【 နိုင်ငံတကာ ဆောင်းပါး 】သိမ်းမြစ်တငြိမ့်ငြိမ့်စီးဆင်းနေစဉ် ဗြိတိန်နိုင်ငံရေးသမားများငြင်းခုံနေ

 【  နိုင်ငံတကာ ဆောင်းပါး  】သိမ်းမြစ်တငြိမ့်ငြိမ့်စီးဆင်းနေစဉ် ဗြိတိန်နိုင်ငံရေးသမားများငြင်းခုံနေ

အတိုက်အခံနှင့် ပုန်ကန်သူ ကွန်ဆာဗေးတစ်ပါတီ ပါလီမန် အမတ်များ သည် ဗြိတိန်ပါလီမန်ကို ထိန်းချုပ်ပြီး ဥရောပသမဂ္ဂမှ ဗြိတိန်နု တ်ထွက်ရေး (Brexit )ကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ သက်တမ်း တိုးပေးရေး အတွက် ဥရောပသမဂ္ဂကို ပြောရန် ဝန်ကြီးချုပ်ဘောရစ် ဂျွန်ဆင် အားဖိအားပေးရေးအတွက် ၃၂၈ မဲ ၃၀၁ မဲဖြင့် အင်္ဂါနေ့က ဆုံးဖြတ်လိုက်ကြသည်။

အင်္ဂါနေ့က မဲခွဲခြင်းကြောင့် ဂျွန်ဆင်သည် မည်သည်သဘော တူညီချက် မှမရဘဲ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေး (no-deal Brexit) ကို တွန်းအားပေးရန် အခွင့်အာဏာရုတ်သိမ်းခံလိုက်ရသည်။ ဂျွန်ဆင်နှင့် သူ့ကိုဆန့်ကျင်သူများသည် မည်သည့်သဘောတူညီချက်မျှမရဘဲ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေး နှင့် ပတ်သက်ပြီး ထိပ်တိုက်
တွေ့နေ ကြပြီး သူ့ကိုဆန့်ကျင်သူများကမ ထိုသို့လုပ်ဆောင်ခြင်းသည် ဗြိတိန်နိုင်ငံအတွက် ကြီးမားသော စီးပွားရေး အန္တရာယ်ကိုဖြစ်စေမည်၊ မည်သည့်တန်ဖိုးပေးဆပ်ရသည်ဖြစ်စေ ရှောင်ရှားသင့်သည်ဟု ပြောဆိုနေစဉ် ဂျွန်ဆင်ကမူ ထိုသို့လုပ်ခြင်းသည် ဥရောပသမဂ္ဂမှ ဗြိတိန်နုတ် ထွက်ရေး သဘောတူပြဋ္ဌာန်းချက်များကို ပိုမိုပျော့ပျောင်းအောင် လုပ်
ဆောင်ရန် ဥရောပသမဂ္ဂကို ခြိမ်းခြောက်နိုင်သည်ဟု ဆိုသည်။

no-deal Brexit သည် ဥရောပသမဂ္ဂအပေါ်သက်ရောက်မှုမှာ အကန့် အသတ်နှင့်သာရှိပြီး ဗြိတိန်စီးပွားရေးကို အကြီးအကျယ် ထိုးနှက်နိုင်သောကြောင့် ဂျွန်ဆင်၏ စဉ်းစားတွေးခေါ်မှုသည် အပြစ်အနာအဆာ မကင်းပေ။ ဗြိတိန်နုတ်ထွက်ပြီးကာလတွင် ဗြိတိန်ခံစားရနိုင်မည့် ဒုက ္ခများ သည် သမဂ္ဂမှ နုတ်ထွက်လိုသော အခြားနိုင်ငံများအတွက် အတားအစီး ဖြစ်စေမည်ဟုလည်း ဥရောပသမဂ္ဂ ကျွမ်းကျင်သူများက မျှော်လင့်နေသည်။ ထို့ကြောင့် ဗြိတိန်ကို ဥရောပသမဂ္ဂက အလျှော့ ပေးခြင်း မေးခွန်းသည် မည်သည့်နေရာသို့ရောက်နေသနည်း။

၎င်းတို့သည် no-deal Brexit အတွက် အဆင်သင့်ဖြစ်ကြောင်း ရှင်းရှင်း လင်းလင်းပြောကြားထားပြီး ဂျွန်ဆင်၏ အကျပ်ကိုင်မှုနည်းပရိယာယ်ကို မကြောက်ကြောင်း အလေးအနက်ပြောထားသည်။ ကွန်ဆာဗေးတစ် ကိုယ်စားလှယ် အားလုံးက သူ့ကို ထောက်ခံမည်မဟုတ်ကြောင်း သဘောပေါက်ထားသောကြောင့် ဂွန်ဆင်သည် ဗုဒ္ဓဟူးနေ့က ပါလီမန် တွင် ရွေးကောက်ပွဲစောစီးစွာ ကျင်းပရန် အဆိုတရပ်တင် သွင်းသော် လည်း အထွေထွေရွေးကောက်ပွဲကျင်းပရန်လိုအပ်သည့် မဲသုံးပုံနှစ်ပုံ အများစုကို မရခဲ့ပေ။

ဗြိတိန်တွင် သက်တမ်းအတိုဆုံး ဝန်ကြီးချုပ်ဖြစ်သွားနိုင်သောကြောင့် ဂျွန်ဆင်သည် သူ၏တင်းမာသော ခေါင်းမာမှုနှင့်အတူသူလိုချင်သည်ကို ရရန်အတွက် ကြီးမားသော အလောင်းအစားတိုကို ပြုလုပ်လိုက်သည်။ ဗြိတိန်နိုင်ငံ၏ နိုင်ငံရေးအခြေအနေမှာ သိမ်းမြစ်ကဲ့သို့ တည်ငြိမ်မှုမရှိဘဲ ပွက်လောရိုက်နေပြီး အနာဂါတ်နှင့် ပတ်သက်ပြီး မှန်းဆပြောဆိုလျှင် မှားယွင်မှုတခုသာဖြစ်ပေလိမ့်မည်။ သို့သော် သေချာသောအရာတခုမှာ ဗြိတိန်နိုင်ငံရေးကို Brexit က အရိပ်မည်းထိုးနေသည် ဟူသော အချက် ပင်ဖြစ်သည်။ 

(  Zawgyi  )

 အတိုက္အခံႏွင့္ ပုန္ကန္သူ ကြန္ဆာေဗးတစ္ပါတီ ပါလီမန္ အမတ္မ်ား သည္ ၿဗိတိန္ပါလီမန္ကို ထိန္းခ်ဳပ္ၿပီး ဥေရာပသမဂၢမွ ၿဗိတိန္ႏု တ္ထြက္ေရး (Brexit )ကို ေအာက္တိုဘာလ ၃၁ ရက္ေန႔အထိ သက္တမ္း တိုးေပးေရး အတြက္ ဥေရာပသမဂၢကို ေျပာရန္ ဝန္ႀကီးခ်ဳပ္ေဘာရစ္ ဂြၽန္ဆင္ အားဖိအားေပးေရးအတြက္ ၃၂၈ မဲ ၃၀၁ မဲျဖင့္ အဂၤါေန႔က ဆုံးျဖတ္လိုက္ၾကသည္။

အဂၤါေန႔က မဲခြဲျခင္းေၾကာင့္ ဂြၽန္ဆင္သည္ မည္သည္သေဘာ တူညီခ်က္ မွမရဘဲ ဥေရာပသမဂၢမွ ၿဗိတိန္ႏုတ္ထြက္ေရး (no-deal Brexit) ကို တြန္းအားေပးရန္ အခြင့္အာဏာ႐ုတ္သိမ္းခံလိုက္ရသည္။ ဂြၽန္ဆင္ႏွင့္ သူ႔ကိုဆန႔္က်င္သူမ်ားသည္ မည္သည့္သေဘာတူညီခ်က္မွ်မရဘဲ ဥေရာပသမဂၢမွ ၿဗိတိန္ႏုတ္ထြက္ေရး ႏွင့္ ပတ္သက္ၿပီး ထိပ္တိုက္
ေတြ႕ေန ၾကၿပီး သူ႔ကိုဆန႔္က်င္သူမ်ားကမ ထိုသို႔လုပ္ေဆာင္ျခင္းသည္ ၿဗိတိန္ႏိုင္ငံအတြက္ ႀကီးမားေသာ စီးပြားေရး အႏၲရာယ္ကိုျဖစ္ေစမည္၊ မည္သည့္တန္ဖိုးေပးဆပ္ရသည္ျဖစ္ေစ ေရွာင္ရွားသင့္သည္ဟု ေျပာဆိုေနစဥ္ ဂြၽန္ဆင္ကမူ ထိုသို႔လုပ္ျခင္းသည္ ဥေရာပသမဂၢမွ ၿဗိတိန္ႏုတ္ ထြက္ေရး သေဘာတူျပ႒ာန္းခ်က္မ်ားကို ပိုမိုေပ်ာ့ေပ်ာင္းေအာင္ လုပ္
ေဆာင္ရန္ ဥေရာပသမဂၢကို ၿခိမ္းေျခာက္ႏိုင္သည္ဟု ဆိုသည္။

no-deal Brexit သည္ ဥေရာပသမဂၢအေပၚသက္ေရာက္မႈမွာ အကန႔္ အသတ္ႏွင့္သာရွိၿပီး ၿဗိတိန္စီးပြားေရးကို အႀကီးအက်ယ္ ထိုးႏွက္ႏိုင္ေသာေၾကာင့္ ဂြၽန္ဆင္၏ စဥ္းစားေတြးေခၚမႈသည္ အျပစ္အနာအဆာ မကင္းေပ။ ၿဗိတိန္ႏုတ္ထြက္ၿပီးကာလတြင္ ၿဗိတိန္ခံစားရႏိုင္မည့္ ဒုက ၡမ်ား သည္ သမဂၢမွ ႏုတ္ထြက္လိုေသာ အျခားႏိုင္ငံမ်ားအတြက္ အတားအစီး ျဖစ္ေစမည္ဟုလည္း ဥေရာပသမဂၢ ကြၽမ္းက်င္သူမ်ားက ေမွ်ာ္လင့္ေနသည္။ ထို႔ေၾကာင့္ ၿဗိတိန္ကို ဥေရာပသမဂၢက အေလွ်ာ့ ေပးျခင္း ေမးခြန္းသည္ မည္သည့္ေနရာသို႔ေရာက္ေနသနည္း။

၎တို႔သည္ no-deal Brexit အတြက္ အဆင္သင့္ျဖစ္ေၾကာင္း ရွင္းရွင္း လင္းလင္းေျပာၾကားထားၿပီး ဂြၽန္ဆင္၏ အက်ပ္ကိုင္မႈနည္းပရိယာယ္ကို မေၾကာက္ေၾကာင္း အေလးအနက္ေျပာထားသည္။ ကြန္ဆာေဗးတစ္ ကိုယ္စားလွယ္ အားလုံးက သူ႔ကို ေထာက္ခံမည္မဟုတ္ေၾကာင္း သေဘာေပါက္ထားေသာေၾကာင့္ ဂြန္ဆင္သည္ ဗုဒၶဟူးေန႔က ပါလီမန္ တြင္ ေ႐ြးေကာက္ပြဲေစာစီးစြာ က်င္းပရန္ အဆိုတရပ္တင္ သြင္းေသာ္ လည္း အေထြေထြေ႐ြးေကာက္ပြဲက်င္းပရန္လိုအပ္သည့္ မဲသုံးပုံႏွစ္ပုံ အမ်ားစုကို မရခဲ့ေပ။

ၿဗိတိန္တြင္ သက္တမ္းအတိုဆုံး ဝန္ႀကီးခ်ဳပ္ျဖစ္သြားႏိုင္ေသာေၾကာင့္ ဂြၽန္ဆင္သည္ သူ၏တင္းမာေသာ ေခါင္းမာမႈႏွင့္အတူသူလိုခ်င္သည္ကို ရရန္အတြက္ ႀကီးမားေသာ အေလာင္းအစားတိုကို ျပဳလုပ္လိုက္သည္။ ၿဗိတိန္ႏိုင္ငံ၏ ႏိုင္ငံေရးအေျခအေနမွာ သိမ္းျမစ္ကဲ့သို႔ တည္ၿငိမ္မႈမရွိဘဲ ပြက္ေလာ႐ိုက္ေနၿပီး အနာဂါတ္ႏွင့္ ပတ္သက္ၿပီး မွန္းဆေျပာဆိုလွ်င္ မွားယြင္မႈတခုသာျဖစ္ေပလိမ့္မည္။ သို႔ေသာ္ ေသခ်ာေသာအရာတခုမွာ ၿဗိတိန္ႏိုင္ငံေရးကို Brexit က အရိပ္မည္းထိုးေနသည္ ဟူေသာ အခ်က္ ပင္ျဖစ္သည္။