【 နိုင်ငံတကာဆောင်းပါး 】 “ထရမ့်လူရမ်းကားအုပ်စုနှင့်ပတ်သက်သည့် အဖြစ်မှန်”

【 နိုင်ငံတကာဆောင်းပါး 】 “ထရမ့်လူရမ်းကားအုပ်စုနှင့်ပတ်သက်သည့် အဖြစ်မှန်”

ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန် ကပီတိုလွှတ်တော်ကို ဝင်ရောက်စီးနင်းခြင်းနှင့်ပတ်သက်ပြီး လွယ်ကူစွာ နားလည်မှုလွဲမှားနိုင်သည်။

ထိုဆိုးရွားလှသော အတွေ့အကြုံကြောင့် ကွန်ဂရက်အမတ်များသည် ကြေညာချက်များထုတ်ပြန်ပြီး အမေရိကန်သည် တရားဥပဒေစိုးမိုးသောနိုင်ငံဖြစ်ပြီး လူရမ်းကားအုပ်စုများ၏ နိုင်ငံမဟုတ်ကြောင်း ပြောကြသည်။

သမ္မတဒေါ်နယ်ထရမ့် က လှုံ့ဆော်လိုက်သည့် အနှောင့်အယှက်များသည် အသစ်အဆန်းသဖွယ် ဆိုလိုနေကြသည်။အမှန်တော့ အသစ်အဆန်းမဟုတ်ပေ။အမေရိကန်ပြည်ထောင်စုတွင် လူဖြူနိုင်ငံရေးသမားများကို ချမ်းသာကြွယ်ဝသော အမေရိကန်လူဖြူများကို အကျိုးဆောင်ရန် လှုံ့ဆောင်သည့် လူရမ်းကားအုပ်စုအကြမ်းဖက်သည့် သမိုင်းရှိသည်။

ယခုအကြိမ်တွင် ထူးခြားသည့်အချက်မှာ လူဖြူလူရမ်းကားများသည် ၎င်းတို့၏သားကောင်များ အမြဲဖြစ်နေသည့် အသားအရောင်ရှိသူများကို ပစ်မှတ်မထားဘဲ လူဖြူနိုင်ငံရေးသမားများကို ပစ်မှတ်ထားခြင်းဖြစ်သည်။

အဓိကရုဏ်းဖြစ်ပွားသည့် အခြေအနေသည်လည်း အရေးပါသည်။ရည်ရွယ်ချက်မှာ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းမှုကို တားဆီးရန်အတွက် ကွန်ဂရက်ကို ခြိမ်းခြောက်ခြင်းဖြစ်သည်။ထိုအမှုသည် ပုန်ကန်မှုဖြစ်ပြီး ပုန်ကန်မှုဖြစ်အောင် လှုံ့ဆော်ရာတွင် ထရမ့်သည် သေဒဏ်ကျသင့်သည့် ရာဇဝတ်မှုကို ကျူးလွန်လိုက်သည်။

အတိတ်က ထိုကဲ့သို့သော လူရမ်းကားအုပ်စုများ အကြမ်းဖက်မှုများကို လူဖြူတို့၏အစဉ်အလာအရ မုန်းတီးမှုများအတွက် ပစ်မှတ်ထားကြသည်။ထိုသူများတွင် မဲပေးရန်ကြိုးစားသော ဘတ်စ်ကားများ၊ အိမ်ယာများ၊ နေ့လည်စာ စားသောက်ကောင်တာများနှင့် ကျောင်းများတွင် လူမျိုးခွဲခြားမှုကို အဆုံးသတ်လိုသော အာဖရိကနွယ်ဖွား အမေရိကန်များ၊ ၎င်းတို့၏အမဲလိုက်နယ်မြေများနှင့် သယံဇာတများကို ကာကွယ်လိုသော ဌာနေတိုင်းရင်းသား အမေရိကန်များ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာလုံခြုံမှုကို တောင်းဆိုသော မက္ကဆီကို လယ်ယာလုပ်သားများ၊ ယခင်က ရထားလမ်းများကိုတည်ဆောက်ပြီး မိုင်းတွင်းများတွင် အလုပ်လုပ်ရကြသည့် တရုတ်ရွှေ့ပြောင်းအခြေချသူများကို ပစ်မှတ်ထားခဲ့သည်။ထိုကဲ့သို့သောအုပ်စုများကို အမေရိကန်လူရမ်းကားများ အုပ်စုဖွဲ့အကြမ်းဖက်မှုများကို သမ္မတအင်ဒရူးဂျက်ဆင်မှသည် ၁၉ ရာစုတွင် မတည်ငြိမ်သည့် ရှေ့တန်းစစ်မျက်နှာမှ ကစ် ကာဆင်အထိနှင့် နှစ်ဆယ်ရာစုတွင် အယ်လ်ဘားမားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျော့ဂျ် ဝဲလ်လေ့အထိ မီးထိုးပေးခဲ့သည်။

ထိုသို့သော သမိုင်းအမြင်အရကြည့်ပါက ကပီတိုလွှတ်တော်ကို ဝင်ရောက်စီးနင်းသည့် အမှန်တကယ်ဒေသထွက်နေသည်ဆိုသည့် လူကြီးမင်းများတွင် တူညီသည့်လက္ခဏာတစ်ခုရှိသည်။ထိုအဓိကရုဏ်းကို လှုံ့ဆော်သည့် မိန့်ခွန်းတွင် ထရမ့် ပြောခဲ့သည့်အတိုင်း ၎င်းတို့သည် အမေရိကကို ကယ်တင်မည့်သူများဖြစ်သည်။"ပျော့ညံ့တဲ့ နိုင်ငံရေးသမားတွေကို မောင်းထုတ်လိုက်" "အခုအချိန်ဟာ ခွန်အားပြသရမယ့် အချိန်ရောက်ပြီ" စသည်ဖြင့် ထရမ့် က ပြောကြားကာ ထရမ့် က သူပြောနေကြစကားများကို အပ်ကြောင်းထပ်သည်။

"သူတို့တွေက ခင်များတို့ကလေးတွေကို ကျောင်းမှာ အမှားတွေသင်ပြီး မှားယွင်းတဲ့အယူအဆတွေကို ထည့်သွင်းပေးချင်နေကြတယ်။ခင်များတို့ကလေးတွေကို တတ္ထိတွေဖြစ်အောင် သူတို့လုပ်ချင်ကြတယ်။ဒါဟာ ကျနော်တို့ဒီမိုကရေစီကို ကျယ်ကျယ်ပြန့်ပြန့်တိုက်ခိုက်လိုက်တဲ့ အဖြစ်သနစ်စုံပဲ" ဟု ထရမ့် ပြောသည်။

အမေရိကန် သမိုင်းတလျှောက်လုံးတွင် လူရမ်းကားများ အုပ်စုဖွဲ့ အကြမ်းဖက်မှုသည် အောက်ခြေမှ မကျေနပ်မှုများ ကြိုးကြားကြိုးကြား ပေါက်ကွဲလာခြင်းအဖြစ် စတင်ခဲ့ခြင်းမရှိဘဲ လူဖြူအောက်လွှာ၏ ကြောက်ရွံ့မှုများ၊ မုန်းတီးမှုများ၊ အသိပညာချို့တဲ့မှုများကို အသုံးချကာ လူဖြူနိုင်ငံရေးသမားများက လှုံ့ဆော်သည့် အထက်မှ စနစ်တကျအကြမ်းဖက်မှုအနေဖြင့် စတင်ခဲ့သည်။သူမ၏ ထူးခြားကောင်းမွန်လှသော စာအုပ်ဖြစ်သည့်  ပြည်တွင်းစစ်ကို တောင်ပိုင်းက ဘယ်လိုအနိုင်ရခဲ့သလဲ စာအုပ်တွင် သမိုင်းဆရာမ ဟီသာကော့စ်ရစ်ချတ်ဆန် မှတ်တမ်းတင်ခဲ့သည့်အတိုင်း ထိုကဲ့သို့သော လူရမ်းကားအုပ်စု အကြမ်းဖက်မှုမျိုးသည် နှစ်ပေါင်း ၁၅၀ ကျော်ကြာပြီဖြစ်သော အဆင့်ဆင့်ခွဲထားသည် လူ့အဖွဲ့အစည်းကို အထက်လွှာလူဖြူများက ကာကွယ်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။

လူဖြူလူရမ်းကားအုပ်စုများ အကြမ်းဖက်သည့် အမေရိကန်ယဉ်ကျေးမှုသည် သေနတ်ယဉ်ကျေးမှုနှင့်လည်း ဒွန်တွဲနေသည်။သန်းရာပေါင်းများစွာသော ပုဂ္ဂလိကပိုင်လက်နက်များကို အမေရိကန်လူဖြူများက အချိုးအစားမမျှတစွာ ပိုင်ဆိုင်ကြသည်။သမိုင်းဆရာ ရိုဆန်းဒန်ဘာအောတစ် က "မောင်းတင်ထားတယ် - ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယပြင်ဆင်ချက်၏ လက်နက်ဖြုတ်သိမ်းရေးသမိုင်း" တွင် အပြင်းအထန်ထောက်ပြသကဲ့သို့ပင် လက်နက်ကိုင်ဆောင်ခွင့်ကို လူဖြူစစ်သွေးကြွ လူရမ်းကားအုပ်စုများက လူမဲများနှင့် ဌာနေတိုင်းရင်းသားများကိုဖိနှိပ်ရန် ကာလကြာမြင့်စွာကပင် အသုံးချနေကြသည်။

အသားအရောင်အသွေးရှိသူများကို ပစ်မှတ်ထားသည့် လူရမ်းကားအုပ်စုဖွဲ့အကြမ်းဖက်မှုများသည် ချမ်းသာသောလူဖြူများက ဆင်းရဲသောလူဖြူများအား ၎င်းတို့၏ထိခိုက်နစ်နာမှုများမှ လမ်းကြောင်းလွှဲပေးရန် အမြဲသုံးသည့်နည်းလမ်းသာဖြစ်သည်။ထိုကဲ့သို့သောလုပ်ရပ်များသည် ထရမ့်လက်ထက်ကျမှ ပေါ်ပေါက်လာသောဖြစ်ရပ်များ ဖြစ်ရန်ဝေးပြီး ထိုလုပ်ရပ်များသည် အမေရိကန် နိုင်ငံရေးလှည့်ကွက်ကျမ်းတွင် ဖန်တရာတေအောင်ဖေါ်ပြခဲ့သည့် လှည့်ကွက်ဟောင်းများသာဖြစ်သည်။

လူချမ်းသာများကို အကျိုးပြုသည့် အခွန်ဖြတ်တောက်မှုများ ပြုလုပ်လိုပါသလား။လူမဲများ၊ မွတ်ဆလင်များနှင့် ရွှေ့ပြောင်းအခြေချများသည် ဆိုရှယ်လစ်ဝါဒကို ချမှတ်တော့မည်ဟု စီးပွားရေးအရ ရုန်းကန်နေရသည့် လူဖြူများကို ပြောလိုက်ရုံသာလိုသည်။ထရမ့်သည် သူ၏သမ္မတသက်တမ်းတလျှောက်လုံးတွင် ထိုအတိုင်းအတိအကျလုပ်ခဲ့ပြီး သူသာ အိမ်ဖြူတော်တွင်မရှိတော့ပါက အမေရိကန်နိုင်ငံသားများသည် တရုတ်ဘာသာစကားကိုသင်ယူရမည့် အခြေအနေရောက်သွားမည်ဟု သတိပေးသည်။

သူ၏မဟာမိတ်များအတွက်မူ သူသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယပြင်ဆင်ချက်ကို အားပေးထောက်ခံပြီး လူဖြူမဟုတ်သူများကို ဆန့်ကျင်တိုက်ခိုက်သည်။အသားအရောင်အသွေးရှိသော ကွန်ဂရက်လွှတ်တော် အမျိုးသမီးများ အမတ်များ သူတို့လာခဲသည့် စုတ်ပြတ်ပြီး ရာဇဝတ်မှုထူသောနေရာများသို့ပြန်ရန် ထရမ့် ပြောသည်။

အတိုက်အခံဆန္ဒပြသူများအား ကိုင်ဆောင့်ပစ်ပေါက်ရန် နိုင်ငံပြင်ပအထိရောက်အောင် ပစ်ပေါက်ပစ်ရန်  သူ၏နောက်လိုက်များကို သူတိုက်တွန်းသည်။လူဖြူကြီးစိုးရေးဝါဒီများသည် အင်မတန်တော်သည့် လူတော်များဖြစ်ကြောင်း သူချီးကျူးသည်။

ကွန်ဖက်ဒရိတ်အလံ ဝှေ့ယမ်းနေသော သူ၏လူရမ်းကားအုပ်စုက ကပီတိုလွှတ်တော်အဆောက်အဦးကို ဝင်ရောက်စီးနင်းပြီးနောက် ထရမ့် က "ငါတို့ မင်းတို့ကိုချစ်တယ်။မင်းတို့ဟာ အရမ်းကိုထူးခြားတယ်" ဟု ပြောသည်။ရီပါတ်ဗလစ်ကန်ပါတီသည် ထိုလူရမ်းကားအုပ်စုက ဇန်နဝါရီလ ၆ ရက် နေ့လယ်တွင် ကပီတိုလွှတ်တော်ကို စီးနင်းသည့်အချိန်အထိ ထရမ့်နှင့် ထရမ့်၏ နိုင်ငံရေးလှုံ့ဆော်မှုများကို အပြည့်အဝထောက်ခံသည်။

သို့သော် ရီပါတ်ဗလစ်ကန်ခေါင်းဆောင်များက ထရမ့် ကို သစ္စာခံခြင်းမှာ ပါတီ၏ အခြေခံအင်အားစုကို သူကချုပ်ကိုင်ထားခြင်းကြောင့်သက်သက်သာမဟုတ်ပေ။ထရမ့်သည် အမေရိကန်လက်ယာဂိုဏ်း၏ အနှစ်သာရကို ကိုယ်စားပြုသည်။သူ့ကိုပေးအပ်ထားသောတာဝန်မှာ အမြဲထာဝရရှင်းလင်းလှပေသည်။တရားစီရင်ရေးတွင် အများစုအနေအထားယူရန်၊ ကော်ပိုရိတ်လုပ်ငန်းကြီးများနှင့် ချမ်းသာသူများအတွက် အခွန်လျှော့ချရန်၊ လူမှုဖူလှုံရေး အသုံးစရိတ်နှင့် သဘာဝပတ်ဝန်းကျင်းစည်းမျဉ်းများကို ဆန့်ကျင်ရန်နှင့် ထိုသို့လုပ်ဆောင်နေသည့် တချိန်တည်းတွင် ဆိုရှယ်လစ်စနစ်ကိုတိုက်ခိုက်ရန် အော်ဟစ်နေသော လူရမ်းကားများကို လှုံ့ဆော်ပေးရန်တို့သာဖြစ်သည်။  

ဇန်နဝါရီလ ၆ ရက်နေ့ ဖြစ်ရပ်တွင် ရုပ်ပျက်ဆင်းပျက်ဖြစ်ရခြင်းမှာ လူဖြူလူရမ်းကားအုပ်စုသည် လူဖြူနိုင်ငံရေးသမားများကို တိုက်ခိုက်လိုက်ခြင်းကြောင့်ဖြစ်သည်။ထိုကိစ္စကို လက်ခံနိုင်ဖွယ်မရှိသော်လည်း လက်ခံနိုင်ဖွယ်လည်းရှိနေသည်။
သူ၏နောက်လိုက်များက ထရမ့် က ၎င်းတို့သည် အမေရိကကိုဆုံးရှုံးနေပြီဖြစ်ကြောင်း အကြိမ်ကြိမ်ပြောထားပြီး  ဂျော်ဂျီယာမှ အထက်လွှတ်တော်အမတ် ၂ နေရာကို အာဖရိကနွယ်ဖွား အမေရိကန်တစ်ဦးနှင့် ဂျူးနွယ်ဖွား အမေရိကန်တစ်ဦးထံသို့ ရီပါတ်ဗလစ်ကန်ပါတီက အရှုံးပေးလိုက်ရသောအခါ ၎င်းတို့ ပိုမိုဒေါသဖြစ်ကြမည်ကို သံသယဖြစ်ရန်မလိုပေ။

ထရမ့်သည် ပြိုင်ပွဲကို သြဇာလွှမ်းမိုးရန်ကြိုးစားရာတွင် ခပ်ကြမ်းကြမ်းကိုင်တွယ်ကောင်း ကိုင်တွယ်လိုက်မိနိုင်သော်လည်း ထရမ့်၏ သေနင်္ဂဗျူဟာသည် နိုင်ငံသားအခွင့်အရေးဥပဒေ ဆယ်စုနှစ်အပြီး အနည်းဆုံး ၁၉၆၈ ခုနှစ်ရွေးကောက်ပွဲမှ စတင်ပြီး ရီပါတ်ဗလစ်ကန်ပါတီက သုံးခဲ့သည့် တောင်ပိုင်းသေနင်္ဂဗျူဟာနှင့် လုံးဝဥဿုံ ကိုက်ညီသည်။

လွန်ခဲ့သောနှစ်ကအထိ ထရမ့်သည် ရီပါတ်ဗလစ်ကန်ပါတီ၏ သြဇာကြီးမားကြွယ်ဝချမ်းသာသူ အလှူရှင်များ၊ သူဌေးကြီးများနှင့် စီးပွားရေးမဟာမိတ်များအတွက် ကောင်းစွာလုပ်ဆောင်နိုင်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် သူရှုံးရမည်ဖြစ်ပြီး သူရှုံးလည်း ရှုံးနိမ့်ခဲ့သည်။သို့သော် အကြောင်းအရင်းမှာ သူသည် အသားအရောင်အသွေးရှိသူများကို အပြင်းအထန်ဆန့်ကျင်သောကြောင့်မဟုတ်ဘဲ သူသည် ရက်စက်ကြမ်းကြုတ်သည့် ကမ္ဘာတဝှမ်းကူးစက်ရောဂါနှင့် ရင်ဆိုင်ရချိန်တွင် လုံးဝမကောင်းဆိုးရွားဆန်ပြီး အရည်အချင်းကင်းမဲ့သောကြောင့်ဖြစ်သည်။

ကြီးကျယ်ခမ်းနားသော သမိုင်းတခွင်ကို ပြန်လည်သုံးသပ်ပါက အမေရိကန်နိုင်ငံသည် အတိတ်က လူမျိုးခွဲခြားမှုနှင့် လူရမ်းကားအုပ်စုအကြမ်းဖက်မှုသမိုင်းမှ တဆစ်ချိုးနေပြီဖြစ်သည်။ဘားရက်အိုဘားမားသည် သမ္မတသက်တမ်း နှစ်ကြိမ်ထမ်းဆောင်ခဲ့ပြီး ထရမ့် က ၂၀၁၆ ခုနှစ်တွင် ရွေးကောက်ပွဲနိုင်သောအခါတွင်ပင် သူ၏ပြိုင်ဖက်ထက် ပိုမိုနည်းသောမဲကိုသာ ရရှိခဲ့သည်။ကင်မလာဟဲရစ် ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရခြင်းနှင့် ယခုအပတ် ဂျော်ဂျီယာပြည်နယ် အထက်လွှတ်တော်ရွေးကောက်ပွဲများအကြားတွင် အမေရိကန်သည် လူဖြူအခွင့်ထူးခံ၏ အာဏာရှင်အုပ်ချုပ်ရေးမှ တဖြည်းဖြည်းလမ်းခွဲထွက်လာနေကြောင်းကို အခိုင်အမာပြသနေသည်။

၂၀၄၅ ခုနှစ်ရောက်သောအခါ စပိန်အနွယ် (Hispanic) မဟုတ်သော လူဖြူအရေအတွက်သည် ၁၉၀၇ ခုနှစ်က ၈၃ ရာခိုင်နှုန်းရှိရာမှ နိုင်ငံလူဦးရေ၏ ထက်ဝက်ပတ်ဝန်းကျင်သို့ ကျဆင်းတော့မည်ဖြစ်သည်။ထိုနောက်ပိုင်းတွင် အမေရိကသည် လူများစု-လူများစု နိုင်ငံဖြစ်လာပြီး စပိန်အနွယ်မဟုတ်သောလူဖြူများသည် ၂၀၆၀ တွင် နိုင်ငံလူဦးရေ၏ ၄၄ ရာခိုင်နှုန်းသာရှိတော့မည်ဖြစ်သည်။

အကောင်းမြင်စရာအချက်မှာ ငယ်ရွယ်သော အမေရိကန်များသည် ၎င်းတို့၏ ယခင်မျိုးဆက်များထက် လူမျိုးခွဲခြားမှုကို ပိုမိုသိမြင်လွယ်ကြသည်။ကပီတိုလွှတ်တော်တွင် ဖေါ်ပြခဲ့သည့် ထရမ့်၏ အဆိပ်ပြင်းသော ရန်လိုမှုသည် ကြောက်မက်ဖွယ်ဖြစ်သည်။သို့သော် ထိုဖြစ်ရပ်ကို မျှော်လင့်ချက်ကင်းမဲ့သော သနားစရာ အသက်ငင်နေခြင်းဟု မမြင်သင့်ပေ။ကံကောင်းသည်မှာ လူမျိုးခွဲခြားသောလူဖြူများ၏ အမေရိကန်အုပ်ချုပ်ရေးသည် အတိတ်သမိုင်းဆီသို့ လွန်စွားနှေးကွေးသော်လည်း ဆုတ်ခွာနေခြင်းပင်ဖြစ်သည်။

(အယ်ဒီတာမှတ်ချက် - ကိုလံဘီယာတက္ကသိုလ်မှ ရေရှည်တိုးတက်ရေးပါမောက္ခနှင့် ပြည်သူ့ကျန်းမာရေးမူဝါဒနှင့် စီမံခန့်ခွဲရေးပါမောက္ခ Jeffrey D. Sachs သည် ကိုလံဗီယာတက္ကသိုလ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် ကုလသမဂ္ဂရေရှည်ဖွံ့ဖြိုးတိုးတက်မှု အဖြေရှာရေးကွန်ရက်၏ ဒါရိုက်တာဖြစ်သည်။ယခုဆောင်းပါးသည် စာရေးသူ၏အမြင်သာဖြစ်ပြီး CGTN ၏ အမြင်ကို ထင်ဟတ်သည်ဟု မဆိုနိုင်ပေ။

Linko
ဇန်နဝါရီ - ၁၂

( Zawgyi )

ဇန္နဝါရီလ ၆ ရက္ေန႔က အေမရိကန္ ကပီတိုလႊတ္ေတာ္ကို ဝင္ေရာက္စီးနင္းျခင္းႏွင့္ပတ္သက္ၿပီး လြယ္ကူစြာ နားလည္မႈလြဲမွားႏိုင္သည္။

ထိုဆိုး႐ြားလွေသာ အေတြ႕အႀကဳံေၾကာင့္ ကြန္ဂရက္အမတ္မ်ားသည္ ေၾကညာခ်က္မ်ားထုတ္ျပန္ၿပီး အေမရိကန္သည္ တရားဥပေဒစိုးမိုးေသာႏိုင္ငံျဖစ္ၿပီး လူရမ္းကားအုပ္စုမ်ား၏ ႏိုင္ငံမဟုတ္ေၾကာင္း ေျပာၾကသည္။

သမၼတေဒၚနယ္ထရမ့္ က လႈံ႕ေဆာ္လိုက္သည့္ အေႏွာင့္အယွက္မ်ားသည္ အသစ္အဆန္းသဖြယ္ ဆိုလိုေနၾကသည္။အမွန္ေတာ့ အသစ္အဆန္းမဟုတ္ေပ။အေမရိကန္ျပည္ေထာင္စုတြင္ လူျဖဴႏိုင္ငံေရးသမားမ်ားကို ခ်မ္းသာႂကြယ္ဝေသာ အေမရိကန္လူျဖဴမ်ားကို အက်ိဳးေဆာင္ရန္ လႈံ႕ေဆာင္သည့္ လူရမ္းကားအုပ္စုအၾကမ္းဖက္သည့္ သမိုင္းရွိသည္။

ယခုအႀကိမ္တြင္ ထူးျခားသည့္အခ်က္မွာ လူျဖဴလူရမ္းကားမ်ားသည္ ၎တို႔၏သားေကာင္မ်ား အၿမဲျဖစ္ေနသည့္ အသားအေရာင္ရွိသူမ်ားကို ပစ္မွတ္မထားဘဲ လူျဖဴႏိုင္ငံေရးသမားမ်ားကို ပစ္မွတ္ထားျခင္းျဖစ္သည္။

အဓိက႐ုဏ္းျဖစ္ပြားသည့္ အေျခအေနသည္လည္း အေရးပါသည္။ရည္႐ြယ္ခ်က္မွာ ၿငိမ္းခ်မ္းစြာအာဏာလႊဲေျပာင္းမႈကို တားဆီးရန္အတြက္ ကြန္ဂရက္ကို ၿခိမ္းေျခာက္ျခင္းျဖစ္သည္။ထိုအမႈသည္ ပုန္ကန္မႈျဖစ္ၿပီး ပုန္ကန္မႈျဖစ္ေအာင္ လႈံ႕ေဆာ္ရာတြင္ ထရမ့္သည္ ေသဒဏ္က်သင့္သည့္ ရာဇဝတ္မႈကို က်ဴးလြန္လိုက္သည္။

အတိတ္က ထိုကဲ့သို႔ေသာ လူရမ္းကားအုပ္စုမ်ား အၾကမ္းဖက္မႈမ်ားကို လူျဖဴတို႔၏အစဥ္အလာအရ မုန္းတီးမႈမ်ားအတြက္ ပစ္မွတ္ထားၾကသည္။ထိုသူမ်ားတြင္ မဲေပးရန္ႀကိဳးစားေသာ ဘတ္စ္ကားမ်ား၊ အိမ္ယာမ်ား၊ ေန႔လည္စာ စားေသာက္ေကာင္တာမ်ားႏွင့္ ေက်ာင္းမ်ားတြင္ လူမ်ိဳးခြဲျခားမႈကို အဆုံးသတ္လိုေသာ အာဖရိကႏြယ္ဖြား အေမရိကန္မ်ား၊ ၎တို႔၏အမဲလိုက္နယ္ေျမမ်ားႏွင့္ သယံဇာတမ်ားကို ကာကြယ္လိုေသာ ဌာေနတိုင္းရင္းသား အေမရိကန္မ်ား၊ အသက္ေမြးဝမ္းေၾကာင္းဆိုင္ရာလုံၿခဳံမႈကို ေတာင္းဆိုေသာ မကၠဆီကို လယ္ယာလုပ္သားမ်ား၊ ယခင္က ရထားလမ္းမ်ားကိုတည္ေဆာက္ၿပီး မိုင္းတြင္းမ်ားတြင္ အလုပ္လုပ္ရၾကသည့္ တ႐ုတ္ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားကို ပစ္မွတ္ထားခဲ့သည္။ထိုကဲ့သို႔ေသာအုပ္စုမ်ားကို အေမရိကန္လူရမ္းကားမ်ား အုပ္စုဖြဲ႕အၾကမ္းဖက္မႈမ်ားကို သမၼတအင္ဒ႐ူးဂ်က္ဆင္မွသည္ ၁၉ ရာစုတြင္ မတည္ၿငိမ္သည့္ ေရွ႕တန္းစစ္မ်က္ႏွာမွ ကစ္ ကာဆင္အထိႏွင့္ ႏွစ္ဆယ္ရာစုတြင္ အယ္လ္ဘားမားျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး ေဂ်ာ့ဂ်္ ဝဲလ္ေလ့အထိ မီးထိုးေပးခဲ့သည္။

ထိုသို႔ေသာ သမိုင္းအျမင္အရၾကည့္ပါက ကပီတိုလႊတ္ေတာ္ကို ဝင္ေရာက္စီးနင္းသည့္ အမွန္တကယ္ေဒသထြက္ေနသည္ဆိုသည့္ လူႀကီးမင္းမ်ားတြင္ တူညီသည့္လကၡဏာတစ္ခုရွိသည္။ထိုအဓိက႐ုဏ္းကို လႈံ႕ေဆာ္သည့္ မိန႔္ခြန္းတြင္ ထရမ့္ ေျပာခဲ့သည့္အတိုင္း ၎တို႔သည္ အေမရိကကို ကယ္တင္မည့္သူမ်ားျဖစ္သည္။"ေပ်ာ့ညံ့တဲ့ ႏိုင္ငံေရးသမားေတြကို ေမာင္းထုတ္လိုက္" "အခုအခ်ိန္ဟာ ခြန္အားျပသရမယ့္ အခ်ိန္ေရာက္ၿပီ" စသည္ျဖင့္ ထရမ့္ က ေျပာၾကားကာ ထရမ့္ က သူေျပာေနၾကစကားမ်ားကို အပ္ေၾကာင္းထပ္သည္။

"သူတို႔ေတြက ခင္မ်ားတို႔ကေလးေတြကို ေက်ာင္းမွာ အမွားေတြသင္ၿပီး မွားယြင္းတဲ့အယူအဆေတြကို ထည့္သြင္းေပးခ်င္ေနၾကတယ္။ခင္မ်ားတို႔ကေလးေတြကို တတၳိေတြျဖစ္ေအာင္ သူတို႔လုပ္ခ်င္ၾကတယ္။ဒါဟာ က်ေနာ္တို႔ဒီမိုကေရစီကို က်ယ္က်ယ္ျပန႔္ျပန႔္တိုက္ခိုက္လိုက္တဲ့ အျဖစ္သနစ္စုံပဲ" ဟု ထရမ့္ ေျပာသည္။

အေမရိကန္ သမိုင္းတေလွ်ာက္လုံးတြင္ လူရမ္းကားမ်ား အုပ္စုဖြဲ႕ အၾကမ္းဖက္မႈသည္ ေအာက္ေျခမွ မေက်နပ္မႈမ်ား ႀကိဳးၾကားႀကိဳးၾကား ေပါက္ကြဲလာျခင္းအျဖစ္ စတင္ခဲ့ျခင္းမရွိဘဲ လူျဖဴေအာက္လႊာ၏ ေၾကာက္႐ြံ႕မႈမ်ား၊ မုန္းတီးမႈမ်ား၊ အသိပညာခ်ိဳ႕တဲ့မႈမ်ားကို အသုံးခ်ကာ လူျဖဴႏိုင္ငံေရးသမားမ်ားက လႈံ႕ေဆာ္သည့္ အထက္မွ စနစ္တက်အၾကမ္းဖက္မႈအေနျဖင့္ စတင္ခဲ့သည္။သူမ၏ ထူးျခားေကာင္းမြန္လွေသာ စာအုပ္ျဖစ္သည့္  ျပည္တြင္းစစ္ကို ေတာင္ပိုင္းက ဘယ္လိုအႏိုင္ရခဲ့သလဲ စာအုပ္တြင္ သမိုင္းဆရာမ ဟီသာေကာ့စ္ရစ္ခ်တ္ဆန္ မွတ္တမ္းတင္ခဲ့သည့္အတိုင္း ထိုကဲ့သို႔ေသာ လူရမ္းကားအုပ္စု အၾကမ္းဖက္မႈမ်ိဳးသည္ ႏွစ္ေပါင္း ၁၅၀ ေက်ာ္ၾကာၿပီျဖစ္ေသာ အဆင့္ဆင့္ခြဲထားသည္ လူ႔အဖြဲ႕အစည္းကို အထက္လႊာလူျဖဴမ်ားက ကာကြယ္ရာတြင္ အေရးပါေသာအခန္းက႑မွ ပါဝင္သည္။

လူျဖဴလူရမ္းကားအုပ္စုမ်ား အၾကမ္းဖက္သည့္ အေမရိကန္ယဥ္ေက်းမႈသည္ ေသနတ္ယဥ္ေက်းမႈႏွင့္လည္း ဒြန္တြဲေနသည္။သန္းရာေပါင္းမ်ားစြာေသာ ပုဂၢလိကပိုင္လက္နက္မ်ားကို အေမရိကန္လူျဖဴမ်ားက အခ်ိဳးအစားမမွ်တစြာ ပိုင္ဆိုင္ၾကသည္။သမိုင္းဆရာ ႐ိုဆန္းဒန္ဘာေအာတစ္ က "ေမာင္းတင္ထားတယ္ - ဖြဲ႕စည္းပုံအေျခခံဥပေဒ ဒုတိယျပင္ဆင္ခ်က္၏ လက္နက္ျဖဳတ္သိမ္းေရးသမိုင္း" တြင္ အျပင္းအထန္ေထာက္ျပသကဲ့သို႔ပင္ လက္နက္ကိုင္ေဆာင္ခြင့္ကို လူျဖဴစစ္ေသြးႂကြ လူရမ္းကားအုပ္စုမ်ားက လူမဲမ်ားႏွင့္ ဌာေနတိုင္းရင္းသားမ်ားကိုဖိႏွိပ္ရန္ ကာလၾကာျမင့္စြာကပင္ အသုံးခ်ေနၾကသည္။

အသားအေရာင္အေသြးရွိသူမ်ားကို ပစ္မွတ္ထားသည့္ လူရမ္းကားအုပ္စုဖြဲ႕အၾကမ္းဖက္မႈမ်ားသည္ ခ်မ္းသာေသာလူျဖဴမ်ားက ဆင္းရဲေသာလူျဖဴမ်ားအား ၎တို႔၏ထိခိုက္နစ္နာမႈမ်ားမွ လမ္းေၾကာင္းလႊဲေပးရန္ အၿမဲသုံးသည့္နည္းလမ္းသာျဖစ္သည္။ထိုကဲ့သို႔ေသာလုပ္ရပ္မ်ားသည္ ထရမ့္လက္ထက္က်မွ ေပၚေပါက္လာေသာျဖစ္ရပ္မ်ား ျဖစ္ရန္ေဝးၿပီး ထိုလုပ္ရပ္မ်ားသည္ အေမရိကန္ ႏိုင္ငံေရးလွည့္ကြက္က်မ္းတြင္ ဖန္တရာေတေအာင္ေဖၚျပခဲ့သည့္ လွည့္ကြက္ေဟာင္းမ်ားသာျဖစ္သည္။

လူခ်မ္းသာမ်ားကို အက်ိဳးျပဳသည့္ အခြန္ျဖတ္ေတာက္မႈမ်ား ျပဳလုပ္လိုပါသလား။လူမဲမ်ား၊ မြတ္ဆလင္မ်ားႏွင့္ ေ႐ႊ႕ေျပာင္းအေျခခ်မ်ားသည္ ဆိုရွယ္လစ္ဝါဒကို ခ်မွတ္ေတာ့မည္ဟု စီးပြားေရးအရ ႐ုန္းကန္ေနရသည့္ လူျဖဴမ်ားကို ေျပာလိုက္႐ုံသာလိုသည္။ထရမ့္သည္ သူ၏သမၼတသက္တမ္းတေလွ်ာက္လုံးတြင္ ထိုအတိုင္းအတိအက်လုပ္ခဲ့ၿပီး သူသာ အိမ္ျဖဴေတာ္တြင္မရွိေတာ့ပါက အေမရိကန္ႏိုင္ငံသားမ်ားသည္ တ႐ုတ္ဘာသာစကားကိုသင္ယူရမည့္ အေျခအေနေရာက္သြားမည္ဟု သတိေပးသည္။

သူ၏မဟာမိတ္မ်ားအတြက္မူ သူသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ဒုတိယျပင္ဆင္ခ်က္ကို အားေပးေထာက္ခံၿပီး လူျဖဴမဟုတ္သူမ်ားကို ဆန႔္က်င္တိုက္ခိုက္သည္။အသားအေရာင္အေသြးရွိေသာ ကြန္ဂရက္လႊတ္ေတာ္ အမ်ိဳးသမီးမ်ား အမတ္မ်ား သူတို႔လာခဲသည့္ စုတ္ျပတ္ၿပီး ရာဇဝတ္မႈထူေသာေနရာမ်ားသို႔ျပန္ရန္ ထရမ့္ ေျပာသည္။

အတိုက္အခံဆႏၵျပသူမ်ားအား ကိုင္ေဆာင့္ပစ္ေပါက္ရန္ ႏိုင္ငံျပင္ပအထိေရာက္ေအာင္ ပစ္ေပါက္ပစ္ရန္  သူ၏ေနာက္လိုက္မ်ားကို သူတိုက္တြန္းသည္။လူျဖဴႀကီးစိုးေရးဝါဒီမ်ားသည္ အင္မတန္ေတာ္သည့္ လူေတာ္မ်ားျဖစ္ေၾကာင္း သူခ်ီးက်ဴးသည္။

ကြန္ဖက္ဒရိတ္အလံ ေဝွ႔ယမ္းေနေသာ သူ၏လူရမ္းကားအုပ္စုက ကပီတိုလႊတ္ေတာ္အေဆာက္အဦးကို ဝင္ေရာက္စီးနင္းၿပီးေနာက္ ထရမ့္ က "ငါတို႔ မင္းတို႔ကိုခ်စ္တယ္။မင္းတို႔ဟာ အရမ္းကိုထူးျခားတယ္" ဟု ေျပာသည္။ရီပါတ္ဗလစ္ကန္ပါတီသည္ ထိုလူရမ္းကားအုပ္စုက ဇန္နဝါရီလ ၆ ရက္ ေန႔လယ္တြင္ ကပီတိုလႊတ္ေတာ္ကို စီးနင္းသည့္အခ်ိန္အထိ ထရမ့္ႏွင့္ ထရမ့္၏ ႏိုင္ငံေရးလႈံ႕ေဆာ္မႈမ်ားကို အျပည့္အဝေထာက္ခံသည္။

သို႔ေသာ္ ရီပါတ္ဗလစ္ကန္ေခါင္းေဆာင္မ်ားက ထရမ့္ ကို သစၥာခံျခင္းမွာ ပါတီ၏ အေျခခံအင္အားစုကို သူကခ်ဳပ္ကိုင္ထားျခင္းေၾကာင့္သက္သက္သာမဟုတ္ေပ။ထရမ့္သည္ အေမရိကန္လက္ယာဂိုဏ္း၏ အႏွစ္သာရကို ကိုယ္စားျပဳသည္။သူ႔ကိုေပးအပ္ထားေသာတာဝန္မွာ အၿမဲထာဝရရွင္းလင္းလွေပသည္။တရားစီရင္ေရးတြင္ အမ်ားစုအေနအထားယူရန္၊ ေကာ္ပိုရိတ္လုပ္ငန္းႀကီးမ်ားႏွင့္ ခ်မ္းသာသူမ်ားအတြက္ အခြန္ေလွ်ာ့ခ်ရန္၊ လူမႈဖူလႈံေရး အသုံးစရိတ္ႏွင့္ သဘာဝပတ္ဝန္းက်င္းစည္းမ်ဥ္းမ်ားကို ဆန႔္က်င္ရန္ႏွင့္ ထိုသို႔လုပ္ေဆာင္ေနသည့္ တခ်ိန္တည္းတြင္ ဆိုရွယ္လစ္စနစ္ကိုတိုက္ခိုက္ရန္ ေအာ္ဟစ္ေနေသာ လူရမ္းကားမ်ားကို လႈံ႕ေဆာ္ေပးရန္တို႔သာျဖစ္သည္။  

ဇန္နဝါရီလ ၆ ရက္ေန႔ ျဖစ္ရပ္တြင္ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ရျခင္းမွာ လူျဖဴလူရမ္းကားအုပ္စုသည္ လူျဖဴႏိုင္ငံေရးသမားမ်ားကို တိုက္ခိုက္လိုက္ျခင္းေၾကာင့္ျဖစ္သည္။ထိုကိစၥကို လက္ခံႏိုင္ဖြယ္မရွိေသာ္လည္း လက္ခံႏိုင္ဖြယ္လည္းရွိေနသည္။
သူ၏ေနာက္လိုက္မ်ားက ထရမ့္ က ၎တို႔သည္ အေမရိကကိုဆုံးရႈံးေနၿပီျဖစ္ေၾကာင္း အႀကိမ္ႀကိမ္ေျပာထားၿပီး  ေဂ်ာ္ဂ်ီယာမွ အထက္လႊတ္ေတာ္အမတ္ ၂ ေနရာကို အာဖရိကႏြယ္ဖြား အေမရိကန္တစ္ဦးႏွင့္ ဂ်ဴးႏြယ္ဖြား အေမရိကန္တစ္ဦးထံသို႔ ရီပါတ္ဗလစ္ကန္ပါတီက အရႈံးေပးလိုက္ရေသာအခါ ၎တို႔ ပိုမိုေဒါသျဖစ္ၾကမည္ကို သံသယျဖစ္ရန္မလိုေပ။

ထရမ့္သည္ ၿပိဳင္ပြဲကို ၾသဇာလႊမ္းမိုးရန္ႀကိဳးစားရာတြင္ ခပ္ၾကမ္းၾကမ္းကိုင္တြယ္ေကာင္း ကိုင္တြယ္လိုက္မိႏိုင္ေသာ္လည္း ထရမ့္၏ ေသနဂၤဗ်ဴဟာသည္ ႏိုင္ငံသားအခြင့္အေရးဥပေဒ ဆယ္စုႏွစ္အၿပီး အနည္းဆုံး ၁၉၆၈ ခုႏွစ္ေ႐ြးေကာက္ပြဲမွ စတင္ၿပီး ရီပါတ္ဗလစ္ကန္ပါတီက သုံးခဲ့သည့္ ေတာင္ပိုင္းေသနဂၤဗ်ဴဟာႏွင့္ လုံးဝဥႆုံ ကိုက္ညီသည္။

လြန္ခဲ့ေသာႏွစ္ကအထိ ထရမ့္သည္ ရီပါတ္ဗလစ္ကန္ပါတီ၏ ၾသဇာႀကီးမားႂကြယ္ဝခ်မ္းသာသူ အလႉရွင္မ်ား၊ သူေဌးႀကီးမ်ားႏွင့္ စီးပြားေရးမဟာမိတ္မ်ားအတြက္ ေကာင္းစြာလုပ္ေဆာင္ႏိုင္ခဲ့သည္။ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ သူရႈံးရမည္ျဖစ္ၿပီး သူရႈံးလည္း ရႈံးနိမ့္ခဲ့သည္။သို႔ေသာ္ အေၾကာင္းအရင္းမွာ သူသည္ အသားအေရာင္အေသြးရွိသူမ်ားကို အျပင္းအထန္ဆန႔္က်င္ေသာေၾကာင့္မဟုတ္ဘဲ သူသည္ ရက္စက္ၾကမ္းၾကဳတ္သည့္ ကမာၻတဝွမ္းကူးစက္ေရာဂါႏွင့္ ရင္ဆိုင္ရခ်ိန္တြင္ လုံးဝမေကာင္းဆိုး႐ြားဆန္ၿပီး အရည္အခ်င္းကင္းမဲ့ေသာေၾကာင့္ျဖစ္သည္။

ႀကီးက်ယ္ခမ္းနားေသာ သမိုင္းတခြင္ကို ျပန္လည္သုံးသပ္ပါက အေမရိကန္ႏိုင္ငံသည္ အတိတ္က လူမ်ိဳးခြဲျခားမႈႏွင့္ လူရမ္းကားအုပ္စုအၾကမ္းဖက္မႈသမိုင္းမွ တဆစ္ခ်ိဳးေနၿပီျဖစ္သည္။ဘားရက္အိုဘားမားသည္ သမၼတသက္တမ္း ႏွစ္ႀကိမ္ထမ္းေဆာင္ခဲ့ၿပီး ထရမ့္ က ၂၀၁၆ ခုႏွစ္တြင္ ေ႐ြးေကာက္ပြဲႏိုင္ေသာအခါတြင္ပင္ သူ၏ၿပိဳင္ဖက္ထက္ ပိုမိုနည္းေသာမဲကိုသာ ရရွိခဲ့သည္။ကင္မလာဟဲရစ္ ဒုတိယသမၼတအျဖစ္ ေ႐ြးခ်ယ္ခံရျခင္းႏွင့္ ယခုအပတ္ ေဂ်ာ္ဂ်ီယာျပည္နယ္ အထက္လႊတ္ေတာ္ေ႐ြးေကာက္ပြဲမ်ားအၾကားတြင္ အေမရိကန္သည္ လူျဖဴအခြင့္ထူးခံ၏ အာဏာရွင္အုပ္ခ်ဳပ္ေရးမွ တျဖည္းျဖည္းလမ္းခြဲထြက္လာေနေၾကာင္းကို အခိုင္အမာျပသေနသည္။

၂၀၄၅ ခုႏွစ္ေရာက္ေသာအခါ စပိန္အႏြယ္ (Hispanic) မဟုတ္ေသာ လူျဖဴအေရအတြက္သည္ ၁၉၀၇ ခုႏွစ္က ၈၃ ရာခိုင္ႏႈန္းရွိရာမွ ႏိုင္ငံလူဦးေရ၏ ထက္ဝက္ပတ္ဝန္းက်င္သို႔ က်ဆင္းေတာ့မည္ျဖစ္သည္။ထိုေနာက္ပိုင္းတြင္ အေမရိကသည္ လူမ်ားစု-လူမ်ားစု ႏိုင္ငံျဖစ္လာၿပီး စပိန္အႏြယ္မဟုတ္ေသာလူျဖဴမ်ားသည္ ၂၀၆၀ တြင္ ႏိုင္ငံလူဦးေရ၏ ၄၄ ရာခိုင္ႏႈန္းသာရွိေတာ့မည္ျဖစ္သည္။

အေကာင္းျမင္စရာအခ်က္မွာ ငယ္႐ြယ္ေသာ အေမရိကန္မ်ားသည္ ၎တို႔၏ ယခင္မ်ိဳးဆက္မ်ားထက္ လူမ်ိဳးခြဲျခားမႈကို ပိုမိုသိျမင္လြယ္ၾကသည္။ကပီတိုလႊတ္ေတာ္တြင္ ေဖၚျပခဲ့သည့္ ထရမ့္၏ အဆိပ္ျပင္းေသာ ရန္လိုမႈသည္ ေၾကာက္မက္ဖြယ္ျဖစ္သည္။သို႔ေသာ္ ထိုျဖစ္ရပ္ကို ေမွ်ာ္လင့္ခ်က္ကင္းမဲ့ေသာ သနားစရာ အသက္ငင္ေနျခင္းဟု မျမင္သင့္ေပ။ကံေကာင္းသည္မွာ လူမ်ိဳးခြဲျခားေသာလူျဖဴမ်ား၏ အေမရိကန္အုပ္ခ်ဳပ္ေရးသည္ အတိတ္သမိုင္းဆီသို႔ လြန္စြားေႏွးေကြးေသာ္လည္း ဆုတ္ခြာေနျခင္းပင္ျဖစ္သည္။

(အယ္ဒီတာမွတ္ခ်က္ - ကိုလံဘီယာတကၠသိုလ္မွ ေရရွည္တိုးတက္ေရးပါေမာကၡႏွင့္ ျပည္သူ႔က်န္းမာေရးမူဝါဒႏွင့္ စီမံခန႔္ခြဲေရးပါေမာကၡ Jeffrey D. Sachs သည္ ကိုလံဗီယာတကၠသိုလ္ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရးဌာနႏွင့္ ကုလသမဂၢေရရွည္ဖြံ႕ၿဖိဳးတိုးတက္မႈ အေျဖရွာေရးကြန္ရက္၏ ဒါ႐ိုက္တာျဖစ္သည္။ယခုေဆာင္းပါးသည္ စာေရးသူ၏အျမင္သာျဖစ္ၿပီး CGTN ၏ အျမင္ကို ထင္ဟတ္သည္ဟု မဆိုႏိုင္ေပ။

Linko
ဇန္နဝါရီ - ၁၂