【 နိုင်ငံတကာဆောင်းပါး 】 COVID-19 က ရာသီဥတုပြောင်းလဲခြင်း မျှော်လင့်ချက်ကို မှေးမှိန်စေခဲ့

【 နိုင်ငံတကာဆောင်းပါး 】 COVID-19 က ရာသီဥတုပြောင်းလဲခြင်း မျှော်လင့်ချက်ကို မှေးမှိန်စေခဲ့

ကမ္ဘာတဝှမ်းတွင် COVID-19 ဖြစ်ပွားမှု ထပ်မံမြင့်မားလာသည်။

လွန်ခဲ့သောအပတ်အတွင်း ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ်အရေအတွက်သည် အနည်းဆုံး ၁၂ ရာခိုင်နှုန်းတိုးလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။ဒေသများအားလုံးနီးပါးတွင် ကူးစက်မှုမြင့်မားလာသည်ကို တွေ့ရသည်။

အမေရိကန်ပြည်ထောင်စုတွင် ၇ ရက် ပျှမ်းမျှကူးစက်မှုနှုန်းသည် ၇၀ ရာခိုင်နှုန်းနီးပါး တိုးလာသည်ဟု အိမ်ဖြူတော်က ကြာသပတေးနေ့တွင်ပြောသည်။

ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် ထိုင်းအပါအဝင် အာရှနိုင်ငံများသည်လည်း လက်ရှိအချိန်အထိ အဆိုးရွားဆုံးလှိုင်းကို ရင်ဆိုင်နေရသည်။

တနင်္လာနေ့က ဥရောပသည် ကမ္ဘာတွင် COVID-19 ကူးစက်မှု သန်း ၅၀ ပြည့်သည့် ပထမဆုံးဒေသဖြစ်လာသည်။

COVID-19 ကြောင့် သေဆုံးမှုအရေအတွက်အကြီးအကျယ်ရင်ဆိုင်ရနေရပြီးဖြစ်သော လက်တင်အမေရိကနိုင်ငံများသည် နောက်ထပ်ကူးစက်မှုလှိုင်းတစ်ခုကို ရင်ဆိုင်နေရသည်။အများအားဖြင့် ပြင်းထန်သော ကူးစက်မှုအကျပ်အတည်းကို အများအားဖြင့် မရင်ဆိုင်ခဲ့ရသော ဆာဟာရအာဖရိကဒေသခွဲတွင် ကိုရိုနာဗိုင်းရပ်စ်သည် နိုင်ငံအများအပြားကို အပြင်းအထန်ရိုက်ခတ်သည်။ယခုအခါ ထိုဒေသခွဲသည် ကပ်ရောဂါကြောင့် လက်ရှိအချိန်အထိ အဆိုးရွားဆုံးအခြေအနေကို ရင်ဆိုင်နေရသည်။

WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဟန်နွမ် ဂီဘရေးယီးဆပ် က ဗုဒ္ဓဟူးနေ့ကကျင်းပသည့် နိုင်ငံတကာအိုလံပစ်ကော်မတီအစည်းအဝေးတွင် ထိုကပ်ရောဂါသည် စမ်းသပ်မှုဖြစ်ကြောင်း ပြောသည်။ကမ္ဘာ သည် ကျဆုံးတော့မည်လားဟု မေးလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။ထိုသို့သော အကဲဖြတ်ခြင်းသည် တစ်ကမ္ဘာလုံး မကြာမီရင်ဆိုင်ရတော့မည့် ပြဿနာများအတွက် အလားအလာမကောင်းပေ။

ယခုကပ်ရောဂါသည် ကမ္ဘာမြေအတွက် တစ်ခုတည်းသောခြိမ်းခြောက်မှု မဟုတ်ပေ။မြောက်အမေရိကနှင့် ရုရှားမှ အပူလှိုင်းများမှသည် တရုတ်နှင့် ဥရောပမှ ရေလွှမ်းမိုးမှုအထိသည် လူရာပေါင်းများစွာကို သေဆုံးစေခဲ့သည်။ထိုဖြစ်ရပ်များသည် များပြားလှစွာသောသူများကို တုန်လှုပ်စေပြီး မိမိတို့၏ ပြောင်းလဲနေသော ရာသီဥတုအခြေအနေတွင် ဆိုးရွားလှသောဖြစ်ရပ်များသည် မိမိတို့ မကြာမီ မကြာခဏ လက်တွေ့ရင်ဆိုင်ရမည့် ဖြစ်ရပ်များဖြစ်ကြောင်း ပြသနေသည်။

ပိုမိုချမ်းသာသော နိုင်ငံများသည် ယခုနွေရာသီတွင် အပြင်းအထန်မထိခိုက်သော်လည်း အပြင်းထန်ဆုံးခံစားရသည်မှာ ပိုမိုဆင်းရဲသော နိုင်ငံများဖြစ်သည်။မဂါဒါစကာတောင်ပိုင်းတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သော မိုးခေါင်မှုသည် လူ ၅ သိန်းကို အငတ်ဘေးကျစေရန် ခြိမ်းခြောက်နေသည်။

ကပ်ရောဂါကြောင့် ကမ္ဘာတဝှမ်း ပူးပေါင်းဆောင်ရွက်မှုမြင့်မားလာမည်လားဟု လွန်ခဲ့သောနှစ်တွင် အချို့က မေးခွန်းထုတ်ကြသည်။ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် အကောင်းမြင်နိုင်သည့်နည်းလမ်းမှာ ရာသီဥတု ပြောင်းလဲမှုမြန်လာသည်ဆိုသည့် တွေ့ရှိမှုဖြစ်ကြောင်း နယူးယောက်တက္ကသိုလ် ရာသီဥတုပြောင်းလဲမှု စီးပွား ရေးပညာရှင် ဂျားနော့ ဝက်ဂနာ က ၂၀၂၀ မတ်လက ရေးသားပြီး ထိုကပ်ရောဂါသည် အပြန်အလှန်ဆက်စပ်နေသည့် ကမ္ဘာအတွက် သင်ခန်းစာဖြစ်နိုင်ကြောင်းပြောသည်။

ထိုအချက်သည် မှန်ကောင်းမှန်နိုင်သည်။သို့သော် ထိုသင်ခန်းစာများသည် အမှားများကို မည်သို့ရှောင်ရှား မည်ကို မပြသနိုင်ပေ။ယခုအခါ ကပ်ရောဂါကူးစက်မှု မြင့်မားနေချိန်တွင် တုံ့ပြန်မှုများသည် ရှေ့နောက်မညီဘဲ ဖရိုဖရဲဖြစ်နေသည်။ဒယ်လ်တာမျိုးကွဲကဲ့သို့သော ကူးစက်မှုမြင့်မားလာသောကြောင့် ထိုနည်းလမ်းသည် မိုက်မဲ ကြောင်း သက်သေပြနေသည်။

ရာသီဥတုပြောင်းလဲမှုသည် မညီမျှမှုများကို ပိုမိုဆိုးရွားစေသကဲ့သို့ပင် ကပ်ရောဂါ၏ အသွင်သစ်သည်လည်း ဆင်းရဲချမ်းသာခွဲခြားသည်။ချမ်းသာသော နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် ဗြိတိန်တွင် ကာကွယ်ဆေးထိုးလုပ်ငန်းသည် အောင်မြင်ပုံရသော်လည်း ထိုကိစ္စကို နိုင်ငံရေးအတွက် အသုံးချခြင်းသည် ကာကွယ်ဆေးထိုးလုပ်ငန်းကို ရပ်ဆိုင်းသွားစေနိုင်သည်။အမေရိကန် ပြည်ထောင်စုမှ နေရာအများအပြားသည် ပုံမှန် အခြေအနေသို့ပြန်သွားစေရန် ကြိုးစားစေကာမူ ထိုဗိုင်းရပ်စ်သည် ကာကွယ်ဆေးမထိုးရသေးသူများအကြား ပျံ့နှံ့နေသည်။

အင်္ဂလန်တွင် အစိုးရက ယခုအပတ်အစမှ စတင်ပြီး လက်ကျန် COVID-19 ကန့်သတ်ချက်များ ရုတ်သိမ်း ကာ လွတ်လပ်ရေးရသည်ဟု ကြေညာသည်။သို့သော် ကိုရိုနာဗိုင်းရပ်စ်သည် ဒယ်လ်တာမျိုးကွဲကြောင့် ဆက်လက် ပျံ့နှံ့နေပြီး ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည်ပင် သူ၏ကျန်းမာရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်နှင့် ထိတွေသောကြောင့် ကွာရင်တင်းဝင်ရန် ဖိအားပေးခံရသည်။

ဂျွန်ဆင်နှင့် ဂျာဗစ် ၂ ဦးလုံးသည် အင်္ဂလန်မှ လူအများအပြားကဲ့သို့ ကာကွယ်ဆေးအပြည့်အ၀ထိုးပြီးသူများ ဖြစ်သည်။ကာကွယ်ဆေးထိုးမှုမြင့်မားခြင်းသည် ဆေးရုံတက်ခြင်းနှင့် သေဆုံးမှုကိုလျှော့ချနိုင်မည်ဟု မျှော်လင့်ကြသည်။ထိုသို့သောယူဆချက်ကို လူတိုင်းလက်ခံသည်မဟုတ်ပေ။

ပိုမိုပြင်းထန်လာသော ဗိုင်းရပ်စ်ကြောင့် အနောက်နိုင်ငံများသည်ပင် တတိယအကြိမ်ကာကွယ်ဆေးကို စဉ်းစားနေရသော်လည်း ကမ္ဘာ့နိုင်ငံအများအပြားသည် ကာကွယ်ဆေးမရသေးပေ။အာဖရိကမှ လူ ၁ ရာခိုင်နှုန်း သာ ကာကွယ်ဆေးရသည်။ထိုသို့ဖြစ်ခြင်းသည် ချမ်းသာသောနိုင်ငံများကြောင့်ဖြစ်ကြောင်း သိရသည်။

ရာသီဥတုပြောင်းလဲမှုနှင့် ကိုရိုနာဗိုင်းရပ်စ်သည်  မတူညီသောပြဿနာများကို ဖြစ်စေသည်။အချို့ကိစ္စများတွင် ၎င်းတို့သည် တစ်ခုနှင့်တစ်ခု အားပေးသည်။ကမ္ဘာတဝှမ်း ကပ်ရောဂါကူးစက်မှု ပြန်လည်မြင့်မားလာခြင်းသည် ကာဗွန်ထုတ်လွှတ်မှု မြင့်မားလာစေနိုင်သည်။သန့်ရှင်းသောစွမ်းအင်အတွက် တစ်ကမ္ဘာလုံးကပေးထားသော ငွေသည် ပန်းတိုင်မရောက်နိုင်ပေ။

Linko
Ref : Struggling global covid-19 response dims hopes for climate change action: americannews-red
ဇူလိုင် - ၂၃