【 နိုင်ငံတကာဆောင်းပါး 】 “ဘိုင်ဒင် နိုင်ငံခြားရေးမူဝါဒအတွက် အကြီးမားဆုံးစိန်ခေါ်မှု”

【 နိုင်ငံတကာဆောင်းပါး 】 “ဘိုင်ဒင် နိုင်ငံခြားရေးမူဝါဒအတွက် အကြီးမားဆုံးစိန်ခေါ်မှု”

အမေရိကန်ပြည်ထောင်စု၏ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်သည် အရုပ်ဆိုးလှသည့် အငြင်းပွားမှုများပြည့်နေသော အာဏာလွှဲပြောင်းမှုကို ရင်ဆိုင်နေရသောကြောင့် နိုင်ငံခြားရေးမူဝါဒကို လတ်တလောတွင် စဉ်းစားနိုင်ဦးမည်မဟုတ်ပေ။
သို့သော် ကမ္ဘာ့မြို့တော်များမှ ခေါင်းဆောင်များမှာမူ ဘိုင်ဒင်၏ အာရုံစိုက်မှုရရန် တောင်းဆိုနေပြီး သမ္မတထရမ့် လက်အောက်တွင် ပြောင်းလဲသွားသော စံနှုန်းများကို ပြန်လည်ထိန်းသိမ်းရန်နှင့် ဆက်ဆံရေးများ မူလအတိုင်း ပြန်လည်ထိန်းသိမ်းရန် မျှော်လင့်နေကြသည်။

ထရမ့် ရာထူးသက်တမ်းအတွင်း သမိုင်းတွင် အနိမ့်ဆုံးသို့ရောက်သွားသော တရုတ်-အမေရိကန် ဆက်ဆံရေး ပြောင်းလဲရန် ယခုလောက်ကြီးမားသည့် အခွင့်အလမ်းကို မည်သည့်အချိန်တွင်မျှ ရနိုင်မည်မဟုတ်ပေ။လွန်ခဲ့သော ၄ နှစ်အတွင်း နှစ်နိုင်ငံလုံးသည် တစ်ဖက်နှင့်တစ်ဖက် အခွန်များတိုးမြှင့်ချမှတ်သည်။သတင်းသမားများ၊ သံတမန်များနှင့် နည်းပညာကုမ္ပဏီများကို ကန့်သတ်ကြသည်။ကောင်စစ်ဝန်ရုံးများကို ပိတ်ပစ်ကြပြီး တောင်တရုတ်ပင်လယ်တွင် စစ်ရေးအရ ရင်ဆိုင်ကြသည်။

တရုတ်နိုင်ငံကို ဒဏ်ခတ်သည့် ထရမ့်၏ မူဝါဒများကို ဘိုင်ဒင် က ဆက်လက်ကျင့်သုံးမည် သို့မဟုတ် ဝါရှင်တန်နှင့် ဘေကျင်းအကြား ဆက်ဆံရေးကို မူလအတိုင်း ပြန်လည်ချမှတ်မည်ကို နှစ်နိုင်ငံလုံးမှ သုတေသီများ ဆွေးနွေးငြင်းခုန်နေဆဲဖြစ်သည်။

တရုတ်နိုင်ငံပိုင် မီဒီယာတွင်ပင် အာဏာရ ကွန်မြူနစ်ပါတီသည် အမေရိကန်အစိုးရသစ်သည် မည်သည့်ဘက်သို့ ဦးတည်မည်ကို သေသေချာချာမသိဘဲ သက်ပြင်းမချနိုင်သည့် လက္ခဏာများကို တွေ့နေရသည်။ဘိုင်ဒင် ရွေးကောက်ခံရခြင်းသည် တရုတ်-အမေရိကန် ဆက်ဆံရေးကို ပျော့ပျောင်းစေမည် (သို့မဟုတ်) လမ်းကြောင်းပြောင်းသွားစေမည်ဟူသည့် ထင်ယောင်ထင်မှားဖြစ်မှုများကို တရုတ်နိုင်ငံအနေဖြင့် လက်မခံသင့်သကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုအတွက် ယုံကြည်ချက်ကိုလည်း လျှော့ချခြင်းမပြုသင့်ပေ။အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်မှုနှင့် တရုတ်နိုင်ငံကို သတိထားစောင့်ကြည့်ခြင်းသည် ပိုမိုပြင်းထန်လာမည်ဖြစ်သည်ဟု နိုင်ငံပိုင် ဂလိုဘယ်တိုင်းမ် သတင်းစာက တနင်္ဂနွေနေ့တွင် ခေါင်းကြီးရေးသားသည်။သို့သော် ဘိုင်ဒင်၏ အာဏာလွှဲပြောင်းလက်ခံရေးအဖွဲ့သည် တရုတ်နိုင်ငံနှင့်ပတ်သက်သည့် တရားဝင် မည်သည့်မူဝါဒကိုမျှ ထုတ်ပြန်ခြင်းမရှိသေးပေ။သို့သော် ဘိုင်ဒင်သည် နိုင်ငံခြားရေးမူဝါဒကို ယခုမှစတင်လေ့လာသူ မဟုတ်ပေ။နိုင်ငံရေးတွင် ဆယ်စုနှစ် ၅ ခုကြာ လုပ်ကိုင်ခဲ့သည့် သက်တမ်းအတွင်း ဘိုင်ဒင်သည် တရုတ်နိုင်ငံကို အကြိမ်ကြိမ်အမွှမ်းတင်ခဲ့သည်။အထက်လွှတ်တော်အမတ်အနေဖြင့် ဘိုင်ဒင်သည် တရုတ်နိုင်ငံ ၂၀၀၁ ခုနှစ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အဖွဲ့ဝင်ဖြစ်စေရာတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့သည်။သူ၏ အရေးအပါဆုံး နိုင်ငံခြားရေးမူဝါဒ စိန်ခေါ်မှုကို မည်သို့ကိုင်တွယ်မည်ကို သိရှိရန်အတွက် သုတေသီများသည် ယခင်ထုတ်ပြန်ချက်များနှင့် မဲဆွယ်ပွဲအတွင်း ပြောကြားချက်များကို ပြန်လည်လေ့လာနေကြရသည်။

ဘေကျင်းနှင့် ဆက်ဆံရေး

၂၀၀၉ ခုနှစ်မှ ၂၀၁၇ အထိ ဘိုင်ဒင် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်သည့် အိုဘားမားအစိုးရသက်တမ်းအတွင်း ဘေကျင်းနှင့်ဆက်ဆံရေးကို မြင့်မားစွာအရေးပါသည်ဟု သတ်မှတ်ထားခဲ့သည်။ထိုသို့အရေးထားခြင်းမှာ တရုတ်နိုင်ငံသည် ထိုကာလအတွင် ကမ္ဘာ့ဒုတိယအကြီးမားဆုံး စီးပွားရေးဖြစ်လာခြင်းကြောင့်လည်း တစိတ်တပိုင်း ပါဝင်သည်။တရုတ်နိုင်ငံသည် စီးပွားရေးအရ စစ်ရေးအရ အင်အားကြီးမားလာသော်လည်း ထိုကာလအတွင်း သံတမန်ရေးကို ထိပ်တိုက်တွေ့ခြင်းထက် ပူးပေါင်းဆက်ဆံရေးဖြင့်သာ လမ်းညွှန်ဆောင်ရွက်သည်။အဓိကအငြင်းပွားမှုများကို အများအားဖြင့် ထိန်းချုပ်နိုင်ပြီး တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ စစ်ရေးတည်ဆောက်မှုနှင့် ဆိုက်ဘာသူလျှိုလုပ်ခြင်းကဲ့သို့သော လုံခြုံရေးပြဿနာများကို ဗဟိုပြုသည်။

အိုဘားမား၏ အဆိုအရ နှစ်နိုင်ငံဆက်ဆံရေးသည် ၂၁ ရာစုကို ပုံဖေါ်မည်ဖြစ်ပြီး ထို့ကြောင့် တည်ငြိမ်သောဆက်ဆံရေးသည် အမေရိကန်အတွက်သာမက တစ်ကမ္ဘာလုံးအတွက်လည်း လွန်စွာအရေးပါနေသည်။

ဘိုင်ဒင်သည် မြောက်ကိုရီးယား နျူကလီးယားရည်မှန်းချက်ကို ထိန်းချုပ်ရေးအပါအဝင် အိုဘားမား၏ အဓိကကျသော မူဝါဒများကို တရုတ်နိုင်ငံမှ ထောက်ခံမှုရရှိရေးတွက် တရုတ်နိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့သည်။ထိုသို့သော ခရီးစဉ်တစ်ခုအတွင်း ၂၀၁၃ ခုနှစ်တွင် ဘိုင်ဒင်သည် သမ္မတရှီကျင့်ဖိန်နှင့် တွေ့ဆုံပြီး ထိုစဉ်က ဘိုင်ဒင်သည် တရုတ်နိုင်ငံ၏ မိတ်ဆွေဟောင်းကြီးဖြစ်ကြောင်း ရှီကျင့်ဖိန် က ပြောကြားခဲ့သည်။၎င်းတို့နှစ်ဦးအကြား စီစဉ်ထားသည့် သီးခြားဆွေးနွေးပွဲကို ၄၅ မိနစ်သာ စီစဉ်ထားသော်လည်း ၂ နာရီကြာ ဆွေးနွေးခဲ့ကြသည်။အများပြည်သူသို့ မှတ်ချက်ချပြောကြားရာတွင်လည်း ဘိုင်ဒင်က နှစ်နိုင်ငံဆက်ဆံရေးကို အကောင်းမြင်သည်။

"ဒီဆက်ဆံရေးကို စစ်မှန်တဲ့ပုံစံသစ်နဲ့ ထိန်းသိမ်းထားနိုင်ရင် အခွင့်အလမ်းတွေက အကန့်အသတ်မရှိဘူး" ဟု ဘိုင်ဒင် ပြောကြားခဲ့သည်။

ဘိုင်ဒင်သည် တရုတ်နိုင်ငံနှင့် ရင်းနှီးလွန်းသည်ဟု ထရမ့်၏ မဲဆွယ်အဖွဲ့က စွပ်စွဲချက်များရှိသော်လည်း သူ၏အမြင်သည် ပြောင်းလဲနေသော ဝါရှင်တန်မှ စိတ်ခံစားမှုများနှင့်အညီ မကြာသေးခင်နှစ်များအတွင်း ပြောင်းလဲလာကောင်း အထောက်အထားရှိနေသည်။ဘေကျင်းကို အမေရိကန်နိုင်ငံ၏ အလားအလာရှိသော ပူးပေါင်းဆောင်ရွက်သူအဖြစ်ထက် အဓိကပြိုင်ဖက်အဖြစ် ဝါရှင်တန်တွင် မြင်နေကြသည်။

ဖေဖေါ်ဝါရီလက ကျင်းပသည့် ဒီမိုကရက်တစ်ပါတီ အခြေခံရွေးကောက်ပွဲများတွင် ဘိုင်ဒင် က တရုတ်သမ္မတ ရှီကျင့်ဖိန် ကို လူရမ်းကားအဖြစ် ရည်ညွှန်းသုံးနှုန်းပြီး ဘေကျင်းအနေဖြင့် စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရမည်ဟု ပြောသည်။ဇွန်လက ဘိုင်ဒင် မဲဆွယ်ပွဲကြော်ငြာတွင် ထရမ့်သည် တရုတ်နိုင်ငံ၏လှည့်စားမှုကို ခံနေရသူဖြစ်သည်ဟု စွပ်စွဲသည်။ ၂၀၂၀ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်သည့် ဒီမိုကရက်တစ်ပါတီ၏ အခြေခံစာရွက်စာတမ်းတွင်လည်း တရုတ်နိုင်ငံကို ပြန်လည်အာရုံစိုက်လာသည့် အထောက်အထားများကို အထင်အရှားတွေ့ရသည်။ ၂၀၁၆ ခုနှစ်က နောက်ဆုံးမဲဆွယ်ပွဲအတွင်း ထိုသို့သော စာရွက်စာတမ်းတွင် တရုတ်နိုင်ငံကို ရည်ညွှန်းသုံးနှုန်းမှု ၇ ခုသာရှိသော်လည်း ယခုနှစ် ထိုစာရွက်စာတမ်းတွင် တရုတ်နိုင်ငံကို ၂၂ ကြိမ်အထိ ရည်ညွှန်းဖေါ်ပြထားသည်။

"တရုတ်အစိုးရ၏ လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး လေးနက်သော စီးပွားရေး၊ လုံခြုံရေးနှင့် လူ့အခွင့်အရေးအရ ပူပန်မှုများရှိသော နယ်ပယ်များတွင် ပြန်လည်တွန်းလှန်ရန် ဒီမိုကရက်တို့သည် ရှင်းလင်းခိုင်မာ ကျိုးကြောင်းဆီလျှော်ရမည်" ဟု ၂၀၂၀ ခုနှစ် ဒီမိုကရက်တစ် အခြေခံစာတမ်းတွင် ဖေါ်ပြထားသည်။

ကုန်သွယ်ရေး

ထရမ့် နိုင်ငံခြားရေးမူဝါဒ အခြေခံ၏ အဓိကကျသော အစိတ်အပိုင်းများအနက် တစ်ခုမှာ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်သည်။

၂၀၁၈ ခုနှစ် နှစ်လယ်မှ စတင်ပြီး ထရမ့်အစိုးရသည် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် ဒေါ်လာဘီလျှံရာနှင့်ချီပြီး အခွန်ကောက်ကာ တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးလိုငွေကို လျှော့ချရန်နှင့် တရုတ်စီးပွားရေးကို ဖွင့်ပေးရန်အတွက် ဘေကျင်းကို ဖိအားပေးရန် လုပ်ဆောင်သည်။ဘေကျင်းနှင့် ဝါရှင်တန်တို့သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ပထမအဆင့် ကုန်သွယ်ရေးသဘောတူစာချုပ်ကို ချုပ်ဆိုကြသော်လည်း ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နေသည့် တရုတ်အစိုးရပိုင် ကုမ္ပဏီများကို အစိုးရက ထောက်ပံ့ကြေးပေးသည့်ကိစ္စအပြင် မဖြေရှင်းနိုင်သေးသော သဘောထားကွဲလွဲမှု များစွာ ကျန်ရှိနေသေးသည်။

ဘေကျင်း၏ စီးပွားရေးမူဝါဒများနှင့်ပတ်သက်ပြီး ဆက်လက်အရေးယူမည့် သဘောမျိုးကိုလည်း မကြာသေးမီက ဘိုင်ဒင်၏ မှတ်ချက်များတွင် ဖေါ်ပြနေသည်။သို့သော် သြဂုတ်လကပြုလုပ်သည့် NPR နှင့် တွေ့ဆုံမေးမြန်းခန်းတွင်မူ ဘိုင်ဒင် က အခွန်များသည် တရုတ်အတွက်သာမက အမေရိကန်နိုင်ငံအတွက်ပါ မကောင်းကြောင်း ပြောခဲ့သည်။

"ကုန်ထုတ်လုပ်ငန်းတွေက စီးပွားဆုပ်ကပ်ထဲကို ရောက်သွားတယ်။အခွန်ထမ်းပြည်သူတွေပေးထားတဲ့ ဒေါ်လာဘီလျံပေါင်းများစွာကို စိုက်ပျိုးရေးကဏ္ဍက ဆုံးရှုံးစေတယ်" ဟု ဘိုင်ဒင် ပြောသည်။

ထိုသို့လုပ်မည့်အစား ဘိုင်ဒင်သည် ကမ္ဘာ့စီးပွားရေး မဟာမိတ်ဖွဲ့ကာ တရုတ်စီးပွားရေးဖွင့်ပေးရန် ဖိအားပေးခြင်းကို ပိုမိုနှစ်သက်ပုံရသည်။

"တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး ကျနော်လုပ်မှာက တရုတ်အနေနဲ့ အခုလုပ်နေသလိုမလုပ်ဘဲ နိုင်ငံတကာစည်းမျဉ်းနဲ့ ဆောင်ရွက်ဖို့ပဲ။တရုတ်ကို ဒီလိုပြောဖို့ ကျနော်တို့မှာ ကျန်တဲ့မိတ်ဆွေတွေရှိဖို့လိုတယ်။ဒီမှာ စည်းမျဉ်းတွေရှိတယ်။ခင်များတို့လိုက်နာပါ။စီးပွားရေးအရ စည်းမျဉ်းမလိုက်နာရင် ပေးဆပ်ရမယ့် တန်ဖိုးတွေရှိတယ်" ဟု ဘိုင်ဒင် က အောက်တိုဘာလက ထရမ့်နှင့် ဒုတိယအကြိမ် စကားစစ်ထိုးသောအခါ ပြောကြားခဲ့သည်။

ထရမ့်၏ တရုတ်နှင့် နည်းပညာစစ်ပွဲနှင့်ပတ်သက်သည့် သွင်ပြင်အချို့ကိုလည်း ဘိုင်ဒင်က လက်ခံမည့် လက္ခဏာအချို့ရှိနေသည်။ထရမ့်လက်အောက်တွင် အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံလုပ် 5G နည်းပညာကို ပယ်ချရန် သံတမန်ရေး မဟာမိတ်များကို တွန်းအားပေးသည်။အမေရိကန်နိုင်ငံ၏ အဓိကအစိတ်အပိုင်းများနှင့် တရုတ်အကြား အဆက်အသွယ်ကိုဖြတ်တောက်ကာ တရုတ်ကုမ္ပဏီများ၏ လူကြိုက်များသော အပလီကေးရှင်းများကို ပစ်မှတ်ထားသည်။ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် တရုတ်ပိုင် အပလီကေးရှင်း TikTok နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ဘိုင်ဒင် က စက်တင်ဘာလတွင် ပြောကြားခဲ့သည်။ထိုအပလီကေးရှင်းကို ထရမ့်အစိုးရက အဓိကပစ်မှတ်ထား တိုက်ခိုက်သည်။

"တရုတ်အပလီကေးရှင်း TikTok က လူငယ်သန်းတစ်ရာလောက် အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက လူငယ်တွေရဲ့ အချက်အလက်တွေကို သိခွင့်ရနေတော့ အမှန်တကယ်စိုးရိမ်စရာရှိတယ်လို့ ကျနော်ထင်တယ်" ဟု ဘိုင်ဒင် ပြောသည်။

တရုတ်နည်းပညာလုပ်ငန်း ဟွာဝေးက ထုတ်လုပ်သည့် 5G  နည်းပညာကို မဟာမိတ်များအသုံးမပြုရန် တွန်အားပေးသည့် ထရမ့်၏ မူဝါဒကို ဘိုင်ဒင်အစိုးရက ဆက်လက်ကျင့်သုံးမည့် အရိပ်အမြွက်များကိုလည်း ၂၀၂၀ ပြည့်နှစ် ဒီမိုကရက်တစ် အခြေခံစာတမ်းတွင်လည်း ဖေါ်ပြနေသည်။

"မိမိတို့သည် လုံခြုံသော 5G ကွန်ရက် တည်ဆောက်ရန်နှင့် ဆိုက်ဘာနယ်ပယ်ခြိမ်းခြောက်မှုများကို ဖြေရှင်းရန် မိမိတို့၏ မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မည်" ဟု ထိုအခြေခံစာတမ်းတွင် ဖေါ်ပြထားသည်။

တောင်တရုတ်ပင်လယ်

တောင်တရုတ်ပင်လယ်တွင် တရုတ်အစိုးရ ကျယ်ပြန့်ပြီး သက်သေမပြနိုင်သော တောင်းဆိုမှုများကို ဆန့်ကျင်သည့် မူဝါဒကို အိုဘားမားနှင့် ထရမ့်အစိုးရ နှစ်ခုလုံးကျင့်သုံးကြသည်။

တရုတ်အစိုးရက တောင်တရုတ်ပင်လယ်တွင် စစ်ဖက်ကျွန်းတုများ စတင်တည်ဆောက်သည်မှာ အိုဘားမား-ဘိုင်ဒင် အစိုးရခေတ်ကဖြစ်သည်။ထိုအချိန်မှ စတင်ပြီး အမေရိကန်နိုင်ငံသည် ထိုဒေသတွင် လွတ်လပ်သော ရေကြောင်းသွားလာမှု စစ်ဆင်ရေးများ စတင်လုပ်ဆောင်ခဲ့ပြီး အမေရိကန်စစ်သင်္ဘောများသည် တရုတ်ကတည်ဆောက်ထားသည့် ကျွန်းတုများအနီး ဖြတ်သန်းမောင်းနှင်ပြီး တရုတ်နိုင်ငံ၏ တောင်းဆိုမှုများကို အမေရိကန်လက်မခံကြောင်း ပြသသည်။

ထရမ့်အစိုးရ လက်အောက်တွင် အမေရိကန်အစိုးရသည် ထိုစစ်ဆင်ရေးများကို အရှိန်မြှင့်တင်လိုက်ပြီး တောင်တရုတ်ပင်လယ်မှ တရုတ်နိုင်ငံ၏ တောင်းဆိုမှုအများစုသည် တရားမဝင်ကြောင်း လူသိရှင်ကြား ထုတ်ပြန်ကြေညာသည်။

ဘိုင်ဒင်သည် တောင်တရုတ်ပင်လယ်နှင့်ပတ်သက်သည့် မည်သည့်အဓိကကြေညာချက်မျှ ထုတ်ပြန်ထားခြင်းမရှိသော်လည်း ထိုဒေသတွင် ထရမ့်၏ ပြင်းထန်သောမူဝါဒကို ပြောင်းလဲမည့် လက္ခဏာများကို ယခုအချိန်အထိ မတွေ့ရသေးပေ။ပို၍ပင် ပြင်းထန်သောမူဝါဒ ကျင့်သုံးနိုင်သည်။

၂၀၁၆ ခုနှစ် ဒီမိုကရက်တစ် အခြေခံကြေညာစာတမ်းတွင် တောင်တရုတ်ပင်လယ်တွင် ပင်လယ်ပြင်လွတ်လပ်မှုကို ကာကွယ်မည်ဟုသာ ဖေါ်ပြသော်လည်း ယခုလေးနှစ်ကြာသောအခါတွင်မူ ထိုဒေသတွင်း တရုတ်စစ်ရေးခြိမ်းခြောက်မှုများဟု ဗြောင်ကျကျ သုံးစွဲလာသည်။

တရုတ်နိုင်ငံက မည်သူမျှ အသိအမှတ်မပြုသည့် လေကြောင်းကာကွယ်ရေးဇုန် တည်ထောင်ထားသော်လည်း အမေရိကန်လေယာဉ်များသည် ထိုဒေသတွင် ဆက်လက်ပျံသန်းမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် သမ္မတရှီကျင့်ဖိန် ကို သူမည်သို့ပြောခဲ့သည့်အကြောင်း ဘိုင်ဒင် က မဲဆွယ်ပွဲတွင် တစ်ကြိမ်မကပြောသည်။

"သူက အဲဒီကနေ ဖြတ်မပျံသန်းရဘူးလို့ ပြောတယ်။ကျနော်ကလည်း ကျနော်တို့ကတော့ ဖြတ်ပျံသန်းမယ်လို့ ကျနော်ပြောတယ်။ ကျနော်တို့ ဂရုစိုက်မှာမဟုတ်ဘူး" လို့ ပြန်ပြောခဲ့တယ်ဟု ဘိုင်ဒင် က ထရမ့်နှင့် အောက်တိုဘာလက စကားစစ်ထိုးပွဲတွင်ပြောသည်။

ဘိုင်ဒင်သည် သမ္မတအဖြစ်ရွေးကောက်ခံပြီးနောက် အာရှ-ပိစိဖိတ်ဒေသတွင် တရုတ်ချဲ့ထွင်မှုကို ပိုမိုတင်းမာစွာကြည့်သည်။ကြာသပတေးနေ့က ဂျပန်ဝန်ကြီးချုပ် ဆူဂါနှင့် ဖုန်းဖြင့်ဆက်သွယ်ရာတွင် ဘိုင်ဒင် က အရှေ့တရုတ်ပင်လယ်မှ ဆန်ကာကုကျွန်းများကို ဆက်လက်ကာကွယ်မည်ဖြစ်ကြောင်း ကတိပြုသည်။

ထိုင်ဝမ်

ထရမ့်လက်အောက်တွင် အမေရိကန်ပြည်ထောင်စုသည် လွန်ခဲ့သော ၁၂ လအတွင်း ထိုင်ဝမ်နှင့် တရားဝင်ဆက်ဆံရေးကို ခိုင်မာအောင်လုပ်ဆောင်သည်။ထရမ့်အစိုးရသည် ဒေါ်လာဘီလျံများစွာတန်သော လက်နက်များ ထိုင်ဝမ်သို့ရောင်းရန်ခွင့်ပြုပြီး သြဂုတ်လက ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှု ဝန်ကြီး အဲလက်အဇာ ကို ထိုင်ဝမ်သို့ စေလွှတ်သောကြောင့် သူသည် ဆယ်စုနှစ်များစွာအတွင်း ထိုင်ဝမ်သို့သွားရောက်သည့် အဆင့်အမြင့်ဆုံး အမေရိကန်အရာရှိဖြစ်လာသည်။

ဘိုင်ဒင်သည် ထိုင်ဝမ်နှင့် ၎င်း၏ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသော အစိုးရကို အမေရိကန်ထောက်ခံခြင်းအား လိုလားသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ဘိုင်ဒင်သည် အထက်လွှတ်တော်အမတ်ဘဝတွင် ၁၉၇၉ ခုနှစ် ထိုင်ဝမ်ဆက်ဆံရေးဥပဒေကို မဲပေးထောက်ခံခဲ့သည်။ထိုဥပဒေအရ ထိုင်ဝမ်နှင့် အလွတ်သဘောဆက်ဆံရေးကို ထူထောင်ခဲ့ခြင်းဖြစ်သည်။

ဘိုင်ဒင်သည် ထိုင်ဝမ်သမ္မတ ချွိုင်အင်းဝမ် ၂၀၂၀ ခုနှစ်တွင် ပြန်လည်ရွေးကောက်ခံရသောအခါ ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ယခု နိုဝင်ဘာတွင် ဘိုင်ဒင် ပြန်လည်ရွေးကောက်ခံရသောအခါ ချွိုင်အင်းဝမ် က ပြန်လည်ဂုဏ်ပြုစကားပြောသည်။

တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဒီမိုကရက်တစ် အခြေခံစာတမ်းတွင် လုံးဝမတွေ့ရဘဲ ဒီမိုကရက်တို့သည့် ထိုင်ဝမ်ပြည်သူများ၏ဆန္ဒနှင့် အကျိုးစီးပွားနှင့်အညီ ရေလက်ကြားဆက်ဆံရေး ပြဿနာများကို ကိုင်တွယ်မည်ဟု သာ ဖေါ်ပြသည်။

ရှင်ကျန်းနှင့် ဟောင်ကောင်

ဘိုင်ဒင်နှင့် သူ၏မဲဆွယ်အဖွဲ့နှင့် ဒီမိုကရက်တစ်ပါတီ၏  ထုတ်ပြန်ချက်အားလုံးတွင် အူဂါတို့ကို ဘေကျင်းက ပစ်မှတ်ထားခြင်းကို လုံးဝသီးခံမည်မဟုတ်ကြောင်း ဖေါ်ပြထားပြီး ဆက်လက်အရေးယူမည့် အရိပ်အမြွက်ပြနေသည်။သူ၏မဲဆွယ်အဖွဲ့က ထိုဖြစ်ရပ်သည် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်သည်ဟု ဆိုသည်။ဟောင်ကောင်မှ ဒီမိုကရေစီလိုလားသူများက ထရမ့် ဒုတိယသမ္မတသက်တမ်းကို လိုလားပြီး ဘိုင်ဒင် က တရုတ်ကို ထရမ့်လောက် မပြတ်သားမည်ကို စိုးရိမ်ကြသော်လည်း ဘိုင်ဒင် က မေလကထုတ်ပြန်သည့် ကြေညာချက်တွင် ဟောင်ကောင်မှ ဖြိုခွဲခံရမှုအများအတွက် ဘိုင်ဒင် က ထရမ့် ကို အပြစ်တင်ကာ တရုတ်နိုင်ငံနှင့်ပတ်သက်လျှင် မိမိတို့၏တန်ဖိုးများအတိုင်း ပြတ်သားစွာလုပ်မည်ဟု ပြောခဲ့သည်။

Linko
Ref : CNN (China looms as Biden's biggest foreign policy challenge. Here's where he stands)
နိုဝင်ဘာ - ၁၇

( Zawgyi )

အေမရိကန္ျပည္ေထာင္စု၏ ေ႐ြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒင္သည္ အ႐ုပ္ဆိုးလွသည့္ အျငင္းပြားမႈမ်ားျပည့္ေနေသာ အာဏာလႊဲေျပာင္းမႈကို ရင္ဆိုင္ေနရေသာေၾကာင့္ ႏိုင္ငံျခားေရးမူဝါဒကို လတ္တေလာတြင္ စဥ္းစားႏိုင္ဦးမည္မဟုတ္ေပ။
သို႔ေသာ္ ကမာၻ႔ၿမိဳ႕ေတာ္မ်ားမွ ေခါင္းေဆာင္မ်ားမွာမူ ဘိုင္ဒင္၏ အာ႐ုံစိုက္မႈရရန္ ေတာင္းဆိုေနၿပီး သမၼတထရမ့္ လက္ေအာက္တြင္ ေျပာင္းလဲသြားေသာ စံႏႈန္းမ်ားကို ျပန္လည္ထိန္းသိမ္းရန္ႏွင့္ ဆက္ဆံေရးမ်ား မူလအတိုင္း ျပန္လည္ထိန္းသိမ္းရန္ ေမွ်ာ္လင့္ေနၾကသည္။

ထရမ့္ ရာထူးသက္တမ္းအတြင္း သမိုင္းတြင္ အနိမ့္ဆုံးသို႔ေရာက္သြားေသာ တ႐ုတ္-အေမရိကန္ ဆက္ဆံေရး ေျပာင္းလဲရန္ ယခုေလာက္ႀကီးမားသည့္ အခြင့္အလမ္းကို မည္သည့္အခ်ိန္တြင္မွ် ရႏိုင္မည္မဟုတ္ေပ။လြန္ခဲ့ေသာ ၄ ႏွစ္အတြင္း ႏွစ္ႏိုင္ငံလုံးသည္ တစ္ဖက္ႏွင့္တစ္ဖက္ အခြန္မ်ားတိုးျမႇင့္ခ်မွတ္သည္။သတင္းသမားမ်ား၊ သံတမန္မ်ားႏွင့္ နည္းပညာကုမၸဏီမ်ားကို ကန႔္သတ္ၾကသည္။ေကာင္စစ္ဝန္႐ုံးမ်ားကို ပိတ္ပစ္ၾကၿပီး ေတာင္တ႐ုတ္ပင္လယ္တြင္ စစ္ေရးအရ ရင္ဆိုင္ၾကသည္။

တ႐ုတ္ႏိုင္ငံကို ဒဏ္ခတ္သည့္ ထရမ့္၏ မူဝါဒမ်ားကို ဘိုင္ဒင္ က ဆက္လက္က်င့္သုံးမည္ သို႔မဟုတ္ ဝါရွင္တန္ႏွင့္ ေဘက်င္းအၾကား ဆက္ဆံေရးကို မူလအတိုင္း ျပန္လည္ခ်မွတ္မည္ကို ႏွစ္ႏိုင္ငံလုံးမွ သုေတသီမ်ား ေဆြးေႏြးျငင္းခုန္ေနဆဲျဖစ္သည္။

တ႐ုတ္ႏိုင္ငံပိုင္ မီဒီယာတြင္ပင္ အာဏာရ ကြန္ျမဴနစ္ပါတီသည္ အေမရိကန္အစိုးရသစ္သည္ မည္သည့္ဘက္သို႔ ဦးတည္မည္ကို ေသေသခ်ာခ်ာမသိဘဲ သက္ျပင္းမခ်ႏိုင္သည့္ လကၡဏာမ်ားကို ေတြ႕ေနရသည္။ဘိုင္ဒင္ ေ႐ြးေကာက္ခံရျခင္းသည္ တ႐ုတ္-အေမရိကန္ ဆက္ဆံေရးကို ေပ်ာ့ေပ်ာင္းေစမည္ (သို႔မဟုတ္) လမ္းေၾကာင္းေျပာင္းသြားေစမည္ဟူသည့္ ထင္ေယာင္ထင္မွားျဖစ္မႈမ်ားကို တ႐ုတ္ႏိုင္ငံအေနျဖင့္ လက္မခံသင့္သကဲ့သို႔ ႏွစ္ႏိုင္ငံဆက္ဆံေရး တိုးတက္မႈအတြက္ ယုံၾကည္ခ်က္ကိုလည္း ေလွ်ာ့ခ်ျခင္းမျပဳသင့္ေပ။အေမရိကန္ႏိုင္ငံ၏ တ႐ုတ္ႏိုင္ငံႏွင့္ ယွဥ္ၿပိဳင္မႈႏွင့္ တ႐ုတ္ႏိုင္ငံကို သတိထားေစာင့္ၾကည့္ျခင္းသည္ ပိုမိုျပင္းထန္လာမည္ျဖစ္သည္ဟု ႏိုင္ငံပိုင္ ဂလိုဘယ္တိုင္းမ္ သတင္းစာက တနဂၤေႏြေန႔တြင္ ေခါင္းႀကီးေရးသားသည္။သို႔ေသာ္ ဘိုင္ဒင္၏ အာဏာလႊဲေျပာင္းလက္ခံေရးအဖြဲ႕သည္ တ႐ုတ္ႏိုင္ငံႏွင့္ပတ္သက္သည့္ တရားဝင္ မည္သည့္မူဝါဒကိုမွ် ထုတ္ျပန္ျခင္းမရွိေသးေပ။သို႔ေသာ္ ဘိုင္ဒင္သည္ ႏိုင္ငံျခားေရးမူဝါဒကို ယခုမွစတင္ေလ့လာသူ မဟုတ္ေပ။ႏိုင္ငံေရးတြင္ ဆယ္စုႏွစ္ ၅ ခုၾကာ လုပ္ကိုင္ခဲ့သည့္ သက္တမ္းအတြင္း ဘိုင္ဒင္သည္ တ႐ုတ္ႏိုင္ငံကို အႀကိမ္ႀကိမ္အမႊမ္းတင္ခဲ့သည္။အထက္လႊတ္ေတာ္အမတ္အေနျဖင့္ ဘိုင္ဒင္သည္ တ႐ုတ္ႏိုင္ငံ ၂၀၀၁ ခုႏွစ္က ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ အဖြဲ႕ဝင္ျဖစ္ေစရာတြင္ အခန္းက႑တစ္ခုမွ ပါဝင္ခဲ့သည္။သူ၏ အေရးအပါဆုံး ႏိုင္ငံျခားေရးမူဝါဒ စိန္ေခၚမႈကို မည္သို႔ကိုင္တြယ္မည္ကို သိရွိရန္အတြက္ သုေတသီမ်ားသည္ ယခင္ထုတ္ျပန္ခ်က္မ်ားႏွင့္ မဲဆြယ္ပြဲအတြင္း ေျပာၾကားခ်က္မ်ားကို ျပန္လည္ေလ့လာေနၾကရသည္။

ေဘက်င္းႏွင့္ ဆက္ဆံေရး

၂၀၀၉ ခုႏွစ္မွ ၂၀၁၇ အထိ ဘိုင္ဒင္ ဒုတိယသမၼတအျဖစ္ တာဝန္ထမ္းေဆာင္သည့္ အိုဘားမားအစိုးရသက္တမ္းအတြင္း ေဘက်င္းႏွင့္ဆက္ဆံေရးကို ျမင့္မားစြာအေရးပါသည္ဟု သတ္မွတ္ထားခဲ့သည္။ထိုသို႔အေရးထားျခင္းမွာ တ႐ုတ္ႏိုင္ငံသည္ ထိုကာလအတြင္ ကမာၻ႔ဒုတိယအႀကီးမားဆုံး စီးပြားေရးျဖစ္လာျခင္းေၾကာင့္လည္း တစိတ္တပိုင္း ပါဝင္သည္။တ႐ုတ္ႏိုင္ငံသည္ စီးပြားေရးအရ စစ္ေရးအရ အင္အားႀကီးမားလာေသာ္လည္း ထိုကာလအတြင္း သံတမန္ေရးကို ထိပ္တိုက္ေတြ႕ျခင္းထက္ ပူးေပါင္းဆက္ဆံေရးျဖင့္သာ လမ္းၫႊန္ေဆာင္႐ြက္သည္။အဓိကအျငင္းပြားမႈမ်ားကို အမ်ားအားျဖင့္ ထိန္းခ်ဳပ္ႏိုင္ၿပီး ေတာင္တ႐ုတ္ပင္လယ္တြင္ တ႐ုတ္ႏိုင္ငံ၏ စစ္ေရးတည္ေဆာက္မႈႏွင့္ ဆိုက္ဘာသူလွ်ိဳလုပ္ျခင္းကဲ့သို႔ေသာ လုံၿခဳံေရးျပႆနာမ်ားကို ဗဟိုျပဳသည္။

အိုဘားမား၏ အဆိုအရ ႏွစ္ႏိုင္ငံဆက္ဆံေရးသည္ ၂၁ ရာစုကို ပုံေဖၚမည္ျဖစ္ၿပီး ထို႔ေၾကာင့္ တည္ၿငိမ္ေသာဆက္ဆံေရးသည္ အေမရိကန္အတြက္သာမက တစ္ကမာၻလုံးအတြက္လည္း လြန္စြာအေရးပါေနသည္။

ဘိုင္ဒင္သည္ ေျမာက္ကိုရီးယား န်ဴကလီးယားရည္မွန္းခ်က္ကို ထိန္းခ်ဳပ္ေရးအပါအဝင္ အိုဘားမား၏ အဓိကက်ေသာ မူဝါဒမ်ားကို တ႐ုတ္ႏိုင္ငံမွ ေထာက္ခံမႈရရွိေရးတြက္ တ႐ုတ္ႏိုင္ငံသို႔ အႀကိမ္ႀကိမ္သြားေရာက္ခဲ့သည္။ထိုသို႔ေသာ ခရီးစဥ္တစ္ခုအတြင္း ၂၀၁၃ ခုႏွစ္တြင္ ဘိုင္ဒင္သည္ သမၼတရွီက်င့္ဖိန္ႏွင့္ ေတြ႕ဆုံၿပီး ထိုစဥ္က ဘိုင္ဒင္သည္ တ႐ုတ္ႏိုင္ငံ၏ မိတ္ေဆြေဟာင္းႀကီးျဖစ္ေၾကာင္း ရွီက်င့္ဖိန္ က ေျပာၾကားခဲ့သည္။၎တို႔ႏွစ္ဦးအၾကား စီစဥ္ထားသည့္ သီးျခားေဆြးေႏြးပြဲကို ၄၅ မိနစ္သာ စီစဥ္ထားေသာ္လည္း ၂ နာရီၾကာ ေဆြးေႏြးခဲ့ၾကသည္။အမ်ားျပည္သူသို႔ မွတ္ခ်က္ခ်ေျပာၾကားရာတြင္လည္း ဘိုင္ဒင္က ႏွစ္ႏိုင္ငံဆက္ဆံေရးကို အေကာင္းျမင္သည္။

"ဒီဆက္ဆံေရးကို စစ္မွန္တဲ့ပုံစံသစ္နဲ႔ ထိန္းသိမ္းထားႏိုင္ရင္ အခြင့္အလမ္းေတြက အကန႔္အသတ္မရွိဘူး" ဟု ဘိုင္ဒင္ ေျပာၾကားခဲ့သည္။

ဘိုင္ဒင္သည္ တ႐ုတ္ႏိုင္ငံႏွင့္ ရင္းႏွီးလြန္းသည္ဟု ထရမ့္၏ မဲဆြယ္အဖြဲ႕က စြပ္စြဲခ်က္မ်ားရွိေသာ္လည္း သူ၏အျမင္သည္ ေျပာင္းလဲေနေသာ ဝါရွင္တန္မွ စိတ္ခံစားမႈမ်ားႏွင့္အညီ မၾကာေသးခင္ႏွစ္မ်ားအတြင္း ေျပာင္းလဲလာေကာင္း အေထာက္အထားရွိေနသည္။ေဘက်င္းကို အေမရိကန္ႏိုင္ငံ၏ အလားအလာရွိေသာ ပူးေပါင္းေဆာင္႐ြက္သူအျဖစ္ထက္ အဓိကၿပိဳင္ဖက္အျဖစ္ ဝါရွင္တန္တြင္ ျမင္ေနၾကသည္။

ေဖေဖၚဝါရီလက က်င္းပသည့္ ဒီမိုကရက္တစ္ပါတီ အေျခခံေ႐ြးေကာက္ပြဲမ်ားတြင္ ဘိုင္ဒင္ က တ႐ုတ္သမၼတ ရွီက်င့္ဖိန္ ကို လူရမ္းကားအျဖစ္ ရည္ၫႊန္းသုံးႏႈန္းၿပီး ေဘက်င္းအေနျဖင့္ စည္းမ်ဥ္းႏွင့္အညီ လုပ္ေဆာင္ရမည္ဟု ေျပာသည္။ဇြန္လက ဘိုင္ဒင္ မဲဆြယ္ပြဲေၾကာ္ျငာတြင္ ထရမ့္သည္ တ႐ုတ္ႏိုင္ငံ၏လွည့္စားမႈကို ခံေနရသူျဖစ္သည္ဟု စြပ္စြဲသည္။ ၂၀၂၀ ခုႏွစ္ ၾသဂုတ္လတြင္ ထုတ္ျပန္သည့္ ဒီမိုကရက္တစ္ပါတီ၏ အေျခခံစာ႐ြက္စာတမ္းတြင္လည္း တ႐ုတ္ႏိုင္ငံကို ျပန္လည္အာ႐ုံစိုက္လာသည့္ အေထာက္အထားမ်ားကို အထင္အရွားေတြ႕ရသည္။ ၂၀၁၆ ခုႏွစ္က ေနာက္ဆုံးမဲဆြယ္ပြဲအတြင္း ထိုသို႔ေသာ စာ႐ြက္စာတမ္းတြင္ တ႐ုတ္ႏိုင္ငံကို ရည္ၫႊန္းသုံးႏႈန္းမႈ ၇ ခုသာရွိေသာ္လည္း ယခုႏွစ္ ထိုစာ႐ြက္စာတမ္းတြင္ တ႐ုတ္ႏိုင္ငံကို ၂၂ ႀကိမ္အထိ ရည္ၫႊန္းေဖၚျပထားသည္။

"တ႐ုတ္အစိုးရ၏ လုပ္ေဆာင္မႈမ်ားႏွင့္ပတ္သက္ၿပီး ေလးနက္ေသာ စီးပြားေရး၊ လုံၿခဳံေရးႏွင့္ လူ႔အခြင့္အေရးအရ ပူပန္မႈမ်ားရွိေသာ နယ္ပယ္မ်ားတြင္ ျပန္လည္တြန္းလွန္ရန္ ဒီမိုကရက္တို႔သည္ ရွင္းလင္းခိုင္မာ က်ိဳးေၾကာင္းဆီေလွ်ာ္ရမည္" ဟု ၂၀၂၀ ခုႏွစ္ ဒီမိုကရက္တစ္ အေျခခံစာတမ္းတြင္ ေဖၚျပထားသည္။

ကုန္သြယ္ေရး

ထရမ့္ ႏိုင္ငံျခားေရးမူဝါဒ အေျခခံ၏ အဓိကက်ေသာ အစိတ္အပိုင္းမ်ားအနက္ တစ္ခုမွာ တ႐ုတ္ႏိုင္ငံႏွင့္ ကုန္သြယ္ေရးစစ္ပြဲျဖစ္သည္။

၂၀၁၈ ခုႏွစ္ ႏွစ္လယ္မွ စတင္ၿပီး ထရမ့္အစိုးရသည္ တ႐ုတ္ႏိုင္ငံမွ သြင္းကုန္မ်ားအေပၚ ေဒၚလာဘီလွ်ံရာႏွင့္ခ်ီၿပီး အခြန္ေကာက္ကာ တ႐ုတ္ႏွင့္ အေမရိကန္ ကုန္သြယ္ေရးလိုေငြကို ေလွ်ာ့ခ်ရန္ႏွင့္ တ႐ုတ္စီးပြားေရးကို ဖြင့္ေပးရန္အတြက္ ေဘက်င္းကို ဖိအားေပးရန္ လုပ္ေဆာင္သည္။ေဘက်င္းႏွင့္ ဝါရွင္တန္တို႔သည္ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလတြင္ ပထမအဆင့္ ကုန္သြယ္ေရးသေဘာတူစာခ်ဳပ္ကို ခ်ဳပ္ဆိုၾကေသာ္လည္း ကမာၻ႔ေဈးကြက္တြင္ ယွဥ္ၿပိဳင္ေနသည့္ တ႐ုတ္အစိုးရပိုင္ ကုမၸဏီမ်ားကို အစိုးရက ေထာက္ပံ့ေၾကးေပးသည့္ကိစၥအျပင္ မေျဖရွင္းႏိုင္ေသးေသာ သေဘာထားကြဲလြဲမႈ မ်ားစြာ က်န္ရွိေနေသးသည္။

ေဘက်င္း၏ စီးပြားေရးမူဝါဒမ်ားႏွင့္ပတ္သက္ၿပီး ဆက္လက္အေရးယူမည့္ သေဘာမ်ိဳးကိုလည္း မၾကာေသးမီက ဘိုင္ဒင္၏ မွတ္ခ်က္မ်ားတြင္ ေဖၚျပေနသည္။သို႔ေသာ္ ၾသဂုတ္လကျပဳလုပ္သည့္ NPR ႏွင့္ ေတြ႕ဆုံေမးျမန္းခန္းတြင္မူ ဘိုင္ဒင္ က အခြန္မ်ားသည္ တ႐ုတ္အတြက္သာမက အေမရိကန္ႏိုင္ငံအတြက္ပါ မေကာင္းေၾကာင္း ေျပာခဲ့သည္။

"ကုန္ထုတ္လုပ္ငန္းေတြက စီးပြားဆုပ္ကပ္ထဲကို ေရာက္သြားတယ္။အခြန္ထမ္းျပည္သူေတြေပးထားတဲ့ ေဒၚလာဘီလ်ံေပါင္းမ်ားစြာကို စိုက္ပ်ိဳးေရးက႑က ဆုံးရႈံးေစတယ္" ဟု ဘိုင္ဒင္ ေျပာသည္။

ထိုသို႔လုပ္မည့္အစား ဘိုင္ဒင္သည္ ကမာၻ႔စီးပြားေရး မဟာမိတ္ဖြဲ႕ကာ တ႐ုတ္စီးပြားေရးဖြင့္ေပးရန္ ဖိအားေပးျခင္းကို ပိုမိုႏွစ္သက္ပုံရသည္။

"တ႐ုတ္ႏိုင္ငံနဲ႔ပတ္သက္ၿပီး က်ေနာ္လုပ္မွာက တ႐ုတ္အေနနဲ႔ အခုလုပ္ေနသလိုမလုပ္ဘဲ ႏိုင္ငံတကာစည္းမ်ဥ္းနဲ႔ ေဆာင္႐ြက္ဖို႔ပဲ။တ႐ုတ္ကို ဒီလိုေျပာဖို႔ က်ေနာ္တို႔မွာ က်န္တဲ့မိတ္ေဆြေတြရွိဖို႔လိုတယ္။ဒီမွာ စည္းမ်ဥ္းေတြရွိတယ္။ခင္မ်ားတို႔လိုက္နာပါ။စီးပြားေရးအရ စည္းမ်ဥ္းမလိုက္နာရင္ ေပးဆပ္ရမယ့္ တန္ဖိုးေတြရွိတယ္" ဟု ဘိုင္ဒင္ က ေအာက္တိုဘာလက ထရမ့္ႏွင့္ ဒုတိယအႀကိမ္ စကားစစ္ထိုးေသာအခါ ေျပာၾကားခဲ့သည္။

ထရမ့္၏ တ႐ုတ္ႏွင့္ နည္းပညာစစ္ပြဲႏွင့္ပတ္သက္သည့္ သြင္ျပင္အခ်ိဳ႕ကိုလည္း ဘိုင္ဒင္က လက္ခံမည့္ လကၡဏာအခ်ိဳ႕ရွိေနသည္။ထရမ့္လက္ေအာက္တြင္ အေမရိကန္ႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံလုပ္ 5G နည္းပညာကို ပယ္ခ်ရန္ သံတမန္ေရး မဟာမိတ္မ်ားကို တြန္းအားေပးသည္။အေမရိကန္ႏိုင္ငံ၏ အဓိကအစိတ္အပိုင္းမ်ားႏွင့္ တ႐ုတ္အၾကား အဆက္အသြယ္ကိုျဖတ္ေတာက္ကာ တ႐ုတ္ကုမၸဏီမ်ား၏ လူႀကိဳက္မ်ားေသာ အပလီေကးရွင္းမ်ားကို ပစ္မွတ္ထားသည္။က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳေနသည့္ တ႐ုတ္ပိုင္ အပလီေကးရွင္း TikTok ႏွင့္ ပတ္သက္ၿပီး စိုးရိမ္ပူပန္ေၾကာင္း ဘိုင္ဒင္ က စက္တင္ဘာလတြင္ ေျပာၾကားခဲ့သည္။ထိုအပလီေကးရွင္းကို ထရမ့္အစိုးရက အဓိကပစ္မွတ္ထား တိုက္ခိုက္သည္။

"တ႐ုတ္အပလီေကးရွင္း TikTok က လူငယ္သန္းတစ္ရာေလာက္ အထူးသျဖင့္ အေမရိကန္ျပည္ေထာင္စုက လူငယ္ေတြရဲ႕ အခ်က္အလက္ေတြကို သိခြင့္ရေနေတာ့ အမွန္တကယ္စိုးရိမ္စရာရွိတယ္လို႔ က်ေနာ္ထင္တယ္" ဟု ဘိုင္ဒင္ ေျပာသည္။

တ႐ုတ္နည္းပညာလုပ္ငန္း ဟြာေဝးက ထုတ္လုပ္သည့္ 5G  နည္းပညာကို မဟာမိတ္မ်ားအသုံးမျပဳရန္ တြန္အားေပးသည့္ ထရမ့္၏ မူဝါဒကို ဘိုင္ဒင္အစိုးရက ဆက္လက္က်င့္သုံးမည့္ အရိပ္အႁမြက္မ်ားကိုလည္း ၂၀၂၀ ျပည့္ႏွစ္ ဒီမိုကရက္တစ္ အေျခခံစာတမ္းတြင္လည္း ေဖၚျပေနသည္။

"မိမိတို႔သည္ လုံၿခဳံေသာ 5G ကြန္ရက္ တည္ေဆာက္ရန္ႏွင့္ ဆိုက္ဘာနယ္ပယ္ၿခိမ္းေျခာက္မႈမ်ားကို ေျဖရွင္းရန္ မိမိတို႔၏ မဟာမိတ္မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မည္" ဟု ထိုအေျခခံစာတမ္းတြင္ ေဖၚျပထားသည္။

ေတာင္တ႐ုတ္ပင္လယ္

ေတာင္တ႐ုတ္ပင္လယ္တြင္ တ႐ုတ္အစိုးရ က်ယ္ျပန႔္ၿပီး သက္ေသမျပႏိုင္ေသာ ေတာင္းဆိုမႈမ်ားကို ဆန႔္က်င္သည့္ မူဝါဒကို အိုဘားမားႏွင့္ ထရမ့္အစိုးရ ႏွစ္ခုလုံးက်င့္သုံးၾကသည္။

တ႐ုတ္အစိုးရက ေတာင္တ႐ုတ္ပင္လယ္တြင္ စစ္ဖက္ကြၽန္းတုမ်ား စတင္တည္ေဆာက္သည္မွာ အိုဘားမား-ဘိုင္ဒင္ အစိုးရေခတ္ကျဖစ္သည္။ထိုအခ်ိန္မွ စတင္ၿပီး အေမရိကန္ႏိုင္ငံသည္ ထိုေဒသတြင္ လြတ္လပ္ေသာ ေရေၾကာင္းသြားလာမႈ စစ္ဆင္ေရးမ်ား စတင္လုပ္ေဆာင္ခဲ့ၿပီး အေမရိကန္စစ္သေဘၤာမ်ားသည္ တ႐ုတ္ကတည္ေဆာက္ထားသည့္ ကြၽန္းတုမ်ားအနီး ျဖတ္သန္းေမာင္းႏွင္ၿပီး တ႐ုတ္ႏိုင္ငံ၏ ေတာင္းဆိုမႈမ်ားကို အေမရိကန္လက္မခံေၾကာင္း ျပသသည္။

ထရမ့္အစိုးရ လက္ေအာက္တြင္ အေမရိကန္အစိုးရသည္ ထိုစစ္ဆင္ေရးမ်ားကို အရွိန္ျမႇင့္တင္လိုက္ၿပီး ေတာင္တ႐ုတ္ပင္လယ္မွ တ႐ုတ္ႏိုင္ငံ၏ ေတာင္းဆိုမႈအမ်ားစုသည္ တရားမဝင္ေၾကာင္း လူသိရွင္ၾကား ထုတ္ျပန္ေၾကညာသည္။

ဘိုင္ဒင္သည္ ေတာင္တ႐ုတ္ပင္လယ္ႏွင့္ပတ္သက္သည့္ မည္သည့္အဓိကေၾကညာခ်က္မွ် ထုတ္ျပန္ထားျခင္းမရွိေသာ္လည္း ထိုေဒသတြင္ ထရမ့္၏ ျပင္းထန္ေသာမူဝါဒကို ေျပာင္းလဲမည့္ လကၡဏာမ်ားကို ယခုအခ်ိန္အထိ မေတြ႕ရေသးေပ။ပို၍ပင္ ျပင္းထန္ေသာမူဝါဒ က်င့္သုံးႏိုင္သည္။

၂၀၁၆ ခုႏွစ္ ဒီမိုကရက္တစ္ အေျခခံေၾကညာစာတမ္းတြင္ ေတာင္တ႐ုတ္ပင္လယ္တြင္ ပင္လယ္ျပင္လြတ္လပ္မႈကို ကာကြယ္မည္ဟုသာ ေဖၚျပေသာ္လည္း ယခုေလးႏွစ္ၾကာေသာအခါတြင္မူ ထိုေဒသတြင္း တ႐ုတ္စစ္ေရးၿခိမ္းေျခာက္မႈမ်ားဟု ေျဗာင္က်က် သုံးစြဲလာသည္။

တ႐ုတ္ႏိုင္ငံက မည္သူမွ် အသိအမွတ္မျပဳသည့္ ေလေၾကာင္းကာကြယ္ေရးဇုန္ တည္ေထာင္ထားေသာ္လည္း အေမရိကန္ေလယာဥ္မ်ားသည္ ထိုေဒသတြင္ ဆက္လက္ပ်ံသန္းမည္ျဖစ္ေၾကာင္း ၂၀၁၃ ခုႏွစ္ သမၼတရွီက်င့္ဖိန္ ကို သူမည္သို႔ေျပာခဲ့သည့္အေၾကာင္း ဘိုင္ဒင္ က မဲဆြယ္ပြဲတြင္ တစ္ႀကိမ္မကေျပာသည္။

"သူက အဲဒီကေန ျဖတ္မပ်ံသန္းရဘူးလို႔ ေျပာတယ္။က်ေနာ္ကလည္း က်ေနာ္တို႔ကေတာ့ ျဖတ္ပ်ံသန္းမယ္လို႔ က်ေနာ္ေျပာတယ္။ က်ေနာ္တို႔ ဂ႐ုစိုက္မွာမဟုတ္ဘူး" လို႔ ျပန္ေျပာခဲ့တယ္ဟု ဘိုင္ဒင္ က ထရမ့္ႏွင့္ ေအာက္တိုဘာလက စကားစစ္ထိုးပြဲတြင္ေျပာသည္။

ဘိုင္ဒင္သည္ သမၼတအျဖစ္ေ႐ြးေကာက္ခံၿပီးေနာက္ အာရွ-ပိစိဖိတ္ေဒသတြင္ တ႐ုတ္ခ်ဲ႕ထြင္မႈကို ပိုမိုတင္းမာစြာၾကည့္သည္။ၾကာသပေတးေန႔က ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဆူဂါႏွင့္ ဖုန္းျဖင့္ဆက္သြယ္ရာတြင္ ဘိုင္ဒင္ က အေရွ႕တ႐ုတ္ပင္လယ္မွ ဆန္ကာကုကြၽန္းမ်ားကို ဆက္လက္ကာကြယ္မည္ျဖစ္ေၾကာင္း ကတိျပဳသည္။

ထိုင္ဝမ္

ထရမ့္လက္ေအာက္တြင္ အေမရိကန္ျပည္ေထာင္စုသည္ လြန္ခဲ့ေသာ ၁၂ လအတြင္း ထိုင္ဝမ္ႏွင့္ တရားဝင္ဆက္ဆံေရးကို ခိုင္မာေအာင္လုပ္ေဆာင္သည္။ထရမ့္အစိုးရသည္ ေဒၚလာဘီလ်ံမ်ားစြာတန္ေသာ လက္နက္မ်ား ထိုင္ဝမ္သို႔ေရာင္းရန္ခြင့္ျပဳၿပီး ၾသဂုတ္လက က်န္းမာေရးႏွင့္ လူမႈဝန္ေဆာင္မႈ ဝန္ႀကီး အဲလက္အဇာ ကို ထိုင္ဝမ္သို႔ ေစလႊတ္ေသာေၾကာင့္ သူသည္ ဆယ္စုႏွစ္မ်ားစြာအတြင္း ထိုင္ဝမ္သို႔သြားေရာက္သည့္ အဆင့္အျမင့္ဆုံး အေမရိကန္အရာရွိျဖစ္လာသည္။

ဘိုင္ဒင္သည္ ထိုင္ဝမ္ႏွင့္ ၎၏ ဒီမိုကေရစီနည္းက် ေ႐ြးခ်ယ္ထားေသာ အစိုးရကို အေမရိကန္ေထာက္ခံျခင္းအား လိုလားသည္မွာ ႏွစ္ေပါင္းမ်ားစြာၾကာၿပီျဖစ္သည္။ဘိုင္ဒင္သည္ အထက္လႊတ္ေတာ္အမတ္ဘဝတြင္ ၁၉၇၉ ခုႏွစ္ ထိုင္ဝမ္ဆက္ဆံေရးဥပေဒကို မဲေပးေထာက္ခံခဲ့သည္။ထိုဥပေဒအရ ထိုင္ဝမ္ႏွင့္ အလြတ္သေဘာဆက္ဆံေရးကို ထူေထာင္ခဲ့ျခင္းျဖစ္သည္။

ဘိုင္ဒင္သည္ ထိုင္ဝမ္သမၼတ ခြၽိဳင္အင္းဝမ္ ၂၀၂၀ ခုႏွစ္တြင္ ျပန္လည္ေ႐ြးေကာက္ခံရေသာအခါ ဂုဏ္ျပဳစကားေျပာၾကားခဲ့ၿပီး ယခု ႏိုဝင္ဘာတြင္ ဘိုင္ဒင္ ျပန္လည္ေ႐ြးေကာက္ခံရေသာအခါ ခြၽိဳင္အင္းဝမ္ က ျပန္လည္ဂုဏ္ျပဳစကားေျပာသည္။

တ႐ုတ္တစ္ႏိုင္ငံတည္း မူဝါဒကို ဒီမိုကရက္တစ္ အေျခခံစာတမ္းတြင္ လုံးဝမေတြ႕ရဘဲ ဒီမိုကရက္တို႔သည့္ ထိုင္ဝမ္ျပည္သူမ်ား၏ဆႏၵႏွင့္ အက်ိဳးစီးပြားႏွင့္အညီ ေရလက္ၾကားဆက္ဆံေရး ျပႆနာမ်ားကို ကိုင္တြယ္မည္ဟု သာ ေဖၚျပသည္။

ရွင္က်န္းႏွင့္ ေဟာင္ေကာင္

ဘိုင္ဒင္ႏွင့္ သူ၏မဲဆြယ္အဖြဲ႕ႏွင့္ ဒီမိုကရက္တစ္ပါတီ၏  ထုတ္ျပန္ခ်က္အားလုံးတြင္ အူဂါတို႔ကို ေဘက်င္းက ပစ္မွတ္ထားျခင္းကို လုံးဝသီးခံမည္မဟုတ္ေၾကာင္း ေဖၚျပထားၿပီး ဆက္လက္အေရးယူမည့္ အရိပ္အႁမြက္ျပေနသည္။သူ၏မဲဆြယ္အဖြဲ႕က ထိုျဖစ္ရပ္သည္ လူမ်ိဳးတုံးသတ္ျဖတ္မႈျဖစ္သည္ဟု ဆိုသည္။ေဟာင္ေကာင္မွ ဒီမိုကေရစီလိုလားသူမ်ားက ထရမ့္ ဒုတိယသမၼတသက္တမ္းကို လိုလားၿပီး ဘိုင္ဒင္ က တ႐ုတ္ကို ထရမ့္ေလာက္ မျပတ္သားမည္ကို စိုးရိမ္ၾကေသာ္လည္း ဘိုင္ဒင္ က ေမလကထုတ္ျပန္သည့္ ေၾကညာခ်က္တြင္ ေဟာင္ေကာင္မွ ၿဖိဳခြဲခံရမႈအမ်ားအတြက္ ဘိုင္ဒင္ က ထရမ့္ ကို အျပစ္တင္ကာ တ႐ုတ္ႏိုင္ငံႏွင့္ပတ္သက္လွ်င္ မိမိတို႔၏တန္ဖိုးမ်ားအတိုင္း ျပတ္သားစြာလုပ္မည္ဟု ေျပာခဲ့သည္။

Linko
Ref : CNN (China looms as Biden's biggest foreign policy challenge. Here's where he stands)
ႏိုဝင္ဘာ - ၁၇