【 နိုင်ငံတကာ ဆောင်းပါး 】F-22 / F-35s များ၏ GPS စနစ်ကို ရုရှားက နှောက်ယှက်

【  နိုင်ငံတကာ ဆောင်းပါး  】F-22 / F-35s များ၏ GPS စနစ်ကို ရုရှားက နှောက်ယှက်

ရုရှားတပ်များသည် အရှေ့အလယ်ပိုင်းမှ GPS စနစ်ကို နှောက်ယှက်နေသည်။ အီရန်နိုင်ငံကို တိုက်ခိုက်ရန်စုစည်းထားသည့် အရှေ့အလယ်ပိုင်းမှ အမေရိကန်တပ်မျာအတွက် ထို အီလက်ထရောနစ်စစ်ဆင်ရေးသည် ထိခိုက်စေနိုင်သည်။

 “ပြီးခဲ့တဲ့ နွေဦးရာသီက စတင်ပြီး အရှေ့အလယ်ပိုင်း အထူးသဖြင့် ဆီးရီးယား ပတ်ဝန်း ကျင်မှာ ပျံသန်းနေတဲ့ လေယာဉ်မှူးတွေဟာ သူတို့ရဲ့ GPS စနစ်တွေနေရာမှားပြတာနဲ့ လုံးဝ အလုပ်မလုပ်တာကို ရင်ဆိုင်နေရတယ်” ဟု The Times of Israel က ၂၀၁၉ ခုနှစ် ဇွန်လက ဖေါ်ပြခဲ့သည်။    

အမေရိကန်အခြေစိုက် သုတေသီများ၏ အဆိုအရ မကြာသေးမီရက်သတ္တပါတ်များအတွင်း အစ္စရေးလေပိုင်နက်ကို ဖြတ်သန်းသော လေယာဉ်များအတွက် ဂြိုလ်တု လမ်းညွှန်စနစ်ကို ဖြတ်တောက်သော အချက်ပေးမှုများသည် ဆီးရီးယားနိုင်ငံမှ ရုရှားလေတပ်စခန်းတခုမှာ စတင်ခဲ့ကြောင်း သိရသည်။

GPS စနစ်အတွက် အနှောက်အယှက်ရရှိခြင်းသည် အစ္စရေးနိုင်ငံအတွက် သက်သက်သာ လုပ်ဆောင်ထားခြင်းမဟုတ်ဘဲ မော်စကိုက ၎င်းတို့၏ တပ်များကို မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုမှ ကာကွယ်ရန်နှင့် အီလက်ထရွန်းနစ် စစ်ရေးစစ်ရာတွင် သြဇာလွှမ်းမိုးမှုကို ထူထောင်ရန် အားထုတ်မှုတွင် အစ္စရေးသည် ဓါးစာခံဖြစ်နေသောကြောင့်ဖြစ်သည်ဟု တက္ကဆက်တက္ကသိုလ်မှ ပေါမောက္ခတဦးဖြစ်သူ တော့ဒ် ဟန်ဖရေး က The Times of Israel သို့ပြောသည်။

အရပ်သားလေကြောင်းခရီးစဉ်များအတွက် GPS သုံးပါတ်ကြာ ပြတ်တောက်မှုသည် ရုရှားနိုင်ငံ က ဆက်သွယ်ရေးစနစ်ကို ဖြတ်တောက်ခြင်းနှင့် ဆီးရီးယားတွင်လမ်းကြောင်းလွှဲခြင်း၏ ဘေးထွက်ဆိုးကျိုးဖြစ်ကြောင်း အစ္စရေး သတင်းရင်းမြစ်များ ပိုမို ယုံကြည် လာကြသည်ဟု Breaking Defense ကဖေါ်ပြသည်။ "မော်စကိုသည် F-22 များနှင့် F-35 များအပါအဝင် ထောက်လှမ်းမရသည့် အဆင့်မြင့် အနောက်တိုင်းလေယာဉ်များနှင့် အကြမ်းဖက်သမားများ၏ မောင်းသူမဲ့လေယာဉ်များကို နှောင့် ယှက်ရန်ကြိုး စားနေသည် " ဟု သူပြောသည်။

အီရန်၏ ညူကလီးယား အစီအစဉ်ကို ကန့်သတ်သော သဘောတူညီမှုမှ တဖက်သတ် နုတ်ထွက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာပြီးနောက် အီရန်နှင့် ပဋိပက္ခအတွက် အင်အားစုရုံးထားသည့်အနေဖြင့် အမေရိကန်လေတပ်သည် ၂၀၁၉ ခုနှစ် ဧပြီလမှစတင်ပြီး F-22 နှင့် F-35 ထောက်လှမ်းမရနိုင်သည့် တိုက်လေယာဉ်များကို ကာတာနှင့် အာရပ်စော်ဘွားများနိုင်ငံတို့တွင် ချထားသည်။

ယခုအခါ အခြေအနေမှာ ကောလာဟလများဖြင့်ပြည့်နေပြီး အစ္စရေးအစိုးရသည် တရားဝင် ထုတ်ပြန်ကြေညာချက် မလုပ်ဘဲ အခြားရင်းမြစ်များကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ ရုရှားနိုင်ငံသည် မိတ်ဆွေနိုင်ငံများ၏ GPS စနစ်များကို မတော်တဆ နှောက်ယှက်မိလျှင် မည်သည့် အတွက် ရပ်တန့်ခြင်းမရှိသနည်း။
    
အဖြေမှာ ရုရှားအီလက်ထရောနစ် စစ်ရေးစစ်ရာ၏ အကန့်အသတ်ဖြစ်နိုင်ပြီး အမေရိကန် စစ်တပ်၏ အီလက်ထရွန်းနစ် စစ်ရေးစစ်ရာထက် များစွာပိုမိုအစွမ်းထက်သော ရုရှား အီလက်ထရွန်းနစ် စစ်ရေးစစ်ရာသည် တိကျသောပစ်မှတ်ထက် သိမ်းကြုံးပြုလုပ်ခြင်းကို အခြေခံနေရဆဲဖြစ်သည်။

အစ္စရေးရှိ ဘန်ဂူရီယန် နိုင်ငံတကာလေဆိပ်သို့ ဝင်ရောက်ထွက်ခွာသော ခရီးစဉ် အများအပြား သည် GPS ဂြိုတ်တု လမ်းညွုန်စနစ် ပျောက်ကွယ်သွားကြောင်း လေကြောင်း ခရီးစဉ် အများ အပြား လေကြောင်းလိုင်းလေယာဉ်မှူးများ အသင်းများ နိုင်ငံတကာ အဖွဲ့ချုပ်နှင့် အစ္စရေးလေဆိပ်များ အာဏာပိုင်အဖွဲ့တို့သည် ၂၀၁၉ ခုနှစ် ဇွန်လ နှောင်းပိုင်းတွင် ကြေညာ သည်ဟု Breaking Defense ကဖေါ်ပြသည်။ ခရီးသည်များအတွက် အန္တရာယ် မရှိကြောင်း IAA ၏ အဆိုအရသိရသည်။ ထိခိုက်ခံရသော လေယာဉ်များသည် အခြားအရန်ထားသောစနစ်ကို ပြောင်းလဲအသုံးပြုကြသည်။

"ထူးဆန်းတာက မြေပြင်အခြေစိုက် GPS စနစ်တွေကို သက်ရောက်မှုမရှိဘူး။ လေကြောင်း GPS ကိုသာ သံသယဖြစ်စရာ နှောင့်ယှက်တာ။ သာမန်မတော်တဆ ချို့ယွင်းတာမဟုတ်ဘဲ အီလက်ထရွန်းနစ် လက်နက်ဆိုတာ ကို ပြသနေတဲ့ နောက်လက္ခဏာတခုပဲ။ ရုရှားနိုင်ငံဟာ GPS စနစ်အစစ်က ထုတ်တဲ့ အချက်ပေးမှုတွေထက် အဆ ၅၀၀ လောက်ပိုမိုအားပြင်းတဲ့ GPS အချက်ပြမှုအတုတွေကို ထုတ်ပေးတဲ့ အဆင့်မြင့် လမ်းကြောင်းလွှဲစနစ်မှာအကြီးအကျယ် ရင်းနှီးမြှုပ်နှံထားပြီး အရပ်ဖက်လေကြောင်းလိုင်းတွေကို မိုင်ရာချီ လမ်းကြောင်းလွဲစေတယ်” ဟု Breaking Defense ကဖေါ်ပြသည်။

ရုရှားသည် ဥရောပမှ GPS စနစ်များကိုလည်း နှောင့်ယှက်သည်။ "၂၀၁၈ ခုနှစ်ကုန် က နော်ဝေး တွင် ပြုလုပ်သည့် NATO ၏ ကြီးမားသော Trident Juncture စစ်ရေးလေ့ကျင့်မှု အတွင်း ကလည်း ထိုမှားယွင်းသော GPS အချက်ပြမှုများကို လက်ခံရရှိခဲ့သည်ဟု Defense News ကဖေါ်ပြသည်။

ထိုမှားယွင်းသော အချက်ပြမှုများသည် အနီးရှိ အကြီးအကျယ် အကာအကွယ်ယူထားသည် ကိုလာကျွန်းစုမှ ရုရှားစစ်စခန်jးတခုမှလာကြောင်း နော်ဝေး စစ်ထောက်လှမ်းရေးဌာနက ခြေရာခံမိသည်။ ဖင်လန် စစ်ထောက်လှမ်းရေးကလည်း ၎င်းတို့၏ စုံစမ်းစစ်ဆေးလေ့လာမှု များတွင် နော်ဝေးစစ်ထောက်လှမ်းရေး၏ ပြောကြားချက်အတိုင်း ကောက်ချက် ချသည်။

၂၀၁၈ ခုနှစ်နှစ်ကုန်တွင် ဖင်လန်နှင့်နော်ဝေးတို့သည် ထိုသို့နှောက်ယှက်မှုအတွက် ရုရှားနိုင်ငံကို မကျေနပ်ကြောင်း ပြောသည်။ မြောက်ပိုင်းစွန်းရှိ ထိခိုက်သော လေကြောင်းနယ်နိမိတ်ကို အသုံးပြုနေသည့် စစ်ဖက်နှင့် အရပ်ဖက်လေယာဉ်များအတွက် ထို GPS နှောက်ယှက်သော စနစ်သည် ကြီးမားသော အန္တရာယ်ကို ဖြစ်စေကြောင်း ဖင်လန်နှင့်နော်ဝေး စစ်ဖက်နှင့် မြို့ပြလေကြောင်း အကြီးအကဲများက ကြေညာကြောင်း Defense News က ဖေါ်ပြသည်။

 “သက်သေပြပါလို့ ရုရှားကကျနော်တို့ကိုပြောတော့ ကျနော်တို့က သက်သေပြလိုက်တယ်” ဟု နော်ဝေးကာကွယ်ရေးဝန်ကြီး Frank Bakke-Jensen က Arctic Today သို့ပြောသည်။ ထိုသက်သေပြချက်တွင် အချက်ပြမှုများကို တိုင်းတာသော အတိုင်းအတာ များပါဝင်သည်။“ရုရှားက ကျေးဇူးတင်တယ်။ ကျနော်တို့ ကျွမ်းကျင်သူတွေ ဒါကိုလေ့လာပြီးရင်ပြန် ဆက်သွယ် မယ်။ ရုရှားဆီက ဒီလိုအဖြေရတာ အပြုသဘောဆောင်တယ်” ဟု Frank Bakke-Jensen ကပြောသည်။

ထိုသို့နှောင့်ယှက်ခြင်းကို ရည်ရွယ်ချက်ရှိရှိလုပ်ကြောင်း Frank Bakke-Jensen ပြောသည်။ “ သူတို့က နယ်စပ်နဲ့ အရမ်းနီးတဲ့နေရာမှာ လေ့ကျင့်နေတာ။ နယ်စပ်တခြားတဖက်ကိုလည်း ထိခိုက်မယ်ဆိုတာ သူတို့သိတယ်” ဟု Frank Bakke-Jensen ပြောသည်။

အမေရိကန် စစ်တပ်သည် ရုရှားအီလက်ထရွန်းနစ် စစ်ရေးစစ်ရာကို တန်ပြန်ရန် ခြေလှမ်းတခု အနေဖြင့် နှောင့်ယှက်မှုကို ခံနိုင်သော GPS စနစ်ကို ဥရောပတွင် စမ်းသပ်နေသည်။ ဂျာမဏီရှိ အမှတ် ၂ သံချပ်ကာတပ်သည် နှောင့်ယှက်မှုခံနိုင်သော GPS စနစ်များကို ၂၀၁၉ ခုနှစ် နှစ်ကုန်တွင်ရရှိမည်ဟု မျှော်လင့်ရသည်။

(  Zawgyi  )

 ႐ုရွားတပ္မ်ားသည္ အေရွ႕အလယ္ပိုင္းမွ GPS စနစ္ကို ေႏွာက္ယွက္ေနသည္။ အီရန္ႏိုင္ငံကို တိုက္ခိုက္ရန္စုစည္းထားသည့္ အေရွ႕အလယ္ပိုင္းမွ အေမရိကန္တပ္မ်ာအတြက္ ထို အီလက္ထေရာနစ္စစ္ဆင္ေရးသည္ ထိခိုက္ေစႏိုင္သည္။

 “ၿပီးခဲ့တဲ့ ေႏြဦးရာသီက စတင္ၿပီး အေရွ႕အလယ္ပိုင္း အထူးသျဖင့္ ဆီးရီးယား ပတ္ဝန္း က်င္မွာ ပ်ံသန္းေနတဲ့ ေလယာဥ္မႉးေတြဟာ သူတို႔ရဲ႕ GPS စနစ္ေတြေနရာမွားျပတာနဲ႔ လုံးဝ အလုပ္မလုပ္တာကို ရင္ဆိုင္ေနရတယ္” ဟု The Times of Israel က ၂၀၁၉ ခုႏွစ္ ဇြန္လက ေဖၚျပခဲ့သည္။    

အေမရိကန္အေျခစိုက္ သုေတသီမ်ား၏ အဆိုအရ မၾကာေသးမီရက္သတၱပါတ္မ်ားအတြင္း အစၥေရးေလပိုင္နက္ကို ျဖတ္သန္းေသာ ေလယာဥ္မ်ားအတြက္ ၿဂိဳလ္တု လမ္းၫႊန္စနစ္ကို ျဖတ္ေတာက္ေသာ အခ်က္ေပးမႈမ်ားသည္ ဆီးရီးယားႏိုင္ငံမွ ႐ုရွားေလတပ္စခန္းတခုမွာ စတင္ခဲ့ေၾကာင္း သိရသည္။

GPS စနစ္အတြက္ အေႏွာက္အယွက္ရရွိျခင္းသည္ အစၥေရးႏိုင္ငံအတြက္ သက္သက္သာ လုပ္ေဆာင္ထားျခင္းမဟုတ္ဘဲ ေမာ္စကိုက ၎တို႔၏ တပ္မ်ားကို ေမာင္းသူမဲ့ေလယာဥ္ တိုက္ခိုက္မႈမွ ကာကြယ္ရန္ႏွင့္ အီလက္ထ႐ြန္းနစ္ စစ္ေရးစစ္ရာတြင္ ၾသဇာလႊမ္းမိုးမႈကို ထူေထာင္ရန္ အားထုတ္မႈတြင္ အစၥေရးသည္ ဓါးစာခံျဖစ္ေနေသာေၾကာင့္ျဖစ္သည္ဟု တကၠဆက္တကၠသိုလ္မွ ေပါေမာကၡတဦးျဖစ္သူ ေတာ့ဒ္ ဟန္ဖေရး က The Times of Israel သို႔ေျပာသည္။

အရပ္သားေလေၾကာင္းခရီးစဥ္မ်ားအတြက္ GPS သုံးပါတ္ၾကာ ျပတ္ေတာက္မႈသည္ ႐ုရွားႏိုင္ငံ က ဆက္သြယ္ေရးစနစ္ကို ျဖတ္ေတာက္ျခင္းႏွင့္ ဆီးရီးယားတြင္လမ္းေၾကာင္းလႊဲျခင္း၏ ေဘးထြက္ဆိုးက်ိဳးျဖစ္ေၾကာင္း အစၥေရး သတင္းရင္းျမစ္မ်ား ပိုမို ယုံၾကည္ လာၾကသည္ဟု Breaking Defense ကေဖၚျပသည္။ "ေမာ္စကိုသည္ F-22 မ်ားႏွင့္ F-35 မ်ားအပါအဝင္ ေထာက္လွမ္းမရသည့္ အဆင့္ျမင့္ အေနာက္တိုင္းေလယာဥ္မ်ားႏွင့္ အၾကမ္းဖက္သမားမ်ား၏ ေမာင္းသူမဲ့ေလယာဥ္မ်ားကို ေႏွာင့္ ယွက္ရန္ႀကိဳး စားေနသည္ " ဟု သူေျပာသည္။

အီရန္၏ ညဴကလီးယား အစီအစဥ္ကို ကန႔္သတ္ေသာ သေဘာတူညီမႈမွ တဖက္သတ္ ႏုတ္ထြက္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေၾကညာၿပီးေနာက္ အီရန္ႏွင့္ ပဋိပကၡအတြက္ အင္အားစု႐ုံးထားသည့္အေနျဖင့္ အေမရိကန္ေလတပ္သည္ ၂၀၁၉ ခုႏွစ္ ဧၿပီလမွစတင္ၿပီး F-22 ႏွင့္ F-35 ေထာက္လွမ္းမရႏိုင္သည့္ တိုက္ေလယာဥ္မ်ားကို ကာတာႏွင့္ အာရပ္ေစာ္ဘြားမ်ားႏိုင္ငံတို႔တြင္ ခ်ထားသည္။

ယခုအခါ အေျခအေနမွာ ေကာလာဟလမ်ားျဖင့္ျပည့္ေနၿပီး အစၥေရးအစိုးရသည္ တရားဝင္ ထုတ္ျပန္ေၾကညာခ်က္ မလုပ္ဘဲ အျခားရင္းျမစ္မ်ားကို စုံစမ္းစစ္ေဆးေနဆဲျဖစ္သည္။ ႐ုရွားႏိုင္ငံသည္ မိတ္ေဆြႏိုင္ငံမ်ား၏ GPS စနစ္မ်ားကို မေတာ္တဆ ေႏွာက္ယွက္မိလွ်င္ မည္သည့္ အတြက္ ရပ္တန႔္ျခင္းမရွိသနည္း။
    
အေျဖမွာ ႐ုရွားအီလက္ထေရာနစ္ စစ္ေရးစစ္ရာ၏ အကန႔္အသတ္ျဖစ္ႏိုင္ၿပီး အေမရိကန္ စစ္တပ္၏ အီလက္ထ႐ြန္းနစ္ စစ္ေရးစစ္ရာထက္ မ်ားစြာပိုမိုအစြမ္းထက္ေသာ ႐ုရွား အီလက္ထ႐ြန္းနစ္ စစ္ေရးစစ္ရာသည္ တိက်ေသာပစ္မွတ္ထက္ သိမ္းႀကဳံးျပဳလုပ္ျခင္းကို အေျခခံေနရဆဲျဖစ္သည္။

အစၥေရးရွိ ဘန္ဂူရီယန္ ႏိုင္ငံတကာေလဆိပ္သို႔ ဝင္ေရာက္ထြက္ခြာေသာ ခရီးစဥ္ အမ်ားအျပား သည္ GPS ၿဂိဳတ္တု လမ္းၫြဳန္စနစ္ ေပ်ာက္ကြယ္သြားေၾကာင္း ေလေၾကာင္း ခရီးစဥ္ အမ်ား အျပား ေလေၾကာင္းလိုင္းေလယာဥ္မႉးမ်ား အသင္းမ်ား ႏိုင္ငံတကာ အဖြဲ႕ခ်ဳပ္ႏွင့္ အစၥေရးေလဆိပ္မ်ား အာဏာပိုင္အဖြဲ႕တို႔သည္ ၂၀၁၉ ခုႏွစ္ ဇြန္လ ေႏွာင္းပိုင္းတြင္ ေၾကညာ သည္ဟု Breaking Defense ကေဖၚျပသည္။ ခရီးသည္မ်ားအတြက္ အႏၲရာယ္ မရွိေၾကာင္း IAA ၏ အဆိုအရသိရသည္။ ထိခိုက္ခံရေသာ ေလယာဥ္မ်ားသည္ အျခားအရန္ထားေသာစနစ္ကို ေျပာင္းလဲအသုံးျပဳၾကသည္။

"ထူးဆန္းတာက ေျမျပင္အေျခစိုက္ GPS စနစ္ေတြကို သက္ေရာက္မႈမရွိဘူး။ ေလေၾကာင္း GPS ကိုသာ သံသယျဖစ္စရာ ေႏွာင့္ယွက္တာ။ သာမန္မေတာ္တဆ ခ်ိဳ႕ယြင္းတာမဟုတ္ဘဲ အီလက္ထ႐ြန္းနစ္ လက္နက္ဆိုတာ ကို ျပသေနတဲ့ ေနာက္လကၡဏာတခုပဲ။ ႐ုရွားႏိုင္ငံဟာ GPS စနစ္အစစ္က ထုတ္တဲ့ အခ်က္ေပးမႈေတြထက္ အဆ ၅၀၀ ေလာက္ပိုမိုအားျပင္းတဲ့ GPS အခ်က္ျပမႈအတုေတြကို ထုတ္ေပးတဲ့ အဆင့္ျမင့္ လမ္းေၾကာင္းလႊဲစနစ္မွာအႀကီးအက်ယ္ ရင္းႏွီးျမႇဳပ္ႏွံထားၿပီး အရပ္ဖက္ေလေၾကာင္းလိုင္းေတြကို မိုင္ရာခ်ီ လမ္းေၾကာင္းလြဲေစတယ္” ဟု Breaking Defense ကေဖၚျပသည္။

႐ုရွားသည္ ဥေရာပမွ GPS စနစ္မ်ားကိုလည္း ေႏွာင့္ယွက္သည္။ "၂၀၁၈ ခုႏွစ္ကုန္ က ေနာ္ေဝး တြင္ ျပဳလုပ္သည့္ NATO ၏ ႀကီးမားေသာ Trident Juncture စစ္ေရးေလ့က်င့္မႈ အတြင္း ကလည္း ထိုမွားယြင္းေသာ GPS အခ်က္ျပမႈမ်ားကို လက္ခံရရွိခဲ့သည္ဟု Defense News ကေဖၚျပသည္။

ထိုမွားယြင္းေသာ အခ်က္ျပမႈမ်ားသည္ အနီးရွိ အႀကီးအက်ယ္ အကာအကြယ္ယူထားသည္ ကိုလာကြၽန္းစုမွ ႐ုရွားစစ္စခန္jးတခုမွလာေၾကာင္း ေနာ္ေဝး စစ္ေထာက္လွမ္းေရးဌာနက ေျခရာခံမိသည္။ ဖင္လန္ စစ္ေထာက္လွမ္းေရးကလည္း ၎တို႔၏ စုံစမ္းစစ္ေဆးေလ့လာမႈ မ်ားတြင္ ေနာ္ေဝးစစ္ေထာက္လွမ္းေရး၏ ေျပာၾကားခ်က္အတိုင္း ေကာက္ခ်က္ ခ်သည္။

၂၀၁၈ ခုႏွစ္ႏွစ္ကုန္တြင္ ဖင္လန္ႏွင့္ေနာ္ေဝးတို႔သည္ ထိုသို႔ေႏွာက္ယွက္မႈအတြက္ ႐ုရွားႏိုင္ငံကို မေက်နပ္ေၾကာင္း ေျပာသည္။ ေျမာက္ပိုင္းစြန္းရွိ ထိခိုက္ေသာ ေလေၾကာင္းနယ္နိမိတ္ကို အသုံးျပဳေနသည့္ စစ္ဖက္ႏွင့္ အရပ္ဖက္ေလယာဥ္မ်ားအတြက္ ထို GPS ေႏွာက္ယွက္ေသာ စနစ္သည္ ႀကီးမားေသာ အႏၲရာယ္ကို ျဖစ္ေစေၾကာင္း ဖင္လန္ႏွင့္ေနာ္ေဝး စစ္ဖက္ႏွင့္ ၿမိဳ႕ျပေလေၾကာင္း အႀကီးအကဲမ်ားက ေၾကညာေၾကာင္း Defense News က ေဖၚျပသည္။

 “သက္ေသျပပါလို႔ ႐ုရွားကက်ေနာ္တို႔ကိုေျပာေတာ့ က်ေနာ္တို႔က သက္ေသျပလိုက္တယ္” ဟု ေနာ္ေဝးကာကြယ္ေရးဝန္ႀကီး Frank Bakke-Jensen က Arctic Today သို႔ေျပာသည္။ ထိုသက္ေသျပခ်က္တြင္ အခ်က္ျပမႈမ်ားကို တိုင္းတာေသာ အတိုင္းအတာ မ်ားပါဝင္သည္။“႐ုရွားက ေက်းဇူးတင္တယ္။ က်ေနာ္တို႔ ကြၽမ္းက်င္သူေတြ ဒါကိုေလ့လာၿပီးရင္ျပန္ ဆက္သြယ္ မယ္။ ႐ုရွားဆီက ဒီလိုအေျဖရတာ အျပဳသေဘာေဆာင္တယ္” ဟု Frank Bakke-Jensen ကေျပာသည္။

ထိုသို႔ေႏွာင့္ယွက္ျခင္းကို ရည္႐ြယ္ခ်က္ရွိရွိလုပ္ေၾကာင္း Frank Bakke-Jensen ေျပာသည္။ “ သူတို႔က နယ္စပ္နဲ႔ အရမ္းနီးတဲ့ေနရာမွာ ေလ့က်င့္ေနတာ။ နယ္စပ္တျခားတဖက္ကိုလည္း ထိခိုက္မယ္ဆိုတာ သူတို႔သိတယ္” ဟု Frank Bakke-Jensen ေျပာသည္။

အေမရိကန္ စစ္တပ္သည္ ႐ုရွားအီလက္ထ႐ြန္းနစ္ စစ္ေရးစစ္ရာကို တန္ျပန္ရန္ ေျခလွမ္းတခု အေနျဖင့္ ေႏွာင့္ယွက္မႈကို ခံႏိုင္ေသာ GPS စနစ္ကို ဥေရာပတြင္ စမ္းသပ္ေနသည္။ ဂ်ာမဏီရွိ အမွတ္ ၂ သံခ်ပ္ကာတပ္သည္ ေႏွာင့္ယွက္မႈခံႏိုင္ေသာ GPS စနစ္မ်ားကို ၂၀၁၉ ခုႏွစ္ ႏွစ္ကုန္တြင္ရရွိမည္ဟု ေမွ်ာ္လင့္ရသည္။