【 ပညာရှင်များ၏အမြင် 】“အထိမခံတဲ့ ဒီမိုကရေစီပြောင်းလဲမှုကို အနှောင့်အယှက်ဖြစ်မှာ စိတ်ပူတယ်”

【 ပညာရှင်များ၏အမြင် 】“အထိမခံတဲ့ ဒီမိုကရေစီပြောင်းလဲမှုကို အနှောင့်အယှက်ဖြစ်မှာ စိတ်ပူတယ်”

မကြာသေးခင်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲကင်းစခန်း လေးခုကို ရခိုင်လက်နက်ကိုင်အဖွဲ့(AA) က တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့၍ ရဲမှူးတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့ပါတယ်။ထိုသို့တိုက်ခိုက်ခဲ့မှုကြောင့် ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတကာဖိအားပေးနေသည့် ရခိုင်မြောက်ပိုင်းအရေးမှာ ပိုပြီးစိုးရိမ်စရာ ဖြစ်လာခဲ့သည်။ထိုအခြေအနေက ရခိုင်ဒေသ တည်ငြိမ်မှုရှိရန် လုပ်ဆောင်နေသည့် အစိုးရ၏ အစီအစဉ်၊ တန့်နေသည့် ပြည်တွင်းစီးပွားရေးအတွက် အလားအလာကောင်းတွေ ထွက်ပေါ်လာသည့်အပေါ် ထိခိုက်နိုင်မှု ရှိ/မရှိ ကို သမ္မတ၏ စီးပွားရေးအကြံပေးဖြစ်သူ စီးပွားရေးပညာရှင် ဆရာ ဒေါက်တာအောင်ထွန်းသက် ကို Opinion Leaders Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။ဆရာ ဒေါက်တာအောင်ထွန်းသက် ၏ ရှုမြင်သုံးသပ်သည့် ရှုမြင်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ရပါသည်။
(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders Media ။     ။  မကြာသေးခင်က နယ်စပ်ရဲစခန်းတွေကို AA က ဝင်တိုက်တဲ့အတွက် အခုလက်ရှိ ဆရာတို့လုပ်နေတဲ့ ရခိုင်တည်ငြိမ်ရေးအတွက် လုပ်နေတာတွေမှာ ဘယ်လောက်အထိ သွားထိခိုက်နိုင်သလဲ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ ပထမဆုံးပေါ့နော် ဒီလိုဖြစ်တဲ့ဟာက ဘယ်လိုမှမဖြစ်သင့်တဲ့ဟာ ဝမ်းနည်းစရာကောင်းတဲ့ဟာ ဆရာတို့ သေချာတယ်ပေါ့နော်။တကယ်ကို တခြားဟာတွေကို ပြောတာထက်ကို ဒဏ်ရာရတဲ့မိသားစု၊ ဆုံးသွားတဲ့မိသားစုအတွက်က တကယ့်ကိုဝမ်းနည်းစရာပဲ။ဒါပေမဲ့ အခုဖြစ်တာက ဖြစ်တဲ့နေ့ကလည်း ထူးထူးခြားခြားပေါ့နော် လွတ်လပ်ရေးနေ့ ဖြစ်တာ၊ ကိုယ့်တိုင်းရင်းသားလို့ သတ်မှတ်ထားတဲ့ အာရကန် AA  ပေ့ါလေ၊ အဲ့ဒီဟာကိုလုပ်တာဟာ ဒါကတော့ မဖြစ်သင့်ဆုံး ကိစ္စလေးတစ်ခုပေါ့။အဲ့ဒီတော့ အခု ဒီအထဲမှာ ဆရာတို့အနေနဲ့ မနေ့က သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ AA တင်မကဘဲနဲ့ အာဆာနဲ့ အဆက်အသွယ်ရှိတယ်လို့ ပြောလာတယ်လေ၊ အဲ့ဒါကပိုပြီးတော့တောင် စိုးရိမ်စရာပေါ့နော်။ဆရာတို့ တောက်လျှောက်ရှင်းနေရတာက ဘာသာရေးလှုပ်ရှားမှုတွေကြောင့်။ဒီ၂၀၁၆ တုန်းကလည်း နှစ်ကြိမ်တိုက်တယ်၊ ၂၀၁၇ မှာလည်း တစ်ကြိမ်ပေါ့နော်၊ ဒါတွေဟာ တိုင်းပြည်ကို တည်ငြိမ်မှုကို ထိပါးစေတယ်၊ ပိုပြီးဆိုးတာက တစ်ကမ္ဘာလုံးရဲ့ စွပ်စွဲခံရတာမျိုး ဖြစ်သွားတာပေါ့။

အဲ့ဒီတော့ ဘာသာရေးအရရော လူမှုရေးအရရော အဲ့ဒီတော့ အားလုံးဟာ ဆရာ့စိတ်ထဲတော့လေ အဓိက ကတော့ ဆရာတို့ အင်မတန်မှ အထိမခံတဲ့ ဒီမိုကရေစီပြောင်းလဲမှုကို အနှောင့်အယှက်ဖြစ်မှာ သိပ်စိတ်ပူတာပေါ့လေ။ဘာလို့လဲဆိုတော့ အခုဒါလုပ်နေရတာက ၂၀၁၆ မှာ ဖြစ်တာလေ၊ ရခိုင်မှာ ၂၀၁၂ တုန်းက တစ်ခါဖြစ်ခဲ့တယ်လေ၊ ပြီးတော့မှ ၂၀၁၆ ဖြစ်တယ်၊ ၂၀၁၇ ဖြစ်တယ်၊ ပြီးတော့မှ အခု ၂၀၁၉ ဖြစ်တယ်၊ ကြည့်လိုက်လို့ရှိရင် ၁၆ ရယ်၊ ၁၇ ရယ်၊ ၁၉ ရယ်ဆိုတော့ ဒါကြီးက ဆက်တိုက်လိုဖြစ်နေတာ၊ အင်မတန်မှ ကိုယ့်ဟာကိုယ် သတိထားရမယ့် ကိစ္စဖြစ်လာပြီ၊ တစ်ယောက်နဲ့ တစ်ယောက်လည်းပဲ နားလည်မှုရှိဖို့ လိုတာရယ်၊ ပြောဖို့ဆိုဖို့လိုတယ်လို့ အောက်မေ့တာပဲ။

Opinion Leaders Media ။     ။ နောက်တစ်ခုက မကြာခင်က ကညင်ချောင်းစက်မှုဇုန် SEZ တို့ ဘာတို့ လုပ်ဖို့အတွက် ပြင်ဆင်နေတာတွေ့တယ်၊ ဘင်္ဂလားဒေ့ရှ်ကို မြန်မာဘက်ကနေ ဆန်ပို့ဖို့ကို ပြန်ပြီးတော့ အစပျိုးနေတာလည်းရှိတယ်၊ နောက်တစ်ခါ ကျောက်ဖြူ SEZ ကလည်း တော်တော်လေး ခရီးရောက်တဲ့ အနေအထားမှာရှိတယ်၊ အဲ့ဒီတော့ ဒီလိုမျိုးတွေ ဖြစ်လာတဲ့အတွက်ကို AA ရဲ့ ခြိမ်းခြောက်မှု၊ ပြီးတော့ နောက်တစ်ခါ သူ့ရဲ့ အကျိုးဆက်က ဒီဟာတွေမှာ ဘယ်လောက်အထိ သွားသက်ရောက်နိုင်မလဲ ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒါပေ့ါ ဆရာတို့ ရခိုင်ကိစ္စမှာ အခြေခံကော်မတီ အများကြီးရှိတဲ့အထဲမှာပေါ့နော်၊ ကိုယ့်ဘက်က သုံးသပ်ကြည့်တာတော့ စီးပွားရေးအခြေခံတွေ အများကြီးပါတယ်၊ ရခိုင်ဒေသဟာ ဆရာတို့ ငယ်ငယ်တုန်းက နားလည်ခဲ့တာ ဦးနု လက်ထက် အပြီးမှာပေါ့လေ၊ ဆရာတို့ ကိုယ့်နိုင်ငံမှာ ဒီအကြီးဆုံး သင်္ဘောဆိပ်လို့ပြောရင် စစ်တွေနဲ့ မော်လမြိုင်ပေါ့၊ အဲ့ဒီတုန်းက ရန်ကုန်ဆိုတာ မရှိကိုမရှိသေးဘူး၊ ဆန်ထွက်တာလည်း ရခိုင်က ဆန်ထွက်အများဆုံး။တစ်နိုင်ငံလုံးမှာ အရှေ့ဆုံးကပေါ့နော်၊ အဲ့ဒီလိုဖြစ်တဲ့ ဒေသတွေဟာ အခုလက်ရှိအချိန်မှာ ဖွံ့ဖြိုးမှုနောက်အကျဆုံး၊ ဒုတိယနောက်အကျဆုံး ဒေသတစ်ခုဖြစ်လာတာ အင်မတန်ဝမ်းနည်းဖို့ကောင်းတယ်ပေါ့နော်။

အဲ့ဒီတော့ သယံဇာတပစ္စည်း ရေမြေသဘာဝအနေနဲ့ ကြည့်လိုက်ပြန်ရင်လည်း ဘယ်လိုမှ ဒီလိုဖြစ်စရာအကြောင်းမရှိဘူး၊ အဲ့ဒါတွေ ဘာကြောင့်ဒီလိုဖြစ်ရသလဲလို့ပြောရင် ဆင်းရဲနွမ်းပါးမှုများတဲ့ ကိစ္စပေါ့လေ၊ ဆင်းရဲမှုများလာတဲ့အခါကျတော့ အဲ့ဒီမှာတူတူနေကြတုန်းက နေကြတဲ့သူတွေ ဆင်းရဲနွမ်းပါးမှုကနေ အခြေခံတဲ့ တစ်ဖက်နိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ အခြေချလာတဲ့ အချိန်ကနေစပြီး ဒီပြဿနာတွေပေါ်လာတာပေါ့။ ဆိုလိုတာကတော့ အဲ့ဒီပြဿနာတွေ ဖြေရှင်းဖို့ဆိုရင် ခုနပြောတဲ့ ကျောက်ဖြူတို့၊ ခုနပြောတဲ့ပုံစံတွေ အမျိုးမျိုးကြိုးစားတာပေါ့လေ။ဒီကညင်ချောင်းက ကိုယ်ကိုယ်တိုင်လည်း လုပ်နေတာ၊ တကယ်တမ်းဆိုရင် ဘာပဲဖြစ်ဖြစ် ဆရာတို့ ဘင်္ဂလားဒေ့ရှ်နဲ့ ကိုယ်နဲ့ နယ်စပ်ကုန်သွယ်ရေးဟာ အားလုံးအတွက် နှစ်ဦးနှစ်ဘက်အတွက် အဆင်ပြေတယ်လေ၊ အဲ့ဒါမျိုးလုပ်နေတဲ့အချိန်မှာ ဒီလိုကြီးဖြစ်တာဟာ အင်မတန်မှ စိတ်ပူစရာပဲလေ။

ပြီးတော့ ရခိုင်မှာလည်း သိတဲ့အတိုင်းပဲ၊ မြန်မာပြည်မှာ နာမည်အကြီးဆုံး ပင်လယ်ကမ်းခြေစခန်းဟာ ငပလီမှာရှိတာ၊ နောက်တစ်ခါ ပုဂံနဲ့ယှဉ်လို့ရတဲ့ မြောက်ဦးရှိတာလေ၊ အဲ့ဒီတော့ ကမ္ဘာလှည့်ခရီးသည်ကို စွဲဆောင်ဖို့ဆိုရင် အကောင်းဆုံး နေရာတစ်ခုလည်း ဖြစ်တာ။နောက်တစ်ခါ ငါး၊ ပုစွန် ပင်လယ်စာထုတ်လုပ်နိုင်တဲ့ နေရာကြီးကရှိတယ်၊ အဲဒီတော့ ဒီလောက်တောင် အခြေအနေကောင်းတဲ့ဟာက ဒီလိုဖြစ်သွားတဲ့ ကိစ္စကြီးဟာ ဒါ ဆရာတို့ရဲ့ စီးပွားရေးအခြေခံတစ်ခုပဲလေ။အဲ့ဒီတော့ ဆရာတို့ စီးပွားရေးတိုးတက်အောင် ဘယ်လိုလုပ်ကြမလဲ ဝိုင်းစဉ်းစားနေကြရတာပေါ့လေ။အဲ့ဒီလိုရှိတဲ့အခါကျတော့ ခုနဖြစ်တဲ့ဟာ အခု မွတ်စလင်ဘင်္ဂါလီ ဖြစ်တာတွေကလည်း တစ်ခု၊ နောက်တစ်ခုက ဆရာတို့အနေနဲ့ အသိအမှတ်ပြုဖို့လိုတာလည်း ရခိုင်လူမျိုးတွေရဲ့ သဘောထားတွေပေ့ါနော်၊ သူတို့ကလည်း ကိုယ့်မြင်တဲ့အမြင် နှစ်တွေကြာပြီလေ။သူတို့ရဲ့ အနေအထားကလည်း ကိုယ်သိဖို့လိုတယ်၊ အဲ့ဒီတော့ အားလုံးပေါ့လေ၊ Social Conclusion ပေါ့။

လူမျိုးများအားလုံး သင့်သင့်မြတ်မြတ်နေနိုင်အောင် ဘယ်လိုဖန်တီးရမလဲပေါ့၊ ဒီအထဲမှာလည်း ရခိုင်မှာ ဆရာတို့ Camp တွေက အခက်အခဲတစ်ခုရှိနေတာက ဒီအုပ်ချုပ်ရေးယန္တရားကလည်းပဲ ဆရာတို့ လိုချင်တဲ့ပုံစံ မဟုတ်သေးဘူးလေ။အဲ့ဒီတော့ လွှတ်တော်တွေ၊ နောက်တစ်ခါ အစိုးရကလည်း ပြည်နယ်အစိုးရနဲ့ လွှတ်တော်ကလည်း ပါတီမတူတဲ့ အဖွဲ့လေ။အဲဒီလိုဖြစ်တော့ ဒါတွေအားလုံးက ရှုပ်ထွေးမှုရှိတာပေါ့လေ၊ နောက်တစ်ခုက ဆရာထင်တာပေါ့နော်၊ ဒီရခိုင်ကိစ္စသည် ၁၉၄၈ အရ ဖြစ်နေတဲ့ ကိစ္စလေ။အကြောင်းကြောင်းကြောင့် လုပ်သင့်တာမလုပ်ခဲ့သလို မလုပ်သင့်တာလုပ်ခဲ့တာလည်း တောက်လျှောက်ရှိခဲ့တာလည်း ဆရာတို့ စဉ်းစားလို့ရတယ်၊ မနေ့ကဖြစ်တဲ့ကိစ္စမျိုး နှစ်တွေအကြာကြီးကတည်းက ဖြစ်တဲ့ကိစ္စ။

အဲ့ဒီတော့ ဟိုအားလုံးက လက်ဆင့်ကမ်းလာတဲ့ ကိစ္စကြီးက အခုနောက်ဆုံး လက်ရှိ ဒီမိုကရေစီအစိုးရမှာ သွားပြီးအမွေကျန်ခဲ့သလို ဖြစ်နေတာပေါ့။ဖြေရှင်းရမှာတော့ အများကြီးပဲလေ၊ အဲ့ဒီတော့ လူမှုရေး၊ စီးပွားရေး။နောက်တစ်ခါ ဆရာတို့အနေနဲ့ ကိုယ့်နိုင်ငံအတွက် အရေးကြီးတာ၊ နယ်စပ်ဒေသ ဖြစ်နေတယ်။အခုဆိုရင် အမေရိကမှာ ဒီ border နဲ့ ပတ်သက်လို့ နိုင်ငံတွေစောင့်တယ် ဘာညာပြဿနာတွေရှိတာ။ဆရာတို့ဆီမှာက လွယ်လွယ်ကူကူ သွားလို့ရတဲ့နေရာကြီး ဖြစ်နေတယ်။အဲ့ဒါလည်း အခုဖြစ်နေတယ်၊ နောက်တစ်ချက်က မူးယစ်ဆေးဝါး ကိစ္စကလည်း အဲ့ဒီမှာအင်မတန်မှ လမ်းကြောင်းကြီး ဖြစ်နေတယ်၊ ဒါတွေအားလုံးပေါင်းလိုက်ရင် အင်မတန်မှ စိန်ခေါ်မှုအများဆုံးဒေသ ဖြစ်နေတာ။

အဲ့ဒါကို ဆရာထင်တယ်၊ အားလုံးကလေ ညီညီညွတ်ညွတ်နဲ့ ဖြေရှင်းမှ ရမယ်လို့ အောက်မေ့တယ်၊ တစ်ဖက်တည်း စဉ်းစားလို့မရဘူး။ဘက်စုံစဉ်းစားမှရမယ်၊ လူမှုရေး နောက်တစ်ခါ လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေး၊ နောက်တစ်ခါ လုံခြုံရေး နိုင်ငံရေး ဒါတွေအားလုံးက ပါနေတာပေါ့လေ၊ အဲ့ဒါတွေအားလုံး ဖြေရှင်းဖို့ဆိုရင်တော့ ဆရာထင်တယ်၊ စိတ်ရှည်ဖို့ လိုလိမ့်မယ်၊ တစ်ယောက်နဲ့ တစ်ယောက်လည်း နားလည်မှုပေးဖို့လည်း လိုလိမ့်မယ်လို့ အောက်မေ့တာ။

Opinion Leaders Media ။     ။ အခု ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကလည်း ပြီးသွားပြီဆိုတော့ ဒီထဲကို ဘင်္ဂါလီတွေ ပြန်ဝင်ဖို့အတွက်ကို သူတို့က ရွေးကောက်ပွဲပြီးမှလို့ ပြောထားတာရှိတယ်၊ နောက်တစ်ခုက မြန်မာ နိုင်ငံခြားရေးအတွင်းဝန်က ဘင်္ဂလားဒေ့ရှ် သံအမတ်ကို ဒီနေ့ပဲခေါ်တွေ့ပြီးတော့ ပြန်ဝင်ဖို့ကိစ္စတွေ ညှိတာတွေ တွေ့တယ် ဆရာ။အဲ့ဒီတော့ အခုတိုက်ခိုက်မှုက အဲ့ဒီဝင်လာတဲ့အပေါ်မှာ နှောင့်နှေးမှုတွေ ဖြစ်လာမလား၊ ဒီအပေါ်မှာ မူတည်ပြီးတော့ နိုင်ငံတကာမှာ ရိုက်တာမှာ ဖော်ပြထားတာရှိတယ်၊ ဒီလိုမျိုး effect တွေက ပြန်ဝင်လာတဲ့အပေါ်မှာ ဘယ်လိုမျိုး သွားသက်ရောက်နိုင်မလဲ။အရင်လိုပဲ ဟိုဘက်က မလှိမ့်တပတ်လုပ်ပြီးတော့ ဆက်ဆွဲထားပြီး နိုင်ငံတကာ ဖိအားတွေဖြစ်အောင် လုပ်နိုင်သေးလား ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ အခုက ဟိုပေါ့လေ နဂိုကတည်းကရှုပ်တဲ့ ပြဿနာကြီးဟာ ပိုပြီးရှုပ်ထွေးလာတာပေါ့လေ၊ ဟုတ်တယ်နော်၊ နဂိုကတည်းကမှ ဟို ဆရာတို့ ARSA နဲ့ကို ကိုယ့်မှာနေထိုင်နေရတယ်၊ နပမ်းလုံးနေရတယ်၊ အခု AA ဆိုတာ အရင်တုန်းက အခြေအနေက တစ်မျိုးလေ၊ အခုအခြေအနေက တစ်မျိုးဖြစ်လာတော့ ဒါပိုပြီးဘက်စုံဖြစ်လာတဲ့ အနေအထားပေါ့။အဲ့ဒီတော့ အဲ့ဒီဟာကိုလည်း ဆရာထင်တယ် နိုင်ငံတကာ ဇာတ်ခုံမှာလည်း ကိုယ်က ကောင်းကောင်းကနိုင်ဖို့ လိုတယ်လေ၊ အဲ့ဒီတော့ ကိုယ့်ကိုဖိအားပေးတာကလည်း ပုံစံတွေအမျိုးမျိုးနဲ့။ဖိအားပေးတာတွေကလည်း ကိုယ့်နိုင်ငံရဲ့ အကျိုးဆိုတာထက်ကို သူတို့အကျိုးကို ကြည့်တာပေါ့လေ။

အဲ့ဒီတော့ အဲ့ဒီမှာ ဆရာထင်တယ် ဒီအချိန်မှာဆိုရင်တော့ အရေးကြီးသွေးနှီးဖို့ လိုလိမ့်မယ်လို့ အောက်မေ့တာပေါ့လေ၊ အားလုံးက တိုင်းပြည်အတွက် ဒါ အင်မတန်မှ အရေးကြီးတဲ့ အခြေအနေတစ်ခု ဖြစ်လာပြီ၊ ဒီလိုဖြစ်တဲ့ အခြေအနေကို အားလုံးက တကယ့်ကို အမြင်နည်းနည်းကြီးဖို့တော့ လိုလိမ့်မယ်လို့ ဆရာထင်တယ်၊ အမြင်ကျဉ်းကျဉ်းလေးနဲ့ ကိုယ်လိုချင်တဲ့ ပုံစံတစ်ခုလေး ရလို့ မရလို့ ဆိုတာနဲ့ ပြောနေရင်တော့ အဖြေက ရမှာမဟုတ်တော့ဘူးလေ၊ အဲ့ဒီတော့ ဒါလေး ဆရာမျှော်လင့်တာပေါ့လေ အဆိုးထဲက အကောင်းပေါ့၊ ဒီလိုဖြစ်လာတာကို တို့ဘယ်လိုဝိုင်းရှင်းကြမလဲ။

မနေ့ကနေ စပြီးလုပ်တဲ့ အစည်းအဝေးကနေတစ်ဆင့် တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးနားလည်မှုရှိလာတယ်၊ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးအပေးအယူရှိလာတယ်၊ တူတူညီညီ ဝိုင်းဖြေရှင်းရမယ့် ကိစ္စပေါ့လေ၊ တစ်ဖက်တည်းကလည်း တစ်ဖွဲ့တည်းကပဲ လုပ်လို့ရတဲ့ ကိစ္စတော့မဟုတ်ဘူး၊ ဆရာတို့ ကိုယ်သန်တဲ့နည်းလမ်းကို လုပ်နေတယ်ဆိုပေမယ့် integrate ပေါ့လေ၊ ဘက်စုံထောင့်စုံကနေ ကြည့်ရမယ့် ပြဿနာကြီးကို ရှုထောင့်တစ်ခုတည်းက ကြည့်နေရင်တော့ ဆရာထင်တယ် မရဘူး၊ ဒီကိစ္စသည် အားလုံးနဲ့ဆိုင်တဲ့ ကိစ္စလေ၊ နိုင်ငံရေးလည်းပါတယ် လုံခြုံရေးလည်းပါတယ်၊ စီးပွားရေးလည်းပါတယ်၊ လူမှုရေးလည်းပါတယ်၊ ဘာသာရေးလည်းပါတယ် အဲ့ဒီတော့ ဒါတွေကလည်း အခု မနေ့တစ်နေ့ကဖြစ်လာတဲ့ ကိစ္စမဟုတ်ဘူး၊ အနောက်နိုင်ငံတွေက ပြောနေတဲ့ အဖြေကို solution ပေါ့လေ၊ ဒီအဖြေကြီးက လွယ်တယ်ဆိုလို့ ပြောလို့မှ မရတဲ့ဟာကိုလေ၊ တကယ့်ကို complex ပေါ့လေ၊ difficult မဟုတ်ဘူး၊ သူက ရှုပ်ထွေးတဲ့ပြဿနာကြီး၊ အဲ့ဒီတော့ ဘက်ပေါင်းစုံ အချက်အလက် အများကြီးဖြစ်နေတော့ အဲ့ဒီအချက်အလက်တွေ အားလုံးကို တစ်စချင်းထုတ်နိုင်အောင်တော့ ဆရာထင်တယ် ကြိုးစားရလိမ့်မယ်လို့ အောက်မေ့တာပဲ။

Opinion Leaders Media ။     ။ ဒါဆိုရင် ဆရာ ဒီဟာအကုန်လုံး ခြုံလိုက်ရင်တော့ ဒါကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ အကုန်လုံးက ညီညီညွတ်ညွတ် လုပ်နိုင်ရင်တော့ ဒီဟာကို ကျော်လွှားနိုင်မယ့် အနေအထားပေါ့နော်။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာတို့ အမြဲပြောတယ်ကွယ်၊ crisis ဖြစ်လာရင် အဲ့ဒီ crisis က ကိုယ့် အတွက် opportunity ပဲလေ၊ ဟုတ်တယ်မဟုတ်လား၊ ဒီအခက်အခဲဖြစ်လာတာကို အခက်အခဲလို့ စဉ်းစားတာမျိုး မဟုတ်ဘဲနဲ့ ဥပမာ မိသားစုတစ်ခုမှာကွယ် လူတစ်ယောက် နေမကောင်းဖြစ်တယ်၊ crisis ဖြစ်တယ်။အဲ့ဒီလို တကယ့်ကို နေမကောင်းဖြစ်တာကို မိသားစုအားလုံးဝိုင်းပြီး နွေးနွေးထွေးထွေးလုပ်လို့ရှိရင် မိသားစုတစ်ခုလုံးအတွက် အမြတ်တစ်ခုပဲလေ၊ အဲ့ဒီလိုပဲ ဆရာတို့ အခုဖြစ်တဲ့ကိစ္စမှာလည်း အားလုံးက နားလည်မှုရှိလာရင် အရင်တုန်းက တစ်ယောက်နဲ့ တစ်ယောက် အမြင်စောင်းတာတောင် ဖြေရှင်းနိုင်မယ်လို့ အောက်မေ့တာပဲလေ၊ ကိုယ်ကတော့ အမြဲတမ်း အကောင်းမြင်ကြည့်တဲ့သူပဲလေကွယ်နော်။

Opinion Leaders Media  ။        ။ အခုလိုဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

( Zawgyi )

မၾကာေသးခင္က ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ နယ္ျခားေစာင့္ရဲကင္းစခန္း ေလးခုကို ရခိုင္လက္နက္ကိုင္အဖြဲ႕(AA) က တစ္ၿပိဳင္တည္း ဝင္ေရာက္တိုက္ခိုက္ခဲ့၍ ရဲမႉးတစ္ဦး အပါအဝင္ ရဲတပ္ဖြဲ႕ဝင္ ၁၃ ဦး က်ဆုံးခဲ့ပါတယ္။ထိုသို႔တိုက္ခိုက္ခဲ့မႈေၾကာင့္ ARSA အၾကမ္းဖက္အဖြဲ႕၏ တိုက္ခိုက္မႈေၾကာင့္ ျဖစ္ေပၚလာသည့္ ႏိုင္ငံတကာဖိအားေပးေနသည့္ ရခိုင္ေျမာက္ပိုင္းအေရးမွာ ပိုၿပီးစိုးရိမ္စရာ ျဖစ္လာခဲ့သည္။ထိုအေျခအေနက ရခိုင္ေဒသ တည္ၿငိမ္မႈရွိရန္ လုပ္ေဆာင္ေနသည့္ အစိုးရ၏ အစီအစဥ္၊ တန႔္ေနသည့္ ျပည္တြင္းစီးပြားေရးအတြက္ အလားအလာေကာင္းေတြ ထြက္ေပၚလာသည့္အေပၚ ထိခိုက္ႏိုင္မႈ ရွိ/မရွိ ကို သမၼတ၏ စီးပြားေရးအႀကံေပးျဖစ္သူ စီးပြားေရးပညာရွင္ ဆရာ ေဒါက္တာေအာင္ထြန္းသက္ ကို Opinion Leaders Media မွ ဆက္သြယ္ေမးျမန္းခဲ့ပါသည္။ဆရာ ေဒါက္တာေအာင္ထြန္းသက္ ၏ ရႈျမင္သုံးသပ္သည့္ ရႈျမင္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ရပါသည္။
(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders Media ။     ။  မၾကာေသးခင္က နယ္စပ္ရဲစခန္းေတြကို AA က ဝင္တိုက္တဲ့အတြက္ အခုလက္ရွိ ဆရာတို႔လုပ္ေနတဲ့ ရခိုင္တည္ၿငိမ္ေရးအတြက္ လုပ္ေနတာေတြမွာ ဘယ္ေလာက္အထိ သြားထိခိုက္ႏိုင္သလဲ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ ပထမဆုံးေပါ့ေနာ္ ဒီလိုျဖစ္တဲ့ဟာက ဘယ္လိုမွမျဖစ္သင့္တဲ့ဟာ ဝမ္းနည္းစရာေကာင္းတဲ့ဟာ ဆရာတို႔ ေသခ်ာတယ္ေပါ့ေနာ္။တကယ္ကို တျခားဟာေတြကို ေျပာတာထက္ကို ဒဏ္ရာရတဲ့မိသားစု၊ ဆုံးသြားတဲ့မိသားစုအတြက္က တကယ့္ကိုဝမ္းနည္းစရာပဲ။ဒါေပမဲ့ အခုျဖစ္တာက ျဖစ္တဲ့ေန႔ကလည္း ထူးထူးျခားျခားေပါ့ေနာ္ လြတ္လပ္ေရးေန႔ ျဖစ္တာ၊ ကိုယ့္တိုင္းရင္းသားလို႔ သတ္မွတ္ထားတဲ့ အာရကန္ AA  ေပ့ါေလ၊ အဲ့ဒီဟာကိုလုပ္တာဟာ ဒါကေတာ့ မျဖစ္သင့္ဆုံး ကိစၥေလးတစ္ခုေပါ့။အဲ့ဒီေတာ့ အခု ဒီအထဲမွာ ဆရာတို႔အေနနဲ႔ မေန႔က သမၼတ႐ုံးသတင္းစာရွင္းလင္းပြဲမွာ AA တင္မကဘဲနဲ႔ အာဆာနဲ႔ အဆက္အသြယ္ရွိတယ္လို႔ ေျပာလာတယ္ေလ၊ အဲ့ဒါကပိုၿပီးေတာ့ေတာင္ စိုးရိမ္စရာေပါ့ေနာ္။ဆရာတို႔ ေတာက္ေလွ်ာက္ရွင္းေနရတာက ဘာသာေရးလႈပ္ရွားမႈေတြေၾကာင့္။ဒီ၂၀၁၆ တုန္းကလည္း ႏွစ္ႀကိမ္တိုက္တယ္၊ ၂၀၁၇ မွာလည္း တစ္ႀကိမ္ေပါ့ေနာ္၊ ဒါေတြဟာ တိုင္းျပည္ကို တည္ၿငိမ္မႈကို ထိပါးေစတယ္၊ ပိုၿပီးဆိုးတာက တစ္ကမာၻလုံးရဲ႕ စြပ္စြဲခံရတာမ်ိဳး ျဖစ္သြားတာေပါ့။

အဲ့ဒီေတာ့ ဘာသာေရးအရေရာ လူမႈေရးအရေရာ အဲ့ဒီေတာ့ အားလုံးဟာ ဆရာ့စိတ္ထဲေတာ့ေလ အဓိက ကေတာ့ ဆရာတို႔ အင္မတန္မွ အထိမခံတဲ့ ဒီမိုကေရစီေျပာင္းလဲမႈကို အေႏွာင့္အယွက္ျဖစ္မွာ သိပ္စိတ္ပူတာေပါ့ေလ။ဘာလို႔လဲဆိုေတာ့ အခုဒါလုပ္ေနရတာက ၂၀၁၆ မွာ ျဖစ္တာေလ၊ ရခိုင္မွာ ၂၀၁၂ တုန္းက တစ္ခါျဖစ္ခဲ့တယ္ေလ၊ ၿပီးေတာ့မွ ၂၀၁၆ ျဖစ္တယ္၊ ၂၀၁၇ ျဖစ္တယ္၊ ၿပီးေတာ့မွ အခု ၂၀၁၉ ျဖစ္တယ္၊ ၾကည့္လိုက္လို႔ရွိရင္ ၁၆ ရယ္၊ ၁၇ ရယ္၊ ၁၉ ရယ္ဆိုေတာ့ ဒါႀကီးက ဆက္တိုက္လိုျဖစ္ေနတာ၊ အင္မတန္မွ ကိုယ့္ဟာကိုယ္ သတိထားရမယ့္ ကိစၥျဖစ္လာၿပီ၊ တစ္ေယာက္နဲ႔ တစ္ေယာက္လည္းပဲ နားလည္မႈရွိဖို႔ လိုတာရယ္၊ ေျပာဖို႔ဆိုဖို႔လိုတယ္လို႔ ေအာက္ေမ့တာပဲ။

Opinion Leaders Media ။     ။ ေနာက္တစ္ခုက မၾကာခင္က ကညင္ေခ်ာင္းစက္မႈဇုန္ SEZ တို႔ ဘာတို႔ လုပ္ဖို႔အတြက္ ျပင္ဆင္ေနတာေတြ႕တယ္၊ ဘဂၤလားေဒ့ရွ္ကို ျမန္မာဘက္ကေန ဆန္ပို႔ဖို႔ကို ျပန္ၿပီးေတာ့ အစပ်ိဳးေနတာလည္းရွိတယ္၊ ေနာက္တစ္ခါ ေက်ာက္ျဖဴ SEZ ကလည္း ေတာ္ေတာ္ေလး ခရီးေရာက္တဲ့ အေနအထားမွာရွိတယ္၊ အဲ့ဒီေတာ့ ဒီလိုမ်ိဳးေတြ ျဖစ္လာတဲ့အတြက္ကို AA ရဲ႕ ၿခိမ္းေျခာက္မႈ၊ ၿပီးေတာ့ ေနာက္တစ္ခါ သူ႔ရဲ႕ အက်ိဳးဆက္က ဒီဟာေတြမွာ ဘယ္ေလာက္အထိ သြားသက္ေရာက္ႏိုင္မလဲ ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒါေပ့ါ ဆရာတို႔ ရခိုင္ကိစၥမွာ အေျခခံေကာ္မတီ အမ်ားႀကီးရွိတဲ့အထဲမွာေပါ့ေနာ္၊ ကိုယ့္ဘက္က သုံးသပ္ၾကည့္တာေတာ့ စီးပြားေရးအေျခခံေတြ အမ်ားႀကီးပါတယ္၊ ရခိုင္ေဒသဟာ ဆရာတို႔ ငယ္ငယ္တုန္းက နားလည္ခဲ့တာ ဦးႏု လက္ထက္ အၿပီးမွာေပါ့ေလ၊ ဆရာတို႔ ကိုယ့္ႏိုင္ငံမွာ ဒီအႀကီးဆုံး သေဘၤာဆိပ္လို႔ေျပာရင္ စစ္ေတြနဲ႔ ေမာ္လၿမိဳင္ေပါ့၊ အဲ့ဒီတုန္းက ရန္ကုန္ဆိုတာ မရွိကိုမရွိေသးဘူး၊ ဆန္ထြက္တာလည္း ရခိုင္က ဆန္ထြက္အမ်ားဆုံး။တစ္ႏိုင္ငံလုံးမွာ အေရွ႕ဆုံးကေပါ့ေနာ္၊ အဲ့ဒီလိုျဖစ္တဲ့ ေဒသေတြဟာ အခုလက္ရွိအခ်ိန္မွာ ဖြံ႕ၿဖိဳးမႈေနာက္အက်ဆုံး၊ ဒုတိယေနာက္အက်ဆုံး ေဒသတစ္ခုျဖစ္လာတာ အင္မတန္ဝမ္းနည္းဖို႔ေကာင္းတယ္ေပါ့ေနာ္။

အဲ့ဒီေတာ့ သယံဇာတပစၥည္း ေရေျမသဘာဝအေနနဲ႔ ၾကည့္လိုက္ျပန္ရင္လည္း ဘယ္လိုမွ ဒီလိုျဖစ္စရာအေၾကာင္းမရွိဘူး၊ အဲ့ဒါေတြ ဘာေၾကာင့္ဒီလိုျဖစ္ရသလဲလို႔ေျပာရင္ ဆင္းရဲႏြမ္းပါးမႈမ်ားတဲ့ ကိစၥေပါ့ေလ၊ ဆင္းရဲမႈမ်ားလာတဲ့အခါက်ေတာ့ အဲ့ဒီမွာတူတူေနၾကတုန္းက ေနၾကတဲ့သူေတြ ဆင္းရဲႏြမ္းပါးမႈကေန အေျခခံတဲ့ တစ္ဖက္ႏိုင္ငံက ေ႐ႊ႕ေျပာင္းလုပ္သားေတြ အေျခခ်လာတဲ့ အခ်ိန္ကေနစၿပီး ဒီျပႆနာေတြေပၚလာတာေပါ့။ ဆိုလိုတာကေတာ့ အဲ့ဒီျပႆနာေတြ ေျဖရွင္းဖို႔ဆိုရင္ ခုနေျပာတဲ့ ေက်ာက္ျဖဴတို႔၊ ခုနေျပာတဲ့ပုံစံေတြ အမ်ိဳးမ်ိဳးႀကိဳးစားတာေပါ့ေလ။ဒီကညင္ေခ်ာင္းက ကိုယ္ကိုယ္တိုင္လည္း လုပ္ေနတာ၊ တကယ္တမ္းဆိုရင္ ဘာပဲျဖစ္ျဖစ္ ဆရာတို႔ ဘဂၤလားေဒ့ရွ္နဲ႔ ကိုယ္နဲ႔ နယ္စပ္ကုန္သြယ္ေရးဟာ အားလုံးအတြက္ ႏွစ္ဦးႏွစ္ဘက္အတြက္ အဆင္ေျပတယ္ေလ၊ အဲ့ဒါမ်ိဳးလုပ္ေနတဲ့အခ်ိန္မွာ ဒီလိုႀကီးျဖစ္တာဟာ အင္မတန္မွ စိတ္ပူစရာပဲေလ။

ၿပီးေတာ့ ရခိုင္မွာလည္း သိတဲ့အတိုင္းပဲ၊ ျမန္မာျပည္မွာ နာမည္အႀကီးဆုံး ပင္လယ္ကမ္းေျခစခန္းဟာ ငပလီမွာရွိတာ၊ ေနာက္တစ္ခါ ပုဂံနဲ႔ယွဥ္လို႔ရတဲ့ ေျမာက္ဦးရွိတာေလ၊ အဲ့ဒီေတာ့ ကမာၻလွည့္ခရီးသည္ကို စြဲေဆာင္ဖို႔ဆိုရင္ အေကာင္းဆုံး ေနရာတစ္ခုလည္း ျဖစ္တာ။ေနာက္တစ္ခါ ငါး၊ ပုစြန္ ပင္လယ္စာထုတ္လုပ္ႏိုင္တဲ့ ေနရာႀကီးကရွိတယ္၊ အဲဒီေတာ့ ဒီေလာက္ေတာင္ အေျခအေနေကာင္းတဲ့ဟာက ဒီလိုျဖစ္သြားတဲ့ ကိစၥႀကီးဟာ ဒါ ဆရာတို႔ရဲ႕ စီးပြားေရးအေျခခံတစ္ခုပဲေလ။အဲ့ဒီေတာ့ ဆရာတို႔ စီးပြားေရးတိုးတက္ေအာင္ ဘယ္လိုလုပ္ၾကမလဲ ဝိုင္းစဥ္းစားေနၾကရတာေပါ့ေလ။အဲ့ဒီလိုရွိတဲ့အခါက်ေတာ့ ခုနျဖစ္တဲ့ဟာ အခု မြတ္စလင္ဘဂၤါလီ ျဖစ္တာေတြကလည္း တစ္ခု၊ ေနာက္တစ္ခုက ဆရာတို႔အေနနဲ႔ အသိအမွတ္ျပဳဖို႔လိုတာလည္း ရခိုင္လူမ်ိဳးေတြရဲ႕ သေဘာထားေတြေပ့ါေနာ္၊ သူတို႔ကလည္း ကိုယ့္ျမင္တဲ့အျမင္ ႏွစ္ေတြၾကာၿပီေလ။သူတို႔ရဲ႕ အေနအထားကလည္း ကိုယ္သိဖို႔လိုတယ္၊ အဲ့ဒီေတာ့ အားလုံးေပါ့ေလ၊ Social Conclusion ေပါ့။

လူမ်ိဳးမ်ားအားလုံး သင့္သင့္ျမတ္ျမတ္ေနႏိုင္ေအာင္ ဘယ္လိုဖန္တီးရမလဲေပါ့၊ ဒီအထဲမွာလည္း ရခိုင္မွာ ဆရာတို႔ Camp ေတြက အခက္အခဲတစ္ခုရွိေနတာက ဒီအုပ္ခ်ဳပ္ေရးယႏၲရားကလည္းပဲ ဆရာတို႔ လိုခ်င္တဲ့ပုံစံ မဟုတ္ေသးဘူးေလ။အဲ့ဒီေတာ့ လႊတ္ေတာ္ေတြ၊ ေနာက္တစ္ခါ အစိုးရကလည္း ျပည္နယ္အစိုးရနဲ႔ လႊတ္ေတာ္ကလည္း ပါတီမတူတဲ့ အဖြဲ႕ေလ။အဲဒီလိုျဖစ္ေတာ့ ဒါေတြအားလုံးက ရႈပ္ေထြးမႈရွိတာေပါ့ေလ၊ ေနာက္တစ္ခုက ဆရာထင္တာေပါ့ေနာ္၊ ဒီရခိုင္ကိစၥသည္ ၁၉၄၈ အရ ျဖစ္ေနတဲ့ ကိစၥေလ။အေၾကာင္းေၾကာင္းေၾကာင့္ လုပ္သင့္တာမလုပ္ခဲ့သလို မလုပ္သင့္တာလုပ္ခဲ့တာလည္း ေတာက္ေလွ်ာက္ရွိခဲ့တာလည္း ဆရာတို႔ စဥ္းစားလို႔ရတယ္၊ မေန႔ကျဖစ္တဲ့ကိစၥမ်ိဳး ႏွစ္ေတြအၾကာႀကီးကတည္းက ျဖစ္တဲ့ကိစၥ။

အဲ့ဒီေတာ့ ဟိုအားလုံးက လက္ဆင့္ကမ္းလာတဲ့ ကိစၥႀကီးက အခုေနာက္ဆုံး လက္ရွိ ဒီမိုကေရစီအစိုးရမွာ သြားၿပီးအေမြက်န္ခဲ့သလို ျဖစ္ေနတာေပါ့။ေျဖရွင္းရမွာေတာ့ အမ်ားႀကီးပဲေလ၊ အဲ့ဒီေတာ့ လူမႈေရး၊ စီးပြားေရး။ေနာက္တစ္ခါ ဆရာတို႔အေနနဲ႔ ကိုယ့္ႏိုင္ငံအတြက္ အေရးႀကီးတာ၊ နယ္စပ္ေဒသ ျဖစ္ေနတယ္။အခုဆိုရင္ အေမရိကမွာ ဒီ border နဲ႔ ပတ္သက္လို႔ ႏိုင္ငံေတြေစာင့္တယ္ ဘာညာျပႆနာေတြရွိတာ။ဆရာတို႔ဆီမွာက လြယ္လြယ္ကူကူ သြားလို႔ရတဲ့ေနရာႀကီး ျဖစ္ေနတယ္။အဲ့ဒါလည္း အခုျဖစ္ေနတယ္၊ ေနာက္တစ္ခ်က္က မူးယစ္ေဆးဝါး ကိစၥကလည္း အဲ့ဒီမွာအင္မတန္မွ လမ္းေၾကာင္းႀကီး ျဖစ္ေနတယ္၊ ဒါေတြအားလုံးေပါင္းလိုက္ရင္ အင္မတန္မွ စိန္ေခၚမႈအမ်ားဆုံးေဒသ ျဖစ္ေနတာ။

အဲ့ဒါကို ဆရာထင္တယ္၊ အားလုံးကေလ ညီညီၫြတ္ၫြတ္နဲ႔ ေျဖရွင္းမွ ရမယ္လို႔ ေအာက္ေမ့တယ္၊ တစ္ဖက္တည္း စဥ္းစားလို႔မရဘူး။ဘက္စုံစဥ္းစားမွရမယ္၊ လူမႈေရး ေနာက္တစ္ခါ လူမ်ိဳးေရး၊ ဘာသာေရး၊ စီးပြားေရး၊ ေနာက္တစ္ခါ လုံၿခဳံေရး ႏိုင္ငံေရး ဒါေတြအားလုံးက ပါေနတာေပါ့ေလ၊ အဲ့ဒါေတြအားလုံး ေျဖရွင္းဖို႔ဆိုရင္ေတာ့ ဆရာထင္တယ္၊ စိတ္ရွည္ဖို႔ လိုလိမ့္မယ္၊ တစ္ေယာက္နဲ႔ တစ္ေယာက္လည္း နားလည္မႈေပးဖို႔လည္း လိုလိမ့္မယ္လို႔ ေအာက္ေမ့တာ။

Opinion Leaders Media ။     ။ အခု ဘဂၤလားေဒ့ရွ္ ေ႐ြးေကာက္ပြဲကလည္း ၿပီးသြားၿပီဆိုေတာ့ ဒီထဲကို ဘဂၤါလီေတြ ျပန္ဝင္ဖို႔အတြက္ကို သူတို႔က ေ႐ြးေကာက္ပြဲၿပီးမွလို႔ ေျပာထားတာရွိတယ္၊ ေနာက္တစ္ခုက ျမန္မာ ႏိုင္ငံျခားေရးအတြင္းဝန္က ဘဂၤလားေဒ့ရွ္ သံအမတ္ကို ဒီေန႔ပဲေခၚေတြ႕ၿပီးေတာ့ ျပန္ဝင္ဖို႔ကိစၥေတြ ညႇိတာေတြ ေတြ႕တယ္ ဆရာ။အဲ့ဒီေတာ့ အခုတိုက္ခိုက္မႈက အဲ့ဒီဝင္လာတဲ့အေပၚမွာ ေႏွာင့္ေႏွးမႈေတြ ျဖစ္လာမလား၊ ဒီအေပၚမွာ မူတည္ၿပီးေတာ့ ႏိုင္ငံတကာမွာ ႐ိုက္တာမွာ ေဖာ္ျပထားတာရွိတယ္၊ ဒီလိုမ်ိဳး effect ေတြက ျပန္ဝင္လာတဲ့အေပၚမွာ ဘယ္လိုမ်ိဳး သြားသက္ေရာက္ႏိုင္မလဲ။အရင္လိုပဲ ဟိုဘက္က မလွိမ့္တပတ္လုပ္ၿပီးေတာ့ ဆက္ဆြဲထားၿပီး ႏိုင္ငံတကာ ဖိအားေတြျဖစ္ေအာင္ လုပ္ႏိုင္ေသးလား ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခုက ဟိုေပါ့ေလ နဂိုကတည္းကရႈပ္တဲ့ ျပႆနာႀကီးဟာ ပိုၿပီးရႈပ္ေထြးလာတာေပါ့ေလ၊ ဟုတ္တယ္ေနာ္၊ နဂိုကတည္းကမွ ဟို ဆရာတို႔ ARSA နဲ႔ကို ကိုယ့္မွာေနထိုင္ေနရတယ္၊ နပမ္းလုံးေနရတယ္၊ အခု AA ဆိုတာ အရင္တုန္းက အေျခအေနက တစ္မ်ိဳးေလ၊ အခုအေျခအေနက တစ္မ်ိဳးျဖစ္လာေတာ့ ဒါပိုၿပီးဘက္စုံျဖစ္လာတဲ့ အေနအထားေပါ့။အဲ့ဒီေတာ့ အဲ့ဒီဟာကိုလည္း ဆရာထင္တယ္ ႏိုင္ငံတကာ ဇာတ္ခုံမွာလည္း ကိုယ္က ေကာင္းေကာင္းကႏိုင္ဖို႔ လိုတယ္ေလ၊ အဲ့ဒီေတာ့ ကိုယ့္ကိုဖိအားေပးတာကလည္း ပုံစံေတြအမ်ိဳးမ်ိဳးနဲ႔။ဖိအားေပးတာေတြကလည္း ကိုယ့္ႏိုင္ငံရဲ႕ အက်ိဳးဆိုတာထက္ကို သူတို႔အက်ိဳးကို ၾကည့္တာေပါ့ေလ။

အဲ့ဒီေတာ့ အဲ့ဒီမွာ ဆရာထင္တယ္ ဒီအခ်ိန္မွာဆိုရင္ေတာ့ အေရးႀကီးေသြးႏွီးဖို႔ လိုလိမ့္မယ္လို႔ ေအာက္ေမ့တာေပါ့ေလ၊ အားလုံးက တိုင္းျပည္အတြက္ ဒါ အင္မတန္မွ အေရးႀကီးတဲ့ အေျခအေနတစ္ခု ျဖစ္လာၿပီ၊ ဒီလိုျဖစ္တဲ့ အေျခအေနကို အားလုံးက တကယ့္ကို အျမင္နည္းနည္းႀကီးဖို႔ေတာ့ လိုလိမ့္မယ္လို႔ ဆရာထင္တယ္၊ အျမင္က်ဥ္းက်ဥ္းေလးနဲ႔ ကိုယ္လိုခ်င္တဲ့ ပုံစံတစ္ခုေလး ရလို႔ မရလို႔ ဆိုတာနဲ႔ ေျပာေနရင္ေတာ့ အေျဖက ရမွာမဟုတ္ေတာ့ဘူးေလ၊ အဲ့ဒီေတာ့ ဒါေလး ဆရာေမွ်ာ္လင့္တာေပါ့ေလ အဆိုးထဲက အေကာင္းေပါ့၊ ဒီလိုျဖစ္လာတာကို တို႔ဘယ္လိုဝိုင္းရွင္းၾကမလဲ။

မေန႔ကေန စၿပီးလုပ္တဲ့ အစည္းအေဝးကေနတစ္ဆင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ ပိုၿပီးနားလည္မႈရွိလာတယ္၊ တစ္ေယာက္နဲ႔ တစ္ေယာက္ ပိုၿပီးအေပးအယူရွိလာတယ္၊ တူတူညီညီ ဝိုင္းေျဖရွင္းရမယ့္ ကိစၥေပါ့ေလ၊ တစ္ဖက္တည္းကလည္း တစ္ဖြဲ႕တည္းကပဲ လုပ္လို႔ရတဲ့ ကိစၥေတာ့မဟုတ္ဘူး၊ ဆရာတို႔ ကိုယ္သန္တဲ့နည္းလမ္းကို လုပ္ေနတယ္ဆိုေပမယ့္ integrate ေပါ့ေလ၊ ဘက္စုံေထာင့္စုံကေန ၾကည့္ရမယ့္ ျပႆနာႀကီးကို ရႈေထာင့္တစ္ခုတည္းက ၾကည့္ေနရင္ေတာ့ ဆရာထင္တယ္ မရဘူး၊ ဒီကိစၥသည္ အားလုံးနဲ႔ဆိုင္တဲ့ ကိစၥေလ၊ ႏိုင္ငံေရးလည္းပါတယ္ လုံၿခဳံေရးလည္းပါတယ္၊ စီးပြားေရးလည္းပါတယ္၊ လူမႈေရးလည္းပါတယ္၊ ဘာသာေရးလည္းပါတယ္ အဲ့ဒီေတာ့ ဒါေတြကလည္း အခု မေန႔တစ္ေန႔ကျဖစ္လာတဲ့ ကိစၥမဟုတ္ဘူး၊ အေနာက္ႏိုင္ငံေတြက ေျပာေနတဲ့ အေျဖကို solution ေပါ့ေလ၊ ဒီအေျဖႀကီးက လြယ္တယ္ဆိုလို႔ ေျပာလို႔မွ မရတဲ့ဟာကိုေလ၊ တကယ့္ကို complex ေပါ့ေလ၊ difficult မဟုတ္ဘူး၊ သူက ရႈပ္ေထြးတဲ့ျပႆနာႀကီး၊ အဲ့ဒီေတာ့ ဘက္ေပါင္းစုံ အခ်က္အလက္ အမ်ားႀကီးျဖစ္ေနေတာ့ အဲ့ဒီအခ်က္အလက္ေတြ အားလုံးကို တစ္စခ်င္းထုတ္ႏိုင္ေအာင္ေတာ့ ဆရာထင္တယ္ ႀကိဳးစားရလိမ့္မယ္လို႔ ေအာက္ေမ့တာပဲ။

Opinion Leaders Media ။     ။ ဒါဆိုရင္ ဆရာ ဒီဟာအကုန္လုံး ၿခဳံလိုက္ရင္ေတာ့ ဒါေကာင္းတဲ့လကၡဏာေတာ့ မဟုတ္ဘူး၊ ဒါေပမဲ့ ကြၽန္ေတာ္တို႔ အကုန္လုံးက ညီညီၫြတ္ၫြတ္ လုပ္ႏိုင္ရင္ေတာ့ ဒီဟာကို ေက်ာ္လႊားႏိုင္မယ့္ အေနအထားေပါ့ေနာ္။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာတို႔ အၿမဲေျပာတယ္ကြယ္၊ crisis ျဖစ္လာရင္ အဲ့ဒီ crisis က ကိုယ့္ အတြက္ opportunity ပဲေလ၊ ဟုတ္တယ္မဟုတ္လား၊ ဒီအခက္အခဲျဖစ္လာတာကို အခက္အခဲလို႔ စဥ္းစားတာမ်ိဳး မဟုတ္ဘဲနဲ႔ ဥပမာ မိသားစုတစ္ခုမွာကြယ္ လူတစ္ေယာက္ ေနမေကာင္းျဖစ္တယ္၊ crisis ျဖစ္တယ္။အဲ့ဒီလို တကယ့္ကို ေနမေကာင္းျဖစ္တာကို မိသားစုအားလုံးဝိုင္းၿပီး ေႏြးေႏြးေထြးေထြးလုပ္လို႔ရွိရင္ မိသားစုတစ္ခုလုံးအတြက္ အျမတ္တစ္ခုပဲေလ၊ အဲ့ဒီလိုပဲ ဆရာတို႔ အခုျဖစ္တဲ့ကိစၥမွာလည္း အားလုံးက နားလည္မႈရွိလာရင္ အရင္တုန္းက တစ္ေယာက္နဲ႔ တစ္ေယာက္ အျမင္ေစာင္းတာေတာင္ ေျဖရွင္းႏိုင္မယ္လို႔ ေအာက္ေမ့တာပဲေလ၊ ကိုယ္ကေတာ့ အၿမဲတမ္း အေကာင္းျမင္ၾကည့္တဲ့သူပဲေလကြယ္ေနာ္။

Opinion Leaders Media  ။        ။ အခုလိုေျဖၾကားေပးတဲ့ အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။