【 နိုင်ငံတကာ သတင်းဆောင်းပါး 】 ကုန်သွယ်ရေးကို သမိုင်းဆိုင်ရာ ပြဿနာများကိုဖြေရှင်းရန် ဂျပန်မသုံးသင့်

 【  နိုင်ငံတကာ သတင်းဆောင်းပါး 】 ကုန်သွယ်ရေးကို သမိုင်းဆိုင်ရာ ပြဿနာများကိုဖြေရှင်းရန် ဂျပန်မသုံးသင့်

ဂျပန်နှင့်ကိုရီးယားသမ္မတနိုင်ငံအကြားတင်းမာမှုများမြင့်မားလာသောကြောင့် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများသည် ကြာသပတေးနေ့ ကနှစ်ဖက်ဆွေးနွေးပွဲကျင်းပပြီး ထိုင်းနိုင်ငံဘန်ကောက်တွင်ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နိုင်ငံခြားရေး ဝန်ကြီး များအစည်းအဝေး၏ သီးခြားအစည်းအဝေးဖြစ်သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် သုံးနိုင်ငံဆွေးနွေးပွဲတွင်သောကြာနေ့က ပါဝင်ကြသည်။  

ကိုရီးယားသမ္မတနိုင်ငံ (ROK) ကို ဂျပန်နှင့် ရိုးရှင်သောကုန်သွယ်ခွင့်ပေးသည် အဖြူရောင်စာရင်းမှ ထုတ်ပယ်ရန် ဆုံးဖြတ်ကြောင်း ဂျပန်နိုင်ငံက သောကြာနေ့တွင် ကြေညာသောကြောင့် အထက်ပါအစည်းအဝေးနှစ်ခုသည် အိမ်နီးချင်း နှစ်နိုင်ငံအကြား တင်းမာမှုလျှော့ချရေးအတွက် အထောက်အကူမပြုနိုင်သည်မှာထင်ရှားလှသည်။  

ထိုဆုံးဖြတ်ချက်သည် ဩဂုတ်လ ၂၈ ရက်နေ့တွင်စတင်စက်ဝင်မည်ဖြစ်သည်။ ဂျပန်သည် တပိုင်းလျှပ်ကူးများနှင့် ရုပ်ပုံပြမျက်နှာပြင်များအတွက် အရေးပါသော ပစ္စည်း သုံးမျိုးကို ROK သို့တင်ပို့ခြင်းကို ဇူလိုင်လ ၄ ရက်နေ့က ရပ်ဆိုင်းခဲ့သည်။ ROK ကုမ္ပဏီအချို့သည် ထိုပစ္စည်းများကို ဂျပန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးအန္တရာယ်ဖြစ်သော  ကိုရီးယားပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ တင်ပို့နေခြင်းကို စိုးရိမ်သောကြောင့်ဟု ဂျပန်နိုင်ငံကဆိုသည်။

ထိုနောက် ROK ကလည်း သံတမန်ရေးရာကန့်ကွက်မှုပြုလုပ်ပြီး ထိုပို့ကုန်ထိန်းချုပ်မှုသည် လွတ်လပ်သောကုန်သွယ်ရေးသဘောတရားများကို ချိုးဖေါက်သည်ဟုဆိုကာ ဂျပန်ကိုကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ မူဘောင်အရ တရားစွဲမည်ဟု ဆိုသည်။ လက်တွေ့တွင်မူ ဂျပန်နိုင်ငံသည် ROK က သမိုင်းဆိုင်ရာပြဿနာတခုနှင့်ပတ်သက်ပြီး အပေးအယူလုပ်လိမ့်မည်ဟုမျှော်လင့်ပြီး ဂျပန်ကျူးကျော်စစ်အတွင်း ဂျပန်လုပ်ငန်းများက ကိုရီးယား လုပ်သားများကို အတင်းအကျပ်အလုပ်စေခိုင်းခြင်းအတွက် လျှော်ကြေးတောင်းခံခြင်းအတွက် လက်စားချေရန် ထိုပြဿနာကို အသုံးချနေခြင်းသာဖြစ်သည်။

နှစ်နိုင်ငံဆက်ဆံရေး ၁၉၆၅ ခုနှစ်ထူထောင်စဉ်က အတင်းအကျပ်လုပ်အားခိုင်းစေမှုပြဿနာများကိုဖြေရှင်ပြီးဖြစ်သည်ဟု ဂျပန်နိုင်ငံက ထင်သည်။ အလားတူစွာပင် တော်ဝင်ဂျပန့်တပ်မတော်အတွက် လိင်ကျေးကျွန်များအဖြစ် အတင်းအကျပ်ပြုခံရသော ဇိမ်မယ်များပြဿနာ သည်လည်း နှစ်နိုင်ငံအကြားပြဿနာဖြစ်သည်။ တိုကျိုကထိုပြဿနာကို အပြီးအပြတ်ဖြေရှင်း ပြီးဖြစ်သည် ဟုယူဆသော်လည်း ဆိုးလ်က ထိုသို့မယူဆပေ။

ဂျပန်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ အိမ်နီးချင်းများနှင့် သမိုင်းဆိုင်ရာ အငြင်းပွားမှုများကိုဖြေရှင်းရန် ပို့ကုန်ထိန်းချုပ်သော နည်းလမ်းကို တင်သွင်းရန်ရည်ရွယ်ခဲ့ပြီး ROK အနေဖြင့် ဂျပန်၏ နိုင်ငံရေး တိမ်းညွုတ်မှုကို ခံစားရန် ဖိအားပေးသည်။ပို၍ဆိုးသည် မှာ ဂျပန်သည် သူ၏ စွပ်စွဲချက်များအတွက် မည်သည့်အထောက်အထားမျှမပြသဘဲ ပြုံယမ်းကိုအပုပ် ချခြင်းအတွက် နောင်တမရခြင်းဖြစ်သည်။ ၁၉ ရာစုနှောင်း ပိုင်းနှင့် ၂၀ ရာစု ပထမရာစုနှစ်ဝက်အတွင်း ဂျပန်နိုင်ငံကကျူးလွန်ခဲ့သည် စစ်ရာဇဝတ်မှုများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းသင့်သည်၊ ထိုသို့ လုပ်ဆောင်ခြင်းသည် သမိုင်းဆိုင်ရာပြဿနာများကြောင့် ဒေသတွင်းစီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမထိခိုက်ရန် ဆယ်စုနှစ် များစွာ ကိုင်တွယ်နေ သော နည်းလမ်းဖြစ်သည်ကို ဂျပန်အပါအဝင် ဒေသတွင်းနိုင်ငံများက သဘောတူထားကြသည်။ ထိုသို့မဟုတ်ပါက အရှေ့အာရှနှင့် အရှေ့တောင်အာရှသည် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်လာမည်မဟုတ်ပေ။

ကုန်သွယ်ရေးနှင့်စီးပွားရေးအစီအစဉ်များကို သမိုင်ဆိုင်ရာအငြင်းပွားမှုများအတွက် ဂျပန်က အသုံးပြုခြင်းသည် အခြေအနေကို ပိုမိုရှုပ်ထွေးစေ မည်သာဖြစ်သည်။ ယခင်တည်ငြိမ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးများကို ထိခိုက်မည်ဖြစ်ပြီး ဒေသတခုလုံကိုကျော်လွန်ကာ ဆင့်ကဲ သက်ရောက် မှုရှိမည်ဖြစ်ေသောကြောင့် သမိုင်းဆိုင်ရာ ပြဿနာများကို ဤနည်းဖြင့် မဖြေရှင်းသင့်၊ ဖြေရှင်းရမည်မဟုတ်ပေ။

(  Zawgyi  )

 ဂ်ပန္ႏွင့္ကိုရီးယားသမၼတႏိုင္ငံအၾကားတင္းမာမႈမ်ားျမင့္မားလာေသာေၾကာင့္ ႏွစ္ႏိုင္ငံႏိုင္ငံျခားေရးဝန္ႀကီးမ်ားသည္ ၾကာသပေတးေန႔ ကႏွစ္ဖက္ေဆြးေႏြးပြဲက်င္းပၿပီး ထိုင္းႏိုင္ငံဘန္ေကာက္တြင္က်င္းပသည့္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း (ASEAN) ႏိုင္ငံျခားေရး ဝန္ႀကီး မ်ားအစည္းအေဝး၏ သီးျခားအစည္းအေဝးျဖစ္ေသာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပီယိုႏွင့္ သုံးႏိုင္ငံေဆြးေႏြးပြဲတြင္ေသာၾကာေန႔က ပါဝင္ၾကသည္။  

ကိုရီးယားသမၼတႏိုင္ငံ (ROK) ကို ဂ်ပန္ႏွင့္ ႐ိုးရွင္ေသာကုန္သြယ္ခြင့္ေပးသည္ အျဖဴေရာင္စာရင္းမွ ထုတ္ပယ္ရန္ ဆုံးျဖတ္ေၾကာင္း ဂ်ပန္ႏိုင္ငံက ေသာၾကာေန႔တြင္ ေၾကညာေသာေၾကာင့္ အထက္ပါအစည္းအေဝးႏွစ္ခုသည္ အိမ္နီးခ်င္း ႏွစ္ႏိုင္ငံအၾကား တင္းမာမႈေလွ်ာ့ခ်ေရးအတြက္ အေထာက္အကူမျပဳႏိုင္သည္မွာထင္ရွားလွသည္။  

ထိုဆုံးျဖတ္ခ်က္သည္ ဩဂုတ္လ ၂၈ ရက္ေန႔တြင္စတင္စက္ဝင္မည္ျဖစ္သည္။ ဂ်ပန္သည္ တပိုင္းလွ်ပ္ကူးမ်ားႏွင့္ ႐ုပ္ပုံျပမ်က္ႏွာျပင္မ်ားအတြက္ အေရးပါေသာ ပစၥည္း သုံးမ်ိဳးကို ROK သို႔တင္ပို႔ျခင္းကို ဇူလိုင္လ ၄ ရက္ေန႔က ရပ္ဆိုင္းခဲ့သည္။ ROK ကုမၸဏီအခ်ိဳ႕သည္ ထိုပစၥည္းမ်ားကို ဂ်ပန္ႏိုင္ငံ၏ အမ်ိဳးသားလုံၿခဳံေရးအႏၲရာယ္ျဖစ္ေသာ  ကိုရီးယားျပည္သူ႔ ဒီမိုကရက္တစ္သမၼတႏိုင္ငံသို႔ တင္ပို႔ေနျခင္းကို စိုးရိမ္ေသာေၾကာင့္ဟု ဂ်ပန္ႏိုင္ငံကဆိုသည္။

ထိုေနာက္ ROK ကလည္း သံတမန္ေရးရာကန႔္ကြက္မႈျပဳလုပ္ၿပီး ထိုပို႔ကုန္ထိန္းခ်ဳပ္မႈသည္ လြတ္လပ္ေသာကုန္သြယ္ေရးသေဘာတရားမ်ားကို ခ်ိဳးေဖါက္သည္ဟုဆိုကာ ဂ်ပန္ကိုကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ မူေဘာင္အရ တရားစြဲမည္ဟု ဆိုသည္။ လက္ေတြ႕တြင္မူ ဂ်ပန္ႏိုင္ငံသည္ ROK က သမိုင္းဆိုင္ရာျပႆနာတခုႏွင့္ပတ္သက္ၿပီး အေပးအယူလုပ္လိမ့္မည္ဟုေမွ်ာ္လင့္ၿပီး ဂ်ပန္က်ဴးေက်ာ္စစ္အတြင္း ဂ်ပန္လုပ္ငန္းမ်ားက ကိုရီးယား လုပ္သားမ်ားကို အတင္းအက်ပ္အလုပ္ေစခိုင္းျခင္းအတြက္ ေလွ်ာ္ေၾကးေတာင္းခံျခင္းအတြက္ လက္စားေခ်ရန္ ထိုျပႆနာကို အသုံးခ်ေနျခင္းသာျဖစ္သည္။

ႏွစ္ႏိုင္ငံဆက္ဆံေရး ၁၉၆၅ ခုႏွစ္ထူေထာင္စဥ္က အတင္းအက်ပ္လုပ္အားခိုင္းေစမႈျပႆနာမ်ားကိုေျဖရွင္ၿပီးျဖစ္သည္ဟု ဂ်ပန္ႏိုင္ငံက ထင္သည္။ အလားတူစြာပင္ ေတာ္ဝင္ဂ်ပန႔္တပ္မေတာ္အတြက္ လိင္ေက်းကြၽန္မ်ားအျဖစ္ အတင္းအက်ပ္ျပဳခံရေသာ ဇိမ္မယ္မ်ားျပႆနာ သည္လည္း ႏွစ္ႏိုင္ငံအၾကားျပႆနာျဖစ္သည္။ တိုက်ိဳကထိုျပႆနာကို အၿပီးအျပတ္ေျဖရွင္း ၿပီးျဖစ္သည္ ဟုယူဆေသာ္လည္း ဆိုးလ္က ထိုသို႔မယူဆေပ။

ဂ်ပန္ႏိုင္ငံသည္ အေမရိကန္ျပည္ေထာင္စု၏ အိမ္နီးခ်င္းမ်ားႏွင့္ သမိုင္းဆိုင္ရာ အျငင္းပြားမႈမ်ားကိုေျဖရွင္းရန္ ပို႔ကုန္ထိန္းခ်ဳပ္ေသာ နည္းလမ္းကို တင္သြင္းရန္ရည္႐ြယ္ခဲ့ၿပီး ROK အေနျဖင့္ ဂ်ပန္၏ ႏိုင္ငံေရး တိမ္းၫြဳတ္မႈကို ခံစားရန္ ဖိအားေပးသည္။ပို၍ဆိုးသည္ မွာ ဂ်ပန္သည္ သူ၏ စြပ္စြဲခ်က္မ်ားအတြက္ မည္သည့္အေထာက္အထားမွ်မျပသဘဲ ၿပဳံယမ္းကိုအပုပ္ ခ်ျခင္းအတြက္ ေနာင္တမရျခင္းျဖစ္သည္။ ၁၉ ရာစုေႏွာင္း ပိုင္းႏွင့္ ၂၀ ရာစု ပထမရာစုႏွစ္ဝက္အတြင္း ဂ်ပန္ႏိုင္ငံကက်ဴးလြန္ခဲ့သည္ စစ္ရာဇဝတ္မႈမ်ားကို ႏိုင္ငံေရးနည္းျဖင့္ေျဖရွင္းသင့္သည္၊ ထိုသို႔ လုပ္ေဆာင္ျခင္းသည္ သမိုင္းဆိုင္ရာျပႆနာမ်ားေၾကာင့္ ေဒသတြင္းစီးပြားေရးႏွင့္ ကုန္သြယ္ေရး ပူးေပါင္းေဆာင္႐ြက္မႈမထိခိုက္ရန္ ဆယ္စုႏွစ္ မ်ားစြာ ကိုင္တြယ္ေန ေသာ နည္းလမ္းျဖစ္သည္ကို ဂ်ပန္အပါအဝင္ ေဒသတြင္းႏိုင္ငံမ်ားက သေဘာတူထားၾကသည္။ ထိုသို႔မဟုတ္ပါက အေရွ႕အာရွႏွင့္ အေရွ႕ေတာင္အာရွသည္ ကမာၻ႔စီးပြားေရးအင္အားႀကီးႏိုင္ငံမ်ားျဖစ္လာမည္မဟုတ္ေပ။

ကုန္သြယ္ေရးႏွင့္စီးပြားေရးအစီအစဥ္မ်ားကို သမိုင္ဆိုင္ရာအျငင္းပြားမႈမ်ားအတြက္ ဂ်ပန္က အသုံးျပဳျခင္းသည္ အေျခအေနကို ပိုမိုရႈပ္ေထြးေစ မည္သာျဖစ္သည္။ ယခင္တည္ၿငိမ္ေနေသာ စီးပြားေရးႏွင့္ကုန္သြယ္ေရးမ်ားကို ထိခိုက္မည္ျဖစ္ၿပီး ေဒသတခုလုံကိုေက်ာ္လြန္ကာ ဆင့္ကဲ သက္ေရာက္ မႈရွိမည္ျဖစ္ေေသာေၾကာင့္ သမိုင္းဆိုင္ရာ ျပႆနာမ်ားကို ဤနည္းျဖင့္ မေျဖရွင္းသင့္၊ ေျဖရွင္းရမည္မဟုတ္ေပ။