【 နိုင်ငံတကာသတင်းသုံးသပ်ချက် 】အမေရိကန်ကစားနေတဲ့အသွင်သစ်ရေနံ စစ်ပွဲ

 【 နိုင်ငံတကာသတင်းသုံးသပ်ချက် 】အမေရိကန်ကစားနေတဲ့အသွင်သစ်ရေနံ စစ်ပွဲ

ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ နိုင်ငံတကာ သတင်းတွေထဲမှာ နိုင်ငံတကာ သတင်းဖတ်သူတွေကို စိတ်ဝင်စားစေခဲ့တဲ့ သတင်း အချို့ ရှိခဲ့ပါတယ်။အထူးသဖြင့် သတင်းတွေထဲ ဆော်ဒီဂျာနယ်လစ် အ သတ် ခံရမှုမှာပါဝင်ပတ်သက်နေတဲ့ ဆော်ဒီအိမ်ရှေ့မင်းသားကို အမေရိကန်သမ္မတထရမ့်ကထောက်ခံမှုပေးပြီး အမေရိကန်လိုချင်နေ တဲ့ ရေနံဈေးနူန်းကျဆင်းရေးအတွက် ကစားခဲ့တဲ့ သတင်းက ဒီတစ်ပတ်သတင်းတွေထဲ ဖတ်ရှုချင်းရာ အကောင်းဆုံးသတင်း တစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

    ဒီသတင်းက ယခုရက်သတ္တပတ်အတွင်း ဖြစ်ခဲ့တဲ့ ၂၀၁၄ ခုနှစ် က အီဂွာလာမြို့မှာ ကျောင်းသား၄၃ ဦး ပြန်ပေးဆွဲခံရကာ သတ်ဖြတ် အစဖျောက်ခံခဲ့ရမှုအတွက် မက္ကဆီကို သမ္မတသစ် က အမှန်တရား ကော်မရှင် ဖွဲ့စည်းရေး အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ တဲ့ သတင်း၊နေတိုးအဖွဲ့အစည်းအဝေးမှာရုရှားနိုင်ငံကဖမ်းထားသည့်
 ယူကရိန်း ရေတပ်သင်္ဘောများနှင့် ပတ် သက် သည့် ကိစ္စကို ဦးစားပေး ဆွေးနွေးခဲ့တဲ့ သတင်း၊ အဂတိ လိုက်စားမှုကြောင့် ပြစ်ဒဏ် ကျခံနေ ဘင်္ဂလား ဒေ့ရှ် အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာကို ဒီဇင်ဘာ ၃ဝ ရက် ကျင်းပမည့် နိုင်ငံ့ရွေး ကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခဲ့တဲ့ သတင်း၊ အမေရိကန်ထံမှာ ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိ သင်္ဘောနှင့် ဝေဟင် ပစ် ဒုံးကျည် ဒါဇင်ပေါင်းများစွာ ဝယ်ယူရန် စီစဉ်နေတဲ့ သတင်း၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်  တောင်ကိုရီးယား သို့ ချစ်ကြည်ရေးခရီး လာရောက်မည့်ရက် အတိအကျမသတ်မှတ်ရသေး တဲ့ သတင်း၊ ပြင်သစ်နိုင်ငံမှာ သုံးပတ်ကြာ ဆန္ဒပြ အဓိကရုဏ်း များ ဖြစ်ပွားခဲ့ပြီးနောက် စက်သုံးဆီအခွန်တိုးမြှင့်ကောက်ခံမှုကိုခြောက်လ တာ ဆိုင်းငံ့လိုက်တဲ့ သတင်းတွေက စိတ်ဝင်စားစရာသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ကုလနဲ့ အရှက်တကွဲ အမေရိကန်
============================

ဒီဇင်ဘာ၁ရက်ညပိုင်းကအာဖဂန်နစ္စတန်မှာအမေရိကန်လေကြောင်းတိုက်ခိုက်မှုအတွင်း တာလီဘန် အဓိကခေါင်းဆောင်တစ်ဦးသေဆုံးခဲ့တဲ့ သတင်း၊ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပါကစ္စတန် ဝန်ကြီးချုပ်ထံ အာဖဂန်ငြိမ်းချမ်းရေးကူညီပေးဖို့ စာပေးပို့တောင်းဆိုခဲ့တဲ့ သတင်း၊အိုင်အက်စ် အဖွဲ့ကို ကူညီထောက် ပံ့ပေးရန် ကြိုးစားမှုဖြင့် ဟာဝိုင်အီအခြေ စိုက် အမေရိကန်စစ်သား တစ်ဦး ထောင်ဒဏ် (၂၅)နှစ် ချမှတ်လိုက်တဲံသတင်း၊ အစ္စရေးနှင့် နယ်နိမိတ်ထိစပ်နေသည့် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းမှာ တနင်္လာနေ့ ညနေပိုင်းက အစ္စရေး တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားသည့် တိုက်ခိုက် မှုများအတွင်း ပါလက်စတိုင်း ပြည်သူ လေးဦး သေနတ် ထိမှန်ကာ ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ ဒုံးကျည်အစီအစဉ်များ နှင့် ပတ်သက်ပြီး အီရန်ကို sanction(ပိတ်ဆို့အရေးယူမှု)အသစ်များ ချမှတ်ရန် ဥရောပနိုင်ငံများကို အမေရိကန်အစိုးရက တိုက်တွန်းခဲ့တဲ့ သတင်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝအတွင်း နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၅ဝဝဝ ခန့်ကို အီရန်နိုင်ငံအစုလိုက်အပြုံလိုက် သတ် ဖြတ်ခဲ့တဲ့ သတင်းစတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်က ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ ညီလာခံမှာ အမေရိကန်တင်သွင်းတဲ့ ပါလက်စတိုင်းအဖွဲ့ဟားမက်စ်ကို ရှုတ်ချတဲ့ အဆိုကို OIC ကိုယ်စားလှယ်အမတ်တွေ အဓိကပါဝင်တဲ့ ၅၇ နိုင်ငံ က ကန့်ကွတ်ခဲ့တဲအတွက် အထွေထွေညီလာခံရဲ့ သုံးပုံနှစ်ပုံ ထောက်ခံ မဲ မရလို့ အရှက်တကွဲ ပယ်ချခံ လိုက် ရပါတယ်။ဒါဟာ အမေရိကန်အတွက် ကုလညီလာခံမှာ ဒုတိယမြောက် သြဇာအာဏာလျော့ပါးတဲ့ ဖြစ်ရပ်ပါဘဲ။

အစ္စရေးနဲ့ အာရပ်ကြားဖြစ်နေတဲ့ ပြဿနာက ဘယ်တော့မှ မပြီးစီးနိုင် မယ့် ပြဿနာဖြစ်သလို ပါလက် စတိုင်း ဟစ်ဇ်ဘိုလာတွေ က အစ္စရေးမြောက်ပိုင်းကို သိမ်းပိုက်ဖို့အတွက် ကြံစည်နေသလို မကြာမီကလည်း  လက်ဘနွန်ဘက်ကနေ အစ္စရေး ပိုက်နက်ထဲကို ဆက်သွယ် ဖောက်လုပ်ထားတဲ့ ဟစ်ဘိုလာတို့ရဲ့ ဥမင် လှိုဏ်ခေါင်း
တွေ ကို ဖော်ထုတ်တွေ့ရလို့ အစ္စရေးစစ်တပ်က တူးဖော် ဖျက်ဆီး ပိတ်ဆို့ပစ်ခဲ့ရပါတယ်။ဒီလို တူးဖော်ပြီးနောက်ပိုင်းမှာ အစ္စရေး ဝန်ကြီးချုပ်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီ ယို ဂူတာရက်စ်နှင့် ဖုန်းဖြင့်ဆက်သွယ်ကာ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာ တို့ တူးဖော်နေသည့် နယ်စပ် ဖြတ်ကျော် တူးမြောင်း များကို ဖျက်ဆီးရန်နှင့် ပြန်လည်နေရာချရေးအတွက် အစ္စရေး၏ စစ်ဆင်ရေးနှင့် ပတ်သက် ၍ ဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမယ့် အစ္စရေးရဲ့ဗျူဟာမြောက် မိတ်ဘက် အမေရိကန် အတွက် ကတော့ ကုလမှာ OICနဲ့ ထိပ်တိုက်တွေ့နေတဲ့ အတွက် အမေရိကန် အဖို့ တချို့နေရာတွေမှာနောက်ဆုတ်ပေးလာရတာတွေများနေပါပြီ။ဒါပေမယ့် အမေရိကန်အတွက် အစ္စလာမ်ဝါဒ အားကောင်း တဲ့ အရှေ့အလယ်ပိုင်းကို လက်လွှတ်ဖို့ မရှိပါဘူး။ ဒါကြောင့် ဒီလိုအတွက် အမေရိကန်လွယ်လွယ်နဲ့ သြဇာအာဏာလျော့ပါးခံဖို့ မှရှိပါဘူး။တူရကီဦးဆောင်တဲ့ OICအနေနဲ့ အမေရိကန်ကို ဘက်ယှဉ်ဖို့ မကြာခဏ ကြိုးစားနေပေမယ့် ကုလညီလာခံမှာ အရှက်တကွဲဖြစ် ခဲ့ရတဲ့ အတွက် အမေရိကန်အနေနဲ့ ဒါကို ဘယ်လိုတုန့်ပြန်မလဲ ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဟွာဝေးနဲ့ တရုတ် ၊အမေရိကန်၊ ကနေဒါ ပြဿနာ
==================================

ယခုတစ်ပတ်သတင်းတွေထဲ သတိထားစရာဖြစ်ခဲ့တာက တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီး ဟွာဝေးရဲ့ ဘဏ္ဍာရေးအရာရှိချုပ် မန်ဝန်ကျိကို ကနေဒါအစိုးရက အမေရိကန်မေတ္တာရပ်ခံချက်နဲ့ ဒီဇင်ဘာ ၁ ရက်က ဗန်ကော့ဗာမြို့မှာ ဖမ်းဆီးခဲ့တဲ့သတင်းပါ။

တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှု လျော့ပါးစေရေး အတွက် ပြီးခဲ့တဲ့ G-20 အစည်းအဝေးမှာ တရုတ်နဲ့အမေရိကန်ခေါင်းဆောင်တွေ စည်းဝေးပြီး သုံလတာ ခေတ္တရပ်ဆိုင်းဖို့ သဘောတူ ညီချက်တွေ ထွက် လာအပြီးမှာ ယခုပြဿနာဖြစ်ပေါ် လာတာ ဖြစ်ပါတယ်။ ရှည်ကြာဖွယ်ရှိတဲ့ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကို ခေတ္တရပ်ဆိုင်းအပြီးမှာ ဖြစ်လာတဲ့ ကုန်သွယ်ရေး ဆိုင်ရာအငြင်းပွားမှုတွေကို ဖြေရှင်းဖို့ နှစ်ဖက် စလုံး က ကြိုးစားနေစဉ်မှာ ယခုထပ်ဖြစ်လာတဲ့ ပြဿနာက အမေရိကန်-တရုတ်ကြား တင်းမာမှုကို ပိုပြီးမြင့် တက်လာစေမဲ့ အခြေအနေ ပါဘဲ။အထူးသဖြင့် ကနေဒါအနေနဲ့ အမေရိကန်နဲ့တရုတ်ကြားမှာ ကြားညှပ်မယ့် အနေအထားရှိနေပါတယ်။

အမေရိကန်က ဟွာဝေးကုမ္ပဏီကို အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်တဲ့ သံသယနဲ့ စုံစမ်းစစ်ဆေး ခံနေရတယ်ဆိုတဲ့ သတင်းတွေ မကြာခင်က ထွက်ပေါ်လာ ခဲ့ပါ တယ်။ အဲဒီထွက်ပေါ် လာပြီးနောက်ပိုင်းမှာ တရုတ်တပ်မတော် (PLA) စစ်အင်ဂျင်နီယာဟောင်း တည်ထောင်ထားတဲ့ ဟွားဝေး ကုမ္ပ ဏီပိုင်ရှင်ရဲ့သမီးဖြစ်သူနဲ့ ဘဏ္ဍာရေးအရာရှိချုပ် တာဝန်ယူထားတဲ့ မန်ဝန်ကျိကို ကနေဒါအာဏာပိုင်တွေက အမေရိကန်မေတ္တာရပ်ခံ ချက်နဲ့ ဖမ်းခဲ့တာပါ။

ကနေဒါ အနေနဲ့ အမေရိကန် ဆန်ရှင်တွေကိုချိုးဖောက်ပြီး အီရန်နဲ့ အကြား အရောင်းအဝယ်ကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့တယ် ဆိုပြီး စွပ်စွဲချက်နဲ့ ဒီဇင်ဘာ၁ ရက်နေ့က ဖမ်းဆီးကာ မကြာမီ အမေရိကန်နိုင်ငံ ကိုလွှဲပြောင်းပေးဖို့ ရှိနေပါတယ်။ တရုတ် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးက ပေကျင်းရှိ ကနေဒါသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ကာ ယင်းကိစ္စ ကို အပြင်းအထန်ကန့်ကွက်ပြီး ဒီလိုဖမ်းဆီးခဲ့တဲ့အတွက်  အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ မဟုတ်ပါက ကြီးမားတဲ့ အကျိုးဆက်တွေ ကြုံ တွေ့ခံစားသွားရလိမ့်မယ်ဆိုပြီး ကနေဒါကို ဒီဇင်ဘာ ၈ ရက်မှာ သတိပေးခဲ့ပါတယ်။ မန်ဝန်ကျိသာ အမေရိကန်ကို လွဲပြောင်းပေးခြင်း ခံရရင်  ၎င်းအနေနဲ့  လိမ်လည်မှု စွဲချက်တွေနဲ့ တရားစွဲဆိုခံရဖို့ ရှိနေပါတယ်။  

အမေရိကန်အာဏာပိုင်တွေအနေနဲ့ဟွာဝေးကုမ္ပဏီဟာ အမေရိကန် ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်း ခြောက်နေတယ်လို့ ယူဆခံထားရ တာလည်း ဖြစ်တဲ့အတွက် အမေရိကန်နဲ့ အကျိုးစီးပွားတူနေတဲ့ ကနေဒါ လည်း တရုတ်တောင်းဆိုချက်ကို လိုက်လျောဖွယ် မမြင်ပါ ဘူး။ ဒီလိုအခြေအနေတွေကြောင့် ဟွာဝေးကုမ္ပဏီ ကိစ္စဘာတွေ ဆက်ဖြစ်လာဦးမလဲ ဆိုတာ ဆက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။G-20 ထိပ်သီးအစည်းအဝေးမှာ တရုတ်-အမေရိကန် ကုန်သွယ်ရေး အငြင်းပွားမှု အတွက် နှစ်နိုင်ငံခေါင်း ဆောင်ပိုင်းတွေ့ဆုံပြီး အခွန်တိုးမြင့်ကောက်တာတွေ သုံးလတာ ခေတ္တရပ်ဆိုင်းထားဖို့ သဘောတူညီခဲ့ကြပါ တယ်။ ဒီသုံးလတာအတွင်း အမေရိကန်နှင့် သဘောတူထားသော ကုန်သွယ်ရေး ကတိကဝတ်များကို အမြန် ဆုံး အကောင်အထည် ဖော်ဖို့ တရုတ်ဘက်က လုပ်ဆောင်ရဖို့ ရှိနေပြီး သုံးလတာအတွင်း အငြင်းပွားမှုတွေကို နှစ်ဘက်စလုံးက ဖြေရှင်းဖို့ ကြိုးစားရမှာပါ။ မဖြေရှင်းနိုင်ခဲ့ရင် တရုတ်-အမေရိကန်ကုန်သွယ်ရေး စစ်ပွဲ ပြန်အသက်ဝင်လာမှာ ဖြစ်ပါတယ်။

နှစ်ဘက်စလုံးကုန်သွယ်ရေးအထိနာတဲ့ ဒီစစ်ပွဲကို နှစ်ဘက်စလုံးက စီးပွားရေး သမားတွေက  ရပ်တန့်ပစ်ချင်ပါတယ်။တရုတ်ဘက် ကတော့ အမေရိကန်နှင့် သဘောတူထားသော ကုန်သွယ်ရေး ကတိကဝတ်များကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောထားပါတယ်။အဆိုပါသတင်း က ယခု တစ်ပတ်တွင်း ဖြစ်ခဲ့တဲ့ တရုတ်နှင့်ဆိုင်ရာသတင်းတွေဖြစ်တဲ့ ဗြိတိန်ထောက် လှမ်းရေးအကြီးအကဲက ဗြိတိန်ဆက်သွယ်ရေး ဆိုင်ရာအခြေခံအဆောက်အအုံတွေမှာ တရုတ်နည်းပညာ ကုမ္ပဏီတွေရဲ့ ပါဝင်မှုကို ပြန်လည်သုံးသပ်ဖို့ ပြောလိုက်တဲ့ သတင်း၊ အမေရိကန်နှင့်တရုတ် အပြန်အလှန် အခွန်တိုးကောက်မှု ရက် ၉၀ ရပ်ဆိုင်းပြီး ဆွေးနွေးမည့် သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်း ငါးရာခိုင်နှုန်း ဝန်းကျင်မြင့်တက်ခဲ့တဲ့ သတင်းစတဲ့ သတင်းတွေထဲ သတိထားစောင့်ကြည့်စရာဖြစ်ခဲ့ပါတယ်။

ရုရှား၊အမေရိကန်နဲ့ အသွင်သစ်ရေနံစစ်ပွဲ
===========================

 ကမ္ဘာရေနံဈေးကွက်ထဲ အမေရိကန်အတွက်ဈေးနူးန်း တိုးမြင့် လာမှုအတွက် ကစားတဲ့ ကစားကွက်က နောက်ဆုံးမှာ ဆော်ဒီ ၈ျာနယ်လစ်ခါရှောဂီသတ်ဖြတ်ခံရမှုဖြစ်လာပါတယ်။ တူရကီအပါဝင် OICနိုင်ငံတွေ ပါဝင်တဲ့ နိုင်ငံတွေက တစ်ဖက် နောက်ဆုံးမှာ အိုပက်လို့ခေါ်တဲ့ ကမ္ဘာရေနံရောင်းချတဲ့နိုင်ငံတွေက တစ်ဖက်ဖြစ် လာခဲ့ပါတယ်။

ပြီးခဲတဲ့ ရက်သတ္တပတ်အတွင်း ရီပတ်ဘလီကန် ထိပ်တန်း အမတ်များ အပါအဝင် အမေရိကန်လွှတ် တော်အမတ်အများ အပြား ကို စီအိုင်အေက တူရကီရှိ ဆော်ဒီကောင်စစ်ဝန်ရုံးထဲ သတင်းသမား ခါရှောဂီ သတ်ဖြတ်ခံခဲ့ရမှုကိုအသေးစိတ် ရှင်းပြခဲ့တဲ့နောက် ခါရှောဂီ သေဆုံးမှုအတွက် ဆော်ဒီအိမ်ရှေ့စံတွင် အပြစ်ရှိကြောင်း ယုံကြည်ခဲ့ ပါတယ်။ဒါပေမယ့် အမေရိကန်သမ္မတ ထရမ့်ကတော့ ဆော်ဒီ အိမ်ရှေ့စံမင်းသားနဲ့ ဗျူးနိုအေရီးစ်မာ ကျင်းပတဲ့ G-20 အစည်း အဝေး မှာ အမေရိကန်အတွက် သေချာတဲ့အာမခံချက်ရဖို့ ကြိုးစားခဲ့ ပါ တယ်။တူရကီအပါအဝင် နိုင်ငံအတော်များများ အထူးသဖြင့် ဂျာမနီ၊ဗြိတိန်၊ပြင်သစ်တို့က ခါဂီရှော့ သတ်ဖြတ်ခံရမှုအတွက် ပြင်းထန် တဲ့ အရေးယူမှုတွေစတင်ဖို့ ပြောဆိုနေချိန်မှာ အမေရိကန် က ဆော်ဒီအိမ်ရှေ့မင်းသားဘက်က မျက်စိမှတ်ပြီးရပ်တည်နေခဲ့ပါ တယ်။ ဒီအတွက် ဆော်ဒီဘက် က ရေနံထုတ်လုပ်မှုလျော့ချဖို့ ရုရှားနဲ့ အိုပက်အဖွဲ့ရဲ့ စည်းရုံးသိမ်းသွင်းမှုကို တောင့်ခံပြီး အမေရိကန် ဆန္ဒအတိုင်း ဖြစ်လာခဲ့ပါတယ်။

 ဒီကြားထဲမှာ အိုပက်အဖွဲထဲ ပါဝင်ပြီးရေနံထုတ်လုပ်မှုလောက်လောက် လားလားမဟုတ်ပေမယ့် LNGထုတ်လုပ်တဲ့ အင်အားကြီးနိုင်ငံဖြစ်တဲ့ ကာတာနိုင်ငံက ဆိုင်းမဆင့်ဗုံမဆင့် အိုပက်အဖွဲ့ထဲက နူတ် ထွက်မယ့် သတင်းထွက်လာခဲ့ပါတယ်။ ကာတာ စွမ်းအင် ဝန်ကြီး ကတော့ ဒီလိုဆုံးဖြတ်ချက်က နိုင်ငံရေးကြောင့်မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အိုပက်အဖွဲ့ရဲ့ ရေနံထုတ်လုပ်မှုနဲ့ လျော့ချမှုမှာ လိုသလို ထိန်းနေမှုတွေကြောင့် ကာတာအနေနဲ့ အဓိက နိုင်ငံခြား ဝင်ငွေရရာရလမ်းဖြစ်တဲ့ ရေနံ၊သဘာ၀ ဓာတ် ငွေ့ရောင်းချမှုအပေါ် ကာလကြာရှည် အိုပက်အဖွဲ့ရဲ့ ခွဲတမ်းနဲ့ထုတ်လုပ်ရမှုကြောင့် နစ်နာနေရ တာကြာပါပြီ။ ဒါ့ကို ကျော်လွှားဖို့ပြင်ဆင်နေတာလား/ အိုပက်အဖွဲ့အတွင်း သြဇာညောင်းတဲ့ ဆော်ဒီအာရေဗျနိုင်ငံနှင့် သံတမန်ဆက်ဆံရေး မပြေလည်ချိန်မှာ အိုပက်အဖွဲ့မှ ကာတာ နုတ်ထွက်မည့်အချိန်လာတိုက်ဆိုင်နေတာက သမာရိုးကျမှ ဟုတ်ရဲ့လား၊ ကမ္ဘာလောင်စာအဓိကထုတ်လုပ်တဲ့ အိုပက် အဖွဲထဲ ကနေ အမေရိကန်က တစ်နိုင်ငံခြင်း  ဖဲ့ထုတ်ဖို့ ကြံစည်နေ သလား ဆိုတာ ဆက်စောင့်ကြည့်ရတော့မယ့် ကိစ္စတွေဖြစ်လာပါပြီ။

 ရုရှားအနေနဲ့ G-20 အစည်းအဝေးမှာ ဆော်ဒီအိမ်ရှေ့မင်းသား နဲ့ တွေ့ပြီး အိုပက်အစည်းအဝေးမှာ ရေနံလျော့ချထုတ်လုပ်ဖို့ ဆုံးဖြတ် ဖို့ တိုက်တွန်းတာတွေ ရှိခဲ့ပါတယ်။တရုတ်နဲ့  အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ကြာရှည်ဖွယ်ရှိတာကြောင့် ကမ္ဘာအနှံ ကုန်ထုတ် လုပ်မှုတွေ လျော့ကျပြီး လောင်စာသုံးစွဲမှုတွေလျော့ကျလာ ဖွယ်ရှိနေ တဲ့အတွက် ကမ္ဘာလောင်စာဈေးကွက်မှာ ရေနံဈေးနူန်းက လျော့ကျ လာလို့ ရေနံဈေးကိုထိန်းဖို့ ရေနံထုတ်လုပ်တာအများဆုံးဖြစ်တဲ့ အိုပက်နဲ့ ရုရှားလိုလားနေတာပါ။ ဒါပေမယ့် G-20 အပြီးမှာ တရုတ်နဲ့ အမေရိကန်ကြား ရက် ၉၀ သဘောတူညီချက် ထွက်လာချိန်မှာ ရေနံဈေးက ၅ ရာခိုင်နူန်းပြန်မြင့် တက်ခဲ့တဲ့ အတွက် ကမ္ဘာရေနံ ထုတ်လုပ်မှု လျော့ချမလား/တိုးထုတ်မလားဆိုတာ ရုရှားနဲ့ အိုပက် အဖွဲ့အဖို့  ဆုံးဖြတ်ရခက်တဲ့ ကိစ္စဖြစ်လာဖို့ များနေပါတယ်။

 ဒီသတင်းက  ယခုတစ်ပတ်ထဲ အခြားစိတ်ဝင်စားစရာ သတင်းတွေ ဖြစ်တဲ့  ဆောက်လုပ်ရေး အလုပ် သမား ၂၄ ဦးအထိ ပစ်သတ် ခဲ့တဲ့ သူပုန်တွေကို အင်ဒိုနီးရှားစစ်သားတွေက ရှာဖွေနေတဲ့ သတင်း၊ မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ် မြို့တော်ကူချင်းရှိ City-one Megamall ဈေးဝယ်စင်တာ ဓာတ်ငွေ့ပိုက် ယိုစိမ့်ခြင်းမှ ပေါက်ကွဲမှု ဖြစ်ပွားလို့  အနည်းဆုံး လူသုံးဦး သေဆုံးကာ ၂၆ ဦး ဒဏ်ရာရရှိခဲ့ တဲ့သတင်း၊ တူရကီနိုင်ငံ အန်ကာရာမြို့တော် အစွန်အဖျားတွင် ကီဇီလေးခရိုင်မှာ ဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်ပွားလို့ ခုနစ်ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်း၊ မက္ကဆီကိုနိုင်ငံမြောက်ပိုင်း Culiacan မြို့မှာ လေယာဉ်ငယ်တစ်စင်း လူနေအိမ်တစ်လုံးပေါ် ပျက်ကျလို့ လူလေးဦး သေဆုံးခဲ့တဲ့ သတင်း၊ ဂျပန်အနောက်ဘက် ကမ်းရိုးတန်းမှာ အမေရိကန်တပ်မတော်လေယာဉ်နှစ်စင်း တိုက်မိလို့ ခြောက် ဦးပျောက်ဆုံးနေတဲ့ သတင်း၊ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မှာ လူ၇ဝဝဝဝကျော် ပါဝင်တဲ့ ရာသီဥတုဆိုင်ရာ ဆန္ဒပြပွဲ တစ်ခုဖြစ် ပွာတဲ့ သတင်း၊ပစိဖိတ်တောင်ပိုင်း နယူးကယ်လီဒိုနီး ယားကမ်းခြေ မှာငလျင်ပြင်းအား ၇ ဒသမ ၆ ရစ်ချ် တာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့ သတင်းတွေ ထဲ ကမ္ဘာအရေးစိတ်ဝင်စားတဲ့ သူတွေကို သတိထားစရာဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို  ဒီမှာ ဘဲ ရပ်နားလိုက်ချင်ပါတယ်။

မင်းထက်  

(  Zawgyi   )

 ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ ႏိုင္ငံတကာ သတင္းေတြထဲမွာ ႏိုင္ငံတကာ သတင္းဖတ္သူေတြကို စိတ္ဝင္စားေစခဲ့တဲ့ သတင္း အခ်ိဳ႕ ရွိခဲ့ပါတယ္။အထူးသျဖင့္ သတင္းေတြထဲ ေဆာ္ဒီဂ်ာနယ္လစ္ အ သတ္ ခံရမႈမွာပါဝင္ပတ္သက္ေနတဲ့ ေဆာ္ဒီအိမ္ေရွ႕မင္းသားကို အေမရိကန္သမၼတထရမ့္ကေထာက္ခံမႈေပးၿပီး အေမရိကန္လိုခ်င္ေန တဲ့ ေရနံေဈးႏူန္းက်ဆင္းေရးအတြက္ ကစားခဲ့တဲ့ သတင္းက ဒီတစ္ပတ္သတင္းေတြထဲ ဖတ္ရႈခ်င္းရာ အေကာင္းဆုံးသတင္း တစ္ပုဒ္ျဖစ္ခဲ့ပါတယ္။

    ဒီသတင္းက ယခုရက္သတၱပတ္အတြင္း ျဖစ္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္ က အီဂြာလာၿမိဳ႕မွာ ေက်ာင္းသား၄၃ ဦး ျပန္ေပးဆြဲခံရကာ သတ္ျဖတ္ အစေဖ်ာက္ခံခဲ့ရမႈအတြက္ မကၠဆီကို သမၼတသစ္ က အမွန္တရား ေကာ္မရွင္ ဖြဲ႕စည္းေရး အမိန႔္ေၾကညာခ်က္ ထုတ္ျပန္ခဲ့ တဲ့ သတင္း၊ေနတိုးအဖြဲ႕အစည္းအေဝးမွာ႐ုရွားႏိုင္ငံကဖမ္းထားသည့္
 ယူကရိန္း ေရတပ္သေဘၤာမ်ားႏွင့္ ပတ္ သက္ သည့္ ကိစၥကို ဦးစားေပး ေဆြးေႏြးခဲ့တဲ့ သတင္း၊ အဂတိ လိုက္စားမႈေၾကာင့္ ျပစ္ဒဏ္ က်ခံေန ဘဂၤလား ေဒ့ရွ္ အတိုက္အခံေခါင္းေဆာင္ ဝန္ႀကီးခ်ဳပ္ေဟာင္း ခါလီဒါဇီယာကို ဒီဇင္ဘာ ၃ဝ ရက္ က်င္းပမည့္ ႏိုင္ငံ့ေ႐ြး ေကာက္ပြဲမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ခြင့္ပိတ္ပင္ခဲ့တဲ့ သတင္း၊ အေမရိကန္ထံမွာ ေဒၚလာ သန္း ၃၀၀ တန္ဖိုးရွိ သေဘၤာႏွင့္ ေဝဟင္ ပစ္ ဒုံးက်ည္ ဒါဇင္ေပါင္းမ်ားစြာ ဝယ္ယူရန္ စီစဥ္ေနတဲ့ သတင္း၊ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအြန္  ေတာင္ကိုရီးယား သို႔ ခ်စ္ၾကည္ေရးခရီး လာေရာက္မည့္ရက္ အတိအက်မသတ္မွတ္ရေသး တဲ့ သတင္း၊ ျပင္သစ္ႏိုင္ငံမွာ သုံးပတ္ၾကာ ဆႏၵျပ အဓိက႐ုဏ္း မ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ စက္သုံးဆီအခြန္တိုးျမႇင့္ေကာက္ခံမႈကိုေျခာက္လ တာ ဆိုင္းငံ့လိုက္တဲ့ သတင္းေတြက စိတ္ဝင္စားစရာသတင္းေတြ ျဖစ္ခဲ့ပါတယ္။

ကုလနဲ႔ အရွက္တကြဲ အေမရိကန္
============================

ဒီဇင္ဘာ၁ရက္ညပိုင္းကအာဖဂန္နစၥတန္မွာအေမရိကန္ေလေၾကာင္းတိုက္ခိုက္မႈအတြင္း တာလီဘန္ အဓိကေခါင္းေဆာင္တစ္ဦးေသဆုံးခဲ့တဲ့ သတင္း၊ အေမရိကန္ သမၼတ ေဒၚနယ္ထရန႔္က ပါကစၥတန္ ဝန္ႀကီးခ်ဳပ္ထံ အာဖဂန္ၿငိမ္းခ်မ္းေရးကူညီေပးဖို႔ စာေပးပို႔ေတာင္းဆိုခဲ့တဲ့ သတင္း၊အိုင္အက္စ္ အဖြဲ႕ကို ကူညီေထာက္ ပံ့ေပးရန္ ႀကိဳးစားမႈျဖင့္ ဟာဝိုင္အီအေျခ စိုက္ အေမရိကန္စစ္သား တစ္ဦး ေထာင္ဒဏ္ (၂၅)ႏွစ္ ခ်မွတ္လိုက္တဲံသတင္း၊ အစၥေရးႏွင့္ နယ္နိမိတ္ထိစပ္ေနသည့္ ဂါဇာကမ္းေျမာင္ေဒသ ေျမာက္ပိုင္းမွာ တနလၤာေန႔ ညေနပိုင္းက အစၥေရး တပ္ဖြဲ႕ဝင္မ်ားႏွင့္ ျဖစ္ပြားသည့္ တိုက္ခိုက္ မႈမ်ားအတြင္း ပါလက္စတိုင္း ျပည္သူ ေလးဦး ေသနတ္ ထိမွန္ကာ ထိခိုက္ ဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ ဒုံးက်ည္အစီအစဥ္မ်ား ႏွင့္ ပတ္သက္ၿပီး အီရန္ကို sanction(ပိတ္ဆို႔အေရးယူမႈ)အသစ္မ်ား ခ်မွတ္ရန္ ဥေရာပႏိုင္ငံမ်ားကို အေမရိကန္အစိုးရက တိုက္တြန္းခဲ့တဲ့ သတင္း၊ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃ဝအတြင္း ႏိုင္ငံေရးအက်ဥ္းသား အနည္းဆုံး ၅ဝဝဝ ခန႔္ကို အီရန္ႏိုင္ငံအစုလိုက္အၿပဳံလိုက္ သတ္ ျဖတ္ခဲ့တဲ့ သတင္းစတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၇ ရက္က ကုလသမဂၢမွာ ျပဳလုပ္တဲ့ ညီလာခံမွာ အေမရိကန္တင္သြင္းတဲ့ ပါလက္စတိုင္းအဖြဲ႕ဟားမက္စ္ကို ရႈတ္ခ်တဲ့ အဆိုကို OIC ကိုယ္စားလွယ္အမတ္ေတြ အဓိကပါဝင္တဲ့ ၅၇ ႏိုင္ငံ က ကန႔္ကြတ္ခဲ့တဲအတြက္ အေထြေထြညီလာခံရဲ႕ သုံးပုံႏွစ္ပုံ ေထာက္ခံ မဲ မရလို႔ အရွက္တကြဲ ပယ္ခ်ခံ လိုက္ ရပါတယ္။ဒါဟာ အေမရိကန္အတြက္ ကုလညီလာခံမွာ ဒုတိယေျမာက္ ၾသဇာအာဏာေလ်ာ့ပါးတဲ့ ျဖစ္ရပ္ပါဘဲ။

အစၥေရးနဲ႔ အာရပ္ၾကားျဖစ္ေနတဲ့ ျပႆနာက ဘယ္ေတာ့မွ မၿပီးစီးႏိုင္ မယ့္ ျပႆနာျဖစ္သလို ပါလက္ စတိုင္း ဟစ္ဇ္ဘိုလာေတြ က အစၥေရးေျမာက္ပိုင္းကို သိမ္းပိုက္ဖို႔အတြက္ ႀကံစည္ေနသလို မၾကာမီကလည္း  လက္ဘႏြန္ဘက္ကေန အစၥေရး ပိုက္နက္ထဲကို ဆက္သြယ္ ေဖာက္လုပ္ထားတဲ့ ဟစ္ဘိုလာတို႔ရဲ႕ ဥမင္ လႈိဏ္ေခါင္း
ေတြ ကို ေဖာ္ထုတ္ေတြ႕ရလို႔ အစၥေရးစစ္တပ္က တူးေဖာ္ ဖ်က္ဆီး ပိတ္ဆို႔ပစ္ခဲ့ရပါတယ္။ဒီလို တူးေဖာ္ၿပီးေနာက္ပိုင္းမွာ အစၥေရး ဝန္ႀကီးခ်ဳပ္က ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ အန္တိုနီ ယို ဂူတာရက္စ္ႏွင့္ ဖုန္းျဖင့္ဆက္သြယ္ကာ လက္ဘႏြန္အေျခစိုက္ ဟစ္ဇ္ဘိုလာ တို႔ တူးေဖာ္ေနသည့္ နယ္စပ္ ျဖတ္ေက်ာ္ တူးေျမာင္း မ်ားကို ဖ်က္ဆီးရန္ႏွင့္ ျပန္လည္ေနရာခ်ေရးအတြက္ အစၥေရး၏ စစ္ဆင္ေရးႏွင့္ ပတ္သက္ ၍ ေဆြးေႏြးခဲ့ၾကပါတယ္။

ဒါေပမယ့္ အစၥေရးရဲ႕ဗ်ဴဟာေျမာက္ မိတ္ဘက္ အေမရိကန္ အတြက္ ကေတာ့ ကုလမွာ OICနဲ႔ ထိပ္တိုက္ေတြ႕ေနတဲ့ အတြက္ အေမရိကန္ အဖို႔ တခ်ိဳ႕ေနရာေတြမွာေနာက္ဆုတ္ေပးလာရတာေတြမ်ားေနပါၿပီ။ဒါေပမယ့္ အေမရိကန္အတြက္ အစၥလာမ္ဝါဒ အားေကာင္း တဲ့ အေရွ႕အလယ္ပိုင္းကို လက္လႊတ္ဖို႔ မရွိပါဘူး။ ဒါေၾကာင့္ ဒီလိုအတြက္ အေမရိကန္လြယ္လြယ္နဲ႔ ၾသဇာအာဏာေလ်ာ့ပါးခံဖို႔ မွရွိပါဘူး။တူရကီဦးေဆာင္တဲ့ OICအေနနဲ႔ အေမရိကန္ကို ဘက္ယွဥ္ဖို႔ မၾကာခဏ ႀကိဳးစားေနေပမယ့္ ကုလညီလာခံမွာ အရွက္တကြဲျဖစ္ ခဲ့ရတဲ့ အတြက္ အေမရိကန္အေနနဲ႔ ဒါကို ဘယ္လိုတုန႔္ျပန္မလဲ ဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဟြာေဝးနဲ႔ တ႐ုတ္ ၊အေမရိကန္၊ ကေနဒါ ျပႆနာ
==================================

ယခုတစ္ပတ္သတင္းေတြထဲ သတိထားစရာျဖစ္ခဲ့တာက တ႐ုတ္ဆက္သြယ္ေရးကုမၸဏီႀကီး ဟြာေဝးရဲ႕ ဘ႑ာေရးအရာရွိခ်ဳပ္ မန္ဝန္က်ိကို ကေနဒါအစိုးရက အေမရိကန္ေမတၱာရပ္ခံခ်က္နဲ႔ ဒီဇင္ဘာ ၁ ရက္က ဗန္ေကာ့ဗာၿမိဳ႕မွာ ဖမ္းဆီးခဲ့တဲ့သတင္းပါ။

တ႐ုတ္-အေမရိကန္ ကုန္သြယ္ေရးတင္းမာမႈ ေလ်ာ့ပါးေစေရး အတြက္ ၿပီးခဲ့တဲ့ G-20 အစည္းအေဝးမွာ တ႐ုတ္နဲ႔အေမရိကန္ေခါင္းေဆာင္ေတြ စည္းေဝးၿပီး သုံလတာ ေခတၱရပ္ဆိုင္းဖို႔ သေဘာတူ ညီခ်က္ေတြ ထြက္ လာအၿပီးမွာ ယခုျပႆနာျဖစ္ေပၚ လာတာ ျဖစ္ပါတယ္။ ရွည္ၾကာဖြယ္ရွိတဲ့ တ႐ုတ္-အေမရိကန္ ကုန္သြယ္ေရးစစ္ပြဲကို ေခတၱရပ္ဆိုင္းအၿပီးမွာ ျဖစ္လာတဲ့ ကုန္သြယ္ေရး ဆိုင္ရာအျငင္းပြားမႈေတြကို ေျဖရွင္းဖို႔ ႏွစ္ဖက္ စလုံး က ႀကိဳးစားေနစဥ္မွာ ယခုထပ္ျဖစ္လာတဲ့ ျပႆနာက အေမရိကန္-တ႐ုတ္ၾကား တင္းမာမႈကို ပိုၿပီးျမင့္ တက္လာေစမဲ့ အေျခအေန ပါဘဲ။အထူးသျဖင့္ ကေနဒါအေနနဲ႔ အေမရိကန္နဲ႔တ႐ုတ္ၾကားမွာ ၾကားညႇပ္မယ့္ အေနအထားရွိေနပါတယ္။

အေမရိကန္က ဟြာေဝးကုမၸဏီကို အီရန္အေပၚ ခ်မွတ္ထားတဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈကို ခ်ိဳးေဖာက္တဲ့ သံသယနဲ႔ စုံစမ္းစစ္ေဆး ခံေနရတယ္ဆိုတဲ့ သတင္းေတြ မၾကာခင္က ထြက္ေပၚလာ ခဲ့ပါ တယ္။ အဲဒီထြက္ေပၚ လာၿပီးေနာက္ပိုင္းမွာ တ႐ုတ္တပ္မေတာ္ (PLA) စစ္အင္ဂ်င္နီယာေဟာင္း တည္ေထာင္ထားတဲ့ ဟြားေဝး ကုမၸ ဏီပိုင္ရွင္ရဲ႕သမီးျဖစ္သူနဲ႔ ဘ႑ာေရးအရာရွိခ်ဳပ္ တာဝန္ယူထားတဲ့ မန္ဝန္က်ိကို ကေနဒါအာဏာပိုင္ေတြက အေမရိကန္ေမတၱာရပ္ခံ ခ်က္နဲ႔ ဖမ္းခဲ့တာပါ။

ကေနဒါ အေနနဲ႔ အေမရိကန္ ဆန္ရွင္ေတြကိုခ်ိဳးေဖာက္ၿပီး အီရန္နဲ႔ အၾကား အေရာင္းအဝယ္ကိစၥေတြမွာ ပါဝင္ပတ္သက္ခဲ့တယ္ ဆိုၿပီး စြပ္စြဲခ်က္နဲ႔ ဒီဇင္ဘာ၁ ရက္ေန႔က ဖမ္းဆီးကာ မၾကာမီ အေမရိကန္ႏိုင္ငံ ကိုလႊဲေျပာင္းေပးဖို႔ ရွိေနပါတယ္။ တ႐ုတ္ ဒုတိယႏိုင္ငံျခားေရး ဝန္ႀကီးက ေပက်င္းရွိ ကေနဒါသံအမတ္ႀကီးကို ဆင့္ေခၚခဲ့ကာ ယင္းကိစၥ ကို အျပင္းအထန္ကန႔္ကြက္ၿပီး ဒီလိုဖမ္းဆီးခဲ့တဲ့အတြက္  အျမန္ဆုံး ျပန္လႊတ္ေပးဖို႔နဲ႔ မဟုတ္ပါက ႀကီးမားတဲ့ အက်ိဳးဆက္ေတြ ႀကဳံ ေတြ႕ခံစားသြားရလိမ့္မယ္ဆိုၿပီး ကေနဒါကို ဒီဇင္ဘာ ၈ ရက္မွာ သတိေပးခဲ့ပါတယ္။ မန္ဝန္က်ိသာ အေမရိကန္ကို လြဲေျပာင္းေပးျခင္း ခံရရင္  ၎အေနနဲ႔  လိမ္လည္မႈ စြဲခ်က္ေတြနဲ႔ တရားစြဲဆိုခံရဖို႔ ရွိေနပါတယ္။  

အေမရိကန္အာဏာပိုင္ေတြအေနနဲ႔ဟြာေဝးကုမၸဏီဟာ အေမရိကန္ ရဲ႕ အမ်ိဳးသားလုံၿခဳံေရးကို ၿခိမ္း ေျခာက္ေနတယ္လို႔ ယူဆခံထားရ တာလည္း ျဖစ္တဲ့အတြက္ အေမရိကန္နဲ႔ အက်ိဳးစီးပြားတူေနတဲ့ ကေနဒါ လည္း တ႐ုတ္ေတာင္းဆိုခ်က္ကို လိုက္ေလ်ာဖြယ္ မျမင္ပါ ဘူး။ ဒီလိုအေျခအေနေတြေၾကာင့္ ဟြာေဝးကုမၸဏီ ကိစၥဘာေတြ ဆက္ျဖစ္လာဦးမလဲ ဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။G-20 ထိပ္သီးအစည္းအေဝးမွာ တ႐ုတ္-အေမရိကန္ ကုန္သြယ္ေရး အျငင္းပြားမႈ အတြက္ ႏွစ္ႏိုင္ငံေခါင္း ေဆာင္ပိုင္းေတြ႕ဆုံၿပီး အခြန္တိုးျမင့္ေကာက္တာေတြ သုံးလတာ ေခတၱရပ္ဆိုင္းထားဖို႔ သေဘာတူညီခဲ့ၾကပါ တယ္။ ဒီသုံးလတာအတြင္း အေမရိကန္ႏွင့္ သေဘာတူထားေသာ ကုန္သြယ္ေရး ကတိကဝတ္မ်ားကို အျမန္ ဆုံး အေကာင္အထည္ ေဖာ္ဖို႔ တ႐ုတ္ဘက္က လုပ္ေဆာင္ရဖို႔ ရွိေနၿပီး သုံးလတာအတြင္း အျငင္းပြားမႈေတြကို ႏွစ္ဘက္စလုံးက ေျဖရွင္းဖို႔ ႀကိဳးစားရမွာပါ။ မေျဖရွင္းႏိုင္ခဲ့ရင္ တ႐ုတ္-အေမရိကန္ကုန္သြယ္ေရး စစ္ပြဲ ျပန္အသက္ဝင္လာမွာ ျဖစ္ပါတယ္။

ႏွစ္ဘက္စလုံးကုန္သြယ္ေရးအထိနာတဲ့ ဒီစစ္ပြဲကို ႏွစ္ဘက္စလုံးက စီးပြားေရး သမားေတြက  ရပ္တန႔္ပစ္ခ်င္ပါတယ္။တ႐ုတ္ဘက္ ကေတာ့ အေမရိကန္ႏွင့္ သေဘာတူထားေသာ ကုန္သြယ္ေရး ကတိကဝတ္မ်ားကို အျမန္ဆုံး အေကာင္အထည္ ေဖာ္ႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း ေျပာထားပါတယ္။အဆိုပါသတင္း က ယခု တစ္ပတ္တြင္း ျဖစ္ခဲ့တဲ့ တ႐ုတ္ႏွင့္ဆိုင္ရာသတင္းေတြျဖစ္တဲ့ ၿဗိတိန္ေထာက္ လွမ္းေရးအႀကီးအကဲက ၿဗိတိန္ဆက္သြယ္ေရး ဆိုင္ရာအေျခခံအေဆာက္အအုံေတြမွာ တ႐ုတ္နည္းပညာ ကုမၸဏီေတြရဲ႕ ပါဝင္မႈကို ျပန္လည္သုံးသပ္ဖို႔ ေျပာလိုက္တဲ့ သတင္း၊ အေမရိကန္ႏွင့္တ႐ုတ္ အျပန္အလွန္ အခြန္တိုးေကာက္မႈ ရက္ ၉၀ ရပ္ဆိုင္းၿပီး ေဆြးေႏြးမည့္ သတင္းေၾကာင့္ ကမာၻ႔ေရနံေဈးႏႈန္း ငါးရာခိုင္ႏႈန္း ဝန္းက်င္ျမင့္တက္ခဲ့တဲ့ သတင္းစတဲ့ သတင္းေတြထဲ သတိထားေစာင့္ၾကည့္စရာျဖစ္ခဲ့ပါတယ္။

႐ုရွား၊အေမရိကန္နဲ႔ အသြင္သစ္ေရနံစစ္ပြဲ
===========================

 ကမာၻေရနံေဈးကြက္ထဲ အေမရိကန္အတြက္ေဈးႏူးန္း တိုးျမင့္ လာမႈအတြက္ ကစားတဲ့ ကစားကြက္က ေနာက္ဆုံးမွာ ေဆာ္ဒီ ၈်ာနယ္လစ္ခါေရွာဂီသတ္ျဖတ္ခံရမႈျဖစ္လာပါတယ္။ တူရကီအပါဝင္ OICႏိုင္ငံေတြ ပါဝင္တဲ့ ႏိုင္ငံေတြက တစ္ဖက္ ေနာက္ဆုံးမွာ အိုပက္လို႔ေခၚတဲ့ ကမာၻေရနံေရာင္းခ်တဲ့ႏိုင္ငံေတြက တစ္ဖက္ျဖစ္ လာခဲ့ပါတယ္။

ၿပီးခဲတဲ့ ရက္သတၱပတ္အတြင္း ရီပတ္ဘလီကန္ ထိပ္တန္း အမတ္မ်ား အပါအဝင္ အေမရိကန္လႊတ္ ေတာ္အမတ္အမ်ား အျပား ကို စီအိုင္ေအက တူရကီရွိ ေဆာ္ဒီေကာင္စစ္ဝန္႐ုံးထဲ သတင္းသမား ခါေရွာဂီ သတ္ျဖတ္ခံခဲ့ရမႈကိုအေသးစိတ္ ရွင္းျပခဲ့တဲ့ေနာက္ ခါေရွာဂီ ေသဆုံးမႈအတြက္ ေဆာ္ဒီအိမ္ေရွ႕စံတြင္ အျပစ္ရွိေၾကာင္း ယုံၾကည္ခဲ့ ပါတယ္။ဒါေပမယ့္ အေမရိကန္သမၼတ ထရမ့္ကေတာ့ ေဆာ္ဒီ အိမ္ေရွ႕စံမင္းသားနဲ႔ ဗ်ဴးႏိုေအရီးစ္မာ က်င္းပတဲ့ G-20 အစည္း အေဝး မွာ အေမရိကန္အတြက္ ေသခ်ာတဲ့အာမခံခ်က္ရဖို႔ ႀကိဳးစားခဲ့ ပါ တယ္။တူရကီအပါအဝင္ ႏိုင္ငံအေတာ္မ်ားမ်ား အထူးသျဖင့္ ဂ်ာမနီ၊ၿဗိတိန္၊ျပင္သစ္တို႔က ခါဂီေရွာ့ သတ္ျဖတ္ခံရမႈအတြက္ ျပင္းထန္ တဲ့ အေရးယူမႈေတြစတင္ဖို႔ ေျပာဆိုေနခ်ိန္မွာ အေမရိကန္ က ေဆာ္ဒီအိမ္ေရွ႕မင္းသားဘက္က မ်က္စိမွတ္ၿပီးရပ္တည္ေနခဲ့ပါ တယ္။ ဒီအတြက္ ေဆာ္ဒီဘက္ က ေရနံထုတ္လုပ္မႈေလ်ာ့ခ်ဖို႔ ႐ုရွားနဲ႔ အိုပက္အဖြဲ႕ရဲ႕ စည္း႐ုံးသိမ္းသြင္းမႈကို ေတာင့္ခံၿပီး အေမရိကန္ ဆႏၵအတိုင္း ျဖစ္လာခဲ့ပါတယ္။

 ဒီၾကားထဲမွာ အိုပက္အဖြဲထဲ ပါဝင္ၿပီးေရနံထုတ္လုပ္မႈေလာက္ေလာက္ လားလားမဟုတ္ေပမယ့္ LNGထုတ္လုပ္တဲ့ အင္အားႀကီးႏိုင္ငံျဖစ္တဲ့ ကာတာႏိုင္ငံက ဆိုင္းမဆင့္ဗုံမဆင့္ အိုပက္အဖြဲ႕ထဲက ႏူတ္ ထြက္မယ့္ သတင္းထြက္လာခဲ့ပါတယ္။ ကာတာ စြမ္းအင္ ဝန္ႀကီး ကေတာ့ ဒီလိုဆုံးျဖတ္ခ်က္က ႏိုင္ငံေရးေၾကာင့္မဟုတ္ဘူးလို႔ ဆိုပါတယ္။ ဒါေပမယ့္ အိုပက္အဖြဲ႕ရဲ႕ ေရနံထုတ္လုပ္မႈနဲ႔ ေလ်ာ့ခ်မႈမွာ လိုသလို ထိန္းေနမႈေတြေၾကာင့္ ကာတာအေနနဲ႔ အဓိက ႏိုင္ငံျခား ဝင္ေငြရရာရလမ္းျဖစ္တဲ့ ေရနံ၊သဘာ၀ ဓာတ္ ေငြ႕ေရာင္းခ်မႈအေပၚ ကာလၾကာရွည္ အိုပက္အဖြဲ႕ရဲ႕ ခြဲတမ္းနဲ႔ထုတ္လုပ္ရမႈေၾကာင့္ နစ္နာေနရ တာၾကာပါၿပီ။ ဒါ့ကို ေက်ာ္လႊားဖို႔ျပင္ဆင္ေနတာလား/ အိုပက္အဖြဲ႕အတြင္း ၾသဇာေညာင္းတဲ့ ေဆာ္ဒီအာေရဗ်ႏိုင္ငံႏွင့္ သံတမန္ဆက္ဆံေရး မေျပလည္ခ်ိန္မွာ အိုပက္အဖြဲ႕မွ ကာတာ ႏုတ္ထြက္မည့္အခ်ိန္လာတိုက္ဆိုင္ေနတာက သမာ႐ိုးက်မွ ဟုတ္ရဲ႕လား၊ ကမာၻေလာင္စာအဓိကထုတ္လုပ္တဲ့ အိုပက္ အဖြဲထဲ ကေန အေမရိကန္က တစ္ႏိုင္ငံျခင္း  ဖဲ့ထုတ္ဖို႔ ႀကံစည္ေန သလား ဆိုတာ ဆက္ေစာင့္ၾကည့္ရေတာ့မယ့္ ကိစၥေတြျဖစ္လာပါၿပီ။

 ႐ုရွားအေနနဲ႔ G-20 အစည္းအေဝးမွာ ေဆာ္ဒီအိမ္ေရွ႕မင္းသား နဲ႔ ေတြ႕ၿပီး အိုပက္အစည္းအေဝးမွာ ေရနံေလ်ာ့ခ်ထုတ္လုပ္ဖို႔ ဆုံးျဖတ္ ဖို႔ တိုက္တြန္းတာေတြ ရွိခဲ့ပါတယ္။တ႐ုတ္နဲ႔  အေမရိကန္ ကုန္သြယ္ေရးစစ္ပြဲ ၾကာရွည္ဖြယ္ရွိတာေၾကာင့္ ကမာၻအႏွံ ကုန္ထုတ္ လုပ္မႈေတြ ေလ်ာ့က်ၿပီး ေလာင္စာသုံးစြဲမႈေတြေလ်ာ့က်လာ ဖြယ္ရွိေန တဲ့အတြက္ ကမာၻေလာင္စာေဈးကြက္မွာ ေရနံေဈးႏူန္းက ေလ်ာ့က် လာလို႔ ေရနံေဈးကိုထိန္းဖို႔ ေရနံထုတ္လုပ္တာအမ်ားဆုံးျဖစ္တဲ့ အိုပက္နဲ႔ ႐ုရွားလိုလားေနတာပါ။ ဒါေပမယ့္ G-20 အၿပီးမွာ တ႐ုတ္နဲ႔ အေမရိကန္ၾကား ရက္ ၉၀ သေဘာတူညီခ်က္ ထြက္လာခ်ိန္မွာ ေရနံေဈးက ၅ ရာခိုင္ႏူန္းျပန္ျမင့္ တက္ခဲ့တဲ့ အတြက္ ကမာၻေရနံ ထုတ္လုပ္မႈ ေလ်ာ့ခ်မလား/တိုးထုတ္မလားဆိုတာ ႐ုရွားနဲ႔ အိုပက္ အဖြဲ႕အဖို႔  ဆုံးျဖတ္ရခက္တဲ့ ကိစၥျဖစ္လာဖို႔ မ်ားေနပါတယ္။

 ဒီသတင္းက  ယခုတစ္ပတ္ထဲ အျခားစိတ္ဝင္စားစရာ သတင္းေတြ ျဖစ္တဲ့  ေဆာက္လုပ္ေရး အလုပ္ သမား ၂၄ ဦးအထိ ပစ္သတ္ ခဲ့တဲ့ သူပုန္ေတြကို အင္ဒိုနီးရွားစစ္သားေတြက ရွာေဖြေနတဲ့ သတင္း၊ မေလးရွားႏိုင္ငံ ဆာရာဝပ္ျပည္နယ္ ၿမိဳ႕ေတာ္ကူခ်င္းရွိ City-one Megamall ေဈးဝယ္စင္တာ ဓာတ္ေငြ႕ပိုက္ ယိုစိမ့္ျခင္းမွ ေပါက္ကြဲမႈ ျဖစ္ပြားလို႔  အနည္းဆုံး လူသုံးဦး ေသဆုံးကာ ၂၆ ဦး ဒဏ္ရာရရွိခဲ့ တဲ့သတင္း၊ တူရကီႏိုင္ငံ အန္ကာရာၿမိဳ႕ေတာ္ အစြန္အဖ်ားတြင္ ကီဇီေလးခ႐ိုင္မွာ ဓာတ္ေငြ႕ ေပါက္ကြဲမႈျဖစ္ပြားလို႔ ခုနစ္ဦးထက္ မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့သတင္း၊ မကၠဆီကိုႏိုင္ငံေျမာက္ပိုင္း Culiacan ၿမိဳ႕မွာ ေလယာဥ္ငယ္တစ္စင္း လူေနအိမ္တစ္လုံးေပၚ ပ်က္က်လို႔ လူေလးဦး ေသဆုံးခဲ့တဲ့ သတင္း၊ ဂ်ပန္အေနာက္ဘက္ ကမ္း႐ိုးတန္းမွာ အေမရိကန္တပ္မေတာ္ေလယာဥ္ႏွစ္စင္း တိုက္မိလို႔ ေျခာက္ ဦးေပ်ာက္ဆုံးေနတဲ့ သတင္း၊ ဘယ္လ္ဂ်ီယံႏိုင္ငံ ဘရပ္ဆဲလ္ မွာ လူ၇ဝဝဝဝေက်ာ္ ပါဝင္တဲ့ ရာသီဥတုဆိုင္ရာ ဆႏၵျပပြဲ တစ္ခုျဖစ္ ပြာတဲ့ သတင္း၊ပစိဖိတ္ေတာင္ပိုင္း နယူးကယ္လီဒိုနီး ယားကမ္းေျခ မွာငလ်င္ျပင္းအား ၇ ဒသမ ၆ ရစ္ခ်္ တာစေကးရွိ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့တဲ့ သတင္းေတြ ထဲ ကမာၻအေရးစိတ္ဝင္စားတဲ့ သူေတြကို သတိထားစရာျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို  ဒီမွာ ဘဲ ရပ္နားလိုက္ခ်င္ပါတယ္။

မင္းထက္