【 ပညာရှင်များ၏အမြင် 】 “မေးခွန်းထုတ်တာကိုပဲ ရန်လုပ်တယ်လို့ ထင်နေတဲ့ အယူအဆကြီးကို ပြင်မှရမယ်”

【 ပညာရှင်များ၏အမြင် 】 “မေးခွန်းထုတ်တာကိုပဲ ရန်လုပ်တယ်လို့ ထင်နေတဲ့ အယူအဆကြီးကို ပြင်မှရမယ်”

မကြာမီက ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပွဲလုပ်ရာတွင် ပေါ်ထွက်လာသည့် စီမံကိန်းအချက်အလက်များနှင့် ပတ်သက်ကာ မီဒီယာများနှင့် ပြည်သူလူထုကြား စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာခဲ့ပါတယ်။လက်ရှိ ကမ္ဘာ့စီးပွားရေးတွင် တိုးတက်မှု နှေးကွေးလေးလံနေသဖြင့် အနောက်နိုင်ငံများ၏ ရင်းနှီးမြုပ်နှံမှု လျော့ကျနေချိန်တွင် တရုတ်နိုင်ငံကသာ ကမ္ဘာတလွှား အလုံးအရင်းဖြင့် ရင်းနှီးမြုပ်နှံမှု ပြုလုပ်လာနိုင်သည်ကိုသာ တွေ့နေရသည်။ရခိုင်ပြဿနာကြောင့် အနောက်နိုင်ငံများ၏ ရင်းနှီးမြုပ်နှံမှု မျှော်မရသည့်အချိန်တွင် အာရှနိုင်ငံများဖြစ်သည့် စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့၏ ရင်းနှီးမြုပ်နှံမှုက မြန်မာနိုင်ငံအတွက် အရေးပါလာခဲ့ပါတယ်။အာရှနိုင်ငံများ ရင်းနှီးမြုပ်နှံဖွယ်ရှိသည့် ရန်ကုန်မြို့သစ်စီမံကိန်း၏ ဖြစ်လာနိုင်မှု အခြေအနေနှင့် အများပြည်သူကြား လက်ခံပေးနိုင်မှု၊ နိုင်ငံအတွက် အရှုံး/အမြတ် ဖြစ်ပေါ်လာနိုင်မှု အခြေအနေကို နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်နှင့် ဝါရင့်စီးပွားရေးပညာရှင် ဆရာ ဒေါက်တာအောင်ထွန်းသက် အား မေးမြန်းခဲ့ပါတယ်။
ဆရာ ဒေါက်တာအောင်ထွန်းသက် ၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ်အတွက် အထူးအစီအစဉ်အဖြစ် မေးမြန်းဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ မကြာခင်က ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်တာရှိတယ်၊ ဒီအပေါ်မှာ အကျိုးအမြတ်ခွဲခြားမှုနဲ့ မြေယာပိုင်ဆိုင်မှုပေါ် မူတည်ပြီးတော့ ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြထားတာ တော်တော်လေးကို လက်ခံတာ တွေ့ရတယ်။အဓိကအားဖြင့် ဒီလိုမျိုး အချိုးအစားတွေ အဓိက သူတို့ထောက်ပြတာက ရာခိုင်နှုန်းနဲ့ ပတ်သက်ပြီးတော့ ထောက်ပြတာ၊ နိုင်ငံတကာမှာရော ဒီလိုမျိုးတွေရှိလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ နိုင်ငံတကာမှာ ရှိ၊ မရှိ ဆိုတာထက်ကို ဆရာထင်တယ် ဒီကိစ္စတွေအားလုံး ဆရာတို့ ရင်ဆိုင်နေရတဲ့ ကိစ္စတွေအားလုံးဟာ ပွင့်ပွင့်လင်းလင်း တစ်ယောက်နဲ့ တစ်ယောက် တိုင်တိုင်ပင်ပင်မရှိတဲ့ ဒုက္ခလေ၊ အဲဒီတော့ လုပ်လိုက်ပြီးတဲ့အခါကျမှ ကြေညာလိုက်တဲ့အခါကျတော့ ဒီနောက်ခံအကြောင်းအရာတွေကို မသိတော့ သို့လော..သို့လောနဲ့ မေးခွန်းတွေထုတ်လာကြတယ်။ထုတ်လာကြတဲ့အခါကျတော့ အဲ့ဒီမေးခွန်းတွေထုတ်တဲ့ အပေါ်မှာ မူတည်ပြီးတော့ ဘာကြောင့်ဒီလိုပြောရတယ်။ဘာကြောင့်ဒီလိုမေးရတယ်ဆိုတဲ့ စောဒကတွေ ဆရာတို့ အပြန်အလှန်တက်နေကြတာပေါ့။

အဲဒီတော့ ဆရာထင်တာက အဲ့ဒါကတော့ ဆရာထင်တယ်၊ Government ပေါ့နော်၊ အစိုးရအသစ်အနေနဲ့ တာဝန်ရှိတဲ့သူတွေအနေနဲ့ စီမံခန့်ခွဲတဲ့အခါမှာအခြေခံတွေကို ဂဃဏန သတိမထားဘဲနဲ့ ငါစေတနာနဲ့ လုပ်တာပဲ၊ ငါမှန်တာလုပ်တာပဲဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့လုပ်လိုက်တော့ ဆရာထင်တယ် စည်းရုံးရေးအားနည်းတယ်။ အဓိက ကတော့ ခင်ဗျားတို့မီဒီယာနဲ့ ဆိုင်တာပေါ့လေ။ Communication အားနည်းတာပေါ့လေ၊ ဟုတ်တယ်မလား၊ ကိုယ် ဒီရာနှုန်းက အရေးမကြီးဘူး၊ အဲဒီတော့ ရာနှုန်းကလည်း နိုင်ငံတကာမှာ ရှိ၏/မရှိ၏ ဆိုတာထက်ကို ကိုယ်နိုင်ငံမှာ ဘာကြောင့်ဒီလိုလုပ်ရတယ်။အခြေခံအကြောင်းအရင်းတွေက ဘာရှိလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ဆရာတို့ တင်ပြဆွေးနွေးတာမရှိတော့ သိတဲ့လူက သို့လောသို့လောဖြစ်ကုန်ရော။

ဆရာထင်တယ် အခုတောက်လျှောက်ဖြစ်နေတာက အဲဒီပြဿနာ။ဖြစ်နေတာအားလုံးကို မရှင်းပြနိုင်တဲ့၊ ရှင်းပြမှုအားနည်းတဲ့ ပြဿနာပေါ့။မရှင်းပြနိုင်တာကလည်း ရှင်းပြစရာမလိုဘူး ငါကောင်းတာလုပ်နေတာပဲ ဟိုရှင်းပြလိုက်ရင် ဟိုပြောဒီပြော ပြောတဲ့ကောင်နဲ့ မရင်ဆိုင်ချင်ဘူး ဘာဘာညာညာဆိုတဲ့ စိုးရိမ်စိတ်က ရှိတာကိုး။အဲဒီလိုစိုးရိမ်စိတ်ရှိတဲ့ အဲဒီပြဿနာက တော်တော်ကြီးတယ်။

ဒါလေးရဲ့ သင်ခန်းစာတစ်ခုက ဖြစ်စေချင်တာကတော့ ဒါကိုလူတွေ နားလည်အောင် စည်းရုံးဖို့ လိုလိမ့်မယ်။အဲဒီတော့ လုပ်တဲ့အတွက် ဘယ်သူ့အတွက် အကျိုးရှိလဲ။အခုကဘာဖြစ်လဲဆိုတော့ သေချာမရှင်းပြတတ်တော့ ကိုယ်ကျိုးစီးပွားအတွက် လုပ်နေတယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ ဖြစ်လာတယ်။ဖြစ်လာတဲ့အခါကျတော့ မေးခွန်းတွေထုတ်တယ်။ဒီကိစ္စမျိုးမှာဆိုရင် သူပဲမေးခွန်းထုတ်တာမျိုး၊ ဘယ်သူပဲမေးခွန်းထုတ်တာမျိုးတွေ ဖြစ်လာတဲ့အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက်က အချင်းတွေများကြရော။မလိုအပ်တာတွေဖြစ်လာရော၊ အဲဒီတော့ ဆရာထင်တယ်..ဒီပြဿနာတွေအားလုံးဟာ ဆရာတို့ ရန်ကုန်တိုင်းတင်မကဘူး နေရာတိုင်းလိုလိုမှာ ဆရာတို့ ရင်ဆိုင်နေရတဲ့ ကိစ္စလေ။

ဒါလည်းပဲ ဆရာထင်တာကတော့ အခြေခံကတော့ စီမံအုပ်ချုပ်မှု Good Government ပေါ့။ဆရာပြောနေတဲ့ Good Government မှာ ပြည်သူတွေကို စည်းရုံးရမယ်၊ ကိုယ်နဲ့ပတ်သက်တဲ့ ပြည်သူကို နားလည်အောင် ပြောရမယ်။အခု ဆရာသတိထားကြည့်တာက တော်တော်များများက လုပ်ချင်တဲ့ဆန္ဒ သိပ်စောတော့ ပြောစရာမလိုဘူး၊ ငါကောင်းတာလုပ်နေတာပဲ နိုင်ငံတကာမှာလည်း ဒီလိုဘဲလုပ်တယ်။ အဲဒါကြောင့် ငါဒီလိုပဲလုပ်မယ် ဆိုပြီး လုပ်လိုက်တဲ့အခါကျတော့ ဆရာတို့က ထင်တာကတော့ ကိုယ့်နိုင်ငံက ဒီမိုကရေစီစနစ် ပြောင်းလာတယ် ဆိုပေမယ့် သက်ဦးစံပိုင်စနစ်နဲ့ သိပ်မကွာဘူး၊ ပုံစံက အရင်ပုံစံအတိုင်းပဲ၊ အရင်တုန်းကဆိုရင် မေးတောင်မေးလို့မရဘူး၊ ဟို နဝတ၊ နရဖ လက်ထက်က ဦးနေဝင်း တို့ လက်ထက်က မေးများမေးရင်အားလုံးကို ဆွဲစိမှာပေါ့။အခုက မေးလို့ရတဲ့ အခြေအနေတစ်ခုက သက်သာနေလို့။

အခုက အဲဒီပုံစံနဲ့ကိုမေးတာကို မေးခွန်းထုတ်တာကိုပဲ ကိုယ့်ကိုရန်လုပ်တယ်လို့ ထင်နေတဲ့ အယူအဆကြီးကိုလည်း ဆရာတို့ ပြင်မှရမယ်ထင်တယ်။ဒီမေးခွန်းက စေတနာနဲ့ ထုတ်နေတာ သိချင်လို့ ထုတ်နေတာ ပြည်သူကို ကိုယ်စားပြုတဲ့အနေနဲ့ ထုတ်နေတာ၊ နောက်တစ်ချက် ဒီကိစ္စအားလုံးဟာ ဆရာထင်တယ် စီမံခန့်ခွဲမှုနဲ့ ဆိုင်တာပေါ့လေ။Public Fund ပေါ့၊ ဒီပစ္စည်းတွေက Public Resource တွေ။ ပြည်သူပိုင်တဲ့ ပစ္စည်းတွေ ကိုယ်ပိုင်ဆိုရင်တော့ ဘာလုပ်ဖို့လိုလဲ ဟုတ်တယ်မလား။ဒီမြေကြီးတွေကို ဒီလိုလုပ်တဲ့အခါမှာ ပြည်သူပိုင်တဲ့ မြေကြီးတွေကို လုပ်တဲ့အခါမှာ ဘယ်လိုလုပ်သင့်လဲဆိုတာကို ဆရာထင်တယ် ကြိုတင်ကြေညာမှု အားနည်းတယ်။

ကိုယ်က အဲ့ဒီ Top down ပေါ့လေ၊ အပေါ်ကနေအမိန့်နဲ့ လုပ်တဲ့ စီမံတဲ့ ပုံစံကများတော့ ဆရာထင်တယ်။အောက်ကနေ အကုန်ရှုပ်ကုန်တာပေါ့။မေးလာတဲ့အခါမှာလည်း မီဒီယာကလည်း အဆင်သင့်ရှိနေတာပဲ။ဒါ ဖွတဲ့အနေအထားနဲ့ ပြောလိုက်တဲ့အခါကျတော့ အဲဒီလိုပြောလာလေ ပိုပြီး ဟိုဘက်ကလည်း တုန့်ပြန်မှုများလေလေ၊ နောက်တစ်ခါ ဆရာတို့မေးတဲ့သူကလည်း ကိုယ်ကိုယ့်ကိုယ် Hero ဆိုပြီး မေးတာကိုး ဟုတ်တယ်မလား။တကယ်သိချင်တာထက်ကို အမှတ်ရချင်တဲ့ ဆန္ဒကလည်း တစ်ဖက်ကရှိပြန်တော့ ကိုယ့်လူတွေအကြောင်း သိပြန်တော့။

အဲဒီတော့အရေးကြီးတာက ဆရာထင်ပါတယ်နော် နှစ်ဖက်စလုံးမှာ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ စံနှုန်းတွေ မပြည့်မီသေးတယ်လို့ပဲ အောက်မေ့တာပါ။ပြောမယ်ဆိုမယ်ရှိရင်လည်း ဒါတွေအားလုံးကို ကျကျနနချပြီး ပြောဖို့လိုလိမ့်မယ်၊ အဲဒီ Publication အားနည်းတယ်ကွယ့်။ဟုတ်တယ်မလား။ပေါ်လစီတစ်ခု လုပ်မယ်ဆိုရင် ဆရာတို့ အခု Public Policy သင်နေတာပဲ။
ပေါ်လစီလုပ်မယ်ဆိုရင် ဒါကအာဏာရှင်စနစ်မှ မဟုတ်တာ၊ အာဏာရှင်စနစ်ကတော့ ဘယ်သူမှ ပြောစရာမလိုဘူးလေ၊ သူတို့လုပ်ချင်တာ လုပ်လိုက်ရင် ဒါပေါ်လစီဖြစ်သွားရော။အခုကတော့ ဒီမိုကရေစီစနစ်မှာ တိုင်ပင်မှဆွေးနွေးမှ ချပြီးညှိနှိုင်းမှ တူညီတဲ့အဖြေ ထွက်မယ်ဆိုတဲ့ဟာက ပါးစပ်ကသာပြောတယ်၊ သူတို့မှာ လက်တွေ့မှာ သူတို့ အရေးရယ်အကြောင်းရယ်ဆိုရင် အမိန့်နဲ့စီမံတဲ့ စနစ်ကို ကျေနပ်နေတဲ့ပုံစံ ထင်တယ်နော်။

အနေအထားက အဲ့ဒါက နိုင်ငံတကာ စံနှုန်းစံထားတွေကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူဘူးလေ၊ အရေးကြီးတာက ဦးတည်ချက်ပဲ ဟုတ်တယ်မလား၊  ဦးတည်ချက်က ဘာလဲ ဘာအတွက်လုပ်ချင်တာလဲ ဒီမြေကြီးတွေယူပြီး မြို့သစ်စီမံကိန်းက ဘယ်သူ့အတွက်လဲ။ပြည်သူတွေအတွက်၊ ပြည်သူတွေဆိုတာလည်း ဘယ်သူတွေကို ပြောတာလဲ။အခြေခံလူတန်းစားတွေအတွက်လား အလယ်အလတ်ပိုင်းလား စီးပွားရေးလုပ်ငန်းရှင် အကြီးကြီးတွေအတွက်လား။နောက်တစ်ခါ ဒီအတွက်ကိုလုပ်ရင် အစိုးရအတွက် ဘယ်လောက်ကို အကျိုးရှိမလဲ။နောက်တစ်ခါ လုပ်ငန်းရှင်အတွက် အကျိုးရှိဖို့လည်း လိုသေးတယ်။အဲဒီတော့ အခုဟာက ဆရာတို့ခေါ်နေတဲ့ State Holder တွေပေါ့။ပါဝင်ပတ်သက်တဲ့သူတွေ အားလုံးကို တိုင်တိုင်ပင်ပင် မရှိသရွေ့ကတော့ ဒီပြဿနာတွေက ဒီလိုပဲပေါ်နေမှာပဲ။တစ်ယောက်နဲ့ တစ်ယောက် ငြင်းနေပွားနေမှာပဲ။

ဆရာထင်တယ် အခုက အကျင့်ကပါသလို ဖြစ်နေတယ် ကြည့်ရတာလေ။စိတ်မကောင်းတာက ထစ်ခနဲဆိုတာနဲ့ ပြောကြတာပဲ။ဟုတ်တယ်မလား။ဒီဘက်ကလည်း တောင်ငူကလည်း တောင်ငူ၊ မောင်တောကလည်း မောင်တောပေါ့လေ။ဒီဘက်ကလည်း ဘာမှမပြောဘဲ လုပ်ပစ်တာ ဟိုဘက်ကလည်း ပြောတော့တာပဲ၊ ပြောတဲ့သူနဲ့ လုပ်တဲ့သူနဲ့က သဟဇာတကို ဖြစ်နေတာ၊ ဆရာတို့ ပွဲကြည့်ပရိသတ်ကတော့ စိတ်ဝင်စားစရာပေါ့။ဒါပေမဲ့ အဲဒါကြီးက သိပ်ဆုံးရှုံးတာနော်၊ ဟုတ်တယ်မလား။ဆုံးရှုံးတော့ ဒီစီမံချက်ကြီးအတွက် အခုမြစ်ဆုံတုန်းကလည်း ဒီလိုပဲပေါ့ ဟုတ်တယ်မလား။ဒီထက်ကျယ်ပြန့်တဲ့ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ မြစ်ဆုံကိုကြည့်။အစတည်းကကို မြစ်ဆုံနဲ့ ပတ်သက်လာရင် ဘာကိုဦးတည်ပြီး လုပ်တာလဲဆိုတာကို ဟိုတုန်းတည်းက ပြောရင်တစ်မျိုးလေ၊ မြစ်ဆုံစီမံချက်က တကယ်တမ်းတော့ ဒါကြီးက တစ်ခုတည်းမဟုတ်ဘူး ခုနှစ်ခု။ခုနှစ်ခုလို့ပြောရင် အဲ့ဒီခုနှစ်ခုကို သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် အဲဒီနားမှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းတာတို့ ဆွေးနွေးတာတို့၊ တိုင်ပင်တာတို့ သဘောထားယူတာတို့ လုံးဝမရှိခဲ့ဘူး။လုပ်မယ်လို့ပြောလိုက်ပြီးတော့ လုပ်လိုက်တော့ ခက်ကုန်တာပေါ့။

ဆရာတို့မှာ ဒါပေမဲ့ အဲ့အချိန်တုန်းက စနစ်ကတစ်မျိုး၊ အခုအချိန်မှာ စနစ်တစ်မျိုးပေမယ့် အရင်အခြေအနေ ပုံစံနဲ့လုပ်တဲ့ အနေအထားကတော့ ရှိနေသေးတဲ့ဟာကတော့ စိတ်မကောင်းစရာပါပဲ ဆရာစိတ်ထဲမှာပေါ့လေ။

Opinion Leaders ။     ။ နောက်တစ်ခုကတော့ ဆရာ ဒါနဲ့ဆက်စပ်တာ မနေ့က ဒေါ်အောင်ဆန်းစုကြည် က ရန်ကုန်နဲ့ ပိုးလမ်းမ စီမံကိန်း ပထမအကြိမ် အစည်းအဝေး ကျင်းပခဲ့တာရှိတယ်၊ ဒီမှာ သူကပြောခဲ့တာရှိတယ်၊ အစည်းအဝေးကို စီမံကိန်းတွေ ဖော်ဆောင်ရာမှာ နှစ်ဦးနှစ်ဖက် ရေရှည်အကျိုးအတွက် ပြောခဲ့တာရှိတယ်၊ အခုဆိုရင် ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ကျောက်ဖြူစီမံကိန်းလုပ်မယ်၊ ကျောက်ဖြူဆိုလို့ရှိရင်လည်း ပြန်ပြီးတော့ စာချုပ် ချုပ်တာရှိတယ်၊ ရန်ကုန်မြို့သစ်စီမံကိန်းကတော့ ရင်းနှီးသူက အကုန်လုံးကိုယူပြီးတော့ လုပ်ဆောင်မယ့်ပုံစံ ရှိနေတယ်၊ နောက်နောင် ဒီလိုမျိုးလုပ်ငန်းတွေ လုပ်ပြီဆိုရင် ဘယ်လိုမျိုးလုပ်ရင် ပိုကောင်းမလဲ ဥပမာ ဆရာ ခုနပြောသလို Public ဘက်ကို ပြန်ချပြနိုင်ဖို့ဟာရယ်၊ နောက်တစ်ချက်က ဒါနဲ့ပတ်သက်တဲ့ ငွေရေးကြေးရေး အပိုင်းတွေ၊ ပြည်သူရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့အခါကျတော့ ပြည်သူပေးသိဖို့ ဆိုတဲ့ဟာတွေကျတော့ ဘယ်လိုမျိုးလုပ်ပြီးတော့ လုပ်သင့်သလဲ ဆရာ။နောက်လုပ်မယ့် စီမံကိန်းတွေကျလို့ရှိရင်။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခု ဆရာထင်တယ်နော်၊ အခုအတွေ့အကြုံ မြန်မာပြည်တင်မကဘူး၊ သီရိလင်္ကာမှာ အခုပြဿနာဖြစ်တယ်လေ။အဲဒီလိုပဲ တရုတ်နဲ့ပတ်သက်လို့ အစိုးရက အကောင်းဆုံးဖြစ်တယ်ဆိုပြီး လုပ်လိုက်တဲ့အခါကျမှ နောက်ပိုင်းပြန်တွက်တဲ့အခါမှာ။ဒါပေမဲ့ ကိုယ်က စီမံချက်တွေအားလုံးမှာ ခင်ဗျားတို့လည်း သိတဲ့အတိုင်းပဲ ဆရာတို့တွက်တဲ့ နည်းပညာကတော့ ရှိတယ်လေ။အချိန်ကတော့ Cost Money ဖြစ်တယ်။

ဒီစီမံချက် လုပ်တဲ့အတွက် စရိတ်တွေ၊ ကုန်ကျစရိတ် နစ်နာမှု ဘယ်လောက်ရှိမလဲ၊ စီမံချက်လုပ်တဲ့အတွက် အကျိုးအမြတ် ဘယ်လောက်ရှိမလဲ။အဲဒီတော့ အကျိုးအမြတ် တွက်တဲ့အခါမှာလည်းပဲ အရင်တုန်းကလို ငွေရေးကြေးရေးတစ်ခုတင် မကတော့ဘူး။လူမှုရေး၊ နိုင်ငံရေး၊ နောက်တစ်ခါ ယဉ်ကျေးမှု အစရှိသဖြင့် ဒါတွေအားလုံး ထည့်တွက်လို့ရတာကိုး။ခက်တာက နည်းပညာတွေ မရှိတာမဟုတ်ဘူး။ဒါတွေအားလုံးကို ဆရာတို့ ဂဃဏန အသုံးမချတဲ့ ပြဿနာပေါ့။အသုံးမချတတ်တဲ့ ပြဿနာဆိုပြီးတော့။အရင်တုန်းကဆိုလည်း ကျောက်ဖြူကို အတင်းလုပ်လိုက်တယ်။ ပြီးတော့မှ လက်လွန်သွားပြီဆိုမှ ပြန်ပြီးပြန်ညှိရတယ်လေ၊ အခု မြစ်ဆုံလည်း ဒီအတိုင်းပဲ။ အရင်တုန်းက လုပ်လိုက်ပြီးပြီ၊ ဘာတွေလုပ်လိုက်လို့ ဘာတွေသဘောတူမှန်းလည်း မသိဘူး။

နောက်တစ်ခုက သဘောတူညီမှုနဲ့ ပတ်သက်လာရင် နိုင်ငံတကာ ဥပဒေလုပ်ထုံးလုပ်နည်းအရဆိုရင် စာချုပ်စာတမ်းတွေနဲ့ လုပ်ထားလို့ရှိရင် ဒါတွေအားလုံးဟာ အလွယ်တကူပြင်လို့ ရချင်မှရမယ်။ဘာတွေမှန်းလည်း မသိတော့ဘူး။အဲဒီတော့ အရေးကြီးဆုံးက ဆရာထင်တာကတော့ အခုပြောင်းလဲလာတဲ့ နိုင်ငံရေးအခင်းကျင်းမှာတော့ ပွင့်လင်းမြင်သာဖို့ပဲ။ဆရာတို့ အဲ့ဒါလေးကိုပဲ အဓိကထားပြောချင်တာပါ။လုပ်သမျှအားလုံးက ကိုယ့်မှာ ဖွက်စရာမရှိဘူး။ကိုယ်က ဘာကိုဦးတည်ပြီးလုပ်တယ်၊ ဘာကိုစဉ်းစားပြီးလုပ်တယ်။ဒါလုပ်လို့ရှိရင်တော့ ဘာကိုအကျိုးရှိမယ်ထင်ပြီး လုပ်တယ်ဆိုတာကို ချပြပြီးတော့ Public Followers တွေပေါ့။အခုနကလို ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ ပညာရှင်နဲ့ ခေါ်တွေ့တာတို့၊ ပြည်သူနဲ့ခေါ်တွေ့တာတို့၊ လယ်သမားတွေနဲ့ ခေါ်တွေ့တာတို့ ဒါတွေအားလုံးပေါ့။အဲ့လိုဟာမျိုးကျတော့ အချိန်ကလည်းလိုတယ်၊ စိတ်ရှည်ဖို့လိုတယ်၊ နောက်တစ်ခါ နားလည်မှုရှိဖို့လည်း လိုတယ်။

အဲဒီတော့..အဲဒါတွေအားလုံးက ဆရာတို့မှာ အားနည်းနေတာ။အားနည်းနေတဲ့အခါကျတော့ ကြာပါတယ်ကွယ် စီမံချက်လုပ်ချလိုက်အောင်၊ ပြီးတော့မှ ကြည့်ရှင်းဆိုတော့ နောက်ကနေ လိုက်ရှင်းရတာတွေက တော်တော်ခက်တယ်လေ။အဆုံးအဖြတ်တွေ ပေးပြီးကာမှ လုပ်ရတယ်၊ နောက်ပိုဆိုးတာက ပြည်တွင်းဆို ကိစ္စမရှိဘူး။နိုင်ငံတကာနဲ့ဆိုရင် ဆရာစိတ်ပူတာကနော် အထူးသဖြင့် G to G ဟာမျိုးက စိတ်ပူစရာ။G to G က ဟုတ်လား၊ ဆရာတို့ ဘာပြဿနာဖြစ်လဲဆိုရင် အစိုးရသက်တမ်းတင်မကဘူး။ဘယ်အစိုးရ လက်မှတ်ထိုးလိုက် ထိုးလိုက် ကျန်တဲ့အစိုးရက ဒါကို ကတိကဝတ်တည်ရမယ်လေ။အဲဒီတော့ အခုနောက်ပိုင်းမှာ အဲဒီလိုပြဿနာတွေ ဖြစ်လာတယ်။တစ်ချိန်တုန်းက ထိုးရတဲ့ဟာတွေအားလုံးက နောက်တက်လာတဲ့ အစိုးရက အာမခံရတဲ့အခါကျတော့ မပြည့်မစုံအချက်အလက်တွေနဲ့ အာမခံရတာ။လုပ်ရကိုင်ရတာ အတော်ခက်သွားတယ်။အဲ့ဒီတော့ အခုအချိန်မှာ ပိုပြီးသတိထားဖို့လိုတယ်။ကိုယ်က ကတိကဝတ်ပြုလိုက်ပြီ ဆိုလို့ရှိရင် အဲ့ဒီကတိကဝတ်ပြုတာတွေ အားလုံးသည် မထိခိုက်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာ ဆရာထင်တယ် တော်တော်လေးကိုတော့ စဉ်းစားဖို့ လိုလိမ့်မယ်လို့ အောက်မေ့ပါတယ်။

Opinion Leaders ။     ။ ရန်ကုန်မြို့သစ်စီမံကိန်းက တစ်ခုခု အကြောင်းကြောင်းကြောင့် ဥပမာအားဖြင့် Delay ဖြစ်သွားတဲ့အခါကျလို့ရှိရင် မြန်မာနိုင်ငံကို ဝင်လာနိုင်စရာရှိတဲ့ Investment အထူးသဖြင့် တရုတ်ရဲ့ Investment အခြေအနေတွေက ဘယ်လိုဖြစ်သွားနိုင်လဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အရင်လ ၂၈ ရက်နေ့က နေပြည်တော်လို နေရာမျိုးမှာ (Myanmar Investment Summit) လုပ်တယ်၊ ဟုတ်တယ်မလား။ရည်ရွယ်ချက်ကတော့ ဆရာတို့ အနောက်နိုင်ငံတွေက အခု ရခိုင်ကိစ္စကို အခြေခံပြီးတော့ ရင်းနှီးမြှပ်နှံမှုက ကာလတိုမှာလာဖို့ဟာ အလားအလာနည်းတယ်လေ၊ အလားအလာနည်းတော့ အခုအချိန်မှာ တစ်ကမ္ဘာလုံးမှာ ရင်းနှီးမြှပ်နှံနိုင်တဲ့ အင်အားရှိတဲ့နိုင်ငံက တစ်နိုင်ငံပဲရှိတယ်။အဲ့ဒါကို ဆရာတို့က လက်ခံဖို့လိုတယ်။လက်ခံတဲ့အခါမှာ သူတို့ကလည်း တရုတ်ကလည်း တရုတ်တိုင်းပဲ ဟုတ်တယ်မလား။

တစ်ကမ္ဘာလုံးမှာ အာဖရိကနိုင်ငံတွေမှာ အခုအတွေ့အကြုံတွေရှိလာပြီ။သူတို့ပေးတဲ့ ချေးငွေတွေကို မက်မက်မောမော ယူလိုက်ကြပြီးတဲ့အခါမှာ ဘယ်တော့ကျမှ ပြဿနာရှိလဲဆိုတော့ အကြွေးတင်တဲ့အခါကျမှ ပြဿနာရှိတယ်။ဆရာတို့မှာလည်း ဒါကိုဆင်ခြင်ဖို့တော့ လိုလိမ့်မယ်လို့ ထင်တယ်။ကိုယ့်မှာကလည်း ခက်တာက ရင်းနှီးမြှပ်နှံမှု အရင်းအမြစ်က တစ်နေရာတည်း ဖြစ်နေတော့ အားလုံး သူမှမလာရင် ကျန်တာမရှိတော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ဒါလည်း လက်တွေ့ကျကျ စဉ်းစားရမှာ ဟုတ်တယ်မလား၊ ကာလတိုမှာကတော့ ဆရာထင်တယ်၊ နောက်ထပ်နှစ်နှစ်အတွင်းမှာ ဥရောပ၊ အမေရိကန်၊ အင်္ဂလိပ် ရင်းနှီးမြှပ်နှံမှုရဖို့ဆိုတာက အသေးအမွှားတော့ ရနိုင်တယ်။ဟိုတယ်လေးတစ်လုံး ဆောက်တာတို့၊ ဘာတို့ပေါ့လေ။အကြီးအကျယ်ဟာမျိုးက မျှော်လင့်ဖို့ နည်းနည်းလေးခက်တယ်။

အဲ့ဒီအခါကျတော့ တကယ်ကို အလုံးအရင်းနဲ့ဆိုတာ သူ့ပဲအားကိုးရမှာလေ။သူ့ပဲအားကိုးရမယ့်အခါမှာ သူ့ကိုလည်း ခုနကလို ကိုင်တွယ်နိုင်ဖို့လိုတယ်။အဲ့လိုကိုင်တွယ်နိုင်တဲ့အခါမှာ အခုနက ဆွေးနွေးတဲ့သူတွေ၊ ညှိနှိုင်းတဲ့သူတွေကဟာ ပြည်သူတွေရဲ့ သဘောဆန္ဒကိုယူပြီးမှ ဆွေးနွေးလို့ကောင်းမယ် ထင်တယ်။ဟုတ်တယ်မလား။ဆွေးနွေးပြီးတော့မှ သဘောတူပြီးတော့မှ လက်မှတ်ထိုးပြီးတော့မှ ဒါကြီးက လက်မှတ်ထိုးပြီးပြီဆိုရင် ပြင်ဖို့ပြောင်းဖို့က ခက်တယ်လေ။အဲဒီတော့ G to G ဖြစ်နေတာကိုး။B to B ကတော့ တစ်မျိုး၊ ကုမ္ပဏီနှစ်ခုဆိုတော့နိုင်ငံတော်ရဲ့ တာဝန်ခံမှုက နည်းနည်း နည်းတယ်။G to G ကျတော့ ဆရာတို့ အခြားနိုင်ငံတွေမှာလည်း အဲဒီလိုဖြစ်ခဲ့တာ။

အခု G to G ခင်ဗျားတို့ စိတ်ဝင်စားမယ် မီဒီယာသမားတွေ ထရန့် က ပြောတယ်။အမေရိကန်နိုင်ငံမှာ အခု စီးပွားရေးတက်လာတယ် စီးပွားရေးတက်လာပေမယ့် တစ်ဖက်ကဘာလဲဆိုရင် အကြွေးတွေတင်နေတယ်။သူ့ရဲ့ maximum debt က one trillion ရှိတယ်၊ သူကဘာပြောလဲဆိုတော့ သူကရှင်းရှင်းပဲ။ဆပ်မယ့်အချိန်မှာ ငါမရှိတော့ဘူး။ငါ့သက်တမ်းက နောက်လေးနှစ်အရွေးခံရရင် ငါရှစ်နှစ်ပဲရှိတာ ဟုတ်တယ်မလား။အဲဒီလို နိုင်ငံရေးဇာစ်မြစ်တွေကို နားလည်လိုက်လို့ရှိရင်တော့long-term communication ပေါ့။ဒါက သားစဉ်မြေးဆက် ခံရမယ့်ကိစ္စချည်း G to G က။သူကတော့ လှည့်ကိုမကြည့်တာ၊ ငါနဲ့မဆိုင်ဘူး ကျန်တဲ့ကောင်တွေ ကြည့်ရှင်းလိမ့်မယ်ဆိုတဲ့ လက်လွတ်စပယ်ပြောတဲ့ ခေါင်းဆောင်တွေမျိုးတော့ မဖြစ်သင့်ဘူးပေါ့။ဟုတ်တယ်မလား။

နောင်တက်လာမယ့် အစိုးရကို ဝန်ထုပ်ဝန်ပိုး၊ အခုမြစ်ဆုံက အဲ့လိုဖြစ်သွားတာပေါ့၊ တစ်ချိန်တုန်းက သဘောတူထားတာတွေ အားလုံးကို အခု ဒီဘက် ဦးသိန်းစိန် ကနေ ဒီဘက်လက်လွှဲလိုက်တယ်။ဦးသိန်းစိန် လက်လွှဲပြီးတော့ ဒီဘက်ရောက်လာတဲ့အခါကျတော့ အခု ပိုက်ဘောကြီး မိနေတာနော်၊ ဘယ်လိုလုပ်ရမှန်း မသိဘူး။အခု ဆရာထင်တယ် အခုလက်ရှိအစိုးရအနေနဲ့ နောင်အစိုးရအဆက်ဆက်တွေကို ဝန်ထုပ်ဝန်ပိုးကြီး မဖြစ်အောင် ဆရာထင်တယ် သပ်သပ်ရပ်ရပ်နဲ့ စီစဉ်ထားဖို့တော့ လိုလိမ့်မယ်လို့ အောက်မေ့ပါတယ်။အဲ့လိုလုပ်တဲ့အခါ လူတွေနားလည်အောင် ရှင်းပြဖို့ Communication အားနည်းတယ်ကွယ့်။တို့ဆီမှာ အဲဒါ အဓိကပါဘဲနော်။

Opinion Leaders ။     ။ ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
ဖေဖော်ဝါရီ - ၂၁

( Zawgyi )

မၾကာမီက ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းႏွင့္ ပတ္သက္၍ ရွင္းလင္းပြဲလုပ္ရာတြင္ ေပၚထြက္လာသည့္ စီမံကိန္းအခ်က္အလက္မ်ားႏွင့္ ပတ္သက္ကာ မီဒီယာမ်ားႏွင့္ ျပည္သူလူထုၾကား စိုးရိမ္ပူပန္မႈမ်ား ထြက္ေပၚလာခဲ့ပါတယ္။လက္ရွိ ကမာၻ႔စီးပြားေရးတြင္ တိုးတက္မႈ ေႏွးေကြးေလးလံေနသျဖင့္ အေနာက္ႏိုင္ငံမ်ား၏ ရင္းႏွီးျမဳပ္ႏွံမႈ ေလ်ာ့က်ေနခ်ိန္တြင္ တ႐ုတ္ႏိုင္ငံကသာ ကမာၻတလႊား အလုံးအရင္းျဖင့္ ရင္းႏွီးျမဳပ္ႏွံမႈ ျပဳလုပ္လာႏိုင္သည္ကိုသာ ေတြ႕ေနရသည္။ရခိုင္ျပႆနာေၾကာင့္ အေနာက္ႏိုင္ငံမ်ား၏ ရင္းႏွီးျမဳပ္ႏွံမႈ ေမွ်ာ္မရသည့္အခ်ိန္တြင္ အာရွႏိုင္ငံမ်ားျဖစ္သည့္ စင္ကာပူ၊ ေဟာင္ေကာင္၊ ထိုင္း၊ တ႐ုတ္၊ အိႏၵိယ၊ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယားတို႔၏ ရင္းႏွီးျမဳပ္ႏွံမႈက ျမန္မာႏိုင္ငံအတြက္ အေရးပါလာခဲ့ပါတယ္။အာရွႏိုင္ငံမ်ား ရင္းႏွီးျမဳပ္ႏွံဖြယ္ရွိသည့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း၏ ျဖစ္လာႏိုင္မႈ အေျခအေနႏွင့္ အမ်ားျပည္သူၾကား လက္ခံေပးႏိုင္မႈ၊ ႏိုင္ငံအတြက္ အရႈံး/အျမတ္ ျဖစ္ေပၚလာႏိုင္မႈ အေျခအေနကို ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ႏွင့္ ဝါရင့္စီးပြားေရးပညာရွင္ ဆရာ ေဒါက္တာေအာင္ထြန္းသက္ အား ေမးျမန္းခဲ့ပါတယ္။
ဆရာ ေဒါက္တာေအာင္ထြန္းသက္ ၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္အတြက္ အထူးအစီအစဥ္အျဖစ္ ေမးျမန္းေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ မၾကာခင္က ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းနဲ႔ ပတ္သက္ၿပီးေတာ့ သတင္းစာရွင္းလင္းပြဲ လုပ္တာရွိတယ္၊ ဒီအေပၚမွာ အက်ိဳးအျမတ္ခြဲျခားမႈနဲ႔ ေျမယာပိုင္ဆိုင္မႈေပၚ မူတည္ၿပီးေတာ့ ျပည္တြင္းမီဒီယာတစ္ခုက ေဖာ္ျပထားတာ ေတာ္ေတာ္ေလးကို လက္ခံတာ ေတြ႕ရတယ္။အဓိကအားျဖင့္ ဒီလိုမ်ိဳး အခ်ိဳးအစားေတြ အဓိက သူတို႔ေထာက္ျပတာက ရာခိုင္ႏႈန္းနဲ႔ ပတ္သက္ၿပီးေတာ့ ေထာက္ျပတာ၊ ႏိုင္ငံတကာမွာေရာ ဒီလိုမ်ိဳးေတြရွိလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ႏိုင္ငံတကာမွာ ရွိ၊ မရွိ ဆိုတာထက္ကို ဆရာထင္တယ္ ဒီကိစၥေတြအားလုံး ဆရာတို႔ ရင္ဆိုင္ေနရတဲ့ ကိစၥေတြအားလုံးဟာ ပြင့္ပြင့္လင္းလင္း တစ္ေယာက္နဲ႔ တစ္ေယာက္ တိုင္တိုင္ပင္ပင္မရွိတဲ့ ဒုကၡေလ၊ အဲဒီေတာ့ လုပ္လိုက္ၿပီးတဲ့အခါက်မွ ေၾကညာလိုက္တဲ့အခါက်ေတာ့ ဒီေနာက္ခံအေၾကာင္းအရာေတြကို မသိေတာ့ သို႔ေလာ..သို႔ေလာနဲ႔ ေမးခြန္းေတြထုတ္လာၾကတယ္။ထုတ္လာၾကတဲ့အခါက်ေတာ့ အဲ့ဒီေမးခြန္းေတြထုတ္တဲ့ အေပၚမွာ မူတည္ၿပီးေတာ့ ဘာေၾကာင့္ဒီလိုေျပာရတယ္။ဘာေၾကာင့္ဒီလိုေမးရတယ္ဆိုတဲ့ ေစာဒကေတြ ဆရာတို႔ အျပန္အလွန္တက္ေနၾကတာေပါ့။

အဲဒီေတာ့ ဆရာထင္တာက အဲ့ဒါကေတာ့ ဆရာထင္တယ္၊ Government ေပါ့ေနာ္၊ အစိုးရအသစ္အေနနဲ႔ တာဝန္ရွိတဲ့သူေတြအေနနဲ႔ စီမံခန႔္ခြဲတဲ့အခါမွာအေျခခံေတြကို ဂဃဏန သတိမထားဘဲနဲ႔ ငါေစတနာနဲ႔ လုပ္တာပဲ၊ ငါမွန္တာလုပ္တာပဲဆိုတဲ့အေၾကာင္းျပခ်က္တစ္ခုနဲ႔လုပ္လိုက္ေတာ့ ဆရာထင္တယ္ စည္း႐ုံးေရးအားနည္းတယ္။ အဓိက ကေတာ့ ခင္ဗ်ားတို႔မီဒီယာနဲ႔ ဆိုင္တာေပါ့ေလ။ Communication အားနည္းတာေပါ့ေလ၊ ဟုတ္တယ္မလား၊ ကိုယ္ ဒီရာႏႈန္းက အေရးမႀကီးဘူး၊ အဲဒီေတာ့ ရာႏႈန္းကလည္း ႏိုင္ငံတကာမွာ ရွိ၏/မရွိ၏ ဆိုတာထက္ကို ကိုယ္ႏိုင္ငံမွာ ဘာေၾကာင့္ဒီလိုလုပ္ရတယ္။အေျခခံအေၾကာင္းအရင္းေတြက ဘာရွိလဲဆိုတာကို ပြင့္ပြင့္လင္းလင္း ဆရာတို႔ တင္ျပေဆြးေႏြးတာမရွိေတာ့ သိတဲ့လူက သို႔ေလာသို႔ေလာျဖစ္ကုန္ေရာ။

ဆရာထင္တယ္ အခုေတာက္ေလွ်ာက္ျဖစ္ေနတာက အဲဒီျပႆနာ။ျဖစ္ေနတာအားလုံးကို မရွင္းျပႏိုင္တဲ့၊ ရွင္းျပမႈအားနည္းတဲ့ ျပႆနာေပါ့။မရွင္းျပႏိုင္တာကလည္း ရွင္းျပစရာမလိုဘူး ငါေကာင္းတာလုပ္ေနတာပဲ ဟိုရွင္းျပလိုက္ရင္ ဟိုေျပာဒီေျပာ ေျပာတဲ့ေကာင္နဲ႔ မရင္ဆိုင္ခ်င္ဘူး ဘာဘာညာညာဆိုတဲ့ စိုးရိမ္စိတ္က ရွိတာကိုး။အဲဒီလိုစိုးရိမ္စိတ္ရွိတဲ့ အဲဒီျပႆနာက ေတာ္ေတာ္ႀကီးတယ္။

ဒါေလးရဲ႕ သင္ခန္းစာတစ္ခုက ျဖစ္ေစခ်င္တာကေတာ့ ဒါကိုလူေတြ နားလည္ေအာင္ စည္း႐ုံးဖို႔ လိုလိမ့္မယ္။အဲဒီေတာ့ လုပ္တဲ့အတြက္ ဘယ္သူ႔အတြက္ အက်ိဳးရွိလဲ။အခုကဘာျဖစ္လဲဆိုေတာ့ ေသခ်ာမရွင္းျပတတ္ေတာ့ ကိုယ္က်ိဳးစီးပြားအတြက္ လုပ္ေနတယ္ဆိုတဲ့ စိုးရိမ္စိတ္ေတြ ျဖစ္လာတယ္။ျဖစ္လာတဲ့အခါက်ေတာ့ ေမးခြန္းေတြထုတ္တယ္။ဒီကိစၥမ်ိဳးမွာဆိုရင္ သူပဲေမးခြန္းထုတ္တာမ်ိဳး၊ ဘယ္သူပဲေမးခြန္းထုတ္တာမ်ိဳးေတြ ျဖစ္လာတဲ့အခါက်ေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္က အခ်င္းေတြမ်ားၾကေရာ။မလိုအပ္တာေတြျဖစ္လာေရာ၊ အဲဒီေတာ့ ဆရာထင္တယ္..ဒီျပႆနာေတြအားလုံးဟာ ဆရာတို႔ ရန္ကုန္တိုင္းတင္မကဘူး ေနရာတိုင္းလိုလိုမွာ ဆရာတို႔ ရင္ဆိုင္ေနရတဲ့ ကိစၥေလ။

ဒါလည္းပဲ ဆရာထင္တာကေတာ့ အေျခခံကေတာ့ စီမံအုပ္ခ်ဳပ္မႈ Good Government ေပါ့။ဆရာေျပာေနတဲ့ Good Government မွာ ျပည္သူေတြကို စည္း႐ုံးရမယ္၊ ကိုယ္နဲ႔ပတ္သက္တဲ့ ျပည္သူကို နားလည္ေအာင္ ေျပာရမယ္။အခု ဆရာသတိထားၾကည့္တာက ေတာ္ေတာ္မ်ားမ်ားက လုပ္ခ်င္တဲ့ဆႏၵ သိပ္ေစာေတာ့ ေျပာစရာမလိုဘူး၊ ငါေကာင္းတာလုပ္ေနတာပဲ ႏိုင္ငံတကာမွာလည္း ဒီလိုဘဲလုပ္တယ္။ အဲဒါေၾကာင့္ ငါဒီလိုပဲလုပ္မယ္ ဆိုၿပီး လုပ္လိုက္တဲ့အခါက်ေတာ့ ဆရာတို႔က ထင္တာကေတာ့ ကိုယ့္ႏိုင္ငံက ဒီမိုကေရစီစနစ္ ေျပာင္းလာတယ္ ဆိုေပမယ့္ သက္ဦးစံပိုင္စနစ္နဲ႔ သိပ္မကြာဘူး၊ ပုံစံက အရင္ပုံစံအတိုင္းပဲ၊ အရင္တုန္းကဆိုရင္ ေမးေတာင္ေမးလို႔မရဘူး၊ ဟို နဝတ၊ နရဖ လက္ထက္က ဦးေနဝင္း တို႔ လက္ထက္က ေမးမ်ားေမးရင္အားလုံးကို ဆြဲစိမွာေပါ့။အခုက ေမးလို႔ရတဲ့ အေျခအေနတစ္ခုက သက္သာေနလို႔။

အခုက အဲဒီပုံစံနဲ႔ကိုေမးတာကို ေမးခြန္းထုတ္တာကိုပဲ ကိုယ့္ကိုရန္လုပ္တယ္လို႔ ထင္ေနတဲ့ အယူအဆႀကီးကိုလည္း ဆရာတို႔ ျပင္မွရမယ္ထင္တယ္။ဒီေမးခြန္းက ေစတနာနဲ႔ ထုတ္ေနတာ သိခ်င္လို႔ ထုတ္ေနတာ ျပည္သူကို ကိုယ္စားျပဳတဲ့အေနနဲ႔ ထုတ္ေနတာ၊ ေနာက္တစ္ခ်က္ ဒီကိစၥအားလုံးဟာ ဆရာထင္တယ္ စီမံခန႔္ခြဲမႈနဲ႔ ဆိုင္တာေပါ့ေလ။Public Fund ေပါ့၊ ဒီပစၥည္းေတြက Public Resource ေတြ။ ျပည္သူပိုင္တဲ့ ပစၥည္းေတြ ကိုယ္ပိုင္ဆိုရင္ေတာ့ ဘာလုပ္ဖို႔လိုလဲ ဟုတ္တယ္မလား။ဒီေျမႀကီးေတြကို ဒီလိုလုပ္တဲ့အခါမွာ ျပည္သူပိုင္တဲ့ ေျမႀကီးေတြကို လုပ္တဲ့အခါမွာ ဘယ္လိုလုပ္သင့္လဲဆိုတာကို ဆရာထင္တယ္ ႀကိဳတင္ေၾကညာမႈ အားနည္းတယ္။

ကိုယ္က အဲ့ဒီ Top down ေပါ့ေလ၊ အေပၚကေနအမိန႔္နဲ႔ လုပ္တဲ့ စီမံတဲ့ ပုံစံကမ်ားေတာ့ ဆရာထင္တယ္။ေအာက္ကေန အကုန္ရႈပ္ကုန္တာေပါ့။ေမးလာတဲ့အခါမွာလည္း မီဒီယာကလည္း အဆင္သင့္ရွိေနတာပဲ။ဒါ ဖြတဲ့အေနအထားနဲ႔ ေျပာလိုက္တဲ့အခါက်ေတာ့ အဲဒီလိုေျပာလာေလ ပိုၿပီး ဟိုဘက္ကလည္း တုန႔္ျပန္မႈမ်ားေလေလ၊ ေနာက္တစ္ခါ ဆရာတို႔ေမးတဲ့သူကလည္း ကိုယ္ကိုယ့္ကိုယ္ Hero ဆိုၿပီး ေမးတာကိုး ဟုတ္တယ္မလား။တကယ္သိခ်င္တာထက္ကို အမွတ္ရခ်င္တဲ့ ဆႏၵကလည္း တစ္ဖက္ကရွိျပန္ေတာ့ ကိုယ့္လူေတြအေၾကာင္း သိျပန္ေတာ့။

အဲဒီေတာ့အေရးႀကီးတာက ဆရာထင္ပါတယ္ေနာ္ ႏွစ္ဖက္စလုံးမွာ ဒီမိုကေရစီနဲ႔ ကိုက္ညီတဲ့ စံႏႈန္းေတြ မျပည့္မီေသးတယ္လို႔ပဲ ေအာက္ေမ့တာပါ။ေျပာမယ္ဆိုမယ္ရွိရင္လည္း ဒါေတြအားလုံးကို က်က်နနခ်ၿပီး ေျပာဖို႔လိုလိမ့္မယ္၊ အဲဒီ Publication အားနည္းတယ္ကြယ့္။ဟုတ္တယ္မလား။ေပၚလစီတစ္ခု လုပ္မယ္ဆိုရင္ ဆရာတို႔ အခု Public Policy သင္ေနတာပဲ။
ေပၚလစီလုပ္မယ္ဆိုရင္ ဒါကအာဏာရွင္စနစ္မွ မဟုတ္တာ၊ အာဏာရွင္စနစ္ကေတာ့ ဘယ္သူမွ ေျပာစရာမလိုဘူးေလ၊ သူတို႔လုပ္ခ်င္တာ လုပ္လိုက္ရင္ ဒါေပၚလစီျဖစ္သြားေရာ။အခုကေတာ့ ဒီမိုကေရစီစနစ္မွာ တိုင္ပင္မွေဆြးေႏြးမွ ခ်ၿပီးညႇိႏႈိင္းမွ တူညီတဲ့အေျဖ ထြက္မယ္ဆိုတဲ့ဟာက ပါးစပ္ကသာေျပာတယ္၊ သူတို႔မွာ လက္ေတြ႕မွာ သူတို႔ အေရးရယ္အေၾကာင္းရယ္ဆိုရင္ အမိန႔္နဲ႔စီမံတဲ့ စနစ္ကို ေက်နပ္ေနတဲ့ပုံစံ ထင္တယ္ေနာ္။

အေနအထားက အဲ့ဒါက ႏိုင္ငံတကာ စံႏႈန္းစံထားေတြကေတာ့ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ မတူဘူးေလ၊ အေရးႀကီးတာက ဦးတည္ခ်က္ပဲ ဟုတ္တယ္မလား၊  ဦးတည္ခ်က္က ဘာလဲ ဘာအတြက္လုပ္ခ်င္တာလဲ ဒီေျမႀကီးေတြယူၿပီး ၿမိဳ႕သစ္စီမံကိန္းက ဘယ္သူ႔အတြက္လဲ။ျပည္သူေတြအတြက္၊ ျပည္သူေတြဆိုတာလည္း ဘယ္သူေတြကို ေျပာတာလဲ။အေျခခံလူတန္းစားေတြအတြက္လား အလယ္အလတ္ပိုင္းလား စီးပြားေရးလုပ္ငန္းရွင္ အႀကီးႀကီးေတြအတြက္လား။ေနာက္တစ္ခါ ဒီအတြက္ကိုလုပ္ရင္ အစိုးရအတြက္ ဘယ္ေလာက္ကို အက်ိဳးရွိမလဲ။ေနာက္တစ္ခါ လုပ္ငန္းရွင္အတြက္ အက်ိဳးရွိဖို႔လည္း လိုေသးတယ္။အဲဒီေတာ့ အခုဟာက ဆရာတို႔ေခၚေနတဲ့ State Holder ေတြေပါ့။ပါဝင္ပတ္သက္တဲ့သူေတြ အားလုံးကို တိုင္တိုင္ပင္ပင္ မရွိသေ႐ြ႕ကေတာ့ ဒီျပႆနာေတြက ဒီလိုပဲေပၚေနမွာပဲ။တစ္ေယာက္နဲ႔ တစ္ေယာက္ ျငင္းေနပြားေနမွာပဲ။

ဆရာထင္တယ္ အခုက အက်င့္ကပါသလို ျဖစ္ေနတယ္ ၾကည့္ရတာေလ။စိတ္မေကာင္းတာက ထစ္ခနဲဆိုတာနဲ႔ ေျပာၾကတာပဲ။ဟုတ္တယ္မလား။ဒီဘက္ကလည္း ေတာင္ငူကလည္း ေတာင္ငူ၊ ေမာင္ေတာကလည္း ေမာင္ေတာေပါ့ေလ။ဒီဘက္ကလည္း ဘာမွမေျပာဘဲ လုပ္ပစ္တာ ဟိုဘက္ကလည္း ေျပာေတာ့တာပဲ၊ ေျပာတဲ့သူနဲ႔ လုပ္တဲ့သူနဲ႔က သဟဇာတကို ျဖစ္ေနတာ၊ ဆရာတို႔ ပြဲၾကည့္ပရိသတ္ကေတာ့ စိတ္ဝင္စားစရာေပါ့။ဒါေပမဲ့ အဲဒါႀကီးက သိပ္ဆုံးရႈံးတာေနာ္၊ ဟုတ္တယ္မလား။ဆုံးရႈံးေတာ့ ဒီစီမံခ်က္ႀကီးအတြက္ အခုျမစ္ဆုံတုန္းကလည္း ဒီလိုပဲေပါ့ ဟုတ္တယ္မလား။ဒီထက္က်ယ္ျပန႔္တဲ့ တစ္ႏိုင္ငံလုံးနဲ႔ဆိုင္တဲ့ ျမစ္ဆုံကိုၾကည့္။အစတည္းကကို ျမစ္ဆုံနဲ႔ ပတ္သက္လာရင္ ဘာကိုဦးတည္ၿပီး လုပ္တာလဲဆိုတာကို ဟိုတုန္းတည္းက ေျပာရင္တစ္မ်ိဳးေလ၊ ျမစ္ဆုံစီမံခ်က္က တကယ္တမ္းေတာ့ ဒါႀကီးက တစ္ခုတည္းမဟုတ္ဘူး ခုႏွစ္ခု။ခုႏွစ္ခုလို႔ေျပာရင္ အဲ့ဒီခုႏွစ္ခုကို သဘာဝပတ္ဝန္းက်င္ မထိခိုက္ေအာင္ အဲဒီနားမွာရွိတဲ့ တိုင္းရင္းသားေတြနဲ႔ ညႇိႏႈိင္းတာတို႔ ေဆြးေႏြးတာတို႔၊ တိုင္ပင္တာတို႔ သေဘာထားယူတာတို႔ လုံးဝမရွိခဲ့ဘူး။လုပ္မယ္လို႔ေျပာလိုက္ၿပီးေတာ့ လုပ္လိုက္ေတာ့ ခက္ကုန္တာေပါ့။

ဆရာတို႔မွာ ဒါေပမဲ့ အဲ့အခ်ိန္တုန္းက စနစ္ကတစ္မ်ိဳး၊ အခုအခ်ိန္မွာ စနစ္တစ္မ်ိဳးေပမယ့္ အရင္အေျခအေန ပုံစံနဲ႔လုပ္တဲ့ အေနအထားကေတာ့ ရွိေနေသးတဲ့ဟာကေတာ့ စိတ္မေကာင္းစရာပါပဲ ဆရာစိတ္ထဲမွာေပါ့ေလ။

Opinion Leaders ။     ။ ေနာက္တစ္ခုကေတာ့ ဆရာ ဒါနဲ႔ဆက္စပ္တာ မေန႔က ေဒၚေအာင္ဆန္းစုၾကည္ က ရန္ကုန္နဲ႔ ပိုးလမ္းမ စီမံကိန္း ပထမအႀကိမ္ အစည္းအေဝး က်င္းပခဲ့တာရွိတယ္၊ ဒီမွာ သူကေျပာခဲ့တာရွိတယ္၊ အစည္းအေဝးကို စီမံကိန္းေတြ ေဖာ္ေဆာင္ရာမွာ ႏွစ္ဦးႏွစ္ဖက္ ေရရွည္အက်ိဳးအတြက္ ေျပာခဲ့တာရွိတယ္၊ အခုဆိုရင္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းနဲ႔ ေက်ာက္ျဖဴစီမံကိန္းလုပ္မယ္၊ ေက်ာက္ျဖဴဆိုလို႔ရွိရင္လည္း ျပန္ၿပီးေတာ့ စာခ်ဳပ္ ခ်ဳပ္တာရွိတယ္၊ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကေတာ့ ရင္းႏွီးသူက အကုန္လုံးကိုယူၿပီးေတာ့ လုပ္ေဆာင္မယ့္ပုံစံ ရွိေနတယ္၊ ေနာက္ေနာင္ ဒီလိုမ်ိဳးလုပ္ငန္းေတြ လုပ္ၿပီဆိုရင္ ဘယ္လိုမ်ိဳးလုပ္ရင္ ပိုေကာင္းမလဲ ဥပမာ ဆရာ ခုနေျပာသလို Public ဘက္ကို ျပန္ခ်ျပႏိုင္ဖို႔ဟာရယ္၊ ေနာက္တစ္ခ်က္က ဒါနဲ႔ပတ္သက္တဲ့ ေငြေရးေၾကးေရး အပိုင္းေတြ၊ ျပည္သူရဲ႕ ပိုင္ဆိုင္မႈျဖစ္တဲ့အခါက်ေတာ့ ျပည္သူေပးသိဖို႔ ဆိုတဲ့ဟာေတြက်ေတာ့ ဘယ္လိုမ်ိဳးလုပ္ၿပီးေတာ့ လုပ္သင့္သလဲ ဆရာ။ေနာက္လုပ္မယ့္ စီမံကိန္းေတြက်လို႔ရွိရင္။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခု ဆရာထင္တယ္ေနာ္၊ အခုအေတြ႕အႀကဳံ ျမန္မာျပည္တင္မကဘူး၊ သီရိလကၤာမွာ အခုျပႆနာျဖစ္တယ္ေလ။အဲဒီလိုပဲ တ႐ုတ္နဲ႔ပတ္သက္လို႔ အစိုးရက အေကာင္းဆုံးျဖစ္တယ္ဆိုၿပီး လုပ္လိုက္တဲ့အခါက်မွ ေနာက္ပိုင္းျပန္တြက္တဲ့အခါမွာ။ဒါေပမဲ့ ကိုယ္က စီမံခ်က္ေတြအားလုံးမွာ ခင္ဗ်ားတို႔လည္း သိတဲ့အတိုင္းပဲ ဆရာတို႔တြက္တဲ့ နည္းပညာကေတာ့ ရွိတယ္ေလ။အခ်ိန္ကေတာ့ Cost Money ျဖစ္တယ္။

ဒီစီမံခ်က္ လုပ္တဲ့အတြက္ စရိတ္ေတြ၊ ကုန္က်စရိတ္ နစ္နာမႈ ဘယ္ေလာက္ရွိမလဲ၊ စီမံခ်က္လုပ္တဲ့အတြက္ အက်ိဳးအျမတ္ ဘယ္ေလာက္ရွိမလဲ။အဲဒီေတာ့ အက်ိဳးအျမတ္ တြက္တဲ့အခါမွာလည္းပဲ အရင္တုန္းကလို ေငြေရးေၾကးေရးတစ္ခုတင္ မကေတာ့ဘူး။လူမႈေရး၊ ႏိုင္ငံေရး၊ ေနာက္တစ္ခါ ယဥ္ေက်းမႈ အစရွိသျဖင့္ ဒါေတြအားလုံး ထည့္တြက္လို႔ရတာကိုး။ခက္တာက နည္းပညာေတြ မရွိတာမဟုတ္ဘူး။ဒါေတြအားလုံးကို ဆရာတို႔ ဂဃဏန အသုံးမခ်တဲ့ ျပႆနာေပါ့။အသုံးမခ်တတ္တဲ့ ျပႆနာဆိုၿပီးေတာ့။အရင္တုန္းကဆိုလည္း ေက်ာက္ျဖဴကို အတင္းလုပ္လိုက္တယ္။ ၿပီးေတာ့မွ လက္လြန္သြားၿပီဆိုမွ ျပန္ၿပီးျပန္ညႇိရတယ္ေလ၊ အခု ျမစ္ဆုံလည္း ဒီအတိုင္းပဲ။ အရင္တုန္းက လုပ္လိုက္ၿပီးၿပီ၊ ဘာေတြလုပ္လိုက္လို႔ ဘာေတြသေဘာတူမွန္းလည္း မသိဘူး။

ေနာက္တစ္ခုက သေဘာတူညီမႈနဲ႔ ပတ္သက္လာရင္ ႏိုင္ငံတကာ ဥပေဒလုပ္ထုံးလုပ္နည္းအရဆိုရင္ စာခ်ဳပ္စာတမ္းေတြနဲ႔ လုပ္ထားလို႔ရွိရင္ ဒါေတြအားလုံးဟာ အလြယ္တကူျပင္လို႔ ရခ်င္မွရမယ္။ဘာေတြမွန္းလည္း မသိေတာ့ဘူး။အဲဒီေတာ့ အေရးႀကီးဆုံးက ဆရာထင္တာကေတာ့ အခုေျပာင္းလဲလာတဲ့ ႏိုင္ငံေရးအခင္းက်င္းမွာေတာ့ ပြင့္လင္းျမင္သာဖို႔ပဲ။ဆရာတို႔ အဲ့ဒါေလးကိုပဲ အဓိကထားေျပာခ်င္တာပါ။လုပ္သမွ်အားလုံးက ကိုယ့္မွာ ဖြက္စရာမရွိဘူး။ကိုယ္က ဘာကိုဦးတည္ၿပီးလုပ္တယ္၊ ဘာကိုစဥ္းစားၿပီးလုပ္တယ္။ဒါလုပ္လို႔ရွိရင္ေတာ့ ဘာကိုအက်ိဳးရွိမယ္ထင္ၿပီး လုပ္တယ္ဆိုတာကို ခ်ျပၿပီးေတာ့ Public Followers ေတြေပါ့။အခုနကလို ဘယ္လိုလုပ္ရမလဲဆိုၿပီးေတာ့ ပညာရွင္နဲ႔ ေခၚေတြ႕တာတို႔၊ ျပည္သူနဲ႔ေခၚေတြ႕တာတို႔၊ လယ္သမားေတြနဲ႔ ေခၚေတြ႕တာတို႔ ဒါေတြအားလုံးေပါ့။အဲ့လိုဟာမ်ိဳးက်ေတာ့ အခ်ိန္ကလည္းလိုတယ္၊ စိတ္ရွည္ဖို႔လိုတယ္၊ ေနာက္တစ္ခါ နားလည္မႈရွိဖို႔လည္း လိုတယ္။

အဲဒီေတာ့..အဲဒါေတြအားလုံးက ဆရာတို႔မွာ အားနည္းေနတာ။အားနည္းေနတဲ့အခါက်ေတာ့ ၾကာပါတယ္ကြယ္ စီမံခ်က္လုပ္ခ်လိုက္ေအာင္၊ ၿပီးေတာ့မွ ၾကည့္ရွင္းဆိုေတာ့ ေနာက္ကေန လိုက္ရွင္းရတာေတြက ေတာ္ေတာ္ခက္တယ္ေလ။အဆုံးအျဖတ္ေတြ ေပးၿပီးကာမွ လုပ္ရတယ္၊ ေနာက္ပိုဆိုးတာက ျပည္တြင္းဆို ကိစၥမရွိဘူး။ႏိုင္ငံတကာနဲ႔ဆိုရင္ ဆရာစိတ္ပူတာကေနာ္ အထူးသျဖင့္ G to G ဟာမ်ိဳးက စိတ္ပူစရာ။G to G က ဟုတ္လား၊ ဆရာတို႔ ဘာျပႆနာျဖစ္လဲဆိုရင္ အစိုးရသက္တမ္းတင္မကဘူး။ဘယ္အစိုးရ လက္မွတ္ထိုးလိုက္ ထိုးလိုက္ က်န္တဲ့အစိုးရက ဒါကို ကတိကဝတ္တည္ရမယ္ေလ။အဲဒီေတာ့ အခုေနာက္ပိုင္းမွာ အဲဒီလိုျပႆနာေတြ ျဖစ္လာတယ္။တစ္ခ်ိန္တုန္းက ထိုးရတဲ့ဟာေတြအားလုံးက ေနာက္တက္လာတဲ့ အစိုးရက အာမခံရတဲ့အခါက်ေတာ့ မျပည့္မစုံအခ်က္အလက္ေတြနဲ႔ အာမခံရတာ။လုပ္ရကိုင္ရတာ အေတာ္ခက္သြားတယ္။အဲ့ဒီေတာ့ အခုအခ်ိန္မွာ ပိုၿပီးသတိထားဖို႔လိုတယ္။ကိုယ္က ကတိကဝတ္ျပဳလိုက္ၿပီ ဆိုလို႔ရွိရင္ အဲ့ဒီကတိကဝတ္ျပဳတာေတြ အားလုံးသည္ မထိခိုက္ေအာင္ ဘယ္လိုလုပ္ၾကမလဲဆိုတာ ဆရာထင္တယ္ ေတာ္ေတာ္ေလးကိုေတာ့ စဥ္းစားဖို႔ လိုလိမ့္မယ္လို႔ ေအာက္ေမ့ပါတယ္။

Opinion Leaders ။     ။ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းက တစ္ခုခု အေၾကာင္းေၾကာင္းေၾကာင့္ ဥပမာအားျဖင့္ Delay ျဖစ္သြားတဲ့အခါက်လို႔ရွိရင္ ျမန္မာႏိုင္ငံကို ဝင္လာႏိုင္စရာရွိတဲ့ Investment အထူးသျဖင့္ တ႐ုတ္ရဲ႕ Investment အေျခအေနေတြက ဘယ္လိုျဖစ္သြားႏိုင္လဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အရင္လ ၂၈ ရက္ေန႔က ေနျပည္ေတာ္လို ေနရာမ်ိဳးမွာ (Myanmar Investment Summit) လုပ္တယ္၊ ဟုတ္တယ္မလား။ရည္႐ြယ္ခ်က္ကေတာ့ ဆရာတို႔ အေနာက္ႏိုင္ငံေတြက အခု ရခိုင္ကိစၥကို အေျခခံၿပီးေတာ့ ရင္းႏွီးျမႇပ္ႏွံမႈက ကာလတိုမွာလာဖို႔ဟာ အလားအလာနည္းတယ္ေလ၊ အလားအလာနည္းေတာ့ အခုအခ်ိန္မွာ တစ္ကမာၻလုံးမွာ ရင္းႏွီးျမႇပ္ႏွံႏိုင္တဲ့ အင္အားရွိတဲ့ႏိုင္ငံက တစ္ႏိုင္ငံပဲရွိတယ္။အဲ့ဒါကို ဆရာတို႔က လက္ခံဖို႔လိုတယ္။လက္ခံတဲ့အခါမွာ သူတို႔ကလည္း တ႐ုတ္ကလည္း တ႐ုတ္တိုင္းပဲ ဟုတ္တယ္မလား။

တစ္ကမာၻလုံးမွာ အာဖရိကႏိုင္ငံေတြမွာ အခုအေတြ႕အႀကဳံေတြရွိလာၿပီ။သူတို႔ေပးတဲ့ ေခ်းေငြေတြကို မက္မက္ေမာေမာ ယူလိုက္ၾကၿပီးတဲ့အခါမွာ ဘယ္ေတာ့က်မွ ျပႆနာရွိလဲဆိုေတာ့ အေႂကြးတင္တဲ့အခါက်မွ ျပႆနာရွိတယ္။ဆရာတို႔မွာလည္း ဒါကိုဆင္ျခင္ဖို႔ေတာ့ လိုလိမ့္မယ္လို႔ ထင္တယ္။ကိုယ့္မွာကလည္း ခက္တာက ရင္းႏွီးျမႇပ္ႏွံမႈ အရင္းအျမစ္က တစ္ေနရာတည္း ျဖစ္ေနေတာ့ အားလုံး သူမွမလာရင္ က်န္တာမရွိေတာ့ဘူးဆိုရင္ ဘယ္လိုလုပ္မလဲ။ဒါလည္း လက္ေတြ႕က်က် စဥ္းစားရမွာ ဟုတ္တယ္မလား၊ ကာလတိုမွာကေတာ့ ဆရာထင္တယ္၊ ေနာက္ထပ္ႏွစ္ႏွစ္အတြင္းမွာ ဥေရာပ၊ အေမရိကန္၊ အဂၤလိပ္ ရင္းႏွီးျမႇပ္ႏွံမႈရဖို႔ဆိုတာက အေသးအမႊားေတာ့ ရႏိုင္တယ္။ဟိုတယ္ေလးတစ္လုံး ေဆာက္တာတို႔၊ ဘာတို႔ေပါ့ေလ။အႀကီးအက်ယ္ဟာမ်ိဳးက ေမွ်ာ္လင့္ဖို႔ နည္းနည္းေလးခက္တယ္။

အဲ့ဒီအခါက်ေတာ့ တကယ္ကို အလုံးအရင္းနဲ႔ဆိုတာ သူ႔ပဲအားကိုးရမွာေလ။သူ႔ပဲအားကိုးရမယ့္အခါမွာ သူ႔ကိုလည္း ခုနကလို ကိုင္တြယ္ႏိုင္ဖို႔လိုတယ္။အဲ့လိုကိုင္တြယ္ႏိုင္တဲ့အခါမွာ အခုနက ေဆြးေႏြးတဲ့သူေတြ၊ ညႇိႏႈိင္းတဲ့သူေတြကဟာ ျပည္သူေတြရဲ႕ သေဘာဆႏၵကိုယူၿပီးမွ ေဆြးေႏြးလို႔ေကာင္းမယ္ ထင္တယ္။ဟုတ္တယ္မလား။ေဆြးေႏြးၿပီးေတာ့မွ သေဘာတူၿပီးေတာ့မွ လက္မွတ္ထိုးၿပီးေတာ့မွ ဒါႀကီးက လက္မွတ္ထိုးၿပီးၿပီဆိုရင္ ျပင္ဖို႔ေျပာင္းဖို႔က ခက္တယ္ေလ။အဲဒီေတာ့ G to G ျဖစ္ေနတာကိုး။B to B ကေတာ့ တစ္မ်ိဳး၊ ကုမၸဏီႏွစ္ခုဆိုေတာ့ႏိုင္ငံေတာ္ရဲ႕ တာဝန္ခံမႈက နည္းနည္း နည္းတယ္။G to G က်ေတာ့ ဆရာတို႔ အျခားႏိုင္ငံေတြမွာလည္း အဲဒီလိုျဖစ္ခဲ့တာ။

အခု G to G ခင္ဗ်ားတို႔ စိတ္ဝင္စားမယ္ မီဒီယာသမားေတြ ထရန႔္ က ေျပာတယ္။အေမရိကန္ႏိုင္ငံမွာ အခု စီးပြားေရးတက္လာတယ္ စီးပြားေရးတက္လာေပမယ့္ တစ္ဖက္ကဘာလဲဆိုရင္ အေႂကြးေတြတင္ေနတယ္။သူ႔ရဲ႕ maximum debt က one trillion ရွိတယ္၊ သူကဘာေျပာလဲဆိုေတာ့ သူကရွင္းရွင္းပဲ။ဆပ္မယ့္အခ်ိန္မွာ ငါမရွိေတာ့ဘူး။ငါ့သက္တမ္းက ေနာက္ေလးႏွစ္အေ႐ြးခံရရင္ ငါရွစ္ႏွစ္ပဲရွိတာ ဟုတ္တယ္မလား။အဲဒီလို ႏိုင္ငံေရးဇာစ္ျမစ္ေတြကို နားလည္လိုက္လို႔ရွိရင္ေတာ့long-term communication ေပါ့။ဒါက သားစဥ္ေျမးဆက္ ခံရမယ့္ကိစၥခ်ည္း G to G က။သူကေတာ့ လွည့္ကိုမၾကည့္တာ၊ ငါနဲ႔မဆိုင္ဘူး က်န္တဲ့ေကာင္ေတြ ၾကည့္ရွင္းလိမ့္မယ္ဆိုတဲ့ လက္လြတ္စပယ္ေျပာတဲ့ ေခါင္းေဆာင္ေတြမ်ိဳးေတာ့ မျဖစ္သင့္ဘူးေပါ့။ဟုတ္တယ္မလား။

ေနာင္တက္လာမယ့္ အစိုးရကို ဝန္ထုပ္ဝန္ပိုး၊ အခုျမစ္ဆုံက အဲ့လိုျဖစ္သြားတာေပါ့၊ တစ္ခ်ိန္တုန္းက သေဘာတူထားတာေတြ အားလုံးကို အခု ဒီဘက္ ဦးသိန္းစိန္ ကေန ဒီဘက္လက္လႊဲလိုက္တယ္။ဦးသိန္းစိန္ လက္လႊဲၿပီးေတာ့ ဒီဘက္ေရာက္လာတဲ့အခါက်ေတာ့ အခု ပိုက္ေဘာႀကီး မိေနတာေနာ္၊ ဘယ္လိုလုပ္ရမွန္း မသိဘူး။အခု ဆရာထင္တယ္ အခုလက္ရွိအစိုးရအေနနဲ႔ ေနာင္အစိုးရအဆက္ဆက္ေတြကို ဝန္ထုပ္ဝန္ပိုးႀကီး မျဖစ္ေအာင္ ဆရာထင္တယ္ သပ္သပ္ရပ္ရပ္နဲ႔ စီစဥ္ထားဖို႔ေတာ့ လိုလိမ့္မယ္လို႔ ေအာက္ေမ့ပါတယ္။အဲ့လိုလုပ္တဲ့အခါ လူေတြနားလည္ေအာင္ ရွင္းျပဖို႔ Communication အားနည္းတယ္ကြယ့္။တို႔ဆီမွာ အဲဒါ အဓိကပါဘဲေနာ္။

Opinion Leaders ။     ။ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ေဖေဖာ္ဝါရီ - ၂၁