【 နိုင်ငံတကာ ဆောင်းပါး 】ထရမ့်၏ “ကုန်သွယ်ရေးနှင့်နည်းပညာစစ်ပွဲ” ရုတ်သိမ်းမလား

【  နိုင်ငံတကာ ဆောင်းပါး 】ထရမ့်၏ “ကုန်သွယ်ရေးနှင့်နည်းပညာစစ်ပွဲ” ရုတ်သိမ်းမလား

အမျိုးသားလုံခြုံရေးနှင့် အမေရိကကို တရုတ်က ဆုပ်ဖြဲပစ်ခြင်းကို ကာကွယ်ခြင်းသည် သမ္မတ ဒေါ်နယ်ထရမ့် က တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးနှင့် နည်းပညာ စစ်ပွဲကြေညာရာတွင် အဓိကသုံးသည့် အကြောင်းပြချက်များဖြစ်သည်။ ပြဿနာမှာ သူ၏မူဝါဒများသည် တရုတ်ထက်မပိုလျှင်ပင် တရုတ်နှင့် အလားတူ အမေရိကန်နိုင်ငံကို ထိခိုက်စေခြင်ဖြစ်သည်။

ထရမ့်၏ အခွန်များသည် အမေရိကန်စီးပွားရေးကို ဒေါ်လာ ဘီလျှံ ၄၀ ကျော် ထိခိုက်စေပြီး ကုန်ထုတ်လုပ်ငန်းများကို နစ်နာစေကာ လယ်သမားများကို ဘဏ္ဍာရေး ကျပ်တည်းစေကြောင်း အမေရိကန် ဗဟိုဘဏ်က ခန့်မှန်းသည်။ တရုတ်နိုင်ငံက လက်စားခြေသည့်အတွက် လျှော်ကြေးအနေဖြင့် အမေရိကန် စိုက်ပျိုးရေးဌာနသည် လယ်သမားများကို ၂၀၁၈-၁၉ ကာလအတွင်း ဒေါ်လာ ၂၈ ဘီလီယံ ထုတ်ပေးရသည်။ ၂၀၁၈ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု ၃.၂ ရာခိုင်နှုန်းရှိရာမှ ၂၀၁၉ ခုနှစ်တွင် ၂.၃ ရာခိုင်နှုန်း သာ ရှိတော့ခြင်းမှာ ကုန်သွယ်ရေး စစ်ပွဲကြောင့် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အမေရိကန်ကွန်ဂရက် ဘတ်ဂျက် ကော်မတီက ခန့်မှန်းသည်။  တရုတ်စီးပွားရေးသည် ထိခိုက်သော်လည်း အမေရိကန်လောက်အပြင်းအထန် မထိခိုက်ဘဲ ၂၀၁၈ ခုနှစ်တွင် တိုးတက်မှုနှုန်း ၆.၆ ရာခိုင်နှုန်းရှိရာမှ ၂၀၁၉ တွင် ၆.၁ ရာခိုင်နှုန်းအထိသာ ကျဆင်းသည်။

နည်းပညာစစ်ပွဲတွင် ဟွာဝေးနှင့်အခြားတရုတ်နည်းပညာ ကုမ္ပဏီများ၏ အခြေအနေသည် မရေမရာ ဖြစ်သွားသော်လည်း အရောင်းကို ထိခိုက်ခြင်းမရှိပေ။ ဥပမာဆိုရပါက ဟွာဝေး၏ အရောင်းသည်၂၀၁၉ ခုနှစ် တွင် ၁၈ ရာခိုင်နှုန်းတိုးတက်ပြီး ၂၀၂၀ ပထမ ၉ လအတွင်း ၁၀ ရာခိုင်နှုန်းနီးပါး တိုးတက်သည်။ ပိုမိုမှတ်သား စရာကောင်းသည်မှာ ထရမ့်က တရုတ်နဂါးကြီးကို နှိုးလိုက်ခြင်းဖြစ်ပြီး တရုတ်အစိုးရက ကမ္ဘာ့နည်းပညာ အင်အားကြီး နိုင်ငံဖြစ်ရေးနှင့် တပိုင်းလျှပ်ကူးချစ်ပ်များ မိမိဖာသာလုံလောက်အောင် ထုတ်လုပ်ရေးအတွက် လာမည့် ၅ နှစ်အတွင်း ဒေါ်လာ ၁.၄ ထရီလီယံ သုံးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

တဖက်တွင်လည်း ထရမ့်၏ တရုတ်ဆန့်ကျင်ရေး နည်းပညာမူဝါဒများသည် ဒေါ်လာဘီလျှံ ရာပေါင်း များစွာတန်သည့် ၎င်းတို့၏ထုတ်ကုန် ၅၀ ရာခိုင်နှုန်းကျော်ကို ဝယ်ယူနေသော တရုတ်ဈေးကွက်ကို အကြီး အကျယ်မှီခိုရသည့် Qualcomm ကဲ့သို့သော အမေရိကန် လုပ်ငန်းများကို ဘဏ္ဍာရေး အန္တရာယ်ကျရောက် စေသည်။ ဝင်ငွေဆုံးရှုံးသောကြောင့် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ လုံး၀ ထိခိုက်ပြီး အမေရိကန်၏ တီထွင်ဆန်းသစ်ရေး ရည်မှန်းချက်များကို ထိခိုက်စေသည်။

ထို့ကြောင့် ကုန်သွယ်ရေးနှင့် နည်းပညာစစ်ပွဲတွင် မည်သည့်အတွက် ထရမ့်ရှုံးနိမ့်ရသည်ကို မေးရန် လိုမည် ဖြစ်သည်။  အဖြေမှာ ထိုစစ်ပွဲများသည် ကုန်သွယ်ရေးလိုငွေနှင့် အမျိုးသားလုံခြုံရေးနှင့် မသက်ဆိုင်ဘဲ လူပိန်းကြိုက်ဖြစ်စေရန်နှင့် တီထွင်ဆန်းသစ်မှု အသာစီးရခြင်းကို အားပေးရန် ပေါ့ဆသော အားထုတ်မှုနှင့်သာ ဆိုင်သောကြောင့်ဖြစ်သည်။

အမေရိကန် ကုန်သွယ်ရေး လိုငွေပြခြင်းမှာ နိမ့်ကျသော စုဆောင်းငွေနှင့် လက်ငင်းသုံးငွေစရင်း တွက်ချက်မှု နည်းလမ်းများကြောင့်ဖြစ်ပြီး မမျှတသော အလေ့အထများကြောင့်မဟုတ်ပေ။ ဥပမာဆိုရပါက အိုင်ဖုန်းထုတ်လုပ်ရန်လိုသည့် ဒေါ်လာ ၂၄၀ တွင် တရုတ်က ၁၀ ရာခိုင်နှုန်းအောက်သာပါဝင်သည်။  သို့သော် အမေရိကန် အကောက်ခွန်က ထိုစုစုပေါင်းတန်ဖိုးကို တရုတ်နိုင်ငံမှ သွင်းကုန်တန်ဖိုးအဖြစ်သတ်မှတ်သော နည်းလမ်းဖြင့်တွက်ချက်သောအခါ တရုတ်နိုင်ငံက မည်သို့ ကုန်သွယ်ရေး ပိုငွေမပြဘဲနေမည်နည်း။

တရုတ်နိုင်ငံက ထုတ်လုပ်သည့် ဆက်သွယ်ရေး ပစ္စည်းများသည် အမျိုးသားလုံခြုံရေး အန္တရာယ်ကျ ရောက်စေသည်ဆိုသည့် စွပ်စွဲချက်နှင့်ပတ်သက်ပြီး ပြောရလျှင် အမေရိကန်အပါအဝင် ထိုပစ္စည်းများကို နှစ်ပေါင်းများစွာ အသုံးပြုနေသော နိုင်ငံများတွင် မည်သည့်အထောက်အထားမျှ မရှိပေ။ ဥပမာ အားဖြင့် ဆိုပါက အမေရိကန်ကျေးလက်သည် ၎င်းတို့၏ ဆက်သွယ်ရေး ကွန်ရက်အတွက် ဟွာဝေး ပစ္စည်းများကို သုံးသော် လည်း သူလျှိုလုပ်သည့် ဖြစ်ရပ်တခုမျှ ပေါ်ပေါက်ခြင်းမရှိပေ။ တရုတ်အစိုးရသည် အမေရိကန် မဟာမိတ် အစိုးရများနှင့် ၎င်းတို့၏ လျှို့ဝှက်ချက်များကို ခိုးယူရန် နောက်ဖေးပေါက်အဖြစ် ဟွာဝေး ကိရိယာများကို သုံးဖူးသည့် အထောက်အထားများကို ထိုနိုင်ငံများမှ ထောက်လှမ်းရေး အသိုင်းအဝန်းများ မတွေ့ကြပေ။

မမျှတသော ကုန်သွယ်ရေး အလေ့အထများနှင့် ပတ်သက်ပြီး ပြောရမည်ဆိုလျှင် အမေရိကန်နိုင်ငံ သည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ဘဏ္ဍာရေးဌာနတို့က လက်မခံသည့် ငွေကြေးကစားမှု အဓိပ္ပါယ် ဖွင့်ဆိုချက်ကို အသုံးပြုပြီး ငွေကြေးကစားသောတန်ဖိုးကို ဒေါ်လာ ၂၅ ဘီလီယံကျော် သတ်မှတ်ပြီး ကုန်သွယ်ရေးလိုငွေသည် စုစုပေါင်းအမျိုးသားထုတ်လုပ်မှု၏ ၃ ရာခိုင်နှုန်းကျော်သတ်မှတ်ထားသည်။

စိတ်ကိုဆွပေးသော သို့မဟုတ် မှန်ကန်မှုမရှိသော အတင်းအကျပ် နည်းပညာလွှဲပြောင်းစေခြင်းနှင့် ပတ်သက်ပြီး ပြောကြားရလျှင် နည်းပညာသည် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ ထိုထက်မက ဆိုရလျှင် တရုတ်ဖက်မှ စီးပွားဖက်များသည် ငွေရင်းစိုက်ထုတ်ရာတွင် ပြည်ပ စီးပွားဖက်များဖြစ်လာသောကြောင့် ထိုနည်းပညာအတွက် ငွေကြေးပေးသည်။

မမျှတသော အစိုးရထောက်ပံ့ကြေးများနှင့် ပတ်သက်ပြီး ပြောရလျှင် အမေရိကန်နှင့်တရုတ်အကြား အဓိက  ကွဲလွဲမှုမှာ အမေရိကန်အစိုးရသည်လက်နက်နှင့် အခြား သိပ္ပံသုတေသနနှင့်ထုတ်လုပ်မှုများအတွက် တက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်းများကို နှစ်စဉ် ဒေါ်လာ ဘီလျှံ ရာပေါင်းများစွာပေးသည်။

ပုဂ္ဂလိက ကဏ္ဍ သုတေသနနှင့်ဖွံ့ဖြိုးရေးအတွက် သုံးငွေများကို အခွန်ကြွေးမြီများမှ ပြန်ထုတ်ပေး သည်။ ထိုနေရာတွင် တရုတ်နိုင်ငံက နိုင်ငံပိုင်လုပ်ငန်းများကို ထောက်ပံ့ငွေများ တိုက်ရိုက်ထုတ်ပေးသည်။ သို့သော် တရုတ်လုပ်ငန်းများသည် ကျင့်ဝတ်မညီသော အလေ့အထများ မပြုလုပ်ဟုမဆိုနိုင်သော်လည်း အမေရိကန်က စွပ်စွဲနေသည့် အတိုင်းအတာအထိ မဟုတ်ပေ။

ထရမ့်၏ ကုန်သွယ်ရေးနှင့် နည်းပညာစစ်ပွဲသည် နှစ်နိုင်ငံလုံးကို ထိခိုက်စေသောကြောင့် သမ္မတ အဖြစ်ရွေးချယ်ခံရသူအဖြစ် သတ်မှတ်ထားသော ဂျိုးဘိုင်ဒင်သည် အဖျက်သဘောဆောင်သည့် မူဝါဒများကို ရုတ်သိမ်းပြီး ကုန်သွယ်ရေးနှင့် နည်းပညာတိုးတက်မှုတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် သင့်သည်။

၎င်းတို့၏ ရင်းမြစ်များနှင့် စိတ်သဘောထားများကို စုစည်လိုက်ခြင်းသည် တရုတ်နှင့်အမေရိကန် ကို သာ အကျိုးရှိစေမည်ဖြစ်သည်။ နှစ်နိုင်ငံလုံးသည် သိန်းနှင့်ချီသော သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများနှင့် သင်္ချာ ပညာရှင်များကို နှစ်စဉ်ထုတ်လုပ်နေကြသည်။ ပညာရှင်အုပ်စုများအကြား သတင်းအချက်အလက်နှင့် အသိပညာဖလှယ်ခြင်းသည် လက်ရှိ အဆင့်မြင့်နည်းပညာများတိုးတက်ရေးသို့ ဦးတည်နိုင်သည်။

ထို့အပြင် တရုတ်နိုင်ငံသည် ကမ္ဘာ့ကြီးမားဆုံး နည်းပညာဝယ်ယူသည့် နိုင်ငံဖြစ်ပြီး ထိုအတိုင်းဆက် လက် တည်ရှိကာ နှစ်စဉ်နည်းပညာဝယ်ယူရန် ဒေါ်လာ ဘီလီယံ ၃၀၀ ကျော်သုံးစွဲသည်။ တရုတ်အစိုးရနှင့် စီးပွားရေးလုပ်ငန်းများသည် နိုင်ငံကို နည်းပညာဗဟိုချက်ဖြစ်စေရန် ဆုံးဖြတ်ထားသောကြောင့် နောင်တွင် ထိုပမာဏထက်ပင် ပိုမိုလာမည်ဖြစ်သည်။ အမေရိကန်လုပ်ငန်းများသည် တရုတ်နိုင်ငံမှ အကြီးအကျယ် ဝယ်ယူမှုမှ အဓိက အကျိုးခံစားရသူများဖြစ်လာပြီး သုတေသနနှင့်တိုးတက်ရေးစရိတ် တိုးမြှင့်နိုင်ကာ နည်းပညာစွမ်းရည်ကို ပိုမိုတိုးတက်စေမည်ဖြစ်သည်။

ကုန်သွယ်ရေးလိုငွေလျှော့ချရန် အခွန်ချမှတ်ခြင်းနှင့် ကုန်ထုတ်လုပ်ငန်းများကို ပြည်တွင်းသို့ ပြန်လည်ခေါ်ယူခြင်းသည် မှားယွင်းသည့် ဦးတည်ဖက်ဖြစ်ကြောင်း ထရမ့်၏ အခွန်များက သက်သေခံနေသည်။  အမေရိကန်နိုင်ငံက တရုတ်မှ တင်သွင်းသောကုန်များသည် အမေရိကန်၏ ကုန်များသာဖြစ်ပြီး တရုတ်နိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ခြင်းသာဖြစ်သည်။ ထို့ကြောင့်အခွန်များ ချမှတ်ခြင်းသည် အမေရိကန် ကုန်စည်များ ကို အခွန်ချမှတ်ခြင်းနှင့်သာတူနေသည်။

ထိုသို့ လုပ်မည့်အစား ဘိုင်ဒင်သည် အမေရိကန်-တရုတ် ကုန်သွယ်ရေး ဆက်ဆံမှုကို ဆွေးနွေးပူး ပေါင်းဆောင်ရွက်ခြင်းဖြင့် တိုးတက်အောင်လုပ်ဆောင်သင့်သည်။ဥပမာဆိုရပါက အမေရိကန်သည် ၎င်း အနေဖြင့် နှိုင်းယှဉ်ချက်အားဖြင့် အကျိုးအမြတ်သာသည့် ကုန်စည်များကိုသာ ထုတ်လုပ်သင့်ပြီး အကျိုး အမြတ်နည်းသည့် ကုန်စည်များကို ခွဲဖြန့်ပေးသင့်သည်။  အမေရိကန်သည် အလုပ်သမားများကို အလုပ် အကိုင်သစ်များအတွက် ပြန်လည်လေ့ကျင့်ပေးသည် ကျယ်ပြန့်သော အစီအစဉ်ကိုလည်း ချမှတ်သင့်သည်။ ထိုအခါမှသာ အမေရိက သည် ဆက်လက်ကြီးမြတ်နေမည်ဖြစ်သည်။

ထရမ့်၏ တရုတ်နိုင်ငံအပေါ် ရူးသွပ်သော နည်းပညာနှင့်ကုန်သွယ်ရေး စစ်ပွဲကို ရုတ်သိမ်းရန် အမေရိကန် စီးပွားရေးလုပ်ငန်းများနှင့် လက်တွေ့ကျသူများ၏ တောင်းဆိုမှုကို ဘိုင်ဒင် သတိပြုသင့်သည်။ အမေရိကန် စီးပွားရေးကျဆင်းမှုကို ပြောင်းပြန်လှန်ရန် ဘိုင်ဒင်၏ ကတိကိုဖြည့်ဆည်းရန် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်သည်။

(အယ်ဒီတာ မှတ်ချက် - ကင်မုတ်သည် စီးပွားရေး သဘောတရား၊ အများပြည်သူဆိုင်ရာ မူဝါဒနှင့် ကမ္ဘာတဝှမ်း ပေါင်းစည်းခြင်းတို့ကို တက္ကသိုလ်အဆင့်တွင် ၃၃ နှစ်ကြာသင်ကြားခဲ့သည်။ သူသည် ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံစီးပွားရေးတိုးတက်လာခြင်းနှင့် ကမ္ဘာတဝှမ်းသက်ရောက်မှုများ စာအုပ်ကို ပူးတွဲရေးသားခဲ့သည်။ယခုဆောင်းပါးသည် သူ၏ ထင်မြင်ချက်များသာဖြစ်ပြီး CGTN ၏ အမြင်များဟု ယူဆနိုင်မည်မဟုတ်ပေ)

Linko

Ref: Biden should rescind Trump's trade and technology wars against China:CGTN

 

(  Zawgyi  )

 

 

  အမ်ိဳးသားလုံၿခဳံေရးႏွင့္ အေမရိကကို တ႐ုတ္က ဆုပ္ၿဖဲပစ္ျခင္းကို ကာကြယ္ျခင္းသည္ သမၼတ ေဒၚနယ္ထရမ့္ က တ႐ုတ္ႏိုင္ငံအေပၚ ကုန္သြယ္ေရးႏွင့္ နည္းပညာ စစ္ပြဲေၾကညာရာတြင္ အဓိကသုံးသည့္ အေၾကာင္းျပခ်က္မ်ားျဖစ္သည္။ ျပႆနာမွာ သူ၏မူဝါဒမ်ားသည္ တ႐ုတ္ထက္မပိုလွ်င္ပင္ တ႐ုတ္ႏွင့္ အလားတူ အေမရိကန္ႏိုင္ငံကို ထိခိုက္ေစျခင္ျဖစ္သည္။

ထရမ့္၏ အခြန္မ်ားသည္ အေမရိကန္စီးပြားေရးကို ေဒၚလာ ဘီလွ်ံ ၄၀ ေက်ာ္ ထိခိုက္ေစၿပီး ကုန္ထုတ္လုပ္ငန္းမ်ားကို နစ္နာေစကာ လယ္သမားမ်ားကို ဘ႑ာေရး က်ပ္တည္းေစေၾကာင္း အေမရိကန္ ဗဟိုဘဏ္က ခန႔္မွန္းသည္။ တ႐ုတ္ႏိုင္ငံက လက္စားေျခသည့္အတြက္ ေလွ်ာ္ေၾကးအေနျဖင့္ အေမရိကန္ စိုက္ပ်ိဳးေရးဌာနသည္ လယ္သမားမ်ားကို ၂၀၁၈-၁၉ ကာလအတြင္း ေဒၚလာ ၂၈ ဘီလီယံ ထုတ္ေပးရသည္။ ၂၀၁၈ ခုႏွစ္တြင္ စီးပြားေရးတိုးတက္မႈ ၃.၂ ရာခိုင္ႏႈန္းရွိရာမွ ၂၀၁၉ ခုႏွစ္တြင္ ၂.၃ ရာခိုင္ႏႈန္း သာ ရွိေတာ့ျခင္းမွာ ကုန္သြယ္ေရး စစ္ပြဲေၾကာင့္ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္း အေမရိကန္ကြန္ဂရက္ ဘတ္ဂ်က္ ေကာ္မတီက ခန႔္မွန္းသည္။  တ႐ုတ္စီးပြားေရးသည္ ထိခိုက္ေသာ္လည္း အေမရိကန္ေလာက္အျပင္းအထန္ မထိခိုက္ဘဲ ၂၀၁၈ ခုႏွစ္တြင္ တိုးတက္မႈႏႈန္း ၆.၆ ရာခိုင္ႏႈန္းရွိရာမွ ၂၀၁၉ တြင္ ၆.၁ ရာခိုင္ႏႈန္းအထိသာ က်ဆင္းသည္။

နည္းပညာစစ္ပြဲတြင္ ဟြာေဝးႏွင့္အျခားတ႐ုတ္နည္းပညာ ကုမၸဏီမ်ား၏ အေျခအေနသည္ မေရမရာ ျဖစ္သြားေသာ္လည္း အေရာင္းကို ထိခိုက္ျခင္းမရွိေပ။ ဥပမာဆိုရပါက ဟြာေဝး၏ အေရာင္းသည္၂၀၁၉ ခုႏွစ္ တြင္ ၁၈ ရာခိုင္ႏႈန္းတိုးတက္ၿပီး ၂၀၂၀ ပထမ ၉ လအတြင္း ၁၀ ရာခိုင္ႏႈန္းနီးပါး တိုးတက္သည္။ ပိုမိုမွတ္သား စရာေကာင္းသည္မွာ ထရမ့္က တ႐ုတ္နဂါးႀကီးကို ႏႈိးလိုက္ျခင္းျဖစ္ၿပီး တ႐ုတ္အစိုးရက ကမာၻ႔နည္းပညာ အင္အားႀကီး ႏိုင္ငံျဖစ္ေရးႏွင့္ တပိုင္းလွ်ပ္ကူးခ်စ္ပ္မ်ား မိမိဖာသာလုံေလာက္ေအာင္ ထုတ္လုပ္ေရးအတြက္ လာမည့္ ၅ ႏွစ္အတြင္း ေဒၚလာ ၁.၄ ထရီလီယံ သုံးရန္ ဆုံးျဖတ္လိုက္ျခင္းျဖစ္သည္။

တဖက္တြင္လည္း ထရမ့္၏ တ႐ုတ္ဆန႔္က်င္ေရး နည္းပညာမူဝါဒမ်ားသည္ ေဒၚလာဘီလွ်ံ ရာေပါင္း မ်ားစြာတန္သည့္ ၎တို႔၏ထုတ္ကုန္ ၅၀ ရာခိုင္ႏႈန္းေက်ာ္ကို ဝယ္ယူေနေသာ တ႐ုတ္ေဈးကြက္ကို အႀကီး အက်ယ္မွီခိုရသည့္ Qualcomm ကဲ့သို႔ေသာ အေမရိကန္ လုပ္ငန္းမ်ားကို ဘ႑ာေရး အႏၲရာယ္က်ေရာက္ ေစသည္။ ဝင္ေငြဆုံးရႈံးေသာေၾကာင့္ သုေတသနႏွင့္ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား လုံး၀ ထိခိုက္ၿပီး အေမရိကန္၏ တီထြင္ဆန္းသစ္ေရး ရည္မွန္းခ်က္မ်ားကို ထိခိုက္ေစသည္။

ထို႔ေၾကာင့္ ကုန္သြယ္ေရးႏွင့္ နည္းပညာစစ္ပြဲတြင္ မည္သည့္အတြက္ ထရမ့္ရႈံးနိမ့္ရသည္ကို ေမးရန္ လိုမည္ ျဖစ္သည္။  အေျဖမွာ ထိုစစ္ပြဲမ်ားသည္ ကုန္သြယ္ေရးလိုေငြႏွင့္ အမ်ိဳးသားလုံၿခဳံေရးႏွင့္ မသက္ဆိုင္ဘဲ လူပိန္းႀကိဳက္ျဖစ္ေစရန္ႏွင့္ တီထြင္ဆန္းသစ္မႈ အသာစီးရျခင္းကို အားေပးရန္ ေပါ့ဆေသာ အားထုတ္မႈႏွင့္သာ ဆိုင္ေသာေၾကာင့္ျဖစ္သည္။

အေမရိကန္ ကုန္သြယ္ေရး လိုေငြျပျခင္းမွာ နိမ့္က်ေသာ စုေဆာင္းေငြႏွင့္ လက္ငင္းသုံးေငြစရင္း တြက္ခ်က္မႈ နည္းလမ္းမ်ားေၾကာင့္ျဖစ္ၿပီး မမွ်တေသာ အေလ့အထမ်ားေၾကာင့္မဟုတ္ေပ။ ဥပမာဆိုရပါက အိုင္ဖုန္းထုတ္လုပ္ရန္လိုသည့္ ေဒၚလာ ၂၄၀ တြင္ တ႐ုတ္က ၁၀ ရာခိုင္ႏႈန္းေအာက္သာပါဝင္သည္။  သို႔ေသာ္ အေမရိကန္ အေကာက္ခြန္က ထိုစုစုေပါင္းတန္ဖိုးကို တ႐ုတ္ႏိုင္ငံမွ သြင္းကုန္တန္ဖိုးအျဖစ္သတ္မွတ္ေသာ နည္းလမ္းျဖင့္တြက္ခ်က္ေသာအခါ တ႐ုတ္ႏိုင္ငံက မည္သို႔ ကုန္သြယ္ေရး ပိုေငြမျပဘဲေနမည္နည္း။

တ႐ုတ္ႏိုင္ငံက ထုတ္လုပ္သည့္ ဆက္သြယ္ေရး ပစၥည္းမ်ားသည္ အမ်ိဳးသားလုံၿခဳံေရး အႏၲရာယ္က် ေရာက္ေစသည္ဆိုသည့္ စြပ္စြဲခ်က္ႏွင့္ပတ္သက္ၿပီး ေျပာရလွ်င္ အေမရိကန္အပါအဝင္ ထိုပစၥည္းမ်ားကို ႏွစ္ေပါင္းမ်ားစြာ အသုံးျပဳေနေသာ ႏိုင္ငံမ်ားတြင္ မည္သည့္အေထာက္အထားမွ် မရွိေပ။ ဥပမာ အားျဖင့္ ဆိုပါက အေမရိကန္ေက်းလက္သည္ ၎တို႔၏ ဆက္သြယ္ေရး ကြန္ရက္အတြက္ ဟြာေဝး ပစၥည္းမ်ားကို သုံးေသာ္ လည္း သူလွ်ိဳလုပ္သည့္ ျဖစ္ရပ္တခုမွ် ေပၚေပါက္ျခင္းမရွိေပ။ တ႐ုတ္အစိုးရသည္ အေမရိကန္ မဟာမိတ္ အစိုးရမ်ားႏွင့္ ၎တို႔၏ လွ်ိဳ႕ဝွက္ခ်က္မ်ားကို ခိုးယူရန္ ေနာက္ေဖးေပါက္အျဖစ္ ဟြာေဝး ကိရိယာမ်ားကို သုံးဖူးသည့္ အေထာက္အထားမ်ားကို ထိုႏိုင္ငံမ်ားမွ ေထာက္လွမ္းေရး အသိုင္းအဝန္းမ်ား မေတြ႕ၾကေပ။

မမွ်တေသာ ကုန္သြယ္ေရး အေလ့အထမ်ားႏွင့္ ပတ္သက္ၿပီး ေျပာရမည္ဆိုလွ်င္ အေမရိကန္ႏိုင္ငံ သည္ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ႏွင့္ ဘ႑ာေရးဌာနတို႔က လက္မခံသည့္ ေငြေၾကးကစားမႈ အဓိပၸါယ္ ဖြင့္ဆိုခ်က္ကို အသုံးျပဳၿပီး ေငြေၾကးကစားေသာတန္ဖိုးကို ေဒၚလာ ၂၅ ဘီလီယံေက်ာ္ သတ္မွတ္ၿပီး ကုန္သြယ္ေရးလိုေငြသည္ စုစုေပါင္းအမ်ိဳးသားထုတ္လုပ္မႈ၏ ၃ ရာခိုင္ႏႈန္းေက်ာ္သတ္မွတ္ထားသည္။

စိတ္ကိုဆြေပးေသာ သို႔မဟုတ္ မွန္ကန္မႈမရွိေသာ အတင္းအက်ပ္ နည္းပညာလႊဲေျပာင္းေစျခင္းႏွင့္ ပတ္သက္ၿပီး ေျပာၾကားရလွ်င္ နည္းပညာသည္ ဖက္စပ္ရင္းႏွီးျမႇဳပ္ႏွံမႈျဖစ္သည္။ ထိုထက္မက ဆိုရလွ်င္ တ႐ုတ္ဖက္မွ စီးပြားဖက္မ်ားသည္ ေငြရင္းစိုက္ထုတ္ရာတြင္ ျပည္ပ စီးပြားဖက္မ်ားျဖစ္လာေသာေၾကာင့္ ထိုနည္းပညာအတြက္ ေငြေၾကးေပးသည္။

မမွ်တေသာ အစိုးရေထာက္ပံ့ေၾကးမ်ားႏွင့္ ပတ္သက္ၿပီး ေျပာရလွ်င္ အေမရိကန္ႏွင့္တ႐ုတ္အၾကား အဓိက  ကြဲလြဲမႈမွာ အေမရိကန္အစိုးရသည္လက္နက္ႏွင့္ အျခား သိပၸံသုေတသနႏွင့္ထုတ္လုပ္မႈမ်ားအတြက္ တကၠသိုလ္မ်ားႏွင့္ သုေတသနအဖြဲ႕အစည္းမ်ားကို ႏွစ္စဥ္ ေဒၚလာ ဘီလွ်ံ ရာေပါင္းမ်ားစြာေပးသည္။

ပုဂၢလိက က႑ သုေတသနႏွင့္ဖြံ႕ၿဖိဳးေရးအတြက္ သုံးေငြမ်ားကို အခြန္ေႂကြးၿမီမ်ားမွ ျပန္ထုတ္ေပး သည္။ ထိုေနရာတြင္ တ႐ုတ္ႏိုင္ငံက ႏိုင္ငံပိုင္လုပ္ငန္းမ်ားကို ေထာက္ပံ့ေငြမ်ား တိုက္႐ိုက္ထုတ္ေပးသည္။ သို႔ေသာ္ တ႐ုတ္လုပ္ငန္းမ်ားသည္ က်င့္ဝတ္မညီေသာ အေလ့အထမ်ား မျပဳလုပ္ဟုမဆိုႏိုင္ေသာ္လည္း အေမရိကန္က စြပ္စြဲေနသည့္ အတိုင္းအတာအထိ မဟုတ္ေပ။

ထရမ့္၏ ကုန္သြယ္ေရးႏွင့္ နည္းပညာစစ္ပြဲသည္ ႏွစ္ႏိုင္ငံလုံးကို ထိခိုက္ေစေသာေၾကာင့္ သမၼတ အျဖစ္ေ႐ြးခ်ယ္ခံရသူအျဖစ္ သတ္မွတ္ထားေသာ ဂ်ိဳးဘိုင္ဒင္သည္ အဖ်က္သေဘာေဆာင္သည့္ မူဝါဒမ်ားကို ႐ုတ္သိမ္းၿပီး ကုန္သြယ္ေရးႏွင့္ နည္းပညာတိုးတက္မႈတြင္ တ႐ုတ္ႏိုင္ငံႏွင့္ ပူးေပါင္းေဆာင္႐ြက္ သင့္သည္။

၎တို႔၏ ရင္းျမစ္မ်ားႏွင့္ စိတ္သေဘာထားမ်ားကို စုစည္လိုက္ျခင္းသည္ တ႐ုတ္ႏွင့္အေမရိကန္ ကို သာ အက်ိဳးရွိေစမည္ျဖစ္သည္။ ႏွစ္ႏိုင္ငံလုံးသည္ သိန္းႏွင့္ခ်ီေသာ သိပၸံပညာရွင္မ်ား၊ အင္ဂ်င္နီယာမ်ားႏွင့္ သခ်ၤာ ပညာရွင္မ်ားကို ႏွစ္စဥ္ထုတ္လုပ္ေနၾကသည္။ ပညာရွင္အုပ္စုမ်ားအၾကား သတင္းအခ်က္အလက္ႏွင့္ အသိပညာဖလွယ္ျခင္းသည္ လက္ရွိ အဆင့္ျမင့္နည္းပညာမ်ားတိုးတက္ေရးသို႔ ဦးတည္ႏိုင္သည္။

ထို႔အျပင္ တ႐ုတ္ႏိုင္ငံသည္ ကမာၻ႔ႀကီးမားဆုံး နည္းပညာဝယ္ယူသည့္ ႏိုင္ငံျဖစ္ၿပီး ထိုအတိုင္းဆက္ လက္ တည္ရွိကာ ႏွစ္စဥ္နည္းပညာဝယ္ယူရန္ ေဒၚလာ ဘီလီယံ ၃၀၀ ေက်ာ္သုံးစြဲသည္။ တ႐ုတ္အစိုးရႏွင့္ စီးပြားေရးလုပ္ငန္းမ်ားသည္ ႏိုင္ငံကို နည္းပညာဗဟိုခ်က္ျဖစ္ေစရန္ ဆုံးျဖတ္ထားေသာေၾကာင့္ ေနာင္တြင္ ထိုပမာဏထက္ပင္ ပိုမိုလာမည္ျဖစ္သည္။ အေမရိကန္လုပ္ငန္းမ်ားသည္ တ႐ုတ္ႏိုင္ငံမွ အႀကီးအက်ယ္ ဝယ္ယူမႈမွ အဓိက အက်ိဳးခံစားရသူမ်ားျဖစ္လာၿပီး သုေတသနႏွင့္တိုးတက္ေရးစရိတ္ တိုးျမႇင့္ႏိုင္ကာ နည္းပညာစြမ္းရည္ကို ပိုမိုတိုးတက္ေစမည္ျဖစ္သည္။

ကုန္သြယ္ေရးလိုေငြေလွ်ာ့ခ်ရန္ အခြန္ခ်မွတ္ျခင္းႏွင့္ ကုန္ထုတ္လုပ္ငန္းမ်ားကို ျပည္တြင္းသို႔ ျပန္လည္ေခၚယူျခင္းသည္ မွားယြင္းသည့္ ဦးတည္ဖက္ျဖစ္ေၾကာင္း ထရမ့္၏ အခြန္မ်ားက သက္ေသခံေနသည္။  အေမရိကန္ႏိုင္ငံက တ႐ုတ္မွ တင္သြင္းေသာကုန္မ်ားသည္ အေမရိကန္၏ ကုန္မ်ားသာျဖစ္ၿပီး တ႐ုတ္ႏိုင္ငံတြင္ တပ္ဆင္ထုတ္လုပ္ျခင္းသာျဖစ္သည္။ ထို႔ေၾကာင့္အခြန္မ်ား ခ်မွတ္ျခင္းသည္ အေမရိကန္ ကုန္စည္မ်ား ကို အခြန္ခ်မွတ္ျခင္းႏွင့္သာတူေနသည္။

ထိုသို႔ လုပ္မည့္အစား ဘိုင္ဒင္သည္ အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရး ဆက္ဆံမႈကို ေဆြးေႏြးပူး ေပါင္းေဆာင္႐ြက္ျခင္းျဖင့္ တိုးတက္ေအာင္လုပ္ေဆာင္သင့္သည္။ဥပမာဆိုရပါက အေမရိကန္သည္ ၎ အေနျဖင့္ ႏႈိင္းယွဥ္ခ်က္အားျဖင့္ အက်ိဳးအျမတ္သာသည့္ ကုန္စည္မ်ားကိုသာ ထုတ္လုပ္သင့္ၿပီး အက်ိဳး အျမတ္နည္းသည့္ ကုန္စည္မ်ားကို ခြဲျဖန႔္ေပးသင့္သည္။  အေမရိကန္သည္ အလုပ္သမားမ်ားကို အလုပ္ အကိုင္သစ္မ်ားအတြက္ ျပန္လည္ေလ့က်င့္ေပးသည္ က်ယ္ျပန႔္ေသာ အစီအစဥ္ကိုလည္း ခ်မွတ္သင့္သည္။ ထိုအခါမွသာ အေမရိက သည္ ဆက္လက္ႀကီးျမတ္ေနမည္ျဖစ္သည္။

ထရမ့္၏ တ႐ုတ္ႏိုင္ငံအေပၚ ႐ူးသြပ္ေသာ နည္းပညာႏွင့္ကုန္သြယ္ေရး စစ္ပြဲကို ႐ုတ္သိမ္းရန္ အေမရိကန္ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ လက္ေတြ႕က်သူမ်ား၏ ေတာင္းဆိုမႈကို ဘိုင္ဒင္ သတိျပဳသင့္သည္။ အေမရိကန္ စီးပြားေရးက်ဆင္းမႈကို ေျပာင္းျပန္လွန္ရန္ ဘိုင္ဒင္၏ ကတိကိုျဖည့္ဆည္းရန္ တ႐ုတ္ႏိုင္ငံႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းသည္ အေကာင္းဆုံး နည္းလမ္းျဖစ္သည္။

(အယ္ဒီတာ မွတ္ခ်က္ - ကင္မုတ္သည္ စီးပြားေရး သေဘာတရား၊ အမ်ားျပည္သူဆိုင္ရာ မူဝါဒႏွင့္ ကမာၻတဝွမ္း ေပါင္းစည္းျခင္းတို႔ကို တကၠသိုလ္အဆင့္တြင္ ၃၃ ႏွစ္ၾကာသင္ၾကားခဲ့သည္။ သူသည္ ၂၀၁၅ ခုႏွစ္တြင္ တ႐ုတ္ႏိုင္ငံစီးပြားေရးတိုးတက္လာျခင္းႏွင့္ ကမာၻတဝွမ္းသက္ေရာက္မႈမ်ား စာအုပ္ကို ပူးတြဲေရးသားခဲ့သည္။ယခုေဆာင္းပါးသည္ သူ၏ ထင္ျမင္ခ်က္မ်ားသာျဖစ္ၿပီး CGTN ၏ အျမင္မ်ားဟု ယူဆႏိုင္မည္မဟုတ္ေပ)

Linko

Ref: Biden should rescind Trump's trade and technology wars against China:CGTN