【 နိုင်ငံတကာဆောင်းပါး 】 “အမေရိကန်၏ အာရှမဟာဗျူဟာ နိဂုံးချုပ်ပြီလား”

【 နိုင်ငံတကာဆောင်းပါး 】 “အမေရိကန်၏ အာရှမဟာဗျူဟာ နိဂုံးချုပ်ပြီလား”

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဘိုင်ဒင်အစိုးရအဖွဲ့၏ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး ကတ်တ် ကမ့်ဘဲလ် က  အင်ဒို-ပစိဖိတ် လုံခြုံရေးဆိုင်ရာ ညီလာခံတစ်ခုအတွင်းအပေါ် အမေရိကန်၏ ယူဆပုံအသေးစိတ်ကို ပြောကြားခဲ့သည်။

သိရှိပြီးသားအချက်များဖြစ်သည့် မဟာမိတ်များ၏ အရေးပါပုံ၊ တရုတ်ကို တန်ပြန်ရန် လက်နက်ရောင်းချမှု၊ အာဆီယံကို ဗဟိုပြုခြင်းနှင့် တရုတ်-အမေရိကန် ဆက်ဆံရေးသည် ယှဉ်ပြိုင်မှုရှိသော်လည်း တည်ငြိမ်နိုင်သည်ဟူသော အပြုသဘောဆောင်သည့်အမြင်တို့ကို မျှဝေခဲ့သည်။

အခြားနယ်ပယ်များတွင် ထိုကဲ့သို့ပြောဆိုချက်များသည် ဒေသတွင်း ကျွမ်းကျင်သူများနှင့် မူဝါဒချမှတ်သူများအတွက် ရိက္ခာတစ်ခုကဲ့သို့ ဖြစ်နေနိုင်သည်။သို့သော် ကမ့်ဘဲလ်၏ ပြောဆိုချက်တွင် မဖော်ပြခဲ့သော အကြောင်းအရာမှာ နိုင်ငံရေးဘောဂဗေဒနှင့်ပတ်သက်သည့် အဓိပ္ပာယ်ရှိသော ဖော်ပြချက်ဖြစ်သည်။

နိုင်ငံရေးဘောဂဗေဒ (Political Economy) သည် အင်ဒို-ပစိဖိတ်ဒေသ၏ တည်ငြိမ်ရေး ဖော်ဆောင်ရာတွင် အရေးအပါဆုံး ကဏ္ဍတစ်ရပ်ဖြစ်သည်။ထိုမူဝါဒကို တရုတ်ကအသုံးပြုပြီး အမေရိကန်၏နေရာကို ဝင်ရောက်ယူနိုင်ခဲ့ကာ ဝါရှင်တန်၏ အင်ဒို-ပစိဖိတ် မူဝါဒကို ပုံဖော်ရန် ကြိုးပမ်းမှုတွင် လစ်ဟာနေမှုများ ဖြစ်ပေါ်စေခဲ့သည်။

နိုင်ငံရေးဘောဂဗေဒနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ကမ့်ဘဲလ် က ကာကွယ်ရေးအစီအစဉ်များသည် လုံလောက်မှုမရှိသေးကြောင်း အသိအမှတ်ပြုသော်လည်း စီးပွားရေးဆိုသည်မှာ မိန့်ခွန်းတွင်သာ ထည့်ပြောရုံ မဟုတ်ခြင်းကို သက်သေပြနိုင်မည့် အယူအဆ၊ မူဝါဒနှင့် လုပ်ဆောင်ချက်များကို ဖော်ပြခဲ့မျိုးခြင်းမရှိပေ။နောက်ဆုံးပေါ်ဟု သတ်မှတ်ထားသော မကြာမီဖြစ်ပေါ်လာမည့် စီးပွားရေးမူဘောင်ကို ရည်ညွှန်းရာတွင် ထိုကဲ့သို့အသေးစိတ်များမရှိဘဲ အမေရိကန်က ဒေသ၏စံနှုန်းများကို ပုံဖော်ချင်သည်မှလွဲ၍ အခြားသောရည်ရွယ်ချက်များလည်း မရှိနေခြင်းဖြစ်သည်။

ကမ့်ဘဲလ်၏ ပြောဆိုချက်များသည် ဝါရှင်တန်၏ အာရှအပေါ်အမြင်ကို အတိုင်းအတာတစ်ခုအထိ ထင်ဟပ်နိုင်ပြီး စိတ်ချနိုင်ဖွယ်နည်းပါးကာ ပြဿနာဖြစ်နိုင်စွမ်း များနေခြင်းဖြစ်သည်။စိတ်ချနိုင်ခြင်းမှာ ကမ့်ဘဲလ်သည် ယခင် ထရမ့်အုပ်ချုပ်ရေးကဲ့သို့ အပြောင်းအလဲမြန်ပြီး ရန်လိုခြင်းတို့မှ ခွဲထွက်ကာ စကားကို ထိန်းချုပ်ပြောသောကြောင့်ဖြစ်သည်။သို့သော်လည်း ပြဿနာဖြစ်စေသောအချက်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်၏ အာရှမူဝါဒများသည် စကားပြောကဲ့သို့ပင် ပေါ့ရွှတ်ရွှတ်နိုင်သောကြောင့်ဖြစ်သည်။ကမ္ဘာ့အရေးအပါဆုံးဒေသဖြစ်သည့် အာရှဆိုင်ရာ အမေရိကန်၏ မူဝါဒသည် ထရမ့်၏ စစ်တပ်ဦးစားပေး အာရှမူဝါဒနှင့် သမ္မတ အိုဘားမား၏ ရည်ရွယ်ချက်ကောင်းပြီး ကံမကောင်းခဲ့သော စစ်ရေးဆက်နွယ်သည့် အာရှဗဟိုပြုမူဝါဒတို့ကို ပေါင်းစပ်ထားခြင်းသာဖြစ်သည်။  

ရလဒ်အားဖြင့် အမေရိကန်သည် ဒေသအတွက် အကျိုးအများဆုံးရမည့်အရာနှင့် ကိုယ်ပိုင်အကျိုးစီးပွားနှင့် လွှမ်းမိုးမှုတို့ကြားတွင် မျှတစွာ ခွဲဝေဆောင်ရွက်နိုင်ခြင်း မရှိခြင်းဖြစ်သည်။ကာကွယ်ရေးမူဝါဒမဟုတ်သော စီးပွားရေးမူဝါဒသည် အာရှဒေသတစ်လျှောက် ခြိမ်းခြောက်နေသော ဖွံ့ဖြိုးတိုးတက်မှု၊ ကပ်ရောဂါမှ နလန်ထမှုနှင့် ရာသီဥတုပြောင်းလဲခြင်းတို့နှင့် ဆက်စပ်နေသော ပြဿနာများကို ဖြေရှင်းရန်အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ထို့ကြောင့်ပင် လက်ရှိတွင် အာရှနှင့် ပေါင်းစပ်ရာ၌ အမေရိကန်က ပြဿနာများနေခြင်းဖြစ်သည်။

အမေရိကန်သည် သမ္မတ အိုဘားမား၏ ပစိဖိတ်ဖြတ်ကျော် မဟာမိတ်ဖြစ်သော အမေရိကန်-အာရှ ကုန်သွယ်ရေးသဘောတူညီချက်ဆွေးနွေးမှု ကျရှုံးခဲ့ချိန်မှစ၍ ဒေသအတွက် စီးပွားရေးဗျူဟာမရှိသောကြောင့်ဖြစ်သည်။ပြည်တွင်းနိုင်ငံရေးကန့်သတ်ချက်များကြားရောက်နေသော အမေရိကန်ထံမှ လွတ်လပ်စွာကုန်သွယ်ရေးကို ကျော်လွန်ပြီး မျှော်လင့်ရန်မှာလည်း လက်တွေ့မဆန်လှပေ။

အမေရိကန်အနေနဲ့ ဘယ်လိုလုပ်သင့်လဲ

ပထမဆုံးအနေဖြင့် ဝါရှင်တန်သည် ဒုံးကျည်များအကြောင်း စဉ်းစားခြင်းကို ရပ်တန့်ကာ စီးပွားရေးကို သိသိသာသာ ဦးစားပေးရမည်ဖြစ်သည်။

အမေရိကန်ခေါင်းဆောင်များက အာရှတွင် နိုင်ငံ၏ကဏ္ဍနှင့်ပတ်သက်ပြီး ပြောဆိုပုံများကိုကြည့်လျှင် ကုန်သွယ်ရေး၊ ကူညီမှု၊ ငွေကြေးအထောက်အပံ့နှင့် ဖွံ့ဖြိုးတိုးတက်မှုများသည် စစ်ရေးစစ်ရာလောက် ထည့်သွင်းစဉ်းစားမှုမခံရသည်မှာ ထင်ရှားနေသည်။အာရုံစိုက်မှုလိုအပ်နေသော ပြဿနာဟုပင် သတ်မှတ်ထားခြင်း မရှိခြင်းဖြစ်သည်။ထိုအချက်ကို မပြောင်းလဲလျှင် အမေရိကန်သည် လမ်းမှားကိုပင် လိုက်နေမည်ဖြစ်ပြီး ကာကွယ်ရေးအသုံးစရိတ်များ၊ ရေတပ်ချဲ့ထွင်ခြင်း၊ နျူကလီးယား ခေတ်မီတိုးတက်စေခြင်းနှင့် ဒုံးကျည်များသိုလှောင်ခြင်းတို့ဖြင့် ဒေသကို ကာကွယ်ရေးနယ်ပယ်အတွက်သာ အသုံးဝင်သည့် ယမ်းမှုန့်တစ်ခုအဖြစ်သို့ ပြောင်းလဲစေမည်ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ဝါရှင်တန်သည် အာရှအတွက် စီးပွားရေးမူဝါဒတစ်ခုကို ချမှတ်ရန် လိုအပ်သည်။အမေရိကန်အတွက် အကျိုးအမြတ်များရယူရန်သက်သက်မဟုတ်ဘဲ ဒေသအတွက် အမှန်အကန်အကျိုးပြုမည့် မူဝါဒမျိုးဖြစ်သည်။ထိုကဲ့သို့ အကောင်အထည်ဖော်ရန်လည်း အမေရိကန်က တတ်နိုင်သော အချက်များစွာရှိနေသည်။

ဥပမာအားဖြင့် အမေရိကန်တာဝန်ရှိသူများသည် ကမ္ဘာ့စီးပွားရေးတွင် အမေရိကန်၏ အသာစီးရမှုကို အသုံးပြုကာ ဖိလစ်ပိုင်နှင့် မလေးရှားကဲ့သို့ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်နေသော ဒေသတွင်းရှိ ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနိမ့်နိုင်ငံများ၏ အကြွေးများသက်သာချောင်ချိရေးအတွက် ညှိနှိုင်းမှုပုံစံမျိုးစုံကို ဦးဆောင်ပေးနိုင်သည်။ ၂၀၀၃ ခုနှစ် အမေရိကန် ကျူးကျော်မှုအပြီးတွင် အီရတ်အတွက် ထိုကဲ့သို့ပြုလုပ်ပေးဖူးသည်။ဝါရှင်တန်အနေဖြင့် ပို့ကုန်ကိုမှီခိုနေရသော အာရှနိုင်ငံများ၏ စီးပွားရေးကို အကျိုးပြုမည့် ဦးစားပေးကုန်သွယ်မှု ရပိုင်ခွင့်ကို ပေးဆောင်နိုင်သည်။

မှန်ကန်သော စီးပွားရေးညှိနှိုင်းမှုတစ်ရပ်သည် အလုပ်သမားအခွင့်အရေး တိုးတက်ရေး၊ အလုပ်သမားများအား မျှတစွာဆက်ဆံရေး၊ အမေရိကန်သို့ တင်ပို့သော ကုမ္ပဏီများအတွက် အနိမ့်ဆုံးသတ်မှတ်ရေးနှင့် အာဏာအလွဲသုံးစားလုပ်မှု တိုက်ဖျက်ရေးတို့အတွက် ဒေသတွင်းရှိ မဟာမိတ်များကို လှုံ့ဆော်ခြင်းအား အာရုံစိုက်သင့်သည်။ဝါရှင်တန်သည် ဖွံ့ဖြိုးဆဲအာရှနိုင်ငံများအတွက် ပတ်ဝန်းကျင်အထောက်အကူပြုစွမ်းအင်သို့ ကူးပြောင်းရာတွင်လည်း ကြီးမားသော အကူအညီများ ပေးဆောင်နိုင်သည်။  

ထိုကဲ့သို့သောနည်းလမ်းများသည် ဖြစ်နိုင်ချေရှိပြီး ကောင်းကျိုးများသည်။သို့သော် ထိုနည်းလမ်းများကို အကောင်အထည်ဖော်ရန်အတွက် ဒေသ၏ တည်ငြိမ်ရေး၊ ရေရှည်ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဝင်ငွေနိမ့်နိုင်ငံများတွင် သာတူညီမျှသော ဖွံ့ဖြိုးတိုးတက်မှုတို့၏ အဓိကအုတ်မြစ်မှာ စီးပွားရေးပုံဖော်မှုဖြစ်ကြောင်းကို နားလည်သဘောပေါက်ရမည်ဖြစ်သည်။
ဝါရှင်တန်အနေဖြင့် စီးပွားရေးမူဝါဒများကို လွတ်လပ်စွာကုန်သွယ်ခြင်း၊ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ရောထွေးနေမှုအား ရပ်တန့်သင့်သည်။

တတိယအချက်အနေဖြင့် အမေရိကန်သည် မိမိ၏ကန့်သတ်ချက်များကို အသိအမှတ်ပြုသင့်သည်။အမေရိကန်သည် တာဝန်ရှိသူအချို့ ယူဆနေသလို အာရှစီးပွားအတွက် အလုံးစုံခေါင်းဆောင်မဟုတ်ပေ။ ၁၉၉၇-၉၈ အာရှဘဏ္ဍာရေးအကြပ်အတည်းမှ စတင်ပြီး ဒေသ၏ ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးစနစ်သည် အမေရိကန်မပါဘဲ များစွာခရီးရောက်ခဲ့ပြီးဖြစ်သည်။
ဒေသအတွက် ငွေပေးချေမှုဟန်ချက်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ပြီး ငွေကြေးအကြပ်အတည်းများကိုရှောင်ရှားရန် ရင်းနှီးမြှုပ်နှံမှုထိန်းချုပ်ရေးအတွက် တွန်းအားပေးနေလျှင် အာရှသီးသန့်ဆိုင်ရာ ဒေသတွင်းအဖွဲ့အစည်းများအတွက် မည်ကဲ့သို့သော ခြိမ်းခြောက်မှုမျိုးမှ မရှိနေခြင်းဖြစ်သည်။

ပြဿနာတိုင်းကို အမေရိကန်၏ အင်အားဖြင့် ဖြေရှင်းနိုင်သည်မဟုတ်ပေ။အထူးသဖြင့် အမေရိကန်သည် စစ်အေးတိုက်ပွဲကာလအပြီးတွင် ထိပ်တန်းနေရာ၌ ဆက်လက်မရပ်တည်နိုင်ခြင်းဖြစ်သည်။ထိုကဲ့သို့ ဆက်လက်ယူဆနေပါက ပျက်စီးရန် လမ်းကြောင်းသာဖြစ်သည်။

အမေရိကန်သည် ဆက်လက်မတည်ရှိတော့သော လွှမ်းမိုးချုပ်ကိုင်မှုအား စွဲလန်းနေခြင်းကို လက်လျှော့ပြီး အာရှစီးပွားရေးများ၏ မညီမျှမှုကိုလျှော့ချကာ ရာသီဥတုပြောင်းလဲခြင်းကို ဖြေရှင်းနိုင်သည့် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ဦးတည်သော စီးပွားရေးပုံစံတစ်ရပ်ကို ဦးစားပေးနိုင်ပါက အာရှတိုက်သည် ပိုမိုကြီးကျယ်ပြီး ကောင်းမွန်သော တည်ငြိမ်မှုတစ်ရပ်ကို ဖန်တီးနိုင်မည်ဖြစ်သည်။

အမေရိကန်တာဝန်ရှိသူများ အသိအမှတ်ပြုနိုင်သည်ထက် အာရှငြိမ်းချမ်းရေးအတွက် ပိုမိုလုပ်ဆောင်ခဲ့သော ပေကျင်းနှင့် ယှဉ်ပြိုင်ရာမှ အမေရိကန်ဆုံးရှုံးခဲ့သော ဆုံးရှုံးမှုများကိုပင် ပြန်လည်အဖတ်ဆယ်နိုင်မည်ဖြစ်သည်။တရုတ်-အမေရိကန် အားပြိုင်မှုဖြင့် ပြည့်နှက်နေသော ကမ္ဘာကြီးတွင် အာရှသည် တည်ငြိမ်ရေးအတွက် အရင်းအမြစ်သစ်တစ်ခု လိုအပ်သည်။နိုင်ငံရေးဘောဂဗေဒကို ထည့်သွင်းစဉ်းစားခြင်းသည် ဖြေရှင်းချက်တစ်ရပ်ဖြစ်နိုင်သည်။  

Linko
ForeignPolicy : America’s Asia Strategy Has Reached a Dead End
ဇန်နဝါရီ - ၁၆