွင့္အတူ တ႐ုတ္ႏိုင္ငံသို႔ ျပန္လာခဲ့သည္။မိတ္ေဆြေဟာင္းတစ္ဦးအေနျဖင့္ သူသည္ တ႐ုတ္ႏိုင္ငံအေနျဖင့္ SARS မွ ကိုဗစ္ႏိုင္တင္းအထိအတြင္း တ႐ုတ္ႏိုင္ငံ၏တိုးတက္မႈမ်ားကို ျမင္ေတြ႕ၿပီးျဖစ္သည္။

"တ႐ုတ္ႏိုင္ငံက လြန္ခဲ့တဲ့ ၁၇ ႏွစ္က SARS ေရာဂါကေန သင္ခန္းစာရၿပီးၿပီလို႔ ထင္တယ္။အခုက်ေတာ့ အဲဒီတုန္းကထက္ သိပၸံပညာက အရမ္းကိုတိုးတက္ေနၿပီး ပိုမိုမ်ားျပားတဲ့ သိပၸံပညာရွင္ေတြရွိတယ္။ကူးစက္ေရာဂါကိုေလ့လာႏိုင္တဲ့ ဓါတ္ခြဲခန္းေတြရွိေနၿပီ။ပိုေကာင္းတဲ့ ေရာဂါရွာေဖြေရးကိရိယာေတြ ရွိေနၿပီ" ဟု Lipkin က CGTN ႏွင့္ ေတြ႕ဆုံေမးျမန္းခန္းတစ္ခုတြင္ ေျပာသည္။
 
တ႐ုတ္ႏိုင္ငံသည္ ခက္ခဲေသာကာလမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မႈ၏တန္ဖိုးကို ေလ့လာသိရွိခဲ့ သည္။ထို႔ေၾကာင့္ပင္ တ႐ုတ္ႏိုင္ငံသည္ အျခားႏိုင္ငံမ်ားက အကူအညီေတာင္းခံေသာအခါ လက္မတြန႔္ျခင္းျဖစ္သည္။ ၂၀၁၄ ခုႏွစ္တြင္ အီဘိုလာေရာဂါျဖစ္ပြားေသာအခါ အျပင္းထန္ဆုံးထိခိုက္ေသာ ေဒသမ်ားသို႔ တ႐ုတ္ႏိုင္ငံက ေဆးဝန္ထမ္းေပါင္း ၁၂၀၀ ေက်ာ္ကို ေစလႊတ္ခဲ့သည္။၎တို႔သည္ ထိုဗိုင္းရပ္စ္ကို တိုက္ဖ်က္ရာတြင္ လူ ၁၃၀၀၀ ကို သင္တန္းမ်ားေပးခဲ့သည္။

စမ္းသပ္မႈသစ္

ကိုဗစ္ႏိုင္တင္းျဖစ္ပြားမႈသည္ အသစ္အဆန္းျဖစ္ၿပီး ပိုမိုႀကီးမားသည့္စိန္ေခၚမႈျဖစ္သည္။သို႔ေသာ္ လြန္ခဲ့ေသာ ၁၇ ႏွစ္ကႏွင့္ မတူဘဲ တ႐ုတ္ႏိုင္ငံသည္ ပိုမိုေကာင္းမြန္စြာျပင္ဆင္ထားၿပီး စိတ္ပိုင္းျဖတ္မႈအဆင့္သည္လည္း မႀကဳံစဖူးျမင့္မားလွသည္။တ႐ုတ္ႏိုင္ငံသည္ ထိုဗိုင္းရပ္စ္ႏွင့္ပတ္သက္သည့္ ရႏိုင္သမွ် သတင္းအခ်က္အလက္မ်ားကို ႏိုင္ငံတကာအသိုင္းအဝန္းႏွင့္ မွ်ေဝရာတြင္ လွ်င္ျမန္လာသည္။ယခုအႀကိမ္တြင္မူ ထိုတိုက္ပြဲသည္ ကမာၻလုံးဆိုင္ရာ ညႇိႏႈိင္းေဆာင္႐ြက္မႈလိုေၾကာင္း ပိုမိုမ်ားျပားေသာသူမ်ားက နားလည္ၾကၿပီးျဖစ္သည္။

ဂ်ပန္၊ ေတာင္ကိုရီးယား၊ ႐ုရွားႏွင့္ ဥေရာပသမဂၢမွ ႏိုင္ငံမ်ားသည္ တ႐ုတ္ႏိုင္ငံတြင္ လြန္စြာလိုအပ္ေနေသာ ေဆးဖက္ဆိုင္ရာပစၥည္းမ်ားကို လႉဒါန္းခဲ့ၾကသည္။ကမာၻတဝွမ္းမွ အေဝးေရာက္ တ႐ုတ္မ်ားသည္လည္း ၎တို႔၏ ပုဂၢလိကအဆက္အသြယ္မ်ားမွတဆင့္ မိခင္ႏိုင္ငံသို႔ ရင္းျမစ္မ်ားကို လႉဒါန္းၾကသည္။အာရွသားမ်ားအေပၚ လူမ်ိဳးေရးခြဲျခားမႈႏွင့္ အၿငိဳးထားမႈမ်ား ျမင့္မားလာေသာအခါ အမ်ားအျပားက တုံ႔ျပန္ေဆာင္႐ြက္ရန္ ဆုံးျဖတ္လိုက္သည္။ထိုသူမ်ားသည္ ဆႏၵအေလွ်ာက္လုပ္ကိုင္သည့္ ရာဇဝတ္မႈတားဆီးေရးအုပ္စုတစ္ခုျဖစ္သည့္ ကိုယ္ေစာင့္နတ္မ်ား - Guardian Angels အဖြဲ႕ျဖစ္သည္။

တ႐ုတ္ႏိုင္ငံျပင္ပတြင္ ေရာဂါကူးစက္မႈမ်ား ျမင့္မားလာေသာအခါ အႏၲရာယ္က်ေရာက္လြယ္ေသာ ေဒသမ်ားသို႔ ကြၽမ္းက်င္သူမ်ားေစလႊတ္ေရးႏွင့္ အသိပညာမွ်ေဝေရးသည္ တ႐ုတ္ႏိုင္ငံ၏ တာဝန္ျဖစ္လာခဲ့သည္။က်န္းမာေရးေစာင့္ေရွာက္မႈ အေျခခံအေဆာက္အအုံ အကန႔္အသတ္ျဖစ္ေနခ်ိန္တြင္ အီရန္ကိုကူညီရန္ ထိုဗိုင္းရပ္စ္ကိုကိုင္တြယ္ရန္ လုံေလာက္ေသာ ေဆးပညာစနစ္တည္ေဆာက္ရန္ ေဆးပညာကြၽမ္းက်င္သူအဖြဲ႕တစ္ဖြဲ႕ကို ေစလႊတ္ခဲ့သည္။ေရာဂါရွာေဖြေရးပစၥည္းမ်ား၊ ပိုးသတ္ေဆးမ်ားႏွင့္ အျခားအေထာက္အပံ့မ်ားကို တ႐ုတ္အစိုးရက တီဟီရန္သို႔ ပို႔သည္။ထိုစဥ္က တ႐ုတ္-အီရန္ စီးပြားေရးအသိုင္းအဝန္းသည္ ႏွာေခါင္းစည္း ပါးစပ္စည္း သိန္းေပါင္းမ်ားစြာကို အီရန္သို႔ လႉဒါန္းထားၿပီးျဖစ္သည္။

ဂ်ပန္တြင္ ကူးစက္မႈျမင့္မားလာေသာအခါ ကူးစက္ေရာဂါအေစာပိုင္းကာလအတြင္ပင္ တ႐ုတ္ႏိုင္ငံ သည္ ကာကြယ္ေရးကိရိယာ အစုံ ၅၀၀၀ ႏွင့္ ႏွာေခါင္းစည္း ပါးစပ္စည္း တစ္သိန္းကို ဂ်ပန္သို႔ လႉဒါန္းၿပီးျဖစ္သည္။

တ႐ုတ္ေရွးေဟာင္းစကားပုံအရဆိုပါက ေကာင္းကင္ေအာက္မွ လူအားလုံးသည္ မိသားစုတစ္စုတည္းသ ျဖစ္သည္။လမ္းခြဲမည္ ေျပာဆိုေရးသားမႈမ်ားအစား တ႐ုတ္ႏိုင္ငံသည္ ၎၏လုပ္ရပ္မ်ားတြင္ ကမာၻႏွင့္ညီၫြတ္ရန္ လုပ္ေဆာင္ေနသည္။ထိုအခ်က္သည္ တ႐ုတ္ႏိုင္ငံ၏ ကမာၻအတြက္ အေျဖျဖစ္ေသာ္လည္း ထိုအေျဖသည္ တ႐ုတ္တစ္ႏိုင္ငံတည္းအတြက္ မျဖစ္သင့္ေပ။မတူညီေသာႏိုင္ငံမ်ားတြင္ မတူညီေသာႏိုင္ငံေရးစနစ္မ်ားရွိသည္။ထိုအခ်က္သည္ မွန္သည္။သို႔ေသာ္ ထိုဗိုင္းရပ္စ္ကို တိုက္ဖ်က္ရာတြင္ တစ္ကမာၻလုံးသည္ တစ္ေလွတည္းစီးမ်ားျဖစ္သည္ဆိုသည့္ ႐ိုးရွင္းလွေသာ ယုတၱိေဗဒကို ထိုအခ်က္က ေျပာင္းလဲႏိုင္ျခင္းမရွိေပ။

Linko
Ref : Global crisis requires international solidarity(CGTN)
ဒီဇင္ဘာ - ၂၉