【 ပညာရှင်များ၏အမြင် 】 “တစ်ယောက်ထဲ ရဲရဲဝံ့ဝံ့ဆုံးဖြတ်နိုင်မယ့်သူ လိုမယ်”

【 ပညာရှင်များ၏အမြင် 】 “တစ်ယောက်ထဲ ရဲရဲဝံ့ဝံ့ဆုံးဖြတ်နိုင်မယ့်သူ လိုမယ်”

မကြာခင်က ကျင်းပခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီက ပြန်လည်ရွေးကောက်ခံခဲ့ရပါတယ်။ထိုသို့ပြန်လည်ရွေးကောက်ခံရသဖြင့် လာမည့်အစိုးရသစ်သက်တမ်း ၅ နှစ် အတွင်း မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်သို့ကူးပြောင်းရေးမှာ ပိုမိုမြန်ဆန်လာနိုင်ပြီး အဓိကအားဖြင့် ပထမ ၅ နှစ်သက်တမ်းအတွင်း ကျဆင်းခဲ့သည့်  စီးပွားရေးအခြေအနေကြောင့် ယခု ၅ နှစ်သက်တမ်းတွင် မည်သို့ဖြစ်လာနိုင်သည်၊ မည်သို့လုပ်ဆောင်သင့်သည်၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဘက် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန် သွယ်ရေးအခြေအနေ၊ ယခင်ထက်ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်သင့်သည့် ပြောင်းလဲသင့်သည့် အခြေအနေများ၊ တရုတ်အပါအဝင် မြန်မာနှင့် အဓိကကုန်သွယ်ဘက်နိုင်ငံများနှင့် ဆက်ဆံရေး စသည်တို့နှင့်ပတ်သက်သည့် ပေါ်လစီများ မည်သို့ပြင်ဆင်ထားသင့်သည်ကို ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး၊ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ လတ်တလော မြန်မာ့စီးပွားရေးဆိုင်ရာ အကြောင်းကိစ္စများအပေါ် ရှုမြင်သုံးသပ်ချက်အပြည့်အစုံကို ယခုတစ်ပတ်အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။
                      
(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ အခုဆိုရင် ရွေးကောက်ပွဲပြီးသွားပြီပေါ့။ပထမနှစ်သက်တမ်းကုန်ခါနီးမှာ ဒီအစိုးရက ဂျပန်နဲ့ စီးပွားရေးစင်္ကြန်တွေ၊ တောင်ကိုရီးယားနဲ့ပတ်သက်တဲ့ စက်မှုဇုန်တွေ၊ မကြာသေးခင်ကပဲ ထားဝယ်စက်မှုဇုန်မှာ ဂျပန်အစိုးရဘက်က ပါဝင်မယ်ဆိုတဲ့ အသံတွေထွက်လာတယ်။ဒါကြောင့် ဒုတိယသက်တမ်းမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးက တရုတ်ထက်စာရင် တခြားသောအာရှနိုင်ငံတွေကို ပိုပြီးတော့အခွင့်ရေးပေးလာတဲ့အတွက် စီးပွားရေးက မျှလာခြေရှိလာနိုင်လား။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာအနေနဲ့ကတော့ Balance ဆိုတာထက် တရုတ်အနေအထား၊ သူတို့ရဲ့ ပိုးလမ်းမကိစ္စ ယူနိုင်သလောက်မရခဲ့သေးဘူး အခွင့်အရေးကို။ဂျပန်ကလည်း ဘယ်လောက်ပေးနိုင်မလဲ။ကိုရီးယားလည်း ဘယ်လောက်ပေးနိုင်မလဲ။တရုတ်လည်း ဘယ်လောက်ပေးနိုင်မလဲ။အိန္ဒိယလည်း ဘယ်လောက်ပေးနိုင်မလဲ။အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုသလို တစ်ဖက်ချည်းပဲ ဘက်လိုက်လို့မရဘူး။ဘက်လိုက်လို့ရှိရင် လိုက်တာမှန်ရင် ကိစ္စမရှိဘူး။လိုက်တာလွဲသွားရင် ကိုယ်ကအန္တရာယ်ရှိတယ်။ကောင်းတာကတော့ မျှမျှတတပေါ့။ပေါ့ပေါ့ပါးပါးပဲ အခွင့်ရေးယူရင်ယူ တခြားနိုင်ငံတွေလုပ်နေသလိုပေါ့။ဆက်ဆံရေးမပျက်ဘူးပေါ့။ဗီယက်နမ်နိုင်ငံဆိုပါတော့ အမေရိကန်နဲ့ ဆက်ဆံရေးပျက်မှမပျက်ခဲ့တာ။တရုတ်နဲ့လည်း အဆင်ပြေတာပဲ။အရေးကြီးတာက ကိုယ်ပါးဖို့ပဲလိုတယ်။ဆရာတို့ဆီမှာလည်း တကယ့်ကို နိုင်ငံရေးအယူအဆပြင်းပြပြီးတော့ ဆိုပါတော့ သခင်စိုးလိုမျိုး မရှိတော့ဘူးလေ။အဲ့တော့ သခင်စိုး တစ်ယောက်မှမရှိဘူး။အားလုံးက ပေါ့ပေါ့ပါးပါးပဲ။အခုအချိန်မှာ တစ်ကမ္ဘာလုံးမှာလည်းမရှိတော့ဘူး။ကိုယ့်နိုင်ငံအေးချမ်းအောင် ဘယ်လိုလုပ်မလဲဆိုတာပဲရှိတော့ လက်တွေ့ကျတဲ့ နိုင်ငံရေးဘောဂဗေဒ ပေါ်လစီတွေလုပ်နိုင်တယ်။အရင်တုန်းကတော့ ဆရာတို့က မျက်စိမှိတ်ပြီးတော့ အယူဝါဒတစ်ခုကို စွဲကိုင်ထားတာ။စတာလင်ကလည်း စတာလင်ပေါ့ မော်စီတုန်းကလည်း မော်စီတုန်းပေါ့။အခု ရှီကျင်ဖျင်ဆိုရင် သူ့ကြည့်လိုက်ရင် တစ်နှစ်တစ်ခါ မော်စီတုန်းအင်္ကျီဝတ်တာကလွဲလို့ ကျန်တာအားလုံးက တကယ့်ကို လုပ်ငန်းရှင်တစ်ယောက်လိုပဲ စဉ်းစားတာပဲ။

ဥပမာ - စင်ကာပူဆိုလည်းကြည့်ပါလား အခု လီကွမ်ယုရဲ့ သားအနေနဲ့ တကယ်တမ်းတော့ သူကတစ်ပါတီစနစ်ပဲလေ။ကျန်တဲ့သူတွေလှုပ်လို့မှမရတာ။ဒါပေမယ့် တစ်ပါတီစနစ်ဆိုပေမယ့် ကျန်တဲ့သူတွေအားလုံးကို စည်းရုံးနိုင်တော့ သူ့အတွက်သက်သာတယ်။အဲ့တော့တိုးတက်တယ်။နမူနာတွေကအများကြီးပါ။ကိုယ်ကမယူတတ်လို့သာ။
ကိုယ်ကနမူနာမယူတတ်ဘူး။သင်ခန်းစာမယူတတ်ဘူး။ဒီနှစ်ခုက ဒုက္ခပေးတာပဲ။နမူနာကောင်းတွေယူလို့ရတယ်။တရုတ်ရဲ့ စက်မှုဇုန်တွေလုပ်ပုံတွေ တကယ်တမ်းတော့ တရုတ်က စင်ကာပူက သွားအတုခိုးတာပဲ။ဆရာတို့လည်း အခုစက်မှုဇုန်တွေဘာတွေ လုပ်နေတာကြာပြီပဲ ဘာမှမှသိပ်မဖြစ်တာ။

Opinion Leaders ။     ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ကုန်ရောင်းကုန်ဝယ်မှုအများစုက တရုတ်အပေါ် မှီတွယ်ထားတဲ့အတွက် အခုရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ပြန်အရွေးခံရတဲ့အတွက် ပထမပိုင်းမှာ ပေါ်လစီပိုင်းအရဆိုရင် မြန်မာဘက်က ရှေ့အစိုးရတွေနဲ့စာရင် တရုတ်နဲ့ဆက်ဆံရေးက တူတူတန်တန်ဖြစ်လာတဲ့ အနေအထားဖြစ်တယ်။အခုနောက်ပိုင်းမှာဆိုရင် ကုန်သွယ်ရေးမှာ မြန်မာဘက်က ဘယ်လိုမျိုးအခွင့်အလမ်းတွေရှိလာနိုင်လဲ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အစကတည်းက တရုတ်နဲ့ဆက်ဆံရေးက ဒီဘက်ပိုင်းမှာ မူဆယ်တို့ ဘာတို့ကိစ္စဆိုရင် တရုတ်လိုချင်တာ၊ ကိုယ်လိုချင်တာ၊ ထင်ရှားနေတာပဲ။ဘာလုပ်ရမယ်ဆိုတာကို အဲ့ဒါကိုမလုပ်နိုင်ဘူး။ဟိုဘက်က ဖွင့်ပေးချင်တယ်။ကိုယ့်ဘက်က စဉ်းစားချက်တွေများနေတယ်ဆိုတော့ ဒီအချိန်မှာတော့ စဉ်းစားချက်တွေထက်ကို အမြန်ဆုံးလုပ်ရမှာ။သူတို့ကမ်းလှမ်းတာကိုကြည့်ပြီးတော့ ကိုယ့်အတွက်မနစ်နာဘူးဆိုရင် လုပ်စရာရှိတာကို ရဲရဲဝံ့ဝံ့လုပ်ဖို့လိုတယ်။ဆရာထင်တယ် အခု ဒုတိယသက်တမ်းမှာ ဗဟိုပေါ်လစီအရ တွန့်ဆုတ်၊ တွန့်ဆုတ် မဟုတ်တော့ဘူး။စမ်းတဝါးဝါးမဟုတ်တော့ဘူးဆိုတဲ့ အနေအထားကိုပြဖို့လိုတယ်။
အမေရိကန်အစိုးရမှာပြောတဲ့ ရက်တစ်ရာစီမံချက်ပေါ့။ကျွန်တော်ကတော့ ဖြစ်စေချင်တယ်။အခုတက်လာတဲ့အစိုးရက ရက်တစ်ရာအတွင်းမှာ တကယ်ကို သိသာထင်ရှားတဲ့ လူတွေအားလုံး အံ့ဩစရာဖြစ်အောင်လုပ်ရမယ်။ရဲရဲဝံ့ဝံ့ပေါ့။လုပ်တဲ့အခါမှာ ဝေဖန်မှာပဲ ဝေဖန်လည်းကိစ္စမရှိဘူး။ကိုယ်က Mandate ရထားပြီးပြီပဲ။ကိုယ်က ၂၀၁၅ ထက်တောင် နိုင်နေသေးတာကိုး။အဲဒီတော့ ပြောစရာရှိတာ ပြောပါစေလေ။ကိုယ်လုပ်စရာရှိတာလုပ်ရဲတယ်။အဲ့လိုရဲရဲဝံ့ဝံ့ သတ္တိရှိရှိလုပ်ဖို့လိုမယ်။

Opinion Leaders ။     ။ အခု ဒုတိယသက်တမ်းမှာ စီးပွားရေးနဲ့ပတ်သက်လို့ တွေးခေါ်သမားတွေနဲ့ တကယ်လုပ်နိုင်တဲ့သူတွေကို နေရာပေးသင့်သလား။ဒါမှမဟုတ် လက်ရှိ ရှိပြီးသားလူတွေကိုပဲ ဆက်ထားသင့်လား။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဘောလုံးပွဲလိုပေ့ါ ဘယ်သူခြေပေါ်တယ်မပေါ်ဘူး သိနေတာပဲ။အဲဒီတော့ ခြေမပေါ်တဲ့သူတွေ ဆက်ထားရင်တော့လည်း ဘောလုံးပွဲမှာ အစားထိုးတာရှိတယ်။ ၁၁ ယောက် ကန်နေပေမယ့် ဘေးမှာအစားထိုးမယ့်သူတွေရှိတယ်။ဒါက မန်နေဂျာပေါ်မှာ မူတည်တယ်လေ။လူလဲမှားရင်တော့ ဒုက္ခရောက်မှာ။တစ်ခုရှိတာကတော့ ကိုယ့်နိုင်ငံမှာ ဘေးကထိုင်နေတဲ့သူတွေ အများကြီးရှိနေပါတယ်။လူရွေးဖို့ပဲလိုတယ်။အစိုးရသစ်တိုင်းမှာ လူရွေးချယ်မှုက အရေးကြီးတယ်။လူရွေးတဲ့အခါမှာ ဘယ်သူ့ကိုရွေးမလဲ ဘယ်ပေတံသုံးမလဲဆိုတာ အရေးကြီးတယ်။ကိုယ့်ကိုသစ္စာရှိတဲ့သူ ကိုယ့်ကိုနာခံတဲ့သူတွေ ရွေးမလား။တကယ့်ကို ရဲရဲဝံ့ဝံ့ပြောတတ်တဲ့သူတွေကို ရွေးမလား။ဒါကလည်း ခေါင်းဆောင်တွေ တစ်ဦးချင်းစီရဲ့ခံယူချက်တွေ ပါတီပေါ်လစီရဲ့ခံယူချက်တွေပေါ့ အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ စဉ်းစားရမှာပဲ။

Opinion Leaders ။     ။ တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ ပြန်လည်ကောင်းမွန်လာဖို့အတွက် အဓိကအားဖြင့် ဘာတွေပြင်ဖို့လိုမလဲ။တချို့ပေါ်လစီမှာ ဘာတွေကိုဦးစားပေးလုပ်ဖို့လိုမလဲ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဓိကတော့ နားထောင်ဖို့ပဲ။အားနည်းတာက နားမထောင်ဘူး။ကိုယ့်ဘက်ကလုပ်ငန်းရှင်တွေ နားထောင်ဖို့လိုတယ်။ဟိုဘက်က ယူနန်ပြည်နယ်အစိုးရနဲ့ ကိုယ်နဲ့ နားလည်မှုရှိအောင် မူဆယ်မှာ တကယ့်ကိုဖြစ်အောင် ဘယ်လိုလုပ်မလဲ။ဒါကိုစဉ်းစားတဲ့အခါမှာ တစ်ယောက်ထဲ ရဲရဲဝံ့ဝံ့ဆုံးဖြတ်နိုင်မယ့်သူလိုမယ်။ဒါကိုပဲတာဝန်ပေးပြီးပေါ့။မဟုတ်ရင် ညှိမရရင် မလွယ်ဘူး။

အခုက ညှိမရတဲ့ပြဿနာ။ကုန်သွယ်ရေးတင်မကဘူး ကုန်သွယ်ရေးက ပြောချင်တာတစ်မျိုး၊ နိုင်ငံခြားရေးက ပြောချင်တာတစ်မျိုး နောက်တစ်ခါ ကာကွယ်ရေးကပြောချင်တာတစ်မျိုး၊ လူမှုဝန်ထမ်းက လူဝင်လူထွက်ကိစ္စတစ်မျိုး အားလုံးကရောယှက်နေတာကိုး။မူဆယ်နဲ့ပတ်သက်ရင် လူဝင်လူထွက်ကိစ္စနဲ့ ပတ်စ်ပို့ကိစ္စက တော်တော်ကြီးတယ်။ကုန်သွယ်ရေးနဲ့ လုံးဝမဆိုင်တဲ့ကိစ္စတွေပါလာတယ်။ဒါတွေအားလုံးကို တစ်ထိုင်တည်းဖြေရှင်းနိုင်တဲ့ အခြေနေတစ်ခုလိုလိမ့်မယ်။မရှိရင်တော့ ဒီလိုပဲသွားနေမှာပဲ။မူဆယ်အဖြေက လူတိုင်းသိတယ်။ဘာလုပ်ရမယ်ဆိုတာသိတယ်။အားလုံးက ကိုယ့်နေရာနဲ့ကိုယ်၊ ကိုယ့်ကဏ္ဍနဲ့ကိုယ် အဲ့ဒီဌာနစွဲကြီးတွေနဲ့ အလုပ်ရှုပ်နေကြတာကိုး။ကုန်သွယ်ရေးကလည်း မလျှော့နိုင်ဘူး။လူဝင်မှုကြီးကြပ်ရေးကလည်း မလျှော့နိုင်ဘူး။နိုင်ငံ‌ခြားရေးဝန်ကြီးဌာနကလည်း မလျှော့နိုင်ဘူး။စဉ်းစားကြည့်ပါအုံး မူဆယ်ကိစ္စ နိုင်ငံခြားရေးဝန်ကြီးဌာနက ပါရတဲ့ကိစ္စ။နောက်တစ်ခါ ကာကွယ်ရေးကပြောလိုက်ရင်တည်း တစ်မျိုးဖြစ်လာအုံးမယ်။
ဒါငြိမ်းချမ်းရေးနဲ့ပတ်သက်လာတယ်။ တိုင်းရင်းလက်နက်ကိုင်တွေပါတယ် ဘာညာဆိုတော့ အဲ့ဒါတွေအားလုံးကို ရောယှက်နေတာဟာ တစ်ယောက်က ဒိုင်ခံဖြေရှင်းမှရမယ်။မဟုတ်ရင်တော့ ဒီလိုပဲလည်နေမှာပဲ။တိုင်ပတ်နေမှာပဲ။

Opinion Leaders ။     ။ နိုင်ငံရေးလည်းတည်ငြိမ်မယ် စီးပွားရေးဆိုင်ရာပေါ်လစီတွေလည်း အထိုက်အလျောက် ပြောင်းလဲနိုင်မယ်ဆိုရင် နောင်လာမယ့် အစိုးရသက်တမ်းငါးနှစ်က စီးပွားရေးနဲ့ နိုင်ငံရေးအခြေနေက အကောင်းဘက်ကို ရောက်လာနိုင်မလား။

ဒေါက်တာအောင်ထွန်းသက် ။     ။ မျှော်လင့်ရတာပဲလေ။ပြည်သူတွေကတော့ အားလုံးတစ်သက်လုံး မွေးကတည်းက မျှော်လင့်ခဲ့ရတာ။လွတ်လပ်ရေးမရခင်ကတည်းက မျှော်လင့်ခဲ့တာ အခုထိမျှော်လင့်နေတုန်း။လူတွေက ဒီလိုပဲပြောတာ မဆလတုန်းကလည်း ဒီလိုပဲ၊ ဦးနုတုန်းကလည်း ဒီလိုပဲ၊ ဦးခင်ညွန့်တုန်းကလည်း ဒီလိုပဲ၊ ဦးသိန်းစိန်တုန်းကလည်း ဒီလိုပဲ။အဲ့တော့ မျှော်လင့်လက်စနဲ့ မျှော်လင့်ဖို့ပဲ။နောက်တစ်ခုက ကိုယ့်နိုင်ငံကောင်းတာ ဆုတောင်းတတ်တဲ့သူတွေလေ။အားအားနေဆုတောင်းနေကြတာပဲ။အဲ့တော့ ဝိုင်းဆုတောင်းရုံပဲရှိတယ်။ကိုယ်တိုင်လုပ်ဖို့ကျ‌တော့ ခက်တာကိုး။

Opinion Leaders ။   ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။

ဒေါက်တာအောင်ထွန်းသက်
နိုဝင်ဘာ - ၂၆

( Zawgyi )

မၾကာခင္က က်င္းပခဲ့သည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ လက္ရွိအာဏာရပါတီက ျပန္လည္ေ႐ြးေကာက္ခံခဲ့ရပါတယ္။ထိုသို႔ျပန္လည္ေ႐ြးေကာက္ခံရသျဖင့္ လာမည့္အစိုးရသစ္သက္တမ္း ၅ ႏွစ္ အတြင္း ျမန္မာႏိုင္ငံ ဒီမိုကေရစီစနစ္သို႔ကူးေျပာင္းေရးမွာ ပိုမိုျမန္ဆန္လာႏိုင္ၿပီး အဓိကအားျဖင့္ ပထမ ၅ ႏွစ္သက္တမ္းအတြင္း က်ဆင္းခဲ့သည့္  စီးပြားေရးအေျခအေနေၾကာင့္ ယခု ၅ ႏွစ္သက္တမ္းတြင္ မည္သို႔ျဖစ္လာႏိုင္သည္၊ မည္သို႔လုပ္ေဆာင္သင့္သည္၊ အထူးသျဖင့္ ျမန္မာႏိုင္ငံ၏ အဓိကကုန္သြယ္ဘက္ တ႐ုတ္ႏိုင္ငံႏွင့္ နယ္စပ္ကုန္ သြယ္ေရးအေျခအေန၊ ယခင္ထက္ပိုမိုေကာင္းမြန္လာေအာင္ လုပ္ေဆာင္သင့္သည့္ ေျပာင္းလဲသင့္သည့္ အေျခအေနမ်ား၊ တ႐ုတ္အပါအဝင္ ျမန္မာႏွင့္ အဓိကကုန္သြယ္ဘက္ႏိုင္ငံမ်ားႏွင့္ ဆက္ဆံေရး စသည္တို႔ႏွင့္ပတ္သက္သည့္ ေပၚလစီမ်ား မည္သို႔ျပင္ဆင္ထားသင့္သည္ကို ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပး၊ ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ လတ္တေလာ ျမန္မာ့စီးပြားေရးဆိုင္ရာ အေၾကာင္းကိစၥမ်ားအေပၚ ရႈျမင္သုံးသပ္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။
                      
(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ အခုဆိုရင္ ေ႐ြးေကာက္ပြဲၿပီးသြားၿပီေပါ့။ပထမႏွစ္သက္တမ္းကုန္ခါနီးမွာ ဒီအစိုးရက ဂ်ပန္နဲ႔ စီးပြားေရးစၾကၤန္ေတြ၊ ေတာင္ကိုရီးယားနဲ႔ပတ္သက္တဲ့ စက္မႈဇုန္ေတြ၊ မၾကာေသးခင္ကပဲ ထားဝယ္စက္မႈဇုန္မွာ ဂ်ပန္အစိုးရဘက္က ပါဝင္မယ္ဆိုတဲ့ အသံေတြထြက္လာတယ္။ဒါေၾကာင့္ ဒုတိယသက္တမ္းမွာ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးက တ႐ုတ္ထက္စာရင္ တျခားေသာအာရွႏိုင္ငံေတြကို ပိုၿပီးေတာ့အခြင့္ေရးေပးလာတဲ့အတြက္ စီးပြားေရးက မွ်လာေျခရွိလာႏိုင္လား။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာအေနနဲ႔ကေတာ့ Balance ဆိုတာထက္ တ႐ုတ္အေနအထား၊ သူတို႔ရဲ႕ ပိုးလမ္းမကိစၥ ယူႏိုင္သေလာက္မရခဲ့ေသးဘူး အခြင့္အေရးကို။ဂ်ပန္ကလည္း ဘယ္ေလာက္ေပးႏိုင္မလဲ။ကိုရီးယားလည္း ဘယ္ေလာက္ေပးႏိုင္မလဲ။တ႐ုတ္လည္း ဘယ္ေလာက္ေပးႏိုင္မလဲ။အိႏၵိယလည္း ဘယ္ေလာက္ေပးႏိုင္မလဲ။အဲ့ဒီအေပၚမွာ မူတည္ၿပီးေတာ့ ရွဥ့္လည္းေလွ်ာက္သာ ပ်ားလည္းစြဲသာဆိုသလို တစ္ဖက္ခ်ည္းပဲ ဘက္လိုက္လို႔မရဘူး။ဘက္လိုက္လို႔ရွိရင္ လိုက္တာမွန္ရင္ ကိစၥမရွိဘူး။လိုက္တာလြဲသြားရင္ ကိုယ္ကအႏၲရာယ္ရွိတယ္။ေကာင္းတာကေတာ့ မွ်မွ်တတေပါ့။ေပါ့ေပါ့ပါးပါးပဲ အခြင့္ေရးယူရင္ယူ တျခားႏိုင္ငံေတြလုပ္ေနသလိုေပါ့။ဆက္ဆံေရးမပ်က္ဘူးေပါ့။ဗီယက္နမ္ႏိုင္ငံဆိုပါေတာ့ အေမရိကန္နဲ႔ ဆက္ဆံေရးပ်က္မွမပ်က္ခဲ့တာ။တ႐ုတ္နဲ႔လည္း အဆင္ေျပတာပဲ။အေရးႀကီးတာက ကိုယ္ပါးဖို႔ပဲလိုတယ္။ဆရာတို႔ဆီမွာလည္း တကယ့္ကို ႏိုင္ငံေရးအယူအဆျပင္းျပၿပီးေတာ့ ဆိုပါေတာ့ သခင္စိုးလိုမ်ိဳး မရွိေတာ့ဘူးေလ။အဲ့ေတာ့ သခင္စိုး တစ္ေယာက္မွမရွိဘူး။အားလုံးက ေပါ့ေပါ့ပါးပါးပဲ။အခုအခ်ိန္မွာ တစ္ကမာၻလုံးမွာလည္းမရွိေတာ့ဘူး။ကိုယ့္ႏိုင္ငံေအးခ်မ္းေအာင္ ဘယ္လိုလုပ္မလဲဆိုတာပဲရွိေတာ့ လက္ေတြ႕က်တဲ့ ႏိုင္ငံေရးေဘာဂေဗဒ ေပၚလစီေတြလုပ္ႏိုင္တယ္။အရင္တုန္းကေတာ့ ဆရာတို႔က မ်က္စိမွိတ္ၿပီးေတာ့ အယူဝါဒတစ္ခုကို စြဲကိုင္ထားတာ။စတာလင္ကလည္း စတာလင္ေပါ့ ေမာ္စီတုန္းကလည္း ေမာ္စီတုန္းေပါ့။အခု ရွီက်င္ဖ်င္ဆိုရင္ သူ႔ၾကည့္လိုက္ရင္ တစ္ႏွစ္တစ္ခါ ေမာ္စီတုန္းအက်ႌဝတ္တာကလြဲလို႔ က်န္တာအားလုံးက တကယ့္ကို လုပ္ငန္းရွင္တစ္ေယာက္လိုပဲ စဥ္းစားတာပဲ။

ဥပမာ - စင္ကာပူဆိုလည္းၾကည့္ပါလား အခု လီကြမ္ယုရဲ႕ သားအေနနဲ႔ တကယ္တမ္းေတာ့ သူကတစ္ပါတီစနစ္ပဲေလ။က်န္တဲ့သူေတြလႈပ္လို႔မွမရတာ။ဒါေပမယ့္ တစ္ပါတီစနစ္ဆိုေပမယ့္ က်န္တဲ့သူေတြအားလုံးကို စည္း႐ုံးႏိုင္ေတာ့ သူ႔အတြက္သက္သာတယ္။အဲ့ေတာ့တိုးတက္တယ္။နမူနာေတြကအမ်ားႀကီးပါ။ကိုယ္ကမယူတတ္လို႔သာ။
ကိုယ္ကနမူနာမယူတတ္ဘူး။သင္ခန္းစာမယူတတ္ဘူး။ဒီႏွစ္ခုက ဒုကၡေပးတာပဲ။နမူနာေကာင္းေတြယူလို႔ရတယ္။တ႐ုတ္ရဲ႕ စက္မႈဇုန္ေတြလုပ္ပုံေတြ တကယ္တမ္းေတာ့ တ႐ုတ္က စင္ကာပူက သြားအတုခိုးတာပဲ။ဆရာတို႔လည္း အခုစက္မႈဇုန္ေတြဘာေတြ လုပ္ေနတာၾကာၿပီပဲ ဘာမွမွသိပ္မျဖစ္တာ။

Opinion Leaders ။     ။ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးနဲ႔ ကုန္ေရာင္းကုန္ဝယ္မႈအမ်ားစုက တ႐ုတ္အေပၚ မွီတြယ္ထားတဲ့အတြက္ အခုေ႐ြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ က ျပန္အေ႐ြးခံရတဲ့အတြက္ ပထမပိုင္းမွာ ေပၚလစီပိုင္းအရဆိုရင္ ျမန္မာဘက္က ေရွ႕အစိုးရေတြနဲ႔စာရင္ တ႐ုတ္နဲ႔ဆက္ဆံေရးက တူတူတန္တန္ျဖစ္လာတဲ့ အေနအထားျဖစ္တယ္။အခုေနာက္ပိုင္းမွာဆိုရင္ ကုန္သြယ္ေရးမွာ ျမန္မာဘက္က ဘယ္လိုမ်ိဳးအခြင့္အလမ္းေတြရွိလာႏိုင္လဲ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အစကတည္းက တ႐ုတ္နဲ႔ဆက္ဆံေရးက ဒီဘက္ပိုင္းမွာ မူဆယ္တို႔ ဘာတို႔ကိစၥဆိုရင္ တ႐ုတ္လိုခ်င္တာ၊ ကိုယ္လိုခ်င္တာ၊ ထင္ရွားေနတာပဲ။ဘာလုပ္ရမယ္ဆိုတာကို အဲ့ဒါကိုမလုပ္ႏိုင္ဘူး။ဟိုဘက္က ဖြင့္ေပးခ်င္တယ္။ကိုယ့္ဘက္က စဥ္းစားခ်က္ေတြမ်ားေနတယ္ဆိုေတာ့ ဒီအခ်ိန္မွာေတာ့ စဥ္းစားခ်က္ေတြထက္ကို အျမန္ဆုံးလုပ္ရမွာ။သူတို႔ကမ္းလွမ္းတာကိုၾကည့္ၿပီးေတာ့ ကိုယ့္အတြက္မနစ္နာဘူးဆိုရင္ လုပ္စရာရွိတာကို ရဲရဲဝံ့ဝံ့လုပ္ဖို႔လိုတယ္။ဆရာထင္တယ္ အခု ဒုတိယသက္တမ္းမွာ ဗဟိုေပၚလစီအရ တြန႔္ဆုတ္၊ တြန႔္ဆုတ္ မဟုတ္ေတာ့ဘူး။စမ္းတဝါးဝါးမဟုတ္ေတာ့ဘူးဆိုတဲ့ အေနအထားကိုျပဖို႔လိုတယ္။
အေမရိကန္အစိုးရမွာေျပာတဲ့ ရက္တစ္ရာစီမံခ်က္ေပါ့။ကြၽန္ေတာ္ကေတာ့ ျဖစ္ေစခ်င္တယ္။အခုတက္လာတဲ့အစိုးရက ရက္တစ္ရာအတြင္းမွာ တကယ္ကို သိသာထင္ရွားတဲ့ လူေတြအားလုံး အံ့ဩစရာျဖစ္ေအာင္လုပ္ရမယ္။ရဲရဲဝံ့ဝံ့ေပါ့။လုပ္တဲ့အခါမွာ ေဝဖန္မွာပဲ ေဝဖန္လည္းကိစၥမရွိဘူး။ကိုယ္က Mandate ရထားၿပီးၿပီပဲ။ကိုယ္က ၂၀၁၅ ထက္ေတာင္ ႏိုင္ေနေသးတာကိုး။အဲဒီေတာ့ ေျပာစရာရွိတာ ေျပာပါေစေလ။ကိုယ္လုပ္စရာရွိတာလုပ္ရဲတယ္။အဲ့လိုရဲရဲဝံ့ဝံ့ သတၱိရွိရွိလုပ္ဖို႔လိုမယ္။

Opinion Leaders ။     ။ အခု ဒုတိယသက္တမ္းမွာ စီးပြားေရးနဲ႔ပတ္သက္လို႔ ေတြးေခၚသမားေတြနဲ႔ တကယ္လုပ္ႏိုင္တဲ့သူေတြကို ေနရာေပးသင့္သလား။ဒါမွမဟုတ္ လက္ရွိ ရွိၿပီးသားလူေတြကိုပဲ ဆက္ထားသင့္လား။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ေဘာလုံးပြဲလိုေပ့ါ ဘယ္သူေျခေပၚတယ္မေပၚဘူး သိေနတာပဲ။အဲဒီေတာ့ ေျခမေပၚတဲ့သူေတြ ဆက္ထားရင္ေတာ့လည္း ေဘာလုံးပြဲမွာ အစားထိုးတာရွိတယ္။ ၁၁ ေယာက္ ကန္ေနေပမယ့္ ေဘးမွာအစားထိုးမယ့္သူေတြရွိတယ္။ဒါက မန္ေနဂ်ာေပၚမွာ မူတည္တယ္ေလ။လူလဲမွားရင္ေတာ့ ဒုကၡေရာက္မွာ။တစ္ခုရွိတာကေတာ့ ကိုယ့္ႏိုင္ငံမွာ ေဘးကထိုင္ေနတဲ့သူေတြ အမ်ားႀကီးရွိေနပါတယ္။လူေ႐ြးဖို႔ပဲလိုတယ္။အစိုးရသစ္တိုင္းမွာ လူေ႐ြးခ်ယ္မႈက အေရးႀကီးတယ္။လူေ႐ြးတဲ့အခါမွာ ဘယ္သူ႔ကိုေ႐ြးမလဲ ဘယ္ေပတံသုံးမလဲဆိုတာ အေရးႀကီးတယ္။ကိုယ့္ကိုသစၥာရွိတဲ့သူ ကိုယ့္ကိုနာခံတဲ့သူေတြ ေ႐ြးမလား။တကယ့္ကို ရဲရဲဝံ့ဝံ့ေျပာတတ္တဲ့သူေတြကို ေ႐ြးမလား။ဒါကလည္း ေခါင္းေဆာင္ေတြ တစ္ဦးခ်င္းစီရဲ႕ခံယူခ်က္ေတြ ပါတီေပၚလစီရဲ႕ခံယူခ်က္ေတြေပါ့ အဲ့ဒီအေပၚမွာမူတည္ၿပီးေတာ့ စဥ္းစားရမွာပဲ။

Opinion Leaders ။     ။ တ႐ုတ္-ျမန္မာ ကုန္သြယ္ေရးမွာ ျပန္လည္ေကာင္းမြန္လာဖို႔အတြက္ အဓိကအားျဖင့္ ဘာေတြျပင္ဖို႔လိုမလဲ။တခ်ိဳ႕ေပၚလစီမွာ ဘာေတြကိုဦးစားေပးလုပ္ဖို႔လိုမလဲ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဓိကေတာ့ နားေထာင္ဖို႔ပဲ။အားနည္းတာက နားမေထာင္ဘူး။ကိုယ့္ဘက္ကလုပ္ငန္းရွင္ေတြ နားေထာင္ဖို႔လိုတယ္။ဟိုဘက္က ယူနန္ျပည္နယ္အစိုးရနဲ႔ ကိုယ္နဲ႔ နားလည္မႈရွိေအာင္ မူဆယ္မွာ တကယ့္ကိုျဖစ္ေအာင္ ဘယ္လိုလုပ္မလဲ။ဒါကိုစဥ္းစားတဲ့အခါမွာ တစ္ေယာက္ထဲ ရဲရဲဝံ့ဝံ့ဆုံးျဖတ္ႏိုင္မယ့္သူလိုမယ္။ဒါကိုပဲတာဝန္ေပးၿပီးေပါ့။မဟုတ္ရင္ ညႇိမရရင္ မလြယ္ဘူး။

အခုက ညႇိမရတဲ့ျပႆနာ။ကုန္သြယ္ေရးတင္မကဘူး ကုန္သြယ္ေရးက ေျပာခ်င္တာတစ္မ်ိဳး၊ ႏိုင္ငံျခားေရးက ေျပာခ်င္တာတစ္မ်ိဳး ေနာက္တစ္ခါ ကာကြယ္ေရးကေျပာခ်င္တာတစ္မ်ိဳး၊ လူမႈဝန္ထမ္းက လူဝင္လူထြက္ကိစၥတစ္မ်ိဳး အားလုံးကေရာယွက္ေနတာကိုး။မူဆယ္နဲ႔ပတ္သက္ရင္ လူဝင္လူထြက္ကိစၥနဲ႔ ပတ္စ္ပို႔ကိစၥက ေတာ္ေတာ္ႀကီးတယ္။ကုန္သြယ္ေရးနဲ႔ လုံးဝမဆိုင္တဲ့ကိစၥေတြပါလာတယ္။ဒါေတြအားလုံးကို တစ္ထိုင္တည္းေျဖရွင္းႏိုင္တဲ့ အေျခေနတစ္ခုလိုလိမ့္မယ္။မရွိရင္ေတာ့ ဒီလိုပဲသြားေနမွာပဲ။မူဆယ္အေျဖက လူတိုင္းသိတယ္။ဘာလုပ္ရမယ္ဆိုတာသိတယ္။အားလုံးက ကိုယ့္ေနရာနဲ႔ကိုယ္၊ ကိုယ့္က႑နဲ႔ကိုယ္ အဲ့ဒီဌာနစြဲႀကီးေတြနဲ႔ အလုပ္ရႈပ္ေနၾကတာကိုး။ကုန္သြယ္ေရးကလည္း မေလွ်ာ့ႏိုင္ဘူး။လူဝင္မႈႀကီးၾကပ္ေရးကလည္း မေလွ်ာ့ႏိုင္ဘူး။ႏိုင္ငံ‌ျခားေရးဝန္ႀကီးဌာနကလည္း မေလွ်ာ့ႏိုင္ဘူး။စဥ္းစားၾကည့္ပါအုံး မူဆယ္ကိစၥ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ပါရတဲ့ကိစၥ။ေနာက္တစ္ခါ ကာကြယ္ေရးကေျပာလိုက္ရင္တည္း တစ္မ်ိဳးျဖစ္လာအုံးမယ္။
ဒါၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္လာတယ္။ တိုင္းရင္းလက္နက္ကိုင္ေတြပါတယ္ ဘာညာဆိုေတာ့ အဲ့ဒါေတြအားလုံးကို ေရာယွက္ေနတာဟာ တစ္ေယာက္က ဒိုင္ခံေျဖရွင္းမွရမယ္။မဟုတ္ရင္ေတာ့ ဒီလိုပဲလည္ေနမွာပဲ။တိုင္ပတ္ေနမွာပဲ။

Opinion Leaders ။     ။ ႏိုင္ငံေရးလည္းတည္ၿငိမ္မယ္ စီးပြားေရးဆိုင္ရာေပၚလစီေတြလည္း အထိုက္အေလ်ာက္ ေျပာင္းလဲႏိုင္မယ္ဆိုရင္ ေနာင္လာမယ့္ အစိုးရသက္တမ္းငါးႏွစ္က စီးပြားေရးနဲ႔ ႏိုင္ငံေရးအေျခေနက အေကာင္းဘက္ကို ေရာက္လာႏိုင္မလား။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ေမွ်ာ္လင့္ရတာပဲေလ။ျပည္သူေတြကေတာ့ အားလုံးတစ္သက္လုံး ေမြးကတည္းက ေမွ်ာ္လင့္ခဲ့ရတာ။လြတ္လပ္ေရးမရခင္ကတည္းက ေမွ်ာ္လင့္ခဲ့တာ အခုထိေမွ်ာ္လင့္ေနတုန္း။လူေတြက ဒီလိုပဲေျပာတာ မဆလတုန္းကလည္း ဒီလိုပဲ၊ ဦးႏုတုန္းကလည္း ဒီလိုပဲ၊ ဦးခင္ၫြန႔္တုန္းကလည္း ဒီလိုပဲ၊ ဦးသိန္းစိန္တုန္းကလည္း ဒီလိုပဲ။အဲ့ေတာ့ ေမွ်ာ္လင့္လက္စနဲ႔ ေမွ်ာ္လင့္ဖို႔ပဲ။ေနာက္တစ္ခုက ကိုယ့္ႏိုင္ငံေကာင္းတာ ဆုေတာင္းတတ္တဲ့သူေတြေလ။အားအားေနဆုေတာင္းေနၾကတာပဲ။အဲ့ေတာ့ ဝိုင္းဆုေတာင္း႐ုံပဲရွိတယ္။ကိုယ္တိုင္လုပ္ဖို႔က်‌ေတာ့ ခက္တာကိုး။

Opinion Leaders ။   ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ႏိုဝင္ဘာ - ၂၆