【 နိုင်ငံတကာ ဆောင်းပါး 】“ တရုတ်နိုင်ငံတွင် မေလနှောင်းပိုင်းစီစဉ်ထားသော အရေးပါသည့် အစည်းအဝေးကြီးနှစ်ခု “

【  နိုင်ငံတကာ ဆောင်းပါး 】“ တရုတ်နိုင်ငံတွင် မေလနှောင်းပိုင်းစီစဉ်ထားသော အရေးပါသည့် အစည်းအဝေးကြီးနှစ်ခု “

တရုတ်နိုင်ငံ၏ အရေးအပါဆုံး နိုင်ငံရေးစည်းဝေးပွဲနှစ်ခုဟု ခေါ်သော  အမျိုးသားပြည်သူ့ ကွန်ဂရက် စုံညီအစည်းအဝေး (NPC) နှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ အမျိုးသား ကော်မတီ ကွန်ဖရင့် (CPPCC) တို့ကို မေလ နှောင်းပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး  ထိုသို့ကျင်းပခြင်း ကြောင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကို အပြည့်အဝပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းလည်း ပြသရာရောက်နေသည်။

ကူးစက်ရောဂါ၏ သက်ရောက်မှုကြောင့် ယခုနှစ်တွင် ကျင်းပမည့် ထိုအစည်းအဝေးကြီး နှစ်ခုကို အချိန်လျှော့ချ ကျင်းပဖွယ်ရှိကြောင်း ထိုအစည်းအဝေးများ တက်ရောက်ရန် စီစဉ်ထားသည့် NPC ကိုယ်စားလှယ်များနှင့် CPPCC အဖွဲ့ဝင်များက ပြောဆိုကြသည်။

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ တတိယအကြိမ် စုံညီအစည်းအဝေးကို မေလ ၂၂ ရက်နေ့တွင် ဘေ့ဂျင်းတွင် ကျင်းပမည်ဖြစ်ကြောင်း NPC အမြဲတမ်းကော်မတီက ဗုဒ္ဒဟူးနေ့နံနက်တွင် ချမှတ်သည့် ဆုံးဖြတ်ချက်အရ သိရသည်။ ရောဂါထိန်းချုပ်မှုသည် စီးပွား ရေး နှင့် လူမှုဘဝများ ပုံမှန်အတိုင်း တဖြည်းဖြည်း ပြန်လည်လည်ပတ်နိုင်ကြောင်း သေချာ သောကြောင့် ယခုနှစ် NPC အစည်းအဝေးဖွင့်လှစ်မည့်နေ့ကို NPC အမြဲတမ်း ကော်မတီ၏ နှစ်လ တကြိမ် အစည်းအဝေးတွင် ဆုံးဖြတ်သည်။

CPPCC ၏ ၁၃ ကြိမ်မြောက် အမျိုးသားကော်မတီ တတိယနှစ်ပတ်လည် အစည်းအဝေးကို ဘေ့ဂျင်းတွင် မေလ ၂၁ ရက်နေ့တွင် ကျင်းပရန် အဆိုပြုထားသည်။ ထိုအဆိုပြုချက်ကို CPPCC ၏ နိုင်ငံလုံးဆိုင်ရာကော်မတီ ဥက္ကဌများကောင်စီက မကြာသေးမီက ကျင်းပသည့် အစည်းအဝေး တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုအစည်းအဝေးနှစ်ခု၏ အချိန်အခါသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကို နိုင်ငံအဝှမ်း တိုက်ဖျက် ရာတွင် အောင်မြင်မှုကို ပြသရန်ဖြစ်သည်ဟု ယူဆကြောင်း NPC ကိုယ်စားလှယ်နှင့် တရုတ်လူမှုသိပံအကယ်ဒမီမှ သုတေသီ Zhou Hong ပြောသည်။ မူလက ကူးစက်ရောဂါကြောင့် ထို အရေးပါသော အစည်းအဝေးနှစ်ခုကို ရွှေ့ဆိုင်းရမည့် အခြေအနေဖြစ်ပေါ်ခဲ့သည်။ နိုင်ငံ၏ ကူးစက်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေး အားထုတ်မှုများတွင် တရုတ်နိုင်ငံ၏ ဆိုရှယ်လစ်စနစ်က အဓိကအခန်းမှ ပါဝင်သည့် အားသားချက်ကြောင့် အောင်မြင်မှု ရခဲ့ခြင်းဖြစ် ကြောင်းလည်း သူမှတ်ချက်ချသည်။

NPC အမြဲတမ်းကော်မတီသည်  စုံညီအစည်းအဝေးကို မတ်လ ၅ ရက်နေ့တွင် ကျင်းပရန် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် NPC အမြဲတမ်းကော်မတီသည် ထိုအစည်းအဝေးကို ဆိုင်းငံ့ရန်  ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

NPC အစည်းအဝေးအတွင်း ဘဝအလွှာစုံမှ ကိုယ်စားလှယ် ၃၀၀၀ ခန့်သည် ဗဟိုအစိုးရ၊ တရားရုံးချုပ်နှင့်ရှေ့နေချုပ်ရုံးများ၏ လုပ်ငန်းများ၊ အမျိုးသာ ဘာဏ္ဍာငွေ ခွဲဝေမှုနှင့်  အမျိုးသာ စီးပွားရေးနှင့်လူမှုရေးတိုးတက်မှု စီမံကိန်း စသည်တို့ကို ပြန်လည်သုံသပ်ရန် ဘေ့ဂျင်းတွင် တွေ့ဆုံကြမည်ဖြစ်သည်။

တရုတ်နိုင်ငံမှ ကူးစက်ရောဂါအခြေအနေကိုနောက်ဆုံးစောင့်ကြည့်ရန်လိုနေသေးသောကြောင့် ထိုအစည်းအဝေးများအပေါ် သက်ရောက်မှုရှိနိုင်သည်။ သို့သော် ဂလိုဘယ်တိုင်းမ်က ဆက်သွယ် နိုင်ခဲ့သည့် ထိုအစည်းအဝေးများသို့ တက်ရောက်မည့် သူများက ၎င်းတို့သည် စင်းလုံးငှား လေယာဉ်ဖြင့်သွားရောက်ရမည် သို့မဟုတ် ဘေ့ဂျင်းသို့ရောက်သော အခါ ၁၄ ရက် အသွားအလာ အနေအထိုင်ကန့်သတ်ခံရမည် မခံရမည်စသည်တို့အပါအဝင် ၎င်းတို့၏ ပြည်နယ်များမှ ဘေ့ဂျင်း သို့ သွားရောက်ရန် အစီအစဉ် အသေးစိတ်ကို မသိရသေးကြောင်း ပြောကြားသည်။

ဗုဒ္ဒဟူးနေ့နံနက်ကမှ ရက်စွဲအတိအကျကို သိရကြောင်းနှင့် ပြည်နယ်စည်းရုံးရေးကော်မတီမှ အကြောင်းကြားစာမရသေးကြောင်း တရုတ်အမျိုးသား အာကာသ သိပ္ပံနှင့် စက်မှုလုပ်ငန်း ကော်ပိုရေးရှင်းမှ ဝါရင့် ဒုံးပျံ အင်ဂျင်နီယာနှင့် တရုတ်ပြည် အလယ်ပိုင်း ဟူဘေးပြည်နယ် မြို့တော် ဝူဟန်မှ ၁၃ ကြိမ်မြောက် အမျိုးသားကွန်ဂရက် ကိုယ်စားလှယ် Hu Shengyun က ဂလိုဘယ်လ်တိုင်းမ်သို့ပြောသည်။

ကိုဗစ်-၁၉ ဒဏ် အပြင်းထန်ဆုံး ခံစားခဲ့ရသော ဝူဟန်မှ ကိုယ်စားလှယ်ဖြစ်သောကြောင့် အသေး စိတ်များကို ပိုမိုသိလိုပြီး ဘေ့ဂျင်းသို့မသွားမီ လုပ်ဆောင်ရန်လိုသော ဆေးဖက်ဆိုင်ရာ လုပ်ငန်း အဆင့်ဆင့် ကိုသိလိုကြောင်း သူပြောသည်။

ထိုအစည်းအဝေးနှစ်ခု၏ ရက်စွဲကိုကြေညာပြီးနောက် နာရီအနည်းငယ် ကြာသောအခါ ဘေ့ဂျင်း က ၁၃ ရက်ဆက်တိုက် ပြည်ပမှကူးစက်သူနှင့်ပြည်တွင်းတွင်ကူးစက်သူ လူနာသစ် မတွေ့သော ကြောင့်  ၎င်း၏ ကူးစက်ရောဂါ အန္တရာယ်အဆင့်ကို ထိပ်ဆုံးအဆင့်မှ အဆင့် ၂ သို့ ကြာသပတေး နေ့မှ စတင်လျှော့ချလိုက်ကြောင်း ကြေညာသည်။

ဘေ့ဂျင်းသို့ ပြည်တွင်းမှရောက်လာသူများသည် အစိမ်ရောင် ကျန်းမာရေး အမှတ်အသားကို ပြသနိုင်ပါက ဟိုတယ်တွင် တည်းမခိုမီ ညူကလီရစ်အက်စစ် အစီရင်ခံစာကို ပြသရန်မလို တော့ ကြောင်း ဘေ့ဂျင်း မြူနီစပါယ် အုပ်ချုပ်ရေးမှ အရာရှိများက ဗုဒ္ဒဟူးနေ့က ကျင်းပသည့် သတင်း စာ ရှင်းလင်းပွဲတွင်ပြောသည်။

ဘေ့ဂျင်း မြို့တော်သည် တရုတ်နိုင်ငံ အခြားအန္တရာယ်နည်းသော ဒေသများမှလာသူများအတွက် ၁၄ ရက် သီးခြားခွဲထားနေထိုင်ရန် လိုအပ်ချက်ကိုလည်း ရုတ်သိမ်းလိုက်သည်။ သို့သော် ထို ကန့်သတ်ချက်သည် ဟူဘေးပြည်နယ်မှ လာမည့်သူများနှင့် အခြားအလယ်အလတ်နှင့် မြင့်မား သော အန္တရာယ်ရှိဒေသများမှလာသူများအတွက် ဆက်လက်ရှိနေသေးသည်။

ထိုအရေးပါသော အစည်းအဝေး နှစ်ခု၏ ရက်စွဲကို ကြေညာခြင်းသည် မြို့တော်တွင် ကူးစက် ရောဂါ အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ပြသနေသောကြောင့် ဘေ့ဂျင်းဒေသခံ များ အတွက် ယုံကြည်မှုကိုမြင့်မားစေသည်။ ထိုအစည်းအဝေးနှစ်ခု ပြီးလျှင် ၎င်းတို့၏ဘဝများသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိကြမည်ဖြစ်သည်။ထိုအစည်းအဝေးနှစ်ခုပြီးလျှင် နှာခေါင်း စည်းများပင် ဝတ်ဆင်ရန်မလိုတော့ဟု အချို့သော အင်တာနက်အသုံးပြုသူများက ခန့်မှန်းနေကြ သည်။

 “နောက်ဆုံးမှာတော့ ရက်စွဲတွေကို အတည်ပြုလိုက်ပါပြီ။ ဒါဟာ မြို့တော်က လူတိုင်းအတွက် သတင်းကောင်းပါ။ ဘေ့ဂျင်းဟာ အမြဲတမ်း အခြားမြို့ကြီးတွေထက် သတိပိုတယ်။ ကန့်သတ် ထိန်းချုပ်မှုတွေကလည်း အခြားနေရာတွေ ထက် ပိုမိုတင်းကျပ်တယ်။ အာဏာပိုင်တွေ အနေနဲ့ အရေးပါတဲ့ နှစ်ပတ်လည် နိုင်ငံရေး အခမ်းအနားတွေကျင်းပဖို့ ပြင်ဆင်ဖို့လိုတယ်။ ဒါကြောင့် ဇွန်လလောက်ဆို ကျနော်တို့ ဘဝတွေ ပုံမှန်အတိုင်းပြန်ုဖြစ်သွားနိုင်တယ်” ဟု မြို့တော်၏ Haidian ခရိုင် တွင်နေသော Chu မျိုးရိုအမည်ရှိ ဘေ့ဂျင်းဒေသခံတဦးကပြောသည်။

အတိတ်နှင့်ကွဲပြားခြားနား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအပြီး ယခုကျင်းပမည့် နှစ်ပတ်လည် နိုင်ငံရေး အစည်းအဝေးများသည် ပိုမိုတိုတောင်းမည်ဖြစ်ကြောင်း Democratic Alliance for the Betterment and Progress of Hong Kong မှ ဒုတိယ ဥက္ကဌနှင့် NPC ကိုယ်စားလှယ် ဖြစ်သူ Yung Chan ပြောသည်။ ကူးစက်ရောဂါ တားဆီးကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအတွက် အစည်းအဝေးများသည် တိုတောင်းမည်ဟု ကြားသိရကြောင်း NPC ကိုယ်စားလှယ်များနှင့် CPPCC နိုင်ငံလုံး ဆိုင်ရာ ကော်မတီ အဖွဲ့ဝင်များကပြောသည်။

အစည်းအဝေးများကို ၇ ရက်သို့လျှော့ချမည်ဖြစ်ကြောင်း ၁၃ ကြိမ်မြောက် NPC သို့ ဟောင်ကောင် မှ ကိုယ်စားလှယ် Witman Hung Wai-man နှင့် CPPCC အဖွဲ့ဝင် ထင်ရှားသော ရှေ့နေကြီးဖြစ်သော Zhu Zhengfu တို့က ဂလိုဘယ်လ်တိုင်းမ် သို့ပြောသည်။ ၎င်းတို့ အဆိုပြု မည့် အချက်များကို ပြင်ဆင်ရင်း အကြောင်းကြားစာကို စောင့်မျှော်နေကြောင်းနှင့် ပြောင်းလဲ နေသော ကူးစက်ရောဂါအခြေအနေနှင့် ကိုက်ညီအောင် အလုပ်အစီအစဉ်ကို ပြင်ဆင် ထားကြောင်း အချို့သော NPC ကိုယ်စားလှယ်များပြောသည်။ ကိုရိုနာဗိုင်းရပ်စ် သည် တရုတ်ပြည်သူများ အကြားတွင် မမေ့နိုင်ဆုံး နွေဦးရာသီကို ထားခဲ့သောကြောင့် ကျန်းမားရေး အကျပ်အတည်းနှင့် ပတ်သက်သည့် အဆိုပြုချက်များကို တင်သွင်းမည်ဖြစ်ကြောင်း ကိုယ်စားလှယ် အများအပြားကပြောကြသည်။

၎င်းတို့သည် ၎င်းတို့၏ ကိုယ်အပူချိန်၊ ရောက်ရှိခဲ့သည့်နေရာများ၊ အွန်လိုင်းမှတွေ့ဆုံခဲ့သူများ အပါအဝင် ကိုယ်ရေး အချက်အလက်များကို ပေးပို့ရမည်ဖြစ်ကြောင်း အမည်မဖေါ်လိုသော NPC ကိုယ်စားလှယ်များ စည်းရုံးရေး ဒေသကော်မတီဝင်တဦးနှင့် CPPCC နိုင်ငံလုံးဆိုင်ရာ ကော်မတီဝင်များကပြောသည်။ ၎င်းတို့သည် ညူကလီရစ်အက်စစ် စစ်ဆေးရန် ပြင်ဆင်ထား ကြောင်းနှင့် ရောဂါပိုးမတွေ့ပါက ဘေ့ဂျင်းသို့သွားရန် လေယာဉ်လက်မှတ်ဝယ်ပြီး သတ်မှတ် ထားသော ဟိုတယ်တွင်သာ နေတော့မည်ဟု အချို့ကိုယ်စားလှယ်များပြောသည် “အစည်းအဝေး နှစ်ခုပြီးတဲ့အထိ ဘယ်ဝန်ထမ်းနဲ့မှ ထိတွေ့ဆက်ဆံဖို့မလိုတော့ဘူး”ဟုလည်း စည်းရုံးရေး ကော်မတီ အဖွဲ့ဝင်ပြောသည်။

ထိုအစည်းအဝေးများအတွက် သတင်းယူရန်မျှော်လင့်ကြောင်း နိုင်ငံခြားသတင်းထောက် များ ကလည်း ပြောသည်။ ထုံးစံအားဖြင့် ထိုအစည်းအဝေးများ တက်ရောက်ရန် ဖိတ်စာကို တလကြိုတင် ရကြောင်း နှင့် ယခုနှစ်တွင်မူ ဖိတ်စာမရသေးကြောင်း လွန်ခဲ့သော နှစ်က အစည်း အဝေးများသို့ သတင်းယူခဲ့သည့် ပါကစ္စတန်သတင်းထောက်က ပြောသည်။ ထိုအစည်းအဝေး များကို နှစ်ပေါင်းများစွာ သတင်းယူခဲ့သော ဂျပန်မှ သတင်းထောက်ကလည်း ၁၄ ရက် သီးခြား ထားရှိမည်ကို စိုးရိမ်ကြောင်းနှင့် တရုတ်အာဏာပိုင်များနှင့် ညှိနှိုင်းနေကြာင်းပြောသည်။

 “ပြည်ပမီဒီယာတွေက သတင်းထောက်တွေရော CPPCC  အမျိုးသားကော်မတီမှာ အကြံပေးဖို့ ဖိတ်ခေါ်ထားတဲ့ ရေခြားမြေခြားတရုတ်တွေရော မကြာခင်ပြဿနာတက်တော့မယ်” ဟု ထိုဂျပန်သတင်းထောက်ကပြောသည်။ ထိုနိုင်ငံခြား သတင်းထောက်နှစ်ဦးက ၎င်းတို့၏ အမည် ကို ထုတ်ဖေါ်ပြောဆိုရန် ငြင်းဆန်သည်။ လတ်တလောတွင် ဘေ့ဂျင်းသို့ နိုင်ငံတကာမှ ရောက်ရှိ သူများကို အနီးရှိမြို့ကြီးများရှိ သတ်မှတ်ထားသော ဝင်ရောက်ရန်နေရာ ၁၂ ခုသို့ လွှဲပို့မည် ဖြစ်ပြီး ညူကလီရစ်အက်စစ် စစ်ဆေးကာ ၁၄ ရက် သီးခြားနေထိုင်စေသည်။

အဆိုပြုချက်များနှင့်အရေးပါသော ပြဿနာများ တရုတ်နိုင်ငံ ၏ စုစုပေါင်း အမျိုးသား ထုတ်ကုန်ရည်မှန်းချက်နှင့် တရုတ်နိုင်ငံ၏ နှစ်စဉ်ကာကွယ်ရေး အသုံးစရိတ်တို့ကဲ့သို့သော ယခင်နှစ်က အရေးပါသည့် ပြဿနာများသည် ကမ္ဘာတဝှမ်း အာရုံစိုက် မှုကိုခံရမည်ဖြစ်သည်။ သို့သော် ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ ရိုက်ခတ်မှုကြောင့် ယခုနှစ်အတွက် မျှော်လင့်ချက် များ သည့် လက်တွေ့ကျသင့်ကြောင်း ကျွမ်းကျင်သူများက သတိပေးသည်။“ဒီနှစ်မှာ တရုတ် စီးပွားရေး ရဲ့ ရည်မှန်းတဲ့ စုစုပေါင်း အမျိုသားထုတ်ကုန် တိုးတက်မှု အကြောင်းပြောရင် သိပ်မသင့်တော်ဘူး” ဟု Beijing Economic Operation Association မှ ဒုတိယ ဒါရိုက်တာ Tian Yun ပြောသည်။

ပြည်သူများသည် ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ကောင်းစွာနားမလည်သေးကြောင်း နှင့် ကမ္ဘာသည် ဗိုင်းရပ်စ်ကိုတိုက်ဖျက်ရန် ရုန်းကန်နေရဆဲဖြစ်ကြောင်း သူပြောသည်။ ထိုသို့သော အခြေအနေ များကြောင့် တရုတ် စီးပွားရေးသည် မရေမရာဖြစ်နေ ကြောင်းလည်းသူပြောသည်။ "အလုပ် လက်မဲ့ နှုန်းနှင့် ပြည်သူများ ၏ ဝင်ငွေသည် လက်တွေကျသောကိစ္စများဖြစ်သောကြောင့် အစိုးရက ရည်မှန်းချက်ထားမည်ဖြစ်ကြောင်းသူပြောသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးအကျပ်အတည်းကြောင့်  စစ်ရေး အသုံးစရိတ်ကို ထိခိုက်မည်ဟု နိုင်ငံခြားသတင်းများကဆိုသော်လည်း ၂၀၂၀ ခုနှစ်အတွက် တရုတ်နိုင်ငံ၏ စစ်ရေးအသုံစရိတ်သည် ပုံမှန်တိုးတက်နေမည်ဟု သူပြော သည်။ သို့သော် စစ်ရေး အသုံးစရိတ် အနည်းငယ်ကျဆင်းနိုင်ကြောင်း တရုတ်စစ်တပ်ရေးရာ ကျွမ်းကျင်သူများပြောသည်။

ကာကွယ်ရေး အသုံးစရိတ်သည် ၂၀၁၉ ခုနှစ်ကထက် တိုးတက်မှု အနည်းငယ်နှေးကွေးပြီး ၁.၂၇ ထရီလီယံ ယွမ် (ဒေါ်လာ ၁၇၉ ဘီလီယံ) သို့တက်မည် သို့မဟုတ် ယွမ် ၁ ထရီလီယံသို့ ကျဆင်းနိုင် သည်ဟု သုတေသီမျး ခန့်မှန်းကြသည်။ တရုတ်နိုင်ငံ၏ နှစ်စဉ် စုစုပေါင်း အမျိုးသား ထုတ်ကုန် တိုးတက်မှု ရည်မှန်းချက်သည် ၀ မှ ၃ ရာခိုင်နှုန်းအတွင်းရှိနိုင်ပြီး ၃ ရာခိုင်နှုန်းဆိုသည်မှာ တိုးတက်မှု ရှိနိုင်သည်ဆိုလျှင် ဒုတိယနှစ်ဝက် စုစုပေါင်း အမျိုးသားထုတ်ကုန်အပေါ် အခြေခံ ကြောင်း Tian ပြောသည်။

စီးပွားရေးတိုးတက်မှု အပေါ် အာရုံစိုက်ခြင်း

ယခုနှစ် အစည်းအဝေးများသည် ကူးစက်ရောဂါနောက်ပိုင်း အလွှာစုံမှ အားထုတ်မှုများကို အာရုံစိုက်မည်ဟု အစည်းအဝေးနှစ်ခုသို့တက်ရောက်မည့်သူများက ဗုဒ္ဒဟူးနေ့တွင်ပြောသည်။ အခက်အခဲများသက်သာရေးနှင့် စီးပွားရေးတိုးတက်မှုကို အားပေး ရေးအတွက် အစိုးရအနေဖြင့် နိုင်ငံသားတိုင်းအား ကူစက်ရောဂါ ထောက်ပံ့ကြေး ယွမ် ၂၀၀၀ (ဒေါ်လာ ၂၈၃) ပေးရန် အဆိုပြု မည်ဟု ရှေ့နေ Zhu ပြောသည်။

အများပြည်သူကျန်းမာရေး အကျပ်အတည်းအတွင် ကိုယ်ရေးအချက်အလက်များ လုံခြုံရေး အစီအစဉ်တခုကို အဆိုပြုမည်ဟု ဘေ့ဂျင်း အခြေစိုက် Global City Development Corporation Council မှ အကြီးအကဲ Lian Yuming ပြောသည်။ ၂၀၂၀ ခုနှစ်ကုန်တွင် ဘက်စုံတိုးတက်သော လူ့အဖွဲ့အစည်း ထူထောင်ရေး ရည်မှန်းချက်အောင်မြင်ရေးအတွက် နိုင်ငံကို အထောက်အကူပြုစေရန် ကူးစက်ရောဂါလွန်ကာလ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကိုလည်း အဆိုပြုမည်ဟုသူပြောသည်။

Newspaper headline: ‘Two sessions’ set for May
Posted in: SOCIETY

( Zawgyi )

 တ႐ုတ္ႏိုင္ငံ၏ အေရးအပါဆုံး ႏိုင္ငံေရးစည္းေဝးပြဲႏွစ္ခုဟု ေခၚေသာ  အမ်ိဳးသားျပည္သူ႔ ကြန္ဂရက္ စုံညီအစည္းအေဝး (NPC) ႏွင့္ တ႐ုတ္ျပည္သူ႔ႏိုင္ငံေရးအတိုင္ပင္ခံ အမ်ိဳးသား ေကာ္မတီ ကြန္ဖရင့္ (CPPCC) တို႔ကို ေမလ ေႏွာင္းပိုင္းတြင္ က်င္းပမည္ျဖစ္ၿပီး  ထိုသို႔က်င္းပျခင္း ေၾကာင့္ ကိုဗစ္-၁၉ ကူးစက္ေရာဂါကို အျပည့္အဝျပန္လည္ ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္ေၾကာင္းလည္း ျပသရာေရာက္ေနသည္။

ကူးစက္ေရာဂါ၏ သက္ေရာက္မႈေၾကာင့္ ယခုႏွစ္တြင္ က်င္းပမည့္ ထိုအစည္းအေဝးႀကီး ႏွစ္ခုကို အခ်ိန္ေလွ်ာ့ခ် က်င္းပဖြယ္ရွိေၾကာင္း ထိုအစည္းအေဝးမ်ား တက္ေရာက္ရန္ စီစဥ္ထားသည့္ NPC ကိုယ္စားလွယ္မ်ားႏွင့္ CPPCC အဖြဲ႕ဝင္မ်ားက ေျပာဆိုၾကသည္။

၁၃ ႀကိမ္ေျမာက္ အမ်ိဳးသားျပည္သူ႔ကြန္ဂရက္ (NPC) ၏ တတိယအႀကိမ္ စုံညီအစည္းအေဝးကို ေမလ ၂၂ ရက္ေန႔တြင္ ေဘ့ဂ်င္းတြင္ က်င္းပမည္ျဖစ္ေၾကာင္း NPC အၿမဲတမ္းေကာ္မတီက ဗုဒၵဟူးေန႔နံနက္တြင္ ခ်မွတ္သည့္ ဆုံးျဖတ္ခ်က္အရ သိရသည္။ ေရာဂါထိန္းခ်ဳပ္မႈသည္ စီးပြား ေရး ႏွင့္ လူမႈဘဝမ်ား ပုံမွန္အတိုင္း တျဖည္းျဖည္း ျပန္လည္လည္ပတ္ႏိုင္ေၾကာင္း ေသခ်ာ ေသာေၾကာင့္ ယခုႏွစ္ NPC အစည္းအေဝးဖြင့္လွစ္မည့္ေန႔ကို NPC အၿမဲတမ္း ေကာ္မတီ၏ ႏွစ္လ တႀကိမ္ အစည္းအေဝးတြင္ ဆုံးျဖတ္သည္။

CPPCC ၏ ၁၃ ႀကိမ္ေျမာက္ အမ်ိဳးသားေကာ္မတီ တတိယႏွစ္ပတ္လည္ အစည္းအေဝးကို ေဘ့ဂ်င္းတြင္ ေမလ ၂၁ ရက္ေန႔တြင္ က်င္းပရန္ အဆိုျပဳထားသည္။ ထိုအဆိုျပဳခ်က္ကို CPPCC ၏ ႏိုင္ငံလုံးဆိုင္ရာေကာ္မတီ ဥကၠဌမ်ားေကာင္စီက မၾကာေသးမီက က်င္းပသည့္ အစည္းအေဝး တြင္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။

ထိုအစည္းအေဝးႏွစ္ခု၏ အခ်ိန္အခါသည္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေရာဂါကို ႏိုင္ငံအဝွမ္း တိုက္ဖ်က္ ရာတြင္ ေအာင္ျမင္မႈကို ျပသရန္ျဖစ္သည္ဟု ယူဆေၾကာင္း NPC ကိုယ္စားလွယ္ႏွင့္ တ႐ုတ္လူမႈသိပံအကယ္ဒမီမွ သုေတသီ Zhou Hong ေျပာသည္။ မူလက ကူးစက္ေရာဂါေၾကာင့္ ထို အေရးပါေသာ အစည္းအေဝးႏွစ္ခုကို ေ႐ႊ႕ဆိုင္းရမည့္ အေျခအေနျဖစ္ေပၚခဲ့သည္။ ႏိုင္ငံ၏ ကူးစက္ေရာဂါ တားဆီးကာကြယ္ထိန္းခ်ဳပ္ေရး အားထုတ္မႈမ်ားတြင္ တ႐ုတ္ႏိုင္ငံ၏ ဆိုရွယ္လစ္စနစ္က အဓိကအခန္းမွ ပါဝင္သည့္ အားသားခ်က္ေၾကာင့္ ေအာင္ျမင္မႈ ရခဲ့ျခင္းျဖစ္ ေၾကာင္းလည္း သူမွတ္ခ်က္ခ်သည္။

NPC အၿမဲတမ္းေကာ္မတီသည္  စုံညီအစည္းအေဝးကို မတ္လ ၅ ရက္ေန႔တြင္ က်င္းပရန္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၂၈ ရက္ေန႔က ဆုံးျဖတ္ခဲ့သည္။ သို႔ေသာ္ ေနာက္ပိုင္းတြင္ ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈေၾကာင့္ NPC အၿမဲတမ္းေကာ္မတီသည္ ထိုအစည္းအေဝးကို ဆိုင္းငံ့ရန္  ေဖေဖၚဝါရီလ ၂၄ ရက္ေန႔တြင္ ဆုံးျဖတ္ခဲ့သည္။

NPC အစည္းအေဝးအတြင္း ဘဝအလႊာစုံမွ ကိုယ္စားလွယ္ ၃၀၀၀ ခန႔္သည္ ဗဟိုအစိုးရ၊ တရား႐ုံးခ်ဳပ္ႏွင့္ေရွ႕ေနခ်ဳပ္႐ုံးမ်ား၏ လုပ္ငန္းမ်ား၊ အမ်ိဳးသာ ဘာ႑ာေငြ ခြဲေဝမႈႏွင့္  အမ်ိဳးသာ စီးပြားေရးႏွင့္လူမႈေရးတိုးတက္မႈ စီမံကိန္း စသည္တို႔ကို ျပန္လည္သုံသပ္ရန္ ေဘ့ဂ်င္းတြင္ ေတြ႕ဆုံၾကမည္ျဖစ္သည္။

တ႐ုတ္ႏိုင္ငံမွ ကူးစက္ေရာဂါအေျခအေနကိုေနာက္ဆုံးေစာင့္ၾကည့္ရန္လိုေနေသးေသာေၾကာင့္ ထိုအစည္းအေဝးမ်ားအေပၚ သက္ေရာက္မႈရွိႏိုင္သည္။ သို႔ေသာ္ ဂလိုဘယ္တိုင္းမ္က ဆက္သြယ္ ႏိုင္ခဲ့သည့္ ထိုအစည္းအေဝးမ်ားသို႔ တက္ေရာက္မည့္ သူမ်ားက ၎တို႔သည္ စင္းလုံးငွား ေလယာဥ္ျဖင့္သြားေရာက္ရမည္ သို႔မဟုတ္ ေဘ့ဂ်င္းသို႔ေရာက္ေသာ အခါ ၁၄ ရက္ အသြားအလာ အေနအထိုင္ကန႔္သတ္ခံရမည္ မခံရမည္စသည္တို႔အပါအဝင္ ၎တို႔၏ ျပည္နယ္မ်ားမွ ေဘ့ဂ်င္း သို႔ သြားေရာက္ရန္ အစီအစဥ္ အေသးစိတ္ကို မသိရေသးေၾကာင္း ေျပာၾကားသည္။

ဗုဒၵဟူးေန႔နံနက္ကမွ ရက္စြဲအတိအက်ကို သိရေၾကာင္းႏွင့္ ျပည္နယ္စည္း႐ုံးေရးေကာ္မတီမွ အေၾကာင္းၾကားစာမရေသးေၾကာင္း တ႐ုတ္အမ်ိဳးသား အာကာသ သိပၸံႏွင့္ စက္မႈလုပ္ငန္း ေကာ္ပိုေရးရွင္းမွ ဝါရင့္ ဒုံးပ်ံ အင္ဂ်င္နီယာႏွင့္ တ႐ုတ္ျပည္ အလယ္ပိုင္း ဟူေဘးျပည္နယ္ ၿမိဳ႕ေတာ္ ဝူဟန္မွ ၁၃ ႀကိမ္ေျမာက္ အမ်ိဳးသားကြန္ဂရက္ ကိုယ္စားလွယ္ Hu Shengyun က ဂလိုဘယ္လ္တိုင္းမ္သို႔ေျပာသည္။

ကိုဗစ္-၁၉ ဒဏ္ အျပင္းထန္ဆုံး ခံစားခဲ့ရေသာ ဝူဟန္မွ ကိုယ္စားလွယ္ျဖစ္ေသာေၾကာင့္ အေသး စိတ္မ်ားကို ပိုမိုသိလိုၿပီး ေဘ့ဂ်င္းသို႔မသြားမီ လုပ္ေဆာင္ရန္လိုေသာ ေဆးဖက္ဆိုင္ရာ လုပ္ငန္း အဆင့္ဆင့္ ကိုသိလိုေၾကာင္း သူေျပာသည္။

ထိုအစည္းအေဝးႏွစ္ခု၏ ရက္စြဲကိုေၾကညာၿပီးေနာက္ နာရီအနည္းငယ္ ၾကာေသာအခါ ေဘ့ဂ်င္း က ၁၃ ရက္ဆက္တိုက္ ျပည္ပမွကူးစက္သူႏွင့္ျပည္တြင္းတြင္ကူးစက္သူ လူနာသစ္ မေတြ႕ေသာ ေၾကာင့္  ၎၏ ကူးစက္ေရာဂါ အႏၲရာယ္အဆင့္ကို ထိပ္ဆုံးအဆင့္မွ အဆင့္ ၂ သို႔ ၾကာသပေတး ေန႔မွ စတင္ေလွ်ာ့ခ်လိုက္ေၾကာင္း ေၾကညာသည္။

ေဘ့ဂ်င္းသို႔ ျပည္တြင္းမွေရာက္လာသူမ်ားသည္ အစိမ္ေရာင္ က်န္းမာေရး အမွတ္အသားကို ျပသႏိုင္ပါက ဟိုတယ္တြင္ တည္းမခိုမီ ညဴကလီရစ္အက္စစ္ အစီရင္ခံစာကို ျပသရန္မလို ေတာ့ ေၾကာင္း ေဘ့ဂ်င္း ျမဴနီစပါယ္ အုပ္ခ်ဳပ္ေရးမွ အရာရွိမ်ားက ဗုဒၵဟူးေန႔က က်င္းပသည့္ သတင္း စာ ရွင္းလင္းပြဲတြင္ေျပာသည္။

ေဘ့ဂ်င္း ၿမိဳ႕ေတာ္သည္ တ႐ုတ္ႏိုင္ငံ အျခားအႏၲရာယ္နည္းေသာ ေဒသမ်ားမွလာသူမ်ားအတြက္ ၁၄ ရက္ သီးျခားခြဲထားေနထိုင္ရန္ လိုအပ္ခ်က္ကိုလည္း ႐ုတ္သိမ္းလိုက္သည္။ သို႔ေသာ္ ထို ကန႔္သတ္ခ်က္သည္ ဟူေဘးျပည္နယ္မွ လာမည့္သူမ်ားႏွင့္ အျခားအလယ္အလတ္ႏွင့္ ျမင့္မား ေသာ အႏၲရာယ္ရွိေဒသမ်ားမွလာသူမ်ားအတြက္ ဆက္လက္ရွိေနေသးသည္။

ထိုအေရးပါေသာ အစည္းအေဝး ႏွစ္ခု၏ ရက္စြဲကို ေၾကညာျခင္းသည္ ၿမိဳ႕ေတာ္တြင္ ကူးစက္ ေရာဂါ အေျခအေနကို ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္ေၾကာင္း ျပသေနေသာေၾကာင့္ ေဘ့ဂ်င္းေဒသခံ မ်ား အတြက္ ယုံၾကည္မႈကိုျမင့္မားေစသည္။ ထိုအစည္းအေဝးႏွစ္ခု ၿပီးလွ်င္ ၎တို႔၏ဘဝမ်ားသည္ ပုံမွန္အေျခအေနသို႔ ျပန္လည္ေရာက္ရွိၾကမည္ျဖစ္သည္။ထိုအစည္းအေဝးႏွစ္ခုၿပီးလွ်င္ ႏွာေခါင္း စည္းမ်ားပင္ ဝတ္ဆင္ရန္မလိုေတာ့ဟု အခ်ိဳ႕ေသာ အင္တာနက္အသုံးျပဳသူမ်ားက ခန႔္မွန္းေနၾက သည္။

 “ေနာက္ဆုံးမွာေတာ့ ရက္စြဲေတြကို အတည္ျပဳလိုက္ပါၿပီ။ ဒါဟာ ၿမိဳ႕ေတာ္က လူတိုင္းအတြက္ သတင္းေကာင္းပါ။ ေဘ့ဂ်င္းဟာ အၿမဲတမ္း အျခားၿမိဳ႕ႀကီးေတြထက္ သတိပိုတယ္။ ကန႔္သတ္ ထိန္းခ်ဳပ္မႈေတြကလည္း အျခားေနရာေတြ ထက္ ပိုမိုတင္းက်ပ္တယ္။ အာဏာပိုင္ေတြ အေနနဲ႔ အေရးပါတဲ့ ႏွစ္ပတ္လည္ ႏိုင္ငံေရး အခမ္းအနားေတြက်င္းပဖို႔ ျပင္ဆင္ဖို႔လိုတယ္။ ဒါေၾကာင့္ ဇြန္လေလာက္ဆို က်ေနာ္တို႔ ဘဝေတြ ပုံမွန္အတိုင္းျပႏ္ုျဖစ္သြားႏိုင္တယ္” ဟု ၿမိဳ႕ေတာ္၏ Haidian ခ႐ိုင္ တြင္ေနေသာ Chu မ်ိဳး႐ိုအမည္ရွိ ေဘ့ဂ်င္းေဒသခံတဦးကေျပာသည္။

အတိတ္ႏွင့္ကြဲျပားျခားနား ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈအၿပီး ယခုက်င္းပမည့္ ႏွစ္ပတ္လည္ ႏိုင္ငံေရး အစည္းအေဝးမ်ားသည္ ပိုမိုတိုေတာင္းမည္ျဖစ္ေၾကာင္း Democratic Alliance for the Betterment and Progress of Hong Kong မွ ဒုတိယ ဥကၠဌႏွင့္ NPC ကိုယ္စားလွယ္ ျဖစ္သူ Yung Chan ေျပာသည္။ ကူးစက္ေရာဂါ တားဆီးကာကြယ္ေရးႏွင့္ထိန္းခ်ဳပ္ေရးအတြက္ အစည္းအေဝးမ်ားသည္ တိုေတာင္းမည္ဟု ၾကားသိရေၾကာင္း NPC ကိုယ္စားလွယ္မ်ားႏွင့္ CPPCC ႏိုင္ငံလုံး ဆိုင္ရာ ေကာ္မတီ အဖြဲ႕ဝင္မ်ားကေျပာသည္။

အစည္းအေဝးမ်ားကို ၇ ရက္သို႔ေလွ်ာ့ခ်မည္ျဖစ္ေၾကာင္း ၁၃ ႀကိမ္ေျမာက္ NPC သို႔ ေဟာင္ေကာင္ မွ ကိုယ္စားလွယ္ Witman Hung Wai-man ႏွင့္ CPPCC အဖြဲ႕ဝင္ ထင္ရွားေသာ ေရွ႕ေနႀကီးျဖစ္ေသာ Zhu Zhengfu တို႔က ဂလိုဘယ္လ္တိုင္းမ္ သို႔ေျပာသည္။ ၎တို႔ အဆိုျပဳ မည့္ အခ်က္မ်ားကို ျပင္ဆင္ရင္း အေၾကာင္းၾကားစာကို ေစာင့္ေမွ်ာ္ေနေၾကာင္းႏွင့္ ေျပာင္းလဲ ေနေသာ ကူးစက္ေရာဂါအေျခအေနႏွင့္ ကိုက္ညီေအာင္ အလုပ္အစီအစဥ္ကို ျပင္ဆင္ ထားေၾကာင္း အခ်ိဳ႕ေသာ NPC ကိုယ္စားလွယ္မ်ားေျပာသည္။ ကို႐ိုနာဗိုင္းရပ္စ္ သည္ တ႐ုတ္ျပည္သူမ်ား အၾကားတြင္ မေမ့ႏိုင္ဆုံး ေႏြဦးရာသီကို ထားခဲ့ေသာေၾကာင့္ က်န္းမားေရး အက်ပ္အတည္းႏွင့္ ပတ္သက္သည့္ အဆိုျပဳခ်က္မ်ားကို တင္သြင္းမည္ျဖစ္ေၾကာင္း ကိုယ္စားလွယ္ အမ်ားအျပားကေျပာၾကသည္။

၎တို႔သည္ ၎တို႔၏ ကိုယ္အပူခ်ိန္၊ ေရာက္ရွိခဲ့သည့္ေနရာမ်ား၊ အြန္လိုင္းမွေတြ႕ဆုံခဲ့သူမ်ား အပါအဝင္ ကိုယ္ေရး အခ်က္အလက္မ်ားကို ေပးပို႔ရမည္ျဖစ္ေၾကာင္း အမည္မေဖၚလိုေသာ NPC ကိုယ္စားလွယ္မ်ား စည္း႐ုံးေရး ေဒသေကာ္မတီဝင္တဦးႏွင့္ CPPCC ႏိုင္ငံလုံးဆိုင္ရာ ေကာ္မတီဝင္မ်ားကေျပာသည္။ ၎တို႔သည္ ညဴကလီရစ္အက္စစ္ စစ္ေဆးရန္ ျပင္ဆင္ထား ေၾကာင္းႏွင့္ ေရာဂါပိုးမေတြ႕ပါက ေဘ့ဂ်င္းသို႔သြားရန္ ေလယာဥ္လက္မွတ္ဝယ္ၿပီး သတ္မွတ္ ထားေသာ ဟိုတယ္တြင္သာ ေနေတာ့မည္ဟု အခ်ိဳ႕ကိုယ္စားလွယ္မ်ားေျပာသည္ “အစည္းအေဝး ႏွစ္ခုၿပီးတဲ့အထိ ဘယ္ဝန္ထမ္းနဲ႔မွ ထိေတြ႕ဆက္ဆံဖို႔မလိုေတာ့ဘူး”ဟုလည္း စည္း႐ုံးေရး ေကာ္မတီ အဖြဲ႕ဝင္ေျပာသည္။

ထိုအစည္းအေဝးမ်ားအတြက္ သတင္းယူရန္ေမွ်ာ္လင့္ေၾကာင္း ႏိုင္ငံျခားသတင္းေထာက္ မ်ား ကလည္း ေျပာသည္။ ထုံးစံအားျဖင့္ ထိုအစည္းအေဝးမ်ား တက္ေရာက္ရန္ ဖိတ္စာကို တလႀကိဳတင္ ရေၾကာင္း ႏွင့္ ယခုႏွစ္တြင္မူ ဖိတ္စာမရေသးေၾကာင္း လြန္ခဲ့ေသာ ႏွစ္က အစည္း အေဝးမ်ားသို႔ သတင္းယူခဲ့သည့္ ပါကစၥတန္သတင္းေထာက္က ေျပာသည္။ ထိုအစည္းအေဝး မ်ားကို ႏွစ္ေပါင္းမ်ားစြာ သတင္းယူခဲ့ေသာ ဂ်ပန္မွ သတင္းေထာက္ကလည္း ၁၄ ရက္ သီးျခား ထားရွိမည္ကို စိုးရိမ္ေၾကာင္းႏွင့္ တ႐ုတ္အာဏာပိုင္မ်ားႏွင့္ ညႇိႏႈိင္းေနၾကာင္းေျပာသည္။

 “ျပည္ပမီဒီယာေတြက သတင္းေထာက္ေတြေရာ CPPCC  အမ်ိဳးသားေကာ္မတီမွာ အႀကံေပးဖို႔ ဖိတ္ေခၚထားတဲ့ ေရျခားေျမျခားတ႐ုတ္ေတြေရာ မၾကာခင္ျပႆနာတက္ေတာ့မယ္” ဟု ထိုဂ်ပန္သတင္းေထာက္ကေျပာသည္။ ထိုႏိုင္ငံျခား သတင္းေထာက္ႏွစ္ဦးက ၎တို႔၏ အမည္ ကို ထုတ္ေဖၚေျပာဆိုရန္ ျငင္းဆန္သည္။ လတ္တေလာတြင္ ေဘ့ဂ်င္းသို႔ ႏိုင္ငံတကာမွ ေရာက္ရွိ သူမ်ားကို အနီးရွိၿမိဳ႕ႀကီးမ်ားရွိ သတ္မွတ္ထားေသာ ဝင္ေရာက္ရန္ေနရာ ၁၂ ခုသို႔ လႊဲပို႔မည္ ျဖစ္ၿပီး ညဴကလီရစ္အက္စစ္ စစ္ေဆးကာ ၁၄ ရက္ သီးျခားေနထိုင္ေစသည္။

အဆိုျပဳခ်က္မ်ားႏွင့္အေရးပါေသာ ျပႆနာမ်ား တ႐ုတ္ႏိုင္ငံ ၏ စုစုေပါင္း အမ်ိဳးသား ထုတ္ကုန္ရည္မွန္းခ်က္ႏွင့္ တ႐ုတ္ႏိုင္ငံ၏ ႏွစ္စဥ္ကာကြယ္ေရး အသုံးစရိတ္တို႔ကဲ့သို႔ေသာ ယခင္ႏွစ္က အေရးပါသည့္ ျပႆနာမ်ားသည္ ကမာၻတဝွမ္း အာ႐ုံစိုက္ မႈကိုခံရမည္ျဖစ္သည္။ သို႔ေသာ္ ကိုဗစ္-၁၉ ကူးစက္ေရာဂါ၏ ႐ိုက္ခတ္မႈေၾကာင့္ ယခုႏွစ္အတြက္ ေမွ်ာ္လင့္ခ်က္ မ်ား သည့္ လက္ေတြ႕က်သင့္ေၾကာင္း ကြၽမ္းက်င္သူမ်ားက သတိေပးသည္။“ဒီႏွစ္မွာ တ႐ုတ္ စီးပြားေရး ရဲ႕ ရည္မွန္းတဲ့ စုစုေပါင္း အမ်ိဳသားထုတ္ကုန္ တိုးတက္မႈ အေၾကာင္းေျပာရင္ သိပ္မသင့္ေတာ္ဘူး” ဟု Beijing Economic Operation Association မွ ဒုတိယ ဒါ႐ိုက္တာ Tian Yun ေျပာသည္။

ျပည္သူမ်ားသည္ ဗိုင္းရပ္စ္ႏွင့္ ပတ္သက္ၿပီး ေကာင္းစြာနားမလည္ေသးေၾကာင္း ႏွင့္ ကမာၻသည္ ဗိုင္းရပ္စ္ကိုတိုက္ဖ်က္ရန္ ႐ုန္းကန္ေနရဆဲျဖစ္ေၾကာင္း သူေျပာသည္။ ထိုသို႔ေသာ အေျခအေန မ်ားေၾကာင့္ တ႐ုတ္ စီးပြားေရးသည္ မေရမရာျဖစ္ေန ေၾကာင္းလည္းသူေျပာသည္။ "အလုပ္ လက္မဲ့ ႏႈန္းႏွင့္ ျပည္သူမ်ား ၏ ဝင္ေငြသည္ လက္ေတြက်ေသာကိစၥမ်ားျဖစ္ေသာေၾကာင့္ အစိုးရက ရည္မွန္းခ်က္ထားမည္ျဖစ္ေၾကာင္းသူေျပာသည္။

ကိုဗစ္-၁၉ ေၾကာင့္ ျဖစ္ေပၚလာေသာ စီးပြားေရးအက်ပ္အတည္းေၾကာင့္  စစ္ေရး အသုံးစရိတ္ကို ထိခိုက္မည္ဟု ႏိုင္ငံျခားသတင္းမ်ားကဆိုေသာ္လည္း ၂၀၂၀ ခုႏွစ္အတြက္ တ႐ုတ္ႏိုင္ငံ၏ စစ္ေရးအသုံစရိတ္သည္ ပုံမွန္တိုးတက္ေနမည္ဟု သူေျပာ သည္။ သို႔ေသာ္ စစ္ေရး အသုံးစရိတ္ အနည္းငယ္က်ဆင္းႏိုင္ေၾကာင္း တ႐ုတ္စစ္တပ္ေရးရာ ကြၽမ္းက်င္သူမ်ားေျပာသည္။

ကာကြယ္ေရး အသုံးစရိတ္သည္ ၂၀၁၉ ခုႏွစ္ကထက္ တိုးတက္မႈ အနည္းငယ္ေႏွးေကြးၿပီး ၁.၂၇ ထရီလီယံ ယြမ္ (ေဒၚလာ ၁၇၉ ဘီလီယံ) သို႔တက္မည္ သို႔မဟုတ္ ယြမ္ ၁ ထရီလီယံသို႔ က်ဆင္းႏိုင္ သည္ဟု သုေတသီမ်း ခန႔္မွန္းၾကသည္။ တ႐ုတ္ႏိုင္ငံ၏ ႏွစ္စဥ္ စုစုေပါင္း အမ်ိဳးသား ထုတ္ကုန္ တိုးတက္မႈ ရည္မွန္းခ်က္သည္ ၀ မွ ၃ ရာခိုင္ႏႈန္းအတြင္းရွိႏိုင္ၿပီး ၃ ရာခိုင္ႏႈန္းဆိုသည္မွာ တိုးတက္မႈ ရွိႏိုင္သည္ဆိုလွ်င္ ဒုတိယႏွစ္ဝက္ စုစုေပါင္း အမ်ိဳးသားထုတ္ကုန္အေပၚ အေျခခံ ေၾကာင္း Tian ေျပာသည္။

စီးပြားေရးတိုးတက္မႈ အေပၚ အာ႐ုံစိုက္ျခင္း

ယခုႏွစ္ အစည္းအေဝးမ်ားသည္ ကူးစက္ေရာဂါေနာက္ပိုင္း အလႊာစုံမွ အားထုတ္မႈမ်ားကို အာ႐ုံစိုက္မည္ဟု အစည္းအေဝးႏွစ္ခုသို႔တက္ေရာက္မည့္သူမ်ားက ဗုဒၵဟူးေန႔တြင္ေျပာသည္။ အခက္အခဲမ်ားသက္သာေရးႏွင့္ စီးပြားေရးတိုးတက္မႈကို အားေပး ေရးအတြက္ အစိုးရအေနျဖင့္ ႏိုင္ငံသားတိုင္းအား ကူစက္ေရာဂါ ေထာက္ပံ့ေၾကး ယြမ္ ၂၀၀၀ (ေဒၚလာ ၂၈၃) ေပးရန္ အဆိုျပဳ မည္ဟု ေရွ႕ေန Zhu ေျပာသည္။

အမ်ားျပည္သူက်န္းမာေရး အက်ပ္အတည္းအတြင္ ကိုယ္ေရးအခ်က္အလက္မ်ား လုံၿခဳံေရး အစီအစဥ္တခုကို အဆိုျပဳမည္ဟု ေဘ့ဂ်င္း အေျခစိုက္ Global City Development Corporation Council မွ အႀကီးအကဲ Lian Yuming ေျပာသည္။ ၂၀၂၀ ခုႏွစ္ကုန္တြင္ ဘက္စုံတိုးတက္ေသာ လူ႔အဖြဲ႕အစည္း ထူေထာင္ေရး ရည္မွန္းခ်က္ေအာင္ျမင္ေရးအတြက္ ႏိုင္ငံကို အေထာက္အကူျပဳေစရန္ ကူးစက္ေရာဂါလြန္ကာလ ဆင္းရဲႏြမ္းပါးမႈ ေလွ်ာ့ခ်ေရး ကိုလည္း အဆိုျပဳမည္ဟုသူေျပာသည္။

Newspaper headline: ‘Two sessions’ set for May
Posted in: SOCIETY