【 နိုင်ငံတကာဆောင်းပါး 】 “ရာသီဥတုပြောင်းလဲမှု စီမံအုပ်ချုပ်ရေး နည်းလမ်းသစ်”

【 နိုင်ငံတကာဆောင်းပါး 】 “ရာသီဥတုပြောင်းလဲမှု စီမံအုပ်ချုပ်ရေး နည်းလမ်းသစ်”

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ ရာသီဥတုရည်မှန်းချက် ထိပ်သီးဆွေးနွေးပွဲ ၂၀၂၀ တွင် ကမ္ဘာ့ခေါင်းဆောင်များသည် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များလျှော့ချရေးနှင့်ပတ်သက်သည့် ၎င်းတို့၏ရည်မှန်းချက်များကို ပြောကြားခဲ့ကြသည်။တရုတ်သမ္မတ ရှီကျင့်ဖိန် က သူ၏နိုင်ငံသည် ၎င်း၏ကတိကဝတ်များကို မည်သို့စောင့်ထိန်းမည်ကိုသာမက ရာသီဥတုစီမံအုပ်ချုပ်မှုနှင့်ပတ်သက်သည့် နည်လမ်းသစ်တစ်ခုကိုပါ တင်ပြခဲ့သည်။

ခါးသီးသောစစ်ပွဲများကို တိုက်ခိုက်ပြီးနောက် ကမ္ဘာ့အသိုင်းအဝန်းသည် တစ်ဖက်သတ်လုပ်ရပ်များက ကမ္ဘာကို မီးလျှံများကြားတွင် ထပ်မံဝါးမြိုခြင်းမရှိစေရေးအတွက် ပြဿနာများကိုဖြေရှင်းရန် ပါဝင်ဆောင်ရွက်သော အားထုတ်မှုများကို ခွင့်ပြုနိုင်ရန် ကုလသမဂ္ဂပုံစံ စီမံအုပ်ချုပ်မှုစနစ်ကို ထူထောင်ခဲ့သည်။

အလားတူစွာပင် ကမ္ဘာမြေရင်ဆိုင်နေရသည့် ခြိမ်းခြောက်မှုသစ်ကို ဖြေရှင်းရာတွင် လူသားတို့၏ ပူးပေါင်းဆောင်ရွက်သော သဘောသဘာဝကို ထိန်းချုပ်ရန်အတွက် လွန်စွာလိုအပ်နေသည်။လူတိုင်းပါဝင်နိုင်သော ပြန်လည်ပြုပြင်ထားသည့် ကမ္ဘာ့ရာသီဥတု စီမံအုပ်ချုပ်မှုစနစ်သည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် ခိုင်မာသည့်ရလဒ်များ ရရှိရေးအတွက် နည်းလမ်းတစ်ခုဖြစ်သည်။

ရာသီဥတု စီမံအုပ်ချုပ်ရေးကို ပိုမိုအာရုံစိုက်ရန်အတွက် ရှီ က အဆိုပြုချက် ၃ ခု တင်သွင်းခဲ့သည်။

ပထမအဆိုပြုချက်သည် ပါဝင်ပတ်သက်သူများအကြား အားလုံးအကျိုးရှိသောရလဒ်များ အကောင်အထည်ဖေါ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကို အားပေးသည်။သဘာဝပတ်ဝန်းကျင်အပေါ် ပြင်းထန်သော သက်ရောက်မှုများနှင့်တကွ စက်မှုတိုးတက်မှုသည် မကြာခဏဆိုသလို အနိုင်/အရှုံး အဆုံးအဖြတ်ပေးသည့် အခြင်းအရာများကိုဖြစ်စေသည်။စက်မှုအားဖြင့် တိုးတက်သော နိုင်ငံများသည် အကျိုးအမြတ်များကိုခံစားရပြီး ချို့တဲ့သောနိုင်ငံများသည် စက်မှုတိုးတက်သောနိုင်ငံများ၏ လုပ်ရပ်များဒဏ်ကို အပြင်းအထန်ခံကြရသည်။

ကျွန်းနိုင်ငံများကို ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းက ခြိမ်းခြောက်နေပြီး စိုက်ပျိုးရေး စီးပွားရေးများသည် ရာသီဥတုဖေါက်ပြန်မှုကို ရင်ဆိုင်နေရကာ ထိခိုက်လွယ်လူဦးရေ အပိုင်းအခြားများသည် အဆက်မပြတ် ရွှေ့ပြောင်းနေထိုင်ကြရသောကြောင့် မရေရာသောအနာဂတ်ကို ရင်ဆိုင်သကဲ့သို့ လုံး၀ဆင်းရဲသော နိုင်ငံများသည် ရိက္ခာဖူလုံမှုကို အာမခံချက်မပေးနိုင်တော့ပေ။အားလုံးအကျိုးရှိသောနည်းလမ်းကို ချမှတ်သောအခါ တိုးတက်မှုအတွက် ထိုနည်းလမ်းကို မစတေးနိုင်ပေ။

ထိုရည်မှန်းချက်အတွက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်ကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုသည် ဘက်စုံပူးပေါင်းဆောင်ရွက်ရေးစိတ်ဓါတ်ကို အားပေးသောကြောင့် စာနာသော သဘောထားကို မြေတောင်မြှောက်ပေးသည်။ရာသီဥတုပြောင်းလဲမှုဆိုသည်မှာ တစ်ဦး၏လုပ်ရပ်သည် အားလုံးကိုထိခိုက်စေသောကြောင့် တစ်ဖက်သတ်လုပ်ဆောင်ရမည့် နောက်ဆုံးကိစ္စဖြစ်သည်။

ပါရီသဘောတူစာချုပ် သက်တမ်း ၅ နှစ် ကုန်ဆုံးသောအခါ ရာသီဥတုနှင့်ပတ်သက်သည့် ပျက်စီးမှုများကို ပြောင်းပြန်လှန်ပစ်ရန် အားထုတ်မှုများတွင် သိသာသောတိုးတက်မှု ရရှိလာသည်။နိုင်ငံများသည် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို လျှော့ချရန် ကတိပြုနေပြီး ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာအပေါ် မှီခိုရခြင်းကိုလျှော့ချကာ  ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်းရင်းမြစ်များကို ပြောင်းလဲအသုံးပြုခြင်းသည် တိုးတက်လာနေသည်။သို့သော် ပါရီသဘောတူစာချုပ်၏ သတ်မှတ်ချက်များ ပြည့်မီရေးအတွက် ထိုသို့သောခြေလှမ်းများကို အရှိန်မြှင့်တင်ရန် လိုအပ်ဆဲဖြစ်သည်။

ရှီ တင်ပြခဲ့သည့် ဒုတိယအဆိုပြုချက်မှာ ရာသီဥတုပြောင်းလဲမှု စီမံအုပ်ချုပ်ရေးစနစ်သစ်တွင် ပါဝင်လက်မှန်ရေးထိုးသူတိုင်း အခန်းကဏ္ဍတစ်ခုမှ ပါဝင်ရေးဖြစ်သည်။အပြုသဘောဆောင်သည်ဖြစ်စေ အပျက်သဘောဆောင်သည်ဖြစ်စေ လုပ်ရပ်တိုင်းသည် တစ်ကမ္ဘာလုံးကို သက်ရောက်သောကြောင့် ဆင်းရဲသောနိုင်ငံများဖြစ်စေ ချမ်းသာသောနိုင်ငံများဖြစ်စေ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်မှကင်းလွတ်ဖြင်းမရှိပေ။

ထိုစနစ်အရ တာဝန်ဝတ္တရားများကို အမျိုးမျိုးသောပုံသဏ္ဍာန်ဖြင့် ခွဲဝေယူရမည်ဖြစ်သည်။နိုင်ငံတစ်နိုင်ငံဆီတွင် မတူညီသည့် ဒေသဆိုင်ရာ အခြေအနေများနှင့် မတူညီသည့် စွမ်းရည်များရှိသည်။အခန်းကဏ္ဍများကို ပေါင်းစပ်ခြင်းသည် အလုံးစုံစုစုပေါင်းထက် ပိုမိုကြီးမားလာစေရန်အတွက် နိုင်ငံများသည် အားထုတ်မှုများကို ပေါင်းစပ်ရမည်ဖြစ်သည်။

ဖွံ့ဖြိုးပြီးနိုင်ငံများသည် ပိုမိုတာဝန်ရှိသောကြောင့် ရှေ့တန်းမှပါဝင်ရမည်ဖြစ်သည်။၎င်းတို့တစ်နိုင်ငံတည်းဆိုပါက ပိုမိုဆိုးရွားစေသည့် ရာသီဥတုပြောင်းလဲမှု သက်ရောက်မှုများကိုဖြစ်စေသော နည်းလမ်းများကို ရွေးချယ်ကြရသည့် ဖွံဖြိုးဆဲနိုင်ငံများကို ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများက ကူညီသင့်သည်။ငွေကြေးထောက်ပံ့ခြင်း၊ နည်းပညာနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စွမ်းရည်တည်ဆောက်ရေးကို ထိုကိစ္စနှင့်ပတ်သက်ပြီး ရှီ အကြံပြုသည်။

သဘာဝသို့ ပြန်လည်ရောက်ရှိခြင်းသည် သဘာဝ၏ပြဿနာများကို ဖြေရှင်းနိုင်သောကြောင့် ရှီ၏ တတိယအဆိုပြုချက်သည် ရာသီဥတုစီမံအုပ်ချုပ်မှုအသစ်အရ မြစိမ်းရောင်နာလန်ထခြင်းကို မီးမောင်းထိုးပြနေသည်။ထိုအယူအဆနှင့်ပတ်သက်ပြီး သဘောတူညီချက်တစ်ခုရှိသော်လည်း အလုပ်နှင့် ဘ၀ နည်းလမ်းသစ်များကို မိတ်ဆက်အားပေးနိုင်ရေးအတွက် ဆုံးဖြတ်ချက်ချမှတ်သူများ၏ ယုံကြည်မှုကို ထပ်မံမြှင့်တင်ပေးရမည်ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုမျာသည် ညတွင်းချင်းဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ထို့ကြောင့်ပင် စက်မှုနှင့် ကုန်ထုတ်လုပ်မှု၏ ရေရှည်သက်ရောက်မှုများကို နောက်ကျမှာသာ နားလည်ကြခြင်းဖြစ်သည်။ထိုအချက်ကို ချေဖျက်ရန်အတွက် မိမိတို့သည် ရေတိုသက်ရောက်မှုများကိုပင် သိသာမြင်သာဖြစ်စေသည့် နည်းလမ်းများကို ရှာဖွေရမည်ဖြစ်သည်။

ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် နေအိမ်တွင်းနေထိုင်မှုများကြောင့် ကမ္ဘာ့လေထုညစ်ညမ်းမှု သိသိသာသာကျဆင်းလာခြင်းကို ၂၀၂၀ တွင် ကြုံတွေ့ရသည့်အတိုင်း မြစိမ်းရောင်စွမ်းအင်သို့ အလျှင်အမြန်ကူးပြောင်းခြင်းသည်လည်း အလားတူအကျိုးဆက်များကို ဖြစ်စေနိုင်သည်။မိမိတို့၏ ပုဂ္ဂလိကဘဝနေထိုင်မှု နည်းလမ်းများတွင်လည်း မိမိတို့သည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော အဆင်ပြေချောမွေ့သည့် နည်းလမ်းများကို နှစ်သက်ခြင်းအား ရပ်ဆိုင်းရမည်ဖြစ်သည်။

မြစိမ်းရောင် သေနင်္ဂဗျူဟာများ ချမှတ်ရေးနှင့်ပတ်သက်သည့် သဘောတူညီချက်များ အလျှင်အမြန်ပေါ်ပေါက်လာနေသည်။ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ကို ထိုအစိမ်းရောင် သေနင်္ဂဗျူဟာများမှ အခွင့်အလမ်းများရှာဖွေခြင်းဖြင့် တိုးပွားအောင် လုပ်ဆောင်ရမည်ဖြစ်သည်။စီးပွားရေးနှင့် စက်မှုတိုးတက်မှုကို မှီခိုသောအခါ မြစိမ်းရောင်နည်းပညာများတွင် ရင်းနှီးမြှုပ်နှံခြင်းကို အားပေးစေ့ဆော်ရမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ရာသီဥတုအကျပ်အတည်း အရှိန်လျှော့ချရေးအတွက် စံနမူနာ အခန်းကဏ္ဍမှ ပါဝင်နေသည်။တရုတ်နိုင်ငံသည် တစ်နိုင်ငံလုံးတွင် ပြတ်သားသည့် အကျိုးဆောင်မှုများနှင့် မူဝါဒများကို လုပ်ဆောင်နေပြီး သိသာသော ကွဲပြားခြားနားမှုများသို့ ဦတည်နေသည်။တရုတ်နိုင်ငံ၏ စီမံကိန်းတွင် ၂၀၃၀ ခုနှစ်သည် အဓိကသမိုင်းမှတ်တိုင်ဖြစ်သည်။ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုသည် ၂၀၃၀ မတိုင်မီတွင် အထိဋ်အထိပ်ရောက်ပြီး တရုတ်နိုင်ငံသည် ၂၀၆၀ ခုနှစ်မတိုင်မီ ကာဗွန်မျှခြေအနေအထားကို ရရှိမည်ဖြစ်ကြောင်း ရှီ က စက်တင်ဘာလတွင် ကြေညာသည်။

၂၀၂၀ ခုနှစ် ရာသီဥတုရည်မှန်းချက် ထိပ်သီးဆွေးနွေးပွဲတွင် ၂၀၃၀ ခုနှစ်အတွက် နောက်ထပ်ကတိကဝတ်များကို ပြုလုပ်ခဲ့သည်။ထိုကတိကဝတ်များတွင် လူတစ်ဦးခြင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို ၂၀၀၅ ခုနှစ်က ပမာဏထက် ၆၅ ရာခိုင်နှုန်းလျှော့ချရေး၊ ကျောက်ဖြစ်ရုပ်ကြွင်းမဟုတ်သော လောင်စာများ ပိုမိုအသုံးပြုရေး၊ သစ်တောများတိုးချဲ့ရေးနှင့် ဆိုလာနှင့် လေစွမ်းအင်းအတွက် စွမ်းရည်များ မြှင့်တင်ရေးတို့ ပါဝင်သည်။

သို့သော် ရာသီဥတုပြောင်းလဲမှုကို နိုင်ငံတစ်နိုင်ငံတည်းအနေဖြင့် ပြောင်းပြန်လှန်နိုင်မည်မဟုတ်ပေ။နိုင်ငံတကာမှ ပါဝင်ပတ်သက်သူ အများအပြားတို့သည် ထူးခြားသော အောင်မြင်မှုများကို မကြာသေးမီကပြုလုပ်ခဲ့ပြီး ထိုအောင်မြင်မှုများကို ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုးချဲ့နိုင်မည်ဖြစ်သည်။ရည်မှန်းချက်မှာ ပါရီသဘောတူစာချုပ် ရှင်သန်ရေးအကောင်းမြင်စိတ်များကို ထိန်းသိမ်းထားသင့်ပြီး တိုးတက်မှုအစိတ်အပိုင်းတစ်ခုစီတွင် ပိုမိုတိုးတက်အောင် တည်ဆောက်ရေးဖြစ်သည်။

(Iram Khan သည် နိုင်ငံတကာရေးရာများနှင့်ပတ်သက်သည့် ပါကစ္စတန်အခြေစိုက် ဆောင်းပါးရှင်ဖြစ်သည်။ယခုဆောင်းပါးသည် စာရေးသူ၏ အမြင်သာဖြစ်ပြီး CGTN ၏ အမြင်ဟု မယူဆနိုင်ပါ။)

Linko
ဒီဇင်ဘာ - ၁၅

( Zawgyi )

၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ ၁၂ ရက္ေန႔ ရာသီဥတုရည္မွန္းခ်က္ ထိပ္သီးေဆြးေႏြးပြဲ ၂၀၂၀ တြင္ ကမာၻ႔ေခါင္းေဆာင္မ်ားသည္ ရာသီဥတုေျပာင္းလဲမႈ၏ အက်ိဳးဆက္မ်ားေလွ်ာ့ခ်ေရးႏွင့္ပတ္သက္သည့္ ၎တို႔၏ရည္မွန္းခ်က္မ်ားကို ေျပာၾကားခဲ့ၾကသည္။တ႐ုတ္သမၼတ ရွီက်င့္ဖိန္ က သူ၏ႏိုင္ငံသည္ ၎၏ကတိကဝတ္မ်ားကို မည္သို႔ေစာင့္ထိန္းမည္ကိုသာမက ရာသီဥတုစီမံအုပ္ခ်ဳပ္မႈႏွင့္ပတ္သက္သည့္ နည္လမ္းသစ္တစ္ခုကိုပါ တင္ျပခဲ့သည္။

ခါးသီးေသာစစ္ပြဲမ်ားကို တိုက္ခိုက္ၿပီးေနာက္ ကမာၻ႔အသိုင္းအဝန္းသည္ တစ္ဖက္သတ္လုပ္ရပ္မ်ားက ကမာၻကို မီးလွ်ံမ်ားၾကားတြင္ ထပ္မံဝါးၿမိဳျခင္းမရွိေစေရးအတြက္ ျပႆနာမ်ားကိုေျဖရွင္းရန္ ပါဝင္ေဆာင္႐ြက္ေသာ အားထုတ္မႈမ်ားကို ခြင့္ျပဳႏိုင္ရန္ ကုလသမဂၢပုံစံ စီမံအုပ္ခ်ဳပ္မႈစနစ္ကို ထူေထာင္ခဲ့သည္။

အလားတူစြာပင္ ကမာၻေျမရင္ဆိုင္ေနရသည့္ ၿခိမ္းေျခာက္မႈသစ္ကို ေျဖရွင္းရာတြင္ လူသားတို႔၏ ပူးေပါင္းေဆာင္႐ြက္ေသာ သေဘာသဘာဝကို ထိန္းခ်ဳပ္ရန္အတြက္ လြန္စြာလိုအပ္ေနသည္။လူတိုင္းပါဝင္ႏိုင္ေသာ ျပန္လည္ျပဳျပင္ထားသည့္ ကမာၻ႔ရာသီဥတု စီမံအုပ္ခ်ဳပ္မႈစနစ္သည္ ရာသီဥတုေျပာင္းလဲမႈကို တိုက္ဖ်က္ရာတြင္ ခိုင္မာသည့္ရလဒ္မ်ား ရရွိေရးအတြက္ နည္းလမ္းတစ္ခုျဖစ္သည္။

ရာသီဥတု စီမံအုပ္ခ်ဳပ္ေရးကို ပိုမိုအာ႐ုံစိုက္ရန္အတြက္ ရွီ က အဆိုျပဳခ်က္ ၃ ခု တင္သြင္းခဲ့သည္။

ပထမအဆိုျပဳခ်က္သည္ ပါဝင္ပတ္သက္သူမ်ားအၾကား အားလုံးအက်ိဳးရွိေသာရလဒ္မ်ား အေကာင္အထည္ေဖၚေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ေရးကို အားေပးသည္။သဘာဝပတ္ဝန္းက်င္အေပၚ ျပင္းထန္ေသာ သက္ေရာက္မႈမ်ားႏွင့္တကြ စက္မႈတိုးတက္မႈသည္ မၾကာခဏဆိုသလို အႏိုင္/အရႈံး အဆုံးအျဖတ္ေပးသည့္ အျခင္းအရာမ်ားကိုျဖစ္ေစသည္။စက္မႈအားျဖင့္ တိုးတက္ေသာ ႏိုင္ငံမ်ားသည္ အက်ိဳးအျမတ္မ်ားကိုခံစားရၿပီး ခ်ိဳ႕တဲ့ေသာႏိုင္ငံမ်ားသည္ စက္မႈတိုးတက္ေသာႏိုင္ငံမ်ား၏ လုပ္ရပ္မ်ားဒဏ္ကို အျပင္းအထန္ခံၾကရသည္။

ကြၽန္းႏိုင္ငံမ်ားကို ပင္လယ္ေရမ်က္ႏွာျပင္ျမင့္တက္ျခင္းက ၿခိမ္းေျခာက္ေနၿပီး စိုက္ပ်ိဳးေရး စီးပြားေရးမ်ားသည္ ရာသီဥတုေဖါက္ျပန္မႈကို ရင္ဆိုင္ေနရကာ ထိခိုက္လြယ္လူဦးေရ အပိုင္းအျခားမ်ားသည္ အဆက္မျပတ္ ေ႐ႊ႕ေျပာင္းေနထိုင္ၾကရေသာေၾကာင့္ မေရရာေသာအနာဂတ္ကို ရင္ဆိုင္သကဲ့သို႔ လုံး၀ဆင္းရဲေသာ ႏိုင္ငံမ်ားသည္ ရိကၡာဖူလုံမႈကို အာမခံခ်က္မေပးႏိုင္ေတာ့ေပ။အားလုံးအက်ိဳးရွိေသာနည္းလမ္းကို ခ်မွတ္ေသာအခါ တိုးတက္မႈအတြက္ ထိုနည္းလမ္းကို မစေတးႏိုင္ေပ။

ထိုရည္မွန္းခ်က္အတြက္ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ ပါရီသေဘာတူညီခ်က္ကဲ့သို႔ေသာ ပူးေပါင္းေဆာင္႐ြက္မႈသည္ ဘက္စုံပူးေပါင္းေဆာင္႐ြက္ေရးစိတ္ဓါတ္ကို အားေပးေသာေၾကာင့္ စာနာေသာ သေဘာထားကို ေျမေတာင္ေျမႇာက္ေပးသည္။ရာသီဥတုေျပာင္းလဲမႈဆိုသည္မွာ တစ္ဦး၏လုပ္ရပ္သည္ အားလုံးကိုထိခိုက္ေစေသာေၾကာင့္ တစ္ဖက္သတ္လုပ္ေဆာင္ရမည့္ ေနာက္ဆုံးကိစၥျဖစ္သည္။

ပါရီသေဘာတူစာခ်ဳပ္ သက္တမ္း ၅ ႏွစ္ ကုန္ဆုံးေသာအခါ ရာသီဥတုႏွင့္ပတ္သက္သည့္ ပ်က္စီးမႈမ်ားကို ေျပာင္းျပန္လွန္ပစ္ရန္ အားထုတ္မႈမ်ားတြင္ သိသာေသာတိုးတက္မႈ ရရွိလာသည္။ႏိုင္ငံမ်ားသည္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ထုတ္လႊတ္မႈကို ေလွ်ာ့ခ်ရန္ ကတိျပဳေနၿပီး ေက်ာက္ျဖစ္႐ုပ္ႂကြင္းေလာင္စာအေပၚ မွီခိုရျခင္းကိုေလွ်ာ့ခ်ကာ  ျပန္လည္ျပည့္ၿဖိဳးၿမဲ စြမ္းအင္းရင္းျမစ္မ်ားကို ေျပာင္းလဲအသုံးျပဳျခင္းသည္ တိုးတက္လာေနသည္။သို႔ေသာ္ ပါရီသေဘာတူစာခ်ဳပ္၏ သတ္မွတ္ခ်က္မ်ား ျပည့္မီေရးအတြက္ ထိုသို႔ေသာေျခလွမ္းမ်ားကို အရွိန္ျမႇင့္တင္ရန္ လိုအပ္ဆဲျဖစ္သည္။

ရွီ တင္ျပခဲ့သည့္ ဒုတိယအဆိုျပဳခ်က္မွာ ရာသီဥတုေျပာင္းလဲမႈ စီမံအုပ္ခ်ဳပ္ေရးစနစ္သစ္တြင္ ပါဝင္လက္မွန္ေရးထိုးသူတိုင္း အခန္းက႑တစ္ခုမွ ပါဝင္ေရးျဖစ္သည္။အျပဳသေဘာေဆာင္သည္ျဖစ္ေစ အပ်က္သေဘာေဆာင္သည္ျဖစ္ေစ လုပ္ရပ္တိုင္းသည္ တစ္ကမာၻလုံးကို သက္ေရာက္ေသာေၾကာင့္ ဆင္းရဲေသာႏိုင္ငံမ်ားျဖစ္ေစ ခ်မ္းသာေသာႏိုင္ငံမ်ားျဖစ္ေစ သဘာဝပတ္ဝန္းက်င္ကို ကာကြယ္ေစာင့္ေရွာက္ရန္ တာဝန္မွကင္းလြတ္ျဖင္းမရွိေပ။

ထိုစနစ္အရ တာဝန္ဝတၱရားမ်ားကို အမ်ိဳးမ်ိဳးေသာပုံသ႑ာန္ျဖင့္ ခြဲေဝယူရမည္ျဖစ္သည္။ႏိုင္ငံတစ္ႏိုင္ငံဆီတြင္ မတူညီသည့္ ေဒသဆိုင္ရာ အေျခအေနမ်ားႏွင့္ မတူညီသည့္ စြမ္းရည္မ်ားရွိသည္။အခန္းက႑မ်ားကို ေပါင္းစပ္ျခင္းသည္ အလုံးစုံစုစုေပါင္းထက္ ပိုမိုႀကီးမားလာေစရန္အတြက္ ႏိုင္ငံမ်ားသည္ အားထုတ္မႈမ်ားကို ေပါင္းစပ္ရမည္ျဖစ္သည္။

ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားသည္ ပိုမိုတာဝန္ရွိေသာေၾကာင့္ ေရွ႕တန္းမွပါဝင္ရမည္ျဖစ္သည္။၎တို႔တစ္ႏိုင္ငံတည္းဆိုပါက ပိုမိုဆိုး႐ြားေစသည့္ ရာသီဥတုေျပာင္းလဲမႈ သက္ေရာက္မႈမ်ားကိုျဖစ္ေစေသာ နည္းလမ္းမ်ားကို ေ႐ြးခ်ယ္ၾကရသည့္ ဖြံၿဖိဳးဆဲႏိုင္ငံမ်ားကို ဖြံ႕ၿဖိဳးတိုးတက္ၿပီးႏိုင္ငံမ်ားက ကူညီသင့္သည္။ေငြေၾကးေထာက္ပံ့ျခင္း၊ နည္းပညာႏွင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားတြင္ စြမ္းရည္တည္ေဆာက္ေရးကို ထိုကိစၥႏွင့္ပတ္သက္ၿပီး ရွီ အႀကံျပဳသည္။

သဘာဝသို႔ ျပန္လည္ေရာက္ရွိျခင္းသည္ သဘာဝ၏ျပႆနာမ်ားကို ေျဖရွင္းႏိုင္ေသာေၾကာင့္ ရွီ၏ တတိယအဆိုျပဳခ်က္သည္ ရာသီဥတုစီမံအုပ္ခ်ဳပ္မႈအသစ္အရ ျမစိမ္းေရာင္နာလန္ထျခင္းကို မီးေမာင္းထိုးျပေနသည္။ထိုအယူအဆႏွင့္ပတ္သက္ၿပီး သေဘာတူညီခ်က္တစ္ခုရွိေသာ္လည္း အလုပ္ႏွင့္ ဘ၀ နည္းလမ္းသစ္မ်ားကို မိတ္ဆက္အားေပးႏိုင္ေရးအတြက္ ဆုံးျဖတ္ခ်က္ခ်မွတ္သူမ်ား၏ ယုံၾကည္မႈကို ထပ္မံျမႇင့္တင္ေပးရမည္ျဖစ္သည္။

သဘာဝပတ္ဝန္းက်င္ဆိုင္ရာ သက္ေရာက္မႈမ်ာသည္ ညတြင္းခ်င္းျဖစ္ေပၚလာျခင္းမဟုတ္ေပ။ထို႔ေၾကာင့္ပင္ စက္မႈႏွင့္ ကုန္ထုတ္လုပ္မႈ၏ ေရရွည္သက္ေရာက္မႈမ်ားကို ေနာက္က်မွာသာ နားလည္ၾကျခင္းျဖစ္သည္။ထိုအခ်က္ကို ေခ်ဖ်က္ရန္အတြက္ မိမိတို႔သည္ ေရတိုသက္ေရာက္မႈမ်ားကိုပင္ သိသာျမင္သာျဖစ္ေစသည့္ နည္းလမ္းမ်ားကို ရွာေဖြရမည္ျဖစ္သည္။

ကိုဗစ္-၁၉ ႏွင့္ပတ္သက္သည့္ ေနအိမ္တြင္းေနထိုင္မႈမ်ားေၾကာင့္ ကမာၻ႔ေလထုညစ္ညမ္းမႈ သိသိသာသာက်ဆင္းလာျခင္းကို ၂၀၂၀ တြင္ ႀကဳံေတြ႕ရသည့္အတိုင္း ျမစိမ္းေရာင္စြမ္းအင္သို႔ အလွ်င္အျမန္ကူးေျပာင္းျခင္းသည္လည္း အလားတူအက်ိဳးဆက္မ်ားကို ျဖစ္ေစႏိုင္သည္။မိမိတို႔၏ ပုဂၢလိကဘဝေနထိုင္မႈ နည္းလမ္းမ်ားတြင္လည္း မိမိတို႔သည္ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ေစေသာ အဆင္ေျပေခ်ာေမြ႕သည့္ နည္းလမ္းမ်ားကို ႏွစ္သက္ျခင္းအား ရပ္ဆိုင္းရမည္ျဖစ္သည္။

ျမစိမ္းေရာင္ ေသနဂၤဗ်ဴဟာမ်ား ခ်မွတ္ေရးႏွင့္ပတ္သက္သည့္ သေဘာတူညီခ်က္မ်ား အလွ်င္အျမန္ေပၚေပါက္လာေနသည္။ထို႔ေၾကာင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းစဥ္ကို ထိုအစိမ္းေရာင္ ေသနဂၤဗ်ဴဟာမ်ားမွ အခြင့္အလမ္းမ်ားရွာေဖြျခင္းျဖင့္ တိုးပြားေအာင္ လုပ္ေဆာင္ရမည္ျဖစ္သည္။စီးပြားေရးႏွင့္ စက္မႈတိုးတက္မႈကို မွီခိုေသာအခါ ျမစိမ္းေရာင္နည္းပညာမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံျခင္းကို အားေပးေစ့ေဆာ္ရမည္ျဖစ္သည္။

တ႐ုတ္ႏိုင္ငံသည္ ရာသီဥတုအက်ပ္အတည္း အရွိန္ေလွ်ာ့ခ်ေရးအတြက္ စံနမူနာ အခန္းက႑မွ ပါဝင္ေနသည္။တ႐ုတ္ႏိုင္ငံသည္ တစ္ႏိုင္ငံလုံးတြင္ ျပတ္သားသည့္ အက်ိဳးေဆာင္မႈမ်ားႏွင့္ မူဝါဒမ်ားကို လုပ္ေဆာင္ေနၿပီး သိသာေသာ ကြဲျပားျခားနားမႈမ်ားသို႔ ဦတည္ေနသည္။တ႐ုတ္ႏိုင္ငံ၏ စီမံကိန္းတြင္ ၂၀၃၀ ခုႏွစ္သည္ အဓိကသမိုင္းမွတ္တိုင္ျဖစ္သည္။ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ထုတ္လႊတ္မႈသည္ ၂၀၃၀ မတိုင္မီတြင္ အထိဋ္အထိပ္ေရာက္ၿပီး တ႐ုတ္ႏိုင္ငံသည္ ၂၀၆၀ ခုႏွစ္မတိုင္မီ ကာဗြန္မွ်ေျခအေနအထားကို ရရွိမည္ျဖစ္ေၾကာင္း ရွီ က စက္တင္ဘာလတြင္ ေၾကညာသည္။

၂၀၂၀ ခုႏွစ္ ရာသီဥတုရည္မွန္းခ်က္ ထိပ္သီးေဆြးေႏြးပြဲတြင္ ၂၀၃၀ ခုႏွစ္အတြက္ ေနာက္ထပ္ကတိကဝတ္မ်ားကို ျပဳလုပ္ခဲ့သည္။ထိုကတိကဝတ္မ်ားတြင္ လူတစ္ဦးျခင္း ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ထုတ္လႊတ္မႈကို ၂၀၀၅ ခုႏွစ္က ပမာဏထက္ ၆၅ ရာခိုင္ႏႈန္းေလွ်ာ့ခ်ေရး၊ ေက်ာက္ျဖစ္႐ုပ္ႂကြင္းမဟုတ္ေသာ ေလာင္စာမ်ား ပိုမိုအသုံးျပဳေရး၊ သစ္ေတာမ်ားတိုးခ်ဲ႕ေရးႏွင့္ ဆိုလာႏွင့္ ေလစြမ္းအင္းအတြက္ စြမ္းရည္မ်ား ျမႇင့္တင္ေရးတို႔ ပါဝင္သည္။

သို႔ေသာ္ ရာသီဥတုေျပာင္းလဲမႈကို ႏိုင္ငံတစ္ႏိုင္ငံတည္းအေနျဖင့္ ေျပာင္းျပန္လွန္ႏိုင္မည္မဟုတ္ေပ။ႏိုင္ငံတကာမွ ပါဝင္ပတ္သက္သူ အမ်ားအျပားတို႔သည္ ထူးျခားေသာ ေအာင္ျမင္မႈမ်ားကို မၾကာေသးမီကျပဳလုပ္ခဲ့ၿပီး ထိုေအာင္ျမင္မႈမ်ားကို ပူးေပါင္းေဆာင္႐ြက္မႈျဖင့္ တိုးခ်ဲ႕ႏိုင္မည္ျဖစ္သည္။ရည္မွန္းခ်က္မွာ ပါရီသေဘာတူစာခ်ဳပ္ ရွင္သန္ေရးအေကာင္းျမင္စိတ္မ်ားကို ထိန္းသိမ္းထားသင့္ၿပီး တိုးတက္မႈအစိတ္အပိုင္းတစ္ခုစီတြင္ ပိုမိုတိုးတက္ေအာင္ တည္ေဆာက္ေရးျဖစ္သည္။

(Iram Khan သည္ ႏိုင္ငံတကာေရးရာမ်ားႏွင့္ပတ္သက္သည့္ ပါကစၥတန္အေျခစိုက္ ေဆာင္းပါးရွင္ျဖစ္သည္။ယခုေဆာင္းပါးသည္ စာေရးသူ၏ အျမင္သာျဖစ္ၿပီး CGTN ၏ အျမင္ဟု မယူဆႏိုင္ပါ။)

Linko
ဒီဇင္ဘာ - ၁၅