【 နိုင်ငံတကာဆောင်းပါး 】 BRI, RCEP နှင့် CAI တို့ကြောင့် တရုတ်စီးပွားရေးနှင့် ပထဝီနိုင်ငံရေးအနေအထား ပိုမိုတောင့်တင်းလာ

【 နိုင်ငံတကာဆောင်းပါး 】 BRI, RCEP နှင့် CAI တို့ကြောင့် တရုတ်စီးပွားရေးနှင့် ပထဝီနိုင်ငံရေးအနေအထား ပိုမိုတောင့်တင်းလာ

တရုတ်နိုင်ငံသည် ကိုဗစ်နိုင်တင်းပျံ့နှံ့မှု စတင်ပြီး လပိုင်းအတွင် ထိရောက်စွာထိန်းချုပ်နိုင်ခြင်းနှင့် စီးပွားရေးအထောက်အကူပေးရေး အစီအစဉ်များ ချမှတ်နိုင်ခြင်းကြောင့် ၂၀၂၀ ခုနှစ်တွင် တရုတ်စီးပွားရေး သည် ပိုမိုကြီးထွားခိုင်မာလာကာ ထိုနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း ၂ ရာခိုင်နှုန်းရှိသည့် တစ်ခုတည်းသော ကမ္ဘာ့အဓိကစီးပွားရေးဖြစ်လာသည်။တစ်ဖက်တွင် အနောက်နိုင်ငံများနှင့် ကမ္ဘာ့ဒေသအများအပြားသည် အဓိကအားဖြင့် ကမ္ဘာတဝှမ်း ကူးစက်ရောဂါ၏ လေးနက်ပြင်းထန်မှုကို မှားယွင်းအကဲဖြတ်ကိုင်တွယ်သောကြောင့် စီးပွားရေးမှာ ၅ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်းကြား ကျုံ့သွားကာ ကူးစက်ရောဂါ ဒုတိယလှိုင်းနှင့် တတိယလှိုင်းများကြောင့် စီးပွားရေးမှာ အခြေအနေပိုမိုဆိုးရွားလာသည်။

တရုတ်နိုင်ငံသည် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း (BRI)၊ မကြာသေးမီက လက်မှတ်ရေးထိုးခဲ့သည့် ဒေသတွင်း ပိုမိုကျယ်ပြန့်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) နှင့် တရုတ်-ဥရောပသမဂ္ဂ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကျယ်ပြန့်သောသဘောတူညီချက် (CAI) တို့ကြောင့် ကမ္ဘာ့ဇာတ်ခုံတွင် ပိုမိုအင်အားကြီးမား သြဇာကြီးမားလာမည်ဆိုလျှင် အံ့သြဖွယ်မဟုတ်ပေ။ထိုကဲ့သို့သော ရပ်တည်ချက်များသည် ကမ္ဘာ့ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုးတက်စေရုံသာမက တရုတ်နိုင်ငံသည် ကမ္ဘာကို ပိုမိုကြွယ်ဝချမ်းသာလုံခြုံသော နေရာတစ်ခုဖြစ်စေရန် နိုင်ငံတကာအသိုင်းအဝန်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်၊ ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်သည်ကိုလည်း သက်သေပြနေသည်။

တရုတ်ပြည်သူ့နေ့စဉ်သတင်းစာ၏ အဆိုအရ တရုတ်နိုင်ငံသည် BRI မူဘောင်အောက်တွင် ပါဝင်သော နိုင်ငံများတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလျံ ၉၀ ကျော် ရင်းနှီးမြှုပ်နှံကာ အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှင့် တိုးတက်မှုတွင် ပါဝင်ခဲ့ကြောင်းသိရသည်။ထောက်ပြလိုသော ကိစ္စတစ်ခုမှာ သီရိလင်္ကာသည် ဟန်ဘန်တိုတာဆိပ်ကမ်းကို တရုတ်ကုမ္ပဏီတစ်ခုသို့ငှားရမ်းကာ အသုံးမဝင် ငွေကုန်ကြေးကျများသော ကိစ္စတစ်ခုကို စီးပွားရေးအရ တွက်ခြေကိုက်သော လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။

BRI သည် အကြွေးထောင်ချောက်ဖြစ်သည်ဟူသည့် အမေရိကန်နိုင်ငံ၏ စွပ်စွဲချက်နှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်မှာ ၎င်း၏ အခြေခံအဆောက်အအုံများနှင့် စက်မှုလုပ်ငန်းများတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ဒေသစီးပွားရေးတိုးတက်မှုကို လက်တွေ့အားပေးပြီး အကြွေးများကိုပေးဆပ်ရန် သီရိလင်္ကာနိုင်ငံအတွက် ဝင်ငွေပင်ရရှိစေခြင်းဖြစ်သည်။၎င်း၏ စုစုပေါင်း ပြည်ပကြွေးမြီသည် ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ၅၆ ဘီလီယံ နီးပါးရှိရာမှ ၂၀၂၀ ခုနှစ် ပထမသုံးလပတ်တွင် ဒေါ်လာ ၅၁ ဘီလျံထက် အနည်းငယ်ပိုသော အတိုင်းအတာအထိ ကျဆင်းသွားကြောင်း သီရိလင်္ကာအစိုးရ စာရင်းများအရ သိရသည်။

ထိုသို့ကြွေးမြီလျှော့နည်းသွားခြင်းအတွက် အကြောင်းများစွာရှိနေသော်လည်း BRI နှင့် ပတ်သက်သည့်  ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးသည် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေသည်။သီရိလင်္ကာနိုင်ငံသည် ၂၀၂၀ အကြွေးပြဿနာတစ်ခုကို ရင်ဆိုင်ရန်အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့  IMF ထံမှထက် တရုတ်နိုင်ငံမှ ငွေချေးယူရခြင်းကို ပိုမိုလိုလားသောကြောင့် တရုတ်အကြွေးထောင်ချောက်ဆိုသည်မှာ မှားယွင်းကြောင်း  အတိအလင်းပြသလိုက်သည်ကို ဂျပန်နိုင်ငံမှ Nikkei က သတင်းဖေါ်ပြလိုက်သည်မှာ မှတ်သားစရာကောင်းလှသည်။ထို့အပြင် BRI တွင် ပါဝင်သော နိုင်ငံများသည် ၂၀၁၃ မှ ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် ဒေါ်လာ ၄၀ ဘီလျံဖိုး ရင်းနှီးမြှုပ်နှံခဲ့သောကြောင့် တရုတ်နိုင်ငံ၏ အစီအစဉ်သည် နှစ်လမ်းသွား အပြန်အလှန်အစီအစဉ်ဖြစ်ကြောင်း ဖေါ်ပြနေပြန်သည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် တိုးတက်မှုအဖွဲ့ - OECD စာရင်းများအရ BRI မူဘောင်အောက် ကုန်သွယ်ရေးသည် ၂၀၁၉ ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှု ဒေါ်လာ ၁.၃၄ ထရီလီယံ တိုးစေပြီး ၂၀၁၃ ခုနှစ် နောက်ပိုင်း စုစုပေါင်းတန်ဖိုးကို ဒေါ်လာ ၇ ထရီလီယံအထိ တိုးစေကာ ပိုမိုအံ့သြစရာမကောင်းလျှင်ပင် အလားတူအံ့သြစရာကောင်းလှသည်။ပိုမိုတိုးတက်လာသော သယ်ယူပို့ဆောင်ရေးစွမ်းဆောင်ရည်နှင့် BRI တွင် ပိုမိုများပြားသောနိုင်ငံများ ပါဝင်လာမည်ဟု မျှော်လင့်ရသောကြောင့် ထိုကိန်းဂဏန်းများသည် ပိုမိုကြီးထွားလာမည်ဟု မျှော်လင့်ရသည်။

RCEP တွင် နိုဝင်ဘာလက လက်မှတ်ရေးထိုးလိုက်သောကြောင့် (အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင် ၁၀ နိုင်ငံ၊ တရုတ်၊ သြစတြေးလျှ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်) စသည့် နိုင်ငံပေါင်း ၁၅ နိုင်ငံနှင့် အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်လာသောကြောင့် အာရှ-ပိစိဖိတ်တွင် တရုတ်နိုင်ငံ၏အရေးပါမှုကို အဆင့်သစ်တစ်ဆင့် ပိုမိုမမြင့်မားစေလျှင်ပင် ပိုမိုမြင့်မားစေသည်။အစိုးရ၏ ကိန်းဂဏန်းများအရ တရုတ်နိုင်ငံနှင့် ထို ၁၅ နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုသည် ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံကျော်သည်။တရုတ်နိုင်ငံ၏ ပြည်တွင်းဝယ်လိုအားဖြင့်မောင်းနှင်ပြီး နည်းပညာနှင့် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုတောင့်တင်းရေးဖြင့် ထောက်ကူသည့် ဒွိလည်ပါတ်မှု သေနင်္ဂဗျူဟာကြောင့် ထိုကိန်းဂဏန်းများသည် သိသိသာသာတိုးလာမည့် အလားအလာရှိနေသည်။

ကျယ်ပြန့်တိုးတက်သော ဖိစိဖိတ်ကမ်းခြေနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး (CPTPP) ကဲ့သို့ မဟုတ်ဘဲ RCEP သည် နိုင်ငံအားလုံးအတွက် တသမတ်တည်းချမှတ်မှု မပြုနိုင်ဆိုသည်ကို အသိအမှတ်ပြုသည်။ CPTTP က ချမှတ်သည့် မြင့်မားသော အလုပ်သမားနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများသည် ဂျပန်ကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် ကောင်းမွန်သော်လည်း ဗီယက်နမ်ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် စံနှုန်းကိုက်ညီရန် အပြင်းအထန်ကြိုးစားရနိုင်သည်။ဗီယက်နမ်နိုင်ငံတွင် နှိုင်းယှဉ်ချက်အားဖြင့် လုပ်အားခနိမ့်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများ လျှော့ပေါ့ခြင်းတို့သည် လုပ်အားခနှင့်  ပတ်ဝန်းကျင်စံနှုန်းမြင့်မားသော အခြားအဖွဲ့ဝင်နိုင်ငံများထံမှ ကိုယ်ကျိုးစီးပွားကာကွယ်ရေး အစီအမံများနှင့် ရင်ဆိုင်ရနိုင်သည်။

လုပ်အားနှင့် သဘာဝပတ်ဝန်းကျင်စံနှုန်းများနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေခြင်းနှင့် မူရင်းနိုင်ငံစည်းမျဉ်းကို ဖွင့်ဆိုရာတွင် ပျော့ပြောင်းခြင်းတို့ဖြင့် RCEP သည် အနာဂတ်ကုန်သွယ်ရေး ပွတ်တိုက်မှုများကို ထိုသို့ကြိုတင်တားဆီး ကာကွယ်ထားရမည်ကို အသိအမှတ်ပြုသည်။အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး စင်္ကာပူသည် အဆင့်မြင့်ထုတ်လုပ်ရေး စီးပွားရေးဖြစ်သည်ကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ တရုတ်ထုတ်ကုန်များအပေါ် အခွန်တိုင်းတာရာတွင် စင်္ကာပူမှ ထုတ်လုပ်မှုစရိတ်ကို စံနှုန်းအဖြစ်သတ်မှတ်သည်။ထိုအမြင်အရကြည့်ပါက RCEP သည် ကုန်သွယ်ရေးရည်မှန်းချက်ပြည့်မီရေးတွင် အောင်မြင်ရန်အလားအလာရှိပြီး ကြီးမားသော သွင်းကုန်တိုးတက်မှုမှတဆင့် အာရှ-ပိစိဖိတ် စီးပွားရေးတိုးတက်မှုကို မောင်းနှင်မည်ဖြစ်သောကြောင့် တရုတ်နိုင်ငံ၏ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်သည်။

ဥရောပသမဂ္ဂနှင့် တရုတ်နိုင်ငံအကြား ၂၀၂၀ ခုနှစ် နှစ်ကုန်တွင် သဘောတူညီခဲ့သည့် CAI သည်လည်း နှစ်ဖက်အကြား ကွဲလွဲမှုများစွာရှိသောကြောင့် အံ့သြစရာအပြည့်ပင်ဖြစ်သည်။ဥပမာအားဖြင့်ဆိုရပါက တရုတ်နိုင်ငံသည် နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့  (ILO) ၏ အလုပ်သမားစံနှုန်းများကို မပြည့်မီခြင်းနှင့် အခြားလိုက်လျောညီထွေမရှိသည့် အလေ့အထများအတွက် ဥရောပသမဂ္ဂက အမြဲတမ်းမကျေမချမ်းဖြစ်ပြီး ဆွေးနွေးပွဲများမှာ ၇ နှစ်ကျော်ကြာနေသည်။သို့သော် နောက်ဆုံးအချိန်တွင်မူ နှစ်ဖက်အပေးအယူလုပ်ပြီး တစ်ဖက်နှင့်တစ်ဖက် အကြီးအကျယ်လိုက်လျောကာ ကမ္ဘာ့ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် အဓိကအင်အားကြီးနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို လမ်းဖွင့်ပေးလိုက်သည်။

CAI သည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်သက်သက်မျှသာမဟုတ်ဘဲ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်၊ အလုပ်သမားစံနှုန်းများနှင့် အခြားပြဿနာများလည်း အကျုံးဝင်ပြီး တရုတ်နှင့် ဥရောပသမဂ္ဂတို့ကို ကမ္ဘာတွင် ပိုမိုတောက်ပစေရန် အခွင့်အလမ်းများပေးသည်။လက်တွေ့တွင် ထိုသို့လုပ်ဆောင်ခြင်းသည် နှစ်ဖက်အကျိုးရှိသည်။ဥပမာအားဖြင့်ဆိုရပါက ILO ၏ အလုပ်သမားစည်းမျဉ်းများကို လိုက်နာခြင်းသည် အတင်းအကျပ်လုပ်အားခိုင်းစေမှုဆိုသည့် ပြဿနာကို တိတ်ဆိတ်သွားစေပြီး တရုတ်အလုပ်သမားများလည်း ပိုမိုပျော်ရွှင်ကာ ကုန်ထုတ်စွမ်းအားတိုးတက်စေသကဲ့သို့ တရုတ်နိုင်ငံ၏ပုံရိပ်ကိုလည်း တိုးတက်စေသည်။

BRI ကို အကောင်အထည်ဖေါ်ခြင်း၊ RCEP တွင် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် CAI သဘောတူညီချက် ရရှိခြင်းတို့သည် ကမ္ဘာတွင် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ပထဝီနိုင်ငံရေးအနေအထားကို ပိုမိုတောင့်တင်းကြံ့ခိုင်စေမည်ဖြစ်သည်။

(အယ်ဒီတာမှတ်ချက် - Ken Moak သည် ဘောဂဗေဒ သဘောတရား၊ အများပြည်သူရေးရာမူဝါဒနှင့် ကမ္ဘာတဝှမ်း ဆက်စပ်ပြောင်းလဲမှုဘာသာရပ်များကို တက္ကသိုလ်အဆင့်တွင် ၃၃ နှစ် သင်ကြားခဲ့သည်။သူသည် တရုတ်စီးပွားရေး တိုးတက်လာခြင်းနှင့် ကမ္ဘာတဝှမ်းရိုက်ခတ်မှု "China's Economic Rise and Its Global Impact" ကို ၂၀၁၅ ခုနှစ်တွင် ပူးတွဲရေးသားခဲ့သည်။ယခုဆောင်းပါးသည် စာရေးသူ၏ ထင်မြင်ချက်များသာဖြစ်ပြီး CGTN ၏ အမြင်ဟု မယူဆနိုင်ပေ။)

Linko
ဇန်နဝါရီ - ၅

( Zawgyi )

တ႐ုတ္ႏိုင္ငံသည္ ကိုဗစ္ႏိုင္တင္းပ်ံ႕ႏွံ႔မႈ စတင္ၿပီး လပိုင္းအတြင္ ထိေရာက္စြာထိန္းခ်ဳပ္ႏိုင္ျခင္းႏွင့္ စီးပြားေရးအေထာက္အကူေပးေရး အစီအစဥ္မ်ား ခ်မွတ္ႏိုင္ျခင္းေၾကာင့္ ၂၀၂၀ ခုႏွစ္တြင္ တ႐ုတ္စီးပြားေရး သည္ ပိုမိုႀကီးထြားခိုင္မာလာကာ ထိုႏွစ္အတြင္း စီးပြားေရးတိုးတက္မႈႏႈန္း ၂ ရာခိုင္ႏႈန္းရွိသည့္ တစ္ခုတည္းေသာ ကမာၻ႔အဓိကစီးပြားေရးျဖစ္လာသည္။တစ္ဖက္တြင္ အေနာက္ႏိုင္ငံမ်ားႏွင့္ ကမာၻ႔ေဒသအမ်ားအျပားသည္ အဓိကအားျဖင့္ ကမာၻတဝွမ္း ကူးစက္ေရာဂါ၏ ေလးနက္ျပင္းထန္မႈကို မွားယြင္းအကဲျဖတ္ကိုင္တြယ္ေသာေၾကာင့္ စီးပြားေရးမွာ ၅ ရာခိုင္ႏႈန္းႏွင့္ ၁၀ ရာခိုင္ႏႈန္းၾကား က်ဳံ႕သြားကာ ကူးစက္ေရာဂါ ဒုတိယလႈိင္းႏွင့္ တတိယလႈိင္းမ်ားေၾကာင့္ စီးပြားေရးမွာ အေျခအေနပိုမိုဆိုး႐ြားလာသည္။

တ႐ုတ္ႏိုင္ငံသည္ ခါးပတ္တစ္ကြင္း လမ္းတစ္စင္း (BRI)၊ မၾကာေသးမီက လက္မွတ္ေရးထိုးခဲ့သည့္ ေဒသတြင္း ပိုမိုက်ယ္ျပန႔္ေသာ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ (RCEP) ႏွင့္ တ႐ုတ္-ဥေရာပသမဂၢ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ က်ယ္ျပန႔္ေသာသေဘာတူညီခ်က္ (CAI) တို႔ေၾကာင့္ ကမာၻ႔ဇာတ္ခုံတြင္ ပိုမိုအင္အားႀကီးမား ၾသဇာႀကီးမားလာမည္ဆိုလွ်င္ အံ့ၾသဖြယ္မဟုတ္ေပ။ထိုကဲ့သို႔ေသာ ရပ္တည္ခ်က္မ်ားသည္ ကမာၻ႔ကုန္သြယ္ေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈကို တိုးတက္ေစ႐ုံသာမက တ႐ုတ္ႏိုင္ငံသည္ ကမာၻကို ပိုမိုႂကြယ္ဝခ်မ္းသာလုံၿခဳံေသာ ေနရာတစ္ခုျဖစ္ေစရန္ ႏိုင္ငံတကာအသိုင္းအဝန္းႏွင့္ ပူးေပါင္းေဆာင္႐ြက္ႏိုင္သည္၊ ပူးေပါင္းေဆာင္႐ြက္ရန္ စိတ္အားထက္သန္သည္ကိုလည္း သက္ေသျပေနသည္။

တ႐ုတ္ျပည္သူ႔ေန႔စဥ္သတင္းစာ၏ အဆိုအရ တ႐ုတ္ႏိုင္ငံသည္ BRI မူေဘာင္ေအာက္တြင္ ပါဝင္ေသာ ႏိုင္ငံမ်ားတြင္ ၂၀၁၃ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အတြင္း အေမရိကန္ေဒၚလာ ဘီလ်ံ ၉၀ ေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံကာ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ စီးပြားေရးတိုးတက္မႈႏွင့္ တိုးတက္မႈတြင္ ပါဝင္ခဲ့ေၾကာင္းသိရသည္။ေထာက္ျပလိုေသာ ကိစၥတစ္ခုမွာ သီရိလကၤာသည္ ဟန္ဘန္တိုတာဆိပ္ကမ္းကို တ႐ုတ္ကုမၸဏီတစ္ခုသို႔ငွားရမ္းကာ အသုံးမဝင္ ေငြကုန္ေၾကးက်မ်ားေသာ ကိစၥတစ္ခုကို စီးပြားေရးအရ တြက္ေျခကိုက္ေသာ လုပ္ငန္းတစ္ခုအျဖစ္ ေျပာင္းလဲပစ္လိုက္သည္။

BRI သည္ အေႂကြးေထာင္ေခ်ာက္ျဖစ္သည္ဟူသည့္ အေမရိကန္ႏိုင္ငံ၏ စြပ္စြဲခ်က္ႏွင့္ ဆန႔္က်င္ဖက္ျဖစ္ေနသည္မွာ ၎၏ အေျခခံအေဆာက္အအုံမ်ားႏွင့္ စက္မႈလုပ္ငန္းမ်ားတြင္ တ႐ုတ္ႏိုင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈသည္ ေဒသစီးပြားေရးတိုးတက္မႈကို လက္ေတြ႕အားေပးၿပီး အေႂကြးမ်ားကိုေပးဆပ္ရန္ သီရိလကၤာႏိုင္ငံအတြက္ ဝင္ေငြပင္ရရွိေစျခင္းျဖစ္သည္။၎၏ စုစုေပါင္း ျပည္ပေႂကြးၿမီသည္ ၂၀၁၈ ခုႏွစ္တြင္ ေဒၚလာ ၅၆ ဘီလီယံ နီးပါးရွိရာမွ ၂၀၂၀ ခုႏွစ္ ပထမသုံးလပတ္တြင္ ေဒၚလာ ၅၁ ဘီလ်ံထက္ အနည္းငယ္ပိုေသာ အတိုင္းအတာအထိ က်ဆင္းသြားေၾကာင္း သီရိလကၤာအစိုးရ စာရင္းမ်ားအရ သိရသည္။

ထိုသို႔ေႂကြးၿမီေလွ်ာ့နည္းသြားျခင္းအတြက္ အေၾကာင္းမ်ားစြာရွိေနေသာ္လည္း BRI ႏွင့္ ပတ္သက္သည့္  ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုန္သြယ္ေရးသည္ အခန္းက႑တစ္ခုမွ ပါဝင္ေနသည္။သီရိလကၤာႏိုင္ငံသည္ ၂၀၂၀ အေႂကြးျပႆနာတစ္ခုကို ရင္ဆိုင္ရန္အတြက္ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕  IMF ထံမွထက္ တ႐ုတ္ႏိုင္ငံမွ ေငြေခ်းယူရျခင္းကို ပိုမိုလိုလားေသာေၾကာင့္ တ႐ုတ္အေႂကြးေထာင္ေခ်ာက္ဆိုသည္မွာ မွားယြင္းေၾကာင္း  အတိအလင္းျပသလိုက္သည္ကို ဂ်ပန္ႏိုင္ငံမွ Nikkei က သတင္းေဖၚျပလိုက္သည္မွာ မွတ္သားစရာေကာင္းလွသည္။ထို႔အျပင္ BRI တြင္ ပါဝင္ေသာ ႏိုင္ငံမ်ားသည္ ၂၀၁၃ မွ ၂၀၁၉ ခုႏွစ္အတြင္း တ႐ုတ္ႏိုင္ငံတြင္ ေဒၚလာ ၄၀ ဘီလ်ံဖိုး ရင္းႏွီးျမႇဳပ္ႏွံခဲ့ေသာေၾကာင့္ တ႐ုတ္ႏိုင္ငံ၏ အစီအစဥ္သည္ ႏွစ္လမ္းသြား အျပန္အလွန္အစီအစဥ္ျဖစ္ေၾကာင္း ေဖၚျပေနျပန္သည္။

စီးပြားေရးပူးေပါင္းေဆာင္႐ြက္ေရးႏွင့္ တိုးတက္မႈအဖြဲ႕ - OECD စာရင္းမ်ားအရ BRI မူေဘာင္ေအာက္ ကုန္သြယ္ေရးသည္ ၂၀၁၉ ခုႏွစ္တြင္ အျပန္အလွန္ကုန္သြယ္မႈ ေဒၚလာ ၁.၃၄ ထရီလီယံ တိုးေစၿပီး ၂၀၁၃ ခုႏွစ္ ေနာက္ပိုင္း စုစုေပါင္းတန္ဖိုးကို ေဒၚလာ ၇ ထရီလီယံအထိ တိုးေစကာ ပိုမိုအံ့ၾသစရာမေကာင္းလွ်င္ပင္ အလားတူအံ့ၾသစရာေကာင္းလွသည္။ပိုမိုတိုးတက္လာေသာ သယ္ယူပို႔ေဆာင္ေရးစြမ္းေဆာင္ရည္ႏွင့္ BRI တြင္ ပိုမိုမ်ားျပားေသာႏိုင္ငံမ်ား ပါဝင္လာမည္ဟု ေမွ်ာ္လင့္ရေသာေၾကာင့္ ထိုကိန္းဂဏန္းမ်ားသည္ ပိုမိုႀကီးထြားလာမည္ဟု ေမွ်ာ္လင့္ရသည္။

RCEP တြင္ ႏိုဝင္ဘာလက လက္မွတ္ေရးထိုးလိုက္ေသာေၾကာင့္ (အေရွ႕ေတာင္အာရွႏိုင္ငံမ်ား အသင္းဝင္ ၁၀ ႏိုင္ငံ၊ တ႐ုတ္၊ ၾသစေၾတးလွ်၊ ဂ်ပန္၊ ေတာင္ကိုရီးယားႏွင့္ နယူးဇီလန္) စသည့္ ႏိုင္ငံေပါင္း ၁၅ ႏိုင္ငံႏွင့္ အဓိကကုန္သြယ္ဖက္ႏိုင္ငံျဖစ္လာေသာေၾကာင့္ အာရွ-ပိစိဖိတ္တြင္ တ႐ုတ္ႏိုင္ငံ၏အေရးပါမႈကို အဆင့္သစ္တစ္ဆင့္ ပိုမိုမျမင့္မားေစလွ်င္ပင္ ပိုမိုျမင့္မားေစသည္။အစိုးရ၏ ကိန္းဂဏန္းမ်ားအရ တ႐ုတ္ႏိုင္ငံႏွင့္ ထို ၁၅ ႏိုင္ငံအၾကား အျပန္အလွန္ကုန္သြယ္မႈသည္ ၂၀၁၉ ခုႏွစ္တြင္ ေဒၚလာ ၁.၅ ထရီလီယံေက်ာ္သည္။တ႐ုတ္ႏိုင္ငံ၏ ျပည္တြင္းဝယ္လိုအားျဖင့္ေမာင္းႏွင္ၿပီး နည္းပညာႏွင့္ အျခားႏိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈေတာင့္တင္းေရးျဖင့္ ေထာက္ကူသည့္ ဒြိလည္ပါတ္မႈ ေသနဂၤဗ်ဴဟာေၾကာင့္ ထိုကိန္းဂဏန္းမ်ားသည္ သိသိသာသာတိုးလာမည့္ အလားအလာရွိေနသည္။

က်ယ္ျပန႔္တိုးတက္ေသာ ဖိစိဖိတ္ကမ္းေျခႏိုင္ငံမ်ား ပူးေပါင္းေဆာင္႐ြက္ေရး (CPTPP) ကဲ့သို႔ မဟုတ္ဘဲ RCEP သည္ ႏိုင္ငံအားလုံးအတြက္ တသမတ္တည္းခ်မွတ္မႈ မျပဳႏိုင္ဆိုသည္ကို အသိအမွတ္ျပဳသည္။ CPTTP က ခ်မွတ္သည့္ ျမင့္မားေသာ အလုပ္သမားႏွင့္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ စံႏႈန္းမ်ားသည္ ဂ်ပန္ကဲ့သို႔ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားအတြက္ ေကာင္းမြန္ေသာ္လည္း ဗီယက္နမ္ကဲ့သို႔ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားအေနျဖင့္ စံႏႈန္းကိုက္ညီရန္ အျပင္းအထန္ႀကိဳးစားရႏိုင္သည္။ဗီယက္နမ္ႏိုင္ငံတြင္ ႏႈိင္းယွဥ္ခ်က္အားျဖင့္ လုပ္အားခနိမ့္ျခင္းႏွင့္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ စည္းမ်ဥ္းမ်ား ေလွ်ာ့ေပါ့ျခင္းတို႔သည္ လုပ္အားခႏွင့္  ပတ္ဝန္းက်င္စံႏႈန္းျမင့္မားေသာ အျခားအဖြဲ႕ဝင္ႏိုင္ငံမ်ားထံမွ ကိုယ္က်ိဳးစီးပြားကာကြယ္ေရး အစီအမံမ်ားႏွင့္ ရင္ဆိုင္ရႏိုင္သည္။

လုပ္အားႏွင့္ သဘာဝပတ္ဝန္းက်င္စံႏႈန္းမ်ားႏွင့္ပတ္သက္ၿပီး ႏႈတ္ဆိတ္ေနျခင္းႏွင့္ မူရင္းႏိုင္ငံစည္းမ်ဥ္းကို ဖြင့္ဆိုရာတြင္ ေပ်ာ့ေျပာင္းျခင္းတို႔ျဖင့္ RCEP သည္ အနာဂတ္ကုန္သြယ္ေရး ပြတ္တိုက္မႈမ်ားကို ထိုသို႔ႀကိဳတင္တားဆီး ကာကြယ္ထားရမည္ကို အသိအမွတ္ျပဳသည္။အေမရိကန္ျပည္ေထာင္စုသည္ တ႐ုတ္ႏိုင္ငံသည္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံျဖစ္ၿပီး စကၤာပူသည္ အဆင့္ျမင့္ထုတ္လုပ္ေရး စီးပြားေရးျဖစ္သည္ကို ထည့္သြင္းစဥ္းစားျခင္းမျပဳဘဲ တ႐ုတ္ထုတ္ကုန္မ်ားအေပၚ အခြန္တိုင္းတာရာတြင္ စကၤာပူမွ ထုတ္လုပ္မႈစရိတ္ကို စံႏႈန္းအျဖစ္သတ္မွတ္သည္။ထိုအျမင္အရၾကည့္ပါက RCEP သည္ ကုန္သြယ္ေရးရည္မွန္းခ်က္ျပည့္မီေရးတြင္ ေအာင္ျမင္ရန္အလားအလာရွိၿပီး ႀကီးမားေသာ သြင္းကုန္တိုးတက္မႈမွတဆင့္ အာရွ-ပိစိဖိတ္ စီးပြားေရးတိုးတက္မႈကို ေမာင္းႏွင္မည္ျဖစ္ေသာေၾကာင့္ တ႐ုတ္ႏိုင္ငံ၏ အဆင့္အတန္းကို ျမႇင့္တင္ေပးႏိုင္သည္။

ဥေရာပသမဂၢႏွင့္ တ႐ုတ္ႏိုင္ငံအၾကား ၂၀၂၀ ခုႏွစ္ ႏွစ္ကုန္တြင္ သေဘာတူညီခဲ့သည့္ CAI သည္လည္း ႏွစ္ဖက္အၾကား ကြဲလြဲမႈမ်ားစြာရွိေသာေၾကာင့္ အံ့ၾသစရာအျပည့္ပင္ျဖစ္သည္။ဥပမာအားျဖင့္ဆိုရပါက တ႐ုတ္ႏိုင္ငံသည္ ႏိုင္ငံတကာအလုပ္သမားေရးရာအဖြဲ႕  (ILO) ၏ အလုပ္သမားစံႏႈန္းမ်ားကို မျပည့္မီျခင္းႏွင့္ အျခားလိုက္ေလ်ာညီေထြမရွိသည့္ အေလ့အထမ်ားအတြက္ ဥေရာပသမဂၢက အၿမဲတမ္းမေက်မခ်မ္းျဖစ္ၿပီး ေဆြးေႏြးပြဲမ်ားမွာ ၇ ႏွစ္ေက်ာ္ၾကာေနသည္။သို႔ေသာ္ ေနာက္ဆုံးအခ်ိန္တြင္မူ ႏွစ္ဖက္အေပးအယူလုပ္ၿပီး တစ္ဖက္ႏွင့္တစ္ဖက္ အႀကီးအက်ယ္လိုက္ေလ်ာကာ ကမာၻ႔ျပႆနာမ်ားကို ကိုင္တြယ္ေျဖရွင္းရာတြင္ အဓိကအင္အားႀကီးႏိုင္ငံမ်ားအၾကား ပူးေပါင္းေဆာင္႐ြက္မႈကို လမ္းဖြင့္ေပးလိုက္သည္။

CAI သည္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ သေဘာတူညီခ်က္သက္သက္မွ်သာမဟုတ္ဘဲ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရး၊ သဘာဝပတ္ဝန္းက်င္၊ အလုပ္သမားစံႏႈန္းမ်ားႏွင့္ အျခားျပႆနာမ်ားလည္း အက်ဳံးဝင္ၿပီး တ႐ုတ္ႏွင့္ ဥေရာပသမဂၢတို႔ကို ကမာၻတြင္ ပိုမိုေတာက္ပေစရန္ အခြင့္အလမ္းမ်ားေပးသည္။လက္ေတြ႕တြင္ ထိုသို႔လုပ္ေဆာင္ျခင္းသည္ ႏွစ္ဖက္အက်ိဳးရွိသည္။ဥပမာအားျဖင့္ဆိုရပါက ILO ၏ အလုပ္သမားစည္းမ်ဥ္းမ်ားကို လိုက္နာျခင္းသည္ အတင္းအက်ပ္လုပ္အားခိုင္းေစမႈဆိုသည့္ ျပႆနာကို တိတ္ဆိတ္သြားေစၿပီး တ႐ုတ္အလုပ္သမားမ်ားလည္း ပိုမိုေပ်ာ္႐ႊင္ကာ ကုန္ထုတ္စြမ္းအားတိုးတက္ေစသကဲ့သို႔ တ႐ုတ္ႏိုင္ငံ၏ပုံရိပ္ကိုလည္း တိုးတက္ေစသည္။

BRI ကို အေကာင္အထည္ေဖၚျခင္း၊ RCEP တြင္ ပူးေပါင္းေဆာင္႐ြက္ျခင္းႏွင့္ CAI သေဘာတူညီခ်က္ ရရွိျခင္းတို႔သည္ ကမာၻတြင္ တ႐ုတ္ႏိုင္ငံ၏ စီးပြားေရးႏွင့္ ပထဝီႏိုင္ငံေရးအေနအထားကို ပိုမိုေတာင့္တင္းႀကံ့ခိုင္ေစမည္ျဖစ္သည္။

(အယ္ဒီတာမွတ္ခ်က္ - Ken Moak သည္ ေဘာဂေဗဒ သေဘာတရား၊ အမ်ားျပည္သူေရးရာမူဝါဒႏွင့္ ကမာၻတဝွမ္း ဆက္စပ္ေျပာင္းလဲမႈဘာသာရပ္မ်ားကို တကၠသိုလ္အဆင့္တြင္ ၃၃ ႏွစ္ သင္ၾကားခဲ့သည္။သူသည္ တ႐ုတ္စီးပြားေရး တိုးတက္လာျခင္းႏွင့္ ကမာၻတဝွမ္း႐ိုက္ခတ္မႈ "China's Economic Rise and Its Global Impact" ကို ၂၀၁၅ ခုႏွစ္တြင္ ပူးတြဲေရးသားခဲ့သည္။ယခုေဆာင္းပါးသည္ စာေရးသူ၏ ထင္ျမင္ခ်က္မ်ားသာျဖစ္ၿပီး CGTN ၏ အျမင္ဟု မယူဆႏိုင္ေပ။)

Linko
ဇန္နဝါရီ - ၅