【 နိုင်ငံတကာ ဆောင်းပါး 】“ သဘောတူညီမှုရရန် စေ့စပ်ညှိနှိုင်းသူများ ယုံကြည်”

【  နိုင်ငံတကာ ဆောင်းပါး  】“ သဘောတူညီမှုရရန် စေ့စပ်ညှိနှိုင်းသူများ ယုံကြည်”

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နောက်ထပ်အခွန်သစ်များ အသက်ဝင်လာတော့မည်ဖြစ်သောကြောင့် အမေရိကန်ပြည်ထောင်စုနှင့်တရုတ်နိုင်ငံတို့အကြား သဘောတူညီမှု ရရှိရမည့် နောက်ဆုံး သတ်မှတ် ချိန်မှာ ပိုမိုနီးကပ်လာပြီဖြစ်သည်။

ထိုနောက်ဆုံးသတ်မှတ်ချိန်ကို အောက်တိုဘာလကကဲ့သို့ အမေရိကန်သမ္မတက နောက်ဆုတ်အောင် တွန်းနိုင်သော်လည်း ထိုသို့လုပ်မည့် အရိပ်အရောင်ကို မတွေ့ရသေးပေ။ ၎င်းတို့၏ ကြီးမား စွာမျှော်လင့် ထားသည့် အဆင့်တစ် သဘောတူညီချက်အတွက် အချိန်နှင့်နေရာမှာ အကောင်အထည်ပေါ်မလာဘဲ အခြားရွေးစရာလည်း မရှိသောကြောင့် သဘောတူညီမှု တမျိုးမျိုးရလာမည်ဟူသည့် ပျော်ရွှင်စရာ သဘောထား ရှိနေခြင်းသည် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ထိခိုက်လွယ်လာ မည်ဖြစ်သည်။

 ထို့ကြောင့် အင်္ဂါနေ့နံနက်က ထိပ်တန်း တရုတ်နှင့်အမေရိကန် ကုန်သွယ်ရေး ညှိနှိုင်းသူများသည့် တဖက်စီမှ စိုးရိမ်ပူပန်မှုများကိုဖုန်းဖြင့်ဆက်သွယ်ပြောကြားဆွေးနွေးကြောင်း သိရသောကြောင့် အားတက်စရာကောင်းလှသည်။

တရုတ်နိုင်ငံကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကြေညာချက်အရ ၎င်းတို့နှစ်ဦးသည် ပထမဆင့် သဘောတူညီချက်အတွက် ကျန်ပြဿနာများကို ဆက်သွယ်ဆောင်ရွက်ရန် သဘောတူကြသည်ဟု သိရသည်။ ၎င်းတို့၏ ဆွေးနွေးပွဲများအတွင် မဖြေရှင်းရသေးသော ကျန်ပြဿနာများကို ဖြေရှင်းရန် အတွက် ဆက်လက်ထိတွေ့ဆက်ဆံရန်လည်း ၎င်းတို့သဘောတူကြသည်။

 ယခုဆွေးနွေးပွဲသည် ဝါရှင်တန်တွင် အောက်တိုဘာလက နောက်ဆုံး မျက်နှင်ချင်း ဆိုင်တွေ့ ဆုံပြီးနောက် ဒုတိယ ဝန်ကြီးချုပ် လျှူဟယ် နှင့် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ် လိုက်သီဇာနှင့် ဘာဏ္ဍာရေးဝန်ကြီး စတီဗင် မန်နူချင် အကြား စတုတ္ထအကြိမ်မြောက်ပြောဆိုဆွေးနွေးခြင်းဖြစ် ပြီး အဆိုပြုပထမဆင့် သဘောတူညီချက်ရရှိရန် မြင့်မားသော စိတ်ဝင်စားမှုရှိပြီး အဆက် အသွယ် ထိန်းသိမ်ထားကြောင်းလည်းး ပြသနေသည်။

ထိုသဘောတူညီချက်သည် နှစ်ဖက်အတွက်သာမက ကမ္ဘာ့စီးပွားရေး တခုလုံးအတွက်လည်း အရေး ပါသည်။ အမေရိကန်က စတင်လိုက်သည့် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအကြား ကုန်သွယ်ရေး ပွတ်တိုက်မှုသည် ကမ္ဘာ့ ဘာဏ္ဍာရေးဈေးကွက် ဖရိုဖရဲဖြစ်စေပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ထုံထိုင်းစေကာ ကမ္ဘာ့ကုန်သွယ်ရေး ကြီးထွားမှုကို ထိခိုက်ပြီး ကမ္ဘာတဝှမ်း စီးပွားရေး လုပ်ငန်းဆောင် ရွက် မှု လျှော့ကျသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့်လည်း ၎င်း၏ PMI စီးပွားရေးအညွုန်းကိန်းသည် ၇ လအတွင်း အမြင့်ဆုံးသို့ နိုဝင်ဘာလတွင်ရောက်လာသော်လည်း အခြားနိုင်ငံများ အထူးသဖြင့် တရုတ်နှင့် ကုန်သွယ်ရေးပွတ်တိုက်မှုကြောင့် မြှင့်တင်အခွန်များ၏ သက်ရောက်မူကြောင့် နှေးကွေးသွား မည်ဖြစ်သည်။

 ညှိနှိုင်းမှု အားလုံးတွင်ကဲ့သို့ပင် သဘောတူညီချက်ကို အပြီးမသတ်မီ အသေးစိတ်များကို ချောမွေ့အောင် လုပ်ဆောင်နေသည်ကို သံသယဝင်ရန်မလိုသော်လည်း စိတ်ထဲတွင် သဘော တူညီမှု ရှိခြင်းနှင့်အတူ မည်သည့်ဖက်က မည်သည့်အချိန်တွင် မည်သည်ကိုလုပ်မည် အထိ အသေးစိတ် များ ဆွေးနွေးရမည့်အကြောင်းအရာများဖြစ်လာမည်ဟု မျှော်လင့်ရပေသည်။

နှစ်နိုင်ငံလုံးမှ စေ့စပ်ညှိနှိုင်းသူများသည် ၎င်းတို့၏ အဆုံးစွန်အထိ ရိုးသားမှုနှင့် စိတ်ရှည်မှုကို ဖေါ်ပြရမည်ဖြစ်ပြီး သဘောတူညီချက်အကောင်အထည်ပေါ်လာရန် အပြန်အလှန် ယုံကြည်မှုနှင့်လေးစားမှု သဘောတရားကိုလိုက်နာရမည်ဖြစ်သည်။
 

(  Zawgyi  )

 ဒီဇင္ဘာလ ၁၅ ရက္ေန႔တြင္ ေနာက္ထပ္အခြန္သစ္မ်ား အသက္ဝင္လာေတာ့မည္ျဖစ္ေသာေၾကာင့္ အေမရိကန္ျပည္ေထာင္စုႏွင့္တ႐ုတ္ႏိုင္ငံတို႔အၾကား သေဘာတူညီမႈ ရရွိရမည့္ ေနာက္ဆုံး သတ္မွတ္ ခ်ိန္မွာ ပိုမိုနီးကပ္လာၿပီျဖစ္သည္။

ထိုေနာက္ဆုံးသတ္မွတ္ခ်ိန္ကို ေအာက္တိုဘာလကကဲ့သို႔ အေမရိကန္သမၼတက ေနာက္ဆုတ္ေအာင္ တြန္းႏိုင္ေသာ္လည္း ထိုသို႔လုပ္မည့္ အရိပ္အေရာင္ကို မေတြ႕ရေသးေပ။ ၎တို႔၏ ႀကီးမား စြာေမွ်ာ္လင့္ ထားသည့္ အဆင့္တစ္ သေဘာတူညီခ်က္အတြက္ အခ်ိန္ႏွင့္ေနရာမွာ အေကာင္အထည္ေပၚမလာဘဲ အျခားေ႐ြးစရာလည္း မရွိေသာေၾကာင့္ သေဘာတူညီမႈ တမ်ိဳးမ်ိဳးရလာမည္ဟူသည့္ ေပ်ာ္႐ႊင္စရာ သေဘာထား ရွိေနျခင္းသည္ အခ်ိန္ကာလၾကာျမင့္လာသည္ႏွင့္အမွ် ထိခိုက္လြယ္လာ မည္ျဖစ္သည္။

 ထို႔ေၾကာင့္ အဂၤါေန႔နံနက္က ထိပ္တန္း တ႐ုတ္ႏွင့္အေမရိကန္ ကုန္သြယ္ေရး ညႇိႏႈိင္းသူမ်ားသည့္ တဖက္စီမွ စိုးရိမ္ပူပန္မႈမ်ားကိုဖုန္းျဖင့္ဆက္သြယ္ေျပာၾကားေဆြးေႏြးေၾကာင္း သိရေသာေၾကာင့္ အားတက္စရာေကာင္းလွသည္။

တ႐ုတ္ႏိုင္ငံကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၏ ေၾကညာခ်က္အရ ၎တို႔ႏွစ္ဦးသည္ ပထမဆင့္ သေဘာတူညီခ်က္အတြက္ က်န္ျပႆနာမ်ားကို ဆက္သြယ္ေဆာင္႐ြက္ရန္ သေဘာတူၾကသည္ဟု သိရသည္။ ၎တို႔၏ ေဆြးေႏြးပြဲမ်ားအတြင္ မေျဖရွင္းရေသးေသာ က်န္ျပႆနာမ်ားကို ေျဖရွင္းရန္ အတြက္ ဆက္လက္ထိေတြ႕ဆက္ဆံရန္လည္း ၎တို႔သေဘာတူၾကသည္။

 ယခုေဆြးေႏြးပြဲသည္ ဝါရွင္တန္တြင္ ေအာက္တိုဘာလက ေနာက္ဆုံး မ်က္ႏွင္ခ်င္း ဆိုင္ေတြ႕ ဆုံၿပီးေနာက္ ဒုတိယ ဝန္ႀကီးခ်ဳပ္ လွ်ဴဟယ္ ႏွင့္ အေမရိကန္ ကုန္သြယ္ေရးကိုယ္စားလွယ္ ေရာဘတ္ လိုက္သီဇာႏွင့္ ဘာ႑ာေရးဝန္ႀကီး စတီဗင္ မန္ႏူခ်င္ အၾကား စတုတၳအႀကိမ္ေျမာက္ေျပာဆိုေဆြးေႏြးျခင္းျဖစ္ ၿပီး အဆိုျပဳပထမဆင့္ သေဘာတူညီခ်က္ရရွိရန္ ျမင့္မားေသာ စိတ္ဝင္စားမႈရွိၿပီး အဆက္ အသြယ္ ထိန္းသိမ္ထားေၾကာင္းလည္းး ျပသေနသည္။

ထိုသေဘာတူညီခ်က္သည္ ႏွစ္ဖက္အတြက္သာမက ကမာၻ႔စီးပြားေရး တခုလုံးအတြက္လည္း အေရး ပါသည္။ အေမရိကန္က စတင္လိုက္သည့္ တ႐ုတ္ႏိုင္ငံႏွင့္ အျခားႏိုင္ငံမ်ားအၾကား ကုန္သြယ္ေရး ပြတ္တိုက္မႈသည္ ကမာၻ႔ ဘာ႑ာေရးေဈးကြက္ ဖ႐ိုဖရဲျဖစ္ေစၿပီး ရင္းႏွီးျမႇဳပ္ႏွံသူမ်ား၏ ယုံၾကည္မႈကို ထုံထိုင္းေစကာ ကမာၻ႔ကုန္သြယ္ေရး ႀကီးထြားမႈကို ထိခိုက္ၿပီး ကမာၻတဝွမ္း စီးပြားေရး လုပ္ငန္းေဆာင္ ႐ြက္ မႈ ေလွ်ာ့က်သည္။

အေမရိကန္ျပည္ေထာင္စုအေနျဖင့္လည္း ၎၏ PMI စီးပြားေရးအၫြဳန္းကိန္းသည္ ၇ လအတြင္း အျမင့္ဆုံးသို႔ ႏိုဝင္ဘာလတြင္ေရာက္လာေသာ္လည္း အျခားႏိုင္ငံမ်ား အထူးသျဖင့္ တ႐ုတ္ႏွင့္ ကုန္သြယ္ေရးပြတ္တိုက္မႈေၾကာင့္ ျမႇင့္တင္အခြန္မ်ား၏ သက္ေရာက္မူေၾကာင့္ ေႏွးေကြးသြား မည္ျဖစ္သည္။

 ညႇိႏႈိင္းမႈ အားလုံးတြင္ကဲ့သို႔ပင္ သေဘာတူညီခ်က္ကို အၿပီးမသတ္မီ အေသးစိတ္မ်ားကို ေခ်ာေမြ႕ေအာင္ လုပ္ေဆာင္ေနသည္ကို သံသယဝင္ရန္မလိုေသာ္လည္း စိတ္ထဲတြင္ သေဘာ တူညီမႈ ရွိျခင္းႏွင့္အတူ မည္သည့္ဖက္က မည္သည့္အခ်ိန္တြင္ မည္သည္ကိုလုပ္မည္ အထိ အေသးစိတ္ မ်ား ေဆြးေႏြးရမည့္အေၾကာင္းအရာမ်ားျဖစ္လာမည္ဟု ေမွ်ာ္လင့္ရေပသည္။

ႏွစ္ႏိုင္ငံလုံးမွ ေစ့စပ္ညႇိႏႈိင္းသူမ်ားသည္ ၎တို႔၏ အဆုံးစြန္အထိ ႐ိုးသားမႈႏွင့္ စိတ္ရွည္မႈကို ေဖၚျပရမည္ျဖစ္ၿပီး သေဘာတူညီခ်က္အေကာင္အထည္ေပၚလာရန္ အျပန္အလွန္ ယုံၾကည္မႈႏွင့္ေလးစားမႈ သေဘာတရားကိုလိုက္နာရမည္ျဖစ္သည္။