【 နိုင်ငံတကာဆောင်းပါး 】 “တရုတ်နိုင်ငံကို ထိန်းချုပ်မည့် ပွမ်ပီယို၏ အင်ဒို-ပစိဖိတ် ခရီးစဉ်”

【 နိုင်ငံတကာဆောင်းပါး 】 “တရုတ်နိုင်ငံကို ထိန်းချုပ်မည့် ပွမ်ပီယို၏ အင်ဒို-ပစိဖိတ် ခရီးစဉ်”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် ယခုအပတ်အတွင်း အင်ဒို-ပစိဖိတ် လေးနိုင်ငံခရီးစဉ် ထွက်ခွာနေပြီး သူသည် အိန္ဒိယ၊ သီရိလင်္ကာ၊ မော်လ်ဒိုက်နှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ရောက်ရှိမည်ဖြစ်သည်။ကမ္ဘာ၏ ထိုအစိတ်အပိုင်းတွင် အမေရိကန်၏ တရားဝင် ထုတ်ပြန်ခြင်းမရှိသည့် မူဝါဒကို ပုံဖေါ်နေသည့် ဒေသဖြတ်ကျော်ဆက်စပ်နေသည့်နေရာတွင် တရုတ်နိုင်ငံကိုထိန်းချုပ်ရန် အမေရိကန်၏ အားထုတ်မှုအနက် ထိုခရီးစဉ်သည် အခိုင်မာဆုံးထိုးဖောက်မှုဖြစ်သည်။

သူသည် ထိုစစ်မျက်နှာတွင် ပြုလုပ်ထားသော အရေးပါသည့် တိုးတက်မှုဖြင့် အိန္ဒိယမှ ပြန်လည်ထွက်ခွာမည်ဖြစ်သော်လည်း ကျန် ၃ နိုင်ငံသို့ သွားရောက်ရခြင်းအတွက် သူ့တွင် ထုတ်ဖေါ်ပြသရန် အကြောင်းရှိပုံမရပေ။ထိုအကြောင်းကြောင့်ပင် ယခုခရီးစဉ်သည် ထုတ်ဖေါ်ပြောဆိုထားခြင်းမရှိသော်လည် အကြီးအကျယ်ဖေါ်ပြနေသည့် သေနင်္ဂဗျူဟာ ရည်မှန်းချက် အောင်မြင်မည်မဟုတ်ကြောင်း ကြိုတင်ခန့်မှန်းနိုင်ပေသည်။

ပွမ်ပီယို ပထမဆုံးသွားရောက်မည့် နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သည့် ၂+၂ အစည်းအဝေး တက်ရောက်မည်ဖြစ်သည်။နှစ်နိုင်ငံတပ်များအကြား တတိယအခြေခံသဘောတူစာချုပ်ဖြစ်သော ကာလကြာမြင့်စွာ ညှိနှိုင်းထားသည့် အခြေခံဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (BECA) ကို လက်မှတ်ရေးထိုးရန် နှစ်ဖက်လုံးကရည်ရွယ်သည်။

BECA အရ အိန္ဒိယသည် ပထဝီတည်နေရာဖေါ်ထုတ်သည့် စွမ်းရည်များကို အသုံးပြုခွင့်ရမည်ဖြစ်ပြီး ယခင်ကချုပ်ဆိုခဲ့သော သယ်ယူပို့ဆောင်ရေးစီမံခန့်ခွဲမှု ဖလှယ်ရေး နားလည်မှုစာချွန်လွှာ သဘောတူညီချက် (LEMOA) နှင့် ဆက်သွယ်ရေးစွမ်းရည်နှင့် လုံခြုံရေး သဘောတူစာချုပ် (COMCASA) တို့အရ စစ်ဖက်သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုနှင့် ဆက်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးသည်။ထိုသဘောတူညီချက် သုံးခုလုံးသည် နှစ်နိုင်ငံလက်နက်ကိုင်တပ်များအကြား အပြန်အလှန်လှုပ်ရှားမှုကို တိုးတက်စေသည်။

သီရိလင်္ကာသို့ သူသွားသောအခါ ပွမ်ပီယိုသည် အမေရိကန်က သီရိလင်္ကာကိုပေးရန် ရည်ရွယ်သည့် ဒေါ်လာသန်း ၄၈၀ တန် ထောင်စုနှစ် စိန်ခေါ်မှု ပူးပေါင်းဆောင်ရွက်ရေး အကူအညီကို ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။တပ်ဖွဲ့များ၏အဆင့်အတန်း သဘောတူစာချုပ် (SOFA) အကြောင်း ဆွေးနွေးမှုများလည်း ရှိနိုင်သည်။ထိုအကြောင်းအရာနှစ်ခုလုံးသည် နိုင်ငံ၏ ကြားနေနိုင်ငံခြားရေးမူဝါဒကို ထိန်းသိမ်းရန် ခက်ခဲစေမည်ဖြစ်သောကြောင့် သီရိလင်္ကာလူ့အဖွဲ့အစည်းတွင် လွန်စွာအငြင်းပွားဖွယ်ဖြစ်နေသည်။

သူ၏ မော်လ်ဒိုက်ခရီးစဉ်တွင်မူ ပွမ်ပီယိုသည် နှစ်နိုင်ငံအကြား စက်တင်ဘာလက သဘောတူခဲ့သည့် ကာကွယ်ရေးသဘောတူစာချုပ်အတွက် အောင်ပွဲခံနိုင်သည်။သူသည် သီရိလင်္ကာတွင်လုပ်ဆောင်ရန် ကြိုးစားခဲ့သည့်အတိုင်း မော်လ်ဒိုက်ကို အမေရိကန်နှင့် ပိုမိုနီးကပ်အောင်စည်းရုံးရန် စီးပွားရေးနည်းလမ်းများကိုလည်း သူကြိုးစားမည်ဖြစ်သည်။

တောင်တရုတ်ပင်လယ်မှ တရုတ်စခန်းများကို ထောက်လှမ်းရန် ကြံစည်သည့် သူလျှိုလေယာဉ်များကိုလက်ခံရန် အမေရိကန်နိုင်ငံက နွေရာသီတစ်ခုလုံး အကြိမ်ကြိမ်တောင်းဆိုမှုကို အင်ဒိုနီးရှားက ပယ်ချနေသည်ဆိုသည့် သတင်းများကြောင့်  အင်ဒိုနီးရှားခရီးစဉ်သည် စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်သည်။ထို့ကြောင့် အင်ဒိုနီးရှားနှင့် တရုတ်ကို ရန်တိုက်ပေးရန် အမေရိကန်၏ မအောင်မြင်သော အားထုတ်မှုများ ယခင်နှစ်နိုင်ငံဆက်ဆံရေးရှိ ယုံကြည်မှုကို ထိခိုက်စေပြီးနောက် ပွမ်ပီယို၏ တာဝန်မှာ ဘက်မလိုက်လှုပ်ရှားမှုကို ထူထောင်သည့် နိုင်ငံတစ်ခုဖြစ်သည့် အစဉ်အလာအားဖြင့် ကြားနေသော အင်ဒိုနီးရှားနှင့် ဆက်ဆံရေးကို ပြုပြင်ဖာထေးရန်ဖြစ်သည်။သူသည် အင်ဒိုနီးရှားကိုလည် အမေရိကန်ဖက်ပါအောင် ကြိုးစားနိုင်သော်လည်း ယခင်လောက် အပြင်းအထန်ကြိုးစားမည်မဟုတ်ပေ။ထို့ကြောင့် မည်သည့်ထူးခြားသော တိုးတက်မှုကိုမျှ ကာလတိုအတွင်း မမျှော်လင့်နိုင်ပေ။

အားလုံးကို ခြုံကြည့်လိုက်သောအခါ ထိုခရီးစဉ်လေးခုနှင့်ပတ်သက်သည့် လမ်းကြောင်းသုံးခုရှိပြီး ထိုလမ်းကြောင်းများအနက် အထင်ရှားဆုံးမှာ စစ်ဖက်ဆိုင်ရာအပိုင်းများဖြစ်နေသည်။အိန္ဒိယနှင့် မော်လ်ဒိုက်သို့ အမေရိကန်က နှိုင်းယှဉ်ချက်အားဖြင့် လက်လှမ်းမီအောင် လုပ်ဆောင်ခြင်းသည် အောင်မြင်ပြီးဖြစ်သော်လည်း သီရိလင်္ကာနှင့်ပတ်သက်သည့် အပိုင်းသည် တုံ့ဆိုင်းနေပြီး အင်ဒိုနီးရှားနှင့်ပတ်သက်သည့် အပိုင်းသည် အောင်မြင်ခြင်းမရှိပေ။

နောက်ထပ်လမ်းကြောင်းတစ်ခုမှာ တရုတ်ကို ဒေသတွင်းတွင် ချိန်ခွင်လျှာညှိရန် အိန္ဒိယနိုင်ငံ၏ အဆင့်ကို  မြှင့်တင်ပေးရန်ဖြစ်သည်။ထိုသို့လုပ်ဆောင်ခြင်းသည် အိန္ဒိယသမုဒ္ဒရာတွင် ဗိုလ်ကျစိုးမိုးရန် အိန္ဒိယ၏ ရည်မှန်းချက်ကို ထောက်ခံရာရောက်သည်။ထိုအားထုတ်မှုများကို သီရိလင်္ကာနှင့် မော်လ်ဒိုက်အပေါ် အပြင်းအထန်တွန်းအားပေးပါက ဆန့်ကျင်ခံရမည်ဖြစ်ပြီး ထိုနှစ်နိုင်ငံသည် ချိန်ခွင်လျှာညှိသည့်အနေဖြင့် တရုတ်နှင့် စီးပွားရေးဆက်ဆံရေးများကို မြှင့်တင်ရန် ကြိုးစားနိုင်သည်။နောက်ဆုံးလမ်းကြောင်းမှာ အမေရိကန်အနေဖြင့် အင်ဒိုနီးရှားကို Quad တွင် ပါဝင်စေလိုခြင်းဖြစ်သည်။

ထို သေနင်္ဂဗျူဟာအမြင်အရ ကြည့်ပါက အိန္ဒိယနှင့် အင်ဒိုနီးရှားတို့ ရွှေ့လျှားနေသည့် လုံး၀ဆန့်ကျင်ဖက်ဖြစ်သော စိတ်ဝင်စားစရာ လေ့လာမှုတစ်ခုကို ကောက်ချက်ချနိုင်သည်။အိန္ဒိယသည် ဒေသတွင်းတွင် ၎င်းတို့အဆင့်အတန်းမြင့်မားလာမည်ဟူသည့် မှားယွင်းသော မျှော်မှန်းချက်ဖြင့် တည်ငြိမ်မှုပျက်ပြားစေသော အမေရိကန်အကြံအစည်များကို စိတ်အားထက်သန်စွာ လိုက်လံလုပ်ဆောင်နေသော်လည်း အင်ဒိုနီးရှားက ထိုသို့လုပ်ရန် လေးစားစရာကောင်းလောက်အောင် ငြင်းဆန်နေကာ တရုတ်၊ အမေရိကန်တို့နှင့် တန်းတူကောင်းမွန်သော ဆက်ဆံရေးကိုသာ ဆက်လက်လိုလားနေသည်။

၎င်းတို့၏ ပထဝီတည်နေရာနှင့် ကြီးမားသည့်အရွယ်အစားများကို ကြည့်ပါက ရွေးချယ်မှုအသီးသီးသည် အင်ဒို-ပစိဖိတ် ပထဝီနိုင်ငံရေးတွင် ရှည်ကြာသော သက်ရောက်မှုတစ်ခု ထားရစ်မည်ဖြစ်သည်။ထိုသက်ရောက်မှုမှာ အခြားနိုင်ငံများသည် ၎င်းတို့၏ ခြေလှမ်းအတိုင်း လှမ်း၊ မလှမ်း ဆုံးဖြတ်ရာတွင် သြဇာသက်ရောက်မည့် သက်ရောက်မှုဖြစ်သည်။

လက်ရှိအခြေအနေအရဆိုပါက အင်ဒိုနီးရှားပုံစံသည် အခြားနိုင်ငံအားလုံးအတွက် ဓမ္မဒိဋ္ဌာန်ကျစွာ ဆွဲဆောင်မှုအရှိဆုံးပုံစံဖြစ်သည်။ထိုပုံစံသည် တရုတ်ကို ရန်လိုထိန်းချုပ်ရာတွင် အိန္ဒိယနိုင်ငံ၏ အမေရိကန်နှင့် ပိုမိုနီးကပ်လာခြင်းနှင့်မတူဘဲ အခြား တတိယတစ်နိုင်ငံကို ထိခိုက်စေခြင်းမရှိဘဲ နှစ်ဖက်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။

အခြေအနေအရပ်ရပ်ကို စဉ်စားသောအခါ ပွမ်ပီယို၏ တရုတ်ဆန့်ကျင်ထိန်းချုပ်ရေး လုပ်ငန်းစဉ်သည် ကျဆုံးမည်ဖြစ်သည်။အိန္ဒိယစစ်မျက်နှာတွင် မျှော်လင့်ရသည့် ခိုင်မာသောအောင်မြင်မှုအချို့ ရမည်ဖြစ်သော်လည်း Quad အဖွဲ့အတွင်း အင်ဒိုနီးရှားကို သွပ်သွင်းရန်မှာ အောင်မြင်မည်မဟုတ်ဘဲ ထိုခရီးစဉ်၏အမွေကို  ဖွင့်ဆိုမည့်ကိစ္စဖြစ်သည်။အမေရိကန်ဖက်တွင် အင်ဒိုနီးရှားမပါလျှင် တရုတ်နိုင်ငံကိုထိန်းချုပ်ရန် မဖြစ်နိုင်ပေ။

(အယ်ဒီတာမှတ်ချက် - Andrew Korybko မော်စကိုအခြေစိုက် အမေရိကန် နိုင်ငံရေးခွဲခြမ်းစိတ်ဖြာသူဖြစ်သည်။ယခုဆောင်းပါးသည် စာရေးသူ၏ အမြင်သာဖြစ်ပြီး CGTN ၏ အမြင်ဟု မယူဆနိုင်ပေ။)

Linko
Ref : CGTN
အောက်တိုဘာ - ၂၇

( Zawgyi )

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြမ္ပီယိုသည္ ယခုအပတ္အတြင္း အင္ဒို-ပစိဖိတ္ ေလးႏိုင္ငံခရီးစဥ္ ထြက္ခြာေနၿပီး သူသည္ အိႏၵိယ၊ သီရိလကၤာ၊ ေမာ္လ္ဒိုက္ႏွင့္ အင္ဒိုနီးရွားႏိုင္ငံမ်ားသို႔ ေရာက္ရွိမည္ျဖစ္သည္။ကမာၻ၏ ထိုအစိတ္အပိုင္းတြင္ အေမရိကန္၏ တရားဝင္ ထုတ္ျပန္ျခင္းမရွိသည့္ မူဝါဒကို ပုံေဖၚေနသည့္ ေဒသျဖတ္ေက်ာ္ဆက္စပ္ေနသည့္ေနရာတြင္ တ႐ုတ္ႏိုင္ငံကိုထိန္းခ်ဳပ္ရန္ အေမရိကန္၏ အားထုတ္မႈအနက္ ထိုခရီးစဥ္သည္ အခိုင္မာဆုံးထိုးေဖာက္မႈျဖစ္သည္။

သူသည္ ထိုစစ္မ်က္ႏွာတြင္ ျပဳလုပ္ထားေသာ အေရးပါသည့္ တိုးတက္မႈျဖင့္ အိႏၵိယမွ ျပန္လည္ထြက္ခြာမည္ျဖစ္ေသာ္လည္း က်န္ ၃ ႏိုင္ငံသို႔ သြားေရာက္ရျခင္းအတြက္ သူ႔တြင္ ထုတ္ေဖၚျပသရန္ အေၾကာင္းရွိပုံမရေပ။ထိုအေၾကာင္းေၾကာင့္ပင္ ယခုခရီးစဥ္သည္ ထုတ္ေဖၚေျပာဆိုထားျခင္းမရွိေသာ္လည္ အႀကီးအက်ယ္ေဖၚျပေနသည့္ ေသနဂၤဗ်ဴဟာ ရည္မွန္းခ်က္ ေအာင္ျမင္မည္မဟုတ္ေၾကာင္း ႀကိဳတင္ခန႔္မွန္းႏိုင္ေပသည္။

ပြမ္ပီယို ပထမဆုံးသြားေရာက္မည့္ ႏိုင္ငံမွာ အိႏၵိယႏိုင္ငံျဖစ္ၿပီး ႏွစ္ႏိုင္ငံကာကြယ္ေရးႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား ပါဝင္သည့္ ၂+၂ အစည္းအေဝး တက္ေရာက္မည္ျဖစ္သည္။ႏွစ္ႏိုင္ငံတပ္မ်ားအၾကား တတိယအေျခခံသေဘာတူစာခ်ဳပ္ျဖစ္ေသာ ကာလၾကာျမင့္စြာ ညႇိႏႈိင္းထားသည့္ အေျခခံဖလွယ္ေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရး သေဘာတူစာခ်ဳပ္ (BECA) ကို လက္မွတ္ေရးထိုးရန္ ႏွစ္ဖက္လုံးကရည္႐ြယ္သည္။

BECA အရ အိႏၵိယသည္ ပထဝီတည္ေနရာေဖၚထုတ္သည့္ စြမ္းရည္မ်ားကို အသုံးျပဳခြင့္ရမည္ျဖစ္ၿပီး ယခင္ကခ်ဳပ္ဆိုခဲ့ေသာ သယ္ယူပို႔ေဆာင္ေရးစီမံခန႔္ခြဲမႈ ဖလွယ္ေရး နားလည္မႈစာခြၽန္လႊာ သေဘာတူညီခ်က္ (LEMOA) ႏွင့္ ဆက္သြယ္ေရးစြမ္းရည္ႏွင့္ လုံၿခဳံေရး သေဘာတူစာခ်ဳပ္ (COMCASA) တို႔အရ စစ္ဖက္သယ္ယူပို႔ေဆာင္ေရး စီမံခန႔္ခြဲမႈႏွင့္ ဆက္သြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈကို အဆင္ေျပေခ်ာေမြ႕ေအာင္ လုပ္ေဆာင္ေပးသည္။ထိုသေဘာတူညီခ်က္ သုံးခုလုံးသည္ ႏွစ္ႏိုင္ငံလက္နက္ကိုင္တပ္မ်ားအၾကား အျပန္အလွန္လႈပ္ရွားမႈကို တိုးတက္ေစသည္။

သီရိလကၤာသို႔ သူသြားေသာအခါ ပြမ္ပီယိုသည္ အေမရိကန္က သီရိလကၤာကိုေပးရန္ ရည္႐ြယ္သည့္ ေဒၚလာသန္း ၄၈၀ တန္ ေထာင္စုႏွစ္ စိန္ေခၚမႈ ပူးေပါင္းေဆာင္႐ြက္ေရး အကူအညီကို ေဆြးေႏြးမည္ဟု ေမွ်ာ္လင့္ရသည္။တပ္ဖြဲ႕မ်ား၏အဆင့္အတန္း သေဘာတူစာခ်ဳပ္ (SOFA) အေၾကာင္း ေဆြးေႏြးမႈမ်ားလည္း ရွိႏိုင္သည္။ထိုအေၾကာင္းအရာႏွစ္ခုလုံးသည္ ႏိုင္ငံ၏ ၾကားေနႏိုင္ငံျခားေရးမူဝါဒကို ထိန္းသိမ္းရန္ ခက္ခဲေစမည္ျဖစ္ေသာေၾကာင့္ သီရိလကၤာလူ႔အဖြဲ႕အစည္းတြင္ လြန္စြာအျငင္းပြားဖြယ္ျဖစ္ေနသည္။

သူ၏ ေမာ္လ္ဒိုက္ခရီးစဥ္တြင္မူ ပြမ္ပီယိုသည္ ႏွစ္ႏိုင္ငံအၾကား စက္တင္ဘာလက သေဘာတူခဲ့သည့္ ကာကြယ္ေရးသေဘာတူစာခ်ဳပ္အတြက္ ေအာင္ပြဲခံႏိုင္သည္။သူသည္ သီရိလကၤာတြင္လုပ္ေဆာင္ရန္ ႀကိဳးစားခဲ့သည့္အတိုင္း ေမာ္လ္ဒိုက္ကို အေမရိကန္ႏွင့္ ပိုမိုနီးကပ္ေအာင္စည္း႐ုံးရန္ စီးပြားေရးနည္းလမ္းမ်ားကိုလည္း သူႀကိဳးစားမည္ျဖစ္သည္။

ေတာင္တ႐ုတ္ပင္လယ္မွ တ႐ုတ္စခန္းမ်ားကို ေထာက္လွမ္းရန္ ႀကံစည္သည့္ သူလွ်ိဳေလယာဥ္မ်ားကိုလက္ခံရန္ အေမရိကန္ႏိုင္ငံက ေႏြရာသီတစ္ခုလုံး အႀကိမ္ႀကိမ္ေတာင္းဆိုမႈကို အင္ဒိုနီးရွားက ပယ္ခ်ေနသည္ဆိုသည့္ သတင္းမ်ားေၾကာင့္  အင္ဒိုနီးရွားခရီးစဥ္သည္ စိတ္ဝင္စားစရာအေကာင္းဆုံးျဖစ္သည္။ထို႔ေၾကာင့္ အင္ဒိုနီးရွားႏွင့္ တ႐ုတ္ကို ရန္တိုက္ေပးရန္ အေမရိကန္၏ မေအာင္ျမင္ေသာ အားထုတ္မႈမ်ား ယခင္ႏွစ္ႏိုင္ငံဆက္ဆံေရးရွိ ယုံၾကည္မႈကို ထိခိုက္ေစၿပီးေနာက္ ပြမ္ပီယို၏ တာဝန္မွာ ဘက္မလိုက္လႈပ္ရွားမႈကို ထူေထာင္သည့္ ႏိုင္ငံတစ္ခုျဖစ္သည့္ အစဥ္အလာအားျဖင့္ ၾကားေနေသာ အင္ဒိုနီးရွားႏွင့္ ဆက္ဆံေရးကို ျပဳျပင္ဖာေထးရန္ျဖစ္သည္။သူသည္ အင္ဒိုနီးရွားကိုလည္ အေမရိကန္ဖက္ပါေအာင္ ႀကိဳးစားႏိုင္ေသာ္လည္း ယခင္ေလာက္ အျပင္းအထန္ႀကိဳးစားမည္မဟုတ္ေပ။ထို႔ေၾကာင့္ မည္သည့္ထူးျခားေသာ တိုးတက္မႈကိုမွ် ကာလတိုအတြင္း မေမွ်ာ္လင့္ႏိုင္ေပ။

အားလုံးကို ၿခဳံၾကည့္လိုက္ေသာအခါ ထိုခရီးစဥ္ေလးခုႏွင့္ပတ္သက္သည့္ လမ္းေၾကာင္းသုံးခုရွိၿပီး ထိုလမ္းေၾကာင္းမ်ားအနက္ အထင္ရွားဆုံးမွာ စစ္ဖက္ဆိုင္ရာအပိုင္းမ်ားျဖစ္ေနသည္။အိႏၵိယႏွင့္ ေမာ္လ္ဒိုက္သို႔ အေမရိကန္က ႏႈိင္းယွဥ္ခ်က္အားျဖင့္ လက္လွမ္းမီေအာင္ လုပ္ေဆာင္ျခင္းသည္ ေအာင္ျမင္ၿပီးျဖစ္ေသာ္လည္း သီရိလကၤာႏွင့္ပတ္သက္သည့္ အပိုင္းသည္ တုံ႔ဆိုင္းေနၿပီး အင္ဒိုနီးရွားႏွင့္ပတ္သက္သည့္ အပိုင္းသည္ ေအာင္ျမင္ျခင္းမရွိေပ။

ေနာက္ထပ္လမ္းေၾကာင္းတစ္ခုမွာ တ႐ုတ္ကို ေဒသတြင္းတြင္ ခ်ိန္ခြင္လွ်ာညႇိရန္ အိႏၵိယႏိုင္ငံ၏ အဆင့္ကို  ျမႇင့္တင္ေပးရန္ျဖစ္သည္။ထိုသို႔လုပ္ေဆာင္ျခင္းသည္ အိႏၵိယသမုဒၵရာတြင္ ဗိုလ္က်စိုးမိုးရန္ အိႏၵိယ၏ ရည္မွန္းခ်က္ကို ေထာက္ခံရာေရာက္သည္။ထိုအားထုတ္မႈမ်ားကို သီရိလကၤာႏွင့္ ေမာ္လ္ဒိုက္အေပၚ အျပင္းအထန္တြန္းအားေပးပါက ဆန႔္က်င္ခံရမည္ျဖစ္ၿပီး ထိုႏွစ္ႏိုင္ငံသည္ ခ်ိန္ခြင္လွ်ာညႇိသည့္အေနျဖင့္ တ႐ုတ္ႏွင့္ စီးပြားေရးဆက္ဆံေရးမ်ားကို ျမႇင့္တင္ရန္ ႀကိဳးစားႏိုင္သည္။ေနာက္ဆုံးလမ္းေၾကာင္းမွာ အေမရိကန္အေနျဖင့္ အင္ဒိုနီးရွားကို Quad တြင္ ပါဝင္ေစလိုျခင္းျဖစ္သည္။

ထို ေသနဂၤဗ်ဴဟာအျမင္အရ ၾကည့္ပါက အိႏၵိယႏွင့္ အင္ဒိုနီးရွားတို႔ ေ႐ႊ႕လွ်ားေနသည့္ လုံး၀ဆန႔္က်င္ဖက္ျဖစ္ေသာ စိတ္ဝင္စားစရာ ေလ့လာမႈတစ္ခုကို ေကာက္ခ်က္ခ်ႏိုင္သည္။အိႏၵိယသည္ ေဒသတြင္းတြင္ ၎တို႔အဆင့္အတန္းျမင့္မားလာမည္ဟူသည့္ မွားယြင္းေသာ ေမွ်ာ္မွန္းခ်က္ျဖင့္ တည္ၿငိမ္မႈပ်က္ျပားေစေသာ အေမရိကန္အႀကံအစည္မ်ားကို စိတ္အားထက္သန္စြာ လိုက္လံလုပ္ေဆာင္ေနေသာ္လည္း အင္ဒိုနီးရွားက ထိုသို႔လုပ္ရန္ ေလးစားစရာေကာင္းေလာက္ေအာင္ ျငင္းဆန္ေနကာ တ႐ုတ္၊ အေမရိကန္တို႔ႏွင့္ တန္းတူေကာင္းမြန္ေသာ ဆက္ဆံေရးကိုသာ ဆက္လက္လိုလားေနသည္။

၎တို႔၏ ပထဝီတည္ေနရာႏွင့္ ႀကီးမားသည့္အ႐ြယ္အစားမ်ားကို ၾကည့္ပါက ေ႐ြးခ်ယ္မႈအသီးသီးသည္ အင္ဒို-ပစိဖိတ္ ပထဝီႏိုင္ငံေရးတြင္ ရွည္ၾကာေသာ သက္ေရာက္မႈတစ္ခု ထားရစ္မည္ျဖစ္သည္။ထိုသက္ေရာက္မႈမွာ အျခားႏိုင္ငံမ်ားသည္ ၎တို႔၏ ေျခလွမ္းအတိုင္း လွမ္း၊ မလွမ္း ဆုံးျဖတ္ရာတြင္ ၾသဇာသက္ေရာက္မည့္ သက္ေရာက္မႈျဖစ္သည္။

လက္ရွိအေျခအေနအရဆိုပါက အင္ဒိုနီးရွားပုံစံသည္ အျခားႏိုင္ငံအားလုံးအတြက္ ဓမၼဒိ႒ာန္က်စြာ ဆြဲေဆာင္မႈအရွိဆုံးပုံစံျဖစ္သည္။ထိုပုံစံသည္ တ႐ုတ္ကို ရန္လိုထိန္းခ်ဳပ္ရာတြင္ အိႏၵိယႏိုင္ငံ၏ အေမရိကန္ႏွင့္ ပိုမိုနီးကပ္လာျခင္းႏွင့္မတူဘဲ အျခား တတိယတစ္ႏိုင္ငံကို ထိခိုက္ေစျခင္းမရွိဘဲ ႏွစ္ဖက္အက်ိဳးရွိသည့္ ပူးေပါင္းေဆာင္႐ြက္မႈျဖစ္သည္။

အေျခအေနအရပ္ရပ္ကို စဥ္စားေသာအခါ ပြမ္ပီယို၏ တ႐ုတ္ဆန႔္က်င္ထိန္းခ်ဳပ္ေရး လုပ္ငန္းစဥ္သည္ က်ဆုံးမည္ျဖစ္သည္။အိႏၵိယစစ္မ်က္ႏွာတြင္ ေမွ်ာ္လင့္ရသည့္ ခိုင္မာေသာေအာင္ျမင္မႈအခ်ိဳ႕ ရမည္ျဖစ္ေသာ္လည္း Quad အဖြဲ႕အတြင္း အင္ဒိုနီးရွားကို သြပ္သြင္းရန္မွာ ေအာင္ျမင္မည္မဟုတ္ဘဲ ထိုခရီးစဥ္၏အေမြကို  ဖြင့္ဆိုမည့္ကိစၥျဖစ္သည္။အေမရိကန္ဖက္တြင္ အင္ဒိုနီးရွားမပါလွ်င္ တ႐ုတ္ႏိုင္ငံကိုထိန္းခ်ဳပ္ရန္ မျဖစ္ႏိုင္ေပ။

(အယ္ဒီတာမွတ္ခ်က္ - Andrew Korybko ေမာ္စကိုအေျခစိုက္ အေမရိကန္ ႏိုင္ငံေရးခြဲျခမ္းစိတ္ျဖာသူျဖစ္သည္။ယခုေဆာင္းပါးသည္ စာေရးသူ၏ အျမင္သာျဖစ္ၿပီး CGTN ၏ အျမင္ဟု မယူဆႏိုင္ေပ။)

Linko
Ref : CGTN
ေအာက္တိုဘာ - ၂၇