【 နိုင်ငံတကာ ဆောင်းပါး 】“ နယ်စပ်တိုက်ခိုက်မှုအပြီး တရုတ်နှင့်အိန္ဒိယတို့၏ စကားစစ်ဆင်ရေး”

【  နိုင်ငံတကာ ဆောင်းပါး 】“ နယ်စပ်တိုက်ခိုက်မှုအပြီး တရုတ်နှင့်အိန္ဒိယတို့၏ စကားစစ်ဆင်ရေး”

မြင့်မားလှသော ဟိမဝန္တာတောင်တန်းတွင် အိန္ဒိယ စစ်သား၂၀ သေဆုံးစေသော ပဋိပက္ခအပြီး ဗုဒ္ဓဟူးနေ့တွင် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ တဖက်နှင့်တဖက် အပြစ်တင်ပြီး   နျူကလီးယား လက်နက်များပိုင်ဆိုင်ထားသော နှစ်နိုင်ငံအကြားဆက်ဆံရေးကို နယ်မြေသစ်သို့ တွန်းပို့လိုက် ကြသည်။

တဖက်နှင့်တဖက် တုတ်များ ခဲများဖြင့်တိုက်ခိုက်ခဲ့သည့် တနင်္လာနေ့နှောင်းပိုင်းကဖြစ်ပွားသော ပဋိပက္ခသည် နှစ်ပေါင်း ၅၀ ကျော်အတွင်း နှစ်နိုင်ငံအကြား အပြင်းထန်ဆုံး ပဋိပက္ခဖြစ်သည်။

အိန္ဒိယသည် ငြိမ်းချမ်းရေးကိုလိုလားသော်လည်း ရန်စလာလျှင် သင့်တော်သလို တုံ့ပြန်သွား မည်ဟု အိန္ဒိယ ဝန်ကြီးချုပ်မိုဒီက ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့ တွင် ပြောသည်။

ထိုပဋိပက္ခသည် တရုတ်နှင့် အိန္ဒိယအကြား အရေးပါသော အပြောင်းအလဲဖြစ်သည်။ ကမ္ဘာတွင် မတူညီသော အရှိန်အဟုန်ဖြင့် သြဇာကြီးထွားလာနေသော နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် အဆင်မပြေလှသော်လည်း လွန်ခဲ့သော ဆယ်စုနှစ်များအတွင် အကြမ်းဖက်တိုက်ခိုက်ခြင်း မရှိ ပေ။

ယခုအခါ နယ်နိမိတ်ခြင်း မိုင်ပေါင်း ၂၂၀၀ ထိစပ်နေသောနယ်စပ်တွင် နက်ရှိုင်းသော မယုံကြည် မှုများနှင့် ပဋိပက္ခသစ်များ ဖြစ်ပေါ်နေသည်။ သို့သော်လတ်တလောတွင် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးက  ပိုမိုကျယ်ပြန့်သော ပဋိပက္ခကို ရင်ဆိုင်နေ ကြရသည်။ အိန္ဒိယ နိုင်ငံသည် ကိုရိုနာ ဗိုင်းရပ်နှင့် စီးပွားရေး အကျပ်အတည်းကို ရင်ဆိုင်နေရပြီး တရုတ်နိုင်ငံမှာမူ စီးပွားရေး တိုးတက် မှုနှုန်း အကြီးအကျယ် နှေးကွေးခြင်းနှင့် ပိုမိုခြိမ်းခြောက်လာသည့် ပထဝီနိုင်ငံရေး ပြိုင်ဖက် အမေရိကန် ပြည်ထောင်စုနှင့် ပိုမိုပြင်းထန်နေသော ပဋိပက္ခကို ရင်ဆိုင်နေရသည်။

၎င်းတို့အကြား သဘောထားကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးဖြေရှင်းမည်ဖြစ်ကြောင်း အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံလုံးက ဗုဒ္ဓဟူးနေ့တွင်ပြောသော်လည်း အခြေအနေမှာ ဆက်လက်တင်းမာပြီး မရေမရာဖြစ်နေသည်။

ထိုပဋိပက္ခတွင်ပါဝင်သော အိန္ဒိယ စစ်သားများကို ပြင်းထန်စွာအပြစ်ပေးရန် တရုတ်နိုင်ငံက တောင်းဆိုသည်။ အိန္ဒိယနိုင်ငံကမူ ထိုဖြစ်ရပ်သည် တရုတ်ဖက်က ကြိုတင်အကွက်ချလုပ်သော လုပ်ရပ်ဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှု အတွက် တရုတ်နိုင်ငံတွင် တာဝန်ရှိကြောင်း ပြောသည်။

မိုဒီက နိုင်ငံတော် ရုပ်မြင်သံကြားတွင် သူ၏ မျက်လုံးများကို လက်နှစ်ဖက်ဖြင့် အုပ်ကာ သေဆုံး သွားသော စစ်သားများကို အလေးအနက်ဂုဏ်ပြုမိန့်ခွန်းပြောကြားသည်။“ငါတို့တပ်ဖွဲ့ဝင်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုဟာ အချီးနှီး မဖြစ်စေရဘူး” ဟု သူပြောသည်။

အိန္ဒိယလုံခြုံရေး အသိုင်းအဝန်းတွင် တရုတ်နိုင်ငံ၏ လုပ်ရပ်အတွက် သိသာသော ဒေါသနှင့် စိတ်ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသည်။ လာဒက်ဒေသမှ အငြင်းပွားနေသော နယ်စပ်နေရာ အများ အပြားမှ ၎င်းတို့ပိုင်နက်များတွင် တရုတ်က စခန်းများ တည်ဆောက်သောကြောင့် ပဋိပက္ခပိုမို ဆိုးရွားလာပြီး တပ်ဖွဲ့ဝင် ထောင်ပေါင်းများ စွာပါဝင်သော ပဋိပက္ခဖြစ်စေကြောင်း အိန္ဒိယမှ ကျွမ်းကျင်သူများက ပြောသည်။

“တရုတ်တွေက အနိုင်ကျင့်သလိုလုပ်နေတယ်” ဟု အိန္ဒိယ အမျိုးသားလုံခြံရေး အကြံပေး အရာ ရှိဟောင်း အာဗန် ဂုတ်ပတား ပြောပြီး လက်ရှိအခြေအနေမှ အပြောင်းအလဲများကို အိန္ဒိယက ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ပြောသည်။ “တခါအလျှော့ပေးလိုက်ရင် တသက်လုံး အလျှော့ပေးရလိမ့်မယ်” ဟု သူပြောသည်။

သေဆုံးမှုများပြားသော ပဋိပက္ခ၏ ရက်စက်ကြမ်းကြုတ်မှုသည် တုန်လှုပ်စရာကောင်းကြောင်း နှင့် အုပ်စုဖွဲ့တိုက်ခိုက်မှု ဖြစ်နေကြောင်း သူပြောသည်။

နှစ်ဖက်အကြား ဆွေးနွေးမှုများအပြီး ဂယ်လ်ဝန်တောင်ကြားရှိ နေရာတခုမှ တရုတ်တပ်များ ဆုတ်ခွာခြင်းရှိ/မရှိ စစ်ဆေးရန် အိန္ဒိယက တပ်ဖွဲ့များစေလွှတ်ခဲ့ပြီးနောက် တနင်္လာနေ့နှောင်းပိုင်း တွင် ထိုသို အသေအပျောက် များသော ပဋိပက္ခဖြစ်ပွား သည်ဟု ထိုဒေသတွင် စခန်းချထားသည့် အမည်မဖေါ်လိုသော အိန္ဒိယ စစ်အရာရှိများ ပြောသည်။

ထိုသို့ ကနဦးစေလွှတ်လိုက်သော တပ်ဖွဲ့များအတိုက်ခိုက်ခံရပြီး အချို့အဖမ်းခံရပြီး နှစ်ဖက်လုံး က စစ်ကူများ စေလွှတ်သည်ဟု ထိုအရာရှိများပြောသည်။ ထိုပဋိပက္ခသည် နာရီအတန်ကြာ ဆက်လက်ဖြစ်ပွားပြီး တုတ်များ ခဲများဖြင့် အမှောင်ထဲတွင် တိုက်ခိုက်ကြကြောင်းပြောသည်။ သေဆုံးသွားသော အိန္ဒိယ စစ်သားများသည် အောက်မှ အေးခဲနေသည့် ဂယ်လ်ဝန်မြစ်အတွင်းသို့ ပစ်ချခံရသူများနှင့် ပြုတ်ကျသူများဖြစ်ကြောင်း ထိုအရာရှိများ ကပြောသည်။ နောက်ထပ် ဒါဇင်ပေါင်းများစွာလည်း ဒဏ်ရာရရှိသည်ဟု ဆိုသည်။ (ကာလကြာမြင့်ပြီဖြစ်သော သဘော တူညီချက် အရ တရုတ်နှင့် အိန္ဒိယ စစ်သားများသည် နယ်စပ်တွင် လက်နက်ပစ်ခတ်ခြင်းကို ရှောင်ရှား ရသည်။)

တရုတ်ဖက်က ၎င်းတို့တပ်များ သေဆုံး ဒဏ်ရာရမှုကို ထုတ်ဖေါ်ကြေညာခြင်းမရှိဘဲ ထိုဖြစ်ရပ် တွင် ထိခိုက်သေဆုံးမှု ရှိကြောင်းသာ ပြောသည်။ အိန္ဒိယ စစ်သားများသည် တရားမဝင်သေး သော နယ်နိမိတ်ဖြစ်သည့် အမှန်တကယ် ထိန်းချုပ်မျဉ်းကို ဖြတ်ကျော်လာပြီး ၎င်းတို့အနားသို့ ချဉ်းကပ်လာသည့် တရုတ်စစ်သားများကို တိုက်ခိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်သည့် ကြေညာချက်တစ် စောင်တွင် ဖေါ်ပြသည်။ အိန္ဒိယဖက်မှ ရန်စသောလုပ်ရပ်များကို ချက်ခြင်းရပ်ရန် သူတောင်းဆိုသည်။

ထိုသို့စကားစစ်ဆင်နေကြသော်လည်း ထိုပဋိပက္ခအပြီးတွင် တင်းမာမှုများလျှော့ချရန် နှစ်နိုင်ငံ လုံး က လုပ်ဆောင် နေကြသည်။ အိန္ဒိယနိုင်ငံဖက်တွင် တုန်လှုပ်မှုများဖြစ်ပေါ်နေသော်လည်း အိမ်နီးချင်းပါကစ္စတန်နှင့် ဖြစ်ပွားသော ပဋိပက္ခများတွင်ကဲ့သို့ လက်စားခြေရန် တောင်းဆိုမှုများ မရှိပေ။

တရုတ်နိုင်ငံဖက်ကလည်း ထိုင်ဝမ်ရေလက်ကြားတွင် ကဲ့သို့သော စစ်မျက်နှာများနှင့်မတူဘဲ အပြင်းအထန် တုံ့ပြန်မှု မရှိပေ။ ထိုင်ဝမ်ရေလက်ကြားတွင် အမေရိကန်က အနည်းငယ်မျှ ရန်စလျှင်ပင် တရုတ်က ရန်လိုသော သတိပေးမှုများ ပြုလုပ်တတ်သည်။

ထိုလူသေဆုံးစေသည့် ပဋိပက္ခသတင်းများထွက်ပေါ်လာပြီး နံနက်တွင် တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနနှင့် ကွန်မြူနစ်ပါတီ အာဘော် ပြည်သူ့နေ့စဉ် သတင်းစာများက ထိုသတင်းများကို ချန်လှပ်ထားသည်။

“တရုတ်နိုင်ငံက အမျိုးသားရေးဝါဒကို ကောင်းကောင်းထိန်းချုပ်နိုင်တယ်” ဟု တရုတ်အိန္ဒိယ လုံခြုံရေးကို လေ့လာစောင့်ကြည့် နေသည့် ဝီလ်ဆင်စင်တာမှ သုတေသီ ခရစ်စတိုဖာ ကော်လေ ပြောသည်။

“ထိခိုက်သေဆုံးမှု တွေကို ထုတ်ဖေါ်ကြေညာခြင်းမရှိတာဟာ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ ဆုံးဖြတ် ချက်ဖြစ်ပြီး အမျိုးသားရေးဝါဒ ပါဝင်ပတ်သက်လာရင် အရမ်းအန္တရာယ်များပြီး ခန့်မှန်းရခက်တဲ့ အခြေအနေကို တားဆီးတဲ့ အားထုတ်မှုဖြစ်တယ်” ဟု သူပြောသည်။

“တင်းမာမှု ပိုမိုမြင့်မားလာဖို့ တရုတ်ဖက်က စိတ်မဝင်စားဘူး” ဟု မက်ဆာချုးဆက်တက္ကသိုလ်မှ လုံခြုံအရေး အစီအစဉ်တခုကို ဦးဆောင်သူ တရုတ်ပြည်သူ့လွှတ်မြောက်ရေးတပ်မတော်ရေးရာ ကျွမ်းကျင်သူ အမ်တေလာ ဖရာဗယ်ပြောသည်။ “အရှေ့အာရှမှာ တရုတ်နိုင်ငံရဲ့ အဓိက ပြိုင်ဖက် က အမေရိကန်ပြည်ထောင်စုပဲ။ အိန္ဒိယ မဟုတ်ဘူး”ဟု သူပြောသည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း တရုတ်နိုင်ငံသည် ဒေသတွင်းတွင် စစ်အင်အားပြသ လာပြီး တောင် တရုတ် ပင်လယ်မှ မလေးရှားနှင့် ဗီယက်နမ်ရေယာဉ်များကို ကြားဖြတ်ကာ ဟောင်ကောင်တွင် အာဏာသစ်များ ထူထောင်လာပြီး အထိမခံနိုင်သော ထိုင်ဝမ်ရေလက်ကြား တွင် လေယာဉ်တင် သင်္ဘောတစင်းကို နှစ်ကြိမ်ဖြတ် သန်းမောင်းနှင်သည်။

တရုတ်နှင့် အိန္ဒိယတို့သည် နယ်စပ်အငြင်းပွားမှုများ၊ အိမ်နီးချင်းနိုင်ငံများရှိ တရုတ်ငွေကြေး ထောက်ပံ့သော စီမံကိန်းများနှင့် အိန္ဒိယတွင် ပြည်ပြေးအဖြစ်နေထိုင်သည့် ဒလိုင်လားမားကို အိန္ဒိယ က ထောက်ခံခြင်း အပါအဝင် ပဋိပက္ခနယ်ပယ် အများအပြားတွင် ရှုပ်ထွေးသော ဆက်ဆံ ရေး များရှိကြသည်။ တနင်္လာနေ့က ဖြစ်ပွားသော ပဋိပက္ခမတိုင်မီကပင် အတော်အတန် မြင့်မားသည့် အယုံအကြည်ကင်းမဲ့မှုများရှိနေကြောင်း တရုတ်နိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ဟောင်း အရှော့ ကန်သာ ပြောသည်။

တနင်္လာနေ့က ပဋိပက္ခအပြီး လာဒက်တွင် တရုတ်နိုင်ငံ သည် ကြီးမားသည့် စိန်ခေါ်မှုသစ်ဖြစ် သည်။

“ဒါဟာ အငြင်းပွားစရာဖြစ်တယ်ဆိုတာကို မေးခွန်းထုတ်စရာမလိုဘူး” ဟု အိန္ဒိယ အမျိုးသား လုံခြုံရေး အကြံပေးအရာရှိဟောင်း ရှစ်ဗ်ရှန်ကာ မီနွန်ပြောသည်။ “တရုတ်ဖက်က လုပ်လိုက်တာ ဟာ အကြီးအကျယ် တင်းမာမှု မြင့်မားစေတယ်။ ဒါကြောင့် ကျနော်တို့ ဆက်ဆံရေးမှာ အကြီး အကျယ် အပြောင်းအလဲဖြစ်စေလိမ့်မယ်” ဟု သူပြောသည်။

Ref:India and China trade barbs after ‘gang war’ high in the Himalayas(washingtonpost)

(  Zawgyi  )

 ျမင့္မားလွေသာ ဟိမဝႏၲာေတာင္တန္းတြင္ အိႏၵိယ စစ္သား၂၀ ေသဆုံးေစေသာ ပဋိပကၡအၿပီး ဗုဒၶဟူးေန႔တြင္ အိႏၵိယႏွင့္ တ႐ုတ္ႏိုင္ငံတို႔ တဖက္ႏွင့္တဖက္ အျပစ္တင္ၿပီး   န်ဴကလီးယား လက္နက္မ်ားပိုင္ဆိုင္ထားေသာ ႏွစ္ႏိုင္ငံအၾကားဆက္ဆံေရးကို နယ္ေျမသစ္သို႔ တြန္းပို႔လိုက္ ၾကသည္။

တဖက္ႏွင့္တဖက္ တုတ္မ်ား ခဲမ်ားျဖင့္တိုက္ခိုက္ခဲ့သည့္ တနလၤာေန႔ေႏွာင္းပိုင္းကျဖစ္ပြားေသာ ပဋိပကၡသည္ ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း ႏွစ္ႏိုင္ငံအၾကား အျပင္းထန္ဆုံး ပဋိပကၡျဖစ္သည္။

အိႏၵိယသည္ ၿငိမ္းခ်မ္းေရးကိုလိုလားေသာ္လည္း ရန္စလာလွ်င္ သင့္ေတာ္သလို တုံ႔ျပန္သြား မည္ဟု အိႏၵိယ ဝန္ႀကီးခ်ဳပ္မိုဒီက ထိုျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး ပထမဆုံးအႀကိမ္အျဖစ္ ဗုဒၶဟူးေန႔ တြင္ ေျပာသည္။

ထိုပဋိပကၡသည္ တ႐ုတ္ႏွင့္ အိႏၵိယအၾကား အေရးပါေသာ အေျပာင္းအလဲျဖစ္သည္။ ကမာၻတြင္ မတူညီေသာ အရွိန္အဟုန္ျဖင့္ ၾသဇာႀကီးထြားလာေနေသာ ႏွစ္ႏိုင္ငံအၾကား ဆက္ဆံေရးသည္ အဆင္မေျပလွေသာ္လည္း လြန္ခဲ့ေသာ ဆယ္စုႏွစ္မ်ားအတြင္ အၾကမ္းဖက္တိုက္ခိုက္ျခင္း မရွိ ေပ။

ယခုအခါ နယ္နိမိတ္ျခင္း မိုင္ေပါင္း ၂၂၀၀ ထိစပ္ေနေသာနယ္စပ္တြင္ နက္ရႈိင္းေသာ မယုံၾကည္ မႈမ်ားႏွင့္ ပဋိပကၡသစ္မ်ား ျဖစ္ေပၚေနသည္။ သို႔ေသာ္လတ္တေလာတြင္ တ႐ုတ္ႏွင့္ အိႏၵိယ ႏွစ္ႏိုင္ငံလုံးက  ပိုမိုက်ယ္ျပန႔္ေသာ ပဋိပကၡကို ရင္ဆိုင္ေန ၾကရသည္။ အိႏၵိယ ႏိုင္ငံသည္ ကို႐ိုနာ ဗိုင္းရပ္ႏွင့္ စီးပြားေရး အက်ပ္အတည္းကို ရင္ဆိုင္ေနရၿပီး တ႐ုတ္ႏိုင္ငံမွာမူ စီးပြားေရး တိုးတက္ မႈႏႈန္း အႀကီးအက်ယ္ ေႏွးေကြးျခင္းႏွင့္ ပိုမိုၿခိမ္းေျခာက္လာသည့္ ပထဝီႏိုင္ငံေရး ၿပိဳင္ဖက္ အေမရိကန္ ျပည္ေထာင္စုႏွင့္ ပိုမိုျပင္းထန္ေနေသာ ပဋိပကၡကို ရင္ဆိုင္ေနရသည္။

၎တို႔အၾကား သေဘာထားကြဲလြဲမႈမ်ားကို ေတြ႕ဆုံေဆြးေႏြးေျဖရွင္းမည္ျဖစ္ေၾကာင္း အိႏၵိယႏွင့္ တ႐ုတ္ ႏွစ္ႏိုင္ငံလုံးက ဗုဒၶဟူးေန႔တြင္ေျပာေသာ္လည္း အေျခအေနမွာ ဆက္လက္တင္းမာၿပီး မေရမရာျဖစ္ေနသည္။

ထိုပဋိပကၡတြင္ပါဝင္ေသာ အိႏၵိယ စစ္သားမ်ားကို ျပင္းထန္စြာအျပစ္ေပးရန္ တ႐ုတ္ႏိုင္ငံက ေတာင္းဆိုသည္။ အိႏၵိယႏိုင္ငံကမူ ထိုျဖစ္ရပ္သည္ တ႐ုတ္ဖက္က ႀကိဳတင္အကြက္ခ်လုပ္ေသာ လုပ္ရပ္ျဖစ္ၿပီး အၾကမ္းဖက္ တိုက္ခိုက္မႈ အတြက္ တ႐ုတ္ႏိုင္ငံတြင္ တာဝန္ရွိေၾကာင္း ေျပာသည္။

မိုဒီက ႏိုင္ငံေတာ္ ႐ုပ္ျမင္သံၾကားတြင္ သူ၏ မ်က္လုံးမ်ားကို လက္ႏွစ္ဖက္ျဖင့္ အုပ္ကာ ေသဆုံး သြားေသာ စစ္သားမ်ားကို အေလးအနက္ဂုဏ္ျပဳမိန႔္ခြန္းေျပာၾကားသည္။“ငါတို႔တပ္ဖြဲ႕ဝင္ေတြရဲ႕ စြန႔္လႊတ္အနစ္နာခံမႈဟာ အခ်ီးႏွီး မျဖစ္ေစရဘူး” ဟု သူေျပာသည္။

အိႏၵိယလုံၿခဳံေရး အသိုင္းအဝန္းတြင္ တ႐ုတ္ႏိုင္ငံ၏ လုပ္ရပ္အတြက္ သိသာေသာ ေဒါသႏွင့္ စိတ္ရႈပ္ေထြးမႈမ်ား ျဖစ္ေပၚေနသည္။ လာဒက္ေဒသမွ အျငင္းပြားေနေသာ နယ္စပ္ေနရာ အမ်ား အျပားမွ ၎တို႔ပိုင္နက္မ်ားတြင္ တ႐ုတ္က စခန္းမ်ား တည္ေဆာက္ေသာေၾကာင့္ ပဋိပကၡပိုမို ဆိုး႐ြားလာၿပီး တပ္ဖြဲ႕ဝင္ ေထာင္ေပါင္းမ်ား စြာပါဝင္ေသာ ပဋိပကၡျဖစ္ေစေၾကာင္း အိႏၵိယမွ ကြၽမ္းက်င္သူမ်ားက ေျပာသည္။

“တ႐ုတ္ေတြက အႏိုင္က်င့္သလိုလုပ္ေနတယ္” ဟု အိႏၵိယ အမ်ိဳးသားလုံၿခံေရး အႀကံေပး အရာ ရွိေဟာင္း အာဗန္ ဂုတ္ပတား ေျပာၿပီး လက္ရွိအေျခအေနမွ အေျပာင္းအလဲမ်ားကို အိႏၵိယက ခုခံကာကြယ္သြားမည္ျဖစ္ေၾကာင္း ေျပာသည္။ “တခါအေလွ်ာ့ေပးလိုက္ရင္ တသက္လုံး အေလွ်ာ့ေပးရလိမ့္မယ္” ဟု သူေျပာသည္။

ေသဆုံးမႈမ်ားျပားေသာ ပဋိပကၡ၏ ရက္စက္ၾကမ္းၾကဳတ္မႈသည္ တုန္လႈပ္စရာေကာင္းေၾကာင္း ႏွင့္ အုပ္စုဖြဲ႕တိုက္ခိုက္မႈ ျဖစ္ေနေၾကာင္း သူေျပာသည္။

ႏွစ္ဖက္အၾကား ေဆြးေႏြးမႈမ်ားအၿပီး ဂယ္လ္ဝန္ေတာင္ၾကားရွိ ေနရာတခုမွ တ႐ုတ္တပ္မ်ား ဆုတ္ခြာျခင္းရွိ/မရွိ စစ္ေဆးရန္ အိႏၵိယက တပ္ဖြဲ႕မ်ားေစလႊတ္ခဲ့ၿပီးေနာက္ တနလၤာေန႔ေႏွာင္းပိုင္း တြင္ ထိုသို အေသအေပ်ာက္ မ်ားေသာ ပဋိပကၡျဖစ္ပြား သည္ဟု ထိုေဒသတြင္ စခန္းခ်ထားသည့္ အမည္မေဖၚလိုေသာ အိႏၵိယ စစ္အရာရွိမ်ား ေျပာသည္။

ထိုသို႔ ကနဦးေစလႊတ္လိုက္ေသာ တပ္ဖြဲ႕မ်ားအတိုက္ခိုက္ခံရၿပီး အခ်ိဳ႕အဖမ္းခံရၿပီး ႏွစ္ဖက္လုံး က စစ္ကူမ်ား ေစလႊတ္သည္ဟု ထိုအရာရွိမ်ားေျပာသည္။ ထိုပဋိပကၡသည္ နာရီအတန္ၾကာ ဆက္လက္ျဖစ္ပြားၿပီး တုတ္မ်ား ခဲမ်ားျဖင့္ အေမွာင္ထဲတြင္ တိုက္ခိုက္ၾကေၾကာင္းေျပာသည္။ ေသဆုံးသြားေသာ အိႏၵိယ စစ္သားမ်ားသည္ ေအာက္မွ ေအးခဲေနသည့္ ဂယ္လ္ဝန္ျမစ္အတြင္းသို႔ ပစ္ခ်ခံရသူမ်ားႏွင့္ ျပဳတ္က်သူမ်ားျဖစ္ေၾကာင္း ထိုအရာရွိမ်ား ကေျပာသည္။ ေနာက္ထပ္ ဒါဇင္ေပါင္းမ်ားစြာလည္း ဒဏ္ရာရရွိသည္ဟု ဆိုသည္။ (ကာလၾကာျမင့္ၿပီျဖစ္ေသာ သေဘာ တူညီခ်က္ အရ တ႐ုတ္ႏွင့္ အိႏၵိယ စစ္သားမ်ားသည္ နယ္စပ္တြင္ လက္နက္ပစ္ခတ္ျခင္းကို ေရွာင္ရွား ရသည္။)

တ႐ုတ္ဖက္က ၎တို႔တပ္မ်ား ေသဆုံး ဒဏ္ရာရမႈကို ထုတ္ေဖၚေၾကညာျခင္းမရွိဘဲ ထိုျဖစ္ရပ္ တြင္ ထိခိုက္ေသဆုံးမႈ ရွိေၾကာင္းသာ ေျပာသည္။ အိႏၵိယ စစ္သားမ်ားသည္ တရားမဝင္ေသး ေသာ နယ္နိမိတ္ျဖစ္သည့္ အမွန္တကယ္ ထိန္းခ်ဳပ္မ်ဥ္းကို ျဖတ္ေက်ာ္လာၿပီး ၎တို႔အနားသို႔ ခ်ဥ္းကပ္လာသည့္ တ႐ုတ္စစ္သားမ်ားကို တိုက္ခိုက္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိ က ဗုဒၶဟူးေန႔တြင္ထုတ္ျပန္သည့္ ေၾကညာခ်က္တစ္ ေစာင္တြင္ ေဖၚျပသည္။ အိႏၵိယဖက္မွ ရန္စေသာလုပ္ရပ္မ်ားကို ခ်က္ျခင္းရပ္ရန္ သူေတာင္းဆိုသည္။

ထိုသို႔စကားစစ္ဆင္ေနၾကေသာ္လည္း ထိုပဋိပကၡအၿပီးတြင္ တင္းမာမႈမ်ားေလွ်ာ့ခ်ရန္ ႏွစ္ႏိုင္ငံ လုံး က လုပ္ေဆာင္ ေနၾကသည္။ အိႏၵိယႏိုင္ငံဖက္တြင္ တုန္လႈပ္မႈမ်ားျဖစ္ေပၚေနေသာ္လည္း အိမ္နီးခ်င္းပါကစၥတန္ႏွင့္ ျဖစ္ပြားေသာ ပဋိပကၡမ်ားတြင္ကဲ့သို႔ လက္စားေျခရန္ ေတာင္းဆိုမႈမ်ား မရွိေပ။

တ႐ုတ္ႏိုင္ငံဖက္ကလည္း ထိုင္ဝမ္ေရလက္ၾကားတြင္ ကဲ့သို႔ေသာ စစ္မ်က္ႏွာမ်ားႏွင့္မတူဘဲ အျပင္းအထန္ တုံ႔ျပန္မႈ မရွိေပ။ ထိုင္ဝမ္ေရလက္ၾကားတြင္ အေမရိကန္က အနည္းငယ္မွ် ရန္စလွ်င္ပင္ တ႐ုတ္က ရန္လိုေသာ သတိေပးမႈမ်ား ျပဳလုပ္တတ္သည္။

ထိုလူေသဆုံးေစသည့္ ပဋိပကၡသတင္းမ်ားထြက္ေပၚလာၿပီး နံနက္တြင္ တ႐ုတ္ႏိုင္ငံပိုင္ ဆင္ဟြာ သတင္းဌာနႏွင့္ ကြန္ျမဴနစ္ပါတီ အာေဘာ္ ျပည္သူ႔ေန႔စဥ္ သတင္းစာမ်ားက ထိုသတင္းမ်ားကို ခ်န္လွပ္ထားသည္။

“တ႐ုတ္ႏိုင္ငံက အမ်ိဳးသားေရးဝါဒကို ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္တယ္” ဟု တ႐ုတ္အိႏၵိယ လုံၿခဳံေရးကို ေလ့လာေစာင့္ၾကည့္ ေနသည့္ ဝီလ္ဆင္စင္တာမွ သုေတသီ ခရစ္စတိုဖာ ေကာ္ေလ ေျပာသည္။

“ထိခိုက္ေသဆုံးမႈ ေတြကို ထုတ္ေဖၚေၾကညာျခင္းမရွိတာဟာ တ႐ုတ္ႏိုင္ငံရဲ႕ အေရးပါတဲ့ ဆုံးျဖတ္ ခ်က္ျဖစ္ၿပီး အမ်ိဳးသားေရးဝါဒ ပါဝင္ပတ္သက္လာရင္ အရမ္းအႏၲရာယ္မ်ားၿပီး ခန႔္မွန္းရခက္တဲ့ အေျခအေနကို တားဆီးတဲ့ အားထုတ္မႈျဖစ္တယ္” ဟု သူေျပာသည္။

“တင္းမာမႈ ပိုမိုျမင့္မားလာဖို႔ တ႐ုတ္ဖက္က စိတ္မဝင္စားဘူး” ဟု မက္ဆာခ်ဳးဆက္တကၠသိုလ္မွ လုံၿခဳံအေရး အစီအစဥ္တခုကို ဦးေဆာင္သူ တ႐ုတ္ျပည္သူ႔လႊတ္ေျမာက္ေရးတပ္မေတာ္ေရးရာ ကြၽမ္းက်င္သူ အမ္ေတလာ ဖရာဗယ္ေျပာသည္။ “အေရွ႕အာရွမွာ တ႐ုတ္ႏိုင္ငံရဲ႕ အဓိက ၿပိဳင္ဖက္ က အေမရိကန္ျပည္ေထာင္စုပဲ။ အိႏၵိယ မဟုတ္ဘူး”ဟု သူေျပာသည္။

မၾကာေသးမီ ရက္သတၱပတ္မ်ားအတြင္း တ႐ုတ္ႏိုင္ငံသည္ ေဒသတြင္းတြင္ စစ္အင္အားျပသ လာၿပီး ေတာင္ တ႐ုတ္ ပင္လယ္မွ မေလးရွားႏွင့္ ဗီယက္နမ္ေရယာဥ္မ်ားကို ၾကားျဖတ္ကာ ေဟာင္ေကာင္တြင္ အာဏာသစ္မ်ား ထူေထာင္လာၿပီး အထိမခံႏိုင္ေသာ ထိုင္ဝမ္ေရလက္ၾကား တြင္ ေလယာဥ္တင္ သေဘၤာတစင္းကို ႏွစ္ႀကိမ္ျဖတ္ သန္းေမာင္းႏွင္သည္။

တ႐ုတ္ႏွင့္ အိႏၵိယတို႔သည္ နယ္စပ္အျငင္းပြားမႈမ်ား၊ အိမ္နီးခ်င္းႏိုင္ငံမ်ားရွိ တ႐ုတ္ေငြေၾကး ေထာက္ပံ့ေသာ စီမံကိန္းမ်ားႏွင့္ အိႏၵိယတြင္ ျပည္ေျပးအျဖစ္ေနထိုင္သည့္ ဒလိုင္လားမားကို အိႏၵိယ က ေထာက္ခံျခင္း အပါအဝင္ ပဋိပကၡနယ္ပယ္ အမ်ားအျပားတြင္ ရႈပ္ေထြးေသာ ဆက္ဆံ ေရး မ်ားရွိၾကသည္။ တနလၤာေန႔က ျဖစ္ပြားေသာ ပဋိပကၡမတိုင္မီကပင္ အေတာ္အတန္ ျမင့္မားသည့္ အယုံအၾကည္ကင္းမဲ့မႈမ်ားရွိေနေၾကာင္း တ႐ုတ္ႏိုင္ငံဆိုင္ရာ အိႏၵိယ သံအမတ္ေဟာင္း အေရွာ့ ကန္သာ ေျပာသည္။

တနလၤာေန႔က ပဋိပကၡအၿပီး လာဒက္တြင္ တ႐ုတ္ႏိုင္ငံ သည္ ႀကီးမားသည့္ စိန္ေခၚမႈသစ္ျဖစ္ သည္။

“ဒါဟာ အျငင္းပြားစရာျဖစ္တယ္ဆိုတာကို ေမးခြန္းထုတ္စရာမလိုဘူး” ဟု အိႏၵိယ အမ်ိဳးသား လုံၿခဳံေရး အႀကံေပးအရာရွိေဟာင္း ရွစ္ဗ္ရွန္ကာ မီႏြန္ေျပာသည္။ “တ႐ုတ္ဖက္က လုပ္လိုက္တာ ဟာ အႀကီးအက်ယ္ တင္းမာမႈ ျမင့္မားေစတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ ဆက္ဆံေရးမွာ အႀကီး အက်ယ္ အေျပာင္းအလဲျဖစ္ေစလိမ့္မယ္” ဟု သူေျပာသည္။

Ref:India and China trade barbs after ‘gang war’ high in the Himalayas(washingtonpost)