【 ပညာရှင်များ၏အမြင် 】 “တရုတ်အရင်းအနှီးတွေ လက်ခံလား၊ လက်မခံလားဆိုတဲ့ မေးခွန်းနဲ့ ပြီးနေတယ်”

【 ပညာရှင်များ၏အမြင် 】 “တရုတ်အရင်းအနှီးတွေ လက်ခံလား၊ လက်မခံလားဆိုတဲ့ မေးခွန်းနဲ့ ပြီးနေတယ်”

မကြာသေးခင်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနေရာ အပြောင်းအလဲဖြစ်ခဲ့သလို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်နေရာလည်း အပြောင်းအလဲဖြစ်ခဲ့ပါတယ်။တရုတ်-မြန်မာကြား မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးမှစကာ ကျောက်ဖြူရေနက်ဆိပ်ကမ်းအထိ၊ မူဆယ်-မန္တလေး ရထားလမ်းမှသည် ရန်ကုန်မြို့သစ်စီမံကိန်းအထိ တရုတ်နိုင်ငံက ဖော်ဆောင်နေသည့် OBOR စီမံကိန်းနှင့် ပက်သက်ကာ ဆက်နွယ်မှုရှိနေသလို ကုန်သွယ်ရေးတွင်လည်း ကြီးကြီးမားမားဆက်ဆံမှု ရှိနေခဲ့ပါသည်။မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးရင်းနှီးမြုပ်နှံမှုက စင်ကာပူပြီးလျှင် အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံအတွင်း တရုတ်လူမျိုးများ လာရောက်အခြေချ နေထိုင်မှုကလည်း ရှေးဘုရင်များခေတ်ကတည်းက ရှိခဲ့သည်။လတ်တလောတွင် နှစ်နိုင်ငံ သံအမတ်အပြောင်းအလဲက တရုတ်-မြန်မာကြား ဆက်ဆံရေး၊ ကုန်သွယ်ရေးနှင့် မြန်မာပြည်တွင်း ငြိမ်းချမ်းရေးတွင် မည်သို့သက်ရောက်နိုင်သည် မည်သို့တိုးတက်ဖြစ်ထွန်းမှု ရှိလာနိုင်မလဲဆိုသည်အပေါ် ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဆရာ ဒေါက်တာအောင်ထွန်းသက် အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ မကြာခင်က မြန်မာနိုင်ငံကို တရုတ်သံအမတ်သစ် ပြောင်းလာတယ်၊ ပြောင်းလာတဲ့အတွက်ကို မြန်မာနိုင်ငံနဲ့ တရုတ် ဆက်ဆံရေး၊ နောက်တစ်ချက်က မြန်မာဘက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကိုလည်း ပြောင်းလိုက်တာရှိတယ် ဆရာ။အဲ့ဒီတော့ ဒီသံအမတ်အပြောင်းအလဲမှာ မြန်မာနိုင်ငံနဲ့ တရုတ်နဲ့ နိုင်ငံခြားဆက်ဆံရေးတွေ၊ စီးပွားရေးကိစ္စတွေက ဘယ်လိုမျိုး အပြောင်းအလဲဖြစ်လာနိုင်သလဲ။ပိုကောင်းလာနိုင်လား ပိုဆိုးလာနိုင်လား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ သံအမတ်တွေ။နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုတဲ့ဟာ အထူးအားဖြင့် တိုက်ရိုက်တော့ မဆိုင်ပေမယ့် ဒီသံအမတ်အကြောင်း မပြောတော့ဘူး။ဒေါ်နယ်ထရမ့် နဲ့ ပြဿနာဖြစ်တဲ့ အင်္ဂလိပ်သံအမတ် ယူကေသံအမတ်ကြီးကို ဒေါ်နယ်ထရမ့် က ဒေါ်နယ်ထရမ့် လုပ်တဲ့ လုပ်ရပ်တွေကို ဝေဖန်တဲ့သူဆိုတဲ့အတွက် ချက်ချင်း သူက တစ်ခါတည်းလက်မခံဘူးပေါ့။အဲ့ဒီတော့ သံတမန်တွေရဲ့ သံတမန်လောကမှာတော့ သံအမတ်ကြီးတွေဟာ နိုင်ငံတွေကိုယ်စားပြုတဲ့အတွက် အင်မတန်အရေးကြီးတာပေါ့။

အရေးကြီးတဲ့အခါကျတော့ ဆရာနဲ့ရင်းနှီးတဲ့ အရင်သံအမတ်ကတော့ ငယ်တယ်၊ တက်တက်ကြွကြွရှိတယ်၊ အပြောအဆို ရဲရဲတင်းတင်းပြောတာတွေရှိတယ်။အခု သံအမတ်သစ်ကျတော့ သူလည်းရှိန်တာပေါ့။အရေးကြီးတာက လူထက်ကို ဆရာတို့ နှစ်နိုင်ငံမှာ သံအမတ်တွေကတော့ အပြောင်းအလဲတော့ရှိမှာပဲ။ဒါက သူတို့ သံအမတ်ဆိုတာက တစ်သက်လုံးနေမှာမှ မဟုတ်တာ။သုံးနှစ်ပဲပေါ့။ဟုတ်တယ်မဟုတ်လား၊ သုံးနှစ်နေတယ်၊ ငါးနှစ်နေတယ်။တစ်ခုတော့ရှိတယ် မြန်မာပြည်မှာ စင်ကာပူသံအမတ်ကြီးကတော့ အနှစ် နှစ်ဆယ်လောက် နေသွားတာ။ဒါကတစ်ပိုင်းပေါ့၊ ပုံမှန်အားဖြင့် သံအမတ်တွေက သုံး၊ လေးနှစ် နေတာပဲ၊ သံအမတ်တွေ သုံး၊ လေးနှစ် နေတဲ့အခါ သံအမတ်တွေရဲ့ တာဝန်တိုင်းပေါ့။တာဝန်တွေကတော့ နှစ်နိုင်ငံလည်ပတ်သလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး။

အဲ့ဒီတော့ ပိုပြီးအရေးကြီးတာက တခြားသံအမတ်တွေထက် အရေးကြီးဆုံးလို့ပြောရင် ကိုယ့်အိမ်နီးနားချင်းတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်သံအမတ်က အရေးကြီးတာပေါ့၊ ပြီးတော့ အာဆီယံသံအမတ်တွေ အရေးကြီးတယ်၊ ဒါပေမဲ့ ဒီထဲမှာ တကယ်အရေးကြီးဆုံး အရေးကြီးဆုံးလို့ပြောရင် ဘယ်သံအမတ်က အရေးအကြီးဆုံးလို့ပြောရင် တရုတ်သံအမတ်ပေါ့။တရုတ်သံအမတ်က ဘာကြောင့်လဲဆိုတော့ သံတမန်ရေးရာတင် မကဘူး၊ နိုင်ငံတကာရေးရာတင်မကဘူး၊ တရုတ်ပြည်နဲ့က စီးပွားရေးနဲ့က အချိတ်အဆက်ရှိနေတယ်၊ အထူးသဖြင့် ကိုယ့်ငြိမ်းချမ်းရေးကိစ္စမှာ အထူးသဖြင့် တရုတ်ပြည်က အချက်အချာပဲ၊ သူကခလုတ်ကိုး။

အဲဒီတော့ ဒီနောက်ပိုင်း မြောက်ပိုင်းနဲ့ ပတ်သက်လာရင်၊ AA နဲ့ ပတ်သက်လာရင် အားလုံးက သူပဲကိုး၊ ဟုတ်တယ်မဟုတ်လား၊ ‘ဝ’ ဆိုလည်း သူပဲ၊ ကိုးကန့်ဆိုလည်း သူပဲ၊ အဲ့ဒီတော့ သူနဲ့အဆင်ပြေအောင် ဆရာတို့ ဘယ်လိုလုပ်ကြမလဲ။ဒါကခေတ်အဆက်ဆက်က ဒါကို ဆရာတို့ သံတမန်ရေးရာမှာ တရုတ်ပြည်နဲ့ အဆင်ပြေအောင်လုပ်ခဲ့ကြတာ။အရင်တုန်းကဆိုရင် ဦးနု နဲ့ ချိုအင်လိုင်း။အဲ့ဒီဟာကိုကြည့်လိုက်ရင် ဘယ်လောက် စိတ်ဝင်စားဖို့ကောင်းသလဲဆိုရင် အဲ့ဒီအချိန်မှာ ဗမာပြည်ထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ကြီးထွားနေတာ။အဲ့ဒီတော့ ကြီးထွားနေပေမယ့် သူတို့က P to P နဲ့ G to G ကို ခွဲလိုက်တယ်။အဲဒီသံတမန်ဆက်ဆံရေးမှာက G to G အစိုးရချင်းကတော့ တည့်အောင်နေတယ်၊ တစ်ဖက်ကလည်း P to P ပါတီအချင်းချင်းလည်း တည့်အောင်နေတယ်။အဲ့ဒီတော့ ဦးနေဝင်း လက်ထက်ကလည်း ဒီလိုပဲ။ဗမာကွန်မြူနစ်ပါတီကို သူတို့ ထောက်ခံအားပေးတာ မရပါဘူးလေ။

ဒါပေမဲ့ အဲ့လိုမရပ်တဲ့ကိစ္စဖြစ်ပေမယ့် အစိုးရအချင်းချင်းလည်း ရင်းနှီးမြှုပ်နှံမှုရှိတာပေါ့။အဲ့ဒီတော့ parallel ပေ့ါနော်။ မျဉ်းပြိုင်ဆက်ဆံမှုတွေက ရှိနေမှာပဲ။အဲ့ဒီဆက်ဆံမှုရှိမယ်၊ အစိုးရနဲ့ ဆက်ဆံနေသလို သူတို့လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ဆက်ဆံနေတာပဲလေ။ဟုတ်တယ်မဟုတ်လား။အဲ့ဒါကို ဆရာတို့အနေနဲ့ လိမ်လိမ်မာမာ ပါးပါးနပ်နပ် ကိုင်တွယ်နိုင်ဖို့တော့ အရေးကြီးတယ်လို့ အောက်မေ့တယ်၊ အဲ့ဒီမှာ ဇာတ်ကောင်ကတော့ သံအမတ်တွေပေါ့။ကိုယ့်ဆီကသွားတဲ့ သံအမတ်ရယ် သူ့ဆီကလာတဲ့ သံအမတ်ရယ် အဲ့ဒီနှစ်ခုစလုံးက ဆရာတို့အတွက် အရေးအကြီးဆုံးပဲပေါ့။

Opinion Leaders ။     ။ နောက်တစ်ခုက မြန်မာပြည်မှာ တရုတ်ကနေ ဆောင်ရွက်တဲ့ စီမံကိန်းတွေရှိတယ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတွေ၊ နောက်တစ်ခါ မူဆယ်ကနေ မန္တလေးအထိ၊ မန္တလေးကနေ ကျောက်ဖြူအထိ ရထားလမ်းဖောက်လုပ်တဲ့ စီမံကိန်းရှိတယ်၊ နောက်တစ်ခုက ရန်ကုန်မြို့သစ် စီမံကိန်းတွေမှာ တရုတ်ရဲ့ Investment အနေနဲ့ပဲ။အဲ့ဒီစီမံကိန်းတွေက မြန်မာပြည်ရဲ့ စီးပွားရေးကို ဘယ်လောက်အထိသွားပြီး အကျိုးသက်ရောက်နိုင်သလဲ။နောက်တစ်ချက်က စီမံကိန်းမစတင်နိုင်သေးတဲ့အတွက် ဘယ်လောက်အထိ ဒီဘက်မှာ နစ်နာမှုတွေရှိသလဲ၊ ဒေသခံပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီစီမံကိန်းတွေက ဘယ်လောက်အထိသွားပြီး အထောက်အကူဖြစ်နိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာတို့က သူများနဲ့ နည်းနည်းလေးကွာတာပေါ့၊ သုံးသပ်တဲ့ပုံစံ။ဆရာတော့ နိုင်ငံရေးဘောဂဗေဒပဲ။နိုင်ငံရေးဘောဂဗေဒဖြစ်တော့ လက်ခံရမှာက အချက်အလက်တွေကို အခြေခံအနေနဲ့ပြောရင် တစ်ကမ္ဘာလုံးမှာ ရင်းနှီးမြှုပ်နှံမှုကို တကယ်လုပ်နိုင်တာ တရုတ်ပဲရှိတယ်။သူတို့မှာလည်း သူတို့အတွက် အဓိကဖြစ်နေတဲ့ ပိုးလမ်းကြီးပေါ့၊ OBOR ကိုလည်း သူက လုံးဝကိုမလျှော့နိုင်ဘူး၊ OBOR ကိစ္စရယ် ရင်းနှီးမြုပ်နှံမှုရယ်ရှိရင် သူတို့ကို လက်မခံလို့တော့မဖြစ်ဘူး။သို့သော်လည်း ပြဿနာက ဘာလဲဆိုရင် ဘယ်လိုလက်ခံမလဲဆိုတဲ့ ပြဿနာ။တရုတ်ကလည်း သူတို့ယဉ်ပါးနေတာပေါ့။ဒါကခေတ်အဆက်ဆက်ကပေါ့နော်။
တာဝန်ရှိသူတွေနဲ့ အဆက်အသွယ်လုပ်ပြီးတော့ သူတို့လုပ်ချင်တာလုပ်ခဲ့တာ။လက်မှတ်တွေထိုးခဲ့တာလည်း သိတဲ့အတိုင်းပဲ။ခေတ်အဆက်ဆက်က ပွင့်လင်းမြင်သာမှုမရှိဘူး။ဟုတ်တယ်မဟုတ်လား။ပွင့်လင်းမြင်သာမှုမရှိဘူး။

ဖြစ်နေတာက နှစ်ပိုင်းပေါ့လေ။တရုတ်လုပ်ငန်းရှင်တွေ ကုမ္ပဏီတွေကို မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမယ့်အခါကျရင် တာဝန်ကျေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ဖို့ဆိုတာ ကိုယ့်တာဝန်ပဲ။ကိုယ်ကထိန်းသိမ်းရမှာပဲ။မျက်စိမှိတ်ပြီးတော့ လုပ်ချင်တာလုပ်ပါလို့ ပြောလို့တော့မရဘူး။ဒါပေမဲ့ အဲ့ဒီလိုတစ်ဖက်က လုပ်ဖို့မရသလိုပဲ တရုတ်တွေ လုံးဝလက်မခံနဲ့ဆိုတာလည်း မဖြစ်သေးဘူး။တရုတ်တွေ လက်မခံဘူးဆိုရင် ဘယ်သူရှိလဲ၊ ဟုတ်တယ်မဟုတ်လား။တကယ်တမ်း သူတို့ပြောနေတဲ့ပုံစံက ကျောက်ဖြူတို့၊ မူဆယ်တို့၊ ရထားတို့ ဘာတို့က လုပ်ပေးနိုင်တာ တရုတ်ပဲရှိတယ်။အဲ့ဒီတော့ အဲ့ဒီလိုကြည့်ရင် စိတ်ပူတာကို နားလည်တယ်နော်။

ဒါပေမဲ့ ဥပမာ - ဗီယက်နမ်ကိုကြည့်။ဗီယက်နမ်က တရုတ်နဲ့ တိုက်ခဲ့တာ၊ မြောက်ဗီယက်နမ်နဲ့ တရုတ်နဲ့က တိုက်ခဲ့တဲ့သူတွေ။ဒါပေမဲ့ အခု တရုတ်ရင်းနှီးမြှုပ်နှံမှုကို တအားလက်ခံတာပဲ။ပြီးတော့မှ ဖိလစ်ပိုင်။အခု ဖိလစ်ပိုင်နဲ့ တရုတ်ဆိုရင် တောင်ပင်လယ်မှာ ပြဿနာဖြစ်နေတယ်။ပြဿနာဖြစ်နေပေမယ့် တရုတ်ရင်းနှီးမြှုပ်နှံမှု လက်ခံနေတာ။
ပြီးတော့မှ ဆရာတို့ထက် တအားကြီးဝေးတဲ့ ယုတ္တိမရှိဘူးလို့ ထင်ရတဲ့ကိစ္စက အာဖရိကနိုင်ငံတွေအားလုံးမှာ တရုတ်တွေဖြစ်ကုန်ပြီ။ဆရာ ဇမ်ဘီယာသို့ ရောက်တယ်၊ တန်ဇန်းနီးယားကို ရောက်တယ်။တရုတ်မရှိတဲ့ တရုတ်လုပ်ငန်းမရှိတဲ့ အထူးသဖြင့် တရုတ်တွေမရှိတဲ့ မြို့တွေမရှိတော့ဘူး၊ သူတို့က စိမ့်ဝင်နေတာ၊ အဲ့ဒီတော့ အရေးကြီးတာက သူတို့စိမ့်ဝင်တာက စိမ့်ဝင်တာ။သူတို့ကိစ္စလေ၊ ဆရာတို့အနေနဲ့ လက်ခံရမယ့်ပုံစံက အရေးကြီးတယ်။အခုက Activate တွေကလည်း အရာရာကို negative ပဲ မြင်တာကိုး။

တရုတ်လို့ပြောလိုက်တာနဲ့ လုံးဝလက်မခံဘူး၊ ကဲ..ဒါဆို လုံးဝလက်မခံရင် ဘာနဲ့စားကြမလဲ။အဲ့ဒီတော့ ဆရာအောက်မေ့တာကတော့ အဲ့ဒီလိုပြောတဲ့အတွက် တရုတ်ကို ကဲ..မင်းကြိုက်တာလုပ်ဆိုပြီး ပြောတာလည်းမဟုတ်ဘူး။ကိုယ်က အစိုးရပဲမဟုတ်ဘူးလား။ကိုယ့်အနေနဲ့ သတ်မှတ်ချက်တွေ ကိုယ်လုပ်ပေးနိုင်တာပဲ၊ စည်းကမ်းချက်တွေကို လုပ်ပေးနိုင်တာပဲ။အဲ့ဒီလိုလုပ်နိုင်ရင်တော့ ဆရာထင်တယ်၊ အခြေအနေတစ်ခုရလိမ့်မယ်လို့ ထင်တယ်။မဟုတ်ရင်တော့ စိတ်ပူတာလေ။ဒီအတိုင်း အခုဖြစ်နေတာ။

ဒီမိုကရေစီကလည်း အပြည့်ရနေတော့ တစ်ယောက် နှစ်ယောက်လောက် ထအော်တာနဲ့ အားလုံးက ရပ်ရပ်ကုန်တယ်။ မြစ်ဆုံကြီးက မကောင်းဘူးဆိုတာ ဆရာတို့သိတယ်။အဲ့ဒီတော့ မြစ်ဆုံကြီးကို ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အဖြေမရှိဘူးလေ။မကောင်းဘူးလို့ပြောရင် choice က အခုဖြစ်နေတာက Zero One ဖြစ်နေတာလေ။
ကွန်ပျူတာစကားနဲ့ဆိုရင် binary ပေါ့၊ Yes or No ဖြစ်နေတာ၊ အဲ့ဒီတော့ ဒီမကောင်းတာကို ကောင်းအောင်လုပ်ဖို့ဆိုတဲ့ နည်းနည်းလေးအားထည့်ဖို့ မစဉ်းစားဘူး၊ မျက်စိမှိတ်ပြီးတော့ မကောင်းတာပဲပြော၊ ကဲမလိုတော့ဘူး၊ မလာတော့နဲ့ ဆိုတာမျိုး။ဥပမာဆိုပါတော့ ကျောက်ဖြူတုန်းက မူလက ပရောဂျက်ကြီးက အကြီးကြီး။အဲ့ဒီပရောဂျက်ကြီး အကြီးကြီးကို ဒီအတိုင်းလက်ခံလိုက်ရင် ဆရာတို့မှာ အခက်အခဲတွေ အများကြီးရှိမယ်ထင်တော့ ပရောဂျက်ကြီးကို လျှော့ချလိုက်တယ်။လျှော့ချလိုက်တော့ အဆင်ပြေသွားတယ်လေ၊ ဟုတ်တယ်မဟုတ်လား။

အဲ့ဒီတော့ အဲ့လိုပဲ မြစ်ဆုံလည်း ဆရာထင်တယ် အဆင်ပြေအောင် လုပ်လို့ရတယ်။အခုဟာက မြစ်ဆုံကိုပြောရဲတဲ့သူ မြန်မာပြည်မှာ တစ်ယောက်မှမရှိဘူး၊ ဟုတ်တယ်မဟုတ်လား။ပြောတဲ့သူက တစ်ခါတည်းထိမှာ။ကိုယ်တောင် မရေးရဲဘူး၊ ကိုယ်ရေးရင် ကိုယ့်ကိုတွယ်မှာ၊ တရုတ်က ပိုက်ဆံပေးတာလို့ပြောမှာ၊ ဟုတ်တယ်မဟုတ်လား။
အဲ့လိုဖြစ်တော့ ဆရာတို့မှာ အခက်အခဲတွေက အများကြီးရှိနေတာပေါ့၊ ဝမ်းနည်းစရာတော့ ကောင်းတယ်ကွဲ့။ဆရာထင်တာကတော့လေ ဆွေးနွေးချက်တွေဟာ လက်ခံနိုင်၊ လက်မခံနိုင်ဆိုတဲ့ ဆွေးနွေးချက်တွေ မဟုတ်ဘဲနဲ့ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုလက်ခံနိုင်မလဲဆိုတဲ့ ဆွေးနွေးချက် ဖြစ်စေချင်တာ။

အဲ့ဒီတော့ ကိုယ့်နိုင်ငံအတွက်ကောင်းဖို့ ကိုယ့်လူမျိုးအတွက်ကောင်းဖို့ အလုပ်တွေရဖို့ စက်မှုထွန်းကားဖို့၊ အခုတီဗွီတွေမှာကြည့်ရင် ကြောက်စရာတောင်ကောင်းတယ်၊ တရုတ်ပြည်မှာ 5G တွေဟာလေ။ဆရာတို့ဆီမှာ 3 G, 2 G တောင် အနိုင်နိုင်။သူတို့မှာ 5G က ဟိုးနယ်စွန်နယ်ဖျားမှာတောင် ဖြစ်နေပြီဆိုရင် ဟုတ်တယ်မဟုတ်လား၊ အဲ့ဒီတော့ ဆရာ ဟိုတလောက ယူနန်ရောက်တယ်၊ ကိုယ့်စိတ်ထဲတော့ စိတ်ကူးလည်းမရှိပါဘူး၊ ဒါပေမဲ့ ယူနန်နယ်မြေထဲ ရောက်ကတည်းက လန့်သွားတာပေါ့၊ အဲ့ဒီတော့ ဒီလိုဖြစ်ရမယ်လို့ ပြောရမယ် မဟုတ်ဘူးလေ။အဲ့ဒီလိုပြောရင် လူတွေက တရုတ်ရဲ့ ပြည်နယ်တစ်ခု ဖြစ်စေချင်တာ ဘာညာလုပ်ပြန်ဦးမှာ။

ဆရာထင်တာတော့ ဒီကိစ္စက တကယ်ဖြစ်သင့်တဲ့ ပလက်ဖောင်းပေါ် ရောက်မလာသေးဘူးကွဲ့။တရုတ်အရင်းအနှီးတွေကို မြန်မာပြည်အတွက် အကျိုးအရှိဆုံး ဘယ်လိုလုပ်ရမလဲဆိုတဲ့ မေးခွန်းမဟုတ်ဘဲနဲ့ တရုတ်အရင်းအနှီးတွေ လက်ခံလား၊ လက်မခံလားဆိုတဲ့ မေးခွန်းတွင် သွားတင်ထားတော့ လက်ခံရမလား/လက်မခံရမလား Binary choice ပေါ့၊ Zero/One ဖြစ်နေတော့ ခက်တယ်၊ တကယ်တမ်းကတော့ လက်မခံဘူး လက်ခံရမယ် ပြောတာမဟုတ်ဘူး။ကိုယ့်လူမျိုး ကိုယ့်နိုင်ငံအတွက် အကျိုးအရှိဆုံး ဘာလုပ်ရင်ကောင်းမလဲဆိုတာကို အဖြေထုတ်ရင် တစ်မျိုးရတယ်ကွဲ့၊ မီဒီယာမှာလည်းအဲ့ဒီ debate တွေက binary ချည်းပဲ debate လုပ်ပစ်တာကွဲ့။Zero/One တွေပဲ။
အဖြေကမရဘူးလေ၊ သုညသမားကလည်း သုည။တစ်သမားကလည်း တစ်ဆိုတော့ သုညနဲ့ တစ်ကြားမှာ လုံးဝကို ညှိနှိုင်းမှုမရှိဘူးလေ။
ညှိနှိုင်းအောင် ဘယ်လိုလုပ်မလဲ စဉ်းစားပေးကြပါ။

Opinion Leaders ။     ။  လက်ရှိ မြန်မာ-တရုတ် ကုန်သွယ်ရေးက ပြီးခဲ့တဲ့နှစ်ကထက်စာရင် ဒီဘက်နှစ်မှာ တော်တော်ကျသွားတယ်။တစ်ဘီလျံကျော်မလားမသိဘူး။ကျသွားတော့ ပထမသံအမတ်လက်ထက်မှာ တရုတ်-မြန်မာ ကုန်သွယ်ရေးဆိုင်ရာ ပြဿနာတော်တော်တက်သွားတာရှိတယ်။အသီးအနှံတွေဆိုရင်လည်း နာနတ်သီးဆိုရင် လုံးလုံးကို အဝင်မခံတာတွေရှိတယ်။ဆန်ဆိုရင်လည်း ကိုယ်တာနဲ့ သတ်မှတ်လိုက်ပြီးတော့ ဘာတာစနစ်နဲ့ ပြန်ဝယ်ဖို့တွေရှိတယ်။အဲ့ဒီတော့ သံအမတ်သစ် အပြောင်းအလဲမှာ မူဆယ်ရှိ တရုတ်-မြန်မာ ကုန်သွယ်ရေးက ပိုပြီးကောင်းလာနိုင်လား။တစ်ချို့ပြဿနာတွေ ညှိနှိုင်းဖြေရှင်းလာနိုင်မလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာတို့အနေနဲ့ ကုန်သွယ်မှုချောမွေ့ဖို့ Border Trade ချောမွေ့ဖို့ဆိုရင် နှစ်နိုင်ငံတိုင်ပင်မှ ရမယ်ထင်တယ်။အခုပြဿနာရှိတာက ဆရာသိသလောက် ဟိုဘက်မှာရှိတဲ့ Free Zone တွေပေါ့။လွတ်လွတ်လပ်လပ် ပတ်စ်ပို့မလိုပဲ သွားလို့ရတဲ့ လုပ်လို့ရတဲ့ဟာတွေ။အဲ့ဒီတော့ ခက်တာက ဆရာတို့ဆီမှာ ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းမှုက အားနည်းတယ်။ဒီကိစ္စက ကုန်သွယ်ရေးကိစ္စတစ်ခုတည်း မဟုတ်ဘူး။လုံခြုံရေးကိစ္စ ဖြစ်လာပြန်ရော။နှစ်နိုင်ငံဆက်ဆံရေးကိစ္စ ဖြစ်လာပြန်ရော။ပတ်စ်ပို့ကိစ္စ ဖြစ်လာပြန်ရော။

အဲ့ဒီတော့ MOFA အဖွဲ့ကလည်း MOFA အဖွဲ့ပဲ၊ သူတို့ကြည့်တာက MOFA တစ်ခုတည်း ကြည့်တာကိုး၊ ဟုတ်တယ်မဟုတ်လား။လုံခြုံရေးကလည်း လုံခြုံရေးပဲကြည့်တယ်။ကုန်သွယ်ရေးကလည်း ကုန်သွယ်ရေးပဲကြည့်တော့ တရုတ်က လိုရင်တစ်မျိုး မလိုရင်တစ်မျိုးလေ။သူတို့က တရားမဝင်ဘူးလို့ ပြောလိုက်တာနဲ့ ကျုပ်တို့တွေ ဒုက္ခရောက်ကုန်ရော။အခု ဆန်စပါးအနေနဲ့ ဆွေးနွေးတဲ့အခါ သူတို့မှာ အခက်အခဲအနေနဲ့ ကြောက်နေရတာ။ဟုတ်တယ်မဟုတ်လား၊ ဟိုဘက်က ပြည်နယ်က ပြည်နယ်တာဝန်ခံက မကြည်ဘူးဆိုတာနဲ့ ပိတ်လိုက်လို့ရတယ်။အဲ့ဒီတော့ ဆရာတို့မှာ ရေရှည်ပေါ်လစီ မရှိတဲ့ပြဿနာပေါ့၊ ကိုယ့်ဆီမှာကလည်း အားနည်းတာ ဘာလဲဆိုလို့ရှိရင် ပို့တဲ့ပစ္စည်းတွေက ဖရဲသီးတွေပို့ရတာ ပြောင်းတွေပို့ရတာ၊ နှမ်းတွေပို့ရတာ၊ အချိန်မရွေး ကိုယ့်ကို ဒါကြီးက ပိတ်ဆို့လို့ရတဲ့ကိစ္စ။လွယ်လွယ်ကူကူဘဲ။ကိုယ့်မှာ ဘာမှလုပ်လို့မရဘူး။နာနတ်သီး ဘယ်လိုမှလုပ်လို့မရဘူး။အဲ့လိုဖြစ်တော့ ကိုယ်က ဆွေးနွေးတဲ့အခါမှာ ကိုယ့်ဘက်က အားနည်းတဲ့ အနေအထားတစ်ခုရှိနေတော့ အဲ့ဒါကို ဆရာတို့က အသိမှတ်ပြုဖို့ လိုမယ်လို့တော့ ထင်တယ်။

ဆရာတို့ ယူနန်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးနဲ့ တွေ့တယ်။သူတို့လည်း တကယ်တမ်းပြောရရင် မြန်မာကို ထွက်ပေါက်အနေနဲ့ မြင်တာဘဲ။ဆရာထင်တယ် တရုတ်ကိုလည်း ခွဲမြင်မှရမယ်ထင်တယ်။သူတို့ပြည်နယ်က ဆရာတို့လိုဘဲ တိုင်းဒေသကြီးနဲ့ ပြည်ထောင်စုအဆင့်ရှိသလို သူတို့မှာလည်း ယူနန်ပြည်နယ်နဲ့ ဘေကျင်းနဲ့က အမြင်မတူကြဘူးလေ။အဲဒီတော့ ဆရာတို့ မဟာမိတ်လုပ်ရမှာက ယူနန်နဲ့ မဟာမိတ်လုပ်ရမှာ။

သူတို့ကဒေသခံတွေ။သူတို့ကနားလည်တယ်။သူတို့အခြေအနေက ဆရာတို့နဲ့ ပိုပြီးနီးစပ်တော့ သူတို့ရဲ့လိုအပ်ချက်တွေ ကိုယ့်ရဲ့လိုအပ်ချက်တွေ ညှိညှိနှိုင်းနှိုင်း လုပ်ရမှာဘဲ။ပြီးတော့မှ အဓိကကတော့ ကုန်သွယ်မှုမှာ ချောမွေ့စေချင်တာပေါ့။ခုထိ ပုံစံတွေကရတုန်း၊ ပါမစ်တွေက ပေးရတုန်း။ဆရာတို့ ဘယ်လိုကြီးပြောပြော မရဘူး။အဲ့ဒီတော့ အဲ့ဒီလိုမရတာ ဒီတစ်နေရာတည်းမဟုတ်ဘူး။နေရာတိုင်းဖြစ်နေတာ။လူကြီးတွေက နားလည်တယ်။လူကြီးတွေက သဘောပေါက်တယ်။လူကြီးတွေက လက်ခံပေမယ့် အောက်ခြေမှာ မရဘူးဆိုတော့ အားနည်းတာ။ အုပ်ချုပ်ရေးအားနည်းတာ ဆရာထင်တယ် အာဏာစက်မရှိဘူးထင်တယ်။အဲဒီတော့ သူတို့ကလည်း ကိုယ်ကိုသိပ်မယုံတော့ဘူး။MOU တွေ ထိုးထားတယ်။စာချုပ်တွေထိုးထားတယ်။ထိုးထားတာ ထိုးထားတာဘဲရှိတာကိုး။

အခု ကုန်သွယ်မှုချောမွေ့အောင် ဘာလုပ်ရင်ကောင်းမလဲ။ကိုယ်လည်းမနစ်နာအောင် သူလည်း မနစ်နာအောင်။အဓိကပြဿနာသည် ကုန်သွယ်ရေးကိစ္စမှာ။တရုတ်တင်မကဘူး နယ်စပ်မှာဖြစ်နေတာ အားလုံးကဒီပုံစံဘဲ။အိန္ဒိယပြဿနာ၊ ဘင်္ဂလားဒေ့ရှ့်နဲ့ ပြဿနာ၊ ထိုင်းနဲ့ ပြဿနာ။ခုဆိုပါတော့ လွိုင်ကော်မှာဆိုပါတော့ သူတို့ဘက်က ချိုင်ဝမ်းနဲ့ ဆရာတို့ဘက်က ဒီမောဆိုက ကပ်နေတာ။ထွက်ပေါက်ကမရှိဘူး။မြဝတီလည်း ဒီအတိုင်းဘဲ ဟိုဘက်က အောက်ဘက်ကဆိုလည်း ထီးခီးတို့ ကန်ချာနာပူနဲ့ ကပ်နေတာ။အဲ့ဒီလို နယ်စပ်တွေအားလုံး  Border Trade ကြီးတစ်ခုလုံးကို တစ်ယောက်က ဦးစားပေးတာဝန်ယူပြီးတော့ ဝန်ကြီးဌာနတစ်ခုတည်း မဟုတ်ဘဲ ဝန်ကြီးဌာနတွေအားလုံး စုထားပြီး ဒု-သမ္မတဘဲဖြစ်ဖြစ် Border Trade ကို ချောမွေ့အောင် ဘယ်လိုလုပ်မလဲ။

အခုကဖြစ်နေတာက သိတဲ့အတိုင်းဘဲ တရားမဝင် ဘော်ဒါထရိတ်က တအားများတာ။တရားမဝင်က အများကြီးဝင်တာလေ။အခု မြန်မာပြည်မှာ သောက်နေတဲ့ အရက်တွေအားလုံးက တရားဝင်တစ်ခုမှ မရှိတာ။အခွန်ရနေတာ အစိုးရက နှစ်ပဲတပြားရနေတာ။အဲဒီတော့ ဒါတွေကို ကိုင်တွယ်ဖို့ ဘယ်လိုလုပ်မလဲ။ဆရာ့ သဘောကတော့ မှောင်ခိုမဖြစ်အောင် အကောင်းဆုံးက အားလုံးခွင့်ပြုလိုက်ရင်ပြီးတာဘဲ။ခွင့်ပြုလိုက်ရင် လွတ်လွတ်လပ်လပ် လုပ်ပေးလိုက်ရင် အစိုးရအတွက်လည်း အခွန်အခတွေရမယ်။လူတွေလည်း မှောင်ခိုလုပ်ရတာ လွယ်တာမှ မဟုတ်တာ။လုပ်ရတဲ့လူက အန္တရာယ်လည်းရှိတယ်။ပေးရကမ်းရ အဆင့်အဆင့်ပေးရတာ။အခုလို တရားဝင်လုပ်လိုက်ရင် ဒီလောက်တောင် သောက်ချင်တဲ့ကောင်တွေ တခါတည်းသာ သောက်ပစေတော့။မြန်မာပြည်မှာထုတ်တဲ့ အရက်ထုတ်လုပ်တဲ့သူတွေ သူတို့လည်း လိမ်နေရတာ။သူတို့ဆီက ကုန်ကြမ်းယူ ကုန်ချောပေးဆိုတဲ့ အလုပ်ကို လုပ်တဲ့အခါကျတော့ တစ်ခါတည်း ကုန်ချောကြီးကို ယူလာခဲ့တယ်။ပြီးတော့ တံဆိပ်ကလေး တပ်ပြီးတော့ မြန်မာပြည်မှာ ထုတ်တယ်ဆိုပြီးတော့ ပြီးသွားတာ။ဒါလည်း လိမ်နေမှန်း ဆရာတို့သိတာဘဲ။ခက်တာက အားလုံးက ဘာကြောင့်လိမ်နေလဲ။လိမ်တဲ့သူမှာ အပြစ်မရှိဘူးနော်။လုပ်ထားတဲ့ အလုပ်တွေက မလိမ် လိမ်အောင် လုပ်ထားတဲ့ စည်းစနစ်တွေ ဖြစ်နေတာကိုး။အဲ့ဒါလေးတော့ နည်းနည်းပြင်ဖို့လိုမယ် ထင်တာပါဘဲ။

Opinion Leaders ။     ။ မကြာခင်က တရုတ်သံအမတ်သစ်က မြန်မာဘက်ကို တရုတ်တွေ ဝင်ရာမှာ ဗီဇာကင်းလွတ်ခွင့်ပေးဖို့ ပြောတာရှိတယ်။မြန်မာဘက်ကလည်း တရုတ်ဘက်ကိုဝင်ရင် လုံခြုံရေးအရ တော်တော်လေး တင်းတင်းကြပ်ကြပ် စစ်ဆေးတာရှိတယ်။နယ်စပ်တွေမှာ ကုန်သွယ်ရေးအဆင်ပြေဖို့ဆိုရင် ဗီဇာကိစ္စကို ဘယ်လိုဆောင်ရွက်သင့်လဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခု အဓိကပြဿနာက zero package Tourism ပြဿနာဖြစ်နေတယ်။တရုတ်တွေလာတယ်။တပြားမှ မသုံးဘူး။ဟုတ်မှမဟုတ်တာ မဟုတ်ဘူးလား။နောက်တစ်ခုကလည်း တရုတ်နဲ့ ကုန်သွယ်မှုလုပ်ငန်းလုပ်တဲ့ နိုင်ငံတွေ၊ နောက် တရုတ်ကမ္ဘာလှည့်ခရီးသည် သွားတဲ့နိုင်ငံတွေက တစ်ကမ္ဘာလုံးမှာ။
မြန်မာပြည်တစ်ပြည်တည်း မဟုတ်ဘူး။ဗီယက်နမ် ဘယ်လိုရှင်းနေလဲ။ဆရာ ဗီယက်နမ်ရောက်တော့ ဆရာနဲ့အတူတူ Tour သွားတဲ့အခါမှာ လူ ၁၀၀ ထဲမှာ ဆရာတို့နှစ်ယောက်ဘဲရှိတယ် မြန်မာ။အားလုံးက တရုတ်ချည်းဘဲ။သူတို့တွေအားလုံးက zero package တွေကြီးဘဲ။သူတိုတွေအားလုံး wechat နဲ့ လာတာ။ဗီယက်နမ်က wechat တွေ ဘာတွေလာတာ ခေါင်းထဲမရှိဘူး။လာဖို့အတွက်ကို သူအမျိုးမျိုးကြိုးစားတယ်လေ။ဆရာတို့မှာ ပြဿနာရှိတာက ဗီဇာ Free လို့ တစ်ဖက်ကပြောတယ်။ဒါပေမယ့် ဒီမှာကျရင်လည်း အခက်အခဲဖြစ်အောင် များများလုပ်ကြတာကိုး။ဆရာတို့ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ ထိုင်းမှာ အခု ဘန်ကောက်လေယာဉ်ကွင်းကြည့်။ဘာလုပ်သလဲဆိုရင် Immigration မှာ Chinese Only ဆိုပြီး Lane တွေလုပ်ထားလိုက်တယ်။ပြီးရော။
သူများတွေလည်း အနှောက်အယှက်မဖြစ်အောင်။

တရုတ်တွေအကြောင်းလည်း သိတဲ့အတိုင်းဘဲ။ဆရာတို့လည်း မလုပ်သင့်ဘူးလား။ဒီလိုပုံစံကို နောက်တခါ သူတို့တွေ ဘယ်လိုလုပ်နေလဲ zero package ကို ဘယ်လိုကိုင်တွယ်လဲ။ခုက ပြောလိုက်ရင် ကိုယ့်တစ်နိုင်ငံတည်း တရုတ်ပြဿနာကို ဖြေရှင်းနေရတဲ့ပုံစံနဲ့ ပြောနေတာ။ဒီလောက်တောင် နိုင်ငံခြားသွားနေတဲ့ ကောင်တွေကွယ်။
ဝန်ကြီးဌာနကကောင်တွေ တစ်ရက်လောက်သွားတာနဲ့ မသိဘူးလား။ဗီယက်နမ် ဘယ်လိုလုပ်လဲ၊ လာအို ဘယ်လိုလုပ်လဲ၊ မလေးရှား ဘယ်လိုလုပ်လဲ၊ စင်္ကာပူ ဘယ်လိုလုပ်လဲ။စင်္ကာပူမှာလဲ တရုတ်တွေကြီးဘဲ။Tourist တွေလေ။ပြင်သစ်မှာလဲ တရုတ်ဘဲ။ဥရောပမှာဆိုရင်လည်း တရုတ်ဘဲ သူတို့တောင် ကိုင်တွယ်နိုင်ရင် ဆရာတို့ ဒီမှာလာပြီးတော့ မဟုတ်တဲ့ကိစ္စကို လာပြောနေတာ။
 

ဗီဇာမရှိလည်း ဘာဖြစ်လဲ အချိန်တန်သူပြန်သွားလိမ့်မှာဘဲ။အဲ့ဒီတော့ ကိုယ့်အနေနဲ့ ပွင့်ပွင့်လင်းလင်း Liberal ဖြစ်ဖြစ် စဉ်းစားမှရလိမ့်မယ် ထင်တယ်။အခုက ဆရာထင်တယ် ကြောက်တာလည်းပါသလား မသိဘူး။အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တာ နှစ်ပေါင်း ၆၀ ဆိုတော့ ကြောက်တဲ့စိတ်က မပျောက်တော့ဘူး။ကြောက်တဲ့စိတ် မပျောက်တဲ့အပြင် မယုံတဲ့စိတ်က သိပ်များတာဘဲ။တသက်လုံးအလိမ်ခံနေရတော့လေ။ဒီတစ်ခါလည်း လိမ်ဦးမှာဘဲဆိုတဲ့စိတ်က ရှေ့တန်းရောက်နေတော့ ဘာမှကို Trust မရှိတော့ဘူး။

ဒီကိစ္စမှာ Trade ကိစ္စတို့ Travel တို့ သွားလာတဲ့ ခရီးသွားလုပ်ငန်းအားလုံးက Trust ကို အခြေခံရတာလေ။သူတို့တွေပြောတာ ဒီလူတွေလာလို့ရှိရင် ဒေါ်လာ ၁၀၀၀ ပေးရမယ်ဘာတို့။အဲ့လို အူကြောင်ကြောင်ကောင်တွေ ရှိနေတယ်။တို့ဆီမှာ ခုခေတ်ဒေါ်လာ ၁၀၀ တောင် မကိုင်တဲ့ ခေတ်လေ။ငွေသားအနေနဲ့ အားလုံးက တယ်လီဖုန်းနဲ့ မိုဘိုင်းလ်ထဲ ထည့်ထားတာ။အဲ့ဒါကို ဆရာတို့က ခုထိမလိုက်နိုင်သေးဘူး။

မကြာခင်က လုပ်ပြန်တယ်။ဗဟိုဘဏ်က မြန်မာပြည်မှာ cash နဲ့ဖြစ်အောင် လုပ်နေတယ်။ဆရာတို့လည်း ကြိုးစားနေတာ။လူငယ်တွေ ဈေးသွားလို့ရှိရင် ငွေကိုင်စရာမလိုဘူး။ခုကလက်မခံဘူး လုပ်ပြန်ကော။ရှေ့တစ်လှမ်းတိုးပြီး ၁၀ လှမ်းနောက်ဆုတ်ခိုင်းတဲ့ စနစ်ကြီးဖြစ်နေတာကိုး။အဲ့ဒီကောင်တွေလည်း ဟန်းဖုန်းတောင် ကိုင်တဲ့ကောင်တွေ မဟုတ်ဘူး။card နဲ့ဆိုတာ သူတို့လည်းမသိဘူး။သူတို့ငွေလဲသုံးတဲ့ကောင်တွေ မဟုတ်ဘူး။လူငယ်တွေ ဆိုင်သွားတဲ့အခါမှာ Credit Card ပေးရင် ပေးပါစေပေါ့။မြန်မာငွေနဲ့ရှင်းရင်ရှင်း ဘာဖြစ်လဲ။ဒါပေမယ့် သူတို့ကဘာပြောမလဲ ရှင်းရင် ဘာဖြစ်တယ် ညာဖြစ်တယ် မဟုတ်တာတွေကို စဉ်းစားတဲ့ ပုံစံကြီးတွေကကို အခြေခံလွဲနေတာ။ခေတ်နဲ့ကလည်း မမီဘူး။ခေတ်မမီတာနဲ့ သူတို့က ပေသီးခေါက်တဲ့ ကောင်တွေကိုး။ခုခေတ် က 4G တို့ 4i တို့ဘာမှန်းကို သိတဲ့ကောင်တွေ မဟုတ်တော့ တော်တော်ကြီးနစ်နာတယ်။နောက်ကျတယ်။

Opinion Leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
သြဂုတ် - ၈

( Zawgyi )

မၾကာေသးခင္က ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးေနရာ အေျပာင္းအလဲျဖစ္ခဲ့သလို တ႐ုတ္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ေနရာလည္း အေျပာင္းအလဲျဖစ္ခဲ့ပါတယ္။တ႐ုတ္-ျမန္မာၾကား ျမန္မာႏိုင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရးမွစကာ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းအထိ၊ မူဆယ္-မႏၲေလး ရထားလမ္းမွသည္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းအထိ တ႐ုတ္ႏိုင္ငံက ေဖာ္ေဆာင္ေနသည့္ OBOR စီမံကိန္းႏွင့္ ပက္သက္ကာ ဆက္ႏြယ္မႈရွိေနသလို ကုန္သြယ္ေရးတြင္လည္း ႀကီးႀကီးမားမားဆက္ဆံမႈ ရွိေနခဲ့ပါသည္။ျမန္မာႏိုင္ငံအတြင္း တ႐ုတ္ႏိုင္ငံ၏ စီးပြားေရးရင္းႏွီးျမဳပ္ႏွံမႈက စင္ကာပူၿပီးလွ်င္ အမ်ားဆုံးျဖစ္ၿပီး ျမန္မာႏိုင္ငံအတြင္း တ႐ုတ္လူမ်ိဳးမ်ား လာေရာက္အေျခခ် ေနထိုင္မႈကလည္း ေရွးဘုရင္မ်ားေခတ္ကတည္းက ရွိခဲ့သည္။လတ္တေလာတြင္ ႏွစ္ႏိုင္ငံ သံအမတ္အေျပာင္းအလဲက တ႐ုတ္-ျမန္မာၾကား ဆက္ဆံေရး၊ ကုန္သြယ္ေရးႏွင့္ ျမန္မာျပည္တြင္း ၿငိမ္းခ်မ္းေရးတြင္ မည္သို႔သက္ေရာက္ႏိုင္သည္ မည္သို႔တိုးတက္ျဖစ္ထြန္းမႈ ရွိလာႏိုင္မလဲဆိုသည္အေပၚ ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ ဆရာ ေဒါက္တာေအာင္ထြန္းသက္ အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ မၾကာခင္က ျမန္မာႏိုင္ငံကို တ႐ုတ္သံအမတ္သစ္ ေျပာင္းလာတယ္၊ ေျပာင္းလာတဲ့အတြက္ကို ျမန္မာႏိုင္ငံနဲ႔ တ႐ုတ္ ဆက္ဆံေရး၊ ေနာက္တစ္ခ်က္က ျမန္မာဘက္က တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ကိုလည္း ေျပာင္းလိုက္တာရွိတယ္ ဆရာ။အဲ့ဒီေတာ့ ဒီသံအမတ္အေျပာင္းအလဲမွာ ျမန္မာႏိုင္ငံနဲ႔ တ႐ုတ္နဲ႔ ႏိုင္ငံျခားဆက္ဆံေရးေတြ၊ စီးပြားေရးကိစၥေတြက ဘယ္လိုမ်ိဳး အေျပာင္းအလဲျဖစ္လာႏိုင္သလဲ။ပိုေကာင္းလာႏိုင္လား ပိုဆိုးလာႏိုင္လား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ သံအမတ္ေတြ။ႏိုင္ငံတစ္ႏိုင္ငံကို ကိုယ္စားျပဳတဲ့ဟာ အထူးအားျဖင့္ တိုက္႐ိုက္ေတာ့ မဆိုင္ေပမယ့္ ဒီသံအမတ္အေၾကာင္း မေျပာေတာ့ဘူး။ေဒၚနယ္ထရမ့္ နဲ႔ ျပႆနာျဖစ္တဲ့ အဂၤလိပ္သံအမတ္ ယူေကသံအမတ္ႀကီးကို ေဒၚနယ္ထရမ့္ က ေဒၚနယ္ထရမ့္ လုပ္တဲ့ လုပ္ရပ္ေတြကို ေဝဖန္တဲ့သူဆိုတဲ့အတြက္ ခ်က္ခ်င္း သူက တစ္ခါတည္းလက္မခံဘူးေပါ့။အဲ့ဒီေတာ့ သံတမန္ေတြရဲ႕ သံတမန္ေလာကမွာေတာ့ သံအမတ္ႀကီးေတြဟာ ႏိုင္ငံေတြကိုယ္စားျပဳတဲ့အတြက္ အင္မတန္အေရးႀကီးတာေပါ့။

အေရးႀကီးတဲ့အခါက်ေတာ့ ဆရာနဲ႔ရင္းႏွီးတဲ့ အရင္သံအမတ္ကေတာ့ ငယ္တယ္၊ တက္တက္ႂကြႂကြရွိတယ္၊ အေျပာအဆို ရဲရဲတင္းတင္းေျပာတာေတြရွိတယ္။အခု သံအမတ္သစ္က်ေတာ့ သူလည္းရွိန္တာေပါ့။အေရးႀကီးတာက လူထက္ကို ဆရာတို႔ ႏွစ္ႏိုင္ငံမွာ သံအမတ္ေတြကေတာ့ အေျပာင္းအလဲေတာ့ရွိမွာပဲ။ဒါက သူတို႔ သံအမတ္ဆိုတာက တစ္သက္လုံးေနမွာမွ မဟုတ္တာ။သုံးႏွစ္ပဲေပါ့။ဟုတ္တယ္မဟုတ္လား၊ သုံးႏွစ္ေနတယ္၊ ငါးႏွစ္ေနတယ္။တစ္ခုေတာ့ရွိတယ္ ျမန္မာျပည္မွာ စင္ကာပူသံအမတ္ႀကီးကေတာ့ အႏွစ္ ႏွစ္ဆယ္ေလာက္ ေနသြားတာ။ဒါကတစ္ပိုင္းေပါ့၊ ပုံမွန္အားျဖင့္ သံအမတ္ေတြက သုံး၊ ေလးႏွစ္ ေနတာပဲ၊ သံအမတ္ေတြ သုံး၊ ေလးႏွစ္ ေနတဲ့အခါ သံအမတ္ေတြရဲ႕ တာဝန္တိုင္းေပါ့။တာဝန္ေတြကေတာ့ ႏွစ္ႏိုင္ငံလည္ပတ္သလို ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး။

အဲ့ဒီေတာ့ ပိုၿပီးအေရးႀကီးတာက တျခားသံအမတ္ေတြထက္ အေရးႀကီးဆုံးလို႔ေျပာရင္ ကိုယ့္အိမ္နီးနားခ်င္းေတြျဖစ္တဲ့ အိႏၵိယနဲ႔ တ႐ုတ္သံအမတ္က အေရးႀကီးတာေပါ့၊ ၿပီးေတာ့ အာဆီယံသံအမတ္ေတြ အေရးႀကီးတယ္၊ ဒါေပမဲ့ ဒီထဲမွာ တကယ္အေရးႀကီးဆုံး အေရးႀကီးဆုံးလို႔ေျပာရင္ ဘယ္သံအမတ္က အေရးအႀကီးဆုံးလို႔ေျပာရင္ တ႐ုတ္သံအမတ္ေပါ့။တ႐ုတ္သံအမတ္က ဘာေၾကာင့္လဲဆိုေတာ့ သံတမန္ေရးရာတင္ မကဘူး၊ ႏိုင္ငံတကာေရးရာတင္မကဘူး၊ တ႐ုတ္ျပည္နဲ႔က စီးပြားေရးနဲ႔က အခ်ိတ္အဆက္ရွိေနတယ္၊ အထူးသျဖင့္ ကိုယ့္ၿငိမ္းခ်မ္းေရးကိစၥမွာ အထူးသျဖင့္ တ႐ုတ္ျပည္က အခ်က္အခ်ာပဲ၊ သူကခလုတ္ကိုး။

အဲဒီေတာ့ ဒီေနာက္ပိုင္း ေျမာက္ပိုင္းနဲ႔ ပတ္သက္လာရင္၊ AA နဲ႔ ပတ္သက္လာရင္ အားလုံးက သူပဲကိုး၊ ဟုတ္တယ္မဟုတ္လား၊ ‘ဝ’ ဆိုလည္း သူပဲ၊ ကိုးကန႔္ဆိုလည္း သူပဲ၊ အဲ့ဒီေတာ့ သူနဲ႔အဆင္ေျပေအာင္ ဆရာတို႔ ဘယ္လိုလုပ္ၾကမလဲ။ဒါကေခတ္အဆက္ဆက္က ဒါကို ဆရာတို႔ သံတမန္ေရးရာမွာ တ႐ုတ္ျပည္နဲ႔ အဆင္ေျပေအာင္လုပ္ခဲ့ၾကတာ။အရင္တုန္းကဆိုရင္ ဦးႏု နဲ႔ ခ်ိဳအင္လိုင္း။အဲ့ဒီဟာကိုၾကည့္လိုက္ရင္ ဘယ္ေလာက္ စိတ္ဝင္စားဖို႔ေကာင္းသလဲဆိုရင္ အဲ့ဒီအခ်ိန္မွာ ဗမာျပည္ထဲမွာ ဗမာျပည္ကြန္ျမဴနစ္ပါတီ ႀကီးထြားေနတာ။အဲ့ဒီေတာ့ ႀကီးထြားေနေပမယ့္ သူတို႔က P to P နဲ႔ G to G ကို ခြဲလိုက္တယ္။အဲဒီသံတမန္ဆက္ဆံေရးမွာက G to G အစိုးရခ်င္းကေတာ့ တည့္ေအာင္ေနတယ္၊ တစ္ဖက္ကလည္း P to P ပါတီအခ်င္းခ်င္းလည္း တည့္ေအာင္ေနတယ္။အဲ့ဒီေတာ့ ဦးေနဝင္း လက္ထက္ကလည္း ဒီလိုပဲ။ဗမာကြန္ျမဴနစ္ပါတီကို သူတို႔ ေထာက္ခံအားေပးတာ မရပါဘူးေလ။

ဒါေပမဲ့ အဲ့လိုမရပ္တဲ့ကိစၥျဖစ္ေပမယ့္ အစိုးရအခ်င္းခ်င္းလည္း ရင္းႏွီးျမႇဳပ္ႏွံမႈရွိတာေပါ့။အဲ့ဒီေတာ့ parallel ေပ့ါေနာ္။ မ်ဥ္းၿပိဳင္ဆက္ဆံမႈေတြက ရွိေနမွာပဲ။အဲ့ဒီဆက္ဆံမႈရွိမယ္၊ အစိုးရနဲ႔ ဆက္ဆံေနသလို သူတို႔လည္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕နဲ႔ ဆက္ဆံေနတာပဲေလ။ဟုတ္တယ္မဟုတ္လား။အဲ့ဒါကို ဆရာတို႔အေနနဲ႔ လိမ္လိမ္မာမာ ပါးပါးနပ္နပ္ ကိုင္တြယ္ႏိုင္ဖို႔ေတာ့ အေရးႀကီးတယ္လို႔ ေအာက္ေမ့တယ္၊ အဲ့ဒီမွာ ဇာတ္ေကာင္ကေတာ့ သံအမတ္ေတြေပါ့။ကိုယ့္ဆီကသြားတဲ့ သံအမတ္ရယ္ သူ႔ဆီကလာတဲ့ သံအမတ္ရယ္ အဲ့ဒီႏွစ္ခုစလုံးက ဆရာတို႔အတြက္ အေရးအႀကီးဆုံးပဲေပါ့။

Opinion Leaders ။     ။ ေနာက္တစ္ခုက ျမန္မာျပည္မွာ တ႐ုတ္ကေန ေဆာင္႐ြက္တဲ့ စီမံကိန္းေတြရွိတယ္၊ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း စီမံကိန္းေတြ၊ ေနာက္တစ္ခါ မူဆယ္ကေန မႏၲေလးအထိ၊ မႏၲေလးကေန ေက်ာက္ျဖဴအထိ ရထားလမ္းေဖာက္လုပ္တဲ့ စီမံကိန္းရွိတယ္၊ ေနာက္တစ္ခုက ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္းေတြမွာ တ႐ုတ္ရဲ႕ Investment အေနနဲ႔ပဲ။အဲ့ဒီစီမံကိန္းေတြက ျမန္မာျပည္ရဲ႕ စီးပြားေရးကို ဘယ္ေလာက္အထိသြားၿပီး အက်ိဳးသက္ေရာက္ႏိုင္သလဲ။ေနာက္တစ္ခ်က္က စီမံကိန္းမစတင္ႏိုင္ေသးတဲ့အတြက္ ဘယ္ေလာက္အထိ ဒီဘက္မွာ နစ္နာမႈေတြရွိသလဲ၊ ေဒသခံျပည္သူေတြ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဒီစီမံကိန္းေတြက ဘယ္ေလာက္အထိသြားၿပီး အေထာက္အကူျဖစ္ႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာတို႔က သူမ်ားနဲ႔ နည္းနည္းေလးကြာတာေပါ့၊ သုံးသပ္တဲ့ပုံစံ။ဆရာေတာ့ ႏိုင္ငံေရးေဘာဂေဗဒပဲ။ႏိုင္ငံေရးေဘာဂေဗဒျဖစ္ေတာ့ လက္ခံရမွာက အခ်က္အလက္ေတြကို အေျခခံအေနနဲ႔ေျပာရင္ တစ္ကမာၻလုံးမွာ ရင္းႏွီးျမႇဳပ္ႏွံမႈကို တကယ္လုပ္ႏိုင္တာ တ႐ုတ္ပဲရွိတယ္။သူတို႔မွာလည္း သူတို႔အတြက္ အဓိကျဖစ္ေနတဲ့ ပိုးလမ္းႀကီးေပါ့၊ OBOR ကိုလည္း သူက လုံးဝကိုမေလွ်ာ့ႏိုင္ဘူး၊ OBOR ကိစၥရယ္ ရင္းႏွီးျမဳပ္ႏွံမႈရယ္ရွိရင္ သူတို႔ကို လက္မခံလို႔ေတာ့မျဖစ္ဘူး။သို႔ေသာ္လည္း ျပႆနာက ဘာလဲဆိုရင္ ဘယ္လိုလက္ခံမလဲဆိုတဲ့ ျပႆနာ။တ႐ုတ္ကလည္း သူတို႔ယဥ္ပါးေနတာေပါ့။ဒါကေခတ္အဆက္ဆက္ကေပါ့ေနာ္။
တာဝန္ရွိသူေတြနဲ႔ အဆက္အသြယ္လုပ္ၿပီးေတာ့ သူတို႔လုပ္ခ်င္တာလုပ္ခဲ့တာ။လက္မွတ္ေတြထိုးခဲ့တာလည္း သိတဲ့အတိုင္းပဲ။ေခတ္အဆက္ဆက္က ပြင့္လင္းျမင္သာမႈမရွိဘူး။ဟုတ္တယ္မဟုတ္လား။ပြင့္လင္းျမင္သာမႈမရွိဘူး။

ျဖစ္ေနတာက ႏွစ္ပိုင္းေပါ့ေလ။တ႐ုတ္လုပ္ငန္းရွင္ေတြ ကုမၸဏီေတြကို ျမန္မာျပည္မွာ ရင္းႏွီးျမႇဳပ္ႏွံမယ့္အခါက်ရင္ တာဝန္ေက်တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြျဖစ္ဖို႔ဆိုတာ ကိုယ့္တာဝန္ပဲ။ကိုယ္ကထိန္းသိမ္းရမွာပဲ။မ်က္စိမွိတ္ၿပီးေတာ့ လုပ္ခ်င္တာလုပ္ပါလို႔ ေျပာလို႔ေတာ့မရဘူး။ဒါေပမဲ့ အဲ့ဒီလိုတစ္ဖက္က လုပ္ဖို႔မရသလိုပဲ တ႐ုတ္ေတြ လုံးဝလက္မခံနဲ႔ဆိုတာလည္း မျဖစ္ေသးဘူး။တ႐ုတ္ေတြ လက္မခံဘူးဆိုရင္ ဘယ္သူရွိလဲ၊ ဟုတ္တယ္မဟုတ္လား။တကယ္တမ္း သူတို႔ေျပာေနတဲ့ပုံစံက ေက်ာက္ျဖဴတို႔၊ မူဆယ္တို႔၊ ရထားတို႔ ဘာတို႔က လုပ္ေပးႏိုင္တာ တ႐ုတ္ပဲရွိတယ္။အဲ့ဒီေတာ့ အဲ့ဒီလိုၾကည့္ရင္ စိတ္ပူတာကို နားလည္တယ္ေနာ္။

ဒါေပမဲ့ ဥပမာ - ဗီယက္နမ္ကိုၾကည့္။ဗီယက္နမ္က တ႐ုတ္နဲ႔ တိုက္ခဲ့တာ၊ ေျမာက္ဗီယက္နမ္နဲ႔ တ႐ုတ္နဲ႔က တိုက္ခဲ့တဲ့သူေတြ။ဒါေပမဲ့ အခု တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈကို တအားလက္ခံတာပဲ။ၿပီးေတာ့မွ ဖိလစ္ပိုင္။အခု ဖိလစ္ပိုင္နဲ႔ တ႐ုတ္ဆိုရင္ ေတာင္ပင္လယ္မွာ ျပႆနာျဖစ္ေနတယ္။ျပႆနာျဖစ္ေနေပမယ့္ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈ လက္ခံေနတာ။
ၿပီးေတာ့မွ ဆရာတို႔ထက္ တအားႀကီးေဝးတဲ့ ယုတၱိမရွိဘူးလို႔ ထင္ရတဲ့ကိစၥက အာဖရိကႏိုင္ငံေတြအားလုံးမွာ တ႐ုတ္ေတြျဖစ္ကုန္ၿပီ။ဆရာ ဇမ္ဘီယာသို႔ ေရာက္တယ္၊ တန္ဇန္းနီးယားကို ေရာက္တယ္။တ႐ုတ္မရွိတဲ့ တ႐ုတ္လုပ္ငန္းမရွိတဲ့ အထူးသျဖင့္ တ႐ုတ္ေတြမရွိတဲ့ ၿမိဳ႕ေတြမရွိေတာ့ဘူး၊ သူတို႔က စိမ့္ဝင္ေနတာ၊ အဲ့ဒီေတာ့ အေရးႀကီးတာက သူတို႔စိမ့္ဝင္တာက စိမ့္ဝင္တာ။သူတို႔ကိစၥေလ၊ ဆရာတို႔အေနနဲ႔ လက္ခံရမယ့္ပုံစံက အေရးႀကီးတယ္။အခုက Activate ေတြကလည္း အရာရာကို negative ပဲ ျမင္တာကိုး။

တ႐ုတ္လို႔ေျပာလိုက္တာနဲ႔ လုံးဝလက္မခံဘူး၊ ကဲ..ဒါဆို လုံးဝလက္မခံရင္ ဘာနဲ႔စားၾကမလဲ။အဲ့ဒီေတာ့ ဆရာေအာက္ေမ့တာကေတာ့ အဲ့ဒီလိုေျပာတဲ့အတြက္ တ႐ုတ္ကို ကဲ..မင္းႀကိဳက္တာလုပ္ဆိုၿပီး ေျပာတာလည္းမဟုတ္ဘူး။ကိုယ္က အစိုးရပဲမဟုတ္ဘူးလား။ကိုယ့္အေနနဲ႔ သတ္မွတ္ခ်က္ေတြ ကိုယ္လုပ္ေပးႏိုင္တာပဲ၊ စည္းကမ္းခ်က္ေတြကို လုပ္ေပးႏိုင္တာပဲ။အဲ့ဒီလိုလုပ္ႏိုင္ရင္ေတာ့ ဆရာထင္တယ္၊ အေျခအေနတစ္ခုရလိမ့္မယ္လို႔ ထင္တယ္။မဟုတ္ရင္ေတာ့ စိတ္ပူတာေလ။ဒီအတိုင္း အခုျဖစ္ေနတာ။

ဒီမိုကေရစီကလည္း အျပည့္ရေနေတာ့ တစ္ေယာက္ ႏွစ္ေယာက္ေလာက္ ထေအာ္တာနဲ႔ အားလုံးက ရပ္ရပ္ကုန္တယ္။ ျမစ္ဆုံႀကီးက မေကာင္းဘူးဆိုတာ ဆရာတို႔သိတယ္။အဲ့ဒီေတာ့ ျမစ္ဆုံႀကီးကို ေကာင္းေအာင္ ဘယ္လိုလုပ္မလဲဆိုတဲ့ အေျဖမရွိဘူးေလ။မေကာင္းဘူးလို႔ေျပာရင္ choice က အခုျဖစ္ေနတာက Zero One ျဖစ္ေနတာေလ။
ကြန္ပ်ဴတာစကားနဲ႔ဆိုရင္ binary ေပါ့၊ Yes or No ျဖစ္ေနတာ၊ အဲ့ဒီေတာ့ ဒီမေကာင္းတာကို ေကာင္းေအာင္လုပ္ဖို႔ဆိုတဲ့ နည္းနည္းေလးအားထည့္ဖို႔ မစဥ္းစားဘူး၊ မ်က္စိမွိတ္ၿပီးေတာ့ မေကာင္းတာပဲေျပာ၊ ကဲမလိုေတာ့ဘူး၊ မလာေတာ့နဲ႔ ဆိုတာမ်ိဳး။ဥပမာဆိုပါေတာ့ ေက်ာက္ျဖဴတုန္းက မူလက ပေရာဂ်က္ႀကီးက အႀကီးႀကီး။အဲ့ဒီပေရာဂ်က္ႀကီး အႀကီးႀကီးကို ဒီအတိုင္းလက္ခံလိုက္ရင္ ဆရာတို႔မွာ အခက္အခဲေတြ အမ်ားႀကီးရွိမယ္ထင္ေတာ့ ပေရာဂ်က္ႀကီးကို ေလွ်ာ့ခ်လိုက္တယ္။ေလွ်ာ့ခ်လိုက္ေတာ့ အဆင္ေျပသြားတယ္ေလ၊ ဟုတ္တယ္မဟုတ္လား။

အဲ့ဒီေတာ့ အဲ့လိုပဲ ျမစ္ဆုံလည္း ဆရာထင္တယ္ အဆင္ေျပေအာင္ လုပ္လို႔ရတယ္။အခုဟာက ျမစ္ဆုံကိုေျပာရဲတဲ့သူ ျမန္မာျပည္မွာ တစ္ေယာက္မွမရွိဘူး၊ ဟုတ္တယ္မဟုတ္လား။ေျပာတဲ့သူက တစ္ခါတည္းထိမွာ။ကိုယ္ေတာင္ မေရးရဲဘူး၊ ကိုယ္ေရးရင္ ကိုယ့္ကိုတြယ္မွာ၊ တ႐ုတ္က ပိုက္ဆံေပးတာလို႔ေျပာမွာ၊ ဟုတ္တယ္မဟုတ္လား။
အဲ့လိုျဖစ္ေတာ့ ဆရာတို႔မွာ အခက္အခဲေတြက အမ်ားႀကီးရွိေနတာေပါ့၊ ဝမ္းနည္းစရာေတာ့ ေကာင္းတယ္ကြဲ႕။ဆရာထင္တာကေတာ့ေလ ေဆြးေႏြးခ်က္ေတြဟာ လက္ခံႏိုင္၊ လက္မခံႏိုင္ဆိုတဲ့ ေဆြးေႏြးခ်က္ေတြ မဟုတ္ဘဲနဲ႔ ကိုယ့္ႏိုင္ငံအတြက္ အေကာင္းဆုံးျဖစ္ေအာင္ ဘယ္လိုလက္ခံႏိုင္မလဲဆိုတဲ့ ေဆြးေႏြးခ်က္ ျဖစ္ေစခ်င္တာ။

အဲ့ဒီေတာ့ ကိုယ့္ႏိုင္ငံအတြက္ေကာင္းဖို႔ ကိုယ့္လူမ်ိဳးအတြက္ေကာင္းဖို႔ အလုပ္ေတြရဖို႔ စက္မႈထြန္းကားဖို႔၊ အခုတီဗြီေတြမွာၾကည့္ရင္ ေၾကာက္စရာေတာင္ေကာင္းတယ္၊ တ႐ုတ္ျပည္မွာ 5G ေတြဟာေလ။ဆရာတို႔ဆီမွာ 3 G, 2 G ေတာင္ အႏိုင္ႏိုင္။သူတို႔မွာ 5G က ဟိုးနယ္စြန္နယ္ဖ်ားမွာေတာင္ ျဖစ္ေနၿပီဆိုရင္ ဟုတ္တယ္မဟုတ္လား၊ အဲ့ဒီေတာ့ ဆရာ ဟိုတေလာက ယူနန္ေရာက္တယ္၊ ကိုယ့္စိတ္ထဲေတာ့ စိတ္ကူးလည္းမရွိပါဘူး၊ ဒါေပမဲ့ ယူနန္နယ္ေျမထဲ ေရာက္ကတည္းက လန႔္သြားတာေပါ့၊ အဲ့ဒီေတာ့ ဒီလိုျဖစ္ရမယ္လို႔ ေျပာရမယ္ မဟုတ္ဘူးေလ။အဲ့ဒီလိုေျပာရင္ လူေတြက တ႐ုတ္ရဲ႕ ျပည္နယ္တစ္ခု ျဖစ္ေစခ်င္တာ ဘာညာလုပ္ျပန္ဦးမွာ။

ဆရာထင္တာေတာ့ ဒီကိစၥက တကယ္ျဖစ္သင့္တဲ့ ပလက္ေဖာင္းေပၚ ေရာက္မလာေသးဘူးကြဲ႕။တ႐ုတ္အရင္းအႏွီးေတြကို ျမန္မာျပည္အတြက္ အက်ိဳးအရွိဆုံး ဘယ္လိုလုပ္ရမလဲဆိုတဲ့ ေမးခြန္းမဟုတ္ဘဲနဲ႔ တ႐ုတ္အရင္းအႏွီးေတြ လက္ခံလား၊ လက္မခံလားဆိုတဲ့ ေမးခြန္းတြင္ သြားတင္ထားေတာ့ လက္ခံရမလား/လက္မခံရမလား Binary choice ေပါ့၊ Zero/One ျဖစ္ေနေတာ့ ခက္တယ္၊ တကယ္တမ္းကေတာ့ လက္မခံဘူး လက္ခံရမယ္ ေျပာတာမဟုတ္ဘူး။ကိုယ့္လူမ်ိဳး ကိုယ့္ႏိုင္ငံအတြက္ အက်ိဳးအရွိဆုံး ဘာလုပ္ရင္ေကာင္းမလဲဆိုတာကို အေျဖထုတ္ရင္ တစ္မ်ိဳးရတယ္ကြဲ႕၊ မီဒီယာမွာလည္းအဲ့ဒီ debate ေတြက binary ခ်ည္းပဲ debate လုပ္ပစ္တာကြဲ႕။Zero/One ေတြပဲ။
အေျဖကမရဘူးေလ၊ သုညသမားကလည္း သုည။တစ္သမားကလည္း တစ္ဆိုေတာ့ သုညနဲ႔ တစ္ၾကားမွာ လုံးဝကို ညႇိႏႈိင္းမႈမရွိဘူးေလ။
ညႇိႏႈိင္းေအာင္ ဘယ္လိုလုပ္မလဲ စဥ္းစားေပးၾကပါ။

Opinion Leaders ။     ။  လက္ရွိ ျမန္မာ-တ႐ုတ္ ကုန္သြယ္ေရးက ၿပီးခဲ့တဲ့ႏွစ္ကထက္စာရင္ ဒီဘက္ႏွစ္မွာ ေတာ္ေတာ္က်သြားတယ္။တစ္ဘီလ်ံေက်ာ္မလားမသိဘူး။က်သြားေတာ့ ပထမသံအမတ္လက္ထက္မွာ တ႐ုတ္-ျမန္မာ ကုန္သြယ္ေရးဆိုင္ရာ ျပႆနာေတာ္ေတာ္တက္သြားတာရွိတယ္။အသီးအႏွံေတြဆိုရင္လည္း နာနတ္သီးဆိုရင္ လုံးလုံးကို အဝင္မခံတာေတြရွိတယ္။ဆန္ဆိုရင္လည္း ကိုယ္တာနဲ႔ သတ္မွတ္လိုက္ၿပီးေတာ့ ဘာတာစနစ္နဲ႔ ျပန္ဝယ္ဖို႔ေတြရွိတယ္။အဲ့ဒီေတာ့ သံအမတ္သစ္ အေျပာင္းအလဲမွာ မူဆယ္ရွိ တ႐ုတ္-ျမန္မာ ကုန္သြယ္ေရးက ပိုၿပီးေကာင္းလာႏိုင္လား။တစ္ခ်ိဳ႕ျပႆနာေတြ ညႇိႏႈိင္းေျဖရွင္းလာႏိုင္မလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာတို႔အေနနဲ႔ ကုန္သြယ္မႈေခ်ာေမြ႕ဖို႔ Border Trade ေခ်ာေမြ႕ဖို႔ဆိုရင္ ႏွစ္ႏိုင္ငံတိုင္ပင္မွ ရမယ္ထင္တယ္။အခုျပႆနာရွိတာက ဆရာသိသေလာက္ ဟိုဘက္မွာရွိတဲ့ Free Zone ေတြေပါ့။လြတ္လြတ္လပ္လပ္ ပတ္စ္ပို႔မလိုပဲ သြားလို႔ရတဲ့ လုပ္လို႔ရတဲ့ဟာေတြ။အဲ့ဒီေတာ့ ခက္တာက ဆရာတို႔ဆီမွာ ဝန္ႀကီးဌာနအခ်င္းခ်င္း ညႇိႏႈိင္းမႈက အားနည္းတယ္။ဒီကိစၥက ကုန္သြယ္ေရးကိစၥတစ္ခုတည္း မဟုတ္ဘူး။လုံၿခဳံေရးကိစၥ ျဖစ္လာျပန္ေရာ။ႏွစ္ႏိုင္ငံဆက္ဆံေရးကိစၥ ျဖစ္လာျပန္ေရာ။ပတ္စ္ပို႔ကိစၥ ျဖစ္လာျပန္ေရာ။

အဲ့ဒီေတာ့ MOFA အဖြဲ႕ကလည္း MOFA အဖြဲ႕ပဲ၊ သူတို႔ၾကည့္တာက MOFA တစ္ခုတည္း ၾကည့္တာကိုး၊ ဟုတ္တယ္မဟုတ္လား။လုံၿခဳံေရးကလည္း လုံၿခဳံေရးပဲၾကည့္တယ္။ကုန္သြယ္ေရးကလည္း ကုန္သြယ္ေရးပဲၾကည့္ေတာ့ တ႐ုတ္က လိုရင္တစ္မ်ိဳး မလိုရင္တစ္မ်ိဳးေလ။သူတို႔က တရားမဝင္ဘူးလို႔ ေျပာလိုက္တာနဲ႔ က်ဳပ္တို႔ေတြ ဒုကၡေရာက္ကုန္ေရာ။အခု ဆန္စပါးအေနနဲ႔ ေဆြးေႏြးတဲ့အခါ သူတို႔မွာ အခက္အခဲအေနနဲ႔ ေၾကာက္ေနရတာ။ဟုတ္တယ္မဟုတ္လား၊ ဟိုဘက္က ျပည္နယ္က ျပည္နယ္တာဝန္ခံက မၾကည္ဘူးဆိုတာနဲ႔ ပိတ္လိုက္လို႔ရတယ္။အဲ့ဒီေတာ့ ဆရာတို႔မွာ ေရရွည္ေပၚလစီ မရွိတဲ့ျပႆနာေပါ့၊ ကိုယ့္ဆီမွာကလည္း အားနည္းတာ ဘာလဲဆိုလို႔ရွိရင္ ပို႔တဲ့ပစၥည္းေတြက ဖရဲသီးေတြပို႔ရတာ ေျပာင္းေတြပို႔ရတာ၊ ႏွမ္းေတြပို႔ရတာ၊ အခ်ိန္မေ႐ြး ကိုယ့္ကို ဒါႀကီးက ပိတ္ဆို႔လို႔ရတဲ့ကိစၥ။လြယ္လြယ္ကူကူဘဲ။ကိုယ့္မွာ ဘာမွလုပ္လို႔မရဘူး။နာနတ္သီး ဘယ္လိုမွလုပ္လို႔မရဘူး။အဲ့လိုျဖစ္ေတာ့ ကိုယ္က ေဆြးေႏြးတဲ့အခါမွာ ကိုယ့္ဘက္က အားနည္းတဲ့ အေနအထားတစ္ခုရွိေနေတာ့ အဲ့ဒါကို ဆရာတို႔က အသိမွတ္ျပဳဖို႔ လိုမယ္လို႔ေတာ့ ထင္တယ္။

ဆရာတို႔ ယူနန္ကြန္ျမဴနစ္ပါတီ အတြင္းေရးမႉးနဲ႔ ေတြ႕တယ္။သူတို႔လည္း တကယ္တမ္းေျပာရရင္ ျမန္မာကို ထြက္ေပါက္အေနနဲ႔ ျမင္တာဘဲ။ဆရာထင္တယ္ တ႐ုတ္ကိုလည္း ခြဲျမင္မွရမယ္ထင္တယ္။သူတို႔ျပည္နယ္က ဆရာတို႔လိုဘဲ တိုင္းေဒသႀကီးနဲ႔ ျပည္ေထာင္စုအဆင့္ရွိသလို သူတို႔မွာလည္း ယူနန္ျပည္နယ္နဲ႔ ေဘက်င္းနဲ႔က အျမင္မတူၾကဘူးေလ။အဲဒီေတာ့ ဆရာတို႔ မဟာမိတ္လုပ္ရမွာက ယူနန္နဲ႔ မဟာမိတ္လုပ္ရမွာ။

သူတို႔ကေဒသခံေတြ။သူတို႔ကနားလည္တယ္။သူတို႔အေျခအေနက ဆရာတို႔နဲ႔ ပိုၿပီးနီးစပ္ေတာ့ သူတို႔ရဲ႕လိုအပ္ခ်က္ေတြ ကိုယ့္ရဲ႕လိုအပ္ခ်က္ေတြ ညႇိညႇိႏႈိင္းႏႈိင္း လုပ္ရမွာဘဲ။ၿပီးေတာ့မွ အဓိကကေတာ့ ကုန္သြယ္မႈမွာ ေခ်ာေမြ႕ေစခ်င္တာေပါ့။ခုထိ ပုံစံေတြကရတုန္း၊ ပါမစ္ေတြက ေပးရတုန္း။ဆရာတို႔ ဘယ္လိုႀကီးေျပာေျပာ မရဘူး။အဲ့ဒီေတာ့ အဲ့ဒီလိုမရတာ ဒီတစ္ေနရာတည္းမဟုတ္ဘူး။ေနရာတိုင္းျဖစ္ေနတာ။လူႀကီးေတြက နားလည္တယ္။လူႀကီးေတြက သေဘာေပါက္တယ္။လူႀကီးေတြက လက္ခံေပမယ့္ ေအာက္ေျခမွာ မရဘူးဆိုေတာ့ အားနည္းတာ။ အုပ္ခ်ဳပ္ေရးအားနည္းတာ ဆရာထင္တယ္ အာဏာစက္မရွိဘူးထင္တယ္။အဲဒီေတာ့ သူတို႔ကလည္း ကိုယ္ကိုသိပ္မယုံေတာ့ဘူး။MOU ေတြ ထိုးထားတယ္။စာခ်ဳပ္ေတြထိုးထားတယ္။ထိုးထားတာ ထိုးထားတာဘဲရွိတာကိုး။

အခု ကုန္သြယ္မႈေခ်ာေမြ႕ေအာင္ ဘာလုပ္ရင္ေကာင္းမလဲ။ကိုယ္လည္းမနစ္နာေအာင္ သူလည္း မနစ္နာေအာင္။အဓိကျပႆနာသည္ ကုန္သြယ္ေရးကိစၥမွာ။တ႐ုတ္တင္မကဘူး နယ္စပ္မွာျဖစ္ေနတာ အားလုံးကဒီပုံစံဘဲ။အိႏၵိယျပႆနာ၊ ဘဂၤလားေဒ့ရွ႕္နဲ႔ ျပႆနာ၊ ထိုင္းနဲ႔ ျပႆနာ။ခုဆိုပါေတာ့ လြိဳင္ေကာ္မွာဆိုပါေတာ့ သူတို႔ဘက္က ခ်ိဳင္ဝမ္းနဲ႔ ဆရာတို႔ဘက္က ဒီေမာဆိုက ကပ္ေနတာ။ထြက္ေပါက္ကမရွိဘူး။ျမဝတီလည္း ဒီအတိုင္းဘဲ ဟိုဘက္က ေအာက္ဘက္ကဆိုလည္း ထီးခီးတို႔ ကန္ခ်ာနာပူနဲ႔ ကပ္ေနတာ။အဲ့ဒီလို နယ္စပ္ေတြအားလုံး  Border Trade ႀကီးတစ္ခုလုံးကို တစ္ေယာက္က ဦးစားေပးတာဝန္ယူၿပီးေတာ့ ဝန္ႀကီးဌာနတစ္ခုတည္း မဟုတ္ဘဲ ဝန္ႀကီးဌာနေတြအားလုံး စုထားၿပီး ဒု-သမၼတဘဲျဖစ္ျဖစ္ Border Trade ကို ေခ်ာေမြ႕ေအာင္ ဘယ္လိုလုပ္မလဲ။

အခုကျဖစ္ေနတာက သိတဲ့အတိုင္းဘဲ တရားမဝင္ ေဘာ္ဒါထရိတ္က တအားမ်ားတာ။တရားမဝင္က အမ်ားႀကီးဝင္တာေလ။အခု ျမန္မာျပည္မွာ ေသာက္ေနတဲ့ အရက္ေတြအားလုံးက တရားဝင္တစ္ခုမွ မရွိတာ။အခြန္ရေနတာ အစိုးရက ႏွစ္ပဲတျပားရေနတာ။အဲဒီေတာ့ ဒါေတြကို ကိုင္တြယ္ဖို႔ ဘယ္လိုလုပ္မလဲ။ဆရာ့ သေဘာကေတာ့ ေမွာင္ခိုမျဖစ္ေအာင္ အေကာင္းဆုံးက အားလုံးခြင့္ျပဳလိုက္ရင္ၿပီးတာဘဲ။ခြင့္ျပဳလိုက္ရင္ လြတ္လြတ္လပ္လပ္ လုပ္ေပးလိုက္ရင္ အစိုးရအတြက္လည္း အခြန္အခေတြရမယ္။လူေတြလည္း ေမွာင္ခိုလုပ္ရတာ လြယ္တာမွ မဟုတ္တာ။လုပ္ရတဲ့လူက အႏၲရာယ္လည္းရွိတယ္။ေပးရကမ္းရ အဆင့္အဆင့္ေပးရတာ။အခုလို တရားဝင္လုပ္လိုက္ရင္ ဒီေလာက္ေတာင္ ေသာက္ခ်င္တဲ့ေကာင္ေတြ တခါတည္းသာ ေသာက္ပေစေတာ့။ျမန္မာျပည္မွာထုတ္တဲ့ အရက္ထုတ္လုပ္တဲ့သူေတြ သူတို႔လည္း လိမ္ေနရတာ။သူတို႔ဆီက ကုန္ၾကမ္းယူ ကုန္ေခ်ာေပးဆိုတဲ့ အလုပ္ကို လုပ္တဲ့အခါက်ေတာ့ တစ္ခါတည္း ကုန္ေခ်ာႀကီးကို ယူလာခဲ့တယ္။ၿပီးေတာ့ တံဆိပ္ကေလး တပ္ၿပီးေတာ့ ျမန္မာျပည္မွာ ထုတ္တယ္ဆိုၿပီးေတာ့ ၿပီးသြားတာ။ဒါလည္း လိမ္ေနမွန္း ဆရာတို႔သိတာဘဲ။ခက္တာက အားလုံးက ဘာေၾကာင့္လိမ္ေနလဲ။လိမ္တဲ့သူမွာ အျပစ္မရွိဘူးေနာ္။လုပ္ထားတဲ့ အလုပ္ေတြက မလိမ္ လိမ္ေအာင္ လုပ္ထားတဲ့ စည္းစနစ္ေတြ ျဖစ္ေနတာကိုး။အဲ့ဒါေလးေတာ့ နည္းနည္းျပင္ဖို႔လိုမယ္ ထင္တာပါဘဲ။

Opinion Leaders ။     ။ မၾကာခင္က တ႐ုတ္သံအမတ္သစ္က ျမန္မာဘက္ကို တ႐ုတ္ေတြ ဝင္ရာမွာ ဗီဇာကင္းလြတ္ခြင့္ေပးဖို႔ ေျပာတာရွိတယ္။ျမန္မာဘက္ကလည္း တ႐ုတ္ဘက္ကိုဝင္ရင္ လုံၿခဳံေရးအရ ေတာ္ေတာ္ေလး တင္းတင္းၾကပ္ၾကပ္ စစ္ေဆးတာရွိတယ္။နယ္စပ္ေတြမွာ ကုန္သြယ္ေရးအဆင္ေျပဖို႔ဆိုရင္ ဗီဇာကိစၥကို ဘယ္လိုေဆာင္႐ြက္သင့္လဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခု အဓိကျပႆနာက zero package Tourism ျပႆနာျဖစ္ေနတယ္။တ႐ုတ္ေတြလာတယ္။တျပားမွ မသုံးဘူး။ဟုတ္မွမဟုတ္တာ မဟုတ္ဘူးလား။ေနာက္တစ္ခုကလည္း တ႐ုတ္နဲ႔ ကုန္သြယ္မႈလုပ္ငန္းလုပ္တဲ့ ႏိုင္ငံေတြ၊ ေနာက္ တ႐ုတ္ကမာၻလွည့္ခရီးသည္ သြားတဲ့ႏိုင္ငံေတြက တစ္ကမာၻလုံးမွာ။
ျမန္မာျပည္တစ္ျပည္တည္း မဟုတ္ဘူး။ဗီယက္နမ္ ဘယ္လိုရွင္းေနလဲ။ဆရာ ဗီယက္နမ္ေရာက္ေတာ့ ဆရာနဲ႔အတူတူ Tour သြားတဲ့အခါမွာ လူ ၁၀၀ ထဲမွာ ဆရာတို႔ႏွစ္ေယာက္ဘဲရွိတယ္ ျမန္မာ။အားလုံးက တ႐ုတ္ခ်ည္းဘဲ။သူတို႔ေတြအားလုံးက zero package ေတြႀကီးဘဲ။သူတိုေတြအားလုံး wechat နဲ႔ လာတာ။ဗီယက္နမ္က wechat ေတြ ဘာေတြလာတာ ေခါင္းထဲမရွိဘူး။လာဖို႔အတြက္ကို သူအမ်ိဳးမ်ိဳးႀကိဳးစားတယ္ေလ။ဆရာတို႔မွာ ျပႆနာရွိတာက ဗီဇာ Free လို႔ တစ္ဖက္ကေျပာတယ္။ဒါေပမယ့္ ဒီမွာက်ရင္လည္း အခက္အခဲျဖစ္ေအာင္ မ်ားမ်ားလုပ္ၾကတာကိုး။ဆရာတို႔ အိမ္နီးနားခ်င္းႏိုင္ငံျဖစ္တဲ့ ထိုင္းမွာ အခု ဘန္ေကာက္ေလယာဥ္ကြင္းၾကည့္။ဘာလုပ္သလဲဆိုရင္ Immigration မွာ Chinese Only ဆိုၿပီး Lane ေတြလုပ္ထားလိုက္တယ္။ၿပီးေရာ။
သူမ်ားေတြလည္း အေႏွာက္အယွက္မျဖစ္ေအာင္။

တ႐ုတ္ေတြအေၾကာင္းလည္း သိတဲ့အတိုင္းဘဲ။ဆရာတို႔လည္း မလုပ္သင့္ဘူးလား။ဒီလိုပုံစံကို ေနာက္တခါ သူတို႔ေတြ ဘယ္လိုလုပ္ေနလဲ zero package ကို ဘယ္လိုကိုင္တြယ္လဲ။ခုက ေျပာလိုက္ရင္ ကိုယ့္တစ္ႏိုင္ငံတည္း တ႐ုတ္ျပႆနာကို ေျဖရွင္းေနရတဲ့ပုံစံနဲ႔ ေျပာေနတာ။ဒီေလာက္ေတာင္ ႏိုင္ငံျခားသြားေနတဲ့ ေကာင္ေတြကြယ္။
ဝန္ႀကီးဌာနကေကာင္ေတြ တစ္ရက္ေလာက္သြားတာနဲ႔ မသိဘူးလား။ဗီယက္နမ္ ဘယ္လိုလုပ္လဲ၊ လာအို ဘယ္လိုလုပ္လဲ၊ မေလးရွား ဘယ္လိုလုပ္လဲ၊ စကၤာပူ ဘယ္လိုလုပ္လဲ။စကၤာပူမွာလဲ တ႐ုတ္ေတြႀကီးဘဲ။Tourist ေတြေလ။ျပင္သစ္မွာလဲ တ႐ုတ္ဘဲ။ဥေရာပမွာဆိုရင္လည္း တ႐ုတ္ဘဲ သူတို႔ေတာင္ ကိုင္တြယ္ႏိုင္ရင္ ဆရာတို႔ ဒီမွာလာၿပီးေတာ့ မဟုတ္တဲ့ကိစၥကို လာေျပာေနတာ။
 

ဗီဇာမရွိလည္း ဘာျဖစ္လဲ အခ်ိန္တန္သူျပန္သြားလိမ့္မွာဘဲ။အဲ့ဒီေတာ့ ကိုယ့္အေနနဲ႔ ပြင့္ပြင့္လင္းလင္း Liberal ျဖစ္ျဖစ္ စဥ္းစားမွရလိမ့္မယ္ ထင္တယ္။အခုက ဆရာထင္တယ္ ေၾကာက္တာလည္းပါသလား မသိဘူး။အေၾကာက္တရားနဲ႔ အုပ္ခ်ဳပ္ခဲ့တာ ႏွစ္ေပါင္း ၆၀ ဆိုေတာ့ ေၾကာက္တဲ့စိတ္က မေပ်ာက္ေတာ့ဘူး။ေၾကာက္တဲ့စိတ္ မေပ်ာက္တဲ့အျပင္ မယုံတဲ့စိတ္က သိပ္မ်ားတာဘဲ။တသက္လုံးအလိမ္ခံေနရေတာ့ေလ။ဒီတစ္ခါလည္း လိမ္ဦးမွာဘဲဆိုတဲ့စိတ္က ေရွ႕တန္းေရာက္ေနေတာ့ ဘာမွကို Trust မရွိေတာ့ဘူး။

ဒီကိစၥမွာ Trade ကိစၥတို႔ Travel တို႔ သြားလာတဲ့ ခရီးသြားလုပ္ငန္းအားလုံးက Trust ကို အေျခခံရတာေလ။သူတို႔ေတြေျပာတာ ဒီလူေတြလာလို႔ရွိရင္ ေဒၚလာ ၁၀၀၀ ေပးရမယ္ဘာတို႔။အဲ့လို အူေၾကာင္ေၾကာင္ေကာင္ေတြ ရွိေနတယ္။တို႔ဆီမွာ ခုေခတ္ေဒၚလာ ၁၀၀ ေတာင္ မကိုင္တဲ့ ေခတ္ေလ။ေငြသားအေနနဲ႔ အားလုံးက တယ္လီဖုန္းနဲ႔ မိုဘိုင္းလ္ထဲ ထည့္ထားတာ။အဲ့ဒါကို ဆရာတို႔က ခုထိမလိုက္ႏိုင္ေသးဘူး။

မၾကာခင္က လုပ္ျပန္တယ္။ဗဟိုဘဏ္က ျမန္မာျပည္မွာ cash နဲ႔ျဖစ္ေအာင္ လုပ္ေနတယ္။ဆရာတို႔လည္း ႀကိဳးစားေနတာ။လူငယ္ေတြ ေဈးသြားလို႔ရွိရင္ ေငြကိုင္စရာမလိုဘူး။ခုကလက္မခံဘူး လုပ္ျပန္ေကာ။ေရွ႕တစ္လွမ္းတိုးၿပီး ၁၀ လွမ္းေနာက္ဆုတ္ခိုင္းတဲ့ စနစ္ႀကီးျဖစ္ေနတာကိုး။အဲ့ဒီေကာင္ေတြလည္း ဟန္းဖုန္းေတာင္ ကိုင္တဲ့ေကာင္ေတြ မဟုတ္ဘူး။card နဲ႔ဆိုတာ သူတို႔လည္းမသိဘူး။သူတို႔ေငြလဲသုံးတဲ့ေကာင္ေတြ မဟုတ္ဘူး။လူငယ္ေတြ ဆိုင္သြားတဲ့အခါမွာ Credit Card ေပးရင္ ေပးပါေစေပါ့။ျမန္မာေငြနဲ႔ရွင္းရင္ရွင္း ဘာျဖစ္လဲ။ဒါေပမယ့္ သူတို႔ကဘာေျပာမလဲ ရွင္းရင္ ဘာျဖစ္တယ္ ညာျဖစ္တယ္ မဟုတ္တာေတြကို စဥ္းစားတဲ့ ပုံစံႀကီးေတြကကို အေျခခံလြဲေနတာ။ေခတ္နဲ႔ကလည္း မမီဘူး။ေခတ္မမီတာနဲ႔ သူတို႔က ေပသီးေခါက္တဲ့ ေကာင္ေတြကိုး။ခုေခတ္ က 4G တို႔ 4i တို႔ဘာမွန္းကို သိတဲ့ေကာင္ေတြ မဟုတ္ေတာ့ ေတာ္ေတာ္ႀကီးနစ္နာတယ္။ေနာက္က်တယ္။

Opinion Leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ၾသဂုတ္ - ၈