【 နိုင်ငံတကာဆောင်းပါး 】 “တရုတ် - အမေရိကန် ဆက်ဆံရေးမှာ ရေရှည်အမြင်”

【 နိုင်ငံတကာဆောင်းပါး 】 “တရုတ် - အမေရိကန် ဆက်ဆံရေးမှာ ရေရှည်အမြင်”

မိမိတို့၏ ကမ္ဘာတဝန်းကူးစက်ရောဂါရာသီအတွင်း တရုတ် - အမေရိကန် ဆက်ဆံရေးအတွက် မျှော်လင့်ချက် ငွေရောင်အနားသတ်တစ်ခုရှိနေသေးသည်။ထိုမျှော်လင့်ချက် ငွေရောင်အနားသတ်သည် ထိုနေရာတွင်အမြဲတမ်းရှိနေပြီး ထိုနှစ်နိုင်ငံကိုသာမက ပြိုကွဲနေသော မိမိတို့၏ဂြိုဟ်ကြီးမှ လူသားအားလုံးကိုပင် အထောက်အကူပြုနေသည်။

နောက်ခံအကြောင်းများမှာ ဆိုးကျိုးများကိုဖြစ်စေပြီး နေရာတိုင်းတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် လွတ်လပ်မှုများကျဆင်းသည့်လက္ခဏာများ တွေ့နေရသောကြောင့် အဆိုးမြင်သမားတစ်ဦးကမူ ထိုအချက်သည် ခိုင်မာမှုမရှိသော လိုရာဆွဲသည့် အတွေးဖြစ်သည်ဟု ငြင်းခုန်နိုင်သည်။

ထိုအချက်များသည် အမှန်တရားများဖြစ်ကြောင်း အတန်အသင့်ထင်ရှားသည်။ကြီးထွားနေသော ရန်လိုမှုများနှင့်အတူ ဒေါ်နယ်ထရမ့်အစိုးရက တရုတ်နိုင်ငံကိုဆန့်ကျင်ပြီး နိုင်ငံရေးအနှစ်သာမရှိဘဲ ရွေးကောက်ပွဲဦးတည်သည့် လုပ်ရပ်များကို လုပ်ဆောင်နေသည်။ထိုလုပ်ရပ်များတွင် အမေရိကန်လေယာဉ်တင်သင်္ဘောများကို တောင်တရုတ်ပင်လယ်တွင် ချထားခြင်း၊ ထိုင်ဝမ်ကို လက်နက်တပ်ဆင်ခြင်း၊ တရုတ်အပလီကေးရှင်းများဖြစ်သော WeChat နှင့် TikTok ကို ကန့်သတ်ပိတ်ပင်ခြင်း၊ Huawei ကို အနောက်တိုင်းဈေးကွက်မှထွက်ခွာရန် ဖိအားပေးခြင်း၊ တရုတ်သတင်းဌာနများနှင့် သတင်းသမားများကို အနှောက်အယှက်ပေးခြင်း၊ ဟော့စတန်မှ တရုတ်ကောင်စစ်ဝန်ရုံးကို အငြင်းပွားဖွယ်ရာပိတ်ပစ်ခြင်း၊ လူမှုအခြေပြုအဖွဲ့အစည်းအစီအစဉ်များနှင့် ယဉ်ကျေးမှုအခမ်းအနားများကို လမ်းကြောင်းလွဲချော်အောင်ပြုလုပ်ခြင်း၊ ဘွဲ့ယူမည့်ကျောင်းသားများနှင့် ပိုမိုအဆင့်မြင့်သည့် ပညာသင်ယူနေသော ကျောင်းသားများ၏ ပြည်ဝင်ခွင့်ကို ဖျက်သိမ်းခြင်းနှင့် လေဆိပ်များတွင် သိပ္ပံသုတေသီများကို စစ်ဆေးခြင်းတို့ ပါဝင်သည်။

ထိုအချက်များသည် နှစ်နိုင်ငံအကြား အဖျက်သဘောဆောင်သော မိုင်းကွင်းများဖြစ်ပြီး မရေမရာဖြစ်နေပုံရသည်။စိတ်မပျက်ဘဲနေရန်ခက်သည်။ပိုမိုပြင်းထန်သော ဝေဖန်မှုများနှင့် တွက်ချက်မှုများသည် အပေးအယူဆရာကြီးများနှင့် အမြင်ဝေဝါးသူများအတွက် ကာလတိုတွင် အသုံးဝင်နိုင်သော်လည်း ၎င်းတို့သည် တရုတ်နိုင်ငံ၏ ရေရှည်ရည်မှန်းချက်များကို သက်ရောက်နိုင်ခြင်းမရှိကြပေ။

ထိုကဲ့သို့စဉ်းစားလျှင် တရုတ်နိုင်ငံသည် မုန်တိုင်းတိမ်လိပ်များအကြားတွင် တည်ရှိနေသည်။သို့သော် တရုတ်နိုင်ငံသည် ပိုမိုကောင်းမွန်သောအပိုင်းကို ရှာဖွေနိုင်ခဲ့ပြီး ထရမ့်အစိုးရ အဆင့်မြင့်အရာရှိများ၏ နိုင်ငံရေးနှင့် သဘောတရားရေး အမြင်များသည် အမေရိကန်ပြည်သူများ၊ လုပ်ငန်းများ၊ ယဉ်ကျေးမှုအဖွဲ့အစည်းများနှင့် ပညာရှင်အများအပြားကို ထင်ဟပ်ခြင်းမရှိကြောင်း သိမြင်သည်။ကုန်သွယ်ဖက်များဖြစ်ပြီး နိုင်ငံရေးအရ အခြေခံကွဲလွဲမှုရှိသော်လည်း တရုတ်နှင့် အမေရိကန်နိုင်ငံတို့၏ အကျိုးစီးပွားများသည် အပြန်အလှန်ဆက်စပ်နေပြီး ခွဲခြားမရပေ။ထိုပြဿနာ၏ ကြီးမားသောအစိတ်အပိုင်းတွင် တရုတ်နိုင်ငံသည် လောင်းကြေးကိုမမြှင့်ဘဲ သို့မဟုတ် အန္တရာယ်များလှသော အာသာဖြေမှုကို အရှုံးမပေးဘဲ ထရမ့်အစိုးရ၏ မွဲပြာကျ မှားယွင်းထိန်းချုပ်မှုမရှိသော လုပ်ရပ်များနှင့် ကြောက်မက်ဖွယ်ရှုပ်ထွေးသည့် လုပ်ရပ်များကို တုံ့ပြန်နေသည်။ချစ်ကြည်ရေးလုပ်ရပ်အနေဖြင့် တရုတ်နိုင်ငံသည် မလိုအပ်သော တင်းမာမှုမြှင့်တင်ခြင်း သို့မဟုတ် ဆက်ဆံရေးကို အန္တရာယ်ကျရောက်စေမည့် သတိလက်လွတ်ပြုမူခြင်းမရှိခဲ့ပေ။တရုတ်နိုင်ငံသည် အမေရိကန်အတွက် ချေးငွေများကို ငွေတိုက်စာချုပ်နှင့် ငွေချေးစာချုပ်များ အသွင်ဖြင့်ပင် ဒေါ်လာ ၁ ထရီလီယံကျော်ဖိုး ဝယ်ယူလိုက်သေးသည်။

လမ်းကြောင်းမှန်တွင် လျှောက်လှမ်းခြင်းအားဖြင့် ကမ္ဘာ့ဒုတိယအကြီးမားဆုံးစီးပွားရေးဖြစ်သော တရုတ်နိုင်ငံသည် ၎င်းအတွက် ကမ္ဘာတွင်နေရာတစ်ခုကိုရခဲ့ပြီး အမေရိကန်ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် လယ်သမားများအတွက် မျှော်လင့်ချက် ငွေရောင်အနားသတ်ပင်ဖြစ်ခဲ့သည်။ကောင်းမွန်သောအချက်တစ်ခုမှာ ဘေဂျင်းမှ နိုင်ငံရေးအလွှာသည် ဆက်လက် လက်တွေ့ကျနေပြီး နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂ ပဋိညာဉ်စံနှုန်းများအရ မည်သည့်အချိန်တွင် ရပ်တန့်ရမည်နှင့် မည်သည့်အချိန် ရှေ့ဆက်တွန်းအားပေးရမည်ကို သိနေခြင်းဖြစ်သည်။

အထူးသဖြင့် ဘေကျင်းမှ နိုင်ငံရေးအလွှာသည် ထိတွေ့ဆက်ဆံရေးမူများမှတဆင့် ဖျောင်းဖျပြောဆိုရန် စိတ်ကူးကိုမြှင့်တင်ကြသောကြောင့် အရာရာသည် မင်္ဂလာရှိနေပုံရသည်။သမ္မတရှီကျင့်ဖျင် က အားပေးသည့်အတိုင်း တရုတ်နိုင်ငံသည် အခြားကိစ္စများအပြင် အနောက်တိုင်းကုန်သွယ်မှုအတွက် စားသုံးသူ ၁.၄ ဘီလီယံကို စီးပွားရေးတံခါးဖွင့်ပေးရေးနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်ကာကွယ်ရေး မူဝါဒများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သည်။

တရုတ်နိုင်ငံသည်လည်း ဂုဏ်သတင်းကောင်းကို ဂရုစိုက်ရသည်။တရုတ်နိုင်ငံသည် ပြည်တွင်းတွင် မျှတစွာအုပ်ချုပ်ပြီး ပြည်ပတွင်တာဝန်ခံသော သိမ်မွေ့သောအာဏာကို ထိခိုက်အောင်ပြုလုပ်ရန် မည်သည့်အခါကမျှ မကြိုးစားခဲ့ပေ။တရုတ်နိုင်ငံသည် နှစ်နိုင်ငံစာချုပ်များနှင့် နိုင်ငံတကာစာချုပ်များကို စီမံမှုမှားယွင်းခြင်း သို့မဟုတ် နုတ်ထွက်ခြင်းလည်း မရှိခဲ့ပေ။နိုင်ငံတကာ တာဝန်ဝတ္တရားများနှင့် ကတိကဝတ်များကို အကောင်အထည်ဖေါ်ရာတွင် ရိုးသားမှုရှိသည်။

နှစ်နိုင်ငံဆက်ဆံရေး ထူထောင်ထားသည်မှာ နှစ်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်ပြီ ထိုဆက်ဆံရေးကို ကာကွယ်ပေးသင့်သောကြောင့် ထိုအချက်သည်အရေးပါသည်။မည်သူကစတင်အလျှော့ပေးသည်၊ စီးပွားရေးအပြန်အလှန်မှီခိုမှုကို မည်သူကစတင်ထိခိုက်စေသည်တို့ရှိသော်လည်း အင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးသည် အနိမ့်ဆုံးသို့ရောက်နေကာမူ ပြဿနာကို ဖြေရှင်းနိုင်ကြသည်။

ဖြစ်နိုင်ခြေရှိသော ရလဒ်များကို အပြန်အလှန်အပြစ်တင်ခြင်းနှင့် ကမ္ဘာတဝှမ်းကူးစက်ရောဂါက ပြောင်းလဲပစ်လိုက်သောကြောင့် ရှေ့ဆက်မည်သို့ဖြစ်မည်ကို မည်သူမျှအသေအချာမပြောနိုင်ကြပေ။သို့သော် ဥပမာအားဖြင့်ဆိုပါက နှစ်ဖက်စလုံးသည် ၎င်းတို့၏ကုန်သွယ်ရေးစစ်ပွဲကို ပျော့ပြောင်းအောင်လုပ်ဆောင်နိုင်ခဲ့သည်။နှစ်နိုင်ငံတို့သည် ဇန်နဝါရီလတွင် ပထမအဆင့် ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။တရုတ်နိုင်ငံက လယ်ယာထုတ်ကုန်များ ဝယ်ယူသောကြောင့် ထရမ့် က ဒုတိယအဆင့် သဘောတူညီမှုကို လိုလားသည်ဟုဆိုကြပြီး ထိုအချက်ကြောင့် ငွေပြတ်နေသော အမေရိကန်လယ်သမားများအတွက် သက်သာရာရသည်။

သို့သော် ထိုအချက်သည် ၎င်းတို့၏အလားအလာများကို အပြည့်အ၀အကောင်အထည်ဖေါ်ရန် သို့မဟုတ် အတူတကွနေထိုင်ရန် ကြိုးစားနေသော အစိုးရနှစ်ခုသက်သက်သာမဟုတ်ပေ။နိုင်ငံအများစုသည် အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံလုံးနှင့် အစွမ်းကုန် ဆက်ဆံရေးထူထောင်ရန် ကြိုးစားနေသောကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့်တိုးတက်မှုကို ကူညီထိန်းသိမ်းပေးနေသည့် တရားဥပဒေစိုးမိုးမှုနှင့် နိုင်ငံစုံဝါဒလည်းဖြစ်သည်။

မုန်းတီးမှုကင်းမဲ့သည့် စနစ်ကျပြီး အကျိုးရှိသောဆက်ဆံရေး။မုန်းတီးစရာ ကုန်သွယ်ရေးနှင့် နည်းပညာစစ်ပွဲ ကင်းမဲ့၊ စနစ်ကျပြီး အကျိုးရှိကာ အပြန်အလှန်နားလည်မှုနှင့် မျှဝေယူသောအကျိုးစီးပွားကို အခြေခံသည့် ဆက်ဆံရေးသည် ကမ္ဘာ့စနစ်နှင့် လုံခြုံရေးကို ထူထောင်ရာတွင် အထောက်အကူပြုသည်။ဗိုလ်ကျစိုးမိုးခြင်းနှင့် ကန့်သတ်ထိန်းချုပ်ခြင်းသည် ဆက်ဆံရေးကို အပြန်အလှန်ယုံကြည်မှုမှ သေနင်္ဂဗျူဟာ ပွတ်တိုက်မှုနှင့် သဘောတရားရေးရာတိုက်ပွဲအဖြစ် အကြောင်းမဲ့ဖြစ်စေသည်ကို ပြောရန်မလိုတော့ပေ။ကျဆင်းနေသော ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့စီးပွားရေးကိုသာမက ၎င်းတို့၏ နိုင်ငံသားများနှင့် ဈေးကွက်များကိုလည်း ထိခိုက်စေသည်။ထိုအချက်သည် အခိုင်အမာထူထောင်ပြီးသော အချက်ဖြစ်သည်။နိုင်ငံစုံဝါဒစနစ်တွင် နယ်နိမိတ်များကို အလေးမထားသည့် ဆိုးရွားသော ကမ္ဘာတဝှမ်းကူးစက်ရောဂါ ဖြစ်ပွားနေချိန်တွင် အင်အားကြီးနှစ်နိုင်ငံတို့သည် လက်တွေ့ကျသော နိုင်ငံရေးနှင့် ပေါင်းစည်းမှုကို ချိန်ညှိခြင်းဖြင့် တစ်နိုင်ငံကတစ်နိုင်ငံကို နေရာပေးရန်လိုသည်။ထိုသို့လုပ်ဆောင်ခြင်းသည် အနာဂါတ်တွင် မုန်းတီးမှုမဖြစ်စေဘဲ ကျိုးကြောင်းဆီလျှော် ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းအတွက် လုပ်ဆောင်ခြင်းဖြစ်သည်။

၂၁ ရာစု အများပြည်သူကျန်းမာရေး အိပ်မက်ဆိုး၊ ရာသီဥတုပြောင်းလဲမှု၊ အကြမ်းဖက်ဝါဒ၊ ဂိုဏ်းဖွဲ့ရာဇဝတ်မှုနှင့် ဆိုက်ဘာရာဇဝတ်မှု စသည့် နိုင်ငံဖြတ်ကျော် ပြဿနာများကြောင့် ဒုက္ခရောက်နေသော ကမ္ဘာတွင် တရုတ်နှင့် အမေရိကန်တို့သည် ဥရောပနှင့် အခြားနိုင်ငံများ အလားတူပူးပေါင်းဆောင်ရွက်ပါက အကျိုးရှိမည်ဖြစ်သည်။

လက်ရှိတောင်းဆိုမှုနှင့် လမ်းကြောင်းများကိုအခြေခံပြီး ဖြစ်နိုင်ခြေများကို စဉ်းစားခြင်းဖြင့် ဝါရှင်တန်နှင့် ဘေဂျင်းတို့သည် ထိုအချက်ကို အသေးစိတ်စဉ်းစားရန် အချိန်ရသည်။မှန်ကန်သောရွေးချယ်မှုများဖြင့် ဘေဂျင်းသည် ပကတိတရားသစ်နှင့်အညီ ဆက်ဆံရေးပုံစံသစ်တစ်ခုကို ပြုလုပ်ပြီး ကောင်းစွာဖွင့်ဆိုထားသည့် အခွင်အလမ်းများကို ပေးခဲ့ပြီးဖြစ်သည်။ထရမ့်အစိုးရအနေဖြင့်  ၎င်း၏ မိမိကိုယ်မိမိကျဆုံးစေပြီး အခြေခံကို ထိခိုက်စေသည့် သေနင်္ဂဗျူဟာအဖြစ် အစွမ်းကုန်ချုပ်ကိုင်ခြင်းနှင့် အပေါ်စည်းယူမှုကို ရှောင်ရှားရန်လိုသည်။

ကမ္ဘာ့အမြင်အရကြည့်ပါက ဆိုးရွားနေသော ဆက်ဆံရေးတွင် အတက်အကျများရှိနိုင်သော်လည်း အန္တရယ်ရှိသော ဆက်ဆံရေးနိမ့်ကျမှုအသစ်ကို တွန်းအားပေးပြီး အပေါ်ယံကောင်းမွန်မှုကိုသာ တင်ပြနေလျှင် မည်သူ့အတွက်မျှ အကျိုးရှိမည်မဟုတ်ပေ။ကမ္ဘာ၏ လက်ရှိအခြေအနေအရ အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံလုံးသည် တစ်နိုင်ငံချင်းစီ၏ စီးပွားရေးပုံစံများ၏ တရားဝင်မှုကို အသိအမှတ်ပြုရမည်ဖြစ်ပြီး မျှဝေပိုင်ဆိုင်သည့် အနာဂါတ်အတွက် လမ်းခင်းပေးရန် အဓိကသဘောတရားများနှင့် တန်ဖိုးများကို လေးစားရမည်ဖြစ်သည်။ရှေ့သို့မျှော်ကြည့်ကာ ဖြစ်နိုင်ခြေအားလုံးကို စဉ်းစားသောအခါ ဆက်ဆံရေးသည် ကာလတိုအတွင်း မည်သည့်ပုံစံရှိမည်ကို ပြောရန်ခက်သည်။အပ်ကြောင်းထပ်နေသော စကားကိုပင်ပြောရမည်ဆိုပါက ထိုဆက်ဆံရေးသည် ပြန်လည်မကောင်းမွန်မည် ဆက်လက်ဆိုးရွားနေနိုင်သည်။သို့သော် သေချာသောအချက်မှာ ရေရှည်အမြင်မှာမူ အပြုသဘောဆောင်ပြီး အားလုံးလိုလားသောအရာလည်းဖြစ်သည်။

(အယ်ဒီတာမှတ်ချက် - ဘော်ဘီနာဒါရီသည် သတင်းသမား၊ စာစောင်များတွင် ဆောင်းပါးရှင်၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှတ်တမ်း ရိုက်ကူးသူနှင့် Writers Guild of Great Britain ၏ အဖွဲ့ဝင်ဖြစ်ပါသည်။စာရေးသူ၏ ထင်မြင်ချက်များသည် CGTN ၏ အမြင်ကို ထင်ဟပ်သည်ဟု ယူဆရန်မလိုပါ။)

Linko
စက်တင်ဘာ - ၈

( Zawgyi )

မိမိတို႔၏ ကမာၻတဝန္းကူးစက္ေရာဂါရာသီအတြင္း တ႐ုတ္ - အေမရိကန္ ဆက္ဆံေရးအတြက္ ေမွ်ာ္လင့္ခ်က္ ေငြေရာင္အနားသတ္တစ္ခုရွိေနေသးသည္။ထိုေမွ်ာ္လင့္ခ်က္ ေငြေရာင္အနားသတ္သည္ ထိုေနရာတြင္အၿမဲတမ္းရွိေနၿပီး ထိုႏွစ္ႏိုင္ငံကိုသာမက ၿပိဳကြဲေနေသာ မိမိတို႔၏ၿဂိဳဟ္ႀကီးမွ လူသားအားလုံးကိုပင္ အေထာက္အကူျပဳေနသည္။

ေနာက္ခံအေၾကာင္းမ်ားမွာ ဆိုးက်ိဳးမ်ားကိုျဖစ္ေစၿပီး ေနရာတိုင္းတြင္ ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ လြတ္လပ္မႈမ်ားက်ဆင္းသည့္လကၡဏာမ်ား ေတြ႕ေနရေသာေၾကာင့္ အဆိုးျမင္သမားတစ္ဦးကမူ ထိုအခ်က္သည္ ခိုင္မာမႈမရွိေသာ လိုရာဆြဲသည့္ အေတြးျဖစ္သည္ဟု ျငင္းခုန္ႏိုင္သည္။

ထိုအခ်က္မ်ားသည္ အမွန္တရားမ်ားျဖစ္ေၾကာင္း အတန္အသင့္ထင္ရွားသည္။ႀကီးထြားေနေသာ ရန္လိုမႈမ်ားႏွင့္အတူ ေဒၚနယ္ထရမ့္အစိုးရက တ႐ုတ္ႏိုင္ငံကိုဆန႔္က်င္ၿပီး ႏိုင္ငံေရးအႏွစ္သာမရွိဘဲ ေ႐ြးေကာက္ပြဲဦးတည္သည့္ လုပ္ရပ္မ်ားကို လုပ္ေဆာင္ေနသည္။ထိုလုပ္ရပ္မ်ားတြင္ အေမရိကန္ေလယာဥ္တင္သေဘၤာမ်ားကို ေတာင္တ႐ုတ္ပင္လယ္တြင္ ခ်ထားျခင္း၊ ထိုင္ဝမ္ကို လက္နက္တပ္ဆင္ျခင္း၊ တ႐ုတ္အပလီေကးရွင္းမ်ားျဖစ္ေသာ WeChat ႏွင့္ TikTok ကို ကန႔္သတ္ပိတ္ပင္ျခင္း၊ Huawei ကို အေနာက္တိုင္းေဈးကြက္မွထြက္ခြာရန္ ဖိအားေပးျခင္း၊ တ႐ုတ္သတင္းဌာနမ်ားႏွင့္ သတင္းသမားမ်ားကို အေႏွာက္အယွက္ေပးျခင္း၊ ေဟာ့စတန္မွ တ႐ုတ္ေကာင္စစ္ဝန္႐ုံးကို အျငင္းပြားဖြယ္ရာပိတ္ပစ္ျခင္း၊ လူမႈအေျချပဳအဖြဲ႕အစည္းအစီအစဥ္မ်ားႏွင့္ ယဥ္ေက်းမႈအခမ္းအနားမ်ားကို လမ္းေၾကာင္းလြဲေခ်ာ္ေအာင္ျပဳလုပ္ျခင္း၊ ဘြဲ႕ယူမည့္ေက်ာင္းသားမ်ားႏွင့္ ပိုမိုအဆင့္ျမင့္သည့္ ပညာသင္ယူေနေသာ ေက်ာင္းသားမ်ား၏ ျပည္ဝင္ခြင့္ကို ဖ်က္သိမ္းျခင္းႏွင့္ ေလဆိပ္မ်ားတြင္ သိပၸံသုေတသီမ်ားကို စစ္ေဆးျခင္းတို႔ ပါဝင္သည္။

ထိုအခ်က္မ်ားသည္ ႏွစ္ႏိုင္ငံအၾကား အဖ်က္သေဘာေဆာင္ေသာ မိုင္းကြင္းမ်ားျဖစ္ၿပီး မေရမရာျဖစ္ေနပုံရသည္။စိတ္မပ်က္ဘဲေနရန္ခက္သည္။ပိုမိုျပင္းထန္ေသာ ေဝဖန္မႈမ်ားႏွင့္ တြက္ခ်က္မႈမ်ားသည္ အေပးအယူဆရာႀကီးမ်ားႏွင့္ အျမင္ေဝဝါးသူမ်ားအတြက္ ကာလတိုတြင္ အသုံးဝင္ႏိုင္ေသာ္လည္း ၎တို႔သည္ တ႐ုတ္ႏိုင္ငံ၏ ေရရွည္ရည္မွန္းခ်က္မ်ားကို သက္ေရာက္ႏိုင္ျခင္းမရွိၾကေပ။

ထိုကဲ့သို႔စဥ္းစားလွ်င္ တ႐ုတ္ႏိုင္ငံသည္ မုန္တိုင္းတိမ္လိပ္မ်ားအၾကားတြင္ တည္ရွိေနသည္။သို႔ေသာ္ တ႐ုတ္ႏိုင္ငံသည္ ပိုမိုေကာင္းမြန္ေသာအပိုင္းကို ရွာေဖြႏိုင္ခဲ့ၿပီး ထရမ့္အစိုးရ အဆင့္ျမင့္အရာရွိမ်ား၏ ႏိုင္ငံေရးႏွင့္ သေဘာတရားေရး အျမင္မ်ားသည္ အေမရိကန္ျပည္သူမ်ား၊ လုပ္ငန္းမ်ား၊ ယဥ္ေက်းမႈအဖြဲ႕အစည္းမ်ားႏွင့္ ပညာရွင္အမ်ားအျပားကို ထင္ဟပ္ျခင္းမရွိေၾကာင္း သိျမင္သည္။ကုန္သြယ္ဖက္မ်ားျဖစ္ၿပီး ႏိုင္ငံေရးအရ အေျခခံကြဲလြဲမႈရွိေသာ္လည္း တ႐ုတ္ႏွင့္ အေမရိကန္ႏိုင္ငံတို႔၏ အက်ိဳးစီးပြားမ်ားသည္ အျပန္အလွန္ဆက္စပ္ေနၿပီး ခြဲျခားမရေပ။ထိုျပႆနာ၏ ႀကီးမားေသာအစိတ္အပိုင္းတြင္ တ႐ုတ္ႏိုင္ငံသည္ ေလာင္းေၾကးကိုမျမႇင့္ဘဲ သို႔မဟုတ္ အႏၲရာယ္မ်ားလွေသာ အာသာေျဖမႈကို အရႈံးမေပးဘဲ ထရမ့္အစိုးရ၏ မြဲျပာက် မွားယြင္းထိန္းခ်ဳပ္မႈမရွိေသာ လုပ္ရပ္မ်ားႏွင့္ ေၾကာက္မက္ဖြယ္ရႈပ္ေထြးသည့္ လုပ္ရပ္မ်ားကို တုံ႔ျပန္ေနသည္။ခ်စ္ၾကည္ေရးလုပ္ရပ္အေနျဖင့္ တ႐ုတ္ႏိုင္ငံသည္ မလိုအပ္ေသာ တင္းမာမႈျမႇင့္တင္ျခင္း သို႔မဟုတ္ ဆက္ဆံေရးကို အႏၲရာယ္က်ေရာက္ေစမည့္ သတိလက္လြတ္ျပဳမူျခင္းမရွိခဲ့ေပ။တ႐ုတ္ႏိုင္ငံသည္ အေမရိကန္အတြက္ ေခ်းေငြမ်ားကို ေငြတိုက္စာခ်ဳပ္ႏွင့္ ေငြေခ်းစာခ်ဳပ္မ်ား အသြင္ျဖင့္ပင္ ေဒၚလာ ၁ ထရီလီယံေက်ာ္ဖိုး ဝယ္ယူလိုက္ေသးသည္။

လမ္းေၾကာင္းမွန္တြင္ ေလွ်ာက္လွမ္းျခင္းအားျဖင့္ ကမာၻ႔ဒုတိယအႀကီးမားဆုံးစီးပြားေရးျဖစ္ေသာ တ႐ုတ္ႏိုင္ငံသည္ ၎အတြက္ ကမာၻတြင္ေနရာတစ္ခုကိုရခဲ့ၿပီး အေမရိကန္ျပည္သူမ်ား၊ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ လယ္သမားမ်ားအတြက္ ေမွ်ာ္လင့္ခ်က္ ေငြေရာင္အနားသတ္ပင္ျဖစ္ခဲ့သည္။ေကာင္းမြန္ေသာအခ်က္တစ္ခုမွာ ေဘဂ်င္းမွ ႏိုင္ငံေရးအလႊာသည္ ဆက္လက္ လက္ေတြ႕က်ေနၿပီး ႏိုင္ငံတကာဥပေဒႏွင့္ ကုလသမဂၢ ပဋိညာဥ္စံႏႈန္းမ်ားအရ မည္သည့္အခ်ိန္တြင္ ရပ္တန႔္ရမည္ႏွင့္ မည္သည့္အခ်ိန္ ေရွ႕ဆက္တြန္းအားေပးရမည္ကို သိေနျခင္းျဖစ္သည္။

အထူးသျဖင့္ ေဘက်င္းမွ ႏိုင္ငံေရးအလႊာသည္ ထိေတြ႕ဆက္ဆံေရးမူမ်ားမွတဆင့္ ေဖ်ာင္းဖ်ေျပာဆိုရန္ စိတ္ကူးကိုျမႇင့္တင္ၾကေသာေၾကာင့္ အရာရာသည္ မဂၤလာရွိေနပုံရသည္။သမၼတရွီက်င့္ဖ်င္ က အားေပးသည့္အတိုင္း တ႐ုတ္ႏိုင္ငံသည္ အျခားကိစၥမ်ားအျပင္ အေနာက္တိုင္းကုန္သြယ္မႈအတြက္ စားသုံးသူ ၁.၄ ဘီလီယံကို စီးပြားေရးတံခါးဖြင့္ေပးေရးႏွင့္ ဉာဏပစၥည္းမူပိုင္ခြင့္ကာကြယ္ေရး မူဝါဒမ်ားကို ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္သည္။

တ႐ုတ္ႏိုင္ငံသည္လည္း ဂုဏ္သတင္းေကာင္းကို ဂ႐ုစိုက္ရသည္။တ႐ုတ္ႏိုင္ငံသည္ ျပည္တြင္းတြင္ မွ်တစြာအုပ္ခ်ဳပ္ၿပီး ျပည္ပတြင္တာဝန္ခံေသာ သိမ္ေမြ႕ေသာအာဏာကို ထိခိုက္ေအာင္ျပဳလုပ္ရန္ မည္သည့္အခါကမွ် မႀကိဳးစားခဲ့ေပ။တ႐ုတ္ႏိုင္ငံသည္ ႏွစ္ႏိုင္ငံစာခ်ဳပ္မ်ားႏွင့္ ႏိုင္ငံတကာစာခ်ဳပ္မ်ားကို စီမံမႈမွားယြင္းျခင္း သို႔မဟုတ္ ႏုတ္ထြက္ျခင္းလည္း မရွိခဲ့ေပ။ႏိုင္ငံတကာ တာဝန္ဝတၱရားမ်ားႏွင့္ ကတိကဝတ္မ်ားကို အေကာင္အထည္ေဖၚရာတြင္ ႐ိုးသားမႈရွိသည္။

ႏွစ္ႏိုင္ငံဆက္ဆံေရး ထူေထာင္ထားသည္မွာ ႏွစ္ေပါင္း ၄၀ ေက်ာ္ရွိၿပီျဖစ္ၿပီ ထိုဆက္ဆံေရးကို ကာကြယ္ေပးသင့္ေသာေၾကာင့္ ထိုအခ်က္သည္အေရးပါသည္။မည္သူကစတင္အေလွ်ာ့ေပးသည္၊ စီးပြားေရးအျပန္အလွန္မွီခိုမႈကို မည္သူကစတင္ထိခိုက္ေစသည္တို႔ရွိေသာ္လည္း အင္အားႀကီးႏွစ္ႏိုင္ငံအၾကား ဆက္ဆံေရးသည္ အနိမ့္ဆုံးသို႔ေရာက္ေနကာမူ ျပႆနာကို ေျဖရွင္းႏိုင္ၾကသည္။

ျဖစ္ႏိုင္ေျခရွိေသာ ရလဒ္မ်ားကို အျပန္အလွန္အျပစ္တင္ျခင္းႏွင့္ ကမာၻတဝွမ္းကူးစက္ေရာဂါက ေျပာင္းလဲပစ္လိုက္ေသာေၾကာင့္ ေရွ႕ဆက္မည္သို႔ျဖစ္မည္ကို မည္သူမွ်အေသအခ်ာမေျပာႏိုင္ၾကေပ။သို႔ေသာ္ ဥပမာအားျဖင့္ဆိုပါက ႏွစ္ဖက္စလုံးသည္ ၎တို႔၏ကုန္သြယ္ေရးစစ္ပြဲကို ေပ်ာ့ေျပာင္းေအာင္လုပ္ေဆာင္ႏိုင္ခဲ့သည္။ႏွစ္ႏိုင္ငံတို႔သည္ ဇန္နဝါရီလတြင္ ပထမအဆင့္ ကုန္သြယ္ေရးသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့သည္။တ႐ုတ္ႏိုင္ငံက လယ္ယာထုတ္ကုန္မ်ား ဝယ္ယူေသာေၾကာင့္ ထရမ့္ က ဒုတိယအဆင့္ သေဘာတူညီမႈကို လိုလားသည္ဟုဆိုၾကၿပီး ထိုအခ်က္ေၾကာင့္ ေငြျပတ္ေနေသာ အေမရိကန္လယ္သမားမ်ားအတြက္ သက္သာရာရသည္။

သို႔ေသာ္ ထိုအခ်က္သည္ ၎တို႔၏အလားအလာမ်ားကို အျပည့္အ၀အေကာင္အထည္ေဖၚရန္ သို႔မဟုတ္ အတူတကြေနထိုင္ရန္ ႀကိဳးစားေနေသာ အစိုးရႏွစ္ခုသက္သက္သာမဟုတ္ေပ။ႏိုင္ငံအမ်ားစုသည္ အေမရိကန္ႏွင့္ တ႐ုတ္ ႏွစ္ႏိုင္ငံလုံးႏွင့္ အစြမ္းကုန္ ဆက္ဆံေရးထူေထာင္ရန္ ႀကိဳးစားေနေသာေၾကာင့္ ကမာၻ႔ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္မႈႏွင့္တိုးတက္မႈကို ကူညီထိန္းသိမ္းေပးေနသည့္ တရားဥပေဒစိုးမိုးမႈႏွင့္ ႏိုင္ငံစုံဝါဒလည္းျဖစ္သည္။

မုန္းတီးမႈကင္းမဲ့သည့္ စနစ္က်ၿပီး အက်ိဳးရွိေသာဆက္ဆံေရး။မုန္းတီးစရာ ကုန္သြယ္ေရးႏွင့္ နည္းပညာစစ္ပြဲ ကင္းမဲ့၊ စနစ္က်ၿပီး အက်ိဳးရွိကာ အျပန္အလွန္နားလည္မႈႏွင့္ မွ်ေဝယူေသာအက်ိဳးစီးပြားကို အေျခခံသည့္ ဆက္ဆံေရးသည္ ကမာၻ႔စနစ္ႏွင့္ လုံၿခဳံေရးကို ထူေထာင္ရာတြင္ အေထာက္အကူျပဳသည္။ဗိုလ္က်စိုးမိုးျခင္းႏွင့္ ကန႔္သတ္ထိန္းခ်ဳပ္ျခင္းသည္ ဆက္ဆံေရးကို အျပန္အလွန္ယုံၾကည္မႈမွ ေသနဂၤဗ်ဴဟာ ပြတ္တိုက္မႈႏွင့္ သေဘာတရားေရးရာတိုက္ပြဲအျဖစ္ အေၾကာင္းမဲ့ျဖစ္ေစသည္ကို ေျပာရန္မလိုေတာ့ေပ။က်ဆင္းေနေသာ ပူးေပါင္းေဆာင္႐ြက္မႈသည္ ကမာၻ႔စီးပြားေရးကိုသာမက ၎တို႔၏ ႏိုင္ငံသားမ်ားႏွင့္ ေဈးကြက္မ်ားကိုလည္း ထိခိုက္ေစသည္။ထိုအခ်က္သည္ အခိုင္အမာထူေထာင္ၿပီးေသာ အခ်က္ျဖစ္သည္။ႏိုင္ငံစုံဝါဒစနစ္တြင္ နယ္နိမိတ္မ်ားကို အေလးမထားသည့္ ဆိုး႐ြားေသာ ကမာၻတဝွမ္းကူးစက္ေရာဂါ ျဖစ္ပြားေနခ်ိန္တြင္ အင္အားႀကီးႏွစ္ႏိုင္ငံတို႔သည္ လက္ေတြ႕က်ေသာ ႏိုင္ငံေရးႏွင့္ ေပါင္းစည္းမႈကို ခ်ိန္ညႇိျခင္းျဖင့္ တစ္ႏိုင္ငံကတစ္ႏိုင္ငံကို ေနရာေပးရန္လိုသည္။ထိုသို႔လုပ္ေဆာင္ျခင္းသည္ အနာဂါတ္တြင္ မုန္းတီးမႈမျဖစ္ေစဘဲ က်ိဳးေၾကာင္းဆီေလွ်ာ္ ခြဲျခမ္းစိတ္ျဖာသုံးသပ္ျခင္းအတြက္ လုပ္ေဆာင္ျခင္းျဖစ္သည္။

၂၁ ရာစု အမ်ားျပည္သူက်န္းမာေရး အိပ္မက္ဆိုး၊ ရာသီဥတုေျပာင္းလဲမႈ၊ အၾကမ္းဖက္ဝါဒ၊ ဂိုဏ္းဖြဲ႕ရာဇဝတ္မႈႏွင့္ ဆိုက္ဘာရာဇဝတ္မႈ စသည့္ ႏိုင္ငံျဖတ္ေက်ာ္ ျပႆနာမ်ားေၾကာင့္ ဒုကၡေရာက္ေနေသာ ကမာၻတြင္ တ႐ုတ္ႏွင့္ အေမရိကန္တို႔သည္ ဥေရာပႏွင့္ အျခားႏိုင္ငံမ်ား အလားတူပူးေပါင္းေဆာင္႐ြက္ပါက အက်ိဳးရွိမည္ျဖစ္သည္။

လက္ရွိေတာင္းဆိုမႈႏွင့္ လမ္းေၾကာင္းမ်ားကိုအေျခခံၿပီး ျဖစ္ႏိုင္ေျခမ်ားကို စဥ္းစားျခင္းျဖင့္ ဝါရွင္တန္ႏွင့္ ေဘဂ်င္းတို႔သည္ ထိုအခ်က္ကို အေသးစိတ္စဥ္းစားရန္ အခ်ိန္ရသည္။မွန္ကန္ေသာေ႐ြးခ်ယ္မႈမ်ားျဖင့္ ေဘဂ်င္းသည္ ပကတိတရားသစ္ႏွင့္အညီ ဆက္ဆံေရးပုံစံသစ္တစ္ခုကို ျပဳလုပ္ၿပီး ေကာင္းစြာဖြင့္ဆိုထားသည့္ အခြင္အလမ္းမ်ားကို ေပးခဲ့ၿပီးျဖစ္သည္။ထရမ့္အစိုးရအေနျဖင့္  ၎၏ မိမိကိုယ္မိမိက်ဆုံးေစၿပီး အေျခခံကို ထိခိုက္ေစသည့္ ေသနဂၤဗ်ဴဟာအျဖစ္ အစြမ္းကုန္ခ်ဳပ္ကိုင္ျခင္းႏွင့္ အေပၚစည္းယူမႈကို ေရွာင္ရွားရန္လိုသည္။

ကမာၻ႔အျမင္အရၾကည့္ပါက ဆိုး႐ြားေနေသာ ဆက္ဆံေရးတြင္ အတက္အက်မ်ားရွိႏိုင္ေသာ္လည္း အႏၲရယ္ရွိေသာ ဆက္ဆံေရးနိမ့္က်မႈအသစ္ကို တြန္းအားေပးၿပီး အေပၚယံေကာင္းမြန္မႈကိုသာ တင္ျပေနလွ်င္ မည္သူ႔အတြက္မွ် အက်ိဳးရွိမည္မဟုတ္ေပ။ကမာၻ၏ လက္ရွိအေျခအေနအရ အေမရိကန္ႏွင့္ တ႐ုတ္ ႏွစ္ႏိုင္ငံလုံးသည္ တစ္ႏိုင္ငံခ်င္းစီ၏ စီးပြားေရးပုံစံမ်ား၏ တရားဝင္မႈကို အသိအမွတ္ျပဳရမည္ျဖစ္ၿပီး မွ်ေဝပိုင္ဆိုင္သည့္ အနာဂါတ္အတြက္ လမ္းခင္းေပးရန္ အဓိကသေဘာတရားမ်ားႏွင့္ တန္ဖိုးမ်ားကို ေလးစားရမည္ျဖစ္သည္။ေရွ႕သို႔ေမွ်ာ္ၾကည့္ကာ ျဖစ္ႏိုင္ေျခအားလုံးကို စဥ္းစားေသာအခါ ဆက္ဆံေရးသည္ ကာလတိုအတြင္း မည္သည့္ပုံစံရွိမည္ကို ေျပာရန္ခက္သည္။အပ္ေၾကာင္းထပ္ေနေသာ စကားကိုပင္ေျပာရမည္ဆိုပါက ထိုဆက္ဆံေရးသည္ ျပန္လည္မေကာင္းမြန္မည္ ဆက္လက္ဆိုး႐ြားေနႏိုင္သည္။သို႔ေသာ္ ေသခ်ာေသာအခ်က္မွာ ေရရွည္အျမင္မွာမူ အျပဳသေဘာေဆာင္ၿပီး အားလုံးလိုလားေသာအရာလည္းျဖစ္သည္။

(အယ္ဒီတာမွတ္ခ်က္ - ေဘာ္ဘီနာဒါရီသည္ သတင္းသမား၊ စာေစာင္မ်ားတြင္ ေဆာင္းပါးရွင္၊ ေရဒီယိုႏွင့္ ႐ုပ္ျမင္သံၾကားမွတ္တမ္း ႐ိုက္ကူးသူႏွင့္ Writers Guild of Great Britain ၏ အဖြဲ႕ဝင္ျဖစ္ပါသည္။စာေရးသူ၏ ထင္ျမင္ခ်က္မ်ားသည္ CGTN ၏ အျမင္ကို ထင္ဟပ္သည္ဟု ယူဆရန္မလိုပါ။)

Linko
စက္တင္ဘာ - ၈