【 ပညာရှင်များရဲ့ အမြင် 】“ဘာစနစ်နဲ့သွားမယ် ဘာညာဆိုတာနဲ့ အချိန်ကုန်နေတာ ”

【 ပညာရှင်များရဲ့ အမြင် 】“ဘာစနစ်နဲ့သွားမယ် ဘာညာဆိုတာနဲ့ အချိန်ကုန်နေတာ ”

မကြာမီက မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဘက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံတွင် ၎င်းတို့၏ နှစ် ၇၀ ပြည့် အမျိုးသားနေ့အခမ်းအနားကို ခမ်းနားစွာ ကျင်းပခဲ့သလို အနောက်အုပ်စုမင်သက်မိစေလောက်သည်အထိ လက် နက်အင်အားကိုပါ ခင်ကျင်းပြသခဲ့ပါတယ်။

ထိုအခင်းအကျင်းက နိုင်ငံရေး၊လူမှုရေး၊စီးပွားရေးစသည့် တရုတ်နှင် ထိစပ်ပတ်သက်နေသည့် မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများအတွက် ပြန်လည်သုံးသပ်စရာ ဖြစ်လာစေခဲ့ ပါတယ်။ ထိုသို့ လတ်တလော အခင်းအကျင်းနှင့် မြန်မာစီးပွားရေး အတွက် မည်သို့ပြင်ဆင်ထားသင့်သည်ကို အခြေအနေကို ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်ဆရာဒေါက်တာ အောင်ထွန်းသက်အား အထူး အစီအစဉ် တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါ တယ်။ ဆရာဒေါက်တာအောင်ထွန်းသက် ၏ တရုတ်နှင့် ဆက်ဆံရေးအပါအဝင် လတ်တလော မြန်မာစီးပွားရေး ဆိုင်ရာအကြောင်းကိစ္စများအပေါ် ရှုမြင် သုံးသပ်ချက်အပြည်အစုံကို ယခုတစ်ပတ်အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။        
                                                                                    (Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion leaders ။   ။ မကြာခင်က ကျင်းပခဲ့တဲ့  တရုတ်အမျိုးသားနေ့ အခမ်း အနားမှာ စစ်ရေးပြပွဲအခမ်းအနား ကို အတော်လေးကြီးကြီး ကျယ်ကျယ်လုပ်တာကို တွေ့ရတယ်။ ဒီလိုလုပ်တော့ အတော်များများနိုင်ငံတွေ  အာဆီ ယံလို တရုတ်ပြည်တစ်ဝိုက်ထိစပ်နေတဲ့ နိုင်ငံမျိုးတွေ အမေရိကန်လို နိုင်ငံကြီးတွေပါ သတိပြုမိစရာဖြစ် လာ တယ်။ ဒီလိုစစ်ရေးပြတဲ့အတွက် လက်ရှိပြင်းထန်နေတဲ့ တရုတ်- အမေရိကန် ကုန်သွယ်ရေးစစ်က ဘယ်လိုတွေ ဖြစ်လာနိုင်သလဲ။ ဒီကနေဖြစ်လာတဲ့ အကျိုးဆက်ကို မြန်မာနိုင်ငံဘက်ဘယ်လောက်ထိထိခိုက်မလဲ ။ တရုတ်နဲ့ ကုန်သွယ်ရေးမှာ ဘယ်လိုနည်းတွေဖြစ်လာနိုင်သလဲဆရာ။  

ဒေါက်တာ အောင်ထွန်းသက် ။    ။  စိတ်ဝင်စားဖို့ကောင်းတာကလေ ဒီလိုစစ်အင်အားပြဖို့ ပြချင်တယ်လို တကယ် ပြောခဲ့တာက ဒေါ်နယ်ထရမ့် က ပြောခဲ့တာ။ သူ့အနေနဲ့ သူတို့နိုင်ငံမှာ စစ်အင်အားပြတာ ပြင်သစ်ကို သူက ကြည့်ပြီးတော့ ပြင်သစ် ပဲရစ်မှာလုပ်တာ သူအားကျတယ်။ ဝါရှင်တန်မှာလုပ်ချင်တယ် ဘာညာ ဆိုပေမယ့် ဒါပေမဲ့ ဝါရှင်တန်မှာ လုပ်ရတာလည်း သူတို့ရဲ့နိုင်ငံရေးစနစ်ကြောင့် ရှေောရှောရှူရှူ လွယ်လွယ်ကူကူဖြစ်မလာဘူးလေ။ အဲ့ဒီ‌တော့ မဖြစ် လာပေမယ့် တကယ်တမ်းအခုကြည့်လိုက်တော့ တရုတ်တွေမှာ ဆရာတို့အခု သူတို့ရဲ့ ရင်ပြင်ကြီး မှာ လုပ်လိုက်တော့ ဒါက တကမ္ဘာလုံးက အံ့သြသွားတယ်လေ။ အံ့သြသွားတဲ့အပြင်ကို သူတို့အရင်တုန်းက ရှိတယ် မရှိဘူးဆိုတဲ့ လက်နက်တွေ အထင်အရှားရှိလာတာတွေ့ရတယ်။ ဒီတာဝေး ဒုံးပျံတွေတွေ့ရတယ်၊ ပြီးတော့ အားလုံးပေါ့လေ။ အင်အားရှိတဲ့ အင်အားတွေကို သူက ပွင့်ပွင့်လင်းလင်းထုတ်ပြတဲ့အခြေအနေရှိတာပေါ့၊ အဲ့ဒီအပေါ်မှာ အခြေခံပြီးတော့  သူအင်အားရှိတယ်ဆိုတာကို ။ဒါက ခဏခဏပြောနေ တဲ့ နိုင်ငံရေး အင်အားနဲ့တွဲနေတဲ့ စီးပွားရေးအင်အားပေါ့။ နိုင်ငံတစ်နိုင်ငံ တောင့်တင်းခိုင်မာတယ်ဆိုတာ စီးပွားရေးတင်မကဘူး၊ နိုင်ငံရေးအရ စစ်ရေးအရ၊ လုံခြုံရေးအရ ကာကွယ်ရေးအရ တောင့်တင်းခိုင်မာဖို့လိုတယ်ဆိုတာကိုလည်း မြင်သာ ထင်သာအောင် သူပြောတယ်လေ၊ ပြီးတော့မှ နောက်တစ်ခုက တစ်ခုကြားမိတာကလေ သူတို့အနှစ် ၇၀ ဒီအထိ ရောက်လာအောင် ကနဦး အစကတည်းက တော်လှန်ရေးလုပ်တဲ့ ကွန်မြူနစ်စစ်သည်တော်ကြီး တော်တော်ကြီး တဲ့သူတွေလည်း ဂုဏ်ပြုတယ်ပေါ့။ ဒါတွေအားလုံးကြည့်လိုက်လို့ရှိရင် သူတို့ပြောတဲ့ သူတို့ဟာ သူတို့ဂုဏ်ယူတယ်၊ သူတို့ရဲ့အောင်မြင်မှုဟာ တစ်ကမ္ဘာလုံးကအံ့သြစရာ အောင်မြင်မှု ဖြစ်တယ်။

 ပြီးတော့ တကယ်တမ်းလည်း ပြန်ကြည့်လိုက်လို့ရှိရင် သူတို့ရဲ့အောင်မြင်မှုထဲမှာ အထူးခြားဆုံးက စီးပွား ရေးရှုထောင့်နဲ့ကြည့်ရင် လူ့အဖွဲ့ အစည်းတွေအားလုံးမှာ သန်း သုံး၊ လေးရာ၊ ငါးရာလောက်ကို ဆင်းရဲတွင်းကနေ ဆွဲထုတ်နိုင်တဲ့ သာဓက ကတစ်ခါမှမရှိခဲ့ဖူးဘူး။ အဲ့ဒီတော့ သူတို့ပုံစံလုပ်ခဲ့တယ်၊ အဲ့ဒါတွေ အားလုံးက ဘယ်က နေစလုပ်သလဲဆိုရင် တိန်ရှောင်ဖိန့်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ မော်စီတုန်းက ကြိုးစားတဲ့ ပုံစံမျိုးတွေနဲ့ ဒါပေမဲ့ မော်စီတုန်း ကြိုးစားတာမအောင်မြင်ခဲ့ဘူး။ သူလုပ်တော့လုပ်ရှာတယ်၊ ဒါပေမဲ့ သူအဲ့ဒီအခြေခံတွေမရတော့ တကယ်တမ်း အခုဒီမှာ ဒီနေ့ဆရာတို့ ၇၀ ပြည့်တဲ့နှစ်မှာ တိန်ရှောင်ဖိန်ကို ဆရာတို့ အသိအမှတ်ပြုဖို့လိုတယ်လေ။ သူ့ရဲ့ပြုမူပြောင်းလဲမှုကြောင့်ပဲ ဒီလိုဖြစ် လာတာ။

 နောက် ကွန်မြူနစ်ပါတီရဲ့ သူတို့ကြိုးပမ်းအားထုတ်မှုတွေက ၁၉၅၀၊ ၆၀၊ ၇၀ မှာ မအောင်မြင်ပေမယ့် မော်စီတုန်း နောက်ပိုင်းမှာ အောင်မြင် လာတယ်၊ ဒါတွေဖြစ်လာတဲ့ အခါ ကျတော့ တစ်ဖက်မှာလည်း သူတို့လည်း ဒီအင်အားပြတာ၊ သူတို့နဲ့ ဒီဖြစ်နေတဲ့ ကုန်သွယ်ရေးအရ စစ်ပွဲတွေပေါ့၊ Trade War ဒါကိုလည်း တနည်းတဖုံ မီးမောင်းထိုးတာလည်း ပါမယ်ထင်တယ် ကြည့်ရတာ။ အဲ့ဒီတော့ သူတို့ဟာ စီးပွားရေး နဲ့တောင် အောင်မြင်တာ မကဘူး လက်နက်ရေးရာနဲ့လည်း အောင်မြင်တယ်ဆိုတာကို ထုတ်ဖော်ပြောတာပဲလေ။ ထုတ်ဖော်ပြောတော့ ခုန ကိုယ့်ရဲ့ တရုတ်နဲ့ထိတွေ့ရတဲ့အခါမှာ ဆရာထင်တယ်၊ ထိလွယ်ရှလွယ်နိုင်ငံတွေ အများကြီးရှိတဲ့အထဲက ကိုယ့် နိုင်ငံက ထိလွယ်ရှလွယ် အများဆုံးနိုင်ငံ။ ဒါပေမဲ့ အံ့သြစရာကောင်းတာကနော် ဒီတရုတ်နဲ့ စစ်တောင်ဖြစ်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံဆိုပါတော့၊ တရုတ်နဲ့ပတ်သက်လို့ ခမာနီတွေ ခမာနီတွေနဲ့ပတ်သက်လို့ ဖြစ်ခဲ့တဲ့ ကမ္ဘောဒီးယား ဆိုပါတော့။

ကိုယ့်ခဏအသာထား ၊ ကမ္ဘောဒီးယားလို နိုင်ငံမျိုးဆိုရင် တရုတ်ကိုသူတို့လက်ခံလိုက်တယ်လေ။ တရုတ် ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကမ္ဘောဒီးယား ဆိုလို့ရှိရင် ရင်းနှီးမြှုပ်နှံမှုနဲ့ပြောလို့ရှိရင် ၉၉ နှစ်တောင် နိုင်ငံခြား ရင်းနှီးမြှုပ် နှံမှုတွေ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလို့ပြောရင် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ပဲ။ အဲ့ဒီတော့ သူတို့ရဲ့ပုံစံက တရုတ်ကို တံခါးဖွင့်တဲ့ပုံစံနဲ့သူတို့လုပ်တယ်။ ပြီးတော့မှ ဆရာတို့ထက် နည်းနည်းလေးဝေးတယ်လို့ပြောတဲ့ စင်ကာပူတောင် တရုတ်ကိုလက်ခံတယ် ဆိုတော့ အာဆီယံနိုင်ငံတွေအားလုံး တရုတ်ကို ဘယ်ပုံဘယ်နည်းနဲ့ လက်ခံရမလဲဆို တာ ကို စဉ်းစားနေတယ်။

အဲ့ဒီတော့ ကိုယ့်မှာ ဒီအာဆီယံနိုင်ငံထဲမှာက ကိုယ့်နဲ့အိမ်နီးနားချင်း နိုင်ငံဖြစ်တဲ့ ဆရာတို့မှာ ပြဿနာရှိခဲ့တာက လွတ်လပ်ရေးရတဲ့အချိန်ကစပြီး တရုတ်နဲ့ မြန်မာနဲ့က နိုင်ငံရေးအရ တစ်ခါတလေ အထိအရ ှတွေဖြစ်ခဲ့သလို ပြဿနာတွေဖြစ်ခဲ့တယ်။ဆရာတို့ ၁၉၈၇ ခုနှစ်အထိ ကွန်မြူနစ်ပါတီ မရပ်ခင်အထိက တရုတ်က သူသုံးတဲ့စနစ်ကပေါ့နော် ပါတီ ပါတီချင်း ဆက်သွယ်မှုကိုမရပ်ဘူး။ အစိုးရအစိုးရ G to G ကို သူက ကျင့်သုံးတယ်၊ အစိုးရနဲ့တည့်အောင်နေတယ်၊ P to P ပေါ့၊ Party to Party ပေါ့၊ ဗမာကွန်မြူနစ်ပါတီကို အပြည့်အဝထောက်ခံပေးတယ်၊ အဲဒီလိုဖြစ်တဲ့အခါမှာ ကိုယ့်ဆီမှာလည်း ကွန်မြူနစ်ပါတီ မရှိတော့ပေမယ့် အခုသူတို့အားပေးနေတဲ့ မြောက်ပိုင်းအဖွဲ့တွေ၊ မြောက်ပိုင်း အဖွဲ့တွေအနေနဲ့ကတော့ အားလုံးက တရုတ်ရဲ့ အားပေးမှုက အခြေခံဖြစ်နေတယ်လေ။ လက်နက်တို့ ခဲယမ်းမီး ကျောက်တို့ အထောက်အပံ့ပစ္စည်းတွေ။ နောက်တစ်ခါ ကိုယ်က သတိထားဖို့လိုတာက OBOR ပေါ့ ။

ပိုးလမ်းကိစ္စ၊ ပိုးလမ်းကိစ္စက တရုတ်ကလည်းဒါကို သူ့ရဲ့မိန့်ခွန်းထဲမှာလည်း အဲ့ဒီနေ့က အောက်တိုဘာ လ ၁ ရက်နေ့က မိန့်ခွန်းမှာလည်း ဒီပိုးလမ်းကြီးကိစ္စကိုပြောတယ်၊ သူဖိတ်တဲ့သူတွေအားလုံးဟာလည်း ဒီပိုး လမ်းမကြီးနဲ့ ဆက်သွယ်တဲ့သူတွေပါတယ်။ အဲ့ဒီတော့ ဆရာတို့ကတော့ ဒါတော့ ဒါကြီးက ငြင်းလို့မရဘူး၊ ဒါကို ကိုယ့်အတွက် ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ဘာလုပ်မလဲစဉ်းစားရမယ်။ ဒါပေမဲ့ ပြဿနာဖြစ်တာ က ကိုယ့်နိုင်ငံရဲ့ အခက်အခဲက အဲ့လို တခြားနိုင်ငံတွေလို တရုတ်ရဲ့အားကို ဘယ်လိုယူမလဲ စဉ်းစားတာထက်ကို တရုတ်လာလို့ရှိရင် ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ လျှောက်ပြီးတော့ ပြောနေတော့ ကိုယ်လိုချင်တာ မရတော့ဘူး လေ ဟုတ်တယ်မဟုတ်လား။ ကိုယ်အားနည်းတာတော့ သိတယ်၊ ဒါပေမဲ့ အားနည်းပေမယ့် အားနည်းတိုင်း အား နည်းစရာမှမဟုတ်တာ။ ဂျူဒိုကစားသလိုပေါ့၊ ကိုယ့်ထက်ကြီးတဲ့ ကိုယ့်ထက်အင်အားကြီးတာကို လိမ်လိမ်မာမာ ပါးပါးနပ်နပ် လုပ်နိုင်ရင် ဆရာတို့ ဖြစ်နိုင်တယ်နော်။

 အဲ့ဒီတော့ အဲ့ဒါလေးက ကိုယ်ကကိုယ့်မှာခက်တာက တရုတ် နဲ့ပတ်သက်လာလို့ရှိရင် ပြောရတာတော်တော်ခက်တာလေ။ ကြေးနီစီမံကိန်းတွေ ဘာတွေ ကိစ္စ လည်းဖြစ်လာတယ်။ နောက်တစ်ခါ ကျောက်ဖြူကိစ္စ၊ နောက်တစ်ခါ မြစ်ဆုံကိစ္စ၊ ဟို ဒါတွေနဲ့ ဆရာတို့က အားလုံးက  ဒီထဲမှာ နစ်နေတော့ ထွက်မစဉ်းစားနိုင်တဲ့ ပုံစံဖြစ်တယ်။

တရုတ်က နံပါတ်- ၁ ဖြစ်မှာသေချာတယ်၊ အဲ့ဒီတော့ ဒါ ငြင်း လို့မရတဲ့ ကိစ္စလေ၊ စီးပွားရေးက၊ တရုတ် နံပါတ် ၁ ဖြစ်ရင်ဘာဖြစ်မလဲဆိုတာကို ကိုယ်ကအခြေခံပြီး စဉ်းစားရမှာပေါ့နော်၊ အဲ့ဒီတော့ ကိုယ်အမြဲတမ်း ပြော နေတာလေ၊ ကိုယ့်နိုင်ငံမှာ ဒီလိုခဏထား၊ နောက်အနှစ် ၅၀ လောက် မှာ ဘာဖြစ်ချင်လဲဆိုတာကို စဉ်းစားနေတဲ့သူ တစ်ယောက်မှမရှိဘူး၊ အဲ့ဒီတော့ ကိုယ်က နက်ဖြန်အတွက်ကိုတောင် စဉ်းစားဖို့တောင်အနိုင်နိုင်၊ ကိုယ်ကဒီနေ့ အ တွက်ပဲစဉ်းစားတာလေ၊ ပိုဆိုးတာက မနေ့ကအတွက်ကိုစဉ်းစားနေတာ၊ မနေ့က ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ပြောနေတာနော်၊ အဲ့ဒါတွေနဲ့ အချိန်နစ်နေတာ တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေတာ မနေ့က ကိစ္စတွေ၊  အဲ့ဒီတော့ တစ်ခါတလေ ဒီနေ့စဉ်းစားရင်တောင် မဆိုးဘူး၊ ကိုယ်ကမနေ့ကစဉ်းစားနေတော့ အရှေ့က မရောက်ဘူး၊ ဆရာဖြစ်စေချင်တာက တကယ်တမ်းတော့ ၅ နှစ်၊ ၁၀ နှစ်နဲ့ မစဉ်းစားနဲ့တော့ အနှစ် ၅၀ လောက် စဉ်းစား မှရမယ်၊ အနှစ် ၅၀ မှာ မြန်မာနဲ့တရုတ် ဆက်ဆံရေး ဘယ်လိုဖြစ်မလဲ၊ ဘယ်လိုဖြစ်စေချင် သလဲ တိုင်းရင်းသား တွေ အခြေအနေက ဘယ်လိုလဲ၊ ဒီဟာတွေလည်း မေးရမှာပေါ့နော်၊ ဒါတွေအားလုံး ဆရာတို့ ဆင်ခြင်ဖို့လိုတယ်။

Opinion leaders ။   ။  မကြာခင်က အိန္ဒိယနဲ့မြန်မာ အတော်close ဖြစ်လာတာပေါ့နော်၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ချုပ်ကလည်း မနေ့ကပြောတယ်၊ ဘင်္ဂါလီကိစ္စမှာဝင်ကိုင်တွယ်ပေးဖို့ပေါ့၊ ကြားဝင်ပေးဖို့ပြောတယ်၊ တရုတ်ကို လည်း အကူအညီတောင်းထားတာရှိတယ်။ ဒီပြဿနာကြောင့် အရပ်သားအစိုးရလက်ထက်မှာ မြန်မာ့စီးပွားရေး က ထိုးကျသွားတာရှိတယ်။ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ဘင်္ဂါလီတွေ သူ့ဘက်မှာ သောင်တင်မှာစိုးလို့ နိုင်ငံ တကာကို မြန်မာဘက် ဖိအားပေးဖို့ တောင်းဆိုနေတာရှိတယ်။ အားလုံးကိုကြည့်ရင် ဟိုဘက်ကလည်း ကြိုကြား ကြိုကြား ပြန်ဝင်လာတာတွေရှိတဲ့အတွက် အကောင်းဘက်ကနေကြည့်ရင် ရခိုင်မြောက်ပိုင်းပြဿနာက နည်းနည်းအကောင်းဘက်ရွေ့လာတဲ့ အခြေအနေလို့ ဆိုကြတယ်။ အဲ့ဒီအခြေအနေကနေ မူတည်ပြီး လာမယ့်ဘဏ္ဍာနှစ်  မြန်မာ့စီးပွားရေးအခြေအနေက ပြီးခဲ့တဲ့ နှစ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုထက် ပိုမျှော်လင့်လို့ရသလား။ အကောင်းဘက်က မျှော်လင့်လို့ရလာနိုင်လားဆရာ။

ဒေါက်တာ အောင်ထွန်းသက် ။    ။  ဟိုအဲ့ဒါပေါ့ ဆရာတို့ ဟို ဆရာထင်တာနော် အနှစ်ချုပ်လိုက်တဲ့အခါမှာ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုက အကုန် လုံး မျှော်မှန်းတဲ့ အဆင့်အထိမရောက်ခဲ့ဘူး။မရောက်ခဲ့တာက နည်းနည်းလေးတော့ လိုသေးတယ်ပေါ့။ အဲလိုဖြစ်တဲ့အခါကျတော့ ဆရာတို့အနေ နဲ့ ဒီထက်ပိုပြီးများတဲ့ ရင်းနှီးမြှုပ်နှံမှုရအောင် ဘာလုပ်မလဲဆိုတဲ့ မဟာဗျူဟာစဉ်းစားတာပေါ့။ မဟာဗျူဟာစဉ်းစားတဲ့အခါမှာ ကိုယ်က အင်အားကြီးတွေ နှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်ကို ကိုယ်က လိမ်လိမ်မာမာ ဘယ်လိုကိုင်တွယ်မလဲ။ အခု ဘင်္ဂလားဒေ့ရှ်က အိန္ဒိယကို သွား အကူအညီတောင်းနေတယ်။ တကယ်တမ်းတော့ လူတွေသတိမထားမိတာက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာလည်း သူတို့ နော် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးရပြီးချိန်မှာ ဖြစ်လာတဲ့ အကျိုးဆက် တွေကြောင့် အိန္ဒိယမှာလည်း သန်းနဲ့ချီတဲ့ ဘင်္ဂလားဒေ့ရှ်တွေ ရောက်နေတယ်။

အဲ့ဒီတော့ သူတို့ကို တိုင်းရင်းသားပေးမပေးဆိုတာ ပြဿနာအကြီးကြီး။ အဲ့ဒီ တော့ citizenship နဲ့ ပတ်သက်လို့ နိုင်ငံသားပေးမပေး တိုင်းရင်းသားပေး မပေးပြဿနာက သူတို့မှာ ရှိနေတော့ တော်တော်အံ့သြဖို့ကောင်းတယ်။ ထူးဆန်းဖို့ကောင်းတယ်။ သူတို့အချင်းချင်းတောင် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ တောင် ပြဿနာမပြေလည်သေးတဲ့ အချိန်မှာ အိန္ဒိယကိုသွားအကူအညီတောင်းတယ်ဆိုတာမျိုး။ ဘာပဲဖြစ်ဖြစ် ကိုယ်က လိမ်လိမ်မာမာပါးပါးနပ်နပ် တရုတ်နဲ့အိန္ဒိယကြားမှာ အကြမ်းဖျင်းပြောရင် ပါးနပ် ရင်တော့ အားသာချက်တွေအများကြီးရနိုင်တယ်။

ဆရာခဏခဏပြောတယ်၊ မိုဒီကလည်း Look East ပေါ့၊ အရှေ့ ကို ကြည့်တဲ့ပေါ်လစီကို ကျင့်သုံးတယ်။ အဲ့ဒီတော့ အဲ့လိုအရှေ့ကိုကြည့် တဲ့ပေါ်လစီကျင့်သုံးရင် မိုဒီအနေနဲ့ သူတို့ မိုဒီတင်မကဘူး၊ တရုတ်ကို အိန္ဒိယအပါအဝင် ဆရာတို့က အာဆီယံအာဆီယံနဲ့ ပြောနေတာ၊ အာဆီယံထက် ပိုအ ရေးကြီးတာက South Asia ပေါ့။ South Asia လို့ပါရင် ပါတာဘယ်သူလဲလို့ စဉ်းစားလိုက်ရင် ဘင်္ဂလားဒေ့ရှ် ပါတယ်၊ အိန္ဒိယပါတယ်၊ ပါကစ္စတန်ပါတယ်၊ နီပေါ ပါတယ်၊ ဘူတန်ပါတယ်၊ ဟို မော်လ်ဒိုက် ပါတယ်။ သီရိလင်္ကာ ပါတယ်၊ သူတို့ ဒါနဲ့ အာဆီယံနဲ့ ချိတ်လာတယ်။ တစ်နိုင်ငံရှိတယ်၊ အဲ့ဒါဆရာတို့ နော်။

 အခုက အာဆီယံ အာဆီယံသာပြောတယ်၊ တကယ်တော့ South Asia  ပြောဖို့ ကောင်းတာ။ဒီဟာကို ကိုယ်သာပါနိုင်ရင် အခုဆရာတို့ ခင်ဗျားတို့လည်းသိတာပဲ၊ ဘင်းမ်စတက်လည်းရှိတာပဲ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံလည်း ရှိနေတော့ အဲ့ဒါလေးကိုနော် ထွက်ကစားမှ ရမယ်ထင်တယ်။ ကိုယ့်စိတ်ထဲ တော့ လေ၊ ပွင့်ပွင့်လင်းလင်းပဲ ဆရာတို့ ကုန်သွယ်မှုနဲ့ ပတ်သက်လို့လည်း သိပ်ပြီးစိုးရိမ်တာ တွေများတယ် ထင်တယ်။ ကြည့်ရတာလေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လာလို့ရှိရင်လည်း ဘာဖြစ်တယ်ညာဖြစ်တယ်လို့ ကိုယ့်ဆီက ပြည်တွင်း လုပ်ငန်းရှင်တွေ ကလည်း လိုလိုချင်ချင်မရှိလှဘူး။ သူများနဲ့ပြိုင်ဖို့ဆိုရင် မကြိုက်ဘူးဘာညာ အဲ့လိုဖြစ်နေတာ ကိုး။  ဖြစ်နေတဲ့အခါကျတော့ ဆရာတို့မှာ ရှေ့တိုးဖို့က တော်တော်ခက်တယ်။ ဒါကလည်း နိုင်ငံရေးဦးဆောင် လုပ်တာပေါ့။ ဒါကို ဒို့သွားမယ်၊ ဒီလိုလုပ်မယ်ဆိုတာကို လုပ်လိုက်ရင်တော့ ဆရာထင်တယ် ပြေလည်လိမ့်မယ်လို့ အောက်မေ့တာပဲ။

အလားအလာကောင်းမကောင်းဆိုတာကတော့ အခုကလည်း သိတဲ့အတိုင်းပဲ နှစ်ကလည်း ကုန်တော့ မယ်၊ ကုန်ရုံတင်မကဘူး၊ ၂၀၂၀မှာ ရွေးကောက်ပွဲကလည်း လာပြီ။ အဲ့ဒီတော့ ဆရာတို့မှာ ဒါကို တကယ်တမ်း ကွက်တိကိုဖြစ်နေတာ၊ နိုင်ငံရေးရော စီးပွားရေးရော ကိုယ်လိုချင်တဲ့အခြေအနေရလာအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ အနေအထားဖြစ်နေတာပေါ့နော်။

Opinion leaders ။   ။ အကုန်လုံးကိုပြန်ခြုံငုံပြီး ပြောလို့ရှိရင် တရုတ်က စစ်ရေးပြပွဲလုပ်သွားတဲ့ဟာတွေရယ် နောက် အိန္ဒိယဘက်က ပိုနီးကပ်လာတဲ့ အနေအထားတွေကြောင့် ဒီနိုင်ငံနှစ်နိုင်ငံအားပြိုင်တဲ့ အထဲမှာ မြန်မာနိုင်ငံအနေနဲ့ ပါးပါးနပ်နပ်ကိုင်တွယ်သင့်တယ်ဆိုတဲ့ အခြေအနေပေါ့ဆရာ။

ဒေါက်တာ အောင်ထွန်းသက် ။    ။  ဒီလောက်အထိ စဉ်းစားစရာမလိုတဲ့ကိစ္စကို ဆရာတို့ စဉ်းစားနေတာ။ ဒါနှစ်ခု ကို အခုဖြစ်နေတာက ဘာလဲဆိုရင် ဆရာတို့က ရွေးခိုင်းနေတာ အမြဲတမ်း တရုတ်ဘက်ကိုသွားမလား၊ အိန္ဒိယ ဘက်ကို မျက်နှာလိုက်မလား။ အဲဒီလိုမရွေးခိုင်းနဲ့လေ။ နှစ်ခုလုံးလိုတာ၊ သူ့အခြေအနေနဲ့သူ  သူ့အနေအထားနဲ့သူ အားကိုးရတယ်ပေါ့။ အိန္ဒိယကိုလည်း အားကိုးရမှာပဲ၊ ဟုတ်တယ်မဟုတ်လား၊ အိန္ဒိယလည်း အခုဆိုပါတော့ သူတို့ မှာလည်းအခက်အခဲရှိတယ်၊ သူတို့အခက်အခဲသည် သူတို့အခက်အခဲကို ကိုယ်ကကူတဲ့အနေနဲ့ သူတို့ အခက် အခဲ က ဘာလဲဆိုရင် သူတို့မှာရှိတဲ့ပြည်နယ် ခုနစ်ခုက ပင်လယ်ထဲထွက်လို့မရတဲ့ ပြည်နယ်ခုနစ်ခုရှိတယ်။ အဲ့ဒီပြည် နယ်ခုနစ်ခုဟာ ကုလားတန်ကနေထွက်မှရမယ်။ အဲ့ဒီပြည်နယ်ခုနစ်ခုက ဆရာတို့နဲ့ကပ်နေတဲ့ ချင်းနဲ့ စစ်ကိုင်း နဲ့ကပ်နေတာ။ အဲ့ဒီတော့ သူတို့နဲ့ အဆင်ပြေအောင်နေနိုင်ရင် စစ်ကိုင်းလည်း တက်လာလိမ့်မယ်၊ ချင်းလည်း တက်လာလိမ့်မယ်။ သူတို့မှာရှိတဲ့ ဟိုဘက်ကလည်း မီဇိုရမ်တို့၊ အာသံတို့၊ မဏိပူရတို့ တက်လာမယ်။

စဉ်းစားဖို့ကောင်းတာလေ သူကတို့နဲ့ကစားကွက်ကိုပဲ စဉ်းစားနေတယ် ထင်တယ်၊ သူနိုင်ငါရှုံး ငါနိုင်သူ ရှုံးဆိုတာမျိုး။ အမှန်တော့ နှစ်ဖက် လုံးနိုင်ငံ နှစ်ဖက်လုံးအောင်မြင် နှစ်ဖက်လုံး အဆင်ပြေတဲ့ ကစားနည်း ဘယ်လို ရှာမလဲနော်။ ဟို အပေးအယူကတော့ ရှိရမှာပဲနော်၊ ဟုတ်တယ် မဟုတ်လား၊ ဆရာခဏခဏပြောတယ်။ ခုနဒီကိစ္စ ပြောနေတဲ့အခါကျတော့ ကုလားပြည်မှာစားနေတဲ့ ပဲဟင်းတစ်ခွက်ကို ရောင်းနိုင်ရင် တရုတ်ပြည်မှာစားနေတဲ့ ဆန်ပြုတ်တစ်ခွက်ကိုရောင်းနိုင်ရင် ဒို့နိုင်ငံက ဆန်ပြုတ်ရောင်းပြီး ပဲဟင်းရောင်းလို့ အဆင်ပြေနိုင်တဲ့ နိုင်ငံလေ။ အဲ့ဒီတော့ အိန္ဒိယဆိုလည်း အကြီးအကျယ်ဆောင်ရွက်နေပြီ၊ တရုတ်ပြည်ရဲ့ တံတားတွေ လမ်းဖောက်တာတွေ ရထားတွေအထိကို အံ့စရာကြီး၊ ဟုတ်တယ်မဟုတ်လား၊ အဲ့ဒါမျိုးတွေဆရာတို့ လုပ်ဖို့ကောင်းတယ်။

 ကိုယ့်နိုင်ငံမှာ ဖောက်ပစ်လိုက်တော့ ။ မထူးဘူး။ အဲဒီလိုဖောက်ပြန်ရင် အမျိုးသားရေးကိစ္စက ပါလာပြန် ရော၊ ဒါဘယ်လိုဖြစ်တယ် ဘာဖြစ်တယ် လျှောက်ပြောတော့ ခက်တာပေါ့နော်။ ကိုယ့်အနေနဲ့ ဒါကတော့ နိုင်ငံရေး ပြဿနာ ဖြစ်သွားတယ်လေ၊ လူတွေကိုယ့်ဘက် နားလည်အောင် ကိုယ့်ဘက်ပါလာအောင် ဆောင်ရွက်ဖို့ လိုလိမ့် မယ်လို့ အောက်မေ့တယ်။ အခုလိုဒီအတိုင်း လိပ်ခဲတည်းလည်း လုပ်နေရင်တော့ ဆရာစိတ်ပူတာ က အချိန်က လည်း မရှိတော့ဘူးလေ။ အချိန်မရှိတော့ဘူးဆိုရင် ရတဲ့အချိန်လေးက နည်းနည်းလေး။ ၂၀၂၀ ကြည့်ပြန်ရင်လည်း ရွေးကောက် ပွဲပြီး သွားရင် ဘာဖြစ်မလဲဆိုတာ စဉ်းစားဖို့လိုတယ်လေ၊ အဲ့ဒီတော့ အဲ့ဒီအချိန်မှာ တရုတ်နဲ့အိန္ဒိယ က ရပ်နေတာမဟုတ်ဘူးလေ၊ အခုဖြစ်နေ တာ ဆရာတို့ကနော် ဟိုတစ်နေ့က ဟောပြောပွဲမှာပြောသလို ကိုယ်နောက် ကျ တယ်ဆိုတဲ့ အခွင့်အရေးကိုယူဖို့ရာ သူတို့ကရပ်နေတာ မဟုတ်ဘူး။ သူတို့ကိုအမီလိုက်ဖို့ သူတို့က သွားနေတာ။ ကိုယ်ကအနောက်ကလိုက်တဲ့သူက သူများထက်ပိုပြီး အားထည့်ရမှာလေ။ အဲ့ဒါတွေ အားလုံးလုပ်ဖို့ လိုလိမ့်မယ်လို့ ဆရာတော့ အောက်မေ့တာပဲ။

Opinion leaders ။   ။ မနေ့ကဆိုရင် မြေနဲ့ပတ်သက်ပြီး Public ကို ထုတ်ရောင်းတာရှိတယ်၊ နောက် စက်မှုဇုန် ထဲ မှာ မြေကွက်တွေကို စက်ရုံလည်ပတ်မှုမရှိရင် အသုံးမချလို့ရှိရင် ပြန်သိမ်းမယ်၊ ဖိုင်းတပ်မယ်ဆိုပြီးတော့ ထုတ် ပြန်တာတွေ ရှိတယ်။ယခင်က  ပြည်ပကနေဝင်လာတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို  မြေနေရာမပေးနိုင်တဲ့ပြဿနာ ။အခုလက်ရှိမှာ ဒီလိုလုပ်ဆောင်မှုတွေကြောင့် မြေနဲ့ပတ်သက်ပြီးတော့ အပြင်က ရင်းနှီးမြှုပ်နှံသူတွေကို ပိုပြီး ဦးစားပေးလွန်းတယ်ဆိုတဲ့ အသံတွေ ပြည်တွင်းလုပ်ငန်းရှင်ကြီးတွေဘက်က ထွက်လာတယ်။ ဒီတော့ လက်ရှိ အစိုးရလုပ်နေတဲ့ မြေနဲ့ပတ်သက်တဲ့ မူဝါဒက ရင်းနှီးမြုပ်နှံသူတွေကို ပိုပြီး အဆင်ပြေစေလား၊ ရှေ့လာမယ့် ဘတ်ဂျက်နှစ်မှာ ရင်းနှီးမြှုပ်နှံမှုကို ပိုပြီးတော့ စွဲဆောင်နိုင်မလားဆရာ။

ဒေါက်တာ အောင်ထွန်းသက် ။    ။  သူတို့အနေနဲ့တော့နော် နံပါတ် ၁ အနေနဲ့ ဆရာစဉ်းစားလို့ရတာကနော် မြေကြီးကအရေးကြီးတယ်ဆိုတာ နားလည်လာပြီ။ မြေယာပြဿနာက ဆရာတို့နိုင်ငံတိုင်းမှာ လိုတယ်၊ တောင် ကိုရီးယား အတက်မှာ ဘာစဉ်းစားသလဲဆိုရင် Land ပေါ်လစီပေါ့။ မြေယာနဲ့ပတ်သက်လို့ ဖြေရှင်းမှရမယ်၊ ဒါကို ဒီလိုကိုင်တွယ်မှရမယ်၊ ဒါက နံပါတ် ၁ အနေနဲ့နော်။ ဆရာတို့နိုင်ငံမှာ ရှိခဲ့တဲ့ အကြွေးတင်ခဲ့ တာတွေဟာ လယ်ယာ စိုက်ပျိုးရေးပေါ့၊ စိုက်ပျိုးရေးလိုမြေကို တခြားလုပ်ငန်းလုပ်ခွင့်ပေးမပေးဆိုတဲ့ ပြဿနာတော်တော်ကြီးတယ်။

ဥယျာဉ်ခြံမြေတောင် လုပ်လို့မရဘူး၊ လယ်ယာမြေတွေကို။အဲ့ဒါလည်းဘယ်လိုဖြစ်ခဲ့လဲ စဉ်းစားလိုက်လို့ရှိရင် အကြောင်းကတော့ မှန်တယ်လေ၊ အကြောင်းကမှန်တာ သူတို့တစ်ခါတလေတုန်းက စိတ်ပူတာက Food Security စိတ်ပူတာ။ Food Security စိတ်ပူတော့ စားနပ်ရိက္ခာ မလုံလောက်ရင် ဘယ်လိုလုပ်မလဲ စိုက်ပျိုးရေး အတွက် မြေကြီးတွေမကျန်တော့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိတ်ပူချက်တွေရှိတယ်။ ဒီမြေကြီးတွေ အားလုံးကို စိုက်ပျိုးရေးမှအပ ကျန်တာတွေလုပ်လို့မရဘူး၊ တခြားလုပ်ပိုင်ခွင့်မရှိဘူးဆိုတဲ့ သတ်မှတ်ထားတာရှိတယ်။ အခု ဒီဘက်အပိုင်းမှာ စဉ်းစားချက်ကတော့ ပြောင်းဖို့လိုလိမ့်မယ်လို့ အောက်မေ့တယ်။

 တစ်ဖက်ကလည်း ဘာသွားလုပ်ပြန်သလဲဆိုရင် သူတို့က ဒါကိုခေတ်အဆက်ဆက်ကပေါ့၊ အထူးသဖြင့် နဝတ၊ နအဖ မှာ မြေကြီးတွေကို တစ်ခါတည်း ဒီလိုပဲထိုးပေးလိုက်တာ၊ အဲ့ဒီတော့ စက်မှုဇုန်တွေဖွင့်တယ်၊ ဒါပေမဲ့ စက်မှုဇုန်ဆိုတာ မြေကြီးပဲချည်း သွားတာ။ ဘာမှလုပ်တာ မဟုတ်ဘူး၊ ကိုယ်ပတ်သက်ရာပတ်သက်ကြောင်းတွေ အားလုံးက ဒါတွေကိုယူထားပြီးတော့ တစ်ချိန်ကျလို့ရှိရင် မြေကြီးဈေးတက်မှာပဲ။ ရန်ကုန်ထဲမှာရှိတဲ့ မြေကြီးတွေ က မလွဲမသွေတက်မယ်ဆိုရင် ယူထားပြီးတော့ မလုပ်ကြဘူး။ အခုမလုပ်တဲ့ မြေကြီးပြန်သိမ်းမယ် ဆိုတာ ဒါသ ဘာဝကျတယ်၊ ဒါပေမဲ့ သိမ်းပြီးတော့ တကယ်တမ်း ဖြစ်အောင်လုပ်ဖို့လိုလိမ့်မယ်လို့ အောက်မေ့တာပဲ။ အဲ့ဒီတော့ သိမ်းထားတဲ့မြေကြီးကိုပြန်ပြီး ဈေးကွက်ထဲဖွင့်တဲ့အခါမှာ အခုထုတ်ရောင်းတယ် ဆိုတာကတော့ နေရေးထိုင်ရေး အတွက် အဆင်ပြေအောင်လုပ်တာကတစ်ပိုင်းပေါ့၊ တကယ်တမ်းတော့ အဲ့ဒီမြေကြီးတွေက စီးပွားရေးလုပ်ကွက် တွေဖြစ်အောင် ဖန်တီးပေးမှရမယ်၊ သူတို့လုပ်နေပြီ land bank ဆိုတာ မြေကြီးနဲ့ပတ်သက်လို့ အစီအစဉ်တွေ လုပ်နေတယ်လို့ နားလည်တယ်။

လူတွေက မြေကြီးတွေကို အဲဒီလိုပြောလိုက်တဲ့အတွက်နော် တချို့တွေက စိတ်ပူတာက ဒါဆိုလို့ရှိရင် စိုက်ပျိုးရေးမလုပ်ကြတော့ဘူးဆိုရင် စားနပ်ရိက္ခာရှားမယ်၊ ကုန်ဈေးနှုန်း တက်မယ်ဘာညာဆိုတဲ့ စဉ်းစားစိတ် တွေရှိတယ်။ အရေးကြီးတာက စိုက်တဲ့ပမာဏမဟုတ်ဘူး၊ ထွက်တဲ့နှုန်းက အရေးကြီးတာ၊ တခြားနိုင်ငံတွေမှာ မြေကြီးနည်းနည်းနဲ့ များများထွက်နေတယ်။ ဆရာတို့မှာ မြေကြီးများများနဲ့ နည်းနည်းထွက် နေတာကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ စဉ်းစား။ သူတို့လည်း လုပ်တော့လုပ်တယ်ကွဲ့ မြေကြီးကိစ္စကို သူတို့ အခုလည်း ခွဲထုတ် ရောင်းတယ် ဘာညာ။ ဒါပေမဲ့ ထုတ်ရောင်းတာကြည့် ။တန်းစီတဲ့လူတွေ အနေအထားကို ကြည့်လိုက်လို့ရှိရင် ဒါ တွေက စီးပွားတက်မယ့်အခြေအနေတွေ မဟုတ်ဘူးလေ။ နေစရာမရှိလို့ ကျူးကျော်တွေကို မြေကြီးပေးတာ ဒါက ကောင်းတဲ့ ကိစ္စပါ၊ လူမှုရေးကိစ္စအနေနဲ့။

 စီးပွားရေးရှုထောင့်က ကြည့်ရင်တော့ ဒီပုံစံက မရဘူးထင်တယ်၊ စီးပွားရေးအနေနဲ့ကတော့ ဒါကြီးကို ထိုးပြီး တိုးတိုးရင်တော့ တကယ်လုပ်ချင် တဲ့၊ နောက်တစ်ခုစိတ်ပူတာ စိုးရိမ်တာက မြေကြီးနဲ့ပတ်သက်ရင် နိုင်ငံ ရေး ပြဿနာဖြစ်တာ။ တို့တစ်လက်မမှ လျှော့မပေးဘူး ဘာတို့ဆိုတဲ့ ဆောင်ပုဒ်တွေက ရှိနေတော့၊ နိုင်ငံခြားသား တွေကိုမပေးရဘူး၊ နိုင်ငံခြားသားတွေ မြေကြီးတွေယူသွားမယ်ဘာညာဆိုပြီးတော့ ဆရာခဏခဏ ပြောတယ် လေ၊ နိုင်ငံခြားသားက လေယာဉ်ပျံပေါ်မှာ မြေကြီးတွေကို သယ်သွားလို့မှမရတာလေ။ အဲ့ဒီတော့ အတွေးတွေက တော်တော်လေး ကိုလေ စိုးရိမ်မှုတွေက ရှေ့တန်းရောက်နေတော့ ဆရာထင်တယ် အရာရာမှာ ပြဿနာက စိုးရိမ်မှု ပြဿနာပဲ၊ နောက်မယုံကြည်တဲ့ ပြဿနာပေါ့၊ trust ကိစ္စတွေ အားနည်းတော့ ဆရာတို့မှာ လုပ်ရကိုင်ရတာ ခက်နေတာပါ၊

Opinion leaders ။   ။ ဒီဟာဆိုလို့ရှိရင်ဆရာ အကုန်လုံးခြုံလိုက်လို့ရှိရင် ဒါလုပ်သင့်လုပ်ထိုက်တဲ့အလုပ် ဒါပေမဲ့ စိုးရိမ်နေတာတွေက များတဲ့အတွက်ကို ကျွန်တော်တို့ ဒါတော့ လျှော့သင့်တယ်ဆိုတဲ့သဘောလားပေါ့နော်။

ဒေါက်တာ အောင်ထွန်းသက် ။    ။  ခုနအစပထမဆုံးမေးခွန်းနဲ့ ပြန်ကြည့်လိုက်ရင် စိုးရိမ်စိတ်တက်သွားတာ ရဲရဲဝံ့ဝံ့ လုပ်လို့တက်သွားတာ၊ တိန်ရှောင်ဖိန့်က ပြတ်သားတယ်၊ ငါ့ကိုလာပြီး အရောင်တွေမပြောနဲ့ ကြွက်ခုတ်ဖို့ပဲ လိုတယ်ပြောတာလေ။ ဒီမှာက အရောင်တွေပြောနေတာ ကြွက်ကဘယ်မှာမှန်းမသိဘူး။ ဟုတ်တယ်မဟုတ်လား၊ ကြောင်ရဲ့အရောင်ကို ရွေးနေရတာ ဒီမှာ။ ဆရာခဏခဏအားမရတာအဲ့ဒါပဲလေ။ ကြောင်ကိုအရောင်ရွေးနေတာနဲ့ ကြွက်က သောင်းကျန်းနေပြီ။ သူကတော့ရှင်းတယ်၊ သူတို့ကတော့ ပြတ်သားတယ်၊ လိုချင်တာကဘာလဲ ကြွက် ခုတ်ချင်တာ၊ အဲ့ဒီတော့ ဘာကြောင်ပဲဖြစ်ဖြစ် လာမပြောနဲ့ဆိုတာမျိုး။ အခုလည်း ဆရာတို့မှာနော် ဘာစနစ်နဲ့သွား မယ် ဘာညာဆိုတာကို ဒီလိုစဉ်းစားချက်တွေနဲ့ပဲ အချိန်ကုန်တာပါပဲ။

Opinion leaders ။   ။ အခုလိုဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဆရာ။

(  Zawgyi  )

 မၾကာမီက ျမန္မာႏိုင္ငံ၏ အဓိကကုန္သြယ္ဘက္ႏိုင္ငံျဖစ္သည့္ တ႐ုတ္ႏိုင္ငံတြင္ ၎တို႔၏ ႏွစ္ ၇၀ ျပည့္ အမ်ိဳးသားေန႔အခမ္းအနားကို ခမ္းနားစြာ က်င္းပခဲ့သလို အေနာက္အုပ္စုမင္သက္မိေစေလာက္သည္အထိ လက္ နက္အင္အားကိုပါ ခင္က်င္းျပသခဲ့ပါတယ္။

ထိုအခင္းအက်င္းက ႏိုင္ငံေရး၊လူမႈေရး၊စီးပြားေရးစသည့္ တ႐ုတ္ႏွင္ ထိစပ္ပတ္သက္ေနသည့္ ျမန္မာႏိုင္ငံ အပါအဝင္ အာဆီယံႏိုင္ငံမ်ားအတြက္ ျပန္လည္သုံးသပ္စရာ ျဖစ္လာေစခဲ့ ပါတယ္။ ထိုသို႔ လတ္တေလာ အခင္းအက်င္းႏွင့္ ျမန္မာစီးပြားေရး အတြက္ မည္သို႔ျပင္ဆင္ထားသင့္သည္ကို အေျခအေနကို ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ဆရာေဒါက္တာ ေအာင္ထြန္းသက္အား အထူး အစီအစဥ္ တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါ တယ္။ ဆရာေဒါက္တာေအာင္ထြန္းသက္ ၏ တ႐ုတ္ႏွင့္ ဆက္ဆံေရးအပါအဝင္ လတ္တေလာ ျမန္မာစီးပြားေရး ဆိုင္ရာအေၾကာင္းကိစၥမ်ားအေပၚ ရႈျမင္ သုံးသပ္ခ်က္အျပည္အစုံကို ယခုတစ္ပတ္အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။        
                                                                                    (Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion leaders ။   ။ မၾကာခင္က က်င္းပခဲ့တဲ့  တ႐ုတ္အမ်ိဳးသားေန႔ အခမ္း အနားမွာ စစ္ေရးျပပြဲအခမ္းအနား ကို အေတာ္ေလးႀကီးႀကီး က်ယ္က်ယ္လုပ္တာကို ေတြ႕ရတယ္။ ဒီလိုလုပ္ေတာ့ အေတာ္မ်ားမ်ားႏိုင္ငံေတြ  အာဆီ ယံလို တ႐ုတ္ျပည္တစ္ဝိုက္ထိစပ္ေနတဲ့ ႏိုင္ငံမ်ိဳးေတြ အေမရိကန္လို ႏိုင္ငံႀကီးေတြပါ သတိျပဳမိစရာျဖစ္ လာ တယ္။ ဒီလိုစစ္ေရးျပတဲ့အတြက္ လက္ရွိျပင္းထန္ေနတဲ့ တ႐ုတ္- အေမရိကန္ ကုန္သြယ္ေရးစစ္က ဘယ္လိုေတြ ျဖစ္လာႏိုင္သလဲ။ ဒီကေနျဖစ္လာတဲ့ အက်ိဳးဆက္ကို ျမန္မာႏိုင္ငံဘက္ဘယ္ေလာက္ထိထိခိုက္မလဲ ။ တ႐ုတ္နဲ႔ ကုန္သြယ္ေရးမွာ ဘယ္လိုနည္းေတြျဖစ္လာႏိုင္သလဲဆရာ။  

ေဒါက္တာ ေအာင္ထြန္းသက္ ။    ။  စိတ္ဝင္စားဖို႔ေကာင္းတာကေလ ဒီလိုစစ္အင္အားျပဖို႔ ျပခ်င္တယ္လို တကယ္ ေျပာခဲ့တာက ေဒၚနယ္ထရမ့္ က ေျပာခဲ့တာ။ သူ႔အေနနဲ႔ သူတို႔ႏိုင္ငံမွာ စစ္အင္အားျပတာ ျပင္သစ္ကို သူက ၾကည့္ၿပီးေတာ့ ျပင္သစ္ ပဲရစ္မွာလုပ္တာ သူအားက်တယ္။ ဝါရွင္တန္မွာလုပ္ခ်င္တယ္ ဘာညာ ဆိုေပမယ့္ ဒါေပမဲ့ ဝါရွင္တန္မွာ လုပ္ရတာလည္း သူတို႔ရဲ႕ႏိုင္ငံေရးစနစ္ေၾကာင့္ ေရွောေရွာရႉရႉ လြယ္လြယ္ကူကူျဖစ္မလာဘူးေလ။ အဲ့ဒီ‌ေတာ့ မျဖစ္ လာေပမယ့္ တကယ္တမ္းအခုၾကည့္လိုက္ေတာ့ တ႐ုတ္ေတြမွာ ဆရာတို႔အခု သူတို႔ရဲ႕ ရင္ျပင္ႀကီး မွာ လုပ္လိုက္ေတာ့ ဒါက တကမာၻလုံးက အံ့ၾသသြားတယ္ေလ။ အံ့ၾသသြားတဲ့အျပင္ကို သူတို႔အရင္တုန္းက ရွိတယ္ မရွိဘူးဆိုတဲ့ လက္နက္ေတြ အထင္အရွားရွိလာတာေတြ႕ရတယ္။ ဒီတာေဝး ဒုံးပ်ံေတြေတြ႕ရတယ္၊ ၿပီးေတာ့ အားလုံးေပါ့ေလ။ အင္အားရွိတဲ့ အင္အားေတြကို သူက ပြင့္ပြင့္လင္းလင္းထုတ္ျပတဲ့အေျခအေနရွိတာေပါ့၊ အဲ့ဒီအေပၚမွာ အေျခခံၿပီးေတာ့  သူအင္အားရွိတယ္ဆိုတာကို ။ဒါက ခဏခဏေျပာေန တဲ့ ႏိုင္ငံေရး အင္အားနဲ႔တြဲေနတဲ့ စီးပြားေရးအင္အားေပါ့။ ႏိုင္ငံတစ္ႏိုင္ငံ ေတာင့္တင္းခိုင္မာတယ္ဆိုတာ စီးပြားေရးတင္မကဘူး၊ ႏိုင္ငံေရးအရ စစ္ေရးအရ၊ လုံၿခဳံေရးအရ ကာကြယ္ေရးအရ ေတာင့္တင္းခိုင္မာဖို႔လိုတယ္ဆိုတာကိုလည္း ျမင္သာ ထင္သာေအာင္ သူေျပာတယ္ေလ၊ ၿပီးေတာ့မွ ေနာက္တစ္ခုက တစ္ခုၾကားမိတာကေလ သူတို႔အႏွစ္ ၇၀ ဒီအထိ ေရာက္လာေအာင္ ကနဦး အစကတည္းက ေတာ္လွန္ေရးလုပ္တဲ့ ကြန္ျမဴနစ္စစ္သည္ေတာ္ႀကီး ေတာ္ေတာ္ႀကီး တဲ့သူေတြလည္း ဂုဏ္ျပဳတယ္ေပါ့။ ဒါေတြအားလုံးၾကည့္လိုက္လို႔ရွိရင္ သူတို႔ေျပာတဲ့ သူတို႔ဟာ သူတို႔ဂုဏ္ယူတယ္၊ သူတို႔ရဲ႕ေအာင္ျမင္မႈဟာ တစ္ကမာၻလုံးကအံ့ၾသစရာ ေအာင္ျမင္မႈ ျဖစ္တယ္။

 ၿပီးေတာ့ တကယ္တမ္းလည္း ျပန္ၾကည့္လိုက္လို႔ရွိရင္ သူတို႔ရဲ႕ေအာင္ျမင္မႈထဲမွာ အထူးျခားဆုံးက စီးပြား ေရးရႈေထာင့္နဲ႔ၾကည့္ရင္ လူ႔အဖြဲ႕ အစည္းေတြအားလုံးမွာ သန္း သုံး၊ ေလးရာ၊ ငါးရာေလာက္ကို ဆင္းရဲတြင္းကေန ဆြဲထုတ္ႏိုင္တဲ့ သာဓက ကတစ္ခါမွမရွိခဲ့ဖူးဘူး။ အဲ့ဒီေတာ့ သူတို႔ပုံစံလုပ္ခဲ့တယ္၊ အဲ့ဒါေတြ အားလုံးက ဘယ္က ေနစလုပ္သလဲဆိုရင္ တိန္ေရွာင္ဖိန႔္ရဲ႕ ျပဳျပင္ေျပာင္းလဲမႈေတြ၊ ေမာ္စီတုန္းက ႀကိဳးစားတဲ့ ပုံစံမ်ိဳးေတြနဲ႔ ဒါေပမဲ့ ေမာ္စီတုန္း ႀကိဳးစားတာမေအာင္ျမင္ခဲ့ဘူး။ သူလုပ္ေတာ့လုပ္ရွာတယ္၊ ဒါေပမဲ့ သူအဲ့ဒီအေျခခံေတြမရေတာ့ တကယ္တမ္း အခုဒီမွာ ဒီေန႔ဆရာတို႔ ၇၀ ျပည့္တဲ့ႏွစ္မွာ တိန္ေရွာင္ဖိန္ကို ဆရာတို႔ အသိအမွတ္ျပဳဖို႔လိုတယ္ေလ။ သူ႔ရဲ႕ျပဳမူေျပာင္းလဲမႈေၾကာင့္ပဲ ဒီလိုျဖစ္ လာတာ။

 ေနာက္ ကြန္ျမဴနစ္ပါတီရဲ႕ သူတို႔ႀကိဳးပမ္းအားထုတ္မႈေတြက ၁၉၅၀၊ ၆၀၊ ၇၀ မွာ မေအာင္ျမင္ေပမယ့္ ေမာ္စီတုန္း ေနာက္ပိုင္းမွာ ေအာင္ျမင္ လာတယ္၊ ဒါေတြျဖစ္လာတဲ့ အခါ က်ေတာ့ တစ္ဖက္မွာလည္း သူတို႔လည္း ဒီအင္အားျပတာ၊ သူတို႔နဲ႔ ဒီျဖစ္ေနတဲ့ ကုန္သြယ္ေရးအရ စစ္ပြဲေတြေပါ့၊ Trade War ဒါကိုလည္း တနည္းတဖုံ မီးေမာင္းထိုးတာလည္း ပါမယ္ထင္တယ္ ၾကည့္ရတာ။ အဲ့ဒီေတာ့ သူတို႔ဟာ စီးပြားေရး နဲ႔ေတာင္ ေအာင္ျမင္တာ မကဘူး လက္နက္ေရးရာနဲ႔လည္း ေအာင္ျမင္တယ္ဆိုတာကို ထုတ္ေဖာ္ေျပာတာပဲေလ။ ထုတ္ေဖာ္ေျပာေတာ့ ခုန ကိုယ့္ရဲ႕ တ႐ုတ္နဲ႔ထိေတြ႕ရတဲ့အခါမွာ ဆရာထင္တယ္၊ ထိလြယ္ရွလြယ္ႏိုင္ငံေတြ အမ်ားႀကီးရွိတဲ့အထဲက ကိုယ့္ ႏိုင္ငံက ထိလြယ္ရွလြယ္ အမ်ားဆုံးႏိုင္ငံ။ ဒါေပမဲ့ အံ့ၾသစရာေကာင္းတာကေနာ္ ဒီတ႐ုတ္နဲ႔ စစ္ေတာင္ျဖစ္ခဲ့တဲ့ ဗီယက္နမ္ႏိုင္ငံဆိုပါေတာ့၊ တ႐ုတ္နဲ႔ပတ္သက္လို႔ ခမာနီေတြ ခမာနီေတြနဲ႔ပတ္သက္လို႔ ျဖစ္ခဲ့တဲ့ ကေမာၻဒီးယား ဆိုပါေတာ့။

ကိုယ့္ခဏအသာထား ၊ ကေမာၻဒီးယားလို ႏိုင္ငံမ်ိဳးဆိုရင္ တ႐ုတ္ကိုသူတို႔လက္ခံလိုက္တယ္ေလ။ တ႐ုတ္ ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ကေမာၻဒီးယား ဆိုလို႔ရွိရင္ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ေျပာလို႔ရွိရင္ ၉၉ ႏွစ္ေတာင္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ ႏွံမႈေတြ။ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလို႔ေျပာရင္ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ပဲ။ အဲ့ဒီေတာ့ သူတို႔ရဲ႕ပုံစံက တ႐ုတ္ကို တံခါးဖြင့္တဲ့ပုံစံနဲ႔သူတို႔လုပ္တယ္။ ၿပီးေတာ့မွ ဆရာတို႔ထက္ နည္းနည္းေလးေဝးတယ္လို႔ေျပာတဲ့ စင္ကာပူေတာင္ တ႐ုတ္ကိုလက္ခံတယ္ ဆိုေတာ့ အာဆီယံႏိုင္ငံေတြအားလုံး တ႐ုတ္ကို ဘယ္ပုံဘယ္နည္းနဲ႔ လက္ခံရမလဲဆို တာ ကို စဥ္းစားေနတယ္။

အဲ့ဒီေတာ့ ကိုယ့္မွာ ဒီအာဆီယံႏိုင္ငံထဲမွာက ကိုယ့္နဲ႔အိမ္နီးနားခ်င္း ႏိုင္ငံျဖစ္တဲ့ ဆရာတို႔မွာ ျပႆနာရွိခဲ့တာက လြတ္လပ္ေရးရတဲ့အခ်ိန္ကစၿပီး တ႐ုတ္နဲ႔ ျမန္မာနဲ႔က ႏိုင္ငံေရးအရ တစ္ခါတေလ အထိအရ ွေတြျဖစ္ခဲ့သလို ျပႆနာေတြျဖစ္ခဲ့တယ္။ဆရာတို႔ ၁၉၈၇ ခုႏွစ္အထိ ကြန္ျမဴနစ္ပါတီ မရပ္ခင္အထိက တ႐ုတ္က သူသုံးတဲ့စနစ္ကေပါ့ေနာ္ ပါတီ ပါတီခ်င္း ဆက္သြယ္မႈကိုမရပ္ဘူး။ အစိုးရအစိုးရ G to G ကို သူက က်င့္သုံးတယ္၊ အစိုးရနဲ႔တည့္ေအာင္ေနတယ္၊ P to P ေပါ့၊ Party to Party ေပါ့၊ ဗမာကြန္ျမဴနစ္ပါတီကို အျပည့္အဝေထာက္ခံေပးတယ္၊ အဲဒီလိုျဖစ္တဲ့အခါမွာ ကိုယ့္ဆီမွာလည္း ကြန္ျမဴနစ္ပါတီ မရွိေတာ့ေပမယ့္ အခုသူတို႔အားေပးေနတဲ့ ေျမာက္ပိုင္းအဖြဲ႕ေတြ၊ ေျမာက္ပိုင္း အဖြဲ႕ေတြအေနနဲ႔ကေတာ့ အားလုံးက တ႐ုတ္ရဲ႕ အားေပးမႈက အေျခခံျဖစ္ေနတယ္ေလ။ လက္နက္တို႔ ခဲယမ္းမီး ေက်ာက္တို႔ အေထာက္အပံ့ပစၥည္းေတြ။ ေနာက္တစ္ခါ ကိုယ္က သတိထားဖို႔လိုတာက OBOR ေပါ့ ။

ပိုးလမ္းကိစၥ၊ ပိုးလမ္းကိစၥက တ႐ုတ္ကလည္းဒါကို သူ႔ရဲ႕မိန႔္ခြန္းထဲမွာလည္း အဲ့ဒီေန႔က ေအာက္တိုဘာ လ ၁ ရက္ေန႔က မိန႔္ခြန္းမွာလည္း ဒီပိုးလမ္းႀကီးကိစၥကိုေျပာတယ္၊ သူဖိတ္တဲ့သူေတြအားလုံးဟာလည္း ဒီပိုး လမ္းမႀကီးနဲ႔ ဆက္သြယ္တဲ့သူေတြပါတယ္။ အဲ့ဒီေတာ့ ဆရာတို႔ကေတာ့ ဒါေတာ့ ဒါႀကီးက ျငင္းလို႔မရဘူး၊ ဒါကို ကိုယ့္အတြက္ ကိုယ့္ႏိုင္ငံအတြက္ အေကာင္းဆုံးျဖစ္ေအာင္ ဘာလုပ္မလဲစဥ္းစားရမယ္။ ဒါေပမဲ့ ျပႆနာျဖစ္တာ က ကိုယ့္ႏိုင္ငံရဲ႕ အခက္အခဲက အဲ့လို တျခားႏိုင္ငံေတြလို တ႐ုတ္ရဲ႕အားကို ဘယ္လိုယူမလဲ စဥ္းစားတာထက္ကို တ႐ုတ္လာလို႔ရွိရင္ ဘာျဖစ္တယ္ညာျဖစ္တယ္နဲ႔ ေလွ်ာက္ၿပီးေတာ့ ေျပာေနေတာ့ ကိုယ္လိုခ်င္တာ မရေတာ့ဘူး ေလ ဟုတ္တယ္မဟုတ္လား။ ကိုယ္အားနည္းတာေတာ့ သိတယ္၊ ဒါေပမဲ့ အားနည္းေပမယ့္ အားနည္းတိုင္း အား နည္းစရာမွမဟုတ္တာ။ ဂ်ဴဒိုကစားသလိုေပါ့၊ ကိုယ့္ထက္ႀကီးတဲ့ ကိုယ့္ထက္အင္အားႀကီးတာကို လိမ္လိမ္မာမာ ပါးပါးနပ္နပ္ လုပ္ႏိုင္ရင္ ဆရာတို႔ ျဖစ္ႏိုင္တယ္ေနာ္။

 အဲ့ဒီေတာ့ အဲ့ဒါေလးက ကိုယ္ကကိုယ့္မွာခက္တာက တ႐ုတ္ နဲ႔ပတ္သက္လာလို႔ရွိရင္ ေျပာရတာေတာ္ေတာ္ခက္တာေလ။ ေၾကးနီစီမံကိန္းေတြ ဘာေတြ ကိစၥ လည္းျဖစ္လာတယ္။ ေနာက္တစ္ခါ ေက်ာက္ျဖဴကိစၥ၊ ေနာက္တစ္ခါ ျမစ္ဆုံကိစၥ၊ ဟို ဒါေတြနဲ႔ ဆရာတို႔က အားလုံးက  ဒီထဲမွာ နစ္ေနေတာ့ ထြက္မစဥ္းစားႏိုင္တဲ့ ပုံစံျဖစ္တယ္။

တ႐ုတ္က နံပါတ္- ၁ ျဖစ္မွာေသခ်ာတယ္၊ အဲ့ဒီေတာ့ ဒါ ျငင္း လို႔မရတဲ့ ကိစၥေလ၊ စီးပြားေရးက၊ တ႐ုတ္ နံပါတ္ ၁ ျဖစ္ရင္ဘာျဖစ္မလဲဆိုတာကို ကိုယ္ကအေျခခံၿပီး စဥ္းစားရမွာေပါ့ေနာ္၊ အဲ့ဒီေတာ့ ကိုယ္အၿမဲတမ္း ေျပာ ေနတာေလ၊ ကိုယ့္ႏိုင္ငံမွာ ဒီလိုခဏထား၊ ေနာက္အႏွစ္ ၅၀ ေလာက္ မွာ ဘာျဖစ္ခ်င္လဲဆိုတာကို စဥ္းစားေနတဲ့သူ တစ္ေယာက္မွမရွိဘူး၊ အဲ့ဒီေတာ့ ကိုယ္က နက္ျဖန္အတြက္ကိုေတာင္ စဥ္းစားဖို႔ေတာင္အႏိုင္ႏိုင္၊ ကိုယ္ကဒီေန႔ အ တြက္ပဲစဥ္းစားတာေလ၊ ပိုဆိုးတာက မေန႔ကအတြက္ကိုစဥ္းစားေနတာ၊ မေန႔က ဘာေတြျဖစ္ခဲ့တယ္ဆိုတာကို ေျပာေနတာေနာ္၊ အဲ့ဒါေတြနဲ႔ အခ်ိန္နစ္ေနတာ တစ္ေယာက္နဲ႔တစ္ေယာက္အဆင္မေျပတာ မေန႔က ကိစၥေတြ၊  အဲ့ဒီေတာ့ တစ္ခါတေလ ဒီေန႔စဥ္းစားရင္ေတာင္ မဆိုးဘူး၊ ကိုယ္ကမေန႔ကစဥ္းစားေနေတာ့ အေရွ႕က မေရာက္ဘူး၊ ဆရာျဖစ္ေစခ်င္တာက တကယ္တမ္းေတာ့ ၅ ႏွစ္၊ ၁၀ ႏွစ္နဲ႔ မစဥ္းစားနဲ႔ေတာ့ အႏွစ္ ၅၀ ေလာက္ စဥ္းစား မွရမယ္၊ အႏွစ္ ၅၀ မွာ ျမန္မာနဲ႔တ႐ုတ္ ဆက္ဆံေရး ဘယ္လိုျဖစ္မလဲ၊ ဘယ္လိုျဖစ္ေစခ်င္ သလဲ တိုင္းရင္းသား ေတြ အေျခအေနက ဘယ္လိုလဲ၊ ဒီဟာေတြလည္း ေမးရမွာေပါ့ေနာ္၊ ဒါေတြအားလုံး ဆရာတို႔ ဆင္ျခင္ဖို႔လိုတယ္။

Opinion leaders ။   ။  မၾကာခင္က အိႏၵိယနဲ႔ျမန္မာ အေတာ္close ျဖစ္လာတာေပါ့ေနာ္၊ ဘဂၤလားေဒ့ရွ္ဝန္ႀကီး ခ်ဳပ္ကလည္း မေန႔ကေျပာတယ္၊ ဘဂၤါလီကိစၥမွာဝင္ကိုင္တြယ္ေပးဖို႔ေပါ့၊ ၾကားဝင္ေပးဖို႔ေျပာတယ္၊ တ႐ုတ္ကို လည္း အကူအညီေတာင္းထားတာရွိတယ္။ ဒီျပႆနာေၾကာင့္ အရပ္သားအစိုးရလက္ထက္မွာ ျမန္မာ့စီးပြားေရး က ထိုးက်သြားတာရွိတယ္။ လက္ရွိမွာ ဘဂၤလားေဒ့ရွ္ဘက္က ဘဂၤါလီေတြ သူ႔ဘက္မွာ ေသာင္တင္မွာစိုးလို႔ ႏိုင္ငံ တကာကို ျမန္မာဘက္ ဖိအားေပးဖို႔ ေတာင္းဆိုေနတာရွိတယ္။ အားလုံးကိုၾကည့္ရင္ ဟိုဘက္ကလည္း ႀကိဳၾကား ႀကိဳၾကား ျပန္ဝင္လာတာေတြရွိတဲ့အတြက္ အေကာင္းဘက္ကေနၾကည့္ရင္ ရခိုင္ေျမာက္ပိုင္းျပႆနာက နည္းနည္းအေကာင္းဘက္ေ႐ြ႕လာတဲ့ အေျခအေနလို႔ ဆိုၾကတယ္။ အဲ့ဒီအေျခအေနကေန မူတည္ၿပီး လာမယ့္ဘ႑ာႏွစ္  ျမန္မာ့စီးပြားေရးအေျခအေနက ၿပီးခဲ့တဲ့ ႏွစ္ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈထက္ ပိုေမွ်ာ္လင့္လို႔ရသလား။ အေကာင္းဘက္က ေမွ်ာ္လင့္လို႔ရလာႏိုင္လားဆရာ။

ေဒါက္တာ ေအာင္ထြန္းသက္ ။    ။  ဟိုအဲ့ဒါေပါ့ ဆရာတို႔ ဟို ဆရာထင္တာေနာ္ အႏွစ္ခ်ဳပ္လိုက္တဲ့အခါမွာ ႏိုင္ငံ ျခားရင္းႏွီးျမႇဳပ္ႏွံမႈက အကုန္ လုံး ေမွ်ာ္မွန္းတဲ့ အဆင့္အထိမေရာက္ခဲ့ဘူး။မေရာက္ခဲ့တာက နည္းနည္းေလးေတာ့ လိုေသးတယ္ေပါ့။ အဲလိုျဖစ္တဲ့အခါက်ေတာ့ ဆရာတို႔အေန နဲ႔ ဒီထက္ပိုၿပီးမ်ားတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈရေအာင္ ဘာလုပ္မလဲဆိုတဲ့ မဟာဗ်ဴဟာစဥ္းစားတာေပါ့။ မဟာဗ်ဴဟာစဥ္းစားတဲ့အခါမွာ ကိုယ္က အင္အားႀကီးေတြ ႏွစ္ႏိုင္ငံျဖစ္တဲ့ အိႏၵိယနဲ႔ တ႐ုတ္ကို ကိုယ္က လိမ္လိမ္မာမာ ဘယ္လိုကိုင္တြယ္မလဲ။ အခု ဘဂၤလားေဒ့ရွ္က အိႏၵိယကို သြား အကူအညီေတာင္းေနတယ္။ တကယ္တမ္းေတာ့ လူေတြသတိမထားမိတာက အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္မွာလည္း သူတို႔ ေနာ္ ဘဂၤလားေဒ့ရွ္ လြတ္လပ္ေရးရၿပီးခ်ိန္မွာ ျဖစ္လာတဲ့ အက်ိဳးဆက္ ေတြေၾကာင့္ အိႏၵိယမွာလည္း သန္းနဲ႔ခ်ီတဲ့ ဘဂၤလားေဒ့ရွ္ေတြ ေရာက္ေနတယ္။

အဲ့ဒီေတာ့ သူတို႔ကို တိုင္းရင္းသားေပးမေပးဆိုတာ ျပႆနာအႀကီးႀကီး။ အဲ့ဒီ ေတာ့ citizenship နဲ႔ ပတ္သက္လို႔ ႏိုင္ငံသားေပးမေပး တိုင္းရင္းသားေပး မေပးျပႆနာက သူတို႔မွာ ရွိေနေတာ့ ေတာ္ေတာ္အံ့ၾသဖို႔ေကာင္းတယ္။ ထူးဆန္းဖို႔ေကာင္းတယ္။ သူတို႔အခ်င္းခ်င္းေတာင္ ဘဂၤလားေဒ့ရွ္နဲ႔ အိႏၵိယ ေတာင္ ျပႆနာမေျပလည္ေသးတဲ့ အခ်ိန္မွာ အိႏၵိယကိုသြားအကူအညီေတာင္းတယ္ဆိုတာမ်ိဳး။ ဘာပဲျဖစ္ျဖစ္ ကိုယ္က လိမ္လိမ္မာမာပါးပါးနပ္နပ္ တ႐ုတ္နဲ႔အိႏၵိယၾကားမွာ အၾကမ္းဖ်င္းေျပာရင္ ပါးနပ္ ရင္ေတာ့ အားသာခ်က္ေတြအမ်ားႀကီးရႏိုင္တယ္။

ဆရာခဏခဏေျပာတယ္၊ မိုဒီကလည္း Look East ေပါ့၊ အေရွ႕ ကို ၾကည့္တဲ့ေပၚလစီကို က်င့္သုံးတယ္။ အဲ့ဒီေတာ့ အဲ့လိုအေရွ႕ကိုၾကည့္ တဲ့ေပၚလစီက်င့္သုံးရင္ မိုဒီအေနနဲ႔ သူတို႔ မိုဒီတင္မကဘူး၊ တ႐ုတ္ကို အိႏၵိယအပါအဝင္ ဆရာတို႔က အာဆီယံအာဆီယံနဲ႔ ေျပာေနတာ၊ အာဆီယံထက္ ပိုအ ေရးႀကီးတာက South Asia ေပါ့။ South Asia လို႔ပါရင္ ပါတာဘယ္သူလဲလို႔ စဥ္းစားလိုက္ရင္ ဘဂၤလားေဒ့ရွ္ ပါတယ္၊ အိႏၵိယပါတယ္၊ ပါကစၥတန္ပါတယ္၊ နီေပါ ပါတယ္၊ ဘူတန္ပါတယ္၊ ဟို ေမာ္လ္ဒိုက္ ပါတယ္။ သီရိလကၤာ ပါတယ္၊ သူတို႔ ဒါနဲ႔ အာဆီယံနဲ႔ ခ်ိတ္လာတယ္။ တစ္ႏိုင္ငံရွိတယ္၊ အဲ့ဒါဆရာတို႔ ေနာ္။

 အခုက အာဆီယံ အာဆီယံသာေျပာတယ္၊ တကယ္ေတာ့ South Asia  ေျပာဖို႔ ေကာင္းတာ။ဒီဟာကို ကိုယ္သာပါႏိုင္ရင္ အခုဆရာတို႔ ခင္ဗ်ားတို႔လည္းသိတာပဲ၊ ဘင္းမ္စတက္လည္းရွိတာပဲ၊ ဘဂၤလားေဒ့ရွ္၊ အိႏၵိယ၊ သီရိလကၤာ၊ ထိုင္းႏိုင္ငံလည္း ရွိေနေတာ့ အဲ့ဒါေလးကိုေနာ္ ထြက္ကစားမွ ရမယ္ထင္တယ္။ ကိုယ့္စိတ္ထဲ ေတာ့ ေလ၊ ပြင့္ပြင့္လင္းလင္းပဲ ဆရာတို႔ ကုန္သြယ္မႈနဲ႔ ပတ္သက္လို႔လည္း သိပ္ၿပီးစိုးရိမ္တာ ေတြမ်ားတယ္ ထင္တယ္။ ၾကည့္ရတာေလ၊ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ လာလို႔ရွိရင္လည္း ဘာျဖစ္တယ္ညာျဖစ္တယ္လို႔ ကိုယ့္ဆီက ျပည္တြင္း လုပ္ငန္းရွင္ေတြ ကလည္း လိုလိုခ်င္ခ်င္မရွိလွဘူး။ သူမ်ားနဲ႔ၿပိဳင္ဖို႔ဆိုရင္ မႀကိဳက္ဘူးဘာညာ အဲ့လိုျဖစ္ေနတာ ကိုး။  ျဖစ္ေနတဲ့အခါက်ေတာ့ ဆရာတို႔မွာ ေရွ႕တိုးဖို႔က ေတာ္ေတာ္ခက္တယ္။ ဒါကလည္း ႏိုင္ငံေရးဦးေဆာင္ လုပ္တာေပါ့။ ဒါကို ဒို႔သြားမယ္၊ ဒီလိုလုပ္မယ္ဆိုတာကို လုပ္လိုက္ရင္ေတာ့ ဆရာထင္တယ္ ေျပလည္လိမ့္မယ္လို႔ ေအာက္ေမ့တာပဲ။

အလားအလာေကာင္းမေကာင္းဆိုတာကေတာ့ အခုကလည္း သိတဲ့အတိုင္းပဲ ႏွစ္ကလည္း ကုန္ေတာ့ မယ္၊ ကုန္႐ုံတင္မကဘူး၊ ၂၀၂၀မွာ ေ႐ြးေကာက္ပြဲကလည္း လာၿပီ။ အဲ့ဒီေတာ့ ဆရာတို႔မွာ ဒါကို တကယ္တမ္း ကြက္တိကိုျဖစ္ေနတာ၊ ႏိုင္ငံေရးေရာ စီးပြားေရးေရာ ကိုယ္လိုခ်င္တဲ့အေျခအေနရလာေအာင္ ဘယ္လိုလုပ္ၾကမလဲ ဆိုတဲ့ အေနအထားျဖစ္ေနတာေပါ့ေနာ္။

Opinion leaders ။   ။ အကုန္လုံးကိုျပန္ၿခဳံငုံၿပီး ေျပာလို႔ရွိရင္ တ႐ုတ္က စစ္ေရးျပပြဲလုပ္သြားတဲ့ဟာေတြရယ္ ေနာက္ အိႏၵိယဘက္က ပိုနီးကပ္လာတဲ့ အေနအထားေတြေၾကာင့္ ဒီႏိုင္ငံႏွစ္ႏိုင္ငံအားၿပိဳင္တဲ့ အထဲမွာ ျမန္မာႏိုင္ငံအေနနဲ႔ ပါးပါးနပ္နပ္ကိုင္တြယ္သင့္တယ္ဆိုတဲ့ အေျခအေနေပါ့ဆရာ။

ေဒါက္တာ ေအာင္ထြန္းသက္ ။    ။  ဒီေလာက္အထိ စဥ္းစားစရာမလိုတဲ့ကိစၥကို ဆရာတို႔ စဥ္းစားေနတာ။ ဒါႏွစ္ခု ကို အခုျဖစ္ေနတာက ဘာလဲဆိုရင္ ဆရာတို႔က ေ႐ြးခိုင္းေနတာ အၿမဲတမ္း တ႐ုတ္ဘက္ကိုသြားမလား၊ အိႏၵိယ ဘက္ကို မ်က္ႏွာလိုက္မလား။ အဲဒီလိုမေ႐ြးခိုင္းနဲ႔ေလ။ ႏွစ္ခုလုံးလိုတာ၊ သူ႔အေျခအေနနဲ႔သူ  သူ႔အေနအထားနဲ႔သူ အားကိုးရတယ္ေပါ့။ အိႏၵိယကိုလည္း အားကိုးရမွာပဲ၊ ဟုတ္တယ္မဟုတ္လား၊ အိႏၵိယလည္း အခုဆိုပါေတာ့ သူတို႔ မွာလည္းအခက္အခဲရွိတယ္၊ သူတို႔အခက္အခဲသည္ သူတို႔အခက္အခဲကို ကိုယ္ကကူတဲ့အေနနဲ႔ သူတို႔ အခက္ အခဲ က ဘာလဲဆိုရင္ သူတို႔မွာရွိတဲ့ျပည္နယ္ ခုနစ္ခုက ပင္လယ္ထဲထြက္လို႔မရတဲ့ ျပည္နယ္ခုနစ္ခုရွိတယ္။ အဲ့ဒီျပည္ နယ္ခုနစ္ခုဟာ ကုလားတန္ကေနထြက္မွရမယ္။ အဲ့ဒီျပည္နယ္ခုနစ္ခုက ဆရာတို႔နဲ႔ကပ္ေနတဲ့ ခ်င္းနဲ႔ စစ္ကိုင္း နဲ႔ကပ္ေနတာ။ အဲ့ဒီေတာ့ သူတို႔နဲ႔ အဆင္ေျပေအာင္ေနႏိုင္ရင္ စစ္ကိုင္းလည္း တက္လာလိမ့္မယ္၊ ခ်င္းလည္း တက္လာလိမ့္မယ္။ သူတို႔မွာရွိတဲ့ ဟိုဘက္ကလည္း မီဇိုရမ္တို႔၊ အာသံတို႔၊ မဏိပူရတို႔ တက္လာမယ္။

စဥ္းစားဖို႔ေကာင္းတာေလ သူကတို႔နဲ႔ကစားကြက္ကိုပဲ စဥ္းစားေနတယ္ ထင္တယ္၊ သူႏိုင္ငါရႈံး ငါႏိုင္သူ ရႈံးဆိုတာမ်ိဳး။ အမွန္ေတာ့ ႏွစ္ဖက္ လုံးႏိုင္ငံ ႏွစ္ဖက္လုံးေအာင္ျမင္ ႏွစ္ဖက္လုံး အဆင္ေျပတဲ့ ကစားနည္း ဘယ္လို ရွာမလဲေနာ္။ ဟို အေပးအယူကေတာ့ ရွိရမွာပဲေနာ္၊ ဟုတ္တယ္ မဟုတ္လား၊ ဆရာခဏခဏေျပာတယ္။ ခုနဒီကိစၥ ေျပာေနတဲ့အခါက်ေတာ့ ကုလားျပည္မွာစားေနတဲ့ ပဲဟင္းတစ္ခြက္ကို ေရာင္းႏိုင္ရင္ တ႐ုတ္ျပည္မွာစားေနတဲ့ ဆန္ျပဳတ္တစ္ခြက္ကိုေရာင္းႏိုင္ရင္ ဒို႔ႏိုင္ငံက ဆန္ျပဳတ္ေရာင္းၿပီး ပဲဟင္းေရာင္းလို႔ အဆင္ေျပႏိုင္တဲ့ ႏိုင္ငံေလ။ အဲ့ဒီေတာ့ အိႏၵိယဆိုလည္း အႀကီးအက်ယ္ေဆာင္႐ြက္ေနၿပီ၊ တ႐ုတ္ျပည္ရဲ႕ တံတားေတြ လမ္းေဖာက္တာေတြ ရထားေတြအထိကို အံ့စရာႀကီး၊ ဟုတ္တယ္မဟုတ္လား၊ အဲ့ဒါမ်ိဳးေတြဆရာတို႔ လုပ္ဖို႔ေကာင္းတယ္။

 ကိုယ့္ႏိုင္ငံမွာ ေဖာက္ပစ္လိုက္ေတာ့ ။ မထူးဘူး။ အဲဒီလိုေဖာက္ျပန္ရင္ အမ်ိဳးသားေရးကိစၥက ပါလာျပန္ ေရာ၊ ဒါဘယ္လိုျဖစ္တယ္ ဘာျဖစ္တယ္ ေလွ်ာက္ေျပာေတာ့ ခက္တာေပါ့ေနာ္။ ကိုယ့္အေနနဲ႔ ဒါကေတာ့ ႏိုင္ငံေရး ျပႆနာ ျဖစ္သြားတယ္ေလ၊ လူေတြကိုယ့္ဘက္ နားလည္ေအာင္ ကိုယ့္ဘက္ပါလာေအာင္ ေဆာင္႐ြက္ဖို႔ လိုလိမ့္ မယ္လို႔ ေအာက္ေမ့တယ္။ အခုလိုဒီအတိုင္း လိပ္ခဲတည္းလည္း လုပ္ေနရင္ေတာ့ ဆရာစိတ္ပူတာ က အခ်ိန္က လည္း မရွိေတာ့ဘူးေလ။ အခ်ိန္မရွိေတာ့ဘူးဆိုရင္ ရတဲ့အခ်ိန္ေလးက နည္းနည္းေလး။ ၂၀၂၀ ၾကည့္ျပန္ရင္လည္း ေ႐ြးေကာက္ ပြဲၿပီး သြားရင္ ဘာျဖစ္မလဲဆိုတာ စဥ္းစားဖို႔လိုတယ္ေလ၊ အဲ့ဒီေတာ့ အဲ့ဒီအခ်ိန္မွာ တ႐ုတ္နဲ႔အိႏၵိယ က ရပ္ေနတာမဟုတ္ဘူးေလ၊ အခုျဖစ္ေန တာ ဆရာတို႔ကေနာ္ ဟိုတစ္ေန႔က ေဟာေျပာပြဲမွာေျပာသလို ကိုယ္ေနာက္ က် တယ္ဆိုတဲ့ အခြင့္အေရးကိုယူဖို႔ရာ သူတို႔ကရပ္ေနတာ မဟုတ္ဘူး။ သူတို႔ကိုအမီလိုက္ဖို႔ သူတို႔က သြားေနတာ။ ကိုယ္ကအေနာက္ကလိုက္တဲ့သူက သူမ်ားထက္ပိုၿပီး အားထည့္ရမွာေလ။ အဲ့ဒါေတြ အားလုံးလုပ္ဖို႔ လိုလိမ့္မယ္လို႔ ဆရာေတာ့ ေအာက္ေမ့တာပဲ။

Opinion leaders ။   ။ မေန႔ကဆိုရင္ ေျမနဲ႔ပတ္သက္ၿပီး Public ကို ထုတ္ေရာင္းတာရွိတယ္၊ ေနာက္ စက္မႈဇုန္ ထဲ မွာ ေျမကြက္ေတြကို စက္႐ုံလည္ပတ္မႈမရွိရင္ အသုံးမခ်လို႔ရွိရင္ ျပန္သိမ္းမယ္၊ ဖိုင္းတပ္မယ္ဆိုၿပီးေတာ့ ထုတ္ ျပန္တာေတြ ရွိတယ္။ယခင္က  ျပည္ပကေနဝင္လာတဲ့ ရင္းႏွီးျမႇဳပ္ႏွံသူေတြကို  ေျမေနရာမေပးႏိုင္တဲ့ျပႆနာ ။အခုလက္ရွိမွာ ဒီလိုလုပ္ေဆာင္မႈေတြေၾကာင့္ ေျမနဲ႔ပတ္သက္ၿပီးေတာ့ အျပင္က ရင္းႏွီးျမႇဳပ္ႏွံသူေတြကို ပိုၿပီး ဦးစားေပးလြန္းတယ္ဆိုတဲ့ အသံေတြ ျပည္တြင္းလုပ္ငန္းရွင္ႀကီးေတြဘက္က ထြက္လာတယ္။ ဒီေတာ့ လက္ရွိ အစိုးရလုပ္ေနတဲ့ ေျမနဲ႔ပတ္သက္တဲ့ မူဝါဒက ရင္းႏွီးျမဳပ္ႏွံသူေတြကို ပိုၿပီး အဆင္ေျပေစလား၊ ေရွ႕လာမယ့္ ဘတ္ဂ်က္ႏွစ္မွာ ရင္းႏွီးျမႇဳပ္ႏွံမႈကို ပိုၿပီးေတာ့ စြဲေဆာင္ႏိုင္မလားဆရာ။

ေဒါက္တာ ေအာင္ထြန္းသက္ ။    ။  သူတို႔အေနနဲ႔ေတာ့ေနာ္ နံပါတ္ ၁ အေနနဲ႔ ဆရာစဥ္းစားလို႔ရတာကေနာ္ ေျမႀကီးကအေရးႀကီးတယ္ဆိုတာ နားလည္လာၿပီ။ ေျမယာျပႆနာက ဆရာတို႔ႏိုင္ငံတိုင္းမွာ လိုတယ္၊ ေတာင္ ကိုရီးယား အတက္မွာ ဘာစဥ္းစားသလဲဆိုရင္ Land ေပၚလစီေပါ့။ ေျမယာနဲ႔ပတ္သက္လို႔ ေျဖရွင္းမွရမယ္၊ ဒါကို ဒီလိုကိုင္တြယ္မွရမယ္၊ ဒါက နံပါတ္ ၁ အေနနဲ႔ေနာ္။ ဆရာတို႔ႏိုင္ငံမွာ ရွိခဲ့တဲ့ အေႂကြးတင္ခဲ့ တာေတြဟာ လယ္ယာ စိုက္ပ်ိဳးေရးေပါ့၊ စိုက္ပ်ိဳးေရးလိုေျမကို တျခားလုပ္ငန္းလုပ္ခြင့္ေပးမေပးဆိုတဲ့ ျပႆနာေတာ္ေတာ္ႀကီးတယ္။

ဥယ်ာဥ္ၿခံေျမေတာင္ လုပ္လို႔မရဘူး၊ လယ္ယာေျမေတြကို။အဲ့ဒါလည္းဘယ္လိုျဖစ္ခဲ့လဲ စဥ္းစားလိုက္လို႔ရွိရင္ အေၾကာင္းကေတာ့ မွန္တယ္ေလ၊ အေၾကာင္းကမွန္တာ သူတို႔တစ္ခါတေလတုန္းက စိတ္ပူတာက Food Security စိတ္ပူတာ။ Food Security စိတ္ပူေတာ့ စားနပ္ရိကၡာ မလုံေလာက္ရင္ ဘယ္လိုလုပ္မလဲ စိုက္ပ်ိဳးေရး အတြက္ ေျမႀကီးေတြမက်န္ေတာ့ရင္ ဘယ္လိုလုပ္မလဲဆိုတဲ့ စိတ္ပူခ်က္ေတြရွိတယ္။ ဒီေျမႀကီးေတြ အားလုံးကို စိုက္ပ်ိဳးေရးမွအပ က်န္တာေတြလုပ္လို႔မရဘူး၊ တျခားလုပ္ပိုင္ခြင့္မရွိဘူးဆိုတဲ့ သတ္မွတ္ထားတာရွိတယ္။ အခု ဒီဘက္အပိုင္းမွာ စဥ္းစားခ်က္ကေတာ့ ေျပာင္းဖို႔လိုလိမ့္မယ္လို႔ ေအာက္ေမ့တယ္။

 တစ္ဖက္ကလည္း ဘာသြားလုပ္ျပန္သလဲဆိုရင္ သူတို႔က ဒါကိုေခတ္အဆက္ဆက္ကေပါ့၊ အထူးသျဖင့္ နဝတ၊ နအဖ မွာ ေျမႀကီးေတြကို တစ္ခါတည္း ဒီလိုပဲထိုးေပးလိုက္တာ၊ အဲ့ဒီေတာ့ စက္မႈဇုန္ေတြဖြင့္တယ္၊ ဒါေပမဲ့ စက္မႈဇုန္ဆိုတာ ေျမႀကီးပဲခ်ည္း သြားတာ။ ဘာမွလုပ္တာ မဟုတ္ဘူး၊ ကိုယ္ပတ္သက္ရာပတ္သက္ေၾကာင္းေတြ အားလုံးက ဒါေတြကိုယူထားၿပီးေတာ့ တစ္ခ်ိန္က်လို႔ရွိရင္ ေျမႀကီးေဈးတက္မွာပဲ။ ရန္ကုန္ထဲမွာရွိတဲ့ ေျမႀကီးေတြ က မလြဲမေသြတက္မယ္ဆိုရင္ ယူထားၿပီးေတာ့ မလုပ္ၾကဘူး။ အခုမလုပ္တဲ့ ေျမႀကီးျပန္သိမ္းမယ္ ဆိုတာ ဒါသ ဘာဝက်တယ္၊ ဒါေပမဲ့ သိမ္းၿပီးေတာ့ တကယ္တမ္း ျဖစ္ေအာင္လုပ္ဖို႔လိုလိမ့္မယ္လို႔ ေအာက္ေမ့တာပဲ။ အဲ့ဒီေတာ့ သိမ္းထားတဲ့ေျမႀကီးကိုျပန္ၿပီး ေဈးကြက္ထဲဖြင့္တဲ့အခါမွာ အခုထုတ္ေရာင္းတယ္ ဆိုတာကေတာ့ ေနေရးထိုင္ေရး အတြက္ အဆင္ေျပေအာင္လုပ္တာကတစ္ပိုင္းေပါ့၊ တကယ္တမ္းေတာ့ အဲ့ဒီေျမႀကီးေတြက စီးပြားေရးလုပ္ကြက္ ေတြျဖစ္ေအာင္ ဖန္တီးေပးမွရမယ္၊ သူတို႔လုပ္ေနၿပီ land bank ဆိုတာ ေျမႀကီးနဲ႔ပတ္သက္လို႔ အစီအစဥ္ေတြ လုပ္ေနတယ္လို႔ နားလည္တယ္။

လူေတြက ေျမႀကီးေတြကို အဲဒီလိုေျပာလိုက္တဲ့အတြက္ေနာ္ တခ်ိဳ႕ေတြက စိတ္ပူတာက ဒါဆိုလို႔ရွိရင္ စိုက္ပ်ိဳးေရးမလုပ္ၾကေတာ့ဘူးဆိုရင္ စားနပ္ရိကၡာရွားမယ္၊ ကုန္ေဈးႏႈန္း တက္မယ္ဘာညာဆိုတဲ့ စဥ္းစားစိတ္ ေတြရွိတယ္။ အေရးႀကီးတာက စိုက္တဲ့ပမာဏမဟုတ္ဘူး၊ ထြက္တဲ့ႏႈန္းက အေရးႀကီးတာ၊ တျခားႏိုင္ငံေတြမွာ ေျမႀကီးနည္းနည္းနဲ႔ မ်ားမ်ားထြက္ေနတယ္။ ဆရာတို႔မွာ ေျမႀကီးမ်ားမ်ားနဲ႔ နည္းနည္းထြက္ ေနတာကို ဘယ္လို ကိုင္တြယ္မလဲဆိုတာ စဥ္းစား။ သူတို႔လည္း လုပ္ေတာ့လုပ္တယ္ကြဲ႕ ေျမႀကီးကိစၥကို သူတို႔ အခုလည္း ခြဲထုတ္ ေရာင္းတယ္ ဘာညာ။ ဒါေပမဲ့ ထုတ္ေရာင္းတာၾကည့္ ။တန္းစီတဲ့လူေတြ အေနအထားကို ၾကည့္လိုက္လို႔ရွိရင္ ဒါ ေတြက စီးပြားတက္မယ့္အေျခအေနေတြ မဟုတ္ဘူးေလ။ ေနစရာမရွိလို႔ က်ဴးေက်ာ္ေတြကို ေျမႀကီးေပးတာ ဒါက ေကာင္းတဲ့ ကိစၥပါ၊ လူမႈေရးကိစၥအေနနဲ႔။

 စီးပြားေရးရႈေထာင့္က ၾကည့္ရင္ေတာ့ ဒီပုံစံက မရဘူးထင္တယ္၊ စီးပြားေရးအေနနဲ႔ကေတာ့ ဒါႀကီးကို ထိုးၿပီး တိုးတိုးရင္ေတာ့ တကယ္လုပ္ခ်င္ တဲ့၊ ေနာက္တစ္ခုစိတ္ပူတာ စိုးရိမ္တာက ေျမႀကီးနဲ႔ပတ္သက္ရင္ ႏိုင္ငံ ေရး ျပႆနာျဖစ္တာ။ တို႔တစ္လက္မမွ ေလွ်ာ့မေပးဘူး ဘာတို႔ဆိုတဲ့ ေဆာင္ပုဒ္ေတြက ရွိေနေတာ့၊ ႏိုင္ငံျခားသား ေတြကိုမေပးရဘူး၊ ႏိုင္ငံျခားသားေတြ ေျမႀကီးေတြယူသြားမယ္ဘာညာဆိုၿပီးေတာ့ ဆရာခဏခဏ ေျပာတယ္ ေလ၊ ႏိုင္ငံျခားသားက ေလယာဥ္ပ်ံေပၚမွာ ေျမႀကီးေတြကို သယ္သြားလို႔မွမရတာေလ။ အဲ့ဒီေတာ့ အေတြးေတြက ေတာ္ေတာ္ေလး ကိုေလ စိုးရိမ္မႈေတြက ေရွ႕တန္းေရာက္ေနေတာ့ ဆရာထင္တယ္ အရာရာမွာ ျပႆနာက စိုးရိမ္မႈ ျပႆနာပဲ၊ ေနာက္မယုံၾကည္တဲ့ ျပႆနာေပါ့၊ trust ကိစၥေတြ အားနည္းေတာ့ ဆရာတို႔မွာ လုပ္ရကိုင္ရတာ ခက္ေနတာပါ၊

Opinion leaders ။   ။ ဒီဟာဆိုလို႔ရွိရင္ဆရာ အကုန္လုံးၿခဳံလိုက္လို႔ရွိရင္ ဒါလုပ္သင့္လုပ္ထိုက္တဲ့အလုပ္ ဒါေပမဲ့ စိုးရိမ္ေနတာေတြက မ်ားတဲ့အတြက္ကို ကြၽန္ေတာ္တို႔ ဒါေတာ့ ေလွ်ာ့သင့္တယ္ဆိုတဲ့သေဘာလားေပါ့ေနာ္။

ေဒါက္တာ ေအာင္ထြန္းသက္ ။    ။  ခုနအစပထမဆုံးေမးခြန္းနဲ႔ ျပန္ၾကည့္လိုက္ရင္ စိုးရိမ္စိတ္တက္သြားတာ ရဲရဲဝံ့ဝံ့ လုပ္လို႔တက္သြားတာ၊ တိန္ေရွာင္ဖိန႔္က ျပတ္သားတယ္၊ ငါ့ကိုလာၿပီး အေရာင္ေတြမေျပာနဲ႔ ႂကြက္ခုတ္ဖို႔ပဲ လိုတယ္ေျပာတာေလ။ ဒီမွာက အေရာင္ေတြေျပာေနတာ ႂကြက္ကဘယ္မွာမွန္းမသိဘူး။ ဟုတ္တယ္မဟုတ္လား၊ ေၾကာင္ရဲ႕အေရာင္ကို ေ႐ြးေနရတာ ဒီမွာ။ ဆရာခဏခဏအားမရတာအဲ့ဒါပဲေလ။ ေၾကာင္ကိုအေရာင္ေ႐ြးေနတာနဲ႔ ႂကြက္က ေသာင္းက်န္းေနၿပီ။ သူကေတာ့ရွင္းတယ္၊ သူတို႔ကေတာ့ ျပတ္သားတယ္၊ လိုခ်င္တာကဘာလဲ ႂကြက္ ခုတ္ခ်င္တာ၊ အဲ့ဒီေတာ့ ဘာေၾကာင္ပဲျဖစ္ျဖစ္ လာမေျပာနဲ႔ဆိုတာမ်ိဳး။ အခုလည္း ဆရာတို႔မွာေနာ္ ဘာစနစ္နဲ႔သြား မယ္ ဘာညာဆိုတာကို ဒီလိုစဥ္းစားခ်က္ေတြနဲ႔ပဲ အခ်ိန္ကုန္တာပါပဲ။

Opinion leaders ။   ။ အခုလိုေျဖၾကားေပးတဲ့ အတြက္ ေက်းဇူးတင္ပါတယ္ဆရာ။