【 ပညာရှင်များ၏အမြင် 】“စီးပွားရေးသမားက ခဏခဏမပြောင်းတဲ့ ပေါ်လစီဆို လှုပ်ရှားလို့ရတယ်”

【 ပညာရှင်များ၏အမြင် 】“စီးပွားရေးသမားက ခဏခဏမပြောင်းတဲ့ ပေါ်လစီဆို လှုပ်ရှားလို့ရတယ်”

မကြာမီရက်ပိုင်းက ပြုလုပ်သည့် G-20 ထိပ်သီးအစည်းအဝေးတွင် တရုတ်နှင့် အမေရိကန် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုအပြီး အမေရိကန် - တရုတ် နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ သုံးလတာရပ်နားပြီး အငြင်းပွားမှုများကို ဖြေရှင်းရန် သဘောတူခဲ့ပါတယ်။ထိုသဘောတူညီချက် အကျိုးဆက်ကြောင့် ကမ္ဘာတစ်ဝန်း စီးပွားရေးနှေးကွေးမှု ပြန်သွက်လက်လာမည့် အရိပ်အယောင်များ ပေါ်ထွန်းလာခဲ့သလို ကမ္ဘာသုံးငွေကြေးဖြစ်သည့် ဒေါ်လာတန်ဖိုး မာနေမှုလည်း လျော့ကျလာခဲ့သည်။ထိုအခြေအနေများကြောင့် ပြည်တွင်း ငွေကြေးဈေးကွက်တွင် စံချိန်တင်ဈေးတက်နေခဲ့သည့် အမေရိကန် ဒေါ်လာတန်ဖိုး စတင်ကျဆင်းလာသလို ဒေါ်လာနှင့် ဆက်စပ်သည့် စက်သုံးဆီနှင့် ရွှေဈေးနူန်းများပါ ကျဆင်းလာခဲ့ပါတယ်။ထိုအခြေအနေက ကျဆင်းနေသည့် မြန်မာ့စီးပွားရေးအတွက် ကောင်းသည့်လက္ခဏာလား/ဆိုးသည့်လက္ခဏာလား ဆိုသည်ကို သမ္မတ၏ စီးပွားရေးအကြံပေးနှင့် စီးပွားရေးပညာရှင်လည်းဖြစ်သူ ဆရာ ဒေါက်တာအောင်ထွန်းသက် ကို Opinion Leaders Media မှ ဆက်သွယ်မေးမြန်းခဲ့သည်။ဆရာ ဒေါက်တာအောင်ထွန်းသက် ၏ ရှုမြင်သုံးသပ်သည့် ရှုမြင်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါသည်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders Media ။     ။ ဒီရက်ပိုင်းမှာ ဒေါ်လာတန်ဖိုးက ကျလာတာကို တွေ့ရပါတယ် ဆရာ။ဒီအြေ့ခအနေက မြန်မာနဲ့ တခြားနိုင်ငံတွေ ကုန်သွယ်မှုမှာ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာမလဲ။အကောင်းဘက်ကများလား၊ အဆိုးဘက်ကများလား ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ ပုံမှန်အားဖြင့်ကတော့ ဆရာတို့ ဒီဒေါ်လာဈေးကျတာဟာ တစ်နည်းအားဖြင့်ေ့ပြာရင် ကျပ်ဈေးတက်တာပေါ့၊ ကျပ်ဈေးတက်တော့ ဘယ်သူ့အတွက် အကျိုးရှိသလဲလို့ပြောရင် ဆရာတို့အရင်တုန်းက ဟိုဒုက္ခရောက်တဲ့ ဟိုတစ်ခေါက်တုန်းကပေါ့နော် ဟိုတစ်လောက မြန်မာငွေကျနေတယ်၊ ဒေါ်လာဈေးတက်နေတဲ့အခါကျတော့ ပစ္စည်းသွင်းတဲ့သူတွေမှာ အခက်အခဲတွေ အများကြီးရှိတယ်၊ အခက်အခဲအများကြီးရှိတော့ ပစ္စည်းသွင်းတဲ့သူတွေဟာ ဒီဒေါ်လာနဲ့ ပေးရတဲ့အခါကျတော့ သူ့မှာရှိတဲ့ ငွေတန်ဖိုးက ကျပ်တန်ဖိုးက ပြုတ်ကျတဲ့အခါကျတော့ သွင်းရတဲ့အခါမှာ စရိတ်တွေက သိပ်ကြီးတယ်၊ စရိတ်တွေ သိပ်ကြီးတဲ့အခါကျတော့ ထိခိုက်တာ ဘာသွားထိခိုက်သလဲဆိုရင် ကုန်ကြမ်းတွေဘာတွေ သုံးတာတစ်ပိုင်း၊ ဥပမာ - ဆေးဝါးတို့ ဘာတို့ဆိုရင် ပြည်တွင်းဈေးကွက်မှာ တော်တော်လေးနစ်နာတယ်၊

အခုလို ဒေါ်လာဈေးကျလာတယ်၊ ကျပ်ဈေးတက်လာတဲ့အချိန်မှာ သွင်းကုန်တွေရဲ့တန်ဖိုးက သွင်းကုန်တွေရဲ့ ဈေးက သက်သာလာမယ်ဆိုရင် အရင်ထက်ပိုပြီးတော့ သွင်းနိုင်မယ့် အနေအထား ရှိလာတာပေါ့၊ ဈေးသက်သာလာတာပေါ့၊ အဲ့ဒီအခါကျတော့ ဆရာတို့ ဆောက်လုပ်ရေးအလုပ်တွေမှာ စက်သုံးဆီတို့ သွင်းကုန်တွေ အားလုံးအတွက်ကို အကျိုးရှိမယ်လို့ ယူဆလို့ရတယ်။အဲ့ဒီတော့ အခု ဆရာတို့အနေနဲ့ ဒီလိုဖြစ်တဲ့အခါမှာ ဒါကို ဘယ်လိုလုပ်ကြမလဲပေါ့နော်၊ ဒါကို အခွင့်အရေး ဘယ်လိုယူကြမလဲ၊ ကိုယ့်ကျပ်ငွေ တောင့်သွားတဲ့အခါကျရင် ပစ္စည်းတွေနော် သွင်းကုန်တွေ သွင်းတဲ့နေရာမှာ အရင်တုန်းက ဒုက္ခရောက်တယ်၊ မသွင်းနိုင်ဘူး၊ အရင်တုန်းက သွင်းတဲ့ပစ္စည်းတွေက ဈေးကြီးတဲ့အခါကျတော့ ပြည်တွင်းဈေးကွက်တွေမှာ ပြန်ပြီးရောင်းရတဲ့အခါမှာ ဈေးကတင်ရောင်းရတယ်၊ အဲ့ဒီတော့ အခုလိုအချိန်တွေမှာ ဈေးတွေသက်သာလိမ့်မယ် ထင်တယ်။ဥပမာ - ဆောက်လုပ်ရေးပစ္စည်းတွေ၊ သွင်းတဲ့ပစ္စည်းတွေ တန်ဖိုးတွေက မြန်မာကျပ်ငွေ တိုးလာတဲ့အတွက် ပိုပြီးသွင်းနိုင်မယ် ဆိုလို့ရှိရင် ဒီပစ္စည်းတွေ ပိုသွင်းနိုင်ရင် ကိုယ့်အတွက် ပိုအကျိုးရှိမယ်။

ခက်တာ ဆရာတို့မှာ အမြဲတမ်းပြောရခက်နေတာက ဒေါ်လာအတက်အကျအနေနဲ့ ဒါကို အခွင့်အရေး ယူနိုင်၊ မယူနိုင် ဆိုတာက အကြီးကြီးဖြစ်နေတယ်၊ အခုလို ကိုယ့်ငွေကြေးတိုးလာလို့ သွင်းကုန်တွေမှာ သက်သာတယ်ဆိုပေမယ့် ထုတ်ကုန်တွေမှာ နစ်နာသလားဆိုတဲ့ ပြဿနာရှိတယ်၊ ဟိုတုန်းကလည်း ဒီလိုပဲဖြစ်တယ်၊ ကိုယ့်ငွေတန်ဖိုး နည်းလာတဲ့အခါကျတော့ တန်ဖိုးနည်းလာလို့ သွင်းကုန်တွေ မသွင်းနိုင်ဘူး၊ သွင်းကုန်တွေ မသွင်းနိုင်လို့ ထုတ်ကုန်တွေ ပိုထုတ်နိုင်မလားလို့ မေးတဲ့အခါမှာ မထုတ်နိုင်ဘူး။အဲ့ဒီတော့ ဆရာတို့မှာ တကယ်တော့ တော်တော်များများ နိုင်ငံတကာ ငွေကြေးဈေးကွက်က ဒီလိုပဲလှုပ်ရှားနေမှာပဲ၊ အဲ့ဒီတော့ တစ်ခုသေချာတာက တရုတ်နဲ့ အမေရိကန် ကုန်သွယ်မှုစစ်ပွဲကိစ္စ ရိုက်ခတ်မှုရှိတယ်၊ အဲ့ဒီတော့ ရှိလာတော့ ဘာဖြစ်လာမလဲဆိုရင် ကိုယ့်နိုင်ငံ စီးပွားရေးပွင့်လာတာနဲ့အမျှ နိုင်ငံတကာ သွားမှီခိုတာ ပိုပိုများလာတယ်၊ များလာတဲ့အခါကျတော့ နိုင်ငံတကာမှာ ဖြစ်နေတဲ့ ဒီစီးပွားရေးအခြေအနေကို ကိုယ်ကသုံးသပ်နေဖို့ လိုတယ်လေ၊ အမြဲတမ်းစနည်းနာနေဖို့ လိုတယ်။ကိုယ့်ဟာကိုယ် မျက်စိမှိတ်ပြီး နေလို့မရတဲ့ အနေအထားရှိတယ်။

အခုဆိုရင် ဆရာတို့ အခု ဆီတွေကိုသွင်းတယ်၊ သွင်းတဲ့အခါကျတော့ အရင်တုန်းက ဈေးတစ်ခုနဲ့ သွင်းလိုက်တယ်။ အခု ဆီသွင်းတဲ့သူ ဒုက္ခရောက်နေတာက ဆီဈေးက ထိုးကျသွားတယ်၊ ထူးခြားသွားတာက အမေရိကန်နိုင်ငံနဲ့ ဆော်ဒီအာရေဗျ အဆင်ပြေတဲ့အခါကျတော့ ဆီဈေးကိုပေါ့၊ အမေရိကန် လိုချင်တာက ဆီဈေးကျတာ လိုချင်တာပေါ့၊ ဆီဈေးကျအောင် ဆီဈေးတွေ ချပေးလိုက်တဲ့အခါကျတော့ အရင်တုန်းကဈေးနဲ့ သွင်းထားတဲ့သူက အခုကျသွားတဲ့ဈေးနဲ့ ပြန်ရောင်းဖို့ တော်တော်ခက်တယ်။အဲ့ဒီတော့ ကိုယ့်နိုင်ငံမှာရှိတဲ့ ကုန်သည်တွေပေါ့၊ ဆီကို ကြိုတင်ပြီးတော့ သိုလှောင်ထားတဲ့သူတွေ တော်တော်ဒုက္ခရောက်နေတယ်၊ ဘာကြောင့်လဲဆိုတော့  သူတို့လက်ထဲမှာ အဲ့ဒီဆီတွေက ရှိနေပြီ၊ ရောင်းတဲ့အခါမှာ ရောင်းသမျှ ရှုံးရတော့မယ်၊ အဲ့ဒီတော့ အပြင်ပေါက်ဈေးက တော်တော်ကြီးကျသွားတယ်။

ပြောချင်တာက အရင်လို ကိုယ့် နိုင်ငံတကာစီးပွားရေး ဆက်ဆံမှုမရှိရင်တော့ ဘာမှဂရုစိုက်စရာ မလိုပေမယ့် အခုလို ဆက်စပ်မှုရှိလာရင် အမြဲတမ်းသတိထားနေရမှာပေါ့၊ ကိုယ့်အနေအထားကိုယ် သုံးသပ်နေရ မယ်၊ ဟို ဒါတွေက ကဏ္ဍအသီးသီးပါပဲ၊ သွင်းကုန်ကဏ္ဍရော ထုတ်ကုန်ကဏ္ဍရော အဲ့ဒီမှာရှိတဲ့ လုပ်ငန်းရှင်တွေရော ဘဏ်တွေရော ဒီအတိုင်းပဲ၊ ဆောက်လုပ်ရေးသမားတွေရော ဒီအတိုင်းပဲ နိုးနိုးကြားကြားရှိဖို့ပဲ။ အခုဖြစ်နေတာက ချက်ချင်း ကျတာတို့ တက်တာတို့ဖြစ်နေရင် ကြိုတင်ခန့်မှန်းလို့မရရင် ဒါက လုပ်ရကိုင်ရ တော်တော်ခက်ခဲတဲ့ကိစ္စ ဖြစ်နေတယ်။

Opinion Leaders Media ။     ။ အခု ဘဏ္ဍာနှစ်သစ်အတွက်ကို တင်တုန်းက ဒေါ်လာဈေးက နောက်ဆုံးပြင်ဆင်တဲ့ဟာ အမြင့်ဈေးတွေနဲ့ပဲ တင်ထားတာပဲ တွေ့တယ်၊ အခုကျတော့ ဒေါ်လာဈေးက ကျလာတဲ့အခါကျတော့ အခု စီမံကိန်းတွေ အစိုးရလုပ်ငန်းကြီးတွေ ပရောဂျက်ကြီးတွေမှာ ဒေါ်လာဈေးနဲ့ မြန်မာငွေနဲ့ လဲလှယ်ပြီး ဝယ်ရတဲ့ဟာတွေ အဲ့ဒီမှာ ပိုလျှံလာတဲ့ ပိုက်ဆံ။နောက် ဒီငွေတွေက ဘာတွေဖြစ်လာနိုင်လဲ၊ အစိုးရအတွက် ပိုပြီးတော့ လုပ်နိုင်လား၊ ဒါမှမဟုတ် အဂတိလိုက်စားမှုအတွက် ပိုပြီးတော့ ဖြစ်လာနိုင်လား၊ ဒီအနေအထားတွေမှာ ဘယ်လိုမျိုးနဲ့ အစိုးရအနေနဲ့ ပြင်ဆင်ထားသင့်သလဲ ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ ဒီကိစ္စမှာ ရှိလာတဲ့ အကျိုးဆက်တွေကို ကိုယ်က ဘယ်လိုကိုင်တွယ်မလဲ၊ အရင်တုန်းက ကိုယ့်ငွေဟာ ၁၆၀၀ ဖြစ်တာကိုး၊ ကိုယ့်ငွေက အခုအချိန် ၁၀၀၀ နဲ့ ဆိုရင်၊ နောက် ၁၅၀၀ ကနေ ၁၀၀၀ ဖြစ်သွားမယ်ဆိုရင် အကြမ်းဖျဉ်းဖြစ်သွားတဲ့အချိန် ကိုယ့်အတွက်မှာ အကျိုးရှိမယ်လို့ထင်ရင် အဲ့ဒီအကျိုးရှိတာ ဘယ်လိုအကျိုးရှိရှိ သုံးရမလဲပေ့ါ၊ ဆရာတို့ဆီမှာ Adjustment ပေ့ါလေ၊ ဒီပြောင်းလဲလာတဲ့ဟာတွေကို အရင်ဆိုင်ဆုံး ဖြစ်သင့်နိုင်အောင်၊ ပြောင်းလဲမှုလုပ်နိုင်အောင် လုပ်ဖို့တော့ လိုလိမ့်မယ် အခုဟာက မလုပ်နိုင်ဘဲနဲ့ အရင်စနစ်နဲ့ တိုင်းပြတာမျိုးဖြစ်နေရင် ဘယ်လိုဖြစ်မလဲ။အခုပြောင်းလဲလာတဲ့ နိုင်ငံခြားငွေ လဲလှယ်မှုစာရင်းနဲ့ကြည့်ရင် အခုနပိုငွေပြရင် ပိုသုံးလို့ရသလား၊ ဥပမာ နေရင်းထိုင်ရင်း အပိုငွေတွေရလာတာကို၊ ဒါအကျိုးရှိရှိ သုံးနိုင်ဖို့တော့ လိုလိမ့်မယ်၊ အပိုဝင်ငွေရပြီးတော့ ဘာမှမသုံးနိုင်ဘူးဆိုရင် အကျိုးမရှိဘူးလို့ ဆရာတို့ကတော့ အဲဒီလိုယူဆတယ်။

Opinion Leaders Media ။     ။ နောက်တစ်ခုက ဒေါ်လာဈေးက ကျတဲ့အခါကျတော့ ဆန်တင်ပို့တဲ့အခါ အရင်တုန်းက ဆန်တစ်ခုကို ပို့လို့ရှိရင် ဒေါ်လာရတာ နည်းတာပေါ့၊ အခုတင်လိုက်တဲ့အခါကျတော့ ဒေါ်လာရတာများတယ်၊ ဒါပေမယ့် ဒီဘက်မှာက ဟို EU ကော်မရှင်ကနေ မြန်မာနဲ့ ကမ္ဘောဒီးယားက ဆန်တွေတင်တာကို အခွန်ကောက်ဖို့ မဲခွဲတာရှိတယ်၊ မဲကတော့ ပြတ်တော့မပြတ်ပါဘူး၊ နောက်တစ်ခေါက် ပြန်ဖြတ်ဦးမှာပေါ့လေ၊ သူတို့မှာတင်တဲ့ ဈေးနှုန်းက ယူရိုက မက်ထရစ်တစ် တစ်တန်ကို ပထမနှစ်မှာ ၁၇၅ ယူရို၊ နောက်တစ်နှစ်မှာ ၁၅၀၊ နောက်တစ်နှစ်မှာ ၁၂၅ ဆိုတော့ အဲ့ဒီလိုအရာတွေက တိုးလာမယ်ဆိုရင် ဒီဘက် တရုတ်ဘက်ကလည်း ဆန်ကို အရင်လိုမဟုတ်ဘဲနဲ့ အခွန်ကောက်ဖို့ ပြန်လုပ်နေတာတွေရှိတယ်၊ ရှိတဲ့အခါကျတော့ အခု ဆန်တင်ပို့ဖို့က ဘယ်လိုဖြစ်သွားနိုင်သလဲ၊ ထိသွားနိုင်လား၊ ဒါမှမဟုတ် ဒီ Cost တွေ မှန်သမျှကို လယ်သမားတွေဆီ ပြန်ဆိုက်သွားနိုင်သလား ဒီအနေအထားမှာ ဘယ်လိုတွေဖြစ်လာနိုင်သလဲ ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒီဘက်က ဆရာတို့အခုန Exporter ပေါ့နော်၊ Exporter , Import တွေ၊ ကိုယ့်ကျပ်ငွေ လျော့နည်းသွားတဲ့ အခါမှာ Importer တွေမှာ ဒုက္ခရောက်တယ်။Exporter မှာ အခွင့်အရေး ရှိတယ်။ပိုပြီးတော့ အလားအလာရှိတယ်။သူတို့အတွက် အခွင့်အရေးကောင်း ဖြစ်တယ်ဆိုရင် တကယ်တော့ ယူရမှာပေါ့၊ အခုလိုဆိုရင် Importer တွေမှာ အခွင့်အရေးကောင်းဖြစ်လာပြီ၊ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဆီက ကိုယ့်ငွေတန်ဖိုးက တက်လာတဲ့အခါကျတော့ အရင် ကိုယ်ပေးရတဲ့ငွေထက် နည်းနည်းလေးလျှော့ပေးရုံနဲ့ ကိုယ်လိုချင်တဲ့ နဂိုအတိုင်း ပြန်ရတာပေါ့၊ အဲ့ဒီအခါကျရင်တော့ Exporter တွေမှာ ဒုက္ခရောက်တယ်၊ အဲ့ဒီတော့ ဆရာတို့မှာ အခုဖြစ်နေတာက ဘယ်သူမှ သုံးသပ်လို့မရသေးတာက Foreign Exchange rate ကြောင့် အကျိုးရှိမယ့် သီအိုရီပြောနေတဲ့ စာအုပ်ထဲမှာပြောနေတဲ့ Exchange rate။ကိုယ့်ကျပ်ငွေ ကျသွားလို့ရှိရင် တန်ဖိုးနည်း သွားလို့ရှိရင် Import လုပ်တဲ့သူတွေအတွက် အခြေအနေမကောင်းဘူး၊ Export လုပ်တဲ့သူတွေအတွက် အခြေအနေကောင်းတယ်ဆိုပြီး ပြောပေမယ့် တကယ်တမ်းလက်တွေ့မှာ Import လုပ်တဲ့သူ အခြေအနေ မကောင်းတာဘဲ ရှိတယ်။Export လုပ်တဲ့သူ ဒါကို အခွင့်အရေးမယူနိုင်ဘူး။

ဆရာမျှော်လင့်တာက အခုလို ကျပ်ငွေတက်လာတဲ့အခါမှာ Import လုပ်တဲ့သူက ဒါကို အခွင့်အရေးကောင်းယူကြပါ။အဲ့ဒီမှာ အခက်အခဲရှိမှာက Exporter တွေပေါ့၊ Exporter တွေမှာ အခု အခက်အခဲအများကြီး၊ အခုနောက်တစ်ခုက ဘာလဲဆိုတော့ Exchange rate ကိစ္စတင်မကဘူး ဟိုဘက်က ပေါ်လစီကလည်း ပြောင်းတာပေါ့၊ သူတို့ကလည်း ဒီလိုကိစ္စကို ဆရာတို့ နိုင်ငံဘက်ကို Food Security ဘာညာနဲ့ စဉ်းစားတာကိုး၊ စားနပ်ရိက္ခာ လုံခြုံမှု ဘာညာနဲ့ စဉ်းစားတာ။သူတို့လည်းပဲ သူတို့နိုင်ငံရဲ့ ကိုယ်ကျိုးစီးပွားကိုကြည့်တာ၊ ကြည့်တဲ့အခါကျတော့ ကိုယ့်ဆီရဲ့ ဆန်စပါး၊ ကိုယ့်မှာ ခုနမေးတဲ့ မေးခွန်းက အရေးကြီးတာပေါ့၊ ကိုယ့်မှာ ဒါပဲအားကိုးနေရတာပေါ့။ကိုယ့်မှာရှိတဲ့သူတွေကလည်း အားနေရင် စပါးပဲ စိုက်နေရတာပေါ့၊ နိုင်ငံခြား ဒီဈေးကွက်ကြီး အတက်အကျကို ရင်စည်းခံရမယ့် ပုံစံမဟုတ်တော့ပေမယ့် နိုင်ငံခြားလဲလှယ်နှုန်း ဘယ်လောက်ကြီး တက်တာကျတာဖြစ်ဖြစ် ကိုယ့်ပစ္စည်းရဲ့ အရည်အသွေးတက်အောင် နောက်တစ်ခါ ကိုယ့်ရဲ့ ကုန်ထုတ်စွမ်းအားတက်အောင် ဒါတွေကို ဆရာတို့က အာရုံစိုက်နိုင်ရင်တော့ ဒီအတက်အကျတွေကတော့ ရှိနေမှာပေါ့ ဟုတ်တယ်မလား၊ ဒီဟာတွေကို ကိုယ်ကခံနိုင်အောင်။

ဆရာတို့ကတော့ အခုက လက်ချည်းသက်သက်ဖြစ်နေတာ၊ နိုင်ငံခြားငွေ တက်တာကျတာကို ရင်စည်းခံနေရတဲ့ ပုံစံဖြစ်နေတာ၊ တကယ်တမ်းတော့ ဒီအပေါ်မှာ မူတည်ပြီးတော့ ကိုယ့်ရဲ့ ထုတ်ကုန်ပေါ်လစီတို့ သွင်းကုန်ပေါ်လစီတို့ကို ဘယ်လိုလုပ်ကြမလဲ၊ အခု နိုင်ငံတော်အစိုးရ တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေအနေနဲ့ကလည်း ဒီကိစ္စကို ထဲထဲဝင်ဝင်ပြောတာလည်း မရှိဘူး၊ မရှိတဲ့အခါကျတော့ လုပ်ငန်းရှင်များက သူ့နည်းသူ့ဟန်နဲ့ လုပ်နေကြရတာလေ၊ တကယ်တမ်းတော့ တရုတ်နဲ့ အမေရိကန်ဖြစ်တဲ့ ပြဿနာမှာ ဆိုလို့ရှိရင် လုပ်ငန်းရှင်တွေ သိပ်ပါတာမှ မဟုတ်တာ၊ အစိုးရတွေ ဝင်လုပ်နေတာ၊ အစိုးရက သူတို့ရဲ့ အမျိုးသားစီးပွားရေး အကျိုးစီးပွားအတွက်ကို ထရန့် ကလည်း ထရန့် ပုံစံနဲ့ ရှီကျင့်ဖျင် ကလည်း ရှီကျင့်ဖျင် ပုံစံနဲ့ လုပ်နေတာ၊ ဒီအထဲမှာ လုပ်ငန်းရှင်တွေကို နောက်ကွယ်ကနေ တွန်းအားပေးတာ ရှိကောင်းရှိမယ်၊ ဆရာတို့ဆီမှာ အဲ့ဒီလိုရှေ့ထွက်ပြီးပြောနေတာ သိပ်မှမရှိတာ၊ ပြောတာက ဘာတွေပြောနေသလဲဆိုရင် ပုဂ္ဂလိကလုပ်ငန်းရှင်တွေပဲ ပြောတာရှိတယ်လေ၊ ဆန်စပါးအဖွဲ့တွေက ပြောတာတို့ ဟိုတုန်းက ဖြစ်တုန်းကလည်း ဘဏ်အဖွဲ့တွေက ပြောတာတို့ ဒီလိုပြောနေတာပဲရှိတယ်။

အစိုးရတာဝန်ရှိတဲ့သူတွေ စီးပွားရေးကို ကိုင်တဲ့သူတွေက ရဲရဲဝံ့ဝံ့ထွက်ပြီးတော့ ကိုယ့်ရဲ့အနေအထား ဘယ်လိုရှိတယ်၊ ကိုယ်က ဘယ်လိုစဉ်းစားထားသလဲဆိုတာကို မပြောဘဲနဲ့ သူက ဘာပြောပြန်သလဲဆိုတော့ ထွက်လာပြီးတော့ ဈေးကွက်စီးပွားရေးစနစ် ဝယ်လိုအား ရောင်းလိုအားဆိုတဲ့ ပထမနှစ်ကျောင်းသားသင်တဲ့ ပုံစံမျိုး လာသင်နေတော့ လုပ်ရတာ တော်တော်ခက်တာ၊ ပြောလိုက်ရင် ဈေးကွက်စီးပွားရေးစနစ်ဆိုရင် ဘာမှမလုပ်ရတော့တဲ့ ပုံစံကြီး၊ ဈေးကွက်စီးပွားရေးရှိလို့ အမေရိကန်နိုင်ငံမှာတောင် ဈေးကွက်စီးပွားရေးစနစ် အထွန်းကားဆုံးနိုင်ငံမှာ အစိုးရဝင်ပါနေတာလေ၊ အခုက ဆရာတို့က ဈေးကွက်စီးပွားရေးဆိုတဲ့ စကားလုံးကြီးကို သုံးပြီးတော့ တို့နဲ့မဆိုင်တော့ဘူး တို့မပါတော့ဘူး ဆိုတော့ ဘယ်လိုလုပ်ကြမလဲ၊ ကိုယ့်ရဲ့ စီးပွားရေးနယ်ပယ်မှာ အစိုးရရဲ့ကဏ္ဍတွေ ပုဂ္ဂလိကရဲ့ကဏ္ဍကို ဂဃဏန နားလည်တာမျိုး မရှိတဲ့အခါကျတော့ ထစ်ခနဲဆိုရင် ဈေးကွက်ထစ်ခနဲဆိုရင် ဈေးကွက်စီးပွားရေးစနစ်ဆိုပြီးတော့ ပြောနေတော့ ဘာလိုပြောနေသလဲဆိုတာ တော်တော်ပြောရခက်တယ်။

သူတို့မပါတဲ့အခါကျတော့ ခုနဖြစ်တဲ့ဟာတွေ အခုပြောနေတာတွေ တောက်လျှောက်မှာ နိုင်ငံခြားငွေ အတက်အကျတွေအားလုံးကို ခံနေရတာက ပုဂ္ဂလိက က ခံနေရတာလေ၊ သူက အလူးအလဲနဲ့ လှိမ့်ခံနေရတာလေ၊ ကိုယ့်ဆီမှာ လူတွေကလည်း တော်တော်ခံနိုင်ရည်ရှိတယ် ထင်ပါတယ်၊ ဆရာထင်တာတော့ သွင်းတဲ့သူ ထုတ်တဲ့သူ မျှနေလို့လားမသိဘူး၊ တစ်ယောက်ကခံတယ် တစ်ယောက်ကသာတယ်၊ အားလုံးက ညီမျှခြင်းဆွဲသလို အခြေအနေဖြစ်လို့လား မသိဘူး၊ တကယ်တော့ တကယ့်ကို ပွင့်ပွင့်လင်းလင်း ပြောကြဆိုကြရမယ့် အခြေအနေရှိတယ်လို့ ဆရာထင်တယ်။

ဒါက ဒေါ်လာဆောင့်တက်ကတည်းက ပြောရမယ့်ကိစ္စလေ၊ ဗဟိုဘဏ် ထွက်ပြောတာကလည်း ပုံစံတစ်မျိုး ထွက်ပြောတာလေ၊ အဲ့ဒီဟာတွေအားလုံးက ကွင်းဆက်တွေဖြစ်နေတယ်၊ ကျသွားပြန်ရင်လည်း မြန်မာငွေ တန်ဖိုးတက်လာတာ သူတို့လုပ်တဲ့ပုံစံကြောင့် တက်လာတာလား ဟုတ်မှမဟုတ်တာ၊ အတွင်းပြဿနာ မဟုတ်ဘူး၊ အပြင်ပြဿနာလေ၊ အဲ့ဒီတော့ တရုတ်နိုင်ငံရဲ့ ပေါ်လစီပြောင်းလဲမှုရယ် နောက်တစ်ခါ တရုတ်နဲ့ အမေရိကန်တို့ရဲ့ အနေအထားပေါ်မှာ အခြေခံပြီးတော့ ဖြစ်တာပေါ့နော်၊ လုပ်ငန်းရှင်တွေက တကယ်တမ်းတော့ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီးတော့ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ မဟာဗျူဟာတွေ ရှိဟန်မတူဘူးဗျာ ကြည့်ရတာလေ၊ ရှိရင်တော့ ဒါနည်းနည်းလေး သက်သာမယ်လို့ အောက်မေ့တယ်၊ သွင်းတဲ့သူရော ထုတ်တဲ့သူရော နည်းနည်းလေးမျှအောင်ပေါ့ ခံနိုင်ရည်ရှိအောင် လုပ်ကြရမှာပါ။

Opinion Leaders Media ။     ။ ဒါဆိုရင် အကုန်လုံး ပြန်ချုပ်လိုက်ရင် ဒါတကယ်ကို ဒီလိုမျိုး လွှတ်ပေးထားတာကို အစိုးရအနေနဲ့ တစ်စိတ်တစ်ပိုင်းလောက် ဝင်ပါသင့်နေပြီပေါ့နော်၊ အဲ့ဒီလိုမျိုး ငြိမ်အောင်ဆိုလို့ ရှိရင်။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ ဝင်ပါသင့်တယ် ဆိုတာထက်ကို ရှိတဲ့အခြေအနေတွေအားလုံး သူတို့က သိတယ်၊ ဟုတ်တယ်နော်၊ အားလုံးအတွက် အမျိုးသားစီးပွားရေး တစ်ခုလုံးအတွက် အဆောက်အအုံကြီး တစ်ခုလုံးအတွက် ဘာတွေလုပ်ဖို့ စဉ်းစားနေတယ်။ဘယ်လိုဖြစ်သင့်တယ် ဆိုတာကို ရှေ့ထွက်ပြောတဲ့ဟာရှိရင် လူတွေ နည်းနည်းလေး စိတ်အေးရမှာပါ။အခုတော့ အဲ့ဒီလိုပြောတာမရှိတော့ ကိုယ့်ဟာနဲ့ကိုယ် အသံဖမ်း တရားနာနေရတာ။သူတို့ ဘယ်လိုလုပ်သလဲ ပေါ်လစီအရလည်း တိတိကျကျပြောထားတာ မဟုတ်တော့ ဒီပေါ်လစီကို သူတို့တကယ်ကိုပဲ အစိုးရ ဝင်၏၊ မဝင်၏ မဟုတ်ဘဲနဲ့ ဝင်မယ်ဆိုလည်း ဝင်မယ်။မဝင်ဘူးဆိုလည်း မဝင်ဘူး တိတိကျကျပြောရင်  ဒီဘက်က ကိုယ်ဟာနဲ့ကိုယ် adjust လုပ်လို့ရတယ်။

ဆရာတို့ ပုဂ္ဂလိက စီးပွားရေးစနစ်ရဲ့ အခြေခံသည် အခြေအနေတွေကို ကိုက်ညီအောင် adapt လုပ်ရမယ့် အလေ့အကျင့်က သူတို့ဆီမှာရှိတယ်၊ သူတို့က ပေါ်လစီ မပြောင်းဘူး ပြောင်းရမယ်ဆိုတာကို သိပ်ပြီး ခေါင်းထဲမထည့်ဘူး၊ သူတို့သိချင်တာက ဘာလဲဆိုတာ ဘာပေါ်လစီလဲဆိုတာ သူတို့သိချင်တာ၊ ပြတ်သားတဲ့ ပေါ်လစီ။အဲ့ဒီပေါ်လစီကလည်း ခဏခဏမပြောင်းတဲ့ ပေါ်လစီ၊ နည်းနည်ငြိမ်တဲ့ ပေါ်လစီဆို သူတို့လှုပ်ရှားလို့ရတယ်၊ ဒီအတိုင်းကြီးဆိုရင်တော့ နောက် ခြောက်လ၊ တစ်နှစ် အစိုးရပေါ်လစီ ဒီလိုပဲဖြစ်နေမယ်ဆိုရင် တို့ဘာလုပ်ကြမလဲ တို့အတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကို သူကလုပ်လို့ရတယ်။

အခုတော့ သူတို့က မရေမရာဖြစ်နေတော့ သူတို့ဘာလုပ်မလဲ ဘယ်လိုပြောင်းမလဲ ဘယ်တော့ပြောင်းမလဲဆိုတာ မသိဘူး၊ ဖြစ်ပြီးတာနဲ့ ပြောင်းပစ်လိုက်တာကိုး၊ ပြောင်းတဲ့အခါမှာလည်း တိုင်တိုင်ပင်ပင်နဲ့ ဘယ်လိုပြောင်းမလဲ။သွင်းကုန်သမားတွေ အားလုံးခေါ် တကယ်တမ်းဖြစ်သင့်တာက ဒီလိုဖြစ်လာပြီဆိုရင် မြန်မာငွေ တန်ဖိုးတက်လာပြီဆိုရင် ကဲဘာလုပ်ကြမလဲ ဘာကြောင့်ဖြစ်ရတာလဲ အကြောင်းအရင်းတွေက ဘာလဲ ဒါတွေတိုင်ပင်ဖို့ကောင်းတယ်လေ။policy making တွေက ဆရာတို့ခေါ်နေတဲ့ stateholder တွေပေါ့။ပါဝင်ပတ်သက်တဲ့သူတွေအားလုံး တိုင်ပင်ပြီး ဆွေးနွေးပြီး ပေါ်လစီချတာမျိုးမဟုတ်ဘဲနဲ့ ကိုယ့်ခေါင်းထဲရှိတာ လုပ်နေတဲ့ပုံစံမျိုး ဖြစ်နေတာ၊။

Opinion Leaders Media ။     ။ ဟုတ်တယ်ဆရာ၊ အဲ့ဒီလိုကြီးဖြစ်နေတယ်၊ ဒီဟာဆိုလို့ရှိရင် မူဝါဒတော့ ပြတ်ပြတ်သားသား လိုလာပြီပေါ့။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ လိုတယ်။လိုတော့ သူတို့ရဲ့ အဲ့ဒီပေါ်လစီကို အသိပေးဖို့လည်း လိုတယ်လေ။နှစ်ကိုယ်ကြား သိနေလို့မရဘူး၊ လုပ်ရမယ့်သူတွေ ဘာလုပ်ရမလဲဆိုတာကိုသိမှ ဒါတွေအားလုံးက ကွင်းဆက်တွေကို၊  နောက်တစ်ခါ ငွေအလဲအလှယ်လုပ်တဲ့သူတွေ၊ ဘဏ်တွေ ဘဏ်တွေသိသင့်တာပေါ့၊ ဘဏ်တွေ သူတို့မှာ ရေရှည်စီမံချက်တွေ ချရမှာပေါ့၊ ဒီလိုမရှိတော့ ပေါ်လာတာတွေကို ဝင်ရှင်းနေရတာလေ၊ ပေါ်လာတာကို ဝင်ရှင်းတဲ့အခါကျတော့ စီးပွားရေးလုပ်ရတာဟာ တကယ်တမ်း ဆရာတို့ စီးပွားရေးမှာ ပြောတာကတော့ ရေရှည်ကို နည်းနည်းလေး မြင်သာရုံရှိပြီးတော့ အာရုံရှိပြီးတော့လုပ်ရင် ကိုယ်ကခံနိုင်ရည်ရှိတယ်၊ အခုတော့ အားလုံးက မရေရာတာတွေများတော့ တော်တော်ခက်တာပေါ့၊ အဲ့ဒါဖြစ်နေတာ။

Opinion Leaders Media ။     ။ ယခုလို အချိန်ယူဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
ဒီဇင်ဘာ - ၁၃

( Zawgyi )

မၾကာမီရက္ပိုင္းက ျပဳလုပ္သည့္ G-20 ထိပ္သီးအစည္းအေဝးတြင္ တ႐ုတ္ႏွင့္ အေမရိကန္ ေခါင္းေဆာင္ႏွစ္ဦး ေတြ႕ဆုံမႈအၿပီး အေမရိကန္ - တ႐ုတ္ ႏွစ္ႏိုင္ငံၾကား ကုန္သြယ္ေရးစစ္ပြဲ သုံးလတာရပ္နားၿပီး အျငင္းပြားမႈမ်ားကို ေျဖရွင္းရန္ သေဘာတူခဲ့ပါတယ္။ထိုသေဘာတူညီခ်က္ အက်ိဳးဆက္ေၾကာင့္ ကမာၻတစ္ဝန္း စီးပြားေရးေႏွးေကြးမႈ ျပန္သြက္လက္လာမည့္ အရိပ္အေယာင္မ်ား ေပၚထြန္းလာခဲ့သလို ကမာၻသုံးေငြေၾကးျဖစ္သည့္ ေဒၚလာတန္ဖိုး မာေနမႈလည္း ေလ်ာ့က်လာခဲ့သည္။ထိုအေျခအေနမ်ားေၾကာင့္ ျပည္တြင္း ေငြေၾကးေဈးကြက္တြင္ စံခ်ိန္တင္ေဈးတက္ေနခဲ့သည့္ အေမရိကန္ ေဒၚလာတန္ဖိုး စတင္က်ဆင္းလာသလို ေဒၚလာႏွင့္ ဆက္စပ္သည့္ စက္သုံးဆီႏွင့္ ေ႐ႊေဈးႏူန္းမ်ားပါ က်ဆင္းလာခဲ့ပါတယ္။ထိုအေျခအေနက က်ဆင္းေနသည့္ ျမန္မာ့စီးပြားေရးအတြက္ ေကာင္းသည့္လကၡဏာလား/ဆိုးသည့္လကၡဏာလား ဆိုသည္ကို သမၼတ၏ စီးပြားေရးအႀကံေပးႏွင့္ စီးပြားေရးပညာရွင္လည္းျဖစ္သူ ဆရာ ေဒါက္တာေအာင္ထြန္းသက္ ကို Opinion Leaders Media မွ ဆက္သြယ္ေမးျမန္းခဲ့သည္။ဆရာ ေဒါက္တာေအာင္ထြန္းသက္ ၏ ရႈျမင္သုံးသပ္သည့္ ရႈျမင္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါသည္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders Media ။     ။ ဒီရက္ပိုင္းမွာ ေဒၚလာတန္ဖိုးက က်လာတာကို ေတြ႕ရပါတယ္ ဆရာ။ဒီေျအ့ခအေနက ျမန္မာနဲ႔ တျခားႏိုင္ငံေတြ ကုန္သြယ္မႈမွာ ဘယ္လိုသက္ေရာက္မႈေတြ ျဖစ္လာမလဲ။အေကာင္းဘက္ကမ်ားလား၊ အဆိုးဘက္ကမ်ားလား ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ ပုံမွန္အားျဖင့္ကေတာ့ ဆရာတို႔ ဒီေဒၚလာေဈးက်တာဟာ တစ္နည္းအားျဖင့္ေ့ျပာရင္ က်ပ္ေဈးတက္တာေပါ့၊ က်ပ္ေဈးတက္ေတာ့ ဘယ္သူ႔အတြက္ အက်ိဳးရွိသလဲလို႔ေျပာရင္ ဆရာတို႔အရင္တုန္းက ဟိုဒုကၡေရာက္တဲ့ ဟိုတစ္ေခါက္တုန္းကေပါ့ေနာ္ ဟိုတစ္ေလာက ျမန္မာေငြက်ေနတယ္၊ ေဒၚလာေဈးတက္ေနတဲ့အခါက်ေတာ့ ပစၥည္းသြင္းတဲ့သူေတြမွာ အခက္အခဲေတြ အမ်ားႀကီးရွိတယ္၊ အခက္အခဲအမ်ားႀကီးရွိေတာ့ ပစၥည္းသြင္းတဲ့သူေတြဟာ ဒီေဒၚလာနဲ႔ ေပးရတဲ့အခါက်ေတာ့ သူ႔မွာရွိတဲ့ ေငြတန္ဖိုးက က်ပ္တန္ဖိုးက ျပဳတ္က်တဲ့အခါက်ေတာ့ သြင္းရတဲ့အခါမွာ စရိတ္ေတြက သိပ္ႀကီးတယ္၊ စရိတ္ေတြ သိပ္ႀကီးတဲ့အခါက်ေတာ့ ထိခိုက္တာ ဘာသြားထိခိုက္သလဲဆိုရင္ ကုန္ၾကမ္းေတြဘာေတြ သုံးတာတစ္ပိုင္း၊ ဥပမာ - ေဆးဝါးတို႔ ဘာတို႔ဆိုရင္ ျပည္တြင္းေဈးကြက္မွာ ေတာ္ေတာ္ေလးနစ္နာတယ္၊

အခုလို ေဒၚလာေဈးက်လာတယ္၊ က်ပ္ေဈးတက္လာတဲ့အခ်ိန္မွာ သြင္းကုန္ေတြရဲ႕တန္ဖိုးက သြင္းကုန္ေတြရဲ႕ ေဈးက သက္သာလာမယ္ဆိုရင္ အရင္ထက္ပိုၿပီးေတာ့ သြင္းႏိုင္မယ့္ အေနအထား ရွိလာတာေပါ့၊ ေဈးသက္သာလာတာေပါ့၊ အဲ့ဒီအခါက်ေတာ့ ဆရာတို႔ ေဆာက္လုပ္ေရးအလုပ္ေတြမွာ စက္သုံးဆီတို႔ သြင္းကုန္ေတြ အားလုံးအတြက္ကို အက်ိဳးရွိမယ္လို႔ ယူဆလို႔ရတယ္။အဲ့ဒီေတာ့ အခု ဆရာတို႔အေနနဲ႔ ဒီလိုျဖစ္တဲ့အခါမွာ ဒါကို ဘယ္လိုလုပ္ၾကမလဲေပါ့ေနာ္၊ ဒါကို အခြင့္အေရး ဘယ္လိုယူၾကမလဲ၊ ကိုယ့္က်ပ္ေငြ ေတာင့္သြားတဲ့အခါက်ရင္ ပစၥည္းေတြေနာ္ သြင္းကုန္ေတြ သြင္းတဲ့ေနရာမွာ အရင္တုန္းက ဒုကၡေရာက္တယ္၊ မသြင္းႏိုင္ဘူး၊ အရင္တုန္းက သြင္းတဲ့ပစၥည္းေတြက ေဈးႀကီးတဲ့အခါက်ေတာ့ ျပည္တြင္းေဈးကြက္ေတြမွာ ျပန္ၿပီးေရာင္းရတဲ့အခါမွာ ေဈးကတင္ေရာင္းရတယ္၊ အဲ့ဒီေတာ့ အခုလိုအခ်ိန္ေတြမွာ ေဈးေတြသက္သာလိမ့္မယ္ ထင္တယ္။ဥပမာ - ေဆာက္လုပ္ေရးပစၥည္းေတြ၊ သြင္းတဲ့ပစၥည္းေတြ တန္ဖိုးေတြက ျမန္မာက်ပ္ေငြ တိုးလာတဲ့အတြက္ ပိုၿပီးသြင္းႏိုင္မယ္ ဆိုလို႔ရွိရင္ ဒီပစၥည္းေတြ ပိုသြင္းႏိုင္ရင္ ကိုယ့္အတြက္ ပိုအက်ိဳးရွိမယ္။

ခက္တာ ဆရာတို႔မွာ အၿမဲတမ္းေျပာရခက္ေနတာက ေဒၚလာအတက္အက်အေနနဲ႔ ဒါကို အခြင့္အေရး ယူႏိုင္၊ မယူႏိုင္ ဆိုတာက အႀကီးႀကီးျဖစ္ေနတယ္၊ အခုလို ကိုယ့္ေငြေၾကးတိုးလာလို႔ သြင္းကုန္ေတြမွာ သက္သာတယ္ဆိုေပမယ့္ ထုတ္ကုန္ေတြမွာ နစ္နာသလားဆိုတဲ့ ျပႆနာရွိတယ္၊ ဟိုတုန္းကလည္း ဒီလိုပဲျဖစ္တယ္၊ ကိုယ့္ေငြတန္ဖိုး နည္းလာတဲ့အခါက်ေတာ့ တန္ဖိုးနည္းလာလို႔ သြင္းကုန္ေတြ မသြင္းႏိုင္ဘူး၊ သြင္းကုန္ေတြ မသြင္းႏိုင္လို႔ ထုတ္ကုန္ေတြ ပိုထုတ္ႏိုင္မလားလို႔ ေမးတဲ့အခါမွာ မထုတ္ႏိုင္ဘူး။အဲ့ဒီေတာ့ ဆရာတို႔မွာ တကယ္ေတာ့ ေတာ္ေတာ္မ်ားမ်ား ႏိုင္ငံတကာ ေငြေၾကးေဈးကြက္က ဒီလိုပဲလႈပ္ရွားေနမွာပဲ၊ အဲ့ဒီေတာ့ တစ္ခုေသခ်ာတာက တ႐ုတ္နဲ႔ အေမရိကန္ ကုန္သြယ္မႈစစ္ပြဲကိစၥ ႐ိုက္ခတ္မႈရွိတယ္၊ အဲ့ဒီေတာ့ ရွိလာေတာ့ ဘာျဖစ္လာမလဲဆိုရင္ ကိုယ့္ႏိုင္ငံ စီးပြားေရးပြင့္လာတာနဲ႔အမွ် ႏိုင္ငံတကာ သြားမွီခိုတာ ပိုပိုမ်ားလာတယ္၊ မ်ားလာတဲ့အခါက်ေတာ့ ႏိုင္ငံတကာမွာ ျဖစ္ေနတဲ့ ဒီစီးပြားေရးအေျခအေနကို ကိုယ္ကသုံးသပ္ေနဖို႔ လိုတယ္ေလ၊ အၿမဲတမ္းစနည္းနာေနဖို႔ လိုတယ္။ကိုယ့္ဟာကိုယ္ မ်က္စိမွိတ္ၿပီး ေနလို႔မရတဲ့ အေနအထားရွိတယ္။

အခုဆိုရင္ ဆရာတို႔ အခု ဆီေတြကိုသြင္းတယ္၊ သြင္းတဲ့အခါက်ေတာ့ အရင္တုန္းက ေဈးတစ္ခုနဲ႔ သြင္းလိုက္တယ္။ အခု ဆီသြင္းတဲ့သူ ဒုကၡေရာက္ေနတာက ဆီေဈးက ထိုးက်သြားတယ္၊ ထူးျခားသြားတာက အေမရိကန္ႏိုင္ငံနဲ႔ ေဆာ္ဒီအာေရဗ် အဆင္ေျပတဲ့အခါက်ေတာ့ ဆီေဈးကိုေပါ့၊ အေမရိကန္ လိုခ်င္တာက ဆီေဈးက်တာ လိုခ်င္တာေပါ့၊ ဆီေဈးက်ေအာင္ ဆီေဈးေတြ ခ်ေပးလိုက္တဲ့အခါက်ေတာ့ အရင္တုန္းကေဈးနဲ႔ သြင္းထားတဲ့သူက အခုက်သြားတဲ့ေဈးနဲ႔ ျပန္ေရာင္းဖို႔ ေတာ္ေတာ္ခက္တယ္။အဲ့ဒီေတာ့ ကိုယ့္ႏိုင္ငံမွာရွိတဲ့ ကုန္သည္ေတြေပါ့၊ ဆီကို ႀကိဳတင္ၿပီးေတာ့ သိုေလွာင္ထားတဲ့သူေတြ ေတာ္ေတာ္ဒုကၡေရာက္ေနတယ္၊ ဘာေၾကာင့္လဲဆိုေတာ့  သူတို႔လက္ထဲမွာ အဲ့ဒီဆီေတြက ရွိေနၿပီ၊ ေရာင္းတဲ့အခါမွာ ေရာင္းသမွ် ရႈံးရေတာ့မယ္၊ အဲ့ဒီေတာ့ အျပင္ေပါက္ေဈးက ေတာ္ေတာ္ႀကီးက်သြားတယ္။

ေျပာခ်င္တာက အရင္လို ကိုယ့္ ႏိုင္ငံတကာစီးပြားေရး ဆက္ဆံမႈမရွိရင္ေတာ့ ဘာမွဂ႐ုစိုက္စရာ မလိုေပမယ့္ အခုလို ဆက္စပ္မႈရွိလာရင္ အၿမဲတမ္းသတိထားေနရမွာေပါ့၊ ကိုယ့္အေနအထားကိုယ္ သုံးသပ္ေနရ မယ္၊ ဟို ဒါေတြက က႑အသီးသီးပါပဲ၊ သြင္းကုန္က႑ေရာ ထုတ္ကုန္က႑ေရာ အဲ့ဒီမွာရွိတဲ့ လုပ္ငန္းရွင္ေတြေရာ ဘဏ္ေတြေရာ ဒီအတိုင္းပဲ၊ ေဆာက္လုပ္ေရးသမားေတြေရာ ဒီအတိုင္းပဲ ႏိုးႏိုးၾကားၾကားရွိဖို႔ပဲ။ အခုျဖစ္ေနတာက ခ်က္ခ်င္း က်တာတို႔ တက္တာတို႔ျဖစ္ေနရင္ ႀကိဳတင္ခန႔္မွန္းလို႔မရရင္ ဒါက လုပ္ရကိုင္ရ ေတာ္ေတာ္ခက္ခဲတဲ့ကိစၥ ျဖစ္ေနတယ္။

Opinion Leaders Media ။     ။ အခု ဘ႑ာႏွစ္သစ္အတြက္ကို တင္တုန္းက ေဒၚလာေဈးက ေနာက္ဆုံးျပင္ဆင္တဲ့ဟာ အျမင့္ေဈးေတြနဲ႔ပဲ တင္ထားတာပဲ ေတြ႕တယ္၊ အခုက်ေတာ့ ေဒၚလာေဈးက က်လာတဲ့အခါက်ေတာ့ အခု စီမံကိန္းေတြ အစိုးရလုပ္ငန္းႀကီးေတြ ပေရာဂ်က္ႀကီးေတြမွာ ေဒၚလာေဈးနဲ႔ ျမန္မာေငြနဲ႔ လဲလွယ္ၿပီး ဝယ္ရတဲ့ဟာေတြ အဲ့ဒီမွာ ပိုလွ်ံလာတဲ့ ပိုက္ဆံ။ေနာက္ ဒီေငြေတြက ဘာေတြျဖစ္လာႏိုင္လဲ၊ အစိုးရအတြက္ ပိုၿပီးေတာ့ လုပ္ႏိုင္လား၊ ဒါမွမဟုတ္ အဂတိလိုက္စားမႈအတြက္ ပိုၿပီးေတာ့ ျဖစ္လာႏိုင္လား၊ ဒီအေနအထားေတြမွာ ဘယ္လိုမ်ိဳးနဲ႔ အစိုးရအေနနဲ႔ ျပင္ဆင္ထားသင့္သလဲ ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဒီကိစၥမွာ ရွိလာတဲ့ အက်ိဳးဆက္ေတြကို ကိုယ္က ဘယ္လိုကိုင္တြယ္မလဲ၊ အရင္တုန္းက ကိုယ့္ေငြဟာ ၁၆၀၀ ျဖစ္တာကိုး၊ ကိုယ့္ေငြက အခုအခ်ိန္ ၁၀၀၀ နဲ႔ ဆိုရင္၊ ေနာက္ ၁၅၀၀ ကေန ၁၀၀၀ ျဖစ္သြားမယ္ဆိုရင္ အၾကမ္းဖ်ဥ္းျဖစ္သြားတဲ့အခ်ိန္ ကိုယ့္အတြက္မွာ အက်ိဳးရွိမယ္လို႔ထင္ရင္ အဲ့ဒီအက်ိဳးရွိတာ ဘယ္လိုအက်ိဳးရွိရွိ သုံးရမလဲေပ့ါ၊ ဆရာတို႔ဆီမွာ Adjustment ေပ့ါေလ၊ ဒီေျပာင္းလဲလာတဲ့ဟာေတြကို အရင္ဆိုင္ဆုံး ျဖစ္သင့္ႏိုင္ေအာင္၊ ေျပာင္းလဲမႈလုပ္ႏိုင္ေအာင္ လုပ္ဖို႔ေတာ့ လိုလိမ့္မယ္ အခုဟာက မလုပ္ႏိုင္ဘဲနဲ႔ အရင္စနစ္နဲ႔ တိုင္းျပတာမ်ိဳးျဖစ္ေနရင္ ဘယ္လိုျဖစ္မလဲ။အခုေျပာင္းလဲလာတဲ့ ႏိုင္ငံျခားေငြ လဲလွယ္မႈစာရင္းနဲ႔ၾကည့္ရင္ အခုနပိုေငြျပရင္ ပိုသုံးလို႔ရသလား၊ ဥပမာ ေနရင္းထိုင္ရင္း အပိုေငြေတြရလာတာကို၊ ဒါအက်ိဳးရွိရွိ သုံးႏိုင္ဖို႔ေတာ့ လိုလိမ့္မယ္၊ အပိုဝင္ေငြရၿပီးေတာ့ ဘာမွမသုံးႏိုင္ဘူးဆိုရင္ အက်ိဳးမရွိဘူးလို႔ ဆရာတို႔ကေတာ့ အဲဒီလိုယူဆတယ္။

Opinion Leaders Media ။     ။ ေနာက္တစ္ခုက ေဒၚလာေဈးက က်တဲ့အခါက်ေတာ့ ဆန္တင္ပို႔တဲ့အခါ အရင္တုန္းက ဆန္တစ္ခုကို ပို႔လို႔ရွိရင္ ေဒၚလာရတာ နည္းတာေပါ့၊ အခုတင္လိုက္တဲ့အခါက်ေတာ့ ေဒၚလာရတာမ်ားတယ္၊ ဒါေပမယ့္ ဒီဘက္မွာက ဟို EU ေကာ္မရွင္ကေန ျမန္မာနဲ႔ ကေမာၻဒီးယားက ဆန္ေတြတင္တာကို အခြန္ေကာက္ဖို႔ မဲခြဲတာရွိတယ္၊ မဲကေတာ့ ျပတ္ေတာ့မျပတ္ပါဘူး၊ ေနာက္တစ္ေခါက္ ျပန္ျဖတ္ဦးမွာေပါ့ေလ၊ သူတို႔မွာတင္တဲ့ ေဈးႏႈန္းက ယူ႐ိုက မက္ထရစ္တစ္ တစ္တန္ကို ပထမႏွစ္မွာ ၁၇၅ ယူ႐ို၊ ေနာက္တစ္ႏွစ္မွာ ၁၅၀၊ ေနာက္တစ္ႏွစ္မွာ ၁၂၅ ဆိုေတာ့ အဲ့ဒီလိုအရာေတြက တိုးလာမယ္ဆိုရင္ ဒီဘက္ တ႐ုတ္ဘက္ကလည္း ဆန္ကို အရင္လိုမဟုတ္ဘဲနဲ႔ အခြန္ေကာက္ဖို႔ ျပန္လုပ္ေနတာေတြရွိတယ္၊ ရွိတဲ့အခါက်ေတာ့ အခု ဆန္တင္ပို႔ဖို႔က ဘယ္လိုျဖစ္သြားႏိုင္သလဲ၊ ထိသြားႏိုင္လား၊ ဒါမွမဟုတ္ ဒီ Cost ေတြ မွန္သမွ်ကို လယ္သမားေတြဆီ ျပန္ဆိုက္သြားႏိုင္သလား ဒီအေနအထားမွာ ဘယ္လိုေတြျဖစ္လာႏိုင္သလဲ ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒီဘက္က ဆရာတို႔အခုန Exporter ေပါ့ေနာ္၊ Exporter , Import ေတြ၊ ကိုယ့္က်ပ္ေငြ ေလ်ာ့နည္းသြားတဲ့ အခါမွာ Importer ေတြမွာ ဒုကၡေရာက္တယ္။Exporter မွာ အခြင့္အေရး ရွိတယ္။ပိုၿပီးေတာ့ အလားအလာရွိတယ္။သူတို႔အတြက္ အခြင့္အေရးေကာင္း ျဖစ္တယ္ဆိုရင္ တကယ္ေတာ့ ယူရမွာေပါ့၊ အခုလိုဆိုရင္ Importer ေတြမွာ အခြင့္အေရးေကာင္းျဖစ္လာၿပီ၊ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ့္ဆီက ကိုယ့္ေငြတန္ဖိုးက တက္လာတဲ့အခါက်ေတာ့ အရင္ ကိုယ္ေပးရတဲ့ေငြထက္ နည္းနည္းေလးေလွ်ာ့ေပး႐ုံနဲ႔ ကိုယ္လိုခ်င္တဲ့ နဂိုအတိုင္း ျပန္ရတာေပါ့၊ အဲ့ဒီအခါက်ရင္ေတာ့ Exporter ေတြမွာ ဒုကၡေရာက္တယ္၊ အဲ့ဒီေတာ့ ဆရာတို႔မွာ အခုျဖစ္ေနတာက ဘယ္သူမွ သုံးသပ္လို႔မရေသးတာက Foreign Exchange rate ေၾကာင့္ အက်ိဳးရွိမယ့္ သီအိုရီေျပာေနတဲ့ စာအုပ္ထဲမွာေျပာေနတဲ့ Exchange rate။ကိုယ့္က်ပ္ေငြ က်သြားလို႔ရွိရင္ တန္ဖိုးနည္း သြားလို႔ရွိရင္ Import လုပ္တဲ့သူေတြအတြက္ အေျခအေနမေကာင္းဘူး၊ Export လုပ္တဲ့သူေတြအတြက္ အေျခအေနေကာင္းတယ္ဆိုၿပီး ေျပာေပမယ့္ တကယ္တမ္းလက္ေတြ႕မွာ Import လုပ္တဲ့သူ အေျခအေန မေကာင္းတာဘဲ ရွိတယ္။Export လုပ္တဲ့သူ ဒါကို အခြင့္အေရးမယူႏိုင္ဘူး။

ဆရာေမွ်ာ္လင့္တာက အခုလို က်ပ္ေငြတက္လာတဲ့အခါမွာ Import လုပ္တဲ့သူက ဒါကို အခြင့္အေရးေကာင္းယူၾကပါ။အဲ့ဒီမွာ အခက္အခဲရွိမွာက Exporter ေတြေပါ့၊ Exporter ေတြမွာ အခု အခက္အခဲအမ်ားႀကီး၊ အခုေနာက္တစ္ခုက ဘာလဲဆိုေတာ့ Exchange rate ကိစၥတင္မကဘူး ဟိုဘက္က ေပၚလစီကလည္း ေျပာင္းတာေပါ့၊ သူတို႔ကလည္း ဒီလိုကိစၥကို ဆရာတို႔ ႏိုင္ငံဘက္ကို Food Security ဘာညာနဲ႔ စဥ္းစားတာကိုး၊ စားနပ္ရိကၡာ လုံၿခဳံမႈ ဘာညာနဲ႔ စဥ္းစားတာ။သူတို႔လည္းပဲ သူတို႔ႏိုင္ငံရဲ႕ ကိုယ္က်ိဳးစီးပြားကိုၾကည့္တာ၊ ၾကည့္တဲ့အခါက်ေတာ့ ကိုယ့္ဆီရဲ႕ ဆန္စပါး၊ ကိုယ့္မွာ ခုနေမးတဲ့ ေမးခြန္းက အေရးႀကီးတာေပါ့၊ ကိုယ့္မွာ ဒါပဲအားကိုးေနရတာေပါ့။ကိုယ့္မွာရွိတဲ့သူေတြကလည္း အားေနရင္ စပါးပဲ စိုက္ေနရတာေပါ့၊ ႏိုင္ငံျခား ဒီေဈးကြက္ႀကီး အတက္အက်ကို ရင္စည္းခံရမယ့္ ပုံစံမဟုတ္ေတာ့ေပမယ့္ ႏိုင္ငံျခားလဲလွယ္ႏႈန္း ဘယ္ေလာက္ႀကီး တက္တာက်တာျဖစ္ျဖစ္ ကိုယ့္ပစၥည္းရဲ႕ အရည္အေသြးတက္ေအာင္ ေနာက္တစ္ခါ ကိုယ့္ရဲ႕ ကုန္ထုတ္စြမ္းအားတက္ေအာင္ ဒါေတြကို ဆရာတို႔က အာ႐ုံစိုက္ႏိုင္ရင္ေတာ့ ဒီအတက္အက်ေတြကေတာ့ ရွိေနမွာေပါ့ ဟုတ္တယ္မလား၊ ဒီဟာေတြကို ကိုယ္ကခံႏိုင္ေအာင္။

ဆရာတို႔ကေတာ့ အခုက လက္ခ်ည္းသက္သက္ျဖစ္ေနတာ၊ ႏိုင္ငံျခားေငြ တက္တာက်တာကို ရင္စည္းခံေနရတဲ့ ပုံစံျဖစ္ေနတာ၊ တကယ္တမ္းေတာ့ ဒီအေပၚမွာ မူတည္ၿပီးေတာ့ ကိုယ့္ရဲ႕ ထုတ္ကုန္ေပၚလစီတို႔ သြင္းကုန္ေပၚလစီတို႔ကို ဘယ္လိုလုပ္ၾကမလဲ၊ အခု ႏိုင္ငံေတာ္အစိုးရ တာဝန္ရွိတဲ့ ဝန္ႀကီးဌာနေတြအေနနဲ႔ကလည္း ဒီကိစၥကို ထဲထဲဝင္ဝင္ေျပာတာလည္း မရွိဘူး၊ မရွိတဲ့အခါက်ေတာ့ လုပ္ငန္းရွင္မ်ားက သူ႔နည္းသူ႔ဟန္နဲ႔ လုပ္ေနၾကရတာေလ၊ တကယ္တမ္းေတာ့ တ႐ုတ္နဲ႔ အေမရိကန္ျဖစ္တဲ့ ျပႆနာမွာ ဆိုလို႔ရွိရင္ လုပ္ငန္းရွင္ေတြ သိပ္ပါတာမွ မဟုတ္တာ၊ အစိုးရေတြ ဝင္လုပ္ေနတာ၊ အစိုးရက သူတို႔ရဲ႕ အမ်ိဳးသားစီးပြားေရး အက်ိဳးစီးပြားအတြက္ကို ထရန႔္ ကလည္း ထရန႔္ ပုံစံနဲ႔ ရွီက်င့္ဖ်င္ ကလည္း ရွီက်င့္ဖ်င္ ပုံစံနဲ႔ လုပ္ေနတာ၊ ဒီအထဲမွာ လုပ္ငန္းရွင္ေတြကို ေနာက္ကြယ္ကေန တြန္းအားေပးတာ ရွိေကာင္းရွိမယ္၊ ဆရာတို႔ဆီမွာ အဲ့ဒီလိုေရွ႕ထြက္ၿပီးေျပာေနတာ သိပ္မွမရွိတာ၊ ေျပာတာက ဘာေတြေျပာေနသလဲဆိုရင္ ပုဂၢလိကလုပ္ငန္းရွင္ေတြပဲ ေျပာတာရွိတယ္ေလ၊ ဆန္စပါးအဖြဲ႕ေတြက ေျပာတာတို႔ ဟိုတုန္းက ျဖစ္တုန္းကလည္း ဘဏ္အဖြဲ႕ေတြက ေျပာတာတို႔ ဒီလိုေျပာေနတာပဲရွိတယ္။

အစိုးရတာဝန္ရွိတဲ့သူေတြ စီးပြားေရးကို ကိုင္တဲ့သူေတြက ရဲရဲဝံ့ဝံ့ထြက္ၿပီးေတာ့ ကိုယ့္ရဲ႕အေနအထား ဘယ္လိုရွိတယ္၊ ကိုယ္က ဘယ္လိုစဥ္းစားထားသလဲဆိုတာကို မေျပာဘဲနဲ႔ သူက ဘာေျပာျပန္သလဲဆိုေတာ့ ထြက္လာၿပီးေတာ့ ေဈးကြက္စီးပြားေရးစနစ္ ဝယ္လိုအား ေရာင္းလိုအားဆိုတဲ့ ပထမႏွစ္ေက်ာင္းသားသင္တဲ့ ပုံစံမ်ိဳး လာသင္ေနေတာ့ လုပ္ရတာ ေတာ္ေတာ္ခက္တာ၊ ေျပာလိုက္ရင္ ေဈးကြက္စီးပြားေရးစနစ္ဆိုရင္ ဘာမွမလုပ္ရေတာ့တဲ့ ပုံစံႀကီး၊ ေဈးကြက္စီးပြားေရးရွိလို႔ အေမရိကန္ႏိုင္ငံမွာေတာင္ ေဈးကြက္စီးပြားေရးစနစ္ အထြန္းကားဆုံးႏိုင္ငံမွာ အစိုးရဝင္ပါေနတာေလ၊ အခုက ဆရာတို႔က ေဈးကြက္စီးပြားေရးဆိုတဲ့ စကားလုံးႀကီးကို သုံးၿပီးေတာ့ တို႔နဲ႔မဆိုင္ေတာ့ဘူး တို႔မပါေတာ့ဘူး ဆိုေတာ့ ဘယ္လိုလုပ္ၾကမလဲ၊ ကိုယ့္ရဲ႕ စီးပြားေရးနယ္ပယ္မွာ အစိုးရရဲ႕က႑ေတြ ပုဂၢလိကရဲ႕က႑ကို ဂဃဏန နားလည္တာမ်ိဳး မရွိတဲ့အခါက်ေတာ့ ထစ္ခနဲဆိုရင္ ေဈးကြက္ထစ္ခနဲဆိုရင္ ေဈးကြက္စီးပြားေရးစနစ္ဆိုၿပီးေတာ့ ေျပာေနေတာ့ ဘာလိုေျပာေနသလဲဆိုတာ ေတာ္ေတာ္ေျပာရခက္တယ္။

သူတို႔မပါတဲ့အခါက်ေတာ့ ခုနျဖစ္တဲ့ဟာေတြ အခုေျပာေနတာေတြ ေတာက္ေလွ်ာက္မွာ ႏိုင္ငံျခားေငြ အတက္အက်ေတြအားလုံးကို ခံေနရတာက ပုဂၢလိက က ခံေနရတာေလ၊ သူက အလူးအလဲနဲ႔ လွိမ့္ခံေနရတာေလ၊ ကိုယ့္ဆီမွာ လူေတြကလည္း ေတာ္ေတာ္ခံႏိုင္ရည္ရွိတယ္ ထင္ပါတယ္၊ ဆရာထင္တာေတာ့ သြင္းတဲ့သူ ထုတ္တဲ့သူ မွ်ေနလို႔လားမသိဘူး၊ တစ္ေယာက္ကခံတယ္ တစ္ေယာက္ကသာတယ္၊ အားလုံးက ညီမွ်ျခင္းဆြဲသလို အေျခအေနျဖစ္လို႔လား မသိဘူး၊ တကယ္ေတာ့ တကယ့္ကို ပြင့္ပြင့္လင္းလင္း ေျပာၾကဆိုၾကရမယ့္ အေျခအေနရွိတယ္လို႔ ဆရာထင္တယ္။

ဒါက ေဒၚလာေဆာင့္တက္ကတည္းက ေျပာရမယ့္ကိစၥေလ၊ ဗဟိုဘဏ္ ထြက္ေျပာတာကလည္း ပုံစံတစ္မ်ိဳး ထြက္ေျပာတာေလ၊ အဲ့ဒီဟာေတြအားလုံးက ကြင္းဆက္ေတြျဖစ္ေနတယ္၊ က်သြားျပန္ရင္လည္း ျမန္မာေငြ တန္ဖိုးတက္လာတာ သူတို႔လုပ္တဲ့ပုံစံေၾကာင့္ တက္လာတာလား ဟုတ္မွမဟုတ္တာ၊ အတြင္းျပႆနာ မဟုတ္ဘူး၊ အျပင္ျပႆနာေလ၊ အဲ့ဒီေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ ေပၚလစီေျပာင္းလဲမႈရယ္ ေနာက္တစ္ခါ တ႐ုတ္နဲ႔ အေမရိကန္တို႔ရဲ႕ အေနအထားေပၚမွာ အေျခခံၿပီးေတာ့ ျဖစ္တာေပါ့ေနာ္၊ လုပ္ငန္းရွင္ေတြက တကယ္တမ္းေတာ့ ႏိုင္ငံေတာ္အစိုးရနဲ႔ ပူးေပါင္းၿပီးေတာ့ ဘယ္လိုလုပ္ၾကမလဲဆိုတဲ့ မဟာဗ်ဴဟာေတြ ရွိဟန္မတူဘူးဗ်ာ ၾကည့္ရတာေလ၊ ရွိရင္ေတာ့ ဒါနည္းနည္းေလး သက္သာမယ္လို႔ ေအာက္ေမ့တယ္၊ သြင္းတဲ့သူေရာ ထုတ္တဲ့သူေရာ နည္းနည္းေလးမွ်ေအာင္ေပါ့ ခံႏိုင္ရည္ရွိေအာင္ လုပ္ၾကရမွာပါ။

Opinion Leaders Media ။     ။ ဒါဆိုရင္ အကုန္လုံး ျပန္ခ်ဳပ္လိုက္ရင္ ဒါတကယ္ကို ဒီလိုမ်ိဳး လႊတ္ေပးထားတာကို အစိုးရအေနနဲ႔ တစ္စိတ္တစ္ပိုင္းေလာက္ ဝင္ပါသင့္ေနၿပီေပါ့ေနာ္၊ အဲ့ဒီလိုမ်ိဳး ၿငိမ္ေအာင္ဆိုလို႔ ရွိရင္။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဝင္ပါသင့္တယ္ ဆိုတာထက္ကို ရွိတဲ့အေျခအေနေတြအားလုံး သူတို႔က သိတယ္၊ ဟုတ္တယ္ေနာ္၊ အားလုံးအတြက္ အမ်ိဳးသားစီးပြားေရး တစ္ခုလုံးအတြက္ အေဆာက္အအုံႀကီး တစ္ခုလုံးအတြက္ ဘာေတြလုပ္ဖို႔ စဥ္းစားေနတယ္။ဘယ္လိုျဖစ္သင့္တယ္ ဆိုတာကို ေရွ႕ထြက္ေျပာတဲ့ဟာရွိရင္ လူေတြ နည္းနည္းေလး စိတ္ေအးရမွာပါ။အခုေတာ့ အဲ့ဒီလိုေျပာတာမရွိေတာ့ ကိုယ့္ဟာနဲ႔ကိုယ္ အသံဖမ္း တရားနာေနရတာ။သူတို႔ ဘယ္လိုလုပ္သလဲ ေပၚလစီအရလည္း တိတိက်က်ေျပာထားတာ မဟုတ္ေတာ့ ဒီေပၚလစီကို သူတို႔တကယ္ကိုပဲ အစိုးရ ဝင္၏၊ မဝင္၏ မဟုတ္ဘဲနဲ႔ ဝင္မယ္ဆိုလည္း ဝင္မယ္။မဝင္ဘူးဆိုလည္း မဝင္ဘူး တိတိက်က်ေျပာရင္  ဒီဘက္က ကိုယ္ဟာနဲ႔ကိုယ္ adjust လုပ္လို႔ရတယ္။

ဆရာတို႔ ပုဂၢလိက စီးပြားေရးစနစ္ရဲ႕ အေျခခံသည္ အေျခအေနေတြကို ကိုက္ညီေအာင္ adapt လုပ္ရမယ့္ အေလ့အက်င့္က သူတို႔ဆီမွာရွိတယ္၊ သူတို႔က ေပၚလစီ မေျပာင္းဘူး ေျပာင္းရမယ္ဆိုတာကို သိပ္ၿပီး ေခါင္းထဲမထည့္ဘူး၊ သူတို႔သိခ်င္တာက ဘာလဲဆိုတာ ဘာေပၚလစီလဲဆိုတာ သူတို႔သိခ်င္တာ၊ ျပတ္သားတဲ့ ေပၚလစီ။အဲ့ဒီေပၚလစီကလည္း ခဏခဏမေျပာင္းတဲ့ ေပၚလစီ၊ နည္းနည္ၿငိမ္တဲ့ ေပၚလစီဆို သူတို႔လႈပ္ရွားလို႔ရတယ္၊ ဒီအတိုင္းႀကီးဆိုရင္ေတာ့ ေနာက္ ေျခာက္လ၊ တစ္ႏွစ္ အစိုးရေပၚလစီ ဒီလိုပဲျဖစ္ေနမယ္ဆိုရင္ တို႔ဘာလုပ္ၾကမလဲ တို႔အတြက္ အေကာင္းဆုံးျဖစ္ေအာင္ ဘယ္လိုလုပ္မလဲ ဆိုတာကို သူကလုပ္လို႔ရတယ္။

အခုေတာ့ သူတို႔က မေရမရာျဖစ္ေနေတာ့ သူတို႔ဘာလုပ္မလဲ ဘယ္လိုေျပာင္းမလဲ ဘယ္ေတာ့ေျပာင္းမလဲဆိုတာ မသိဘူး၊ ျဖစ္ၿပီးတာနဲ႔ ေျပာင္းပစ္လိုက္တာကိုး၊ ေျပာင္းတဲ့အခါမွာလည္း တိုင္တိုင္ပင္ပင္နဲ႔ ဘယ္လိုေျပာင္းမလဲ။သြင္းကုန္သမားေတြ အားလုံးေခၚ တကယ္တမ္းျဖစ္သင့္တာက ဒီလိုျဖစ္လာၿပီဆိုရင္ ျမန္မာေငြ တန္ဖိုးတက္လာၿပီဆိုရင္ ကဲဘာလုပ္ၾကမလဲ ဘာေၾကာင့္ျဖစ္ရတာလဲ အေၾကာင္းအရင္းေတြက ဘာလဲ ဒါေတြတိုင္ပင္ဖို႔ေကာင္းတယ္ေလ။policy making ေတြက ဆရာတို႔ေခၚေနတဲ့ stateholder ေတြေပါ့။ပါဝင္ပတ္သက္တဲ့သူေတြအားလုံး တိုင္ပင္ၿပီး ေဆြးေႏြးၿပီး ေပၚလစီခ်တာမ်ိဳးမဟုတ္ဘဲနဲ႔ ကိုယ့္ေခါင္းထဲရွိတာ လုပ္ေနတဲ့ပုံစံမ်ိဳး ျဖစ္ေနတာ၊။

Opinion Leaders Media ။     ။ ဟုတ္တယ္ဆရာ၊ အဲ့ဒီလိုႀကီးျဖစ္ေနတယ္၊ ဒီဟာဆိုလို႔ရွိရင္ မူဝါဒေတာ့ ျပတ္ျပတ္သားသား လိုလာၿပီေပါ့။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ လိုတယ္။လိုေတာ့ သူတို႔ရဲ႕ အဲ့ဒီေပၚလစီကို အသိေပးဖို႔လည္း လိုတယ္ေလ။ႏွစ္ကိုယ္ၾကား သိေနလို႔မရဘူး၊ လုပ္ရမယ့္သူေတြ ဘာလုပ္ရမလဲဆိုတာကိုသိမွ ဒါေတြအားလုံးက ကြင္းဆက္ေတြကို၊  ေနာက္တစ္ခါ ေငြအလဲအလွယ္လုပ္တဲ့သူေတြ၊ ဘဏ္ေတြ ဘဏ္ေတြသိသင့္တာေပါ့၊ ဘဏ္ေတြ သူတို႔မွာ ေရရွည္စီမံခ်က္ေတြ ခ်ရမွာေပါ့၊ ဒီလိုမရွိေတာ့ ေပၚလာတာေတြကို ဝင္ရွင္းေနရတာေလ၊ ေပၚလာတာကို ဝင္ရွင္းတဲ့အခါက်ေတာ့ စီးပြားေရးလုပ္ရတာဟာ တကယ္တမ္း ဆရာတို႔ စီးပြားေရးမွာ ေျပာတာကေတာ့ ေရရွည္ကို နည္းနည္းေလး ျမင္သာ႐ုံရွိၿပီးေတာ့ အာ႐ုံရွိၿပီးေတာ့လုပ္ရင္ ကိုယ္ကခံႏိုင္ရည္ရွိတယ္၊ အခုေတာ့ အားလုံးက မေရရာတာေတြမ်ားေတာ့ ေတာ္ေတာ္ခက္တာေပါ့၊ အဲ့ဒါျဖစ္ေနတာ။

Opinion Leaders Media ။     ။ ယခုလို အခ်ိန္ယူေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ဒီဇင္ဘာ - ၁၃