【 နိုင်ငံတကာ ဆောင်းပါး 】"ချန်ဒူးရှိအမေရိကန်ကောင်စစ်ဝန်ရုံးပိတ်ခြင်းက တင်းမာမှု မြင့်မားလာခြင်းမဟုတ်"

【  နိုင်ငံတကာ ဆောင်းပါး  】"ချန်ဒူးရှိအမေရိကန်ကောင်စစ်ဝန်ရုံးပိတ်ခြင်းက  တင်းမာမှု မြင့်မားလာခြင်းမဟုတ်"

ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအား ရုတ်တရက် ပိတ်လိုက်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် တရုတ်အာဏာပိုင်များက အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူးရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးကို ပိတ်လိုက်ကြောင်းကြေညာသည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ ဝေါင်ဝန်ဘင်က “တရုတ်နိုင်ငံ၏ အရေးယူဆောင်ရွက်မှုသည် အမေရိကန် ပြည်ထောင်စု ၏ ကျိုးကြောင်းဆီလျှော်မှုမရှိသော လုပ်ရပ်အတွက် ကျိုးကြောင်းဆီလျှော်စွာလိုအပ်သော တုံ့ပြန်မှုဖြစ်သည်” ဟုပြောသည်။“ချန်ဒူးရှိ အမေရိကန်ကောင်စစ်ဝန်ရုံးမှ အချို့သော ဝန်ထမ်း များသည် ၎င်းတို့အဆင့်အတန်းနှင့် လိုက်လျှောညီထွေမရှိသော လုပ်ရပ်များကို လုပ်ကိုင်ကြပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ တရုတ်နိုင်ငံ၏ လုံခြုံရေး အကျိုးစီးပွားကို ထိပါး ကြသည်” ဟုပြောကြားပြီး သံတမန်ရေးရာသည် အပြန်အလှန် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်းသူပြောသည်။
 

အပြန်အလှန် ဟူသောစကားလုံးသည်ဤနေရာတွင် အဓိကကျသော စကားလုံးဖြစ်သည်။ ထိုမြို့မှ အမေရိကန်ကောင်စစ်ဝန်ရုံး၏ လုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး စွပ်စွဲချက်များရှိသော်လည်း ထိုကောင်စစ် ဝန်ရုံးကို ပိတ်ရန် အမိန့်ထုတ်ရခြင်းမှာ သံတမန် လုပ်ထုံးလုပ်နည်းချိုးဖေါက်သည်ကို မေးခွန်းထုတ်ရန်မလိုသော ဝါရှင်တန်ကပြုလုပ်သည့် တင်းမာမှုကို အတိုင်းအတာဖြင့် တုံ့ပြန်မှုသာဖြစ်သည်။

ရည်ရွယ်ချက်မှာ အမေရိကန်၏ ဖရိုဖရဲ ရွေးချယ်မှုအတွက် အလားတူ တန်ဖိုးကိုသာ ချမှတ်ပြီး အခြေအနေကို ပိုမိုမဆိုးရွားစေရန် အတိုင်းအတာဖြင့် ချိန်ဆ တုံ့ပြန်သည့်နည်းလမ်းသာဖြစ်သည်။

သို့သော် အပြောတမျိုးအလုပ်တမျိုးဖြစ်နေသည်မှာ ပွမ်ပီယိုက သူ၏ တရုတ်နိုင်ငံကို အရူးအမူး ဆန့်ကျင်သည့် စကားတွင် အပြန်အလှန် ဆက်ဆံမှုကို အာရုံစိုက်ရန်တောင်းဆိုခြင်းဖြစ်သည်။ ထိုစကားသည် တဖက်သတ် အနိုင်ကျင့်ခြင်းကို ယုံကြည်နေသည့် အစိုးရတခု၏ မှားယွင်းသော စကားလုံးဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် သူ၏ အကျိုးစီးပွားကိုကာကွယ်ရန် ထိုကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ရန် လိုအပ်လာသည်။

 မူအားဖြင့်ဆိုရပါက သံတမန်ရေးရာဆိုသည်မှာ နှစ်နိုင်ငံအကြား အပြန်အလှန် မျှတမှု၊ ညီမျှမှုနှင့် ဖလှယ်မှုသာဖြစ်သည်။ နိုင်ငံများဖြင့် ဖွဲ့စည်းထားသော ကမ္ဘာတွင် နိုင်ငံတနိုင်ငံစီသည် အမျိုးသားအကျိုး စီးပွား အတွက် အခြားနိုင်ငံများကို နည်းလမ်းအမျိုးမျိုးဖြင့် တုံ့ပြန်ရန်လိုအပ်သော အမျိုးသားအကျိုးစီးပွားများရှိနေသည်။

နိုင်ငံတကာစနစ်နှင့် ၎င်း၏ စည်မျဉ်းများသည် နှစ်ပေါင်းများစွာ ဖြစ်ပေါ်တိုးတက်လာသောကြောင့် နိုင်ငံများအနေဖြင့် ၎င်းတို့အနေအထားကို ရယူရန် မည်သို့ပြုမူမည်နှင့် ပတ်သက်သည့် စံနှုန်းများ၊ သဘောတူညီချက်များနှင့် ကျင့်ဝတ်များလည်း ပေါ်ပေါက်လာသည်။ ထို့ကြောင့် သံခင်းတမန်ခင်းဟု နားလည်ရသောအရာမှာ နိုင်ငံများအနေဖြင့် ၎င်းတို့၏ အနေအထားကို တွေ့ဆုံဆွေးနွေးမှု၊ ဖလှယ်မှုနှင့် ယဉ်ကျေးမှုဖြင့် ပြုလုပ်ရန်လိုအသော စံကြားခံနှင့် အများလက်ခံသော ပြုမူမှု ဖြစ်လာသည်။ ထို့ကြောင့် သဘောတရာအရဆိုပါက အလားတူတုံ့ပြန်မှုနှင့် မျှတမှုသည် အဓိက အချက်ဖြစ်လာသည်။

ထရမ့်အစိုးရသည် ခေတ်သစ်သမိုင်းတွင် အပြောသာမဟုတ် အလုပ်တွင်ပါ သံတမန်းမဆန်သော အစိုးရဖြစ်သည်။ ပွမ်ပီယိုသည် ဇူလိုင်လ ၂၄ ရက်နေ့တွင် ထိုအစိုးရကို ရပ်တည်ပြီး တရုတ်နိုင်ငံသည် နိုင်ငံတကာ တာဝန်ဝတ္တရားများကို လိုက်နာခြင်းမရှိဟု စွပ်စွဲသည်။ သို့သော် ထိုအစိုးရသည် ၎င်းတို့ ဆန္ဒကို မဖြည့်ဆည်းသည် နိုင်ငံတိုင်းကို အခွန်၊ အရေးယူပိတ်စို့မှု၊ နာမည်ပျက် စာရင်းသွင်းခြင်း၊ တပ်ဖွဲ့ဝင်အင်အားဖြတ်တောက်ခြင်းနှင့် ၎င်းတို့အတွက်အဟန့်အတားဖြစ်စေသည့် မည်သည့် နိုင်ငံတကာအဖွဲ့အစည်းမဆိုမှ ဗြောင်ကျကျ နုတ်ထွက်ခြင်းတို့ဖြင့် တဖက်သတ် အနိုင်ကျင့်ခြင်း၊ အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်းကိုသာ ယုံကြည်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာ မင်းကြီးရုံး၊ အီရန်နှင့် သဘောတူညီချက်၊ ပိစိဖိတ် ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက်၊ ပါရီသဘောတူညီချက်တို့မှ နုတ်ထွက်ပြီး သံသယဖြစ်ဖွယ်ရှိသော အကြောင်းရင်းဖြင့် ကောင်စစ်ဝန်ရုံးတခုလုံး ပိတ်သည်ဟု ကြေညာသော အိမ်ဖြူတော်က တရုတ်နိုင်ငံကို သံတမန်ရေးရာ စံနှုန်းများအကြောင်း ပို့ချနေသည်မှာ အဓိပ္ပါယ်ကင်းမဲ့လှသည်။

ပွမ်ပီယိုက အပြန်အလှန် ဆက်ဆံရေးကို အလိုရှိသည်ဟု ပြောခြင်းသည့် စစ်မှန်သည့် အချက်အလက်ကို အခြေခံခြင်းမရှိပေ။ ထိုကိစ္စတွင် တရုတ်နိုင်ငံက မည်သို့လုပ်ဆောင်နေသနည်း။ တုံ့ပြန်သည့်အနေဖြင့် ချန်ဒူး မှ ကောင်စစ်ဝန်ရုံကို ပိတ်လိုက်ကြောင်း ကြေညာရာတွင် တရုတ်အစိုးရသည် ပွမ်ပီယိုပြောသည့် အပြန်အလှန် ဆိုသည်ကို ပြုလုပ်လိုက်ခြင်းသာဖြစ်သည်။

ထိုလုပ်ရပ်သည် နှစ်နိုင်ငံအကြား တင်းမာမှု မြင့်တက်စေရန် ရည်ရွယ်ခြင်းမရှိဘဲ အမေရိကန်အစိုးရအနေဖြင့် ၎င်း၏ အကျိုးစီးပွားကို ထိခိုက်စေခြင်းမရှိဘဲ တဖက်သတ် အနိုင်ကျင့် အကျပ်ကိုင်သည့် နည်းလမ်းကို မသုံးနိုင်ကြောင်း ပြသလိုက်ခြင်းသာဖြစ်သည်။

ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးသည် သူလျှိုလုပ်ငန်း ဗဟိုချက်ဖြစ်သည်ဟု အမေရိကန် နိုင်ငံက စွပ်စွဲစေကာမူ ချန်ဒူး ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးသည်လည်း ပြည်ပ စွက်ဖက်မှုနှင့် အလားတူ လုပ်ဆောင်မှုများ ရှိကြောင်း တရုတ်နိုင်ငံက ထောက်ပြသည်။ အထူးသဖြင့် ထိုကောင်စစ်ဝန်ရုံး၏ ပထဝီအရ တည်နေရာ သည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်နီးကပ်နေသည်။ တိဗက်နှင့် ပတ်သက်ပြီး တင်းမာမှု မြင့်မားလာအောင် ပွမ်ပီယိုက လွန်ခဲ့သော ရက်သတ္တပါတ်များအတွင်းက လုပ်ဆောင်ခဲ့သေးသည်။

ထိုကိစ္စတွင် တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုကို သံတမန်ရေးအရ လိုအပ်သော တုံ့ပြန်မှုအဖြစ် နားလည်ရန်လိုသည်။ ရည်မှန်းချက်မှာ ဆက်ဆံရေး ကို ဖျက်ဆီးရန်မဟုတ်ဘဲ အပြန်အလှန် တုံ့ပြန်မှု သက်သက်သာဖြစ်သည်။

အမေရိကန် ပြည်ထောင်စုအနေဖြင့် ဘေ့ဂျင်း၏ အကျိုးစီးပွားကို သိမ်းကျုံးတိုက်ခိုက်နေလျှင် ဘေ့ဂျင်းအနေဖြင့်လည်း ၎င်းတို့အနေဖြင့် သင့်တော်သည်ဟု ယူဆသလို တုံ့ပြန်ရန်လိုသည်။

အလားတူစွာပင် အမေရိကန်အစိုးရက သံသယဖြင့် တင်းမာမှုမြင့်မားအောင်လုပ်ရန် ဆုံးဖြတ်လျှင်လည်း တရုတ်က တုံ့ပြန်မည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ ၏ စကားမှာ “တရုတ်နိုင်ငံက အမေရိကန်က က စေချင်တဲ့အတိုင်း က မှာမဟုတ်သလို အမေရိကန်အနေနဲ့ ကျင့်ဝတ်မဲ့လုပ်တာကိုလည်း ခွင့်ပြုမှာမဟုတ်ဘူး” ဟုဖြစ်သည်။

အမေရိကန်နိုင်ငံလျှောက်နေသောလမ်းမှာ အန္တရာယ်များလှပြီး နက်ရှိုင်းစွာ စိတ်ပျက်စရာကောင်းသော်လည်း တရုတ်နိုင်ငံသည် အမေရိကန်က ဆန္ဒရှိလျှင် ဆက်ဆံရေး တိုးတက်အောင် အပြန်အလှန် လုပ်ဆောင်ရန် စိတ်အားထက်သန်သည်။ သို့သော် အခြေခံအားဖြင့် ဆိုပါက တရုတ်နိုင်ငံသည် ၎င်း၏ အကျိုးစီးပွားကို ထိပါးသည့် ကျူးကျော်ရန်လိုသည့် လုပ်ရပ်များကို တုံ့ပြန်လိမ့်မည် ဖြစ်သည်။ 

 

(အယ်ဒီတာမှတ်ချက်။ တွမ်ဖိုဒီသည် ဗြိတိန်နိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေးသုတေသီနှင့် ဒါရမ်နှင့် အောက်စ်ဖို့ဒ် တက္ကသိုလ်များမှာ ဘွဲ့ရသူဖြစ်သည်။ သူသည် တရုတ်၊ မြောက်ကိုရီးယား၊ ဗြိတိန်နှင့် အမေရိကန်တို့နှင့် ပတ်သက်သည်များကို ရေးသားသည်။ ယခုဆောင်းပါးသည် သူ၏ ထင်မြင်ယူဆချက်များသာဖြစ်ပြီး CGTN ၏ အမြင်ကို ထင်ဟပ်သည်ဟု မယူဆနိုင်ပါ။)

 

Linko

(  Zawgyi  )

 ဟူစတန္ရွိ တ႐ုတ္ေကာင္စစ္ဝန္ခ်ဳပ္႐ုံးအား ႐ုတ္တရက္ ပိတ္လိုက္ျခင္းကို တုံ႔ျပန္သည့္အေနျဖင့္ ဇူလိုင္လ ၂၄ ရက္ေန႔တြင္ တ႐ုတ္အာဏာပိုင္မ်ားက အျပန္အလွန္အားျဖင့္ တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္း ခ်န္ဒူးရွိ အေမရိကန္ ေကာင္စစ္ဝန္ခ်ဳပ္႐ုံးကို ပိတ္လိုက္ေၾကာင္းေၾကညာသည္။ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနေျပာခြင့္ရသူ ေဝါင္ဝန္ဘင္က “တ႐ုတ္ႏိုင္ငံ၏ အေရးယူေဆာင္႐ြက္မႈသည္ အေမရိကန္ ျပည္ေထာင္စု ၏ က်ိဳးေၾကာင္းဆီေလွ်ာ္မႈမရွိေသာ လုပ္ရပ္အတြက္ က်ိဳးေၾကာင္းဆီေလွ်ာ္စြာလိုအပ္ေသာ တုံ႔ျပန္မႈျဖစ္သည္” ဟုေျပာသည္။“ခ်န္ဒူးရွိ အေမရိကန္ေကာင္စစ္ဝန္႐ုံးမွ အခ်ိဳ႕ေသာ ဝန္ထမ္း မ်ားသည္ ၎တို႔အဆင့္အတန္းႏွင့္ လိုက္ေလွ်ာညီေထြမရွိေသာ လုပ္ရပ္မ်ားကို လုပ္ကိုင္ၾကၿပီး တ႐ုတ္ႏိုင္ငံ၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ကာ တ႐ုတ္ႏိုင္ငံ၏ လုံၿခဳံေရး အက်ိဳးစီးပြားကို ထိပါး ၾကသည္” ဟုေျပာၾကားၿပီး သံတမန္ေရးရာသည္ အျပန္အလွန္ လုပ္ေဆာင္ျခင္းသာ ျဖစ္ေၾကာင္းသူေျပာသည္။

အျပန္အလွန္ ဟူေသာစကားလုံးသည္ဤေနရာတြင္ အဓိကက်ေသာ စကားလုံးျဖစ္သည္။ ထိုၿမိဳ႕မွ အေမရိကန္ေကာင္စစ္ဝန္႐ုံး၏ လုပ္ေဆာင္မႈမ်ားႏွင့္ ပတ္သက္ၿပီး စြပ္စြဲခ်က္မ်ားရွိေသာ္လည္း ထိုေကာင္စစ္ ဝန္႐ုံးကို ပိတ္ရန္ အမိန႔္ထုတ္ရျခင္းမွာ သံတမန္ လုပ္ထုံးလုပ္နည္းခ်ိဳးေဖါက္သည္ကို ေမးခြန္းထုတ္ရန္မလိုေသာ ဝါရွင္တန္ကျပဳလုပ္သည့္ တင္းမာမႈကို အတိုင္းအတာျဖင့္ တုံ႔ျပန္မႈသာျဖစ္သည္။

ရည္႐ြယ္ခ်က္မွာ အေမရိကန္၏ ဖ႐ိုဖရဲ ေ႐ြးခ်ယ္မႈအတြက္ အလားတူ တန္ဖိုးကိုသာ ခ်မွတ္ၿပီး အေျခအေနကို ပိုမိုမဆိုး႐ြားေစရန္ အတိုင္းအတာျဖင့္ ခ်ိန္ဆ တုံ႔ျပန္သည့္နည္းလမ္းသာျဖစ္သည္။

သို႔ေသာ္ အေျပာတမ်ိဳးအလုပ္တမ်ိဳးျဖစ္ေနသည္မွာ ပြမ္ပီယိုက သူ၏ တ႐ုတ္ႏိုင္ငံကို အ႐ူးအမူး ဆန႔္က်င္သည့္ စကားတြင္ အျပန္အလွန္ ဆက္ဆံမႈကို အာ႐ုံစိုက္ရန္ေတာင္းဆိုျခင္းျဖစ္သည္။ ထိုစကားသည္ တဖက္သတ္ အႏိုင္က်င့္ျခင္းကို ယုံၾကည္ေနသည့္ အစိုးရတခု၏ မွားယြင္းေသာ စကားလုံးျဖစ္သည္။ ထို႔ေၾကာင့္ တ႐ုတ္ႏိုင္ငံသည္ သူ၏ အက်ိဳးစီးပြားကိုကာကြယ္ရန္ ထိုေကာင္စစ္ဝန္႐ုံးကို ပိတ္ပစ္ရန္ လိုအပ္လာသည္။

 မူအားျဖင့္ဆိုရပါက သံတမန္ေရးရာဆိုသည္မွာ ႏွစ္ႏိုင္ငံအၾကား အျပန္အလွန္ မွ်တမႈ၊ ညီမွ်မႈႏွင့္ ဖလွယ္မႈသာျဖစ္သည္။ ႏိုင္ငံမ်ားျဖင့္ ဖြဲ႕စည္းထားေသာ ကမာၻတြင္ ႏိုင္ငံတႏိုင္ငံစီသည္ အမ်ိဳးသားအက်ိဳး စီးပြား အတြက္ အျခားႏိုင္ငံမ်ားကို နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ တုံ႔ျပန္ရန္လိုအပ္ေသာ အမ်ိဳးသားအက်ိဳးစီးပြားမ်ားရွိေနသည္။

ႏိုင္ငံတကာစနစ္ႏွင့္ ၎၏ စည္မ်ဥ္းမ်ားသည္ ႏွစ္ေပါင္းမ်ားစြာ ျဖစ္ေပၚတိုးတက္လာေသာေၾကာင့္ ႏိုင္ငံမ်ားအေနျဖင့္ ၎တို႔အေနအထားကို ရယူရန္ မည္သို႔ျပဳမူမည္ႏွင့္ ပတ္သက္သည့္ စံႏႈန္းမ်ား၊ သေဘာတူညီခ်က္မ်ားႏွင့္ က်င့္ဝတ္မ်ားလည္း ေပၚေပါက္လာသည္။ ထို႔ေၾကာင့္ သံခင္းတမန္ခင္းဟု နားလည္ရေသာအရာမွာ ႏိုင္ငံမ်ားအေနျဖင့္ ၎တို႔၏ အေနအထားကို ေတြ႕ဆုံေဆြးေႏြးမႈ၊ ဖလွယ္မႈႏွင့္ ယဥ္ေက်းမႈျဖင့္ ျပဳလုပ္ရန္လိုအေသာ စံၾကားခံႏွင့္ အမ်ားလက္ခံေသာ ျပဳမူမႈ ျဖစ္လာသည္။ ထို႔ေၾကာင့္ သေဘာတရာအရဆိုပါက အလားတူတုံ႔ျပန္မႈႏွင့္ မွ်တမႈသည္ အဓိက အခ်က္ျဖစ္လာသည္။

ထရမ့္အစိုးရသည္ ေခတ္သစ္သမိုင္းတြင္ အေျပာသာမဟုတ္ အလုပ္တြင္ပါ သံတမန္းမဆန္ေသာ အစိုးရျဖစ္သည္။ ပြမ္ပီယိုသည္ ဇူလိုင္လ ၂၄ ရက္ေန႔တြင္ ထိုအစိုးရကို ရပ္တည္ၿပီး တ႐ုတ္ႏိုင္ငံသည္ ႏိုင္ငံတကာ တာဝန္ဝတၱရားမ်ားကို လိုက္နာျခင္းမရွိဟု စြပ္စြဲသည္။ သို႔ေသာ္ ထိုအစိုးရသည္ ၎တို႔ ဆႏၵကို မျဖည့္ဆည္းသည္ ႏိုင္ငံတိုင္းကို အခြန္၊ အေရးယူပိတ္စို႔မႈ၊ နာမည္ပ်က္ စာရင္းသြင္းျခင္း၊ တပ္ဖြဲ႕ဝင္အင္အားျဖတ္ေတာက္ျခင္းႏွင့္ ၎တို႔အတြက္အဟန႔္အတားျဖစ္ေစသည့္ မည္သည့္ ႏိုင္ငံတကာအဖြဲ႕အစည္းမဆိုမွ ေျဗာင္က်က် ႏုတ္ထြက္ျခင္းတို႔ျဖင့္ တဖက္သတ္ အႏိုင္က်င့္ျခင္း၊ အက်ပ္ကိုင္ျခင္း၊ ၿခိမ္းေျခာက္ျခင္းကိုသာ ယုံၾကည္သည္။

ကမာၻ႔က်န္းမာေရးအဖြဲ႕၊ ကုလသမဂၢ ပညာေရး သိပၸံႏွင့္ ယဥ္ေက်းမႈအဖြဲ႕၊ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာမဟာ မင္းႀကီး႐ုံး၊ အီရန္ႏွင့္ သေဘာတူညီခ်က္၊ ပိစိဖိတ္ ပူးေပါင္းေဆာင္႐ြက္ေရး သေဘာ တူညီခ်က္၊ ပါရီသေဘာတူညီခ်က္တို႔မွ ႏုတ္ထြက္ၿပီး သံသယျဖစ္ဖြယ္ရွိေသာ အေၾကာင္းရင္းျဖင့္ ေကာင္စစ္ဝန္႐ုံးတခုလုံး ပိတ္သည္ဟု ေၾကညာေသာ အိမ္ျဖဴေတာ္က တ႐ုတ္ႏိုင္ငံကို သံတမန္ေရးရာ စံႏႈန္းမ်ားအေၾကာင္း ပို႔ခ်ေနသည္မွာ အဓိပၸါယ္ကင္းမဲ့လွသည္။

ပြမ္ပီယိုက အျပန္အလွန္ ဆက္ဆံေရးကို အလိုရွိသည္ဟု ေျပာျခင္းသည့္ စစ္မွန္သည့္ အခ်က္အလက္ကို အေျခခံျခင္းမရွိေပ။ ထိုကိစၥတြင္ တ႐ုတ္ႏိုင္ငံက မည္သို႔လုပ္ေဆာင္ေနသနည္း။ တုံ႔ျပန္သည့္အေနျဖင့္ ခ်န္ဒူး မွ ေကာင္စစ္ဝန္႐ုံကို ပိတ္လိုက္ေၾကာင္း ေၾကညာရာတြင္ တ႐ုတ္အစိုးရသည္ ပြမ္ပီယိုေျပာသည့္ အျပန္အလွန္ ဆိုသည္ကို ျပဳလုပ္လိုက္ျခင္းသာျဖစ္သည္။

ထိုလုပ္ရပ္သည္ ႏွစ္ႏိုင္ငံအၾကား တင္းမာမႈ ျမင့္တက္ေစရန္ ရည္႐ြယ္ျခင္းမရွိဘဲ အေမရိကန္အစိုးရအေနျဖင့္ ၎၏ အက်ိဳးစီးပြားကို ထိခိုက္ေစျခင္းမရွိဘဲ တဖက္သတ္ အႏိုင္က်င့္ အက်ပ္ကိုင္သည့္ နည္းလမ္းကို မသုံးႏိုင္ေၾကာင္း ျပသလိုက္ျခင္းသာျဖစ္သည္။

ဟူစတန္ရွိ တ႐ုတ္ေကာင္စစ္ဝန္႐ုံးသည္ သူလွ်ိဳလုပ္ငန္း ဗဟိုခ်က္ျဖစ္သည္ဟု အေမရိကန္ ႏိုင္ငံက စြပ္စြဲေစကာမူ ခ်န္ဒူး ရွိ အေမရိကန္ ေကာင္စစ္ဝန္႐ုံးသည္လည္း ျပည္ပ စြက္ဖက္မႈႏွင့္ အလားတူ လုပ္ေဆာင္မႈမ်ား ရွိေၾကာင္း တ႐ုတ္ႏိုင္ငံက ေထာက္ျပသည္။ အထူးသျဖင့္ ထိုေကာင္စစ္ဝန္႐ုံး၏ ပထဝီအရ တည္ေနရာ သည္ တိဗက္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသႏွင့္နီးကပ္ေနသည္။ တိဗက္ႏွင့္ ပတ္သက္ၿပီး တင္းမာမႈ ျမင့္မားလာေအာင္ ပြမ္ပီယိုက လြန္ခဲ့ေသာ ရက္သတၱပါတ္မ်ားအတြင္းက လုပ္ေဆာင္ခဲ့ေသးသည္။

ထိုကိစၥတြင္ တ႐ုတ္ႏိုင္ငံ၏ လုပ္ေဆာင္မႈကို သံတမန္ေရးအရ လိုအပ္ေသာ တုံ႔ျပန္မႈအျဖစ္ နားလည္ရန္လိုသည္။ ရည္မွန္းခ်က္မွာ ဆက္ဆံေရး ကို ဖ်က္ဆီးရန္မဟုတ္ဘဲ အျပန္အလွန္ တုံ႔ျပန္မႈ သက္သက္သာျဖစ္သည္။

အေမရိကန္ ျပည္ေထာင္စုအေနျဖင့္ ေဘ့ဂ်င္း၏ အက်ိဳးစီးပြားကို သိမ္းက်ဳံးတိုက္ခိုက္ေနလွ်င္ ေဘ့ဂ်င္းအေနျဖင့္လည္း ၎တို႔အေနျဖင့္ သင့္ေတာ္သည္ဟု ယူဆသလို တုံ႔ျပန္ရန္လိုသည္။

အလားတူစြာပင္ အေမရိကန္အစိုးရက သံသယျဖင့္ တင္းမာမႈျမင့္မားေအာင္လုပ္ရန္ ဆုံးျဖတ္လွ်င္လည္း တ႐ုတ္က တုံ႔ျပန္မည္ျဖစ္သည္။ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီး ဝမ္ယိ ၏ စကားမွာ “တ႐ုတ္ႏိုင္ငံက အေမရိကန္က က ေစခ်င္တဲ့အတိုင္း က မွာမဟုတ္သလို အေမရိကန္အေနနဲ႔ က်င့္ဝတ္မဲ့လုပ္တာကိုလည္း ခြင့္ျပဳမွာမဟုတ္ဘူး” ဟုျဖစ္သည္။

အေမရိကန္ႏိုင္ငံေလွ်ာက္ေနေသာလမ္းမွာ အႏၲရာယ္မ်ားလွၿပီး နက္ရႈိင္းစြာ စိတ္ပ်က္စရာေကာင္းေသာ္လည္း တ႐ုတ္ႏိုင္ငံသည္ အေမရိကန္က ဆႏၵရွိလွ်င္ ဆက္ဆံေရး တိုးတက္ေအာင္ အျပန္အလွန္ လုပ္ေဆာင္ရန္ စိတ္အားထက္သန္သည္။ သို႔ေသာ္ အေျခခံအားျဖင့္ ဆိုပါက တ႐ုတ္ႏိုင္ငံသည္ ၎၏ အက်ိဳးစီးပြားကို ထိပါးသည့္ က်ဴးေက်ာ္ရန္လိုသည့္ လုပ္ရပ္မ်ားကို တုံ႔ျပန္လိမ့္မည္ ျဖစ္သည္။

(အယ္ဒီတာမွတ္ခ်က္။ တြမ္ဖိုဒီသည္ ၿဗိတိန္ႏိုင္ငံေရးႏွင့္ ႏိုင္ငံတကာဆက္ဆံေရးသုေတသီႏွင့္ ဒါရမ္ႏွင့္ ေအာက္စ္ဖို႔ဒ္ တကၠသိုလ္မ်ားမွာ ဘြဲ႕ရသူျဖစ္သည္။ သူသည္ တ႐ုတ္၊ ေျမာက္ကိုရီးယား၊ ၿဗိတိန္ႏွင့္ အေမရိကန္တို႔ႏွင့္ ပတ္သက္သည္မ်ားကို ေရးသားသည္။ ယခုေဆာင္းပါးသည္ သူ၏ ထင္ျမင္ယူဆခ်က္မ်ားသာျဖစ္ၿပီး CGTN ၏ အျမင္ကို ထင္ဟပ္သည္ဟု မယူဆႏိုင္ပါ။)

Linko