【 နိုင်ငံတကာ ဆောင်းပါး 】အခက်အခဲများကို ခံနိုင်ရည်ရှိသည့် အလျှင်အမြန်ပြန်လည်ကောင်းမွန်လာသည့် တရုတ်၏ပူးပေါင်းဆောင်ရွက်မှု

【  နိုင်ငံတကာ ဆောင်းပါး 】အခက်အခဲများကို ခံနိုင်ရည်ရှိသည့် အလျှင်အမြန်ပြန်လည်ကောင်းမွန်လာသည့် တရုတ်၏ပူးပေါင်းဆောင်ရွက်မှု

စွမ်းဆောင်ရည်လွန်စွာညံ့ဖျင်းသည့် ဖွံ့ဖြိုးဆဲ နိုင်ငံအဖြစ်မှ လကို စူးစမ်းလေ့လာရေးယာဉ်စေလွတ်သည့် နည်းပညာ ခေါင်းဆောင်အချိန်တိုအတွင်းဖြစ်လာသော တရုတ်နိုင်ငံကို မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က တနင်္လာနေ့တွင် အကြီးအကျယ် ချီးကျူး ဂုဏ်ပြုလိုက်သည်။

 “အရင်တုန်းက ကျနော်တို့နောက်ကနေ အခုသူတို့က ကျနော်တို့ရဲ့ရှေ့ကိုရောက်သွားပြီ” ဟု တိုးတက်နေသော စီးပွားရေးတခုအဖြစ် မလေးရှားနိုင်ငံ၏ ပုရိပ်ကို မြှင့်တင်သည့် ပြည်တွင်း ညီလာခံတခုတွင် သူပြောသည်။ တရုတ်နိုင်ငံ၏ အောင်မြင်မှုသည် ပြည်သူများ၏ အလုပ်ကြိုးစားမှုနှင့် အပြည်အဝတိုးတက်သည့် နိုင်ငံတခု၊ မည်သူမျှ မခြိမ်းခြောက်နိုင် အထင်မသေးနိုင်သည့် ကြွယ်ဝချမ်းသာသော နိုင်ငံဖြစ်ရေးအတွက် ပြတ်သားသော ဆုံးဖြတ်ချက်ကြောင့် ဖြစ်သည်ဟု သူပြောသည်။
 
ကမ္ဘာ့ အသက်အကြီးဆုံး အစိုးရအဖွဲ့လက်ရှိအကြီးအကဲအနေဖြင့် အသက် ၉၃ နှစ်ရှိပြီဖြစ်သော မဟာသီယာသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးလမ်းကြောင်းနှင့် နိုင်ငံတကာလုပ်ဖေါ်ကိုင်ဖက်များနှင့် ပတ်သက်သော ရည်မှန်းချက်များတို့နှင့် ပတ်သက်ပြီး များစွာ နားလည် ခဲ့သည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။ ထို့ကြောင့် ထိုဝါရင့်နိုင်ငံရေးသမားကြီးသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းတခုလမ်းတခုအစီအစဉ်ကို ထောက်ခံပြီး ဒုတိယအကြိမ်မြောက် ရပ်ဝန်းတခု၊လမ်းတခု နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးညီလာခံသို့ ကိုယ်စားလှယ်အဖွဲတခုကို ဦးဆောင်တက်ရောက်မည်ဟု သတင်းများကဆိုသည်။

ထိုသို့ဆိုခြင်းကြောင့် ၂ နိုင်ငံသည် တနိုင်ငံနှင့် တနိုင်ငံအမြဲတမ်းနားလည်မှု ရှိကြသည်ဟု ဆိုလိုခြင်းမရှိပေ။ မဟာသီယာ အာဏာရ လာပြီးနောက် မကြာမီ လွန်ခဲ့သောနှစ်က နှစ်နိုင်ငံဆက်ဆံရေးမှာ အကျပ်အတည်းဆိုက်ခဲ့သည်။ မဟာသီယာသည် ကုန်ကျစရိတ်မြင့်မားခြင်းနှင့် ယခင်ဝန်ကြီးချုပ်၏ အဂတိလိုက်စားမှုများကို အကြောင်းပြပြီး ရပ်ဝန်းတခု၊လမ်းတခု အစီအစဉ် (BRI) ၏ အစိတ်အပိုင်းဖြစ်သော မလေးရှားမှ အဓိက အခြေခံအဆောက်အအုံစီမံကိန်း ၂ ခုကို ဖျက်သိမ်းလိုက်သည်။ ထိုစီမံကိန်း ၂ ခု စုစုပေါင်း ဒေါ်လာ ၂၂ ဘီလျံတန်သော သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ရထားလမ်းစီမံကိန်းတို့ဖြစ်သည်။

အချို့သောသူများက ထိုဖြစ်ရပ်သည် ကိုလိုနီလက်သစ်ဝါဒ ခြိမ်းခြောက်မှုအောက်တွင် တရုတ်နိုင်ငံနှင့် လမ်းခွဲရန် မလေးရှားနိုင်ငံ၏ အားထုတ်မှုဖြစ်သည်ဟု မြင်ကြသည်။ သို့သော်ထိုသို့သော ပြောဆိုမှုများကို မဟာသီယာက အကြိမ်ကြိမ်ငြင်းဆိုပြီး မလေးရှားနိုင်ငံ၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူနှင့် ကုန်သွယ်ဘက်ဖြစ်သော တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်စွာ ထိန်းသိမ်းထားရေးမူဝါဒကို ထပ်မံအတည်ပြုနေသည့်ကြားမှ ထိုသို့သော ပြောဆိုမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

နှစ်နိုင်ငံအကြား ခင်မင်ရင်းနှီးသော ဆက်ဆံရေးများမှာ ၁၅ ရာစုကပင်ရှိခဲ့သည်။ ထို့အပြင် ၁၉၄၇ ခုနှစ်က မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်သော ပထမဆုံး အရှေ့တောင်အာရှ နိုင်ငံများ အသင်းဝင်နိုင်ငံဖြစ်လာခဲ့သည်။ ထိုကဲ့သို့ ရှည်ကြာသော ဆက်ဆံရေး အခက်အခဲများနှင့် အကျပ်အတည်းများကိုပင် ခံနိုင်လောက်အောင် လျှင်မြန်စွာပြန်လည်ကောင်းမွန်နိုင်သည်။ ဖျက်သိမ်းထားသော ရထားလမ်းစီမံကိန်းနှင့်ပတ်သက်ပြီး ၂ နိုင်ငံအစိုးရများဆွေးနွေးနေပြီး ပိုမိုသေးငယ်သော စီမံကိန်းတခုကို ပြန်လည် အသက်သွင်း ရန်ဖြစ်နိုင် သည်ဟူသည့် သတင်းများထွက်ပေါ်နေပြီးဖြစ်သည်။

တရုတ်နိုင်ငံသည် အခြားနိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေးထူတောင်ရာတွင် နှစ်ဘက် အကျိုးအမြတ်ရှိမည့် ရလဒ်များကိုသာ ရယူရန်ကြိုးစားပြီး တဘက်တည်း အကျိုးအမြတ်ရမည့် မူဝါဒကို မည်သည့်အခါမျှ မကျင့်သုံးခဲ့ပေ။ ညှိနှိုင်းတိုင်ပင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် နှစ်နိုင်ငံ ဘုံစီးပွားတိုးတက်မှု ရှိနေပြီး ဈေးကွက်မူဝါဒများနှင့် နိုင်ငံတကာစည်းမျဉ်းများကို လိုက်နာနေသမှကာလပတ်လုံး ပေါ်ပေါက်လာသော မည်သည့် ပြဿနာကိုမဆို နှစ်ဘက်အကျိုးရှိအောင် ဖြေရှင်းနိုင်ပေသည်။

 

(   Zawgyi  )

စြမ္းေဆာင္ရည္လြန္စြာညံ့ဖ်င္းသည့္ ဖြ႕ံၿဖိဳးဆဲ ႏိုင္ငံအျဖစ္မွ လကို စူးစမ္းေလ့လာေရးယာဥ္ေစလြတ္သည့္ နည္းပညာ ေခါင္းေဆာင္အခ်ိန္တိုအတြင္းျဖစ္လာေသာ တရုတ္ႏိုင္ငံကို မေလးရွား၀န္ႀကီးခ်ဳပ္ မဟာသီယာ မိုဟာမက္က တနလၤာေန႔တြင္ အႀကီးအက်ယ္ ခ်ီးက်ဴး ဂုဏ္ျပဳလိုက္သည္။

 “အရင္တုန္းက က်ေနာ္တို႔ေနာက္ကေန အခုသူတို႕က က်ေနာ္တို႕ရဲ႕ေရွ႕ကိုေရာက္သြားၿပီ” ဟု တိုးတက္ေနေသာ စီးပြားေရးတခုအျဖစ္ မေလးရွားႏိုင္ငံ၏ ပုရိပ္ကို ျမွင့္တင္သည့္ ျပည္တြင္း ညီလာခံတခုတြင္ သူေျပာသည္။ တရုတ္ႏိုင္ငံ၏ ေအာင္ျမင္မႈသည္ ျပည္သူမ်ား၏ အလုပ္ႀကိဳးစားမႈႏွင့္ အျပည္အ၀တိုးတက္သည့္ ႏိုင္ငံတခု၊ မည္သူမွ် မၿခိမ္းေျခာက္ႏိုင္ အထင္မေသးႏိုင္သည့္ ၾကြယ္၀ခ်မ္းသာေသာ ႏိုင္ငံျဖစ္ေရးအတြက္ ျပတ္သားေသာ ဆုုံးျဖတ္ခ်က္ေၾကာင့္ ျဖစ္သည္ဟု သူေျပာသည္။
 
ကမၻာ့ အသက္အႀကီးဆုံး အစိုးရအဖြဲ႕လက္ရွိအႀကီးအကဲအေနျဖင့္ အသက္ ၉၃ ႏွစ္ရွိၿပီျဖစ္ေသာ မဟာသီယာသည္ တရုတ္ႏိုင္ငံ၏ ဖြံ႕ၿဖိဳး တိုးတက္ေရးလမ္းေၾကာင္းႏွင့္ ႏိုင္ငံတကာလုပ္ေဖၚကိုင္ဖက္မ်ားႏွင့္ ပတ္သက္ေသာ ရည္မွန္းခ်က္မ်ားတို႔ႏွင့္ ပတ္သက္ၿပီး မ်ားစြာ နားလည္ ခဲ့သည္မွာ ႏွစ္အတန္ၾကာၿပီျဖစ္သည္။ ထို႔ေၾကာင့္ ထို၀ါရင့္ႏိုင္ငံေရးသမားႀကီးသည္ တရုတ္ႏိုင္ငံ၏ ရပ္၀န္းတခုလမ္းတခုအစီအစဥ္ကို ေထာက္ခံၿပီး ဒုတိယအႀကိမ္ေျမာက္ ရပ္၀န္းတခု၊လမ္းတခု ႏိုင္ငံတကာပူးေပါင္းေဆာင္ရြက္ေရးညီလာခံသို႔ ကိုယ္စားလွယ္အဖြဲတခုကို ဦးေဆာင္တက္ေရာက္မည္ဟု သတင္းမ်ားကဆိုသည္။

ထိုသို႕ဆိုျခင္းေၾကာင့္ ၂ ႏိုင္ငံသည္ တႏိုင္ငံႏွင့္ တႏိုင္ငံအၿမဲတမ္းနားလည္မႈ ရွိၾကသည္ဟု ဆိုလိုျခင္းမရွိေပ။ မဟာသီယာ အာဏာရ လာၿပီးေနာက္ မၾကာမီ လြန္ခဲ့ေသာႏွစ္က ႏွစ္ႏိုင္ငံဆက္ဆံေရးမွာ အက်ပ္အတည္းဆိုက္ခဲ့သည္။ မဟာသီယာသည္ ကုန္က်စရိတ္ျမင့္မားျခင္းႏွင့္ ယခင္၀န္ႀကီးခ်ဳပ္၏ အဂတိလိုက္စားမႈမ်ားကို အေၾကာင္းျပၿပီး ရပ္၀န္းတခု၊လမ္းတခု အစီအစဥ္ (BRI) ၏ အစိတ္အပိုင္းျဖစ္ေသာ မေလးရွားမွ အဓိက အေျခခံအေဆာက္အအုံစီမံကိန္း ၂ ခုကို ဖ်က္သိမ္းလိုက္သည္။ ထိုစီမံကိန္း ၂ ခု စုစုေပါင္း ေဒၚလာ ၂၂ ဘီလ်ံတန္ေသာ သဘာ၀ဓာတ္ေငြ႕ပိုက္လိုင္းႏွင့္ ရထားလမ္းစီမံကိန္းတို႔ျဖစ္သည္။

အခ်ိဳ႕ေသာသူမ်ားက ထိုျဖစ္ရပ္သည္ ကိုလိုနီလက္သစ္၀ါဒ ၿခိမ္းေျခာက္မႈေအာက္တြင္ တရုတ္ႏိုင္ငံႏွင့္ လမ္းခြဲရန္ မေလးရွားႏိုင္ငံ၏ အားထုတ္မႈျဖစ္သည္ဟု ျမင္ၾကသည္။ သို႔ေသာ္ထိုသို႔ေသာ ေျပာဆိုမႈမ်ားကို မဟာသီယာက အႀကိမ္ႀကိမ္ျငင္းဆိုၿပီး မေလးရွားႏိုင္ငံ၏ အႀကီးမားဆုံး ရင္းႏွီးျမွဳပ္ႏွံသူႏွင့္ ကုန္သြယ္ဘက္ျဖစ္ေသာ တရုတ္ႏိုင္ငံႏွင့္ ဆက္ဆံေရးေကာင္းမြန္စြာ ထိန္းသိမ္းထားေရးမူ၀ါဒကို ထပ္မံအတည္ျပဳေနသည့္ၾကားမွ ထိုသို႔ေသာ ေျပာဆိုမႈမ်ား ေပၚေပါက္လာျခင္းျဖစ္သည္။

ႏွစ္ႏိုင္ငံအၾကား ခင္မင္ရင္းႏွီးေသာ ဆက္ဆံေရးမ်ားမွာ ၁၅ ရာစုကပင္ရွိခဲ့သည္။ ထို႕အျပင္ ၁၉၄၇ ခုႏွစ္က မေလးရွားႏိုင္ငံသည္ တရုတ္ႏိုင္ငံႏွင့္ သံတမန္ဆက္ဆံေရးထူေထာင္ေသာ ပထမဆုံး အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ား အသင္း၀င္ႏိုင္ငံျဖစ္လာခဲ့သည္။ ထိုကဲ့သို႕ ရွည္ၾကာေသာ ဆက္ဆံေရး အခက္အခဲမ်ားႏွင့္ အက်ပ္အတည္းမ်ားကိုပင္ ခံႏိုင္ေလာက္ေအာင္ လွ်င္ျမန္စြာျပန္လည္ေကာင္းမြန္ႏိုင္သည္။ ဖ်က္သိမ္းထားေသာ ရထားလမ္းစီမံကိန္းႏွင့္ပတ္သက္ၿပီး ၂ ႏိုင္ငံအစိုးရမ်ားေဆြးေႏြးေနၿပီး ပိုမိုေသးငယ္ေသာ စီမံကိန္းတခုကို ျပန္လည္ အသက္သြင္း ရန္ျဖစ္ႏိုင္ သည္ဟူသည့္ သတင္းမ်ားထြက္ေပၚေနၿပီးျဖစ္သည္။

တရုတ္ႏိုင္ငံသည္ အျခားႏိုင္ငံမ်ားႏွင့္ မိတ္ဖက္ဆက္ဆံေရးထူေတာင္ရာတြင္ ႏွစ္ဘက္ အက်ိဳးအျမတ္ရွိမည့္ ရလဒ္မ်ားကိုသာ ရယူရန္ႀကိဳးစားၿပီး တဘက္တည္း အက်ိဳးအျမတ္ရမည့္ မူ၀ါဒကို မည္သည့္အခါမွ် မက်င့္သုံးခဲ့ေပ။ ညွိႏိႈင္းတိုင္ပင္မ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ားျဖင့္ ႏွစ္ႏိုင္ငံ ဘုံစီးပြားတိုးတက္မႈ ရွိေနၿပီး ေစ်းကြက္မူ၀ါဒမ်ားႏွင့္ ႏိုင္ငံတကာစည္းမ်ဥ္းမ်ားကို လိုက္နာေနသမွကာလပတ္လုံး ေပၚေပါက္လာေသာ မည္သည့္ ျပႆနာကိုမဆို ႏွစ္ဘက္အက်ိဳးရွိေအာင္ ေျဖရွင္းႏိုင္ေပသည္။