【 နိုင်ငံတကာ‌ဆောင်းပါး 】 "အာရှတွင် တရုတ်နှင့်ချိန်ခွင်လျှာညီမျှပြီး ထိတွေ့ဆက်ဆံရန် ဘိုင်ဒင် လိုအပ်"

【 နိုင်ငံတကာ‌ဆောင်းပါး 】 "အာရှတွင် တရုတ်နှင့်ချိန်ခွင်လျှာညီမျှပြီး ထိတွေ့ဆက်ဆံရန် ဘိုင်ဒင် လိုအပ်"

အိမ်ဖြူတော်တွင် တာဝန်သိသော လူကြီးမင်းများ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။သူ၏ဦးစားပေးသည် သွေးကွဲနေသော အမေရိကကို ကုသပေးရေးဖြစ်ကြောင်း သူ၏ကျမ်းသစ္စာကျိန်ဆိုပွဲတွင် သမ္မတဂျိုးဘိုင်ဒင် ရှင်းလင်းသော သတင်းစကားကို ပြောကြားခဲ့သည်။
 
အမေရိကန်ပြည်ထောင်စုသည် ပါရီ ရာသီဥတုသဘောတူစာချုပ်သို့ ပြန်လည်ဝင်မည်ဖြစ်ကြောင်း အပါအဝင် အုပ်ချုပ်ရေးပိုင်းအမိန့် အများအပြားကိုလည်း သူချက်ခြင်း လက်မှတ်ရေးထိုးခဲ့သည်။
 
ထိုသို့ဖြင့် အမေရိကန်၏ နိုင်ငံတကာအဆင့်အတန်းကို ပြန်လည်ပြင်ဆင်ခြင်းနှင့် ဒေါ်နယ်ထရမ့်၏ အမေရိက ပထမ အစီအစဉ် လေးနှစ်တာကြောင့် ဖြစ်ပွားလာသော အပျက်အစီးများကို ပြန်လည်ပြင်ဆင်ခြင်း အားထုတ်မှုများ စတင်ခဲ့သည်။အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ခေါင်းဆောင်မှုတွင် လေးနှစ်တာ ကင်းမဲ့ခဲ့ရုံသာမက ၎င်းကိုယ်တိုင်သည်ပင် မရေရာမှု မတည်ငြိမ်မှုများ၏ ရင်းမြစ်တစ်ခုဖြစ်လာသည်။အမေရိက ပထမ၏ ပြည်တွင်းရင်းမြစ်များသည် ကိုဗစ်နိုင်တင်းတုံ့ပြန်ရေး စီမံခန့်ခွဲမှု ပျက်ကွက်ခြင်းကြောင့် ပိုမိုဆိုးရွားလာသော မညီမျှမှု၊ သွေးကွဲမှုများနှင့်အတူ ပါလာကြသည်။
 
ဘိုင်ဒင်နှင့် သူ၏အစိုးရသည် အမေရိက၏ ပြည်တွင်းအကွဲအပြဲများကို အာရုံစိုက်ရင်း ကမ္ဘာ့ခေါင်းဆောင်မှုကို ပြန်လည်ရယူနိုင်ခြင်း ရှိ၊ မရှိဆိုသည်မှာ မေးခွန်ထုတ်စရာဖြစ်နေဆဲပင်ဖြစ်သည်။
 
နိုင်ငံတကာစင်မြင့်တွင် အကြီးမားဆုံး စိန်ခေါ်မှုမှာ တရုတ်နှင့်ဆက်ဆံရေးကို စီမံခန့်ခွဲခြင်းသာဖြစ်သည်။အမေရိကန်ပြည်ထောင်စုသည် တရုတ်ကဲ့သို့ အင်အားကြီးသော ပြိုင်ဖက်မျိုးကို မတွေ့ဖူးပေ။တရုတ်သည် အချို့သောတိုင်းတာမှု စံနှုန်းများအရ ပိုမိုကြီးမားသော စီးပွားရေးဖြစ်နေပြီး ကမ္ဘာ့စီးပွားရေးတွင်လည်း နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းမိနေပြီဖြစ်သည်။
 
ထရမ့် လက်အောက်က တရုတ်နိုင်ငံဆိုင်ရာ မူဝါဒမှာ တရုတ်ကို ခပ်ကြမ်းကြမ်းကိုင်ပြီး သေနင်္ဂဗျူဟာပြိုင်ဖက်အဖြစ် ဘောင်ခတ်ကာ စီးပွားဆက်စပ်မှုများ ဖြတ်တောက်ရေးဖြစ်ပြီး ပါတီနှစ်ခုလုံးက အကြီးအကျယ်ထောက်ခံကြသည်။အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန် က တရုတ်မူဝါဒနှင့်ပတ်သက်ပြီး ယခင်အစိုးရမူဝါဒများအတိုင်း ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း အထက်လွှတ်တော်ရာထူး အတည်ပြုရေး ကြားနာမှုတွင် အလေးထားပြောသည်။သို့သော်လည်း မတူညီသော ကွဲလွဲချက်များလည်းရှိမည်ဖြစ်သည်။
 
ဘိုင်ဒင်အစိုးရက ထရမ့်နှင့်မတူမည့် အချက်မှာ အများအားဖြင့် ၎င်း၏သေနင်္ဂဗျူဟာမှ မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်သော နိုင်ငံများနှင့် မည်သို့ဆက်ဆံမည်ဆိုသည့် အပိုင်းဖြစ်သည်။
 
ဘိုင်ဒင်အစိုးရသည် တရုတ်၊ အာရှနှင့်ပတ်သက်သော ၎င်းတို့၏အတွေးအခေါ်များကို စတင်ပြသနေပြီဖြစ်သည်။ဘိုင်ဒင်၏ အာရှဒေသဆိုင်ရာ အကြီးအကဲနှင့် သမ္မတအိုဘားမား၏ အာရှဝင်ရိုး (နောင်တွင် အာရှချိန်ခွင်လျှာဟု ခေါ်) သေနင်္ဂဗျူဟာ၏ ဗိသုကာ ကတ်ကမ့်ဘဲလ် က တရုတ်နိုင်ငံ၏ သြဇာပြလာသောအပြုအမူကို ထိန်းချုပ်ရာတွင် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် အာရှစနစ်တွင် ချိန်ခွင်လျှာညီမျှမှုနှင့် တရားဝင်မှုရှိအောင် မည်သို့လုပ်မည်ဆိုသည့် သေနင်္ဂဗျူဟာကို ကောက်ကြောင်းဆွဲဖေါ်ပြသည်။ထိုမူဝါဒသည် မဟာမိတ်များကို ထိခိုက်စေသည့် ထရမ့်၏ မူဝါဒမှ ကြိုဆိုရမည့် လမ်းခွဲမှုပင်ဖြစ်သည်။
 
ကမ့်ဘဲလ်၏ မူဝါဒတွင် ယနေ့တိုင် ကိုင်တွယ်ရန်ခက်ခဲနေဆဲဖြစ်သော အရေးပါသည့် လစ်ဟာမှုနှစ်ခုကိုပြသည်။အမေရိကန်ပြည်ထောင်စုသည် တရုတ်နှင့်မည်သို့ တိုက်ရိုက်ထိတွေ့ ဆက်ဆံမည်နည်းနှင့် မဟာမိတ်များ၏ တပ်ပေါင်းစုနှင့် ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံများသည် အမေရိကန်၊တရုတ် နှစ်နိုင်ငံလုံးနှင့် မည်သို့ အတူတကွလုပ်ဆောင်မည်နည်းဆိုသည့် မေးခွန်းနှစ်ခုရှိသည်။
 
တရုတ်နှင့် အမေရိကအကြား မည်သည့်ထိတွေ့ဆက်ဆံမှုမဆိုတွင် ကမ္ဘာ့ကျန်အစိတ်အပိုင်းများသို့ ရိုက်ခတ်မှုများရှိမည်ဖြစ်သည်။နိုင်ငံခြားရေးမူဝါဒတွင် ထရမ့်၏ အလုပ်သဘော၊ နှစ်နိုင်ငံခြင်းဆက်ဆံသွေးခွဲအောင်နိုင်ရေး နည်းလမ်းသည် နိုင်ငံစုံကုန်သွယ်ရေးနှင့် စံနှုန်းများကို ရှောင်ရှားသည် အဆင့် ၁ ကုန်သွယ်ရေး သဘောတူညီချက်ကို ရရှိစေသည်။ထိုသဘောတူညီချက်တွင် တရုတ်ကုန်သွယ်ရေးကို သြစတြေးလျှကဲ့သို့သော နိုင်ငံများထံမှ တရုတ်ကုန်စည်များထံသို့ လမ်းကြောင်းလွှဲပေးကာ တရုတ်နိုင်ငံမှ အမေရိကန် ကုမ္ပဏီများကို အထူးအခွင့်အရေးပေးသောကြောင့် တစ်ဖက်သတ် အမေရိကန် ပိတ်ဆို့မှုများသည် အခြားနိုင်ငံများမှ ပြိုင်ဖက်များကို ဖြတ်တောက်ထားသောကြောင့် ကမ္ဘာ့ကျန်နေရာများတွင် ဆိုးကျိုးများစွာဖြစ်စေသည်။
 
အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ကျန်အစိတ်အပိုင်းများကို ထိခိုက်မှုမရှိသည့် ရာသီဥတုပြောင်းလဲမှုမှသည် ကမ္ဘာ့စီးပွားရေး စီမံအုပ်ချုပ်မှုအထိ ကမ္ဘာ့အကျိုးစီးပွားအတွက် တရုတ်နိုင်ငံနှင့်ထိတွေ့ဆက်ဆံရန် နည်းလမ်းရှာဖွေရန် လိုအပ်မည်ဖြစ်သည်။ကမ္ဘာ့အသိုင်းအဝန်းအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ နိုင်ငံစုံပါဝင်သော အခြေအနေတွင် ပြဿနာအဖြေရှာရေးကို တွန်းအားပေးရမည်ဖြစ်သည်။
 
တရုတ်နိုင်ငံ သြဇာပြလာခြင်းကို တန်ပြန်ရန်နှင့် တရုတ်အပြုအမူကို ထိန်းချုပ်ရန်
 
စိတ်အားထက်သန်သော ဒီမိုကရေစီများ၏ မဟာမိတ် သို့မဟုတ် နိုင်ငံများအား အသုံးပြုရေးကို ကမ့်ဘဲလ် က အကြံပြုသည်။စိတ်အားထက်သန်သော လုပ်ဖေါ်ကိုင်ဖက်များကို သူတွေ့မည်ဖြစ်သည်။သို့သော် ထိုမဟာမိတ်များသည် နှစ်ဖက်အကျိုးရှိသော အနေအထားတွင် သို့မဟုတ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဲ့သို့သော အပြုသဘောဆောင်သော ပြဿနာများတွင် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို ထည့်သွင်းခြင်းမရှိပါက ထိုစိတ်အားထက်သန်သော လုပ်ဖေါ်ကိုင်ဖက် နိုင်ငံ ပိုမိုနည်းမည်ဖြစ်သည်။
 
တရုတ်နှင့် အမေရိကန်ပြည်ထောင်စု နှစ်ခုအနက် တစ်ခုကိုရွေးရန် အကျပ်ကိုင်ခံရခြင်းကို နှစ်သက်သောနိုင်ငံ မရှိသလောက်ပင်ဖြစ်သည်။ထိုသေနင်္ဂဗျူဟာမှာ ထရမ့်၏ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို ဗြောင်ကျကျကျင့်သုံးသော သေနင်္ဂဗျူဟာဖြစ်သည်။တရုတ်နိုင်ငံသည် ကမ္ဘာတဝှမ်းမှ နိုင်ငံအများအပြားအတွက် ၎င်းတို့၏ စီးပွားရေးနှင့် နိုင်ငံရေး လုံခြုံမှုအတွက် လွန်စွာ အရေးပါနေသည်။အထူးသဖြင့် ဒေသတွင်း ကျယ်ပြန့်သော စီးပွားရေးသဘောတူစာချုပ် ချုပ်ဆိုရန် သဘောတူပြီးနောက် အရှေ့အာရှမှ နိုင်ငံများ ကပ်ရောဂါမှ နာလန်ထရေးတွင် ရင်းမြစ်အဖြစ် တရုတ်နိုင်ငံသည် ပိုမိုအရေးပါလာမည်ဖြစ်သည်။
 
ဘိုင်ဒင်၏ အကြံပေးများသည် စိန်ခေါ်မှုကို ချိန်ခွင်လျှာညှိရန် နည်းလမ်းရှာနေပြီဖြစ်ပြီး ဘိုင်ဒင်အစိုးရတက်မလာမီ ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုစာချုပ် ချုပ်ဆိုလိုက်သောကြောင့် စိတ်မချမ်းမမြေ့ဖြစ်နေကြသည်။
 
"ဘိုင်ဒင်-ဟဲရစ် အစိုးရသည် တရုတ်နိုင်ငံ၏ စီးပွားရေးအလေ့အထများနှင့်ပတ်သက်ပြီး မိမိတို့၏ ဘုံစိုးရိမ်ပူပန်မှုများအတွက် ဥရောပမှ လုပ်ဖေါ်ကိုင်ဖက်များနှင့် စောလျှင်စွာ ဆွေးနွေးခြင်းကို ကြိုဆိုမည်ဖြစ်သည်" ဟု အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန် က တွစ်တာတွင် ရေးသည်။
 
အာရှမူဝါဒဆိုင်ရာ အကြီးအကဲ ကမ့်ဘဲလ် က သူ၏ နိုင်ငံခြားရေးစာစောင် ဆောင်းပါးတွင် ပိုမိုဖေါ်ပြ ထားပြီး ဥရောပသည် အင်ဒို-ပစိဖိတ် ချည်းကပ်မှုနှင့် ကိုက်ညီခြင်းမရှိကြောင်း ပြောသည်။ထိုသို့ဖြစ်ရခြင်းမှာ ဝေးကွာသော ဥရောပခေါင်းဆောင်များသည် တရုတ်သြဇာပြလာခြင်းကို တရုတ်နှင့်ကပ်နေသည့် အင်ဒို-ပစိဖိတ် ဒေသလောက် ပူပန်ခြင်းမရှိသောကြောင့်နှင့် ဘိုင်ဒင်အစိုးရ တက်လာသောအခါ တစ်ခုတည်းသော အတ္တလန်တိတ်ကမ်းခြေနိုင်ငံများ နည်းလမ်းကို ထိုစာချုပ်က ရှုပ်ထွေးစေမည်ကို စိုးရိမ်သော်လည်း အဓိကကျသည့် နှစ်ဖက် ရင်းနှီးမြှုပ်နှံမှုစာချုပ်အတွင်း ဥရောပသမဂ္ဂကို ဆွဲသွင်းရန် နောက်ဆုံးအချိန် အလျှော့ပေးမှု ပြုလုပ်သောကြောင့်ဖြစ်သည်။
 
တရုတ်နှင့် ဥရောပသမဂ္ဂအကြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကျယ်ပြန့်သော သဘောတူစာချုပ် (CAI) သည် အပြုသဘောဆောင်သော ဖြစ်ပေါ်တိုးတက်မှုဖြစ်ကြောင်းနှင့် တရုတ်နှင့် အမေရိကန်အားပြိုင်ပွဲတွင် မိမိ၏ သေနင်္ဂဗျူဟာ အကျိုးစီးပွားကိုမရှာဘဲ ဘေးထွက်ထိုင်နေမည်မဟုတ်ကြောင်း ရှင်းပြလိုက်ရာရောက်ကြောင်း Shiro Armstrong နှင့် Evgeniia Shannon တို့က ယခုတစ်ပတ် ထိပ်တန်းဆောင်းပါးတွင် ဆွေးနွေးသည်။
 
ကမ့်ဘဲလ်နှင့် ဆူလီဗန်သာမကပေ။ "CAI သည် တုံးအ မျှော်လင့်ချက်ကင်းမဲ့နေသာ ဥရောပအပေါ် တရုတ်နိုင်ငံက အောင်ပွဲဖြစ်သည်ဟု အနောက်မီဒီယာများက ပုံဖေါ်ကြသည်" ဟု Armstrong နှင့် Shannon ထောက်ပြသည်။
 
ဥရောပခေါင်းဆောင်များသည် ဘိုင်ဒင်အစိုးရအတွက် ရွေးချယ်စရာနည်းအောင် ကန့်သတ်နေကြောင်းနှင့် တရုတ်နိုင်ငံသည် ၎င်း၏ကတိများကို လိုက်နာမည့် မျှော်လင့်ချက်အနည်းငယ်ဖြင့် တရုတ်သို့အလျှော့ပေးမှု များစွာလုပ်ခဲ့ကြောင်းလည်း ဝေဖန်သူများပြောသည်။
 
တရုတ်သည် RCEP နှင့် CAI တို့မှတဆင့် ပိုမိုများပြာသည့် စည်းကမ်းများဖြင့် ဈေးကွက်တွင်ပါဝင်လာ မည်ဖြစ်ကြောင်းနှင့် ထိုသဘောတူညီချက်များကို ဖေါက်ဖျက်သော တရုတ်၏ တစ်ဖက်သတ် အပြုအမူကြောင့် ပေးဆပ်ရသော တန်ဖိုးကိုလည်း သိသိသာသာ မြင့်မားသွားစေကြောင်း Armstrong နှင့် Shannon က ရှင်းပြသည်။ထိုအချက်သည်လအမေရိကန်ပြည်ထောင်စုအနေဖြင့် ကြိုဆိုသင့်သောကိစ္စဖြစ်သည်ဟု ဆိုသည်။
 
CAI အသက်ဝင်လာပါက ဥရောပသမဂ္ဂသည် အဓိကကျသော တရုတ်ပြုပြင်ပြောင်းလဲရေးများနှင့် အလျှော့ပေးမှုများ ရရှိရေးတွင် အောင်မြင်မည်ဖြစ်သည်။ထိုအလျှော့ပေးမှုများအနက် အချို့မှာ ဥရောပရင်းနှီးမြှုပ်နှံသူများ ခံစားနိုင်သည်ထက်ပင် ပိုမိုမြင့်မားနေသည်။ဥရောပမှ တရုတ်ရင်းနှီးမြှုပ်နှံသူများသည် သေချာရေရာမှုကို ခံစားနိုင်ပြီး ဥရောပအိမ်ရှင်များအနေဖြင့်လည်း ထိုရင်းနှီးမြှုပ်နှံမှုများကို လုံခြုံရေးကိစ္စအတွက် စောင့်ကြည့်စစ်ဆေးနိုင်သည်။
 
ပစိဖိတ်ကမ်းခြေနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု Trans-Pacific Partnership သို့ ဝင်ရောက်လိုကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် က ဖေါ်ပြနေသည်။ထိုစာချုပ်အရ တရုတ်နိုင်ငံသည် နိုင်ငံပိုင်လုပ်ငန်းများနှင့်ပတ်သက်လျှင် အခြေခံကျသည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရမည်ဖြစ်သည်။တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ခြင်းသည် တရုတ်အတွက်သာမက ကမ္ဘာ့လူမှုအသိုက်အဝန်းအတွက်ပါ အထင်အရှားကောင်းမွန်သည်။
 
ဘိုင်ဒင် လက်အောက်မှ အမေရိကသည် တရုတ်စိန်ခေါ်မှုကို အခြားနိုင်ငံများနှင့်တူ ကျော်ဖြတ်ရမည်ဖြစ်သည်။သို့သော် မဟာမိတ်များ၏ အကျိုးစီးပွားကို မပျက်စီးစေသော တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံသည့် နည်းလမ်းရှာဖွေခြင်းမရှိလျှင်၊ မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်သော နိုင်ငံများ ကျိုးကြောင်းဆီလျှော်သော စည်းကမ်းချက်ဖြင့် တရုတ်နှင့် ထိတွေ့ဆက်ဆံနိုင်မည့်နယ်ပယ်ပေးရန် နည်းလမ်းမရှာလျှင် 'အမေရိက ပထမ' သည် 'အမေရိက တစ်ကိုယ်တော်' ဖြစ်သွားပေမည်။
 
Linko
Ref : (Biden needs balance and engagement in Asia wit)
ဖေဖော်ဝါရီ - ၂
 
( Zawgyi )
 
အိမ္ျဖဴေတာ္တြင္ တာဝန္သိေသာ လူႀကီးမင္းမ်ား ျပန္လည္ေရာက္ရွိလာၿပီျဖစ္သည္။သူ၏ဦးစားေပးသည္ ေသြးကြဲေနေသာ အေမရိကကို ကုသေပးေရးျဖစ္ေၾကာင္း သူ၏က်မ္းသစၥာက်ိန္ဆိုပြဲတြင္ သမၼတဂ်ိဳးဘိုင္ဒင္ ရွင္းလင္းေသာ သတင္းစကားကို ေျပာၾကားခဲ့သည္။
 
အေမရိကန္ျပည္ေထာင္စုသည္ ပါရီ ရာသီဥတုသေဘာတူစာခ်ဳပ္သို႔ ျပန္လည္ဝင္မည္ျဖစ္ေၾကာင္း အပါအဝင္ အုပ္ခ်ဳပ္ေရးပိုင္းအမိန႔္ အမ်ားအျပားကိုလည္း သူခ်က္ျခင္း လက္မွတ္ေရးထိုးခဲ့သည္။
 
ထိုသို႔ျဖင့္ အေမရိကန္၏ နိုင္ငံတကာအဆင့္အတန္းကို ျပန္လည္ျပင္ဆင္ျခင္းႏွင့္ ေဒၚနယ္ထရမ့္၏ အေမရိက ပထမ အစီအစဥ္ ေလးႏွစ္တာေၾကာင့္ ျဖစ္ပြားလာေသာ အပ်က္အစီးမ်ားကို ျပန္လည္ျပင္ဆင္ျခင္း အားထုတ္မႈမ်ား စတင္ခဲ့သည္။အေမရိကန္ျပည္ေထာင္စုသည္ ကမာၻ႔ေခါင္းေဆာင္မႈတြင္ ေလးႏွစ္တာ ကင္းမဲ့ခဲ့႐ုံသာမက ၎ကိုယ္တိုင္သည္ပင္ မေရရာမႈ မတည္ၿငိမ္မႈမ်ား၏ ရင္းျမစ္တစ္ခုျဖစ္လာသည္။အေမရိက ပထမ၏ ျပည္တြင္းရင္းျမစ္မ်ားသည္ ကိုဗစ္နိုင္တင္းတုံ႕ျပန္ေရး စီမံခန႔္ခြဲမႈ ပ်က္ကြက္ျခင္းေၾကာင့္ ပိုမိုဆိုး႐ြားလာေသာ မညီမွ်မႈ၊ ေသြးကြဲမႈမ်ားႏွင့္အတူ ပါလာၾကသည္။
 
ဘိုင္ဒင္ႏွင့္ သူ၏အစိုးရသည္ အေမရိက၏ ျပည္တြင္းအကြဲအၿပဲမ်ားကို အာ႐ုံစိုက္ရင္း ကမာၻ႔ေခါင္းေဆာင္မႈကို ျပန္လည္ရယူနိုင္ျခင္း ရွိ၊ မရွိဆိုသည္မွာ ေမးခြန္ထုတ္စရာျဖစ္ေနဆဲပင္ျဖစ္သည္။
 
နိုင္ငံတကာစင္ျမင့္တြင္ အႀကီးမားဆုံး စိန္ေခၚမႈမွာ တ႐ုတ္ႏွင့္ဆက္ဆံေရးကို စီမံခန႔္ခြဲျခင္းသာျဖစ္သည္။အေမရိကန္ျပည္ေထာင္စုသည္ တ႐ုတ္ကဲ့သို႔ အင္အားႀကီးေသာ ၿပိဳင္ဖက္မ်ိဳးကို မေတြ႕ဖူးေပ။တ႐ုတ္သည္ အခ်ိဳ႕ေသာတိုင္းတာမႈ စံႏႈန္းမ်ားအရ ပိုမိုႀကီးမားေသာ စီးပြားေရးျဖစ္ေနၿပီး ကမာၻ႔စီးပြားေရးတြင္လည္း နက္နက္ရွိုင္းရွိုင္း ေပါင္းစည္းမိေနၿပီျဖစ္သည္။
 
ထရမ့္ လက္ေအာက္က တ႐ုတ္နိုင္ငံဆိုင္ရာ မူဝါဒမွာ တ႐ုတ္ကို ခပ္ၾကမ္းၾကမ္းကိုင္ၿပီး ေသနဂၤဗ်ဴဟာၿပိဳင္ဖက္အျဖစ္ ေဘာင္ခတ္ကာ စီးပြားဆက္စပ္မႈမ်ား ျဖတ္ေတာက္ေရးျဖစ္ၿပီး ပါတီႏွစ္ခုလုံးက အႀကီးအက်ယ္ေထာက္ခံၾကသည္။အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီး အန္ေထာ္နီ ဘလင္ကန္ က တ႐ုတ္မူဝါဒႏွင့္ပတ္သက္ၿပီး ယခင္အစိုးရမူဝါဒမ်ားအတိုင္း ဆက္လက္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း အထက္လႊတ္ေတာ္ရာထူး အတည္ျပဳေရး ၾကားနာမႈတြင္ အေလးထားေျပာသည္။သို႔ေသာ္လည္း မတူညီေသာ ကြဲလြဲခ်က္မ်ားလည္းရွိမည္ျဖစ္သည္။
 
ဘိုင္ဒင္အစိုးရက ထရမ့္ႏွင့္မတူမည့္ အခ်က္မွာ အမ်ားအားျဖင့္ ၎၏ေသနဂၤဗ်ဴဟာမွ မဟာမိတ္မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေသာ နိုင္ငံမ်ားႏွင့္ မည္သို႔ဆက္ဆံမည္ဆိုသည့္ အပိုင္းျဖစ္သည္။
 
ဘိုင္ဒင္အစိုးရသည္ တ႐ုတ္၊ အာရွႏွင့္ပတ္သက္ေသာ ၎တို႔၏အေတြးအေခၚမ်ားကို စတင္ျပသေနၿပီျဖစ္သည္။ဘိုင္ဒင္၏ အာရွေဒသဆိုင္ရာ အႀကီးအကဲႏွင့္ သမၼတအိုဘားမား၏ အာရွဝင္ရိုး (ေနာင္တြင္ အာရွခ်ိန္ခြင္လွ်ာဟု ေခၚ) ေသနဂၤဗ်ဴဟာ၏ ဗိသုကာ ကတ္ကမ့္ဘဲလ္ က တ႐ုတ္နိုင္ငံ၏ ၾသဇာျပလာေသာအျပဳအမူကို ထိန္းခ်ဳပ္ရာတြင္ မဟာမိတ္မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရးႏွင့္ အာရွစနစ္တြင္ ခ်ိန္ခြင္လွ်ာညီမွ်မႈႏွင့္ တရားဝင္မႈရွိေအာင္ မည္သို႔လုပ္မည္ဆိုသည့္ ေသနဂၤဗ်ဴဟာကို ေကာက္ေၾကာင္းဆြဲေဖၚျပသည္။ထိုမူဝါဒသည္ မဟာမိတ္မ်ားကို ထိခိုက္ေစသည့္ ထရမ့္၏ မူဝါဒမွ ႀကိဳဆိုရမည့္ လမ္းခြဲမႈပင္ျဖစ္သည္။
 
ကမ့္ဘဲလ္၏ မူဝါဒတြင္ ယေန႕တိုင္ ကိုင္တြယ္ရန္ခက္ခဲေနဆဲျဖစ္ေသာ အေရးပါသည့္ လစ္ဟာမႈႏွစ္ခုကိုျပသည္။အေမရိကန္ျပည္ေထာင္စုသည္ တ႐ုတ္ႏွင့္မည္သို႔ တိုက္ရိုက္ထိေတြ႕ ဆက္ဆံမည္နည္းႏွင့္ မဟာမိတ္မ်ား၏ တပ္ေပါင္းစုႏွင့္ ပူးေပါင္းေဆာင္႐ြက္သည့္ နိုင္ငံမ်ားသည္ အေမရိကန္၊တ႐ုတ္ ႏွစ္နိုင္ငံလုံးႏွင့္ မည္သို႔ အတူတကြလုပ္ေဆာင္မည္နည္းဆိုသည့္ ေမးခြန္းႏွစ္ခုရွိသည္။
 
တ႐ုတ္ႏွင့္ အေမရိကအၾကား မည္သည့္ထိေတြ႕ဆက္ဆံမႈမဆိုတြင္ ကမာၻ႔က်န္အစိတ္အပိုင္းမ်ားသို႔ ရိုက္ခတ္မႈမ်ားရွိမည္ျဖစ္သည္။နိုင္ငံျခားေရးမူဝါဒတြင္ ထရမ့္၏ အလုပ္သေဘာ၊ ႏွစ္နိုင္ငံျခင္းဆက္ဆံေသြးခြဲေအာင္နိုင္ေရး နည္းလမ္းသည္ နိုင္ငံစုံကုန္သြယ္ေရးႏွင့္ စံႏႈန္းမ်ားကို ေရွာင္ရွားသည္ အဆင့္ ၁ ကုန္သြယ္ေရး သေဘာတူညီခ်က္ကို ရရွိေစသည္။ထိုသေဘာတူညီခ်က္တြင္ တ႐ုတ္ကုန္သြယ္ေရးကို ၾသစေၾတးလွ်ကဲ့သို႔ေသာ နိုင္ငံမ်ားထံမွ တ႐ုတ္ကုန္စည္မ်ားထံသို႔ လမ္းေၾကာင္းလႊဲေပးကာ တ႐ုတ္နိုင္ငံမွ အေမရိကန္ ကုမၸဏီမ်ားကို အထူးအခြင့္အေရးေပးေသာေၾကာင့္ တစ္ဖက္သတ္ အေမရိကန္ ပိတ္ဆို႔မႈမ်ားသည္ အျခားနိုင္ငံမ်ားမွ ၿပိဳင္ဖက္မ်ားကို ျဖတ္ေတာက္ထားေသာေၾကာင့္ ကမာၻ႔က်န္ေနရာမ်ားတြင္ ဆိုးက်ိဳးမ်ားစြာျဖစ္ေစသည္။
 
အေမရိကန္ျပည္ေထာင္စုသည္ ကမာၻ႔က်န္အစိတ္အပိုင္းမ်ားကို ထိခိုက္မႈမရွိသည့္ ရာသီဥတုေျပာင္းလဲမႈမွသည္ ကမာၻ႔စီးပြားေရး စီမံအုပ္ခ်ဳပ္မႈအထိ ကမာၻ႔အက်ိဳးစီးပြားအတြက္ တ႐ုတ္နိုင္ငံႏွင့္ထိေတြ႕ဆက္ဆံရန္ နည္းလမ္းရွာေဖြရန္ လိုအပ္မည္ျဖစ္သည္။ကမာၻ႔အသိုင္းအဝန္းအေနျဖင့္ အေမရိကန္ျပည္ေထာင္စုႏွင့္ တ႐ုတ္နိုင္ငံတို႔ နိုင္ငံစုံပါဝင္ေသာ အေျခအေနတြင္ ျပႆနာအေျဖရွာေရးကို တြန္းအားေပးရမည္ျဖစ္သည္။
 
တ႐ုတ္နိုင္ငံ ၾသဇာျပလာျခင္းကို တန္ျပန္ရန္ႏွင့္ တ႐ုတ္အျပဳအမူကို ထိန္းခ်ဳပ္ရန္
 
စိတ္အားထက္သန္ေသာ ဒီမိုကေရစီမ်ား၏ မဟာမိတ္ သို႔မဟုတ္ နိုင္ငံမ်ားအား အသုံးျပဳေရးကို ကမ့္ဘဲလ္ က အႀကံျပဳသည္။စိတ္အားထက္သန္ေသာ လုပ္ေဖၚကိုင္ဖက္မ်ားကို သူေတြ႕မည္ျဖစ္သည္။သို႔ေသာ္ ထိုမဟာမိတ္မ်ားသည္ ႏွစ္ဖက္အက်ိဳးရွိေသာ အေနအထားတြင္ သို႔မဟုတ္ ကုန္သြယ္ေရးႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈကဲ့သို႔ေသာ အျပဳသေဘာေဆာင္ေသာ ျပႆနာမ်ားတြင္ တ႐ုတ္နိုင္ငံႏွင့္ဆက္ဆံေရးကို ထည့္သြင္းျခင္းမရွိပါက ထိုစိတ္အားထက္သန္ေသာ လုပ္ေဖၚကိုင္ဖက္ နိုင္ငံ ပိုမိုနည္းမည္ျဖစ္သည္။
 
တ႐ုတ္ႏွင့္ အေမရိကန္ျပည္ေထာင္စု ႏွစ္ခုအနက္ တစ္ခုကိုေ႐ြးရန္ အက်ပ္ကိုင္ခံရျခင္းကို ႏွစ္သက္ေသာနိုင္ငံ မရွိသေလာက္ပင္ျဖစ္သည္။ထိုေသနဂၤဗ်ဴဟာမွာ ထရမ့္၏ နိုင္ငံျခားေရးဝန္ႀကီး မိုက္ပြမ္ပီယို ေျဗာင္က်က်က်င့္သုံးေသာ ေသနဂၤဗ်ဴဟာျဖစ္သည္။တ႐ုတ္နိုင္ငံသည္ ကမာၻတဝွမ္းမွ နိုင္ငံအမ်ားအျပားအတြက္ ၎တို႔၏ စီးပြားေရးႏွင့္ နိုင္ငံေရး လုံၿခဳံမႈအတြက္ လြန္စြာ အေရးပါေနသည္။အထူးသျဖင့္ ေဒသတြင္း က်ယ္ျပန႔္ေသာ စီးပြားေရးသေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုရန္ သေဘာတူၿပီးေနာက္ အေရွ႕အာရွမွ နိုင္ငံမ်ား ကပ္ေရာဂါမွ နာလန္ထေရးတြင္ ရင္းျမစ္အျဖစ္ တ႐ုတ္နိုင္ငံသည္ ပိုမိုအေရးပါလာမည္ျဖစ္သည္။
 
ဘိုင္ဒင္၏ အႀကံေပးမ်ားသည္ စိန္ေခၚမႈကို ခ်ိန္ခြင္လွ်ာညွိရန္ နည္းလမ္းရွာေနၿပီျဖစ္ၿပီး ဘိုင္ဒင္အစိုးရတက္မလာမီ ဥေရာပသမဂၢသည္ တ႐ုတ္နိုင္ငံႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈစာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ေသာေၾကာင့္ စိတ္မခ်မ္းမေျမ့ျဖစ္ေနၾကသည္။
 
"ဘိုင္ဒင္-ဟဲရစ္ အစိုးရသည္ တ႐ုတ္နိုင္ငံ၏ စီးပြားေရးအေလ့အထမ်ားႏွင့္ပတ္သက္ၿပီး မိမိတို႔၏ ဘုံစိုးရိမ္ပူပန္မႈမ်ားအတြက္ ဥေရာပမွ လုပ္ေဖၚကိုင္ဖက္မ်ားႏွင့္ ေစာလွ်င္စြာ ေဆြးေႏြးျခင္းကို ႀကိဳဆိုမည္ျဖစ္သည္" ဟု အမ်ိဳးသားလုံၿခဳံေရး အႀကံေပး ဂ်ိတ္ဆူလီဗန္ က တြစ္တာတြင္ ေရးသည္။
 
အာရွမူဝါဒဆိုင္ရာ အႀကီးအကဲ ကမ့္ဘဲလ္ က သူ၏ နိုင္ငံျခားေရးစာေစာင္ ေဆာင္းပါးတြင္ ပိုမိုေဖၚျပ ထားၿပီး ဥေရာပသည္ အင္ဒို-ပစိဖိတ္ ခ်ည္းကပ္မႈႏွင့္ ကိုက္ညီျခင္းမရွိေၾကာင္း ေျပာသည္။ထိုသို႔ျဖစ္ရျခင္းမွာ ေဝးကြာေသာ ဥေရာပေခါင္းေဆာင္မ်ားသည္ တ႐ုတ္ၾသဇာျပလာျခင္းကို တ႐ုတ္ႏွင့္ကပ္ေနသည့္ အင္ဒို-ပစိဖိတ္ ေဒသေလာက္ ပူပန္ျခင္းမရွိေသာေၾကာင့္ႏွင့္ ဘိုင္ဒင္အစိုးရ တက္လာေသာအခါ တစ္ခုတည္းေသာ အတၱလန္တိတ္ကမ္းေျခနိုင္ငံမ်ား နည္းလမ္းကို ထိုစာခ်ဳပ္က ရႈပ္ေထြးေစမည္ကို စိုးရိမ္ေသာ္လည္း အဓိကက်သည့္ ႏွစ္ဖက္ ရင္းႏွီးျမႇုပ္ႏွံမႈစာခ်ဳပ္အတြင္း ဥေရာပသမဂၢကို ဆြဲသြင္းရန္ ေနာက္ဆုံးအခ်ိန္ အေလွ်ာ့ေပးမႈ ျပဳလုပ္ေသာေၾကာင့္ျဖစ္သည္။
 
တ႐ုတ္ႏွင့္ ဥေရာပသမဂၢအၾကား ရင္းႏွီးျမႇုပ္ႏွံမႈ ဆိုင္ရာ က်ယ္ျပန႔္ေသာ သေဘာတူစာခ်ဳပ္ (CAI) သည္ အျပဳသေဘာေဆာင္ေသာ ျဖစ္ေပၚတိုးတက္မႈျဖစ္ေၾကာင္းႏွင့္ တ႐ုတ္ႏွင့္ အေမရိကန္အားၿပိဳင္ပြဲတြင္ မိမိ၏ ေသနဂၤဗ်ဴဟာ အက်ိဳးစီးပြားကိုမရွာဘဲ ေဘးထြက္ထိုင္ေနမည္မဟုတ္ေၾကာင္း ရွင္းျပလိုက္ရာေရာက္ေၾကာင္း Shiro Armstrong ႏွင့္ Evgeniia Shannon တို႔က ယခုတစ္ပတ္ ထိပ္တန္းေဆာင္းပါးတြင္ ေဆြးေႏြးသည္။
 
ကမ့္ဘဲလ္ႏွင့္ ဆူလီဗန္သာမကေပ။ "CAI သည္ တုံးအ ေမွ်ာ္လင့္ခ်က္ကင္းမဲ့ေနသာ ဥေရာပအေပၚ တ႐ုတ္နိုင္ငံက ေအာင္ပြဲျဖစ္သည္ဟု အေနာက္မီဒီယာမ်ားက ပုံေဖၚၾကသည္" ဟု Armstrong ႏွင့္ Shannon ေထာက္ျပသည္။
 
ဥေရာပေခါင္းေဆာင္မ်ားသည္ ဘိုင္ဒင္အစိုးရအတြက္ ေ႐ြးခ်ယ္စရာနည္းေအာင္ ကန႔္သတ္ေနေၾကာင္းႏွင့္ တ႐ုတ္နိုင္ငံသည္ ၎၏ကတိမ်ားကို လိုက္နာမည့္ ေမွ်ာ္လင့္ခ်က္အနည္းငယ္ျဖင့္ တ႐ုတ္သို႔အေလွ်ာ့ေပးမႈ မ်ားစြာလုပ္ခဲ့ေၾကာင္းလည္း ေဝဖန္သူမ်ားေျပာသည္။
 
တ႐ုတ္သည္ RCEP ႏွင့္ CAI တို႔မွတဆင့္ ပိုမိုမ်ားျပာသည့္ စည္းကမ္းမ်ားျဖင့္ ေဈးကြက္တြင္ပါဝင္လာ မည္ျဖစ္ေၾကာင္းႏွင့္ ထိုသေဘာတူညီခ်က္မ်ားကို ေဖါက္ဖ်က္ေသာ တ႐ုတ္၏ တစ္ဖက္သတ္ အျပဳအမူေၾကာင့္ ေပးဆပ္ရေသာ တန္ဖိုးကိုလည္း သိသိသာသာ ျမင့္မားသြားေစေၾကာင္း Armstrong ႏွင့္ Shannon က ရွင္းျပသည္။ထိုအခ်က္သည္လအေမရိကန္ျပည္ေထာင္စုအေနျဖင့္ ႀကိဳဆိုသင့္ေသာကိစၥျဖစ္သည္ဟု ဆိုသည္။
 
CAI အသက္ဝင္လာပါက ဥေရာပသမဂၢသည္ အဓိကက်ေသာ တ႐ုတ္ျပဳျပင္ေျပာင္းလဲေရးမ်ားႏွင့္ အေလွ်ာ့ေပးမႈမ်ား ရရွိေရးတြင္ ေအာင္ျမင္မည္ျဖစ္သည္။ထိုအေလွ်ာ့ေပးမႈမ်ားအနက္ အခ်ိဳ႕မွာ ဥေရာပရင္းႏွီးျမႇုပ္ႏွံသူမ်ား ခံစားနိုင္သည္ထက္ပင္ ပိုမိုျမင့္မားေနသည္။ဥေရာပမွ တ႐ုတ္ရင္းႏွီးျမႇုပ္ႏွံသူမ်ားသည္ ေသခ်ာေရရာမႈကို ခံစားနိုင္ၿပီး ဥေရာပအိမ္ရွင္မ်ားအေနျဖင့္လည္း ထိုရင္းႏွီးျမႇုပ္ႏွံမႈမ်ားကို လုံၿခဳံေရးကိစၥအတြက္ ေစာင့္ၾကည့္စစ္ေဆးနိုင္သည္။
 
ပစိဖိတ္ကမ္းေျခနိုင္ငံမ်ား ပူးေပါင္းေဆာင္႐ြက္မႈ Trans-Pacific Partnership သို႔ ဝင္ေရာက္လိုေၾကာင္း တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ က ေဖၚျပေနသည္။ထိုစာခ်ဳပ္အရ တ႐ုတ္နိုင္ငံသည္ နိုင္ငံပိုင္လုပ္ငန္းမ်ားႏွင့္ပတ္သက္လွ်င္ အေျခခံက်သည့္ ျပဳျပင္ေျပာင္းလဲမႈမ်ား ျပဳလုပ္ရမည္ျဖစ္သည္။တ႐ုတ္နိုင္ငံ ျပဳျပင္ေျပာင္းလဲေရးႏွင့္ တံခါးဖြင့္ျခင္းသည္ တ႐ုတ္အတြက္သာမက ကမာၻ႔လူမႈအသိုက္အဝန္းအတြက္ပါ အထင္အရွားေကာင္းမြန္သည္။
 
ဘိုင္ဒင္ လက္ေအာက္မွ အေမရိကသည္ တ႐ုတ္စိန္ေခၚမႈကို အျခားနိုင္ငံမ်ားႏွင့္တူ ေက်ာ္ျဖတ္ရမည္ျဖစ္သည္။သို႔ေသာ္ မဟာမိတ္မ်ား၏ အက်ိဳးစီးပြားကို မပ်က္စီးေစေသာ တ႐ုတ္နိုင္ငံႏွင့္ ထိေတြ႕ဆက္ဆံသည့္ နည္းလမ္းရွာေဖြျခင္းမရွိလွ်င္၊ မဟာမိတ္မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေသာ နိုင္ငံမ်ား က်ိဳးေၾကာင္းဆီေလွ်ာ္ေသာ စည္းကမ္းခ်က္ျဖင့္ တ႐ုတ္ႏွင့္ ထိေတြ႕ဆက္ဆံနိုင္မည့္နယ္ပယ္ေပးရန္ နည္းလမ္းမရွာလွ်င္ 'အေမရိက ပထမ' သည္ 'အေမရိက တစ္ကိုယ္ေတာ္' ျဖစ္သြားေပမည္။
 
Linko
Ref : (Biden needs balance and engagement in Asia wit)
ေဖေဖာ္ဝါရီ - ၂