【 နိုင်ငံတကာ ဆောင်းပါး 】 “ထရမ့်၊ ဘိုင်ဒင်နဲ့ တရုတ်”

【 နိုင်ငံတကာ ဆောင်းပါး 】 “ထရမ့်၊ ဘိုင်ဒင်နဲ့ တရုတ်”

သမ္မတ ဒေါ်နယ်ထရမ့်နှင့် သူ၏ရီပါတ်ဗလစ်ကန်ပါတီမှ နောက်လိုက်များ ၎င်းကို ဖျက်သိမ်းရန် (သို့မဟုတ်) ရွှေ့ဆိုင်းရန် မတတ်နိုင်ဟု ယူဆပါက အမေရိကန်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ၇၈ ရက်သာ လိုတော့သည်။အကြောင်း အမျိုးမျိုးကြောင့် ထိုရွေးကောက်ပွဲကတိများသည် ရာစုနှစ်တစ်ခုအတွင်း အကျိုးဆက်အများဆုံးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကိုသာမက တရုတ်နိုင်ငံကိုပါ တိုက်ရိုက်ရိုက်ခတ်မည်ဖြစ်သည်။

Pew သုတေသနဌာနက သြဂုတ်လ ၁၄ ရက်နေ့ကထုတ်ပြန်သည့် စစ်တမ်းအရ မဲဆန္ဒရှင်များ၏ ၈၃ ရာခိုင်နှုန်းက မည်သူသမ္မတဖြစ်သည်ဆိုသည့်အချက်သည် အရေးပါကြောင်း ဖြေကြားပြီး ၁၆ ရာခိုင်နှုန်းက မည်သူအရွေးခံရသည်ဖြစ်စေ အခြေအနေမှာ ထူးခြားမည်မဟုတ်ဟု ဖြေကြားကြောင်း သိရသည်။ ထိုကိန်းဂဏန်းများသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း မည်သည်အချိန်ကထက်မဆို ပိုမိုများပြားနေသည်။

၂၀၀၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက စစ်တမ်းကောက်ခံခဲ့သော မဲဆန္ဒရှင်များသည် နောက်ဆုံးရွေးကောက်ပွဲ နောက်ပိုင်းတွင် နိုင်ငံရေးတွင် စိတ်ဝင်စားမှုမြင့်တက်လာသည်ကြောင်း ပြသနေသည်။ထိုသို့ပိုမိုစိတ်ဝင်စားလာခြင်းသည် ပိုမိုထိပ်တိုက်တွေ့မှုကိုဖြစ်စေသည်။ယခုနှစ်တွင် ဒီမိုကရက်များ၏ ၇၈ ရာခိုင်နှုန်းနှင့် ရီပါတ်ဗလစ်ကန်များ၏ ၇၇ ရာခိုင်နှုန်းက သူတို့သည် ရွေးကောက်ပွဲအကြောင်း အများအပြားစဉ်းစားကြောင်း ဖြေကြားခဲ့သည်။လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုက ထိုသို့ဖြေကြားသူ ၄၄ ရာခိုင်နှုန်းနှင့် ၅၂ ရာခိုင်နှုန်းသာရှိသည်။

သမိုင်းဝင်သွားသောအချက်မှာ လူ့အဖွဲအစည်းတွင် အခွင့်အရေးအဆုံးရှုံးဆုံးသူများဖြစ်ပြီး ဒီမိုကရက်တို့ဖက် အကြီးအကျယ်ယိမ်းသော ဆင်းရဲသားများနှင့် အသားအရောင်ရှိသူများသည် မဲပေးရေးအတွက်လှုံ့ဆော်ရန် အခက်ခဲဆုံးသူများဖြစ်နေခြင်းပင်ဖြစ်သည်။ယခုနှစ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားနေသော်လည်းနှင့် ကိုဗစ်-၁၉ ကြောင့် စိတ်ဓါတ်အတက်ကြွဆုံးသူများမှာ ယခင်လူများပင်ဖြစ်နေသည်။

လွန်ခဲ့သောအပတ်က ဘိုင်ဒင် က သူ၏ ဒုတိယသမ္မတလောင်းအဖြစ် အထက်လွှတ်တော်အမတ် ကမာလာ ဟဲရစ် ကို ရွေးချယ်လိုက်သောကြောင့် ပိုမို၍ပင် တက်ကြွလာကြသည်။အမေရိကန်ရွေးကောက်ပွဲ ပရောဂျက် ဒါရိုက်တာ ဒေါက်တာမိုက်ကယ် မက်ဒေါ်နယ် က “မဲပေးတဲ့နှုန်းက အရမ်းကိုထူးခြားမယ်လို့ ကျနော်မျှော်လင့်တယ်။
ရာစုနှစ်တစ်ခုအတွင်း အမြင့်မားဆုံးတောင်ဖြစ်နိုင်တယ်” ဟု ပြောသည်။ထိုသို့ပြောဆိုရခြင်းအတွက် သူက ၁၉၁၈ ခုနှစ် သက်တမ်းလယ် ရွေးကောက်ပွဲများကို ကိုးကားပြောဆိုသည်။

လွန်ခဲ့သော ၂ နှစ်က မဲပေးသူအရေအတွက်သည် ၁၉၁၄ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံးဖြစ်သည်။ထရမ့်သည် ဂမူးရှူးထိုးဖြစ်နေပြီး ထိုသို့ဖြစ်ရန်အကြောင်းများလည်း ရှိနေသည်။ရွေးကောက်ပွဲသည် အမေရိကန်နိုင်ငံအပေါ် ပထမဆုံးသက်ရောက်မည်ဖြစ်သည်မှာ ထင်ရှားသည်။ထရမ့်နှင့် သူ၏လက်မရွံ့များ (၎င်းတို့သည် အားလုံးနီးပါး အမျိုးသားများဖြစ်သည်) သည် ကုန်သည်ရေးစစ်ပွဲနှင့် စစ်အေးတိုက်ပွဲ ၂.၀ ထက် ပိုမိုဆိုးရွားပုံရသည့်အရာနှင့် ရင်ဆိုင်နေရပုံရသည့် ယခုကဲ့သို့စိတ်ပူစရာကောင်းသောအချိန်တွင် တရုတ်နိုင်ငံအတွက်သာမက ကမ္ဘာတစ်ခုလုံးအတွက် လေးနက်သောရိုက်ခတ်မှုများရှိသည်။

ထရမ့် အိမ်ဖြူတော် (သို့မဟုတ်) ဘိုင်ဒင် အိမ်ဖြူတော်သည် နှစ်နိုင်ငံဆက်ဆံရေးတွင် အပြောင်းအလဲများ ဖြစ်မည်၊ မဖြစ်မည်ကို ကျွမ်းကျင်သူများက ဆက်လက်ခန့်မှန်းနေကြသည်။ဇူလိုင်လ ၃၀ ရက်နေ့က ထုတ်ပြန်သည့် Pew   သုတေသနအရ ဆုံးဖြတ်ရပါက တရုတ်နိုင်ငံအပေါ် အိမ်ဖြူတော်က အမှားမှားအယွင်းယွင်း တိုက်ခိုက်မှုများသည် အမေရိကန်ပြည်သူများ၏ စိတ်ဓါတ်များကို အကြီးအကျယ်ထိခိုက်နာကျင်စေချိန်တွင် ပါတီကွဲပြားထောက်ခံသော ပြည်သူများအကြားတွင်လည်း အကြီးအကျယ်ကွဲလွဲမှုကို ဖြစ်စေသည်။Pew သုတေသနများကို ထင်ဟပ်ပြီး ဘိုင်ဒင် အနိုင်ရပါက ပိုမိုကောင်းမွန်သော တရုတ်-အမေရိကန် ဆက်ဆံရေးကို ဖြစ်ပေါ်စေနိုင်သည်။ဒီမိုကရက်များ သို့မဟုတ် ဒီမိုကရက်ဖက်ယိမ်းသူများသည် Pew က စစ် တမ်းကောက်ယူသည့် နယ်ပယ်တိုင်းတွင် ရီပါတ်ဗလစ်ကန်များ သို့မဟုတ် ရီပါတ်ဗလစ်ကန်ဖက် ယိမ်းသူများထက် ပိုမိုအကောင်းမြင် (အဆိုးမြင်မှုနည်း) သည်။
 
ထရမ့် အိမ်ဖြူတော်တွင်ရှိနေသည့် ဗရုတ်သုတ်ခအချိန်အတွင်း မကြာခဏပိုမိုရန်လိုလာသော မိန့်ခွန်းများတွင် သူသည် သူ၏အကြံပေးများကို တရုတ်နိုင်ငံနှင့်ပတ်သက်သည့် ပိုမိုပြင်းထန်ရန်လိုသည့် မိန့်ခွန်းများကို ပြောကြားစေသည်။နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယို၏ လွန်ခဲ့သောလက နစ်ဆင်စာကြည့်တိုက်တွင် ပြောကြားသည့် အယုံအကြည်မဲ့ တိကျသည့် ဝေဖန်သော မိန့်ခွန်းသည် ၁၉၇၉ ခုနှစ်တွင် နှစ်နိုင်ငံဆက်ဆံရေး ထူထောင်ပြီးနောက် အဆိုးရွားဆုံးအခြေအနေဖြစ်နေသည်။တစ်ဖက်နှင့်တစ်ဖက် ပိုမိုပြင်းထန်မှုကိုပြသလိုသော ပါတီနှစ်ခုလုံးသည် တရုတ်နိုင်ငံကို ပိုမိုပြင်းထန်စွာ တိုက်ခိုက်မည်ဟု ဒီမိုကရက်တစ်ဦးအနေဖြင့် မိမိသည် အပြည့်အ၀မျှော်လင့်ထားသည်။

ဘိုင်ဒင် နိုင်လျှင် ဝါရှင်တန်မှ အရွယ်ရောက်ပြီးသူများသည် ၎င်းတို့၏အခန်းသို့ ပြန်မည်ဖြစ်ပြီး ဝံပုလွေစစ်သည်များသည်လည်း ၎င်းတို့၏သားရဲတွင်းသို့ ပြန်မည်ဖြစ်သည်။ဘိုင်ဒင်၏လူများသည် ကြမ်းတမ်းမည်ဖြစ်သော်လည်း ထရမ့်၏လူများကဲ့သို့မဟုတ်ဘဲ စည်းကမ်းကျပြီး ပညာရှင်ဆန်မည်ဖြစ်သည်။နှစ်နိုင်ငံလုံး၏ အမျိုးသားအကျိုးစီးပွားတွင် ယုံကြည်မှုတည်ဆောက်ရေး အစီအမံများသည် ထင်ရှားလာမည်ဖြစ်သည်။ထိုအစီအမံများတွင် ရာသီဥတုပြောင်းလဲမှုနှင့် ကိုဗစ်-၁၉ ကို အတိတ်က အိပ်မက်ဆိုးအဖြစ် ထားရစ်ရေးတို့ပါဝင်နေပြီးနောက် ဆက်တွဲလိုက်လာမည်ဟု ပညာရှင်များခန့်မှန်းထားသည့် အခြားသော ကိုရိုနာဗိုင်းရပ်စ်များကို ကာကွယ်ရေးတွင် ကမ္ဘာကိုဦးဆောင်ရေးလည်း ပါဝင်မည်ဖြစ်သည်။ယခုအခါ တရုတ်သမ္မတ ရှီကျင့်ဖိန်၏ အင်အားကြီးနိုင်ငံများ ဆက်ဆံရေးပုံစံသစ်သို့ ဦးတည်လုပ်ဆောင်ရန် ပိုမိုခက်ခဲမည်ဖြစ်သော်လည်း ကြိုးစားသင့်ပေသည်။

အမေရိကန်သည် တရုတ်နိုင်ငံနှင့် အပြိုင်ဖြစ်နေသည်ကို သံသယရှိရန်မလိုကြောင်း ဘိုင်ဒင်၏ အဓိကနိုင်ငံခြားရေးမူဝါဒ အတိုင်ပင်ခံ တိုနီ ဗလင်ကန် က ပြောကြားခဲ့သည်။သို့သော် သူသည် အထက်သို့တက်ရန်ပြိုင်ပွဲကို အောက်သို့ဆင်းရန်ပြိုင်သည့်ပြိုင်ပွဲထက် ပိုမိုနှစ်သက်ကြောင်း ပြောကြားခဲ့သည်။စာရေးသူ၏ စဉ်းစားပုံအရ ထိုသို့လုပ်ဆောင်ခြင်းသည် လမ်းကြောင်းမှန်ဖြစ်သည်။

(အယ်ဒီတာ မှတ်ချက် - Harvey Dzodin သည် Center for China and Globalization မှ ဝါရင့်သုတေသီဖြစ်ပြီး ကာတာအစိုးရခေတ်တွင် ဥပဒေအကြံပေးဖြစ်သည်။ယခုဆောင်းပါးသည် စာရေးသူ၏အမြင်သာဖြစ်ပြီး CGTN ၏ အမြင်ကို ထင်ဟပ်ခြင်းမရှိပေ)

Linko
Ref : Trump, Biden and China (CGTN)
( Zawgyi )
သမၼတ ေဒၚနယ္ထရမ့္ႏွင့္ သူ၏ရီပါတ္ဗလစ္ကန္ပါတီမွ ေနာက္လိုက္မ်ား ၎ကို ဖ်က္သိမ္းရန္ (သို႔မဟုတ္) ေ႐ႊ႕ဆိုင္းရန္ မတတ္ႏိုင္ဟု ယူဆပါက အေမရိကန္သမိုင္းတြင္ ပထမဆုံးအႀကိမ္အျဖစ္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလ ၃ ရက္ေန႔တြင္ က်င္းပမည္ျဖစ္ၿပီး ၇၈ ရက္သာ လိုေတာ့သည္။အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ထိုေ႐ြးေကာက္ပြဲကတိမ်ားသည္ ရာစုႏွစ္တစ္ခုအတြင္း အက်ိဳးဆက္အမ်ားဆုံးျဖစ္ၿပီး အေမရိကန္ျပည္ေထာင္စုကိုသာမက တ႐ုတ္ႏိုင္ငံကိုပါ တိုက္႐ိုက္႐ိုက္ခတ္မည္ျဖစ္သည္။

Pew သုေတသနဌာနက ၾသဂုတ္လ ၁၄ ရက္ေန႔ကထုတ္ျပန္သည့္ စစ္တမ္းအရ မဲဆႏၵရွင္မ်ား၏ ၈၃ ရာခိုင္ႏႈန္းက မည္သူသမၼတျဖစ္သည္ဆိုသည့္အခ်က္သည္ အေရးပါေၾကာင္း ေျဖၾကားၿပီး ၁၆ ရာခိုင္ႏႈန္းက မည္သူအေ႐ြးခံရသည္ျဖစ္ေစ အေျခအေနမွာ ထူးျခားမည္မဟုတ္ဟု ေျဖၾကားေၾကာင္း သိရသည္။ ထိုကိန္းဂဏန္းမ်ားသည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၀ အတြင္း မည္သည္အခ်ိန္ကထက္မဆို ပိုမိုမ်ားျပားေနသည္။

၂၀၀၀ ျပည့္ႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက စစ္တမ္းေကာက္ခံခဲ့ေသာ မဲဆႏၵရွင္မ်ားသည္ ေနာက္ဆုံးေ႐ြးေကာက္ပြဲ ေနာက္ပိုင္းတြင္ ႏိုင္ငံေရးတြင္ စိတ္ဝင္စားမႈျမင့္တက္လာသည္ေၾကာင္း ျပသေနသည္။ထိုသို႔ပိုမိုစိတ္ဝင္စားလာျခင္းသည္ ပိုမိုထိပ္တိုက္ေတြ႕မႈကိုျဖစ္ေစသည္။ယခုႏွစ္တြင္ ဒီမိုကရက္မ်ား၏ ၇၈ ရာခိုင္ႏႈန္းႏွင့္ ရီပါတ္ဗလစ္ကန္မ်ား၏ ၇၇ ရာခိုင္ႏႈန္းက သူတို႔သည္ ေ႐ြးေကာက္ပြဲအေၾကာင္း အမ်ားအျပားစဥ္းစားေၾကာင္း ေျဖၾကားခဲ့သည္။လြန္ခဲ့ေသာ ဆယ္စုႏွစ္ ႏွစ္ခုက ထိုသို႔ေျဖၾကားသူ ၄၄ ရာခိုင္ႏႈန္းႏွင့္ ၅၂ ရာခိုင္ႏႈန္းသာရွိသည္။

သမိုင္းဝင္သြားေသာအခ်က္မွာ လူ႔အဖြဲအစည္းတြင္ အခြင့္အေရးအဆုံးရႈံးဆုံးသူမ်ားျဖစ္ၿပီး ဒီမိုကရက္တို႔ဖက္ အႀကီးအက်ယ္ယိမ္းေသာ ဆင္းရဲသားမ်ားႏွင့္ အသားအေရာင္ရွိသူမ်ားသည္ မဲေပးေရးအတြက္လႈံ႕ေဆာ္ရန္ အခက္ခဲဆုံးသူမ်ားျဖစ္ေနျခင္းပင္ျဖစ္သည္။ယခုႏွစ္တြင္ ကိုဗစ္-၁၉ ျဖစ္ပြားေနေသာ္လည္းႏွင့္ ကိုဗစ္-၁၉ ေၾကာင့္ စိတ္ဓါတ္အတက္ႂကြဆုံးသူမ်ားမွာ ယခင္လူမ်ားပင္ျဖစ္ေနသည္။

လြန္ခဲ့ေသာအပတ္က ဘိုင္ဒင္ က သူ၏ ဒုတိယသမၼတေလာင္းအျဖစ္ အထက္လႊတ္ေတာ္အမတ္ ကမာလာ ဟဲရစ္ ကို ေ႐ြးခ်ယ္လိုက္ေသာေၾကာင့္ ပိုမို၍ပင္ တက္ႂကြလာၾကသည္။အေမရိကန္ေ႐ြးေကာက္ပြဲ ပေရာဂ်က္ ဒါ႐ိုက္တာ ေဒါက္တာမိုက္ကယ္ မက္ေဒၚနယ္ က “မဲေပးတဲ့ႏႈန္းက အရမ္းကိုထူးျခားမယ္လို႔ က်ေနာ္ေမွ်ာ္လင့္တယ္။
ရာစုႏွစ္တစ္ခုအတြင္း အျမင့္မားဆုံးေတာင္ျဖစ္ႏိုင္တယ္” ဟု ေျပာသည္။ထိုသို႔ေျပာဆိုရျခင္းအတြက္ သူက ၁၉၁၈ ခုႏွစ္ သက္တမ္းလယ္ ေ႐ြးေကာက္ပြဲမ်ားကို ကိုးကားေျပာဆိုသည္။

လြန္ခဲ့ေသာ ၂ ႏွစ္က မဲေပးသူအေရအတြက္သည္ ၁၉၁၄ ခုႏွစ္ေနာက္ပိုင္း အျမင့္မားဆုံးျဖစ္သည္။ထရမ့္သည္ ဂမူးရႉးထိုးျဖစ္ေနၿပီး ထိုသို႔ျဖစ္ရန္အေၾကာင္းမ်ားလည္း ရွိေနသည္။ေ႐ြးေကာက္ပြဲသည္ အေမရိကန္ႏိုင္ငံအေပၚ ပထမဆုံးသက္ေရာက္မည္ျဖစ္သည္မွာ ထင္ရွားသည္။ထရမ့္ႏွင့္ သူ၏လက္မ႐ြံ႕မ်ား (၎တို႔သည္ အားလုံးနီးပါး အမ်ိဳးသားမ်ားျဖစ္သည္) သည္ ကုန္သည္ေရးစစ္ပြဲႏွင့္ စစ္ေအးတိုက္ပြဲ ၂.၀ ထက္ ပိုမိုဆိုး႐ြားပုံရသည့္အရာႏွင့္ ရင္ဆိုင္ေနရပုံရသည့္ ယခုကဲ့သို႔စိတ္ပူစရာေကာင္းေသာအခ်ိန္တြင္ တ႐ုတ္ႏိုင္ငံအတြက္သာမက ကမာၻတစ္ခုလုံးအတြက္ ေလးနက္ေသာ႐ိုက္ခတ္မႈမ်ားရွိသည္။

ထရမ့္ အိမ္ျဖဴေတာ္ (သို႔မဟုတ္) ဘိုင္ဒင္ အိမ္ျဖဴေတာ္သည္ ႏွစ္ႏိုင္ငံဆက္ဆံေရးတြင္ အေျပာင္းအလဲမ်ား ျဖစ္မည္၊ မျဖစ္မည္ကို ကြၽမ္းက်င္သူမ်ားက ဆက္လက္ခန႔္မွန္းေနၾကသည္။ဇူလိုင္လ ၃၀ ရက္ေန႔က ထုတ္ျပန္သည့္ Pew   သုေတသနအရ ဆုံးျဖတ္ရပါက တ႐ုတ္ႏိုင္ငံအေပၚ အိမ္ျဖဴေတာ္က အမွားမွားအယြင္းယြင္း တိုက္ခိုက္မႈမ်ားသည္ အေမရိကန္ျပည္သူမ်ား၏ စိတ္ဓါတ္မ်ားကို အႀကီးအက်ယ္ထိခိုက္နာက်င္ေစခ်ိန္တြင္ ပါတီကြဲျပားေထာက္ခံေသာ ျပည္သူမ်ားအၾကားတြင္လည္း အႀကီးအက်ယ္ကြဲလြဲမႈကို ျဖစ္ေစသည္။Pew သုေတသနမ်ားကို ထင္ဟပ္ၿပီး ဘိုင္ဒင္ အႏိုင္ရပါက ပိုမိုေကာင္းမြန္ေသာ တ႐ုတ္-အေမရိကန္ ဆက္ဆံေရးကို ျဖစ္ေပၚေစႏိုင္သည္။ဒီမိုကရက္မ်ား သို႔မဟုတ္ ဒီမိုကရက္ဖက္ယိမ္းသူမ်ားသည္ Pew က စစ္ တမ္းေကာက္ယူသည့္ နယ္ပယ္တိုင္းတြင္ ရီပါတ္ဗလစ္ကန္မ်ား သို႔မဟုတ္ ရီပါတ္ဗလစ္ကန္ဖက္ ယိမ္းသူမ်ားထက္ ပိုမိုအေကာင္းျမင္ (အဆိုးျမင္မႈနည္း) သည္။
 
ထရမ့္ အိမ္ျဖဴေတာ္တြင္ရွိေနသည့္ ဗ႐ုတ္သုတ္ခအခ်ိန္အတြင္း မၾကာခဏပိုမိုရန္လိုလာေသာ မိန႔္ခြန္းမ်ားတြင္ သူသည္ သူ၏အႀကံေပးမ်ားကို တ႐ုတ္ႏိုင္ငံႏွင့္ပတ္သက္သည့္ ပိုမိုျပင္းထန္ရန္လိုသည့္ မိန႔္ခြန္းမ်ားကို ေျပာၾကားေစသည္။ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ ပြမ္ပီယို၏ လြန္ခဲ့ေသာလက နစ္ဆင္စာၾကည့္တိုက္တြင္ ေျပာၾကားသည့္ အယုံအၾကည္မဲ့ တိက်သည့္ ေဝဖန္ေသာ မိန႔္ခြန္းသည္ ၁၉၇၉ ခုႏွစ္တြင္ ႏွစ္ႏိုင္ငံဆက္ဆံေရး ထူေထာင္ၿပီးေနာက္ အဆိုး႐ြားဆုံးအေျခအေနျဖစ္ေနသည္။တစ္ဖက္ႏွင့္တစ္ဖက္ ပိုမိုျပင္းထန္မႈကိုျပသလိုေသာ ပါတီႏွစ္ခုလုံးသည္ တ႐ုတ္ႏိုင္ငံကို ပိုမိုျပင္းထန္စြာ တိုက္ခိုက္မည္ဟု ဒီမိုကရက္တစ္ဦးအေနျဖင့္ မိမိသည္ အျပည့္အ၀ေမွ်ာ္လင့္ထားသည္။

ဘိုင္ဒင္ ႏိုင္လွ်င္ ဝါရွင္တန္မွ အ႐ြယ္ေရာက္ၿပီးသူမ်ားသည္ ၎တို႔၏အခန္းသို႔ ျပန္မည္ျဖစ္ၿပီး ဝံပုေလြစစ္သည္မ်ားသည္လည္း ၎တို႔၏သားရဲတြင္းသို႔ ျပန္မည္ျဖစ္သည္။ဘိုင္ဒင္၏လူမ်ားသည္ ၾကမ္းတမ္းမည္ျဖစ္ေသာ္လည္း ထရမ့္၏လူမ်ားကဲ့သို႔မဟုတ္ဘဲ စည္းကမ္းက်ၿပီး ပညာရွင္ဆန္မည္ျဖစ္သည္။ႏွစ္ႏိုင္ငံလုံး၏ အမ်ိဳးသားအက်ိဳးစီးပြားတြင္ ယုံၾကည္မႈတည္ေဆာက္ေရး အစီအမံမ်ားသည္ ထင္ရွားလာမည္ျဖစ္သည္။ထိုအစီအမံမ်ားတြင္ ရာသီဥတုေျပာင္းလဲမႈႏွင့္ ကိုဗစ္-၁၉ ကို အတိတ္က အိပ္မက္ဆိုးအျဖစ္ ထားရစ္ေရးတို႔ပါဝင္ေနၿပီးေနာက္ ဆက္တြဲလိုက္လာမည္ဟု ပညာရွင္မ်ားခန႔္မွန္းထားသည့္ အျခားေသာ ကို႐ိုနာဗိုင္းရပ္စ္မ်ားကို ကာကြယ္ေရးတြင္ ကမာၻကိုဦးေဆာင္ေရးလည္း ပါဝင္မည္ျဖစ္သည္။ယခုအခါ တ႐ုတ္သမၼတ ရွီက်င့္ဖိန္၏ အင္အားႀကီးႏိုင္ငံမ်ား ဆက္ဆံေရးပုံစံသစ္သို႔ ဦးတည္လုပ္ေဆာင္ရန္ ပိုမိုခက္ခဲမည္ျဖစ္ေသာ္လည္း ႀကိဳးစားသင့္ေပသည္။

အေမရိကန္သည္ တ႐ုတ္ႏိုင္ငံႏွင့္ အၿပိဳင္ျဖစ္ေနသည္ကို သံသယရွိရန္မလိုေၾကာင္း ဘိုင္ဒင္၏ အဓိကႏိုင္ငံျခားေရးမူဝါဒ အတိုင္ပင္ခံ တိုနီ ဗလင္ကန္ က ေျပာၾကားခဲ့သည္။သို႔ေသာ္ သူသည္ အထက္သို႔တက္ရန္ၿပိဳင္ပြဲကို ေအာက္သို႔ဆင္းရန္ၿပိဳင္သည့္ၿပိဳင္ပြဲထက္ ပိုမိုႏွစ္သက္ေၾကာင္း ေျပာၾကားခဲ့သည္။စာေရးသူ၏ စဥ္းစားပုံအရ ထိုသို႔လုပ္ေဆာင္ျခင္းသည္ လမ္းေၾကာင္းမွန္ျဖစ္သည္။

(အယ္ဒီတာ မွတ္ခ်က္ - Harvey Dzodin သည္ Center for China and Globalization မွ ဝါရင့္သုေတသီျဖစ္ၿပီး ကာတာအစိုးရေခတ္တြင္ ဥပေဒအႀကံေပးျဖစ္သည္။ယခုေဆာင္းပါးသည္ စာေရးသူ၏အျမင္သာျဖစ္ၿပီး CGTN ၏ အျမင္ကို ထင္ဟပ္ျခင္းမရွိေပ)

Linko
Ref : Trump, Biden and China (CGTN)