【 နိုင်ငံတကာ ဆောင်းပါး 】 ရှန်ဟိုင်းဆွေနွေးပွဲမှ အပြုသဘောဆောင်သော စွမ်းရည်အချို့ ထုတ်လုပ်ပေး

 【 နိုင်ငံတကာ ဆောင်းပါး 】 ရှန်ဟိုင်းဆွေနွေးပွဲမှ အပြုသဘောဆောင်သော စွမ်းရည်အချို့ ထုတ်လုပ်ပေး

 တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ၁၂ ကြိမ်မြောက် အဆင့်မြင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲများကို အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များက ရှန်ဟိုင်းတွင် ကျင်းပခဲ့ကြသည်။ ထိုဆွေးနွေးပွဲများသည် ဇွန်လက အိုဆာကာတွင် ကျင်းပသည့် စက်မှုထိပ်သီး နိုင်ငံ၂၀ အစည်းအဝေးမှ သီးခြားအစည်းအဝေးတွင် နှစ်နိုင်ငံခေါင်းဆောင်များအကြားရရှိခဲ့သည့် သဘောတူညီချက်များကို အကောင်အထည်ဖေါ်ရန် ခိုင်မာသည့်လုပ်ဆောင်မှုဖြစ်သည်။

နှစ်နိုင်ငံတို့သည် နောက်ဆုံးတွင် ၎င်းတို့၏ စီးပွားရေးနှင့်ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုများကို စတင်ခဲ့ပြီး စီးပွားရေးနှင့်ကုန်သွယ်ရေးနယ်ပယ်တွင် နှစ်နိုင်ငံ၏ဘုံ စိုးရိမ်ပူပန်မှုအဓိက ပြဿနာ များ တွင် ပိုမိုနက်ရှိုင်းသောနားလည်မှုရရှိခဲ့သည်။ နှစ်ဖက်စလုံးအနေဖြင့်တန်းတူညီမျှမှုနှင့် အပြန်အလှန်လေးစားမှုများကို အခြေခံကာ သဘောထားကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးဖြေရှင်းရန် စိတ်အား ထက်သန်ကြောင်း ပြသနေသမျှ ကာလပတ်လုံး တဖက်စီ၏ ကျိုးကြောင်းဆီလျှော်သော ပြဿနာ များကို ကိုင်တွယ်ရန် အခြေအနေကိုဖန်တီးနိုင်မည်ဖြစ်ကြောင်း ယခုပွင့်လင်းထိရောက် အပြုသဘောဆောင်ပြီး နက်ရှိုင်းသောဆက်ဆံရေးက ပြသနေပေသည်။

 အေးစက်သော ဆက်ဆံရေးကို ချိုးဖျက်ရန် လွန်ခဲ့သော ၄၇ နှစ်က အမေရိကန်သမ္မတ ရစ်ချတ် နစ်ဆင် တရုတ်နိုင်ငံသို့လာရောက်လည်ပတ်ခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးသည် တိုးတက်လာ ခဲ့သည်။ ယခု နှစ်နိုင်ငံအနေဖြင့် တနိုင်ငံနှင့်တနိုင်ငံ တစိမ်းဆန်ရန်အကြောင်းမရှိတော့ပေ။တရုတ်-အမေရိကန်ကုန်သွယ်ရေးသည် ကမ္ဘာ့ဈေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအား ဆက်စပ် မှုကို အခြေခံသော နှစ်နိုင်ငံလုံးမှ လုပ်ငန်းများနှင့် ပြည်သူများအကြား သဘာဝကျသော အပြုအမူ များ သာဖြစ်သည်။

 ၁၉၇၂ ခုနှစ်က နှစ်နိုင်ငံအကြား ကုန်သွယ်မှုမှာ ဒေါ်လာ ၅ သန်းဖိုးသာရှိသော်လည်း ယခုအခါ ထိုပမာဏကို မိနစ်ပိုင်းအတွင်း ကုန်သွယ်နေကြသည်။ စီးပွားရေးနှင့် ကုန်သွယ်ရေး ပွတ်တိုက်မှုများ တနှစ်ကြာဖြစ်ပြီးသည့်အချိန်တွင်ပင် တရုတ်-အမေရိကန်ကုန်သွယ်ရေး သည် ဆက်လက် တိုးတက်နေပြီး ကမ္ဘာ့အကြီးဆုံးစီးပွားရေးကြီးနှင့် ဒုတိယအကြီးမားဆုံးစီးပွားရေးများသည် တခုနှင့်တခု အပြန် အလှန်လိုအပ်နေကြောင်း ပြသနေပေသည်။ သို့သော် နှစ်နိုင်ငံပြည်သူများအကြား ဘုံအကျိုးစီးပွားကို ပိုမိုကြီးမားလာအောင်လုပ်ဆောင်ရန်လိုအပ်နေသေးသည်။ တရုတ်နိုင်ငံဆိုင်ရာအမေရိကန် သံအမတ်ကြီးဟောင်း ရွိုင်စတက်ပလက်တန် ပြောသကဲ့သို့ ပြောရပါက အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအကြားဆက်ဆံရေးသည် တနိုင်ငံကအခြားတနိုင်ငံကို အပြစ်ပေးလျှင် အပြစ်ပေးသူပါ မထိခိုက်ဘဲမဖြစ်နိုင်သည့် အနေအထားသို့ပင် တိုးတက်နေပြီဖြစ်သည်။

လွန်ခဲ့သော ၄၇ နှစ်က ရှန်ဟိုင်းသည် တရုတ်နှင့်အမေရိကန် အကြား ဆက်ဆံရေး တံခါးပြန်လည် ပွင့်လာသည်ကို မြင်တွေ့ခဲ့ရသည်။ တရုတ်-အမေရိကန် စီးပွားရေးနှင့်ကုန်သွယ်မှု ဆက်ဆံရေး များ သည်အခက်အခဲ များနှင့်ရင်ဆိုင်နေရချိန် တွင်ရှန်ဟိုင်း သည်နှစ်ဖက်စီးပွားရေးနှင့်ကုန်သွယ်ရေးဆွေးနွေး ပွဲများပြန်လည်စတင်သည်ကို တွေ့ခဲ့ရပြန်ပြီး လတ်ဆတ်သော တိုးတက်မှုများအတွင် မျှော်လင့်ချက် များကိုဖြစ်စေခဲ့သည်။

တရုတ်-အမေရိကန်ဆက်ဆံရေး၏ သော့ချက်မှာ နှစ်နိုင်ငံအနေဖြင့်အခက်အခဲများကို ကျော်လွှားရန် သတ္တိနှင့်ကျွမ်းကျင်မှုရှိသင့်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကျိုး စီးပွားလမ်းကြောင်းမှန်တွင် လမ်းညွန်နိုင်ရန်အတွက် အပြုသဘောဆောင်သော စွမ်းအင်များ စဉ်ဆက်မပြတ် ထည့်သွင်းပေးသင့်သည်။ ယခုပြီးစီးသွားသော ၁၂ ကြိမ်မြောက် စီးပွားရေးနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် တရုတ်နိုင်ငံ၏ပြည်တွင်းလိုအပ်ချက်ကို အခြေခံကာ အမေရိကန်နိုင်ငံ မှ လယ်ယာထုတ်ကုန်များကိုပိုမိုဝယ်ယူရေးနှင့်ဝယ်ယူမှုမျာအတွက်ကောင်းမွန်သော အခြေအနေများကို အမေရိကန်နိုင်ငံက ဖန်တီးပေးရန် စိတ်အားထက်သန်မှုကို နှစ်ဖက်ဆွေးနွေး ခဲ့သည်။ နောက်တချိန်ဆွေးနွေးမည့်အစီအစဉ်မှာ စက်တင်ဘာလတွင်ဖြစ်သည်။

(  Zawgyi  )

  တ႐ုတ္ႏိုင္ငံႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔သည္ ၁၂ ႀကိမ္ေျမာက္ အဆင့္ျမင့္ စီးပြားေရးႏွင့္ ကုန္သြယ္ေရး ေဆြးေႏြးပြဲမ်ားကို အဂၤါေန႔ႏွင့္ ဗုဒၶဟူးေန႔မ်ားက ရွန္ဟိုင္းတြင္ က်င္းပခဲ့ၾကသည္။ ထိုေဆြးေႏြးပြဲမ်ားသည္ ဇြန္လက အိုဆာကာတြင္ က်င္းပသည့္ စက္မႈထိပ္သီး ႏိုင္ငံ၂၀ အစည္းအေဝးမွ သီးျခားအစည္းအေဝးတြင္ ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ားအၾကားရရွိခဲ့သည့္ သေဘာတူညီခ်က္မ်ားကို အေကာင္အထည္ေဖၚရန္ ခိုင္မာသည့္လုပ္ေဆာင္မႈျဖစ္သည္။

ႏွစ္ႏိုင္ငံတို႔သည္ ေနာက္ဆုံးတြင္ ၎တို႔၏ စီးပြားေရးႏွင့္ကုန္သြယ္ေရး ေဆြးေႏြးညႇိႏႈိင္းမႈမ်ားကို စတင္ခဲ့ၿပီး စီးပြားေရးႏွင့္ကုန္သြယ္ေရးနယ္ပယ္တြင္ ႏွစ္ႏိုင္ငံ၏ဘုံ စိုးရိမ္ပူပန္မႈအဓိက ျပႆနာ မ်ား တြင္ ပိုမိုနက္ရႈိင္းေသာနားလည္မႈရရွိခဲ့သည္။ ႏွစ္ဖက္စလုံးအေနျဖင့္တန္းတူညီမွ်မႈႏွင့္ အျပန္အလွန္ေလးစားမႈမ်ားကို အေျခခံကာ သေဘာထားကြဲလြဲမႈမ်ားကို ေတြ႕ဆုံေဆြးေႏြးေျဖရွင္းရန္ စိတ္အား ထက္သန္ေၾကာင္း ျပသေနသမွ် ကာလပတ္လုံး တဖက္စီ၏ က်ိဳးေၾကာင္းဆီေလွ်ာ္ေသာ ျပႆနာ မ်ားကို ကိုင္တြယ္ရန္ အေျခအေနကိုဖန္တီးႏိုင္မည္ျဖစ္ေၾကာင္း ယခုပြင့္လင္းထိေရာက္ အျပဳသေဘာေဆာင္ၿပီး နက္ရႈိင္းေသာဆက္ဆံေရးက ျပသေနေပသည္။

 ေအးစက္ေသာ ဆက္ဆံေရးကို ခ်ိဳးဖ်က္ရန္ လြန္ခဲ့ေသာ ၄၇ ႏွစ္က အေမရိကန္သမၼတ ရစ္ခ်တ္ နစ္ဆင္ တ႐ုတ္ႏိုင္ငံသို႔လာေရာက္လည္ပတ္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံဆက္ဆံေရးသည္ တိုးတက္လာ ခဲ့သည္။ ယခု ႏွစ္ႏိုင္ငံအေနျဖင့္ တႏိုင္ငံႏွင့္တႏိုင္ငံ တစိမ္းဆန္ရန္အေၾကာင္းမရွိေတာ့ေပ။တ႐ုတ္-အေမရိကန္ကုန္သြယ္ေရးသည္ ကမာၻ႔ေဈးကြက္၏ ဝယ္လိုအားႏွင့္ ေရာင္းလိုအား ဆက္စပ္ မႈကို အေျခခံေသာ ႏွစ္ႏိုင္ငံလုံးမွ လုပ္ငန္းမ်ားႏွင့္ ျပည္သူမ်ားအၾကား သဘာဝက်ေသာ အျပဳအမူ မ်ား သာျဖစ္သည္။

 ၁၉၇၂ ခုႏွစ္က ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္မႈမွာ ေဒၚလာ ၅ သန္းဖိုးသာရွိေသာ္လည္း ယခုအခါ ထိုပမာဏကို မိနစ္ပိုင္းအတြင္း ကုန္သြယ္ေနၾကသည္။ စီးပြားေရးႏွင့္ ကုန္သြယ္ေရး ပြတ္တိုက္မႈမ်ား တႏွစ္ၾကာျဖစ္ၿပီးသည့္အခ်ိန္တြင္ပင္ တ႐ုတ္-အေမရိကန္ကုန္သြယ္ေရး သည္ ဆက္လက္ တိုးတက္ေနၿပီး ကမာၻ႔အႀကီးဆုံးစီးပြားေရးႀကီးႏွင့္ ဒုတိယအႀကီးမားဆုံးစီးပြားေရးမ်ားသည္ တခုႏွင့္တခု အျပန္ အလွန္လိုအပ္ေနေၾကာင္း ျပသေနေပသည္။ သို႔ေသာ္ ႏွစ္ႏိုင္ငံျပည္သူမ်ားအၾကား ဘုံအက်ိဳးစီးပြားကို ပိုမိုႀကီးမားလာေအာင္လုပ္ေဆာင္ရန္လိုအပ္ေနေသးသည္။ တ႐ုတ္ႏိုင္ငံဆိုင္ရာအေမရိကန္ သံအမတ္ႀကီးေဟာင္း ႐ြိဳင္စတက္ပလက္တန္ ေျပာသကဲ့သို႔ ေျပာရပါက အေမရိကန္ျပည္ေထာင္စုႏွင့္ တ႐ုတ္ႏိုင္ငံအၾကားဆက္ဆံေရးသည္ တႏိုင္ငံကအျခားတႏိုင္ငံကို အျပစ္ေပးလွ်င္ အျပစ္ေပးသူပါ မထိခိုက္ဘဲမျဖစ္ႏိုင္သည့္ အေနအထားသို႔ပင္ တိုးတက္ေနၿပီျဖစ္သည္။

လြန္ခဲ့ေသာ ၄၇ ႏွစ္က ရွန္ဟိုင္းသည္ တ႐ုတ္ႏွင့္အေမရိကန္ အၾကား ဆက္ဆံေရး တံခါးျပန္လည္ ပြင့္လာသည္ကို ျမင္ေတြ႕ခဲ့ရသည္။ တ႐ုတ္-အေမရိကန္ စီးပြားေရးႏွင့္ကုန္သြယ္မႈ ဆက္ဆံေရး မ်ား သည္အခက္အခဲ မ်ားႏွင့္ရင္ဆိုင္ေနရခ်ိန္ တြင္ရွန္ဟိုင္း သည္ႏွစ္ဖက္စီးပြားေရးႏွင့္ကုန္သြယ္ေရးေဆြးေႏြး ပြဲမ်ားျပန္လည္စတင္သည္ကို ေတြ႕ခဲ့ရျပန္ၿပီး လတ္ဆတ္ေသာ တိုးတက္မႈမ်ားအတြင္ ေမွ်ာ္လင့္ခ်က္ မ်ားကိုျဖစ္ေစခဲ့သည္။

တ႐ုတ္-အေမရိကန္ဆက္ဆံေရး၏ ေသာ့ခ်က္မွာ ႏွစ္ႏိုင္ငံအေနျဖင့္အခက္အခဲမ်ားကို ေက်ာ္လႊားရန္ သတၱိႏွင့္ကြၽမ္းက်င္မႈရွိသင့္ၿပီး ႏွစ္ႏိုင္ငံဆက္ဆံေရးကို ပူးေပါင္းေဆာင္႐ြက္ေရးႏွင့္ အျပန္အလွန္ အက်ိဳး စီးပြားလမ္းေၾကာင္းမွန္တြင္ လမ္းၫြန္ႏိုင္ရန္အတြက္ အျပဳသေဘာေဆာင္ေသာ စြမ္းအင္မ်ား စဥ္ဆက္မျပတ္ ထည့္သြင္းေပးသင့္သည္။ ယခုၿပီးစီးသြားေသာ ၁၂ ႀကိမ္ေျမာက္ စီးပြားေရးႏွင့္ ကုန္သြယ္ေရးေဆြးေႏြးပြဲမ်ားတြင္ တ႐ုတ္ႏိုင္ငံ၏ျပည္တြင္းလိုအပ္ခ်က္ကို အေျခခံကာ အေမရိကန္ႏိုင္ငံ မွ လယ္ယာထုတ္ကုန္မ်ားကိုပိုမိုဝယ္ယူေရးႏွင့္ဝယ္ယူမႈမ်ာအတြက္ေကာင္းမြန္ေသာ အေျခအေနမ်ားကို အေမရိကန္ႏိုင္ငံက ဖန္တီးေပးရန္ စိတ္အားထက္သန္မႈကို ႏွစ္ဖက္ေဆြးေႏြး ခဲ့သည္။ ေနာက္တခ်ိန္ေဆြးေႏြးမည့္အစီအစဥ္မွာ စက္တင္ဘာလတြင္ျဖစ္သည္။