【 နိုင်ငံတကာဆောင်းပါး 】 “ရုရှားအတွက် မေတ္တာတရားမပါတဲ့ ဥရောပသမဂ္ဂ နောက်ဆုံးသေနင်္ဂဗျူဟာ”

【 နိုင်ငံတကာဆောင်းပါး 】 “ရုရှားအတွက် မေတ္တာတရားမပါတဲ့ ဥရောပသမဂ္ဂ နောက်ဆုံးသေနင်္ဂဗျူဟာ”

ဥရောပသမဂ္ဂ (EU) သည် ၎င်းတို့၏ သမိုင်းဝင် သေနင်္ဂဗျူဟာစာတမ်းတွင် ရုရှားအတွက် အကောင်းပြောရန် စီစဉ်ထားသည်များ ဖြုတ်ပယ်ဖော်ပြထားသည်။

“ဘုံအကျိုးစီးပွားအများအပြားနှင့် ဘုံယဉ်ကျေးမှုများကသာ EU နှင့် ရုရှားကို လက်တွေ့တွင် ချိတ်ထားသည်။ထို့ကြောင့် EU သေနင်္ဂဗျူဟာတွင် EU သည် ၎င်းတို့သေနင်္ဂဗျူဟာလမ်းညွှန်တွင် ရုရှားနှင့်ပြောရန် ရည်ရွယ်ထားသော အချို့သောနယ်ပယ်များတွင်သာ ရုရှားနှင့် ထိတွေ့ဆက်ဆံရေးကို ရည်ရွယ်သည်” ဟု နိုဝင်ဘာ ၉ ရက်နေ့ ရက်စွဲတပ်ထားသော ယခင်မူကြမ်းအရ သိရသည်။

သို့သော် EUobserver က လေ့လာခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့ ရက်စွဲတပ် နောက်ဆုံးမူကြမ်းတွင်မူ နွေးထွေးသော စကားလုံးများကို ဖြတ်တောက်ထားသည်။

“EU သည် ရုရှားနှင့်ပတ်သက်သည့် ညီညွတ်သော၊ ရေရှည်၊ သေနင်္ဂဗျူဟာ နည်းလမ်းကိုသာ ဆက်လက်ဆုံးဖြတ်ထားသည်” ဟု ထိုစာတမ်းတွင် ဖော်ပြထားသည်။

ထိုသေနင်္ဂဗျူဟာလမ်းညွန်ကို မတ်လတွင် အပြီးသတ် သဘောတူသောအခါ နောက်လာမည့် ဆယ်စုနှစ်အတွက် ကာကွယ်ရေးနှင့်ပတ်သက်သည့် EU ၏ စဉ်းစားတွေးခေါ်မှုကို ပုံဖော်ပေးမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်ယက်ဗ် လီ ဒရီယန် က ပြင်သစ်နိုင်ငံ ဘရက်စ်တွင် EU နိုင်ငံခြားရေးဝန်ကြီးများနှင့် ဆွေးနွေးပြီးသောအခါ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် မှတ်ချက်ချသည်။

“ရုရှားက EU မပေါ်ခင်က ခေတ်၊ ဥရောပကို အင်အားကြီးနိုင်ငံတွေက သြဇာလွှမ်းမိုးတဲ့ခေတ်ကို ပြန်သွားချင်တယ်” ဟု ဥရောပသမဂ္ဂ ထိပ်တန်းသံတမန် ဂျိုးဆက်ဘော်ရဲလ် ပြောသည်။

ယူကရိန်း ပတ်ဝန်းကျင်တွင် မော်စကိုက တပ်များချထားပြီး ပိုမိုရန်လိုလာသောစကားများကြောင့် လွန်ခဲ့သော ၂ လအတွင်း မော်စကိုနှင့် ဆက်ဆံရေး အလွန်ကျဆင်းပြီးနောက် ၎င်းတို့ဆွေးနွေးခြင်းဖြစ်သည်။

မော်စကိုက ရုရှားကို ထပ်မံကျူးကျော်ပါက ရုရှားကို ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုက အကြီးအကျယ်ပိတ်ဆို့ အရေးယူမည်ဖြစ်ကြောင်းလည်း ၎င်းတို့နှစ်ဦးလုံးက သတိပေးသည်။

ထိုနေ့က ယူကရိန်းအစိုးရဝက်ဘ်ဆိုက်များကို ဆိုက်ဘာတိုက်ခိုက်မှုများအတွက်လည်း ဘော်ရဲလ် က ရုရှားကို လက်ညှိုးထိုးသည်။ရုရှားကို အပြစ်တင်ရန် ခိုင်မာသောအထောက်အထားမရကြောင်း သူပြောသည်။ဒါပေမဲ့ ဒီဆိုက်ဘာတိုက်ခိုက်မှု ဘယ်ကလာတယ်ဆိုတာ ကျနော်ခန့်မှန်းလို့ရတယ်” ဟု သူပြောသည်။

ရုရှား၏ မသမာသောလုပ်ရပ်များကို အသိအမှတ်ပြုသည့်အနေဖြင့် သေနင်္ဂဗျူဟာလမ်းညွန်သစ်တွင် စစ်အေးတိုက်ပွဲ၊ ဥရောပသမားရိုးကျလက်နက်များစာချုပ်၊ ပွင့်လင်းမိုးကောင်းကင်များစာချုပ်နှင့် တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့များစာချုပ်တို့မှ အမွေရခဲ့သော ဥရောပလုံခြုံရေးစနစ်ကို ဖျက်သိမ်းခဲ့ခြင်းကိုလည်း ထောက်ပြထားသည်။

ရုရုားပုံစံ ကပြားတိုက်ခိုက်မှုများဖြစ်သည့် ဆိုက်ဘာတိုက်ခိုက်မှု၊ သတင်းမှားဖြန့်ခြင်း၊ ရွေးကောက်ပွဲနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များကို ဝင်ရောက်စွက်ဖက်ခြင်း၊ စီးပွားရေးအရ အတင်းအကျပ်ပြုခြင်းနှင့် ပုံမှန်မဟုတ်သော ရွှေ့ပြောင်းနေထိုင်သူများ စသည့် နည်းလမ်းများပူးပေါင်းတိုက်ခိုက်မှုအတွက် စိုးရိမ်ကြောင်းလည်း ထိုအစီရင်ခံစာက ထပ်မံပြောကြားသည်။

ဂျော်ဂျီယာနှင့် ယူကရိန်းတို့ကဲ့သို့သော နိုင်ငံများသည် ရုရှား၏ ရန်လိုသောစွက်ဖက်မှုနှင့် ၎င်းတို့၏ တည်ငြိမ်မှုနှင့် ဒီမိုကရက်တစ်လုပ်ငန်းစဉ်များကို ကျယ်ပြန့်သည့် နည်းပိရိယာယ်များနှင့် တိုက်ခိုက်မှုများ အသုံးပြုမှုများသည် ဥရောပလုံခြုံရေးကို တိုက်ရိုက်သက်ရောက်မှုရှိကြောင်းလည်း ထောက်ပြထားသည်။

ထိုအစီရင်ခံစာတွင် အာဖရိကတိုက်မှ ဗဟိုအာဖရိကသမ္မတနိုင်ငံနှင့် မာလီနိုင်ငံများတွင် ရုရှားကြေးစားစစ်သားများ ချထားခြင်းကဲ့သို့သော ရန်လိုသည့်အပြုအမူများကိုလည်း ဖော်ပြထားသည်။

“မိမိတို့သည် မိမိတို့ သေနင်္ဂဗျူဟာပြိုင်ဘက်များ ဆာဟဲလ်မှ အာဖရိကဦးချိုဒေသအထိ အင်အားတိုးချဲ့နေသည်ကို တွေ့မြင်နေရသည်” ဟုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြသည်။

တစ်ချိန်တည်းတွင် လီ ဒရီယန်ကလည်း သူနှင့် ဂျာမန်နိုင်ငံခြားရေးဝန်ကြီး အနယ်လ်လီနာ ဘားဘော့တို့သည် မကြာမီအနာဂတ်အတွင် ယူကရိန်း၏ ရှေ့တန်းစစ်မျက်နှာများသို့ သွားရောက်မည်ဟု ပြောသည်။

ထိုသေနင်္ဂဗျူဟာလမ်းညွန်တွင် ဥရောပသမဂ္ဂ အလျှင်အမြန်စစ်ရေးတုံ့ပြန်မှုတပ်ဖွဲ့သစ် တည်ထောင်ရေးသည် မပြောင်းမလဲရှိနေသည်။

ထိုအစီရင်ခံစာတွင် တရုတ်နိုင်ငံနှင့်ပတ်သက်သည့် သတိပေးချက်လည်း ပါဝင်သည်။

“ရုရှားနှင့် တရုတ်နိုင်ငံများသည် ၎င်းတို့၏ နျူကလီးယားလက်နက်တိုက်များကို တိုးချဲ့နေပြီး လက်နက်စနစ်သစ်များ ထုတ်လုပ်နေသည်” ဟု ထိုအစီရင်ခံစာကဆိုသည်။

“တရုတ်နိုင်ငံသည် ၎င်းစစ်ရေးနည်းလမ်းကို အကြီးအကျယ်တိုးတက်အောင်လုပ်ဆောင်နေပြီး ၂၀၄၉ ခုနှစ်တွင် နည်းပညာအရ အဆင့်အမြင့်ဆုံးတပ်ဖွဲ့ဖြစ်စေရန် ရည်မှန်းထားပြီး ဒေသတွင်းနှင့် ကမ္ဘာ့လုံခြုံရေးအခြေအနေကို ထိခိုက်စေသည်” ဟု ထိုအစီရင်ခံစာကဆိုသည်။

ဂျီဟတ်ဝါဒ

အထက်ပါအစီရင်ခံစာတွင် ပြင်သစ်နိုင်ငံက ဥရောပသမဂ္ဂ ဥက္ကဋ္ဌလုပ်နေသည့် လတ်တလောတွင် ဦးစားပေးဖြစ်သော အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအတွက် စာပိုဒ်များလည်း ပါဝင်သည်။

ထိုခြိမ်းခြောက်မှုများတွင် ပြည်တွင်းအကြမ်းဖက်သမားများ၊ ပြည်ပမှပြန်လာသည့် တိုက်ခိုက်ရေးသမားများ၊ ပြည်ပမှ လှုံ့ဆော်ညွှန်ကြားသော တိုက်ခိုက်မှုများနှင့် အစွန်းရောက်ယုံကြည်မှုကိုအားပေးသည့် အတွေးအခေါ်များ ဖြန့်ချိခြင်းတို့ကို ထောက်ပြထားသည်။

အီရန်သည် လက်ဝေခံ နိုင်ငံရေးစစ်ရေးအင်အားစုများကို သွယ်ဝိုက်ထောက်ပံ့နေပြီး ဒုံးကျည်များအပါအဝင် လက်နက်များကို ဆက်လက်ထောက်ပံ့နေသောကြာင့် ဒေသတွင်းမတည်ငြိမ်မှုများ၏ အရေးပါသောရင်းမြစ် ဆက်လက်ဖြစ်နေမည်ဟုလည်း ထိုအစီရင်ခံစာက ဆိုသည်။

Linko
Ref : EUobserver (No love for Russia in latest EU strategy)
ဇန်နဝါရီ - ၂၁