【 ပညာရှင်များ၏အမြင် 】 “We Chat နဲ့ လာတဲ့အဖွဲ့ကို ဒေါ်လာပေးမှဆို ဘာမှရမှာမဟုတ်ဘူး”

【 ပညာရှင်များ၏အမြင် 】 “We Chat နဲ့ လာတဲ့အဖွဲ့ကို ဒေါ်လာပေးမှဆို ဘာမှရမှာမဟုတ်ဘူး”

မကြာခင်က မြန်မာလူမျိုးများ၏ အသည်းနှလုံးသဖွယ်ဖြစ်သည့် ပုဂံဒေသကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ထိုသို့သတ်မှတ်ခံရသဖြင့် တက်ရိပ်ပြပြီးမှ ရခိုင်ပြဿနာကြောင့် ထိုးကျခဲ့သည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ် အကောင်းဘက်မှ ရှုမြင်လာကြသလို ရခိုင်ဒေသ တရားဥပဒေစိုးမိုးရေးကို ပြန်လည်တည်ဆောက်နိုင်နေပြီဟု တပ်မတော်ဘက်မှ ပြောခဲ့သဖြင့်လည်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်ကောင်းလာလေမလားဆိုသည့် သုံးသပ်ယူဆချက်များလည်း ထွက်ပေါ်လာခဲ့သည့်။ထိုယူဆချက်ပေါ် အခြေခံကာ ခရီးသွားလုပ်ငန်း ပြန်တိုးတက်လာစေရေးအတွက် ဆောင်သင့် ရှောင်သင့်သည့် လုပ်ဆောင်ချက်များကို  ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဆရာ ဒေါက်တာအောင်ထွန်းသက် အား မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် မေးမြန်းဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ မကြာခင်က ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရတယ်၊ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ Tourism က တော်တော်လေးကျနေတယ်။ရခိုင် မြောက်ဦးမှာလည်း တိုက်ပွဲတွေဖြစ်တယ်၊ ဒီနှစ်မှာ တော်တော်လေး ရာခိုင်နူန်းအရ တော်တော်လေးထိုးကျနေတယ်၊ တစ်ချို့နေရာတွေဆိုရင် မိုတယ်၊ ဟိုတယ်၊ တည်းခိုခန်းလေးတွေတောင် ဝန်ထမ်းတွေကို ပြန်လွှတ်လိုက်ရတဲ့ အနေအထားမျိုး ဖြစ်နေတယ်။အဲ့ဒီလိုအနေအထားမှာ ပုဂံကို ယဉ်ကျေးမှုအမွေအနှစ် သတ်မှတ်ခံရတာတွေရယ်၊ စစ်တပ်က ရခိုင်ဒေသမှာ တည်ငြိမ်မှုကို ပြန်ထိန်းသိမ်းနိုင်တယ်ဆိုတဲ့ အခြေအနေကြောင့် လာမယ့်နှစ်တွေမှာ Tourism ပြန်တက်လာနိုင်ချေရှိသလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အကုန်လုံးကတော့ နိုင်ငံရေးနဲ့ စီးပွားရေးက ချိတ်နေတာ၊ အဲ့ဒီတော့ နိုင်ငံတော် မငြိမ်းချမ်းဘူး၊ မသာယာဘူး၊ ပဋိပက္ခဖြစ်တယ်ဆိုရင် လူတွေကလည်း အထိတ်တလန့်ဖြစ်တာပေါ့။နဂိုက ပုဂံကို ယဉ်ကျေးမှုတည်ထားတယ်ဆိုတာ ဒါကောင်းတဲ့လက္ခဏာ ဆောင်တယ်လေ။ဒါပေမဲ့လည်း အခုတစ်ဖက်ကလည်း တပ်မတော်က ရခိုင်ကို ထိန်းသိမ်းနိုင်ပြီ၊ သူတို့တွေအနေနဲ့ စီမံနိုင်ပြီလို့ ပြောပြန်တော့လည်း ဒါလည်း ကောင်းတဲ့လက္ခဏာပဲ။အရေးကြီးတာက တည်ငြိမ်မှု အမြန်ဆုံးလိုတာပေါ့၊

တိုင်းပြည်မတည်ငြိမ်သေးသရွေ့ စီးပွားရေးဘယ်လောက်လုပ်လုပ် ဘယ်လောက်ကြီးခေါ်ခေါ် ရမှာမဟုတ်ဘူး၊ ခေါ်တာက ခေါ်တာပဲရှိမယ်။လာတဲ့သူက လာရဲမှာမဟုတ်ဘူး။ရဲရဲဝံ့ဝံ့ ကိုယ့်ဆီမှာ အေးဆေး တစ်ပတ် ဆယ်ရက် လာဖို့ဆိုတာ အေးအေးချမ်းချမ်းရှိမှ လာနိုင်မှာ။အဲ့ဒီတော့ တထိတ်တလန့်ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ဆရာထင်တယ်၊ ဘယ်လိုမှကို စွမ်းဆောင်နိုင်မှာမဟုတ်ဘူး။ဆရာတို့လုပ်ရမှာက တိုင်းပြည်ကို မြန်မြန်ငြိမ်းချမ်းအောင်ရယ်။အခုက အားလုံးက ခြေဥပြင်တဲ့ ကိစ္စကလည်း ရှိနေတာကိုး၊ ဟုတ်တယ် မဟုတ်လား၊ နိုင်ငံရေးအရလည်း ဒါအားလုံး လိပ်ခဲတည်းလည်းဖြစ်နေတဲ့ဟာ တစ်ယောက်နဲ့ တစ်ယောက် ထိလွယ်ရှလွယ်တဲ့ ကာလဖြစ်နေတော့ ပိုဆိုးတာပေါ့။ပိုဆိုးလာတဲ့အချိန်မှာ စိတ်ပူတာကတော့လေ စီးပွားရေးဘက်ကို အာရုံကမလှည့်နိုင်ဘူး။ခဏလေးလှည့်မယ်လို့ ကြံပြန်ရင်လည်း ဒီပြဿနာက ပေါ်လာပြန်ရော၊ အဲ့ဒီတော့ ဘယ်လိုလုပ်ကြမလဲဆိုတာကို ကိုယ်လဲစဉ်းစားလို့ကို မရတော့တာ။

ဒါကြီးက ဒီအတိုင်းကြီး ဂျာအေး သူ့အမေရိုက်သလို ရိုက်နေသလို မရဘူးလေ။အခုဆိုရင်လည်းပဲ နိုင်ငံတကာ ဖိအားတွေကလည်း မလျော့သွားဘူး။တပ်မတော်ခေါင်းဆောင်တွေကို ဒဏ်ခတ်တယ် ဘာညာဆိုတာကလည်း တပ်မတော်က ပြန်ပြောတယ်။ဒါကိုမကျေနပ်ဘူး။ဒါကိုလက်မခံနိုင်ဘူး။အားလုံးကဆက်နေတာလေ၊ ရခိုင်ကိစ္စရယ်၊ မြစ်ဆုံကိစ္စရယ် ဟုတ်တယ် မဟုတ်လား၊ ဆရာတို့က တစ်နေရာတည်း မဟုတ်ဘူး၊ အားလုံးချိတ်နေတာ။ချိတ်နေတဲ့အခါကျတော့ ဒီဟာကြီးကို ဘယ်ကနေစဖြေရမလဲ ဆိုတာမျိုးပေါ့၊ အဲ့ဒီတော့ အဲဒီလိုချိတ်နေရင် ဆရာထင်တာတော့ အားလုံးတစ်ပြိုင်နက်ပြင်မှရမယ်၊ တစ်ခုချင်းပြင်လို့မရဘူး၊ အားလုံးက အရေးကြီးတဲ့ပုံစံ ဖြစ်နေတာကိုး၊ အဲ့ဒီအခြေအနေဖြစ်နေတာပါ။

Opinion Leaders ။     ။ မြန်မာပြည်ကို တရုတ်ဘက်က Tourist တွေ ဝင်တာ တော်တော်များတယ်။၁၀၀ မှာ ၇၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ Tour Guide တွေ ပြောတာတွေရှိတယ်။ဒါပေမယ့် အများစုက ငွေသုံးနည်းတယ်။သူတို့ဟာနဲ့ သူတို့ ချိတ်ဆက်ပြီး၀ င်လာတဲ့ဟာတွေများတယ် ဆရာ၊ အဲ့ဒီဟာတွေကို ဒီဘက်ကနေ တော်တော်လေး တားဆီးဖို့လုပ်နေတာတွေ တွေ့ရတယ် ဆရာ။အခုလက်ရှိအနေအထားက Tourist တွေကို မျှော်လည်းမျှော်တယ်၊ သုံးစွဲဖို့လည်း မျှော်တယ်။လက်ရှိမှာ ဟိုတယ်တွေ တော်တော်များများကိုလည်း အဆင့်မြှင့်တာလည်းရှိတယ်၊ အဲ့ဒီအခါကျတော့ အခုလက်ရှိလုပ်နေတဲ့ ဟိုတယ်တွေ၊ စီမံကိန်းတွေနဲ့ အခုဝင်လာတဲ့ ဘတ်ဂျက် Tourist တွေနဲ့ မြန်မာနိုင်ငံရဲ့ ခရီးသွားလာရေး အခြေအနေက ဘယ်လိုဖြစ်လာနိုင်သလဲ မျှော်မှန်းသလို ဖြစ်လာနိုင်သလား။ဒီလိုလုပ်နေတာတွေက တိုးရစ်စ်အဝင် ပြန်လည်ထိုးကျသွားနိုင်မလား။

ဒေါက်တာအောင်ထွန်းသက် ။     ။ တရုတ် Tourist တွေ ဝင်လာတာကို၊ အခုပြောနေဆွေးနွေးနေတာလေ ကိုယ့်တစ်နိုင်ငံတည်း ဝင်လာတဲ့ပုံစံနဲ့ ပြောနေတာ။တရုတ်ဝင်လာတာကနော် ဥရောပကဆိုရင် တရုတ်ကိုပဲ အားကိုးနေရတာလေ။တရုတ်နိုင်ငံမှာရှိတဲ့၊ ဥပမာ - ပြင်သစ်နိုင်ငံဟာ ဆိုလို့ရှိရင် သူတို့မှာရှိတဲ့ မိန်းလမ်းမကြီး ရှောင်အော်လီမှာ ဆိုလို့ရှိရင် ဆိုင်တွေအားလုံးဟာ အရောင်းဈေးသည်တွေအားလုံးဟာ တရုတ်လို တတ်နေကြတာ။အဲ့ဒီနေရာက တရုတ်တွေလာမယ်ဆိုတာ သေချာနေတယ်။အဲ့ဒီတော့ သွားနေတာလေ၊ သွားနေတဲ့အခါကျတော့ တစ်ခုပဲရှိတာက ကိုယ့်ဆီကို Quality Tourism ရောက်အောင် ဘယ်လိုလုပ်မလဲ။အဲ့ဒါက ကိုယ်လုပ်ရမှာ၊ အဲ့ဒီတော့ ကိုယ်ကဘာဖြစ်လဲဆိုရင် တရုတ်တွေကို ဟိုပြောဒီပြော အပြစ်တွေပြောနေတော့ ဟုတ်တယ် မဟုတ်လား။

နောက်တစ်ခါ Zero ဘတ်ဂျက် ဘာညာပြောနေတော့ ဆရာတစ်ခါပြောဖူးပါတယ်။ဆရာတို့အနေနဲ့ ပြဿနာရှိတာက နောက်ကနေမလိုက်တာပေါ့။သူတို့က We Chat သုံးတဲ့အချိန်မှာ ငွေရေးကြေးရေးမှာ သူတို့မှာ ဒေါ်လာမကိုင်ဘူး၊ တရုတ်နိုင်ငံက ဘယ်လိုလုပ် ဒေါ်လာကိုင်မလဲ။အဲ့ဒီတော့ We Chat နဲ့ လာတဲ့အဖွဲ့ကို ဒေါ်လာပေးမှရမယ်ဆိုတဲ့ ပုံစံကြီးနဲ့ ဆရာတို့လုပ်ရင် ဘယ်လိုမှရမှာမဟုတ်ဘူး။အဲ့ဒီတော့ ဆရာ မေးကြည့်တာက တရုတ်တွေ မြန်မာပြည်လာရင်။အခု ထိုင်းကို အကြီးအကျယ်သွားတယ်၊ ထိုင်းမှာသွားကြည့်ရင် သူတို့ပဲ၊ ထိုင်းမှာသွားနေရင် ထိုင်းက တရုတ် Tourism တွေကို ဘယ်လိုလက်ခံနေလဲ၊ နောက်တစ်ခါ ဆရာ ဟိုတလောတုန်းက တစ်နှစ်လောက်ရှိပါပြီ၊ ဗီယက်နမ်သွားတယ်၊ ကိုယ့်နဲ့ဆုံတဲ့ဟာက ခုနလို ၁၀ ယောက်မှာ ၉ ယောက်က တရုတ်တွေ ဖြစ်နေတာ။

အဲဒီတော့ Tourism Industry ကြီးတစ်ခုလုံးက တရုတ်တွေအတွက် ဘာလုပ်ပေးရမလဲဆိုတာကို ပြင်လိုက်တယ်လေ။ဆရာတို့က ပြင်ဖို့မစဉ်းစားဘဲနဲ့ တရုတ်တွေလာလို့ရှိရင် ဘာဖြစ်တယ် ညာဖြစ်တယ် အပြစ်တွေချည်းပဲ လျှောက်ပြောနေတာ၊ ဟုတ်တယ် မဟုတ်လား၊ ဥပမာ - ဆိုပါတော့ မန္တလေးမှာဆိုရင် တရုတ်တွေက တရုတ်ဆိုင်ပဲ သွားစားတယ်၊ ဗမာစာတွေ လာမစားဘူး။တရုတ်ဆိုင်ပဲ သွားမယ်ဆိုရင် ဒါဆိုရင် တရုတ်ဆိုင်တွေ များများမဖွင့်သင့်ဘူးလား။ဟုတ်တယ်နော်။အခုဖြစ်နေတာက ဗမာဆိုင်လာမစားလို့ မြီးရှည်သွားစားတာ သူတို့အစားအစာလေ၊ နန်းကြီးသုပ် လာမစားတာ သွားအပြစ်တင်လို့မရဘူး။

အဲ့ဒီတော့ ကိုယ့်နန်းကြီးသုပ်ကိုပဲ လာမစားတာ အပြစ်လုပ်နေတော့ ဟိုကောင်တွေက လာမှာမဟုတ်ဘူးလေ။နောက်တစ်ခုက သူတို့တိုင်းပြည်ပေါ့ Tourism ဆိုတာ ဆရာတို့ကိုယ်တိုင်ပဲ သွားလို့ရှိရင် တစ်ယောက်ထဲသွားတဲ့ Tourist က ရှားပါတယ်။Group နဲ့သွားတယ်၊ ဟုတ်တယ် မဟုတ်လား၊ ကုမ္ပဏီနဲ့သွားတော့ တရုတ် Group ကုမ္ပဏီတွေ ဘာတွေနဲ့ ထိတွေ့တာလည်း သိပ်အားနည်းတာပဲ။ဟိုတစ်နေ့ကပဲ ဆရာကို ဟိုတယ်လူကြီးတွေကလာတော့ တင်ပြတယ်။ဒါဘယ်လိုလုပ်ပေးကြမလဲ ဘာညာဆိုတာ။အခုက ဥပမာ - ရခိုင်ဆိုပါတော့။ရခိုင်လို့ နိုင်ငံခြားသားတွေက ပြောလိုက်တာနဲ့ မြောက်ဦးလို့ သူတို့ပဲနားလည်တာ။ငပလီရှိတာ သူတို့မသိဘူးလေ၊ မဟုတ်ဘူးလား။

အဲ့ဒီတော့ အခုဖြစ်နေတာက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ အခုဆိုရင် မြောက်ဦးလည်း နည်းနည်းပြဿနာရှိနေတယ်။ဆရာတို့အနေနဲ့ စဉ်းစားစေချင်တာက ကိုယ့်နိုင်ငံမှာ ဒီလိုဖြစ်နေတာကို ပုဂ္ဂလိကကို သွားတာဝန်ပေးလို့ မရဘူးလေ။အစိုးရက လုပ်ရမှာ၊ အစိုးရက မလုပ်နိုင်လို့ ပုဂ္ဂလိက က ဝင်လုပ်ပြန်တော့ ပုဂ္ဂလိက က ဘယ်လောက်လုပ်နိုင်မလဲ၊ ပုဂ္ဂလိက က ကိုယ့်ဟာကိုယ်နဲ့အနိုင်နိုင် နိုင်ငံအတွက် လုပ်ပေးနိုင်ဖို့ဆိုတာလေ သူတို့ PR ပေါ့လေ။ကိုယ့်နိုင်ငံ ပုံရိပ်တွေကောင်းအောင် လုပ်တာတို့ဘာတို့။

ဟိုတစ်နေ့က ဆရာ မန္တလေးရောက်တဲ့အခါမှာ ပြောတယ်၊ Nation Branding ပေါ့။ကိုယ့်နိုင်ငံကို အပြင်က ဘယ်လိုမြင်လဲ၊ ပုံရိပ်ပေါ့နော်၊ အခုမြင်နေတာ ရခိုင်ပဲမြင်တာကို၊ ဟုတ်တယ် မဟုတ်လား၊ လူ့အခွင့်အရေးတွေဖြစ်တယ် မွတ်ဆလင်တွေကို ဆရာတို့ နှိပ်စက်နေတယ်၊ ဘာဘာညာညာ ပြီးတော့ ဆရာတို့က ဘာလဲ အစွန်းထွက်ဝါဒီတွေ ဖြစ်နေတယ်။အစွန်းထွက် Buddhism ဆရာတို့ ဗုဒ္ဓဘာသာဖြစ်နေတာ ဘာညာဆိုတာက အဲ့ဒါက နိုင်ငံတကာမှာ ဖြစ်နေတာလေ။ဟုတ်တယ်နော်။ဗလီဆိုလည်း ဗလီဘာညာဖြစ်နေတာကို အဲ့ဒါကို ချေဖျက်ဖို့ကို မလုပ်ပါဘူး။မလုပ်ပါဘူးဆိုတာနဲ့ မရဘူးလေ၊ ကိုယ့်ရဲ့ကောင်းတာလေးတွေကို ဆရာတို့ ဖော်ထုတ်ဖို့။အဲ့ဒီတော့ အဲ့ဒါကိုတာဝန်ယူတာက လွယ်တဲ့ကိစ္စမဟုတ်ဘူး။

အခု မိုဒီ က လုပ်တယ်။Next India ဆိုပြီးတော့။သူကိုယ်တိုင်က နိုင်ငံတကာမှာ အိန္ဒိယရဲ့ ကုန်အမှတ်တံဆိပ်ကို ပိုပြီးတောက်ပအောင်လုပ်မယ် ဘာညာဆိုပြီးတော့။ဆရာတို့မှာ အဲ့ဒါလုပ်တာမှမရှိတာ။အဲ့ဒီတော့ အခု မလာဘူး မလာဘူးပဲ ပြောနေတာ။လာအောင် ဘာလုပ်မလဲဆိုတာလည်း မပြောဘူး။နောက်တစ်ခုက ဆရာတို့ဆီမှာ အခြေခံတွေပေါ့၊ ကိုယ်ပြင်ရမှာတွေ ဘာမှမပြောဘူး၊

အခု ယိုးဒယားသွားလို့ရှိရင် လမ်းဘေးဆိုင်သွားရင် ဘာမှပြဿနာမရှိဘူး။မြန်မာပြည်လာလို့ ရန်ကုန်လာလို့ လမ်းဘေးဆိုင်သွားရင် အဲဒီလူ ဒုက္ခရောက်ပြီ။သန့်ရှင်းမှုမရှိတာတို့ ဟုတ်တယ် မဟုတ်လား၊ ဘာမှလည်း အာမခံချက်မရှိဘူး။လမ်းဘေးဆိုင်လို့ပြောရင် တကယ့်လမ်းဘေးဆိုင်ပဲ။ကိုယ့်လူတွေ အူကတော့ ဟုတ်တယ် မဟုတ်လား၊ အူကတော့ ပိုးတွေကသေနေလို့လားမသိဘူး၊ ဘာမှမဖြစ်တော့ဘူး။အဲ့ဒါကလည်း ရေရှည်ဘယ်လိုလုပ်ကြမလဲ၊ ဟုတ်တယ် မဟုတ်လား။အဲ့ဒါတွေကိုလုပ်ဖို့ ဆိုတာကိုလည်း ဆရာတို့မရှိဘူး။

အမှိုက်သိမ်းတာတို့ ကွမ်းတံတွေး ထွေးတာတို့ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်နေတာတွေ အားလုံးဟာ Tourism က လာတော့ကြည့်မှာပဲ။သူတို့အနေနဲ့ လာတဲ့အခါမှာ အေးအေးချမ်းချမ်းနဲ့ တစ်ပတ် ဆယ်ရက် အတွင်းမှာ အေးအေးချမ်းချမ်း နေသွားချင်တယ်။သူ့အရသာတွေ ယူသွားချင်တယ်၊ ဒါပေမဲ့ ဆရာတို့ ခဏခဏပြောတယ်၊ ကိုယ်ကိုယ်တိုင်လည်း မန္တလေးသွားလို့ရှိရင် အပြန်မှာ မန္တလေးရာသီစာ ယူသွားချင်တယ်။ထိုးမုန့်ကအစ အမျိုးမျိုးပေါ့။သူတို့ မြန်မာပြည်က ပြန်သွားရင် ဘာယူသွားမလဲ ဆိုတဲ့ဟာကို စဉ်းစားပြီး အဲ့ဒါတွေ ယူသွားနိုင်အောင် ဘာရောင်းမလဲဆိုတာကို ထိထိရောက်ရောက် မလုပ်နိုင်ဘူး။

မြန်မာပစ္စည်းရောင်းတာ ဘယ်မှာမှမရှိတာ။အခု ရန်ကုန်လေယာဉ်ကွင်းမှာလေ။အဲ့ဒီတော့ Asia Sale ကအစ ယိုးဒယားက လုပ်နေတာလေ၊ ဟုတ်တယ် မဟုတ်လား။အခု ဘယ်ရောက်မှ ကူမင်းရောက်မှ တွေ့တယ်ဆိုတဲ့ ကျောက်စိမ်းတွေ။အမှန်က ဒီမှာလုပ်ရမယ့်ဟာတွေ၊ အဲ့ဒီတော့ အဲ့ဒါလေးကိုထား ဆရာထင်တာတော့ ပုဂ္ဂလိကချည်းပဲ သွားအားကိုးနေလို့မရဘူး။အစိုးရလည်း လုပ်မှရမယ်။လုပ်စရာတွေများလို့ရှိရင်တော့ ဒါကြီးကို ပြန်လှည့်မကြည့်နိုင်တော့ဘူး။ဟုတ်တယ် မဟုတ်လား။အဲ့ဒီလိုဖြစ်နေတာကိုး။

အခုမလာဘူး၊ အကြာကြီးမနေဘူး၊ နောက်တစ်ခါ သူတို့အနေနဲ့ ဟိုတယ်ကြီးတွေကလည်း ဈေးကြီးတဲ့ ဟိုတယ်ကြီးတွေ ရှိနေပေမယ့် တရုတ်တွေက မလာဘူးဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ဒါတောင် နေပြည်တော်မှာ ဆရာ ဟိုတယ်ပိုင်ရှင်တွေ မေးကြည့်တယ်။အခုက ဘယ်အထိတောင် ဖြစ်သွားသလဲဆိုတော့ တည်းရင်ပြီးရော၊ လူမရှိတဲ့အခန်းကျဉ်း မပေးနဲ့တော့။၁၀၀ တန်ကို ၂၀ တို့၊ ၄၀ တို့ ဖြစ်လာတဲ့အနေအထား ရှိလာတယ်။အဲ့ဒါကိုဘယ်လိုလုပ်ကြမလဲ။

အဲ့ဒီလိုဖြစ်နေတာကို လူသိအောင်လုပ်ဖို့လည်း လိုသေးတာနော်။အရင် ၁၀၀ တန် ပစ္စည်းကို ၁၀၀ တန် အခန်းခကို ၄၀ နဲ့ တည်းလို့ရတယ်ဆိုတာ လူသိအောင်လုပ်မှရမယ်။ဟုတ်တယ် မဟုတ်လား၊ နောက်တစ်ခါ ဆရာတို့ဆီမှာ အေးချမ်းတဲ့ဒေသတွေကလည်း အများကြီးရှိသေးတယ်၊ ရှိပါသေးတယ် ဆိုတာကိုလည်း ပြောနိုင်အောင် လုပ်ပေးမှရမယ်လေ၊ အဲ့ဒါတွေက မလုပ်ပေးနိုင်တော့လေ မသိလို့ဖြစ်တဲ့ ပြဿနာတွေ တော်တော်များတယ်။လူတွေထင်တာတော့ မြန်မာပြည်တစ်ပြည်လံုံး မီးဟုန်းဟုန်းတောက်နေတယ်လို့ ထင်တာကိုး။ထင်တဲ့သူလည်း သွားအပြစ်မတင်နဲ့လေ။သူတို့ကြားတာလည်း တထိတ်တလန့်နဲ့ ဒါပဲကြားတာကိုး၊ အဲ့ဒါကို ဆရာတို့က ပုံရိပ်ကိုမလွှမ်းမိုးနိုင်ဘူး။အဲ့ဒါလေးက ဆရာတို့ ဒါအမျိုးသားရေးလို့လည်း စဉ်းစားသင့်တာပေါ့လေ၊ ဘယ်လိုလုပ်နေလဲလည်း မပြောတတ်ဘူးကွဲ့။

Opinion Leaders ။     ။ နောက်တစ်ခုက ဆရာ ရန်ကုန်ညဈေးတန်း။အခုလုပ်မယ့် ညဈေးတန်းက ယိုးဒယားက ညဈေးတန်းလို လုပ်ဆောင်တဲ့ အနေအထားမျိုးရှိတယ်။လက်ရှိမှာ လုပ်မယ်ပြောတာ ကြာပြီ။တစ်ကယ်လို့ လုပ်ဖြစ်ရင် တစ်ကယ်ကော Tourist တွေကို စွဲဆောင်နိုင်ပ့ါမလား။ဒါမှမဟုတ် ဒီလိုမျိုးလုပ်မယ့်အစား Tourist တွေ ဝင်လာတာ ပိုလွယ်အောင် တည်းခိုနိုင်အောင် စရိတ်နည်းဟိုတယ်လိုမျိုး အနေအထားမျိုးတွေ စီစဉ်ပေးတာတွေ၊ နောက် ၁၉၉၆ တုန်းက လုပ်သလိုမျိုး Visit Myanmar Year လိုမျိုး။ဒီလိုမျိုးတွေလုပ်တာတွေက ပိုပြီးတော့ အဆင်ပြေမလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။  အခုဖြစ်နေတာက စိတ်ကူးရတာ တစ်ယောက်တစ်ပေါက် လျှောက်လုပ်နေသလို ဖြစ်နေတာ။ဟုတ်တယ်နော်၊ မြို့တော်ဝန်က သူသဘောရလို့ ညဈေးတန်းလုပ်လိုက်တယ်။ဒါလည်းခဏပဲ။အခု ဆရာတို့ပြောနေတာ ဆူးလေဘုရား အနားအနီးတစ်ဝိုက်ကို မဟာဗန္ဓုလပန်းခြံတစ်ဝိုက်ကို ကားသွားလို့မရအောင်လုပ်မယ်။အဲဒီလိုပြောတာလည်းကြာပါပြီ။ဒါပေမဲ့ အခုပုဂ္ဂလိက က ဘာလုပ်သလဲဆိုရင် Tourist တွေကို by foot ပေ့ါ။ လမ်းလျှောက် Tourism ပို့နေတာတွေရှိတယ်။

ဆရာထင်တာတော့ အဲ့ဒီလိုလုပ်တဲ့ လုပ်ငန်းရှင်တွေကို အားပေးဖို့ပဲလိုတယ်။ကိုယ်ဝင်မလုပ်တာ ကောင်းတယ်။ကိုယ်ကတော့လေ အစိုးရဝင်လုပ်တာကို ဘာမှအောင်မြင်မှာမဟုတ်ဘူးလို့ ထင်လို့။ပုဂ္ဂလိက လုပ်တဲ့ဟာကိုပဲ အခွန်တွေလျှော့ပေးတာတို့ လုပ်တဲ့သူတွေကို အားပေးတာတို့ ပုံစံအမျိုးမျိုးနဲ့ ဆောင်ရွက်ဖို့ လိုမယ်ထင်တယ်။မဟုတ်ရင်တော့ ကိုယ်လုပ်နိုင်မှ ကိုယ်မလုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ။

ကမ်းနားလမ်းဆိုတာ ဘာလုပ်စရာမှမရှိဘူး၊ ဟုတ်တယ် မဟုတ်လား။အကောက်ခွန်ရုံးတို့ Custom ရုံးတို့ဆိုတာ အင်မတန်ကောင်းတယ်။Strand ဟိုတယ်က အစ၊ အဲ့ဒီမှာ သူတို့ဘာသွားလုပ်လဲ၊ နန်းသီတာဆိပ်ကမ်းဘေးမှာ အထပ်မြင့်ဆောက်ဖို့။အဲ့ဒါကို နှစ်ထပ် တစ်ထပ် အဆောက်အဦးတွေဆောက်ဖို့ ဖွင့်သင့်တယ်၊ ဟုတ်တယ် မဟုတ်လား၊ ဆရာတို့က အကြီးအကျယ်ကန့်ကွက်တာ။အဲ့ဒါမဟုတ်ပါဘူး။ဒါက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။အဲ့ဒီတော့ အဲ့ဒါကြီးလုပ်လိုက်တာနဲ့ ရန်ကုန်မြစ်ကနေ တက်လာလို့ရှိရင် ဗိုလ်တထောင်ဘုရားကနေ ဝင်လာရင် ချက်ချင်းတွေ့တဲ့ နှစ်ပေါင်းရာနဲ့ချီ ထိန်းတဲ့မြင်ကွင်းကြီး။ပုံရိပ်ကိုလေ တစ်ကမ္ဘာလုံးမှာ မရှိတော့တဲ့ ရုပ်ပုံတွေလေ အဲ့ဒါကြီးဖျက်ဆီးဖို့ စဉ်းစားနေတာ။ဖျက်ဆီးဖို့ စဉ်းစားတော့ ဒါက ပိုက်ဆံပေးမယ့်သူအတွက်လုပ်တာပဲ ဆိုတာမျိုးလည်း ရှိနေပြန်ရော၊ ဟုတ်တယ် မဟုတ်လား။ဆရာတို့ တားဖို့ဟာ အမုန်းခံပြီး သွားတားပြန်တော့လည်း ကိုယ်တားနိုင်တာ တစ်ခေါက်လေ။၁၀ ခါမှာ ကိုယ်တစ်ခါ တားနိုင်ပေမယ့် ၉ ခါ မတားနိုင်ရင် ဘယ်လိုလုပ်ကြမလဲ။
အခုဖြစ်နေတာက။

Tourism ကို Tourist Visit Myanmar Year ကွက်တိပဲ။ပုဂံကို။အခု ပုဂံလို့ပြောရင် ဆုရရုံနဲ့ ပြီးတာမှမဟုတ်တာ၊ နောက်လုပ်စရာတွေကျန်တယ်၊ အခု ဟိုတယ်တွေ ပြန်ဖျက်ပစ်ရမယ် ဟုတ်တယ် မဟုတ်လား။ဟိုတုန်းက မျက်စိမှိတ်ပြီးတော့ လုပ်ထားတာတွေလေ၊ ဘယ်လိုမှကို မလုပ်သင့်တာတွေကို အဆက်အသွယ်တွေနဲ့ တာဝန်ရှိသူတွေနဲ့ ပင်းပြီးတော့လုပ်တာတွေ အများကြီးရှိတယ်။ဟုတ်တယ် မဟုတ်လား၊ အဲ့ဒါတွေကို ဆရာတို့ အခု ဆုရပြီဆိုရင် လူတွေထင်တာက ဆုရရင် အားလုံးကကျေနပ်နေတယ်၊ သတင်းစာထဲမှာတောင်ပါတယ်၊ ဆုရပြီးမှစတာ ပြဿနာ။ဟုတ်တယ် မဟုတ်လား၊ မဟုတ်ရင် အဲ့ဒီဆုရရပြီးမှ မဟုတ်တာတွေလုပ်ရင် အဲ့ဒီဆုပြန်သိမ်းတယ်၊ အဲ့ဒါမှအရှက်ကွဲမယ်။ဟုတ်တယ် မဟုတ်လား။အဲ့ဒါတွေကို ဆရာတို့ အဲ့ဒီတော့ ဆရာတို့မှာ မရှိတာက အားလုံးသည် ရေရှည်ကို ဘာလုပ်မလဲဆိုတဲ့ မဟာဗျူဟာပေါ့။

အဲ့ဒီလိုမရှိဘဲနဲ့ အခုက ဝန်ကြီးဌာနတွေက ဟိုတယ်ခရီးသွားကလည်း သူ့သဘောနဲ့သူ လုပ်ပြန်ရော၊ စီးပွားကူးသန်းလည်း လုပ်လိုက်ပြန်ရော၊ အဲ့ဒီတော့ ဆရာတို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရကလည်း သူစိတ်ကူးရတာလုပ်တာကို၊ ဟုတ်တယ် မဟုတ်လား။အဲ့ဒီလိုလုပ်တဲ့အခါမှာ ဆရာတို့အနေနဲ့ ဥပမာဆိုပါတော့ အန်ကောဝပ်ကို စင်ကာပူကနေ သွားတဲ့သူသည် တစ်ခါတည်း ပုဂံနဲ့ချိတ်လို့ရအောင် အင်ဒိုနီးရှားနဲ့ ချိတ်လို့ရအောင် အဲ့ဒါမျိုးတွေရှိမှမရှိတာ။အန်ကောဝပ်ကို လာတဲ့သူတွေနဲ့ အန်ကောဝပ်မှာ ဘုရားက လေးဆူပဲရှိတာ၊ ဆရာတို့လို ဘုရားတစ်ထောင်မရှိဘူး၊ ဘာကြောင့် အန်ကောဝပ်ကို သွားနေသလဲ။

ကိုယ်မလုပ်တတ်တာကိုကျ အပြစ်မတင်ဘူး၊ လုပ်တတ်နေတဲ့သူကို အပြစ်တင်တယ် ဟုတ်တယ် မဟုတ်လား၊ အဲ့ဒီမှာရှိတဲ့ ပြည်နယ်တိုင်းတွေကလည်း ဆရာတို့လောက်မှ မလှတာ။ဒါပေမဲ့ သူတို့မှာ လူတွေ သန်းနဲ့ချီပြီးတော့လာတာ၊ ကမ္ဘောဒီယားလည်း ဒီအတိုင်းပဲ၊ ဗီယက်နမ်လည်း ဒီအတိုင်းပဲ၊ အိမ်နီးချင်းနိုင်ငံတွေက လုပ်နိုင်ရင် ကိုယ်မလုပ်နိုင်ရင် တစ်ခုတော့လွဲနေပြီလို့ အောက်မေ့တာပဲ။

Opinion Leaders ။     ။ အကုန်ခြုံလိုက်လို့ရှိရင်တော့ ဆရာ ဒါ Hotel Tourism ကို ပြန်တက်လာဖို့ဆိုရင် ပြည်တွင်းလုံခြုံရေး အခြေအနေတွေ တခြားမှားနေသောဟာတွေ၊ နောက်ထပ် Event တွေ လွဲနေတဲ့ဟာတွေ ပြန်ပြင်မှရမှာပေါ့နော် ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခုဆိုရင် လူတိုင်း တစ်ကမ္ဘာလုံးကသုံးတဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ့၊ အင်ဒိုနီးရှားကလည်း မိုဘိုင်းနဲ့ ဒူဘိုင်းကလည်း ဖြစ်နေပြီ။အဲ့ဒါကိုဘယ်လိုစမလဲ၊ ကမ္ဘာလှည့်ခရီးသည်တွေသိအောင် ဟုတ်တယ် မဟုတ်လား။ ဒီဖေ့ဘွတ်ကနေတစ်ဆင့် အင်တာနက် ဆိုရှယ်မီဒီယာကနေတစ်ဆင့် ကိုယ့်ရုပ်ပုံလေးလှအောင် ဘယ်လိုလုပ်မလဲ၊ အဲ့ဒါကို တကယ့်ကို မီဒီယာသမားတွေကို အားကိုးပြီးတော့ လုပ်မှရမှာကို၊ ပြန်ကြားရေးဝန်ကြီးဌာန သွားလုပ်ခိုင်းရင်တော့ ဘာမှရမှာမဟုတ်ဘူး၊ လုပ်သားပြည်သူအချင်းချင်း အဆင်ပြေတာကို မကြိုက်ဘူး။အဲ့လိုလောက်တော့ မရဘူးထင်တယ်။ နည်းနည်းလေး လူငယ်တွေလုပ်တဲ့ပုံစံနဲ့ တကယ့်ကို နိုင်ငံတကာအတွေ့အကြုံ နိုင်ငံခြားဟာတွေအားလုံးကို အတုယူပြီးတော့လုပ်မှ ဖောက်ထွက်မှ ရတော့မယ်ထင်တယ်။

နောက်ဆုံးတော့ အရာရာကို ဖောက်မထွက်ဘဲနဲ့ ပုံစံခွက်ကျနဲ့ လုပ်နေလို့ကတော့ ဒီအတိုင်းပဲ ဆရာထင်တယ် လိမ်နေဦးမယ်လို့ထင်တယ်၊ အချိန်ကလည်းမရှိတော့ဘူးကွဲ့၊ စာချုပ်တွေက အချိန်မရှိတဲ့ပြဿနာ၊ အချိန်မရှိတော့ အချိန်မရှိလေလေ စိတ်ပူလေ၊ စိတ်ပူလေလေ မလုပ်တတ်လေ ဖြစ်တာလေ၊ ဟုတ်တယ် မဟုတ်လား၊ ဆရာထင်တာတော့ အချိန်ရှိတာ တစ်ရက်လည်း တစ်ရက်ပေါ့။လုပ်လို့ရတယ်လို့ ဆရာတော့ အောက်မေ့တာပဲ။

Opinion Leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
ဇူလိုင် - ၃၁

( Zawgyi )

မၾကာခင္က ျမန္မာလူမ်ိဳးမ်ား၏ အသည္းႏွလုံးသဖြယ္ျဖစ္သည့္ ပုဂံေဒသကို ယူနက္စကိုက ကမာၻ႔အေမြအႏွစ္အျဖစ္ သတ္မွတ္ခဲ့ပါတယ္။ထိုသို႔သတ္မွတ္ခံရသျဖင့္ တက္ရိပ္ျပၿပီးမွ ရခိုင္ျပႆနာေၾကာင့္ ထိုးက်ခဲ့သည့္ ကမာၻလွည့္ခရီးသြားလုပ္ငန္းအေပၚ အေကာင္းဘက္မွ ရႈျမင္လာၾကသလို ရခိုင္ေဒသ တရားဥပေဒစိုးမိုးေရးကို ျပန္လည္တည္ေဆာက္ႏိုင္ေနၿပီဟု တပ္မေတာ္ဘက္မွ ေျပာခဲ့သျဖင့္လည္း ျမန္မာႏိုင္ငံ၏ ခရီးသြားလုပ္ငန္း ျပန္ေကာင္းလာေလမလားဆိုသည့္ သုံးသပ္ယူဆခ်က္မ်ားလည္း ထြက္ေပၚလာခဲ့သည့္။ထိုယူဆခ်က္ေပၚ အေျခခံကာ ခရီးသြားလုပ္ငန္း ျပန္တိုးတက္လာေစေရးအတြက္ ေဆာင္သင့္ ေရွာင္သင့္သည့္ လုပ္ေဆာင္ခ်က္မ်ားကို  ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ ဆရာ ေဒါက္တာေအာင္ထြန္းသက္ အား ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေမးျမန္းေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ မၾကာခင္က ပုဂံယဥ္ေက်းမႈအေမြအႏွစ္ ေဒသကို ကမာၻ႔အေမြအႏွစ္အျဖစ္ သတ္မွတ္ခံရတယ္၊ လက္ရွိမွာ ျမန္မာႏိုင္ငံရဲ႕ Tourism က ေတာ္ေတာ္ေလးက်ေနတယ္။ရခိုင္ ေျမာက္ဦးမွာလည္း တိုက္ပြဲေတြျဖစ္တယ္၊ ဒီႏွစ္မွာ ေတာ္ေတာ္ေလး ရာခိုင္ႏူန္းအရ ေတာ္ေတာ္ေလးထိုးက်ေနတယ္၊ တစ္ခ်ိဳ႕ေနရာေတြဆိုရင္ မိုတယ္၊ ဟိုတယ္၊ တည္းခိုခန္းေလးေတြေတာင္ ဝန္ထမ္းေတြကို ျပန္လႊတ္လိုက္ရတဲ့ အေနအထားမ်ိဳး ျဖစ္ေနတယ္။အဲ့ဒီလိုအေနအထားမွာ ပုဂံကို ယဥ္ေက်းမႈအေမြအႏွစ္ သတ္မွတ္ခံရတာေတြရယ္၊ စစ္တပ္က ရခိုင္ေဒသမွာ တည္ၿငိမ္မႈကို ျပန္ထိန္းသိမ္းႏိုင္တယ္ဆိုတဲ့ အေျခအေနေၾကာင့္ လာမယ့္ႏွစ္ေတြမွာ Tourism ျပန္တက္လာႏိုင္ေခ်ရွိသလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အကုန္လုံးကေတာ့ ႏိုင္ငံေရးနဲ႔ စီးပြားေရးက ခ်ိတ္ေနတာ၊ အဲ့ဒီေတာ့ ႏိုင္ငံေတာ္ မၿငိမ္းခ်မ္းဘူး၊ မသာယာဘူး၊ ပဋိပကၡျဖစ္တယ္ဆိုရင္ လူေတြကလည္း အထိတ္တလန႔္ျဖစ္တာေပါ့။နဂိုက ပုဂံကို ယဥ္ေက်းမႈတည္ထားတယ္ဆိုတာ ဒါေကာင္းတဲ့လကၡဏာ ေဆာင္တယ္ေလ။ဒါေပမဲ့လည္း အခုတစ္ဖက္ကလည္း တပ္မေတာ္က ရခိုင္ကို ထိန္းသိမ္းႏိုင္ၿပီ၊ သူတို႔ေတြအေနနဲ႔ စီမံႏိုင္ၿပီလို႔ ေျပာျပန္ေတာ့လည္း ဒါလည္း ေကာင္းတဲ့လကၡဏာပဲ။အေရးႀကီးတာက တည္ၿငိမ္မႈ အျမန္ဆုံးလိုတာေပါ့၊

တိုင္းျပည္မတည္ၿငိမ္ေသးသေ႐ြ႕ စီးပြားေရးဘယ္ေလာက္လုပ္လုပ္ ဘယ္ေလာက္ႀကီးေခၚေခၚ ရမွာမဟုတ္ဘူး၊ ေခၚတာက ေခၚတာပဲရွိမယ္။လာတဲ့သူက လာရဲမွာမဟုတ္ဘူး။ရဲရဲဝံ့ဝံ့ ကိုယ့္ဆီမွာ ေအးေဆး တစ္ပတ္ ဆယ္ရက္ လာဖို႔ဆိုတာ ေအးေအးခ်မ္းခ်မ္းရွိမွ လာႏိုင္မွာ။အဲ့ဒီေတာ့ တထိတ္တလန႔္ျဖစ္ေနတဲ့ အေျခအေနမ်ိဳးမွာ ဆရာထင္တယ္၊ ဘယ္လိုမွကို စြမ္းေဆာင္ႏိုင္မွာမဟုတ္ဘူး။ဆရာတို႔လုပ္ရမွာက တိုင္းျပည္ကို ျမန္ျမန္ၿငိမ္းခ်မ္းေအာင္ရယ္။အခုက အားလုံးက ေျခဥျပင္တဲ့ ကိစၥကလည္း ရွိေနတာကိုး၊ ဟုတ္တယ္ မဟုတ္လား၊ ႏိုင္ငံေရးအရလည္း ဒါအားလုံး လိပ္ခဲတည္းလည္းျဖစ္ေနတဲ့ဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ ထိလြယ္ရွလြယ္တဲ့ ကာလျဖစ္ေနေတာ့ ပိုဆိုးတာေပါ့။ပိုဆိုးလာတဲ့အခ်ိန္မွာ စိတ္ပူတာကေတာ့ေလ စီးပြားေရးဘက္ကို အာ႐ုံကမလွည့္ႏိုင္ဘူး။ခဏေလးလွည့္မယ္လို႔ ႀကံျပန္ရင္လည္း ဒီျပႆနာက ေပၚလာျပန္ေရာ၊ အဲ့ဒီေတာ့ ဘယ္လိုလုပ္ၾကမလဲဆိုတာကို ကိုယ္လဲစဥ္းစားလို႔ကို မရေတာ့တာ။

ဒါႀကီးက ဒီအတိုင္းႀကီး ဂ်ာေအး သူ႔အေမ႐ိုက္သလို ႐ိုက္ေနသလို မရဘူးေလ။အခုဆိုရင္လည္းပဲ ႏိုင္ငံတကာ ဖိအားေတြကလည္း မေလ်ာ့သြားဘူး။တပ္မေတာ္ေခါင္းေဆာင္ေတြကို ဒဏ္ခတ္တယ္ ဘာညာဆိုတာကလည္း တပ္မေတာ္က ျပန္ေျပာတယ္။ဒါကိုမေက်နပ္ဘူး။ဒါကိုလက္မခံႏိုင္ဘူး။အားလုံးကဆက္ေနတာေလ၊ ရခိုင္ကိစၥရယ္၊ ျမစ္ဆုံကိစၥရယ္ ဟုတ္တယ္ မဟုတ္လား၊ ဆရာတို႔က တစ္ေနရာတည္း မဟုတ္ဘူး၊ အားလုံးခ်ိတ္ေနတာ။ခ်ိတ္ေနတဲ့အခါက်ေတာ့ ဒီဟာႀကီးကို ဘယ္ကေနစေျဖရမလဲ ဆိုတာမ်ိဳးေပါ့၊ အဲ့ဒီေတာ့ အဲဒီလိုခ်ိတ္ေနရင္ ဆရာထင္တာေတာ့ အားလုံးတစ္ၿပိဳင္နက္ျပင္မွရမယ္၊ တစ္ခုခ်င္းျပင္လို႔မရဘူး၊ အားလုံးက အေရးႀကီးတဲ့ပုံစံ ျဖစ္ေနတာကိုး၊ အဲ့ဒီအေျခအေနျဖစ္ေနတာပါ။

Opinion Leaders ။     ။ ျမန္မာျပည္ကို တ႐ုတ္ဘက္က Tourist ေတြ ဝင္တာ ေတာ္ေတာ္မ်ားတယ္။၁၀၀ မွာ ၇၀ ရာခိုင္ႏႈန္းေလာက္ ရွိတယ္လို႔ Tour Guide ေတြ ေျပာတာေတြရွိတယ္။ဒါေပမယ့္ အမ်ားစုက ေငြသုံးနည္းတယ္။သူတို႔ဟာနဲ႔ သူတို႔ ခ်ိတ္ဆက္ၿပီး၀ င္လာတဲ့ဟာေတြမ်ားတယ္ ဆရာ၊ အဲ့ဒီဟာေတြကို ဒီဘက္ကေန ေတာ္ေတာ္ေလး တားဆီးဖို႔လုပ္ေနတာေတြ ေတြ႕ရတယ္ ဆရာ။အခုလက္ရွိအေနအထားက Tourist ေတြကို ေမွ်ာ္လည္းေမွ်ာ္တယ္၊ သုံးစြဲဖို႔လည္း ေမွ်ာ္တယ္။လက္ရွိမွာ ဟိုတယ္ေတြ ေတာ္ေတာ္မ်ားမ်ားကိုလည္း အဆင့္ျမႇင့္တာလည္းရွိတယ္၊ အဲ့ဒီအခါက်ေတာ့ အခုလက္ရွိလုပ္ေနတဲ့ ဟိုတယ္ေတြ၊ စီမံကိန္းေတြနဲ႔ အခုဝင္လာတဲ့ ဘတ္ဂ်က္ Tourist ေတြနဲ႔ ျမန္မာႏိုင္ငံရဲ႕ ခရီးသြားလာေရး အေျခအေနက ဘယ္လိုျဖစ္လာႏိုင္သလဲ ေမွ်ာ္မွန္းသလို ျဖစ္လာႏိုင္သလား။ဒီလိုလုပ္ေနတာေတြက တိုးရစ္စ္အဝင္ ျပန္လည္ထိုးက်သြားႏိုင္မလား။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ တ႐ုတ္ Tourist ေတြ ဝင္လာတာကို၊ အခုေျပာေနေဆြးေႏြးေနတာေလ ကိုယ့္တစ္ႏိုင္ငံတည္း ဝင္လာတဲ့ပုံစံနဲ႔ ေျပာေနတာ။တ႐ုတ္ဝင္လာတာကေနာ္ ဥေရာပကဆိုရင္ တ႐ုတ္ကိုပဲ အားကိုးေနရတာေလ။တ႐ုတ္ႏိုင္ငံမွာရွိတဲ့၊ ဥပမာ - ျပင္သစ္ႏိုင္ငံဟာ ဆိုလို႔ရွိရင္ သူတို႔မွာရွိတဲ့ မိန္းလမ္းမႀကီး ေရွာင္ေအာ္လီမွာ ဆိုလို႔ရွိရင္ ဆိုင္ေတြအားလုံးဟာ အေရာင္းေဈးသည္ေတြအားလုံးဟာ တ႐ုတ္လို တတ္ေနၾကတာ။အဲ့ဒီေနရာက တ႐ုတ္ေတြလာမယ္ဆိုတာ ေသခ်ာေနတယ္။အဲ့ဒီေတာ့ သြားေနတာေလ၊ သြားေနတဲ့အခါက်ေတာ့ တစ္ခုပဲရွိတာက ကိုယ့္ဆီကို Quality Tourism ေရာက္ေအာင္ ဘယ္လိုလုပ္မလဲ။အဲ့ဒါက ကိုယ္လုပ္ရမွာ၊ အဲ့ဒီေတာ့ ကိုယ္ကဘာျဖစ္လဲဆိုရင္ တ႐ုတ္ေတြကို ဟိုေျပာဒီေျပာ အျပစ္ေတြေျပာေနေတာ့ ဟုတ္တယ္ မဟုတ္လား။

ေနာက္တစ္ခါ Zero ဘတ္ဂ်က္ ဘာညာေျပာေနေတာ့ ဆရာတစ္ခါေျပာဖူးပါတယ္။ဆရာတို႔အေနနဲ႔ ျပႆနာရွိတာက ေနာက္ကေနမလိုက္တာေပါ့။သူတို႔က We Chat သုံးတဲ့အခ်ိန္မွာ ေငြေရးေၾကးေရးမွာ သူတို႔မွာ ေဒၚလာမကိုင္ဘူး၊ တ႐ုတ္ႏိုင္ငံက ဘယ္လိုလုပ္ ေဒၚလာကိုင္မလဲ။အဲ့ဒီေတာ့ We Chat နဲ႔ လာတဲ့အဖြဲ႕ကို ေဒၚလာေပးမွရမယ္ဆိုတဲ့ ပုံစံႀကီးနဲ႔ ဆရာတို႔လုပ္ရင္ ဘယ္လိုမွရမွာမဟုတ္ဘူး။အဲ့ဒီေတာ့ ဆရာ ေမးၾကည့္တာက တ႐ုတ္ေတြ ျမန္မာျပည္လာရင္။အခု ထိုင္းကို အႀကီးအက်ယ္သြားတယ္၊ ထိုင္းမွာသြားၾကည့္ရင္ သူတို႔ပဲ၊ ထိုင္းမွာသြားေနရင္ ထိုင္းက တ႐ုတ္ Tourism ေတြကို ဘယ္လိုလက္ခံေနလဲ၊ ေနာက္တစ္ခါ ဆရာ ဟိုတေလာတုန္းက တစ္ႏွစ္ေလာက္ရွိပါၿပီ၊ ဗီယက္နမ္သြားတယ္၊ ကိုယ့္နဲ႔ဆုံတဲ့ဟာက ခုနလို ၁၀ ေယာက္မွာ ၉ ေယာက္က တ႐ုတ္ေတြ ျဖစ္ေနတာ။

အဲဒီေတာ့ Tourism Industry ႀကီးတစ္ခုလုံးက တ႐ုတ္ေတြအတြက္ ဘာလုပ္ေပးရမလဲဆိုတာကို ျပင္လိုက္တယ္ေလ။ဆရာတို႔က ျပင္ဖို႔မစဥ္းစားဘဲနဲ႔ တ႐ုတ္ေတြလာလို႔ရွိရင္ ဘာျဖစ္တယ္ ညာျဖစ္တယ္ အျပစ္ေတြခ်ည္းပဲ ေလွ်ာက္ေျပာေနတာ၊ ဟုတ္တယ္ မဟုတ္လား၊ ဥပမာ - ဆိုပါေတာ့ မႏၲေလးမွာဆိုရင္ တ႐ုတ္ေတြက တ႐ုတ္ဆိုင္ပဲ သြားစားတယ္၊ ဗမာစာေတြ လာမစားဘူး။တ႐ုတ္ဆိုင္ပဲ သြားမယ္ဆိုရင္ ဒါဆိုရင္ တ႐ုတ္ဆိုင္ေတြ မ်ားမ်ားမဖြင့္သင့္ဘူးလား။ဟုတ္တယ္ေနာ္။အခုျဖစ္ေနတာက ဗမာဆိုင္လာမစားလို႔ ၿမီးရွည္သြားစားတာ သူတို႔အစားအစာေလ၊ နန္းႀကီးသုပ္ လာမစားတာ သြားအျပစ္တင္လို႔မရဘူး။

အဲ့ဒီေတာ့ ကိုယ့္နန္းႀကီးသုပ္ကိုပဲ လာမစားတာ အျပစ္လုပ္ေနေတာ့ ဟိုေကာင္ေတြက လာမွာမဟုတ္ဘူးေလ။ေနာက္တစ္ခုက သူတို႔တိုင္းျပည္ေပါ့ Tourism ဆိုတာ ဆရာတို႔ကိုယ္တိုင္ပဲ သြားလို႔ရွိရင္ တစ္ေယာက္ထဲသြားတဲ့ Tourist က ရွားပါတယ္။Group နဲ႔သြားတယ္၊ ဟုတ္တယ္ မဟုတ္လား၊ ကုမၸဏီနဲ႔သြားေတာ့ တ႐ုတ္ Group ကုမၸဏီေတြ ဘာေတြနဲ႔ ထိေတြ႕တာလည္း သိပ္အားနည္းတာပဲ။ဟိုတစ္ေန႔ကပဲ ဆရာကို ဟိုတယ္လူႀကီးေတြကလာေတာ့ တင္ျပတယ္။ဒါဘယ္လိုလုပ္ေပးၾကမလဲ ဘာညာဆိုတာ။အခုက ဥပမာ - ရခိုင္ဆိုပါေတာ့။ရခိုင္လို႔ ႏိုင္ငံျခားသားေတြက ေျပာလိုက္တာနဲ႔ ေျမာက္ဦးလို႔ သူတို႔ပဲနားလည္တာ။ငပလီရွိတာ သူတို႔မသိဘူးေလ၊ မဟုတ္ဘူးလား။

အဲ့ဒီေတာ့ အခုျဖစ္ေနတာက ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ အခုဆိုရင္ ေျမာက္ဦးလည္း နည္းနည္းျပႆနာရွိေနတယ္။ဆရာတို႔အေနနဲ႔ စဥ္းစားေစခ်င္တာက ကိုယ့္ႏိုင္ငံမွာ ဒီလိုျဖစ္ေနတာကို ပုဂၢလိကကို သြားတာဝန္ေပးလို႔ မရဘူးေလ။အစိုးရက လုပ္ရမွာ၊ အစိုးရက မလုပ္ႏိုင္လို႔ ပုဂၢလိက က ဝင္လုပ္ျပန္ေတာ့ ပုဂၢလိက က ဘယ္ေလာက္လုပ္ႏိုင္မလဲ၊ ပုဂၢလိက က ကိုယ့္ဟာကိုယ္နဲ႔အႏိုင္ႏိုင္ ႏိုင္ငံအတြက္ လုပ္ေပးႏိုင္ဖို႔ဆိုတာေလ သူတို႔ PR ေပါ့ေလ။ကိုယ့္ႏိုင္ငံ ပုံရိပ္ေတြေကာင္းေအာင္ လုပ္တာတို႔ဘာတို႔။

ဟိုတစ္ေန႔က ဆရာ မႏၲေလးေရာက္တဲ့အခါမွာ ေျပာတယ္၊ Nation Branding ေပါ့။ကိုယ့္ႏိုင္ငံကို အျပင္က ဘယ္လိုျမင္လဲ၊ ပုံရိပ္ေပါ့ေနာ္၊ အခုျမင္ေနတာ ရခိုင္ပဲျမင္တာကို၊ ဟုတ္တယ္ မဟုတ္လား၊ လူ႔အခြင့္အေရးေတြျဖစ္တယ္ မြတ္ဆလင္ေတြကို ဆရာတို႔ ႏွိပ္စက္ေနတယ္၊ ဘာဘာညာညာ ၿပီးေတာ့ ဆရာတို႔က ဘာလဲ အစြန္းထြက္ဝါဒီေတြ ျဖစ္ေနတယ္။အစြန္းထြက္ Buddhism ဆရာတို႔ ဗုဒၶဘာသာျဖစ္ေနတာ ဘာညာဆိုတာက အဲ့ဒါက ႏိုင္ငံတကာမွာ ျဖစ္ေနတာေလ။ဟုတ္တယ္ေနာ္။ဗလီဆိုလည္း ဗလီဘာညာျဖစ္ေနတာကို အဲ့ဒါကို ေခ်ဖ်က္ဖို႔ကို မလုပ္ပါဘူး။မလုပ္ပါဘူးဆိုတာနဲ႔ မရဘူးေလ၊ ကိုယ့္ရဲ႕ေကာင္းတာေလးေတြကို ဆရာတို႔ ေဖာ္ထုတ္ဖို႔။အဲ့ဒီေတာ့ အဲ့ဒါကိုတာဝန္ယူတာက လြယ္တဲ့ကိစၥမဟုတ္ဘူး။

အခု မိုဒီ က လုပ္တယ္။Next India ဆိုၿပီးေတာ့။သူကိုယ္တိုင္က ႏိုင္ငံတကာမွာ အိႏၵိယရဲ႕ ကုန္အမွတ္တံဆိပ္ကို ပိုၿပီးေတာက္ပေအာင္လုပ္မယ္ ဘာညာဆိုၿပီးေတာ့။ဆရာတို႔မွာ အဲ့ဒါလုပ္တာမွမရွိတာ။အဲ့ဒီေတာ့ အခု မလာဘူး မလာဘူးပဲ ေျပာေနတာ။လာေအာင္ ဘာလုပ္မလဲဆိုတာလည္း မေျပာဘူး။ေနာက္တစ္ခုက ဆရာတို႔ဆီမွာ အေျခခံေတြေပါ့၊ ကိုယ္ျပင္ရမွာေတြ ဘာမွမေျပာဘူး၊

အခု ယိုးဒယားသြားလို႔ရွိရင္ လမ္းေဘးဆိုင္သြားရင္ ဘာမွျပႆနာမရွိဘူး။ျမန္မာျပည္လာလို႔ ရန္ကုန္လာလို႔ လမ္းေဘးဆိုင္သြားရင္ အဲဒီလူ ဒုကၡေရာက္ၿပီ။သန႔္ရွင္းမႈမရွိတာတို႔ ဟုတ္တယ္ မဟုတ္လား၊ ဘာမွလည္း အာမခံခ်က္မရွိဘူး။လမ္းေဘးဆိုင္လို႔ေျပာရင္ တကယ့္လမ္းေဘးဆိုင္ပဲ။ကိုယ့္လူေတြ အူကေတာ့ ဟုတ္တယ္ မဟုတ္လား၊ အူကေတာ့ ပိုးေတြကေသေနလို႔လားမသိဘူး၊ ဘာမွမျဖစ္ေတာ့ဘူး။အဲ့ဒါကလည္း ေရရွည္ဘယ္လိုလုပ္ၾကမလဲ၊ ဟုတ္တယ္ မဟုတ္လား။အဲ့ဒါေတြကိုလုပ္ဖို႔ ဆိုတာကိုလည္း ဆရာတို႔မရွိဘူး။

အမႈိက္သိမ္းတာတို႔ ကြမ္းတံေတြး ေထြးတာတို႔ ပတ္ဝန္းက်င္ညစ္ညမ္းမႈ ျဖစ္ေနတာေတြ အားလုံးဟာ Tourism က လာေတာ့ၾကည့္မွာပဲ။သူတို႔အေနနဲ႔ လာတဲ့အခါမွာ ေအးေအးခ်မ္းခ်မ္းနဲ႔ တစ္ပတ္ ဆယ္ရက္ အတြင္းမွာ ေအးေအးခ်မ္းခ်မ္း ေနသြားခ်င္တယ္။သူ႔အရသာေတြ ယူသြားခ်င္တယ္၊ ဒါေပမဲ့ ဆရာတို႔ ခဏခဏေျပာတယ္၊ ကိုယ္ကိုယ္တိုင္လည္း မႏၲေလးသြားလို႔ရွိရင္ အျပန္မွာ မႏၲေလးရာသီစာ ယူသြားခ်င္တယ္။ထိုးမုန႔္ကအစ အမ်ိဳးမ်ိဳးေပါ့။သူတို႔ ျမန္မာျပည္က ျပန္သြားရင္ ဘာယူသြားမလဲ ဆိုတဲ့ဟာကို စဥ္းစားၿပီး အဲ့ဒါေတြ ယူသြားႏိုင္ေအာင္ ဘာေရာင္းမလဲဆိုတာကို ထိထိေရာက္ေရာက္ မလုပ္ႏိုင္ဘူး။

ျမန္မာပစၥည္းေရာင္းတာ ဘယ္မွာမွမရွိတာ။အခု ရန္ကုန္ေလယာဥ္ကြင္းမွာေလ။အဲ့ဒီေတာ့ Asia Sale ကအစ ယိုးဒယားက လုပ္ေနတာေလ၊ ဟုတ္တယ္ မဟုတ္လား။အခု ဘယ္ေရာက္မွ ကူမင္းေရာက္မွ ေတြ႕တယ္ဆိုတဲ့ ေက်ာက္စိမ္းေတြ။အမွန္က ဒီမွာလုပ္ရမယ့္ဟာေတြ၊ အဲ့ဒီေတာ့ အဲ့ဒါေလးကိုထား ဆရာထင္တာေတာ့ ပုဂၢလိကခ်ည္းပဲ သြားအားကိုးေနလို႔မရဘူး။အစိုးရလည္း လုပ္မွရမယ္။လုပ္စရာေတြမ်ားလို႔ရွိရင္ေတာ့ ဒါႀကီးကို ျပန္လွည့္မၾကည့္ႏိုင္ေတာ့ဘူး။ဟုတ္တယ္ မဟုတ္လား။အဲ့ဒီလိုျဖစ္ေနတာကိုး။

အခုမလာဘူး၊ အၾကာႀကီးမေနဘူး၊ ေနာက္တစ္ခါ သူတို႔အေနနဲ႔ ဟိုတယ္ႀကီးေတြကလည္း ေဈးႀကီးတဲ့ ဟိုတယ္ႀကီးေတြ ရွိေနေပမယ့္ တ႐ုတ္ေတြက မလာဘူးဆိုေတာ့ ဘယ္လိုလုပ္ၾကမလဲ။ဒါေတာင္ ေနျပည္ေတာ္မွာ ဆရာ ဟိုတယ္ပိုင္ရွင္ေတြ ေမးၾကည့္တယ္။အခုက ဘယ္အထိေတာင္ ျဖစ္သြားသလဲဆိုေတာ့ တည္းရင္ၿပီးေရာ၊ လူမရွိတဲ့အခန္းက်ဥ္း မေပးနဲ႔ေတာ့။၁၀၀ တန္ကို ၂၀ တို႔၊ ၄၀ တို႔ ျဖစ္လာတဲ့အေနအထား ရွိလာတယ္။အဲ့ဒါကိုဘယ္လိုလုပ္ၾကမလဲ။

အဲ့ဒီလိုျဖစ္ေနတာကို လူသိေအာင္လုပ္ဖို႔လည္း လိုေသးတာေနာ္။အရင္ ၁၀၀ တန္ ပစၥည္းကို ၁၀၀ တန္ အခန္းခကို ၄၀ နဲ႔ တည္းလို႔ရတယ္ဆိုတာ လူသိေအာင္လုပ္မွရမယ္။ဟုတ္တယ္ မဟုတ္လား၊ ေနာက္တစ္ခါ ဆရာတို႔ဆီမွာ ေအးခ်မ္းတဲ့ေဒသေတြကလည္း အမ်ားႀကီးရွိေသးတယ္၊ ရွိပါေသးတယ္ ဆိုတာကိုလည္း ေျပာႏိုင္ေအာင္ လုပ္ေပးမွရမယ္ေလ၊ အဲ့ဒါေတြက မလုပ္ေပးႏိုင္ေတာ့ေလ မသိလို႔ျဖစ္တဲ့ ျပႆနာေတြ ေတာ္ေတာ္မ်ားတယ္။လူေတြထင္တာေတာ့ ျမန္မာျပည္တစ္ျပည္လံုံး မီးဟုန္းဟုန္းေတာက္ေနတယ္လို႔ ထင္တာကိုး။ထင္တဲ့သူလည္း သြားအျပစ္မတင္နဲ႔ေလ။သူတို႔ၾကားတာလည္း တထိတ္တလန႔္နဲ႔ ဒါပဲၾကားတာကိုး၊ အဲ့ဒါကို ဆရာတို႔က ပုံရိပ္ကိုမလႊမ္းမိုးႏိုင္ဘူး။အဲ့ဒါေလးက ဆရာတို႔ ဒါအမ်ိဳးသားေရးလို႔လည္း စဥ္းစားသင့္တာေပါ့ေလ၊ ဘယ္လိုလုပ္ေနလဲလည္း မေျပာတတ္ဘူးကြဲ႕။

Opinion Leaders ။     ။ ေနာက္တစ္ခုက ဆရာ ရန္ကုန္ညေဈးတန္း။အခုလုပ္မယ့္ ညေဈးတန္းက ယိုးဒယားက ညေဈးတန္းလို လုပ္ေဆာင္တဲ့ အေနအထားမ်ိဳးရွိတယ္။လက္ရွိမွာ လုပ္မယ္ေျပာတာ ၾကာၿပီ။တစ္ကယ္လို႔ လုပ္ျဖစ္ရင္ တစ္ကယ္ေကာ Tourist ေတြကို စြဲေဆာင္ႏိုင္ပ့ါမလား။ဒါမွမဟုတ္ ဒီလိုမ်ိဳးလုပ္မယ့္အစား Tourist ေတြ ဝင္လာတာ ပိုလြယ္ေအာင္ တည္းခိုႏိုင္ေအာင္ စရိတ္နည္းဟိုတယ္လိုမ်ိဳး အေနအထားမ်ိဳးေတြ စီစဥ္ေပးတာေတြ၊ ေနာက္ ၁၉၉၆ တုန္းက လုပ္သလိုမ်ိဳး Visit Myanmar Year လိုမ်ိဳး။ဒီလိုမ်ိဳးေတြလုပ္တာေတြက ပိုၿပီးေတာ့ အဆင္ေျပမလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။  အခုျဖစ္ေနတာက စိတ္ကူးရတာ တစ္ေယာက္တစ္ေပါက္ ေလွ်ာက္လုပ္ေနသလို ျဖစ္ေနတာ။ဟုတ္တယ္ေနာ္၊ ၿမိဳ႕ေတာ္ဝန္က သူသေဘာရလို႔ ညေဈးတန္းလုပ္လိုက္တယ္။ဒါလည္းခဏပဲ။အခု ဆရာတို႔ေျပာေနတာ ဆူးေလဘုရား အနားအနီးတစ္ဝိုက္ကို မဟာဗႏၶဳလပန္းၿခံတစ္ဝိုက္ကို ကားသြားလို႔မရေအာင္လုပ္မယ္။အဲဒီလိုေျပာတာလည္းၾကာပါၿပီ။ဒါေပမဲ့ အခုပုဂၢလိက က ဘာလုပ္သလဲဆိုရင္ Tourist ေတြကို by foot ေပ့ါ။ လမ္းေလွ်ာက္ Tourism ပို႔ေနတာေတြရွိတယ္။

ဆရာထင္တာေတာ့ အဲ့ဒီလိုလုပ္တဲ့ လုပ္ငန္းရွင္ေတြကို အားေပးဖို႔ပဲလိုတယ္။ကိုယ္ဝင္မလုပ္တာ ေကာင္းတယ္။ကိုယ္ကေတာ့ေလ အစိုးရဝင္လုပ္တာကို ဘာမွေအာင္ျမင္မွာမဟုတ္ဘူးလို႔ ထင္လို႔။ပုဂၢလိက လုပ္တဲ့ဟာကိုပဲ အခြန္ေတြေလွ်ာ့ေပးတာတို႔ လုပ္တဲ့သူေတြကို အားေပးတာတို႔ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ေဆာင္႐ြက္ဖို႔ လိုမယ္ထင္တယ္။မဟုတ္ရင္ေတာ့ ကိုယ္လုပ္ႏိုင္မွ ကိုယ္မလုပ္ႏိုင္ရင္ ဘယ္လိုလုပ္မလဲ။

ကမ္းနားလမ္းဆိုတာ ဘာလုပ္စရာမွမရွိဘူး၊ ဟုတ္တယ္ မဟုတ္လား။အေကာက္ခြန္႐ုံးတို႔ Custom ႐ုံးတို႔ဆိုတာ အင္မတန္ေကာင္းတယ္။Strand ဟိုတယ္က အစ၊ အဲ့ဒီမွာ သူတို႔ဘာသြားလုပ္လဲ၊ နန္းသီတာဆိပ္ကမ္းေဘးမွာ အထပ္ျမင့္ေဆာက္ဖို႔။အဲ့ဒါကို ႏွစ္ထပ္ တစ္ထပ္ အေဆာက္အဦးေတြေဆာက္ဖို႔ ဖြင့္သင့္တယ္၊ ဟုတ္တယ္ မဟုတ္လား၊ ဆရာတို႔က အႀကီးအက်ယ္ကန႔္ကြက္တာ။အဲ့ဒါမဟုတ္ပါဘူး။ဒါက ဘာျဖစ္တယ္ ညာျဖစ္တယ္နဲ႔။အဲ့ဒီေတာ့ အဲ့ဒါႀကီးလုပ္လိုက္တာနဲ႔ ရန္ကုန္ျမစ္ကေန တက္လာလို႔ရွိရင္ ဗိုလ္တေထာင္ဘုရားကေန ဝင္လာရင္ ခ်က္ခ်င္းေတြ႕တဲ့ ႏွစ္ေပါင္းရာနဲ႔ခ်ီ ထိန္းတဲ့ျမင္ကြင္းႀကီး။ပုံရိပ္ကိုေလ တစ္ကမာၻလုံးမွာ မရွိေတာ့တဲ့ ႐ုပ္ပုံေတြေလ အဲ့ဒါႀကီးဖ်က္ဆီးဖို႔ စဥ္းစားေနတာ။ဖ်က္ဆီးဖို႔ စဥ္းစားေတာ့ ဒါက ပိုက္ဆံေပးမယ့္သူအတြက္လုပ္တာပဲ ဆိုတာမ်ိဳးလည္း ရွိေနျပန္ေရာ၊ ဟုတ္တယ္ မဟုတ္လား။ဆရာတို႔ တားဖို႔ဟာ အမုန္းခံၿပီး သြားတားျပန္ေတာ့လည္း ကိုယ္တားႏိုင္တာ တစ္ေခါက္ေလ။၁၀ ခါမွာ ကိုယ္တစ္ခါ တားႏိုင္ေပမယ့္ ၉ ခါ မတားႏိုင္ရင္ ဘယ္လိုလုပ္ၾကမလဲ။
အခုျဖစ္ေနတာက။

Tourism ကို Tourist Visit Myanmar Year ကြက္တိပဲ။ပုဂံကို။အခု ပုဂံလို႔ေျပာရင္ ဆုရ႐ုံနဲ႔ ၿပီးတာမွမဟုတ္တာ၊ ေနာက္လုပ္စရာေတြက်န္တယ္၊ အခု ဟိုတယ္ေတြ ျပန္ဖ်က္ပစ္ရမယ္ ဟုတ္တယ္ မဟုတ္လား။ဟိုတုန္းက မ်က္စိမွိတ္ၿပီးေတာ့ လုပ္ထားတာေတြေလ၊ ဘယ္လိုမွကို မလုပ္သင့္တာေတြကို အဆက္အသြယ္ေတြနဲ႔ တာဝန္ရွိသူေတြနဲ႔ ပင္းၿပီးေတာ့လုပ္တာေတြ အမ်ားႀကီးရွိတယ္။ဟုတ္တယ္ မဟုတ္လား၊ အဲ့ဒါေတြကို ဆရာတို႔ အခု ဆုရၿပီဆိုရင္ လူေတြထင္တာက ဆုရရင္ အားလုံးကေက်နပ္ေနတယ္၊ သတင္းစာထဲမွာေတာင္ပါတယ္၊ ဆုရၿပီးမွစတာ ျပႆနာ။ဟုတ္တယ္ မဟုတ္လား၊ မဟုတ္ရင္ အဲ့ဒီဆုရရၿပီးမွ မဟုတ္တာေတြလုပ္ရင္ အဲ့ဒီဆုျပန္သိမ္းတယ္၊ အဲ့ဒါမွအရွက္ကြဲမယ္။ဟုတ္တယ္ မဟုတ္လား။အဲ့ဒါေတြကို ဆရာတို႔ အဲ့ဒီေတာ့ ဆရာတို႔မွာ မရွိတာက အားလုံးသည္ ေရရွည္ကို ဘာလုပ္မလဲဆိုတဲ့ မဟာဗ်ဴဟာေပါ့။

အဲ့ဒီလိုမရွိဘဲနဲ႔ အခုက ဝန္ႀကီးဌာနေတြက ဟိုတယ္ခရီးသြားကလည္း သူ႔သေဘာနဲ႔သူ လုပ္ျပန္ေရာ၊ စီးပြားကူးသန္းလည္း လုပ္လိုက္ျပန္ေရာ၊ အဲ့ဒီေတာ့ ဆရာတို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရကလည္း သူစိတ္ကူးရတာလုပ္တာကို၊ ဟုတ္တယ္ မဟုတ္လား။အဲ့ဒီလိုလုပ္တဲ့အခါမွာ ဆရာတို႔အေနနဲ႔ ဥပမာဆိုပါေတာ့ အန္ေကာဝပ္ကို စင္ကာပူကေန သြားတဲ့သူသည္ တစ္ခါတည္း ပုဂံနဲ႔ခ်ိတ္လို႔ရေအာင္ အင္ဒိုနီးရွားနဲ႔ ခ်ိတ္လို႔ရေအာင္ အဲ့ဒါမ်ိဳးေတြရွိမွမရွိတာ။အန္ေကာဝပ္ကို လာတဲ့သူေတြနဲ႔ အန္ေကာဝပ္မွာ ဘုရားက ေလးဆူပဲရွိတာ၊ ဆရာတို႔လို ဘုရားတစ္ေထာင္မရွိဘူး၊ ဘာေၾကာင့္ အန္ေကာဝပ္ကို သြားေနသလဲ။

ကိုယ္မလုပ္တတ္တာကိုက် အျပစ္မတင္ဘူး၊ လုပ္တတ္ေနတဲ့သူကို အျပစ္တင္တယ္ ဟုတ္တယ္ မဟုတ္လား၊ အဲ့ဒီမွာရွိတဲ့ ျပည္နယ္တိုင္းေတြကလည္း ဆရာတို႔ေလာက္မွ မလွတာ။ဒါေပမဲ့ သူတို႔မွာ လူေတြ သန္းနဲ႔ခ်ီၿပီးေတာ့လာတာ၊ ကေမာၻဒီယားလည္း ဒီအတိုင္းပဲ၊ ဗီယက္နမ္လည္း ဒီအတိုင္းပဲ၊ အိမ္နီးခ်င္းႏိုင္ငံေတြက လုပ္ႏိုင္ရင္ ကိုယ္မလုပ္ႏိုင္ရင္ တစ္ခုေတာ့လြဲေနၿပီလို႔ ေအာက္ေမ့တာပဲ။

Opinion Leaders ။     ။ အကုန္ၿခဳံလိုက္လို႔ရွိရင္ေတာ့ ဆရာ ဒါ Hotel Tourism ကို ျပန္တက္လာဖို႔ဆိုရင္ ျပည္တြင္းလုံၿခဳံေရး အေျခအေနေတြ တျခားမွားေနေသာဟာေတြ၊ ေနာက္ထပ္ Event ေတြ လြဲေနတဲ့ဟာေတြ ျပန္ျပင္မွရမွာေပါ့ေနာ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခုဆိုရင္ လူတိုင္း တစ္ကမာၻလုံးကသုံးတဲ့ ဒစ္ဂ်စ္တယ္ပလက္ေဖာင္းေပါ့၊ အင္ဒိုနီးရွားကလည္း မိုဘိုင္းနဲ႔ ဒူဘိုင္းကလည္း ျဖစ္ေနၿပီ။အဲ့ဒါကိုဘယ္လိုစမလဲ၊ ကမာၻလွည့္ခရီးသည္ေတြသိေအာင္ ဟုတ္တယ္ မဟုတ္လား။ ဒီေဖ့ဘြတ္ကေနတစ္ဆင့္ အင္တာနက္ ဆိုရွယ္မီဒီယာကေနတစ္ဆင့္ ကိုယ့္႐ုပ္ပုံေလးလွေအာင္ ဘယ္လိုလုပ္မလဲ၊ အဲ့ဒါကို တကယ့္ကို မီဒီယာသမားေတြကို အားကိုးၿပီးေတာ့ လုပ္မွရမွာကို၊ ျပန္ၾကားေရးဝန္ႀကီးဌာန သြားလုပ္ခိုင္းရင္ေတာ့ ဘာမွရမွာမဟုတ္ဘူး၊ လုပ္သားျပည္သူအခ်င္းခ်င္း အဆင္ေျပတာကို မႀကိဳက္ဘူး။အဲ့လိုေလာက္ေတာ့ မရဘူးထင္တယ္။ နည္းနည္းေလး လူငယ္ေတြလုပ္တဲ့ပုံစံနဲ႔ တကယ့္ကို ႏိုင္ငံတကာအေတြ႕အႀကဳံ ႏိုင္ငံျခားဟာေတြအားလုံးကို အတုယူၿပီးေတာ့လုပ္မွ ေဖာက္ထြက္မွ ရေတာ့မယ္ထင္တယ္။

ေနာက္ဆုံးေတာ့ အရာရာကို ေဖာက္မထြက္ဘဲနဲ႔ ပုံစံခြက္က်နဲ႔ လုပ္ေနလို႔ကေတာ့ ဒီအတိုင္းပဲ ဆရာထင္တယ္ လိမ္ေနဦးမယ္လို႔ထင္တယ္၊ အခ်ိန္ကလည္းမရွိေတာ့ဘူးကြဲ႕၊ စာခ်ဳပ္ေတြက အခ်ိန္မရွိတဲ့ျပႆနာ၊ အခ်ိန္မရွိေတာ့ အခ်ိန္မရွိေလေလ စိတ္ပူေလ၊ စိတ္ပူေလေလ မလုပ္တတ္ေလ ျဖစ္တာေလ၊ ဟုတ္တယ္ မဟုတ္လား၊ ဆရာထင္တာေတာ့ အခ်ိန္ရွိတာ တစ္ရက္လည္း တစ္ရက္ေပါ့။လုပ္လို႔ရတယ္လို႔ ဆရာေတာ့ ေအာက္ေမ့တာပဲ။

Opinion Leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ဇူလိုင္ - ၃၁