【 ယခုတစ်ပတ် နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ထရမ့် ကို အလျှော့မပေးသေးတဲ့ အမေရိကန်လွှတ်တော်

【 ယခုတစ်ပတ် နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ထရမ့် ကို အလျှော့မပေးသေးတဲ့ အမေရိကန်လွှတ်တော်

ယခုတစ်ပတ်သတင်းတွေထဲမှာ အမေရိကန်သမ္မတထရမ့်နဲ့ အမေရိကန်လွှတ်တော်အကြားဖြစ်နေတဲ့ ဘတ်ဂျက်ကိစ္စနဲ့ တရုတ်နိုင်ငံကိုသွားတဲ့ အမေရိကန်နိုင်ငံသားတွေကို သတိထားဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက  သတိပေးချက်ထုတ်ပြန်တဲ့ သတင်း၊လူအသေအပျောက်ရှိလာတဲ့ ဟိန္ဒူဘုရားကျောင်းထဲ အမျိုးသမီးတွေကို ဝင်ခွင့်ပေးခဲ့တဲ့ ပြဿနာသတင်း၊ပြင်သစ်ရဲ့ တစ်ကျော့ပြန် အဝါရောင် အကျီဝတ်ကမ်ပိန်း သတင်း၊ ထိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း ပါဘက်သတင်းနဲ့ လူ ၁၂၆ ယောက်ထိ သေဆုံး မှုတိုးလာတဲ့ ဖိလစ်ပိုင်မုန်တိုင်းသတင်းတွေက ထိပ်တန်းသတင်းတွေဖြစ်ခဲ့ပါတယ်။

ထရမ့် ကို အလျော့မပေးသေးတဲ့ အမေရိကန်လွှတ်တော်

ယခုတစ်ပတ်သတင်းတွေထဲမှာ အမေရိကန်သမ္မတထရမ့်နဲ့ အမေရိကန်လွှတ်တော်အကြားဖြစ်နေတဲ့ ဘတ်ဂျက်ကိစ္စနဲ့ တရုတ်နိုင်ငံကိုသွားတဲ့ အမေရိကန်နိုင်ငံသားတွေကို သတိထားဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက  သတိပေးချက်ထုတ်ပြန်တဲ့ သတင်းတွေက ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။

မက္ကဆီကိုနယ်စပ်တစ်လျှောက် တည်ဆောက်မယ့် တံတိုင်းအတွက် ဒေါ်လာ ၅ ဘီလျံပါဝင်တဲ့ ဘတ် ဂျက်ကိုအတည်ပြုဖို့ ထရမ့်အစိုးရက ဒီဇင်ဘာလကတည်းက ကြိုးပမ်းခဲ့ရာမှာ လိုအပ်တဲ့ မဲအရေအတွက် အ ထက် လွှတ်တော်ကနေ မရရှိခဲ့လို့ အစိုးရဝန်ထမ်း ၈၀ဝ,ဝဝဝ ခန့် ဒီဇင်ဘာ ၂၂ ရက်မှစ၍ လစာမရရှိသေး ပါဘူး။ ဘတ်ဂျက်ထဲမှာ တံတိုင်းအတွက်မပါတဲ့အတွက် ထရမ့်က လက်မှတ်ထိုးမည်မဟုတ်ကြောင်း ငြင်းဆို ထားခဲ့ပါ တယ်။

ဒီမိုကရက်တစ်တွေနဲ့ ရီပတ်ဘလီကင်အချို့က ၅ဘီလျံ ကုန်မယ့် နယ်စပ်တံတိုင်းဆောက်တဲ့ ကိစ္စကို လာမည့် ၂၀၂၀ အတွက် မဲဆွယ်ရာမှာ သုံးဖို့အတွက် ထရမ့်ရဲ့လုပ်ရပ်အဖြစ်နားလည်ထားကြတဲ့ အတွက် ခွင့် မပြုပါဘူး။ထရမ့်ကတော့ ခွင့်မပြုရင် အမေရိကန်အစိုးရယန္တရားတစ်စိတ်တစ်ပိုင်းရပ်တန့်မှုကိုလချီ (သို့မဟုတ်) နှစ်ချီသည့်တိုင် ရင်ဆိုင်ရန်အသင့်ပြင်ထားကြောင်း၊ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာပြီး လွှတ်တော် ခွင့်ပြုချက် မယူဘဲ မက္ကဆီကိုနယ်စပ်မှာ  နယ်စပ်တံတိုင်းတည်ဆောက်နိုင်တယ်လို့ပြောခဲ့ပါတယ်။

ရက်သတ္တပတ် ၃ ပတ်ကြာနေပြီဖြစ်တဲ့ ဒီအကြပ်အတည်းက ဒီထက်မကကြာလာဖို့ရှနေတဲ့ အတွက် အမေရိကန်မှာ စတော့ဈေးနူန်းတွေ ကျဆင်းတာဖြစ်လာသလို လစာမပေးချေရတာတွေ၊တခြားသော အများ သုံးဝန်ဆောင်မှုတွေ ရပ်ဆိုင်းတာတွေအထိ ဖြစ်လာနိုင်တာတွေ ရှိနေပါတယ်။ထရမ့်အနေနဲ့ ဒီမိုကရက်တစ်တွေ ပြန်ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်ကို ရင်ဆိုင်နေရတဲ့ အတွက် အလျော့ပေးဖို့ မမြင်ပါဘူး။

မက္ကဆီကိုနယ်စပ်မှာလည်း ရွှေ့ပြောင်းအုပ်စုရဲ့ ကျူးကျော်ဝင်ရောက်လာမှုကို ဖြေရှင်းဖို့ အမေရိကန် နယ်ခြားစောင့်တပ်ဖွဲ့များက မျက်ရည်ယိုဗုံးများနဲ့ တားဆီးနေရပါတယ်။

ဒီလို ဘတ်ဂျက်ကိစ္စ၊ နယ်စပ်ကိစ္စတွေနဲ့ အမေရိကန်အစိုးရအဖို့ အကြပ်အတည်း လိပ်ခဲတည်း လည်း ဖြစ်နေချိန်မှာ ကာကွယ်ရေးဝန်ကြီးဂျင် မတ်တစ်နုတ်ထွက်မှုနောက်ကို ပင်တဂွန်ဝန်ထမ်းရေးရာ အကြီးအကဲ ရေတပ်ဗိုလ်ချုပ် ဆွန်နေးကပါ နူတ်ထွက်မှုကို တွေကြုံနေ ရပါတယ်။

ဟွာဝေးဘဏ္ဍာရေးအကြီးအကဲကို ကနေဒါဘက်က ဖမ်းဆီးပြီးနောက်မှာ အာမခံနဲ့ ပြန်လွှတ်ပြီးနောက် မှာ တရုတ်ဘက်က လက်တုံပြန်မှုတွေရှိလာပြီး ကနေဒါနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခဲ့တဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံသားတွေကို တရုတ်နိုင်ငံသွားရာမှာ သတိထားသွားလာဖို့ သတိ ပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံထဲ အမေရိကန်နိုင်ငံသားသုံးဦး စီးပွားရေး ရာဇဝတ်မှုများကျူးလွန်ခဲ့မှုနဲ့ စွပ်စွဲခံထားရပြီးနိုင်ငံတွင်းမှ ထွက်ခွာခွင့်ပိတ်ပင်ခံထားရသလို ကနေဒါနိုင်ငံသား ၁၃ ဦးထိန်းသိမ်းခံထားရတယ်လို့ ဆိုပါတယ်။

ဒီလို ပြည်တွင်းပြည်ပ ပြဿနာတွေနဲ့ လုံးထွေးနေတဲ့ အမေရိကန်ကတော့ ယူနက်စကိုကနေ ဇန်နဝါရီ ၂ ရက်မှာ အစ္စရေးနဲ့ အတူ  နူတ်ထွက်ခဲ့ပါတယ်။ တရုတ်ကိုတုံ့ပြန်ရေးအတွက် ဂျပန်နိုင်ငံအိုကီနာဝါကျွန်း တစ်ဝိုက်တွင် ယခုနှစ် အ တွင်း ၎င်းတို့၏ ပထမဆုံးဒုံးကျည်ပစ်ခတ်လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ် ကြောင်း ဇန်နဝါရီ ၃ ရက်က ထုတ်ပြန် ခဲ့ပါတယ်။တရုတ်ကတော့ ဇန်နဝါရီ ၃ ရက်မှာ သူရဲ့ လစူးစမ်းလေ့လာရေး ယာဉ် Chang’e – 4 ကို ကမ္ဘာ့ပထမဆုံး လရဲ့ တစ်ဖက်ခြမ်းဆီမှာဆင်းသက်စေနိုင်ခဲ့ပါတယ်။    

သမ္မတ ထရမ့်လက်ထက် အမေရိကန်ရဲ့ ခြေလှမ်းတွေကို မှန်းဆလို့မရနိုင်သလို ပြည်တွင်းဘတ်ဂျက်နဲ့ တရုတ်နဲ့ ထိတွေ့မှုတွေမှာ ဘာဖြစ်လာဦးမလဲ ဆိုတာ နောက်တစ်ပတ်သတင်းတွေထိ စောင့်ကြည့်ရဦး မှာ ဖြစ်ပါတယ်။

အာရှက ဟိန္ဒူဘုရားကျောင်း နဲ့ ဥရောပ၊ တောင်အမေရိက ပဋိပက္ခများ

ယခုတစ်ပတ် လှုပ်လှုပ်ခတ်ခတ် သတင်းတွေထဲမှာ သတိထားစရာဖြစ်ခဲ့တာက ဇာတ်နိမ့်ဇာတ်မြင့်နဲ့ လိင်ခွဲခြားမှု ပြင်းထန်တဲ့ အိန္ဒိယမှာ ဟိန္ဒူဘုရားကျောင်းထဲ အမျိုးသမီးတွေကို ဝင်ခွင့်ပေးခဲ့တဲ့ ပြဿနာက ယခုထက်တိုင် ပြီးစီးခြင်းမရှိသေးပါဘူး။အိန္ဒိယနိုင်ငံ ကာရာလာပြည်နယ်မှာရှိတဲ့ ဆာဘာရီမာလာဟိန္ဒူ ဘုရား ကျောင်းအတွင်းအသက် ၁၀ နှစ်ကနေ ၅၀ ကြားရှိတဲ့ အမျိုးသမီးတွေကိုဝင်ရောက်ခွင့် တားမြစ်ပိတ်ပင်ထား တာကို စက်တင်ဘာလအတွင်း အိန္ဒိယတရားရုံးချုပ်က ပယ်ချခဲ့ပါတယ်။

ဒီပယ်ချမှုနောက်ပိုင်းမှာ လိင်ခွဲခြားမှု ပြင်းထန်တဲ့ အိန္ဒိယမှာ ဒီလိုဘာသာရေးအရ မြင့်မြတ်တဲ့ နေရာကို အမျိုးသမီးတွေ ဝင်ရောက်ခွင့်ပြုခဲ့လို့ ဒေါသ ပုန်ထကာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြရာကနေ အာဏာပိုင်တွေနဲ့ ထိပ်တိုက်တိုးမှုတွေ ဖြစ်ပြီး ဆူပူဆန္ဒပြမှုတွေ ဖြစ်လို့ လူပေါင်း ၁၃၀ဝခန့်ကို ဖမ်းဆီးခဲ့ပါတယ်။ထူးခြားတာက မြင့်မြတ်တဲ့ ဘုရားကျောင်းဝင်းအတွင်း ဓမ္မတာ လာတဲ့ အရွယ် အမျိုးသမီးတွေ ဝင်ရောက်ခွင့်ပိတ်ပင်ထားတဲ့ ဓလေ့ထုံးစံကို ခုလိုတရားရုံးချုပ်ကပယ်ဖျက် တာ ကို အဓိက ကန့်ကွတ်နေကြတာက အမျိုးသမီးအများစုပါတဲ့ ဟိန္ဒူဘာသာရေးသဘောထားတင်းမာသူတွေပါ။

ဇန်နဝါရီ ၂ ရက်နေ့မှာ အသက် ၄၀ အရွယ် အမျိုးသမီးနှစ်ဦးဟာ ရဲအစောင့်အရှောက်နဲ့ ဘုရားကျောင်း အတွင်းဝင်ရောက်ခဲ့ရာကနေ တရားရုံးရဲ့ စီရင်ချက် ပထမဆုံးအသက်ဝင်လာပြီးနောက်  နှစ်ရက်တာ ပြင်းပြင်း ထန်ထန် ဆန္ဒပြမှုတွေဖြစ်ပွားခဲ့တာပါ။ ဒီဆန္ဒပြမှုတွေမှာ လူတစ်ဦး သေဆုံးပြီး အနည်းဆုံး ၁၅ ဦး ဒဏ်ရာရရှိခဲ့ ပါတယ်။ ဒါပေမယ့် လည်း နှစ်ရက်တာဆူပူဆန္ဒပြမှုတွေ အပြီးသောကြာနေ့မှာတော့ သီရိလင်္ကာသူ အမျိုးသမီး တစ်ဦးက တတိယမြောက်အမျိုးသမီးအဖြစ် ဆာဘာရီမာလာဘုရားကျောင်းအတွင်း ကိုဝင်ရောက်ခဲ့ တဲ့အတွက် လိင်ခွဲခြားမှု ပြင်းထန်တဲ့ အိန္ဒိယတောင်ပိုင်းမှာ  ဘာတွေ ဆက်ဖြစ်ဦးမလဲဆိုတာ စောင့်ကြည့်ရပါဦး မယ်။

အိန္ဒိယလိုပဲ နောက်ထပ်ဖြစ်နေတဲ့ နေရာတစ်ခုကတော့ ဘရားဇီးနိုင်ငံမှာပါ။ဘရားဇီးမှာတော့ အိန္ဒိယ လိုမျိုးမဟုတ်ဘဲ ဈေးဆိုင်တွေ၊ ဘဏ်တွေနဲ့ ဘတ်စ်ကားတွေအပေါ် ဂိုဏ်းဖွဲပြီး လုယက်ရာဇဝတ်မှုတွေ ဒါဇင်နှင့် ချီပြီး ဖြစ်ခဲ့တဲ့အတွက် ဘရာဇီးစစ်တပ်က တပ်ဖွဲ့ဝင်တွေကို စေလွှတ်ပြီး  ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားလာ ရ တာပါ။ အမြစ်တွယ်နေသောရာဇဝတ်မှုများကိုတိုက်ဖျက်မည်ဆိုသောကတိကဝတ်နဲ့  ရွေးကောက်ခံရတဲ့ ဂျာဘိုလ်ဆိုနာရို သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး ရက်ပိုင်းအကြာမှာ အကျဉ်းထောင်တွေကို ပိုမိုတင်းကျပ် သောအရေးယူဆောင်ရွက်မှု အသစ်တွေစတင်လာတာကနေ ယခုလို အကြမ်းဖက်မှုတွေ ဖြစ်လာရတာပါ။

ကမ္ဘာ့တတိယမြောက် အကျဉ်းသားဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ ဘရားဇီးနိုင်ငံမှာ ရာဇဝတ်မှု့ နဲ့ အဂတိ လိုက်စားမှုတွေက ဒင်းကြမ်းဖြစ်နေတဲ့ အတွက် သမ္မတအသစ် ဘယ်လောက်ထိ ကိုင်တွယ်နိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ နောက်ထပ် အမေရိကနိုင်ငံတစ်ခုဖြစ်တဲ့ မက္ကဆီကိုမှာတော့ ခြိုးခြံချွေတာရေး တက်ကြွလှုပ်ရှားသူ သမ္မတသစ် အိုဘရာဒေါတက်လာပြီး ပွဲတစ်ခုမှာ ၎င်းရဲ့ ပြောင်တလင်းခါနေတဲ့ သူ့ရဲ့ ပိုက်ဆံအိတ်ကို သတင်းထောက်တွေကို ဖွင့်ပြရင်း ပိုင်ဆိုင်ကြွယ်ဝမှု မရှိသလောက် နည်းပါးတာကို သက် သေပြပါတယ်။ပြင်းထန်လွန်းတဲ့ ခြိုးခြံချွေတာရေးလမ်းစဉ်တွေကြောင့် ဝေဖန်ခံနေရတဲ့ မက္ကဆီကို သမ္မတ သစ်ရဲ့ လုပ်ဆောင်မှုတွေ တစ်ကယ်ဘဲ အသက်ဝင်လာဖို့ရှိသလားဆိုတာကို ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါ တယ်။

ဥရောပမှာဖြစ်နေတဲ့ ပြဿနာကတော့  ပြင်သစ်ရဲ့ တစ်ကျော့ပြန် အဝါရောင် အကျီဝတ်ကမ်ပိန်းပါ။ အစကတော့ စက်သုံးဆီဈေးနူန်းတွေကြောင့် ဖြစ်ရတဲ့ ကမ်ပိန်းဖြစ်ပေမယ့် ယခု ဇန်နဝါရီ ၅ ရက်မှာ ဖြစ်တဲ့ ကမ်းပိန်းကတော့ မက်ခရွန်အစိုးရ ပြုတ်ကျရေးသက်သက်ကိုပဲလိုချင်နေတဲ့ သဘောထား တင်းမာသူတွေရဲ့ ဆန္ဒပြမှုတွေပါ။

နိုဝင်ဘာလအတွင်းက လောင်စာဆီခွန် တိုးကောက်မယ့် အစိုးရအစီအစဉ်နဲ့  နေထိုင်မှုစရိတ်တွေ ကြီး လေးတာကြောင့် အဝါရောင် အကျီဝတ်ကမ်ပိန်းတွေ ထပ်ခါတလဲလဲဖြစ်ပေါ်ခဲ့ရာမှာ အစိုးရဖက်က အလျှော့ပေး တဲ့အနေနဲ့ လောင်စာခွန်ကိုခြောက်လအတွင်း တိုးမြှင့်ကောက်ခံမှာ မဟုတ်ကြောင်း ကြေညာခဲ့လို့ ဆန္ဒပြမှုတွေ အရှိန်လျော့ကျသွားခဲ့ရာမှာ  ယခု ၈ ကြိမ်မြောက်အဖြစ် ပြန်ဖြစ်လာခဲ့တာပါ။ ဆန္ဒပြသူတွေက အစိုးရအ ဆောက်အအုံတစ်လုံးဝင် ပေါက်ကိုဆောက်လုပ်ရေးလုပ် ငန်းခွင်သုံးကားတစ်စီးအသုံးပြု ကာချိုးဖျက်ရန် ကြိုးစားခဲ့လို့   ပြင်သစ်အစိုးရတာဝန်ရှိသူတစ်ဦး နောက်ဖေးတံခါးမှ တစ်ဆင့် ဘေးကင်းရာထွက်ပြေးခဲ့ရတဲ့ အထိဖြစ်ခဲ့ပါတယ်။ စတင်စဉ်က ချီတက်ဆန္ဒပြမှုကို ငြိမ်းချမ်းစွာစတင်ခဲ့ပေမယ့် မွန်းလွဲပိုင်းမှာ ရုန်းရင်းဆန် ခတ်မှုတွေ ဖြစ်ပွားခဲ့လို့ ဆန္ဒပြသူတွေက အဓိကရုဏ်းဖြိုခွင်းရေးရဲတပ်ဖွဲ့ဝင်များကိုအရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ သလို ရဲတပ်ဖွဲ့ဝင်များကမျက်ရည်ယိုဗုံးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့လို့ နှစ်ဘက်ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ခဲ့တာပါ။

ဥရောပ အနာဂတ်ခေါင်းဆောင်အဖြစ် ရှုမြင်ခံထားရတဲ့ ပြင်သစ်သမ္မတမက်ခရွန်အဖို့ ယခုပြဿနာကို ရေတိုနည်းနဲ့ ရှင်းရာမှာ အလုပ်မဖြစ်တဲ့ အတွက် ဘယ်လိုဖြေရှင်းမလဲ ဆိုတာနဲ့ ပြင်သစ်အစိုးရပြုတ်ကျတဲ့ အ ထိ ဒီပြဿနာက ကျယ်ပြန့်လာမလားဆိုတာ ဆက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ ကွန်ဂိုသမ္မတရွေးကောက်ပွဲရလဒ် သတ်မှတ်ရက်မှာ မထုတ်ပြန်နိုင် လို့ မကျေနပ်မှုတွေ ကွန်ဂိုပြည်သူများကြား တိုးပွားနေတဲ့ သတင်း၊ ကွာလာလမ်ပူ မြို့ရှိ ဖျော်ဖြေရေးလုပ်ငန်း တစ်ခုကို ရဲတပ်ဖွဲ့စီးနင်းခဲ့ရာမှာ မလေးရှား ကာကွယ်ရေးဝန်ကြီးမိုဟာမက်ဆာဘူ၏သားပါဝင်နေတဲ့ သတင်း၊ အကြမ်းဖက်တိုက်ခိုက်မှု များနှင့် ရွေးကောက်ပွဲမသမာမှု များ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကို အမှီ အခို ကင်းသော၊ ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ရန် ကုလသမဂ္ဂက တိုက်တွန်းလိုကတဲ့ သတင်း၊ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ မဲလိမ်မှုတွေရှိတယ်ဆိုတဲ့ အတိုက်အခံများ၏ စွပ်စွဲချက်များကို ဘင်္ဂလားဒေ့ရှ် လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာစီနာ ငြင်းပယ်လိုက်တဲ့ သတင်း၊ ပြည်သူပိုင်ငွေဖြင့် သီချင်းခွေတစ်ခွေထုတ်ရန် တောင်အာဖရိကသမ္မတဟောင်း ဂျက်ကော့ဇူးမား စီစဉ်နေတဲ့ သတင်း၊ ရာပေါင်းများစွာသော နိုင်ငံရေး သမား များ၏ အချက်အလက်များ ပေါက်ကြားစေခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ ဘီအက်စ် အိုင်က  ခုခံပြောဆိုခဲ့တဲ့သတင်းတွေနည်းတူ အများပြည်သူကို စိတ်ဝင်စားမှု ပိုစေခဲ့ပါတယ်။

ထိုင်းနဲ့ ဖိလစ်ပိုင် နှစ်သစ်မှာ ကြုံလိုက်ရတဲ့ သဘာဝဘေး

ယခုတစ်ပတ် သဘာဝဘေးတွေထဲမှာ သတိထားစရာဖြစ်ခဲ့တာက ဖိလစ်ပိုင်နဲ့ ထိုင်းကို ဝင်ခဲ့တဲ့ အပူ ပိုင်းမုန်တိုင်းတွေပါ။ ဖိလစ်ပိုင်မှာတော့ ဒီဇင်ဘာ ၂၉ ရက်ကနိုင်ငံရဲ့ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းကိုဝင်ခဲ့တာ ဖြစ်ပြီး မုန်တိုင်းတိုက်ပြီးမိုးသည်းထန်စွာရွာတာကနေ မြေပြိုပြီး မနီလာမြို့ အရှေ့တောင်ပိုင်းက Bic ol တောင် ကုန်းဒေသမှာလူပေါင်း ၁၀ဝ ကျော် သေဆုံးခဲ့ရပါတယ်။ဇန်နဝါရီ ၆ ရက် အာဏာပိုင်တွေ ထုတ်ပြန်တဲ့ အချိန် အထိ သေဆုံးသူဦးရေဟာယခုအခါ ၁၂၆ ဦးထိရှိလာသလို ထပ်မြင့်တက်လာဖွယ်လည်း ရှိနေပါတယ်။

ထိုင်းမှာတော့ နှစ် ၃၀ အတွင်း အဆိုးရွားဆုံးသောမုန်တိုင်းတစ်ခုဖြစ်လာတဲ့  အပူပိုင်းမုန်တိုင်း ပါဘက် ဟာ  ဇန်နဝါရီ ၄ ရက်မှာပဲထိုင်းတောင်ပိုင်းကဆူရတ်ဌာနခရိုင်ဒေသကကမ်းရိုးတန်းဆီ စတင်ဝင်ရောက် တိုက် ခတ်ခဲ့ပါတယ်။မုန်တိုင်းဗဟိုချက်မှာအမြင့်ဆုံးလေတိုက်နှုန်းတစ်နာရီကို ၇၅ ကီလိုနှုန်းအထိရှိခဲ့တဲ့ အပူပိုင်းမုန် တိုင်း ပါဘက်ကြောင့် ခိုစမွီ၊ ခိုထောင်နဲ့ ခိုဖန်ဂန်ကျွန်းတွေကနေ ဒေသခံ လူထောင်ချီရွှေ့ပြောင်းခဲ့ရပြီး ခိုလှုံရေး စခန်းတွေဆီပြောင်းရွှေ့နေထိုင်နေကြရသလိုလေဆိပ်တွေ ၊ ဖယ်ရီပြေးဆွဲမှုတွေကိုရပ်နားပိတ်သိမ်းထား ခဲ့ရ ပါတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူးရာသီဖြစ်တာကြောင့် ခိုဖန်ဂန်နဲ့ ခိုတောင်ကျွန်းတွေမှာအားလပ်ရက် အပန်းဖြေ သူတွေနဲ့ စည်ကားနေခဲ့ရာကနေ အပူပိုင်းမုန်တိုင်းကြောင့် ထိုင်းနိုင်ငံကနာမည်ကြီးအပန်းဖြေကျွန်း တစ်ချို့က ထောင်သောင်းများစွာသောခရီးသွားဧည့်သည်တွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။

အပူပိုင်းမုန်တိုင်း ပါဘက်ဟာ ထိုင်းနိုင်ငံတောင်ပိုင်းတစ်ခုလုံးသို့ ဝင် ရောက်ခဲ့ပြီးကျယ်ပြန့်သောရေ ကြီးမှုများ ဖြစ်ပေါ်ကာမဟာဓာတ်အားလိုင်းလဲကျမှုများဖြစ် ပေါ်ခဲ့ကာ  ရေကြီးမှုများ၊ လျှပ်စစ်မီးပြတ်တောက် မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် နေအိမ်နဲ့ အဆောက်အဦးတွေ ပျက်စီးမှုတွေရှိပေမယ့် လူသေဆုံးမှုက ငါးဖမ်းသမားတစ်ဦးသာရှိပြီး တစ်ဦးက ပျောက်ဆုံးခဲ့ပါတယ်။မုနု်တိုင်းအတွက် ထိုင်းအာဏာပိုင်တွေရဲ့ ပြင်ဆင် မှုက အတော်လေးကောင်းခဲ့ပြီး ကမ္ဘာလှည့်ခရီးသည်တွေ ထိခိုက်မှု မရှိအောင် စီမံနိုင်ခဲ့ပါတယ်။

သဘာဝဘေးက အာရှမှာသာဖြစ်နေတာ မဟုတ်ပါဘူး။ဥရောပမှာလည်း နှင်းမုန်တိုင်းက မြေထဲပင် လယ်ဒေသဖြစ်တဲ့ ဂရိကိုဝင်တိုက်ခတ်လို့  အမျိုးသမီးကြီးတစ်ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံး နေခဲ့ပါတယ်။ ဂရိနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းမှာ တစ်ပတ်နီးပါးကြာ အပူချိန် သုညဒီဂရီအောက် ရောက်နေလို့ ဆီးနှင်း များထူထပ်စွာကျဆင်းပြီး လေကြောင်းခရီးစဉ်တွေ ကမောက်ကမဖြစ်ခဲ့ရပါတယ်။ဒီအအေးဒဏ်ပိုတဲ့ သဘာ ဝဘေးက ဂရိနိုင်ငံတစ်နိုင်ငံထဲဖြစ်နေတာ မဟုတ်ပါဘူး။ ဂျာမနီနှင့် ဩစတြီးယားတို့တွင် ဆီးနှင်းများထူထပ်စွာ ကျဆင်းနေလို့ လေကြောင်းခရီးစဉ်များစွာဖျက်သိမ်းခဲ့ရတာတွေရှိပါတယ်။

ဂျာမနီမြောက်ပိုင်းမှာ မုန်တိုင်းZeetjeတိုက်ခိုက်နေသလို ဒီမုန်တိုင်းကြောင့် ကွန်တိန်နာအလုံး ၁၉,၀၀၀ တင်ဆောင်နိုင်တဲ့ ဥရောပရဲ့ အကြီးဆုံးကုန်တင် သင်္ဘောဖြစ်တဲ့ MSC Zoe ကုန် သင်္ဘောပေါ်မှ ကွန်တိန်နာ ၂၇၀ ခန့်ပြုတ်ကျခဲ့ပါတယ်။ ဒီကွန်တိန်နာတွေထဲမှာ ဓာတုပစ္စည်းတွေထည့်ထားလို့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင် များက ကွန်တိန်နာတွေ မျောပါသောင်တင်ရာ မြေထဲပင်လယ်တစ်ဝိုက်ကျွန်းတွေမှာ ရှာဖွေနေရပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ်စိတ်ဝင်စားစရာသတင်းတွေဖြစ်တဲ့ အီဂျစ်နိုင်ငံကိုင်ရိုမြို့ အရှေ့ပိုင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအနီး တွေ့ရှိတဲ့ ဗုံးတစ်လုံးကို စနက်တံဖြုတ်စဉ်ပေါက်ကွဲလို့ ကျွမ်း ကျင်ပညာ ရှင်ရဲအရာရှိသေဆုံးပြီး ၃ ဦးဒဏ်ရာရတဲ့ သတင်း၊ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ကိုလံဘီယာအစိုးရပိုင် ကာနိုလီမွန် ပိုက်လိုင်းပျက်စီးကာ ရေနံစိမ်း ယိုစိမ့်မှုဖြစ်ခဲ့တဲ့သတင်း၊ ဒိန်းမတ်နိုင်ငံ Great Belt တံတားပေါ် ရထား မတော် တဆဖြစ်လို့ လူခြောက်ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့တဲ့သတင်း၊ ဂျာမနီနိုင်ငံမှာ နှစ်သစ်ကူးပွဲဆင်နွှဲနေ တဲ့ လူတစ်စုထဲ ကားနဲ့ ဝင်တိုက်ခဲ့လို့ လူလေးဦး ဒဏ်ရာ ရရှိခဲ့တဲ့သတင်း၊ သော့ခတ်ထားသည့် အခန်းထဲ Escape Room ဂိမ်းကို ကစားနေစဉ် မီးလောင်မှုဖြစ်ပွားလို့ ပိုလန်မိန်းကလေးငါးဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့တဲ့သတင်း၊ အိန္ဒိယနိုင်ငံ နယူးဒေလီမှာ  အဆောက်အအုံတစ်လုံး ပေါက်ကွဲ ပြိုကျလို့ ကလေး ငယ်အပါအဝင် လူခြောက်ဦး သေဆုံးခဲ့တဲ့သတင်း၊ အိန္ဒိယနိုင်ငံမြောက် ပိုင်းမှာ ဘတ်စ်ကားတစ်စီး လျှိုထဲသို့ ပြုတ်ကျလို့ ယာဉ်မောင်းနှင့်အတူ ကျောင်းသားငယ်ခြောက် ဦး သေဆုံးပြီး ၁၂ ဦးကျော် ဒဏ် ရာရရှိခဲ့တဲ့ သတင်း စတဲ့ သတင်းတွေနည်းတူ လူအသေအပျောက် ရာချီရှိခဲ့တဲ့ အချိန်အခါမဲ့ မုန်တိုင်း သဘာဝဘေး သတင်းက အများပြည်သူကြား စိတ်ဝင်စားမှု ပိုစေခဲ့တယ်ဆိုတာတင်ပြရင်း ယခုတစ်ပတ် သတင်းသုံး သပ်ချက်ကို ဒီမှာဘဲ ရပ်နားလိုက်ချင်ပါတယ်။

မင်းထက်
ဇန်နဝါရီ - ၇

( Zawgyi )

ယခုတစ္ပတ္သတင္းေတြထဲမွာ အေမရိကန္သမၼတထရမ့္နဲ႔ အေမရိကန္လႊတ္ေတာ္အၾကားျဖစ္ေနတဲ့ ဘတ္ဂ်က္ကိစၥနဲ႔ တ႐ုတ္ႏိုင္ငံကိုသြားတဲ့ အေမရိကန္ႏိုင္ငံသားေတြကို သတိထားဖို႔ အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက  သတိေပးခ်က္ထုတ္ျပန္တဲ့ သတင္း၊လူအေသအေပ်ာက္ရွိလာတဲ့ ဟိႏၵဴဘုရားေက်ာင္းထဲ အမ်ိဳးသမီးေတြကို ဝင္ခြင့္ေပးခဲ့တဲ့ ျပႆနာသတင္း၊ျပင္သစ္ရဲ႕ တစ္ေက်ာ့ျပန္ အဝါေရာင္ အက်ီဝတ္ကမ္ပိန္း သတင္း၊ ထိုင္းကို ဝင္ေရာက္တိုက္ခတ္ခဲ့တဲ့ အပူပိုင္းမုန္တိုင္း ပါဘက္သတင္းနဲ႔ လူ ၁၂၆ ေယာက္ထိ ေသဆုံး မႈတိုးလာတဲ့ ဖိလစ္ပိုင္မုန္တိုင္းသတင္းေတြက ထိပ္တန္းသတင္းေတြျဖစ္ခဲ့ပါတယ္။

ထရမ့္ ကို အေလ်ာ့မေပးေသးတဲ့ အေမရိကန္လႊတ္ေတာ္

ယခုတစ္ပတ္သတင္းေတြထဲမွာ အေမရိကန္သမၼတထရမ့္နဲ႔ အေမရိကန္လႊတ္ေတာ္အၾကားျဖစ္ေနတဲ့ ဘတ္ဂ်က္ကိစၥနဲ႔ တ႐ုတ္ႏိုင္ငံကိုသြားတဲ့ အေမရိကန္ႏိုင္ငံသားေတြကို သတိထားဖို႔ အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက  သတိေပးခ်က္ထုတ္ျပန္တဲ့ သတင္းေတြက ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။

မကၠဆီကိုနယ္စပ္တစ္ေလွ်ာက္ တည္ေဆာက္မယ့္ တံတိုင္းအတြက္ ေဒၚလာ ၅ ဘီလ်ံပါဝင္တဲ့ ဘတ္ ဂ်က္ကိုအတည္ျပဳဖို႔ ထရမ့္အစိုးရက ဒီဇင္ဘာလကတည္းက ႀကိဳးပမ္းခဲ့ရာမွာ လိုအပ္တဲ့ မဲအေရအတြက္ အ ထက္ လႊတ္ေတာ္ကေန မရရွိခဲ့လို႔ အစိုးရဝန္ထမ္း ၈၀ဝ,ဝဝဝ ခန႔္ ဒီဇင္ဘာ ၂၂ ရက္မွစ၍ လစာမရရွိေသး ပါဘူး။ ဘတ္ဂ်က္ထဲမွာ တံတိုင္းအတြက္မပါတဲ့အတြက္ ထရမ့္က လက္မွတ္ထိုးမည္မဟုတ္ေၾကာင္း ျငင္းဆို ထားခဲ့ပါ တယ္။

ဒီမိုကရက္တစ္ေတြနဲ႔ ရီပတ္ဘလီကင္အခ်ိဳ႕က ၅ဘီလ်ံ ကုန္မယ့္ နယ္စပ္တံတိုင္းေဆာက္တဲ့ ကိစၥကို လာမည့္ ၂၀၂၀ အတြက္ မဲဆြယ္ရာမွာ သုံးဖို႔အတြက္ ထရမ့္ရဲ႕လုပ္ရပ္အျဖစ္နားလည္ထားၾကတဲ့ အတြက္ ခြင့္ မျပဳပါဘူး။ထရမ့္ကေတာ့ ခြင့္မျပဳရင္ အေမရိကန္အစိုးရယႏၲရားတစ္စိတ္တစ္ပိုင္းရပ္တန႔္မႈကိုလခ်ီ (သို႔မဟုတ္) ႏွစ္ခ်ီသည့္တိုင္ ရင္ဆိုင္ရန္အသင့္ျပင္ထားေၾကာင္း၊ ႏိုင္ငံေတာ္အေရးေပၚအေျခအေနေၾကညာၿပီး လႊတ္ေတာ္ ခြင့္ျပဳခ်က္ မယူဘဲ မကၠဆီကိုနယ္စပ္မွာ  နယ္စပ္တံတိုင္းတည္ေဆာက္ႏိုင္တယ္လို႔ေျပာခဲ့ပါတယ္။

ရက္သတၱပတ္ ၃ ပတ္ၾကာေနၿပီျဖစ္တဲ့ ဒီအၾကပ္အတည္းက ဒီထက္မကၾကာလာဖို႔ရွေနတဲ့ အတြက္ အေမရိကန္မွာ စေတာ့ေဈးႏူန္းေတြ က်ဆင္းတာျဖစ္လာသလို လစာမေပးေခ်ရတာေတြ၊တျခားေသာ အမ်ား သုံးဝန္ေဆာင္မႈေတြ ရပ္ဆိုင္းတာေတြအထိ ျဖစ္လာႏိုင္တာေတြ ရွိေနပါတယ္။ထရမ့္အေနနဲ႔ ဒီမိုကရက္တစ္ေတြ ျပန္ထိန္းခ်ဳပ္ထားတဲ့ ေအာက္လႊတ္ေတာ္ကို ရင္ဆိုင္ေနရတဲ့ အတြက္ အေလ်ာ့ေပးဖို႔ မျမင္ပါဘူး။

မကၠဆီကိုနယ္စပ္မွာလည္း ေ႐ႊ႕ေျပာင္းအုပ္စုရဲ႕ က်ဴးေက်ာ္ဝင္ေရာက္လာမႈကို ေျဖရွင္းဖို႔ အေမရိကန္ နယ္ျခားေစာင့္တပ္ဖြဲ႕မ်ားက မ်က္ရည္ယိုဗုံးမ်ားနဲ႔ တားဆီးေနရပါတယ္။

ဒီလို ဘတ္ဂ်က္ကိစၥ၊ နယ္စပ္ကိစၥေတြနဲ႔ အေမရိကန္အစိုးရအဖို႔ အၾကပ္အတည္း လိပ္ခဲတည္း လည္း ျဖစ္ေနခ်ိန္မွာ ကာကြယ္ေရးဝန္ႀကီးဂ်င္ မတ္တစ္ႏုတ္ထြက္မႈေနာက္ကို ပင္တဂြန္ဝန္ထမ္းေရးရာ အႀကီးအကဲ ေရတပ္ဗိုလ္ခ်ဳပ္ ဆြန္ေနးကပါ ႏူတ္ထြက္မႈကို ေတြႀကဳံေန ရပါတယ္။

ဟြာေဝးဘ႑ာေရးအႀကီးအကဲကို ကေနဒါဘက္က ဖမ္းဆီးၿပီးေနာက္မွာ အာမခံနဲ႔ ျပန္လႊတ္ၿပီးေနာက္ မွာ တ႐ုတ္ဘက္က လက္တုံျပန္မႈေတြရွိလာၿပီး ကေနဒါႏိုင္ငံသားႏွစ္ဦးကို ဖမ္းဆီးခဲ့တဲ့အတြက္ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အေမရိကန္ႏိုင္ငံသားေတြကို တ႐ုတ္ႏိုင္ငံသြားရာမွာ သတိထားသြားလာဖို႔ သတိ ေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ လက္ရွိမွာ တ႐ုတ္ႏိုင္ငံထဲ အေမရိကန္ႏိုင္ငံသားသုံးဦး စီးပြားေရး ရာဇဝတ္မႈမ်ားက်ဴးလြန္ခဲ့မႈနဲ႔ စြပ္စြဲခံထားရၿပီးႏိုင္ငံတြင္းမွ ထြက္ခြာခြင့္ပိတ္ပင္ခံထားရသလို ကေနဒါႏိုင္ငံသား ၁၃ ဦးထိန္းသိမ္းခံထားရတယ္လို႔ ဆိုပါတယ္။

ဒီလို ျပည္တြင္းျပည္ပ ျပႆနာေတြနဲ႔ လုံးေထြးေနတဲ့ အေမရိကန္ကေတာ့ ယူနက္စကိုကေန ဇန္နဝါရီ ၂ ရက္မွာ အစၥေရးနဲ႔ အတူ  ႏူတ္ထြက္ခဲ့ပါတယ္။ တ႐ုတ္ကိုတုံ႔ျပန္ေရးအတြက္ ဂ်ပန္ႏိုင္ငံအိုကီနာဝါကြၽန္း တစ္ဝိုက္တြင္ ယခုႏွစ္ အ တြင္း ၎တို႔၏ ပထမဆုံးဒုံးက်ည္ပစ္ခတ္ေလ့က်င့္မႈမ်ား ျပဳလုပ္မည္ျဖစ္ ေၾကာင္း ဇန္နဝါရီ ၃ ရက္က ထုတ္ျပန္ ခဲ့ပါတယ္။တ႐ုတ္ကေတာ့ ဇန္နဝါရီ ၃ ရက္မွာ သူရဲ႕ လစူးစမ္းေလ့လာေရး ယာဥ္ Chang’e – 4 ကို ကမာၻ႔ပထမဆုံး လရဲ႕ တစ္ဖက္ျခမ္းဆီမွာဆင္းသက္ေစႏိုင္ခဲ့ပါတယ္။    

သမၼတ ထရမ့္လက္ထက္ အေမရိကန္ရဲ႕ ေျခလွမ္းေတြကို မွန္းဆလို႔မရႏိုင္သလို ျပည္တြင္းဘတ္ဂ်က္နဲ႔ တ႐ုတ္နဲ႔ ထိေတြ႕မႈေတြမွာ ဘာျဖစ္လာဦးမလဲ ဆိုတာ ေနာက္တစ္ပတ္သတင္းေတြထိ ေစာင့္ၾကည့္ရဦး မွာ ျဖစ္ပါတယ္။

အာရွက ဟိႏၵဴဘုရားေက်ာင္း နဲ႔ ဥေရာပ၊ ေတာင္အေမရိက ပဋိပကၡမ်ား

ယခုတစ္ပတ္ လႈပ္လႈပ္ခတ္ခတ္ သတင္းေတြထဲမွာ သတိထားစရာျဖစ္ခဲ့တာက ဇာတ္နိမ့္ဇာတ္ျမင့္နဲ႔ လိင္ခြဲျခားမႈ ျပင္းထန္တဲ့ အိႏၵိယမွာ ဟိႏၵဴဘုရားေက်ာင္းထဲ အမ်ိဳးသမီးေတြကို ဝင္ခြင့္ေပးခဲ့တဲ့ ျပႆနာက ယခုထက္တိုင္ ၿပီးစီးျခင္းမရွိေသးပါဘူး။အိႏၵိယႏိုင္ငံ ကာရာလာျပည္နယ္မွာရွိတဲ့ ဆာဘာရီမာလာဟိႏၵဴ ဘုရား ေက်ာင္းအတြင္းအသက္ ၁၀ ႏွစ္ကေန ၅၀ ၾကားရွိတဲ့ အမ်ိဳးသမီးေတြကိုဝင္ေရာက္ခြင့္ တားျမစ္ပိတ္ပင္ထား တာကို စက္တင္ဘာလအတြင္း အိႏၵိယတရား႐ုံးခ်ဳပ္က ပယ္ခ်ခဲ့ပါတယ္။

ဒီပယ္ခ်မႈေနာက္ပိုင္းမွာ လိင္ခြဲျခားမႈ ျပင္းထန္တဲ့ အိႏၵိယမွာ ဒီလိုဘာသာေရးအရ ျမင့္ျမတ္တဲ့ ေနရာကို အမ်ိဳးသမီးေတြ ဝင္ေရာက္ခြင့္ျပဳခဲ့လို႔ ေဒါသ ပုန္ထကာ ဆန႔္က်င္ကန႔္ကြက္ခဲ့ၾကရာကေန အာဏာပိုင္ေတြနဲ႔ ထိပ္တိုက္တိုးမႈေတြ ျဖစ္ၿပီး ဆူပူဆႏၵျပမႈေတြ ျဖစ္လို႔ လူေပါင္း ၁၃၀ဝခန႔္ကို ဖမ္းဆီးခဲ့ပါတယ္။ထူးျခားတာက ျမင့္ျမတ္တဲ့ ဘုရားေက်ာင္းဝင္းအတြင္း ဓမၼတာ လာတဲ့ အ႐ြယ္ အမ်ိဳးသမီးေတြ ဝင္ေရာက္ခြင့္ပိတ္ပင္ထားတဲ့ ဓေလ့ထုံးစံကို ခုလိုတရား႐ုံးခ်ဳပ္ကပယ္ဖ်က္ တာ ကို အဓိက ကန႔္ကြတ္ေနၾကတာက အမ်ိဳးသမီးအမ်ားစုပါတဲ့ ဟိႏၵဴဘာသာေရးသေဘာထားတင္းမာသူေတြပါ။

ဇန္နဝါရီ ၂ ရက္ေန႔မွာ အသက္ ၄၀ အ႐ြယ္ အမ်ိဳးသမီးႏွစ္ဦးဟာ ရဲအေစာင့္အေရွာက္နဲ႔ ဘုရားေက်ာင္း အတြင္းဝင္ေရာက္ခဲ့ရာကေန တရား႐ုံးရဲ႕ စီရင္ခ်က္ ပထမဆုံးအသက္ဝင္လာၿပီးေနာက္  ႏွစ္ရက္တာ ျပင္းျပင္း ထန္ထန္ ဆႏၵျပမႈေတြျဖစ္ပြားခဲ့တာပါ။ ဒီဆႏၵျပမႈေတြမွာ လူတစ္ဦး ေသဆုံးၿပီး အနည္းဆုံး ၁၅ ဦး ဒဏ္ရာရရွိခဲ့ ပါတယ္။ ဒါေပမယ့္ လည္း ႏွစ္ရက္တာဆူပူဆႏၵျပမႈေတြ အၿပီးေသာၾကာေန႔မွာေတာ့ သီရိလကၤာသူ အမ်ိဳးသမီး တစ္ဦးက တတိယေျမာက္အမ်ိဳးသမီးအျဖစ္ ဆာဘာရီမာလာဘုရားေက်ာင္းအတြင္း ကိုဝင္ေရာက္ခဲ့ တဲ့အတြက္ လိင္ခြဲျခားမႈ ျပင္းထန္တဲ့ အိႏၵိယေတာင္ပိုင္းမွာ  ဘာေတြ ဆက္ျဖစ္ဦးမလဲဆိုတာ ေစာင့္ၾကည့္ရပါဦး မယ္။

အိႏၵိယလိုပဲ ေနာက္ထပ္ျဖစ္ေနတဲ့ ေနရာတစ္ခုကေတာ့ ဘရားဇီးႏိုင္ငံမွာပါ။ဘရားဇီးမွာေတာ့ အိႏၵိယ လိုမ်ိဳးမဟုတ္ဘဲ ေဈးဆိုင္ေတြ၊ ဘဏ္ေတြနဲ႔ ဘတ္စ္ကားေတြအေပၚ ဂိုဏ္းဖြဲၿပီး လုယက္ရာဇဝတ္မႈေတြ ဒါဇင္ႏွင့္ ခ်ီၿပီး ျဖစ္ခဲ့တဲ့အတြက္ ဘရာဇီးစစ္တပ္က တပ္ဖြဲ႕ဝင္ေတြကို ေစလႊတ္ၿပီး  ကိုင္တြယ္ေျဖရွင္းဖို႔ ႀကိဳးစားလာ ရ တာပါ။ အျမစ္တြယ္ေနေသာရာဇဝတ္မႈမ်ားကိုတိုက္ဖ်က္မည္ဆိုေသာကတိကဝတ္နဲ႔  ေ႐ြးေကာက္ခံရတဲ့ ဂ်ာဘိုလ္ဆိုနာ႐ို သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုၿပီး ရက္ပိုင္းအၾကာမွာ အက်ဥ္းေထာင္ေတြကို ပိုမိုတင္းက်ပ္ ေသာအေရးယူေဆာင္႐ြက္မႈ အသစ္ေတြစတင္လာတာကေန ယခုလို အၾကမ္းဖက္မႈေတြ ျဖစ္လာရတာပါ။

ကမာၻ႔တတိယေျမာက္ အက်ဥ္းသားဦးေရအမ်ားဆုံးႏိုင္ငံျဖစ္တဲ့ ဘရားဇီးႏိုင္ငံမွာ ရာဇဝတ္မႈ႕ နဲ႔ အဂတိ လိုက္စားမႈေတြက ဒင္းၾကမ္းျဖစ္ေနတဲ့ အတြက္ သမၼတအသစ္ ဘယ္ေလာက္ထိ ကိုင္တြယ္ႏိုင္မလဲ ဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ ေနာက္ထပ္ အေမရိကႏိုင္ငံတစ္ခုျဖစ္တဲ့ မကၠဆီကိုမွာေတာ့ ၿခိဳးၿခံေခြၽတာေရး တက္ႂကြလႈပ္ရွားသူ သမၼတသစ္ အိုဘရာေဒါတက္လာၿပီး ပြဲတစ္ခုမွာ ၎ရဲ႕ ေျပာင္တလင္းခါေနတဲ့ သူ႔ရဲ႕ ပိုက္ဆံအိတ္ကို သတင္းေထာက္ေတြကို ဖြင့္ျပရင္း ပိုင္ဆိုင္ႂကြယ္ဝမႈ မရွိသေလာက္ နည္းပါးတာကို သက္ ေသျပပါတယ္။ျပင္းထန္လြန္းတဲ့ ၿခိဳးၿခံေခြၽတာေရးလမ္းစဥ္ေတြေၾကာင့္ ေဝဖန္ခံေနရတဲ့ မကၠဆီကို သမၼတ သစ္ရဲ႕ လုပ္ေဆာင္မႈေတြ တစ္ကယ္ဘဲ အသက္ဝင္လာဖို႔ရွိသလားဆိုတာကို ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါ တယ္။

ဥေရာပမွာျဖစ္ေနတဲ့ ျပႆနာကေတာ့  ျပင္သစ္ရဲ႕ တစ္ေက်ာ့ျပန္ အဝါေရာင္ အက်ီဝတ္ကမ္ပိန္းပါ။ အစကေတာ့ စက္သုံးဆီေဈးႏူန္းေတြေၾကာင့္ ျဖစ္ရတဲ့ ကမ္ပိန္းျဖစ္ေပမယ့္ ယခု ဇန္နဝါရီ ၅ ရက္မွာ ျဖစ္တဲ့ ကမ္းပိန္းကေတာ့ မက္ခ႐ြန္အစိုးရ ျပဳတ္က်ေရးသက္သက္ကိုပဲလိုခ်င္ေနတဲ့ သေဘာထား တင္းမာသူေတြရဲ႕ ဆႏၵျပမႈေတြပါ။

ႏိုဝင္ဘာလအတြင္းက ေလာင္စာဆီခြန္ တိုးေကာက္မယ့္ အစိုးရအစီအစဥ္နဲ႔  ေနထိုင္မႈစရိတ္ေတြ ႀကီး ေလးတာေၾကာင့္ အဝါေရာင္ အက်ီဝတ္ကမ္ပိန္းေတြ ထပ္ခါတလဲလဲျဖစ္ေပၚခဲ့ရာမွာ အစိုးရဖက္က အေလွ်ာ့ေပး တဲ့အေနနဲ႔ ေလာင္စာခြန္ကိုေျခာက္လအတြင္း တိုးျမႇင့္ေကာက္ခံမွာ မဟုတ္ေၾကာင္း ေၾကညာခဲ့လို႔ ဆႏၵျပမႈေတြ အရွိန္ေလ်ာ့က်သြားခဲ့ရာမွာ  ယခု ၈ ႀကိမ္ေျမာက္အျဖစ္ ျပန္ျဖစ္လာခဲ့တာပါ။ ဆႏၵျပသူေတြက အစိုးရအ ေဆာက္အအုံတစ္လုံးဝင္ ေပါက္ကိုေဆာက္လုပ္ေရးလုပ္ ငန္းခြင္သုံးကားတစ္စီးအသုံးျပဳ ကာခ်ိဳးဖ်က္ရန္ ႀကိဳးစားခဲ့လို႔   ျပင္သစ္အစိုးရတာဝန္ရွိသူတစ္ဦး ေနာက္ေဖးတံခါးမွ တစ္ဆင့္ ေဘးကင္းရာထြက္ေျပးခဲ့ရတဲ့ အထိျဖစ္ခဲ့ပါတယ္။ စတင္စဥ္က ခ်ီတက္ဆႏၵျပမႈကို ၿငိမ္းခ်မ္းစြာစတင္ခဲ့ေပမယ့္ မြန္းလြဲပိုင္းမွာ ႐ုန္းရင္းဆန္ ခတ္မႈေတြ ျဖစ္ပြားခဲ့လို႔ ဆႏၵျပသူေတြက အဓိက႐ုဏ္းၿဖိဳခြင္းေရးရဲတပ္ဖြဲ႕ဝင္မ်ားကိုအရာဝတၳဳေတြနဲ႔ ပစ္ေပါက္ခဲ့ သလို ရဲတပ္ဖြဲ႕ဝင္မ်ားကမ်က္ရည္ယိုဗုံးမ်ားျဖင့္ ျပန္လည္ပစ္ခတ္ခဲ့လို႔ ႏွစ္ဘက္ထိပ္တိုက္ေတြ႕ဆုံမႈေတြ ျဖစ္ခဲ့တာပါ။

ဥေရာပ အနာဂတ္ေခါင္းေဆာင္အျဖစ္ ရႈျမင္ခံထားရတဲ့ ျပင္သစ္သမၼတမက္ခ႐ြန္အဖို႔ ယခုျပႆနာကို ေရတိုနည္းနဲ႔ ရွင္းရာမွာ အလုပ္မျဖစ္တဲ့ အတြက္ ဘယ္လိုေျဖရွင္းမလဲ ဆိုတာနဲ႔ ျပင္သစ္အစိုးရျပဳတ္က်တဲ့ အ ထိ ဒီျပႆနာက က်ယ္ျပန႔္လာမလားဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ ကြန္ဂိုသမၼတေ႐ြးေကာက္ပြဲရလဒ္ သတ္မွတ္ရက္မွာ မထုတ္ျပန္ႏိုင္ လို႔ မေက်နပ္မႈေတြ ကြန္ဂိုျပည္သူမ်ားၾကား တိုးပြားေနတဲ့ သတင္း၊ ကြာလာလမ္ပူ ၿမိဳ႕ရွိ ေဖ်ာ္ေျဖေရးလုပ္ငန္း တစ္ခုကို ရဲတပ္ဖြဲ႕စီးနင္းခဲ့ရာမွာ မေလးရွား ကာကြယ္ေရးဝန္ႀကီးမိုဟာမက္ဆာဘူ၏သားပါဝင္ေနတဲ့ သတင္း၊ အၾကမ္းဖက္တိုက္ခိုက္မႈ မ်ားႏွင့္ ေ႐ြးေကာက္ပြဲမသမာမႈ မ်ား ရွိတဲ့ ဘဂၤလားေဒ့ရွ္ေ႐ြးေကာက္ပြဲကို အမွီ အခို ကင္းေသာ၊ ဘက္မလိုက္ေသာ စုံစမ္းစစ္ေဆးမႈတစ္ခု ျပဳလုပ္ရန္ ကုလသမဂၢက တိုက္တြန္းလိုကတဲ့ သတင္း၊ ဘဂၤလားေဒ့ရွ္ေ႐ြးေကာက္ပြဲမွာ မဲလိမ္မႈေတြရွိတယ္ဆိုတဲ့ အတိုက္အခံမ်ား၏ စြပ္စြဲခ်က္မ်ားကို ဘဂၤလားေဒ့ရွ္ လက္ရွိဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ ျငင္းပယ္လိုက္တဲ့ သတင္း၊ ျပည္သူပိုင္ေငြျဖင့္ သီခ်င္းေခြတစ္ေခြထုတ္ရန္ ေတာင္အာဖရိကသမၼတေဟာင္း ဂ်က္ေကာ့ဇူးမား စီစဥ္ေနတဲ့ သတင္း၊ ရာေပါင္းမ်ားစြာေသာ ႏိုင္ငံေရး သမား မ်ား၏ အခ်က္အလက္မ်ား ေပါက္ၾကားေစခဲ့တဲ့ ဆိုက္ဘာတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး တာဝန္ရွိတဲ့ ဘီအက္စ္ အိုင္က  ခုခံေျပာဆိုခဲ့တဲ့သတင္းေတြနည္းတူ အမ်ားျပည္သူကို စိတ္ဝင္စားမႈ ပိုေစခဲ့ပါတယ္။

ထိုင္းနဲ႔ ဖိလစ္ပိုင္ ႏွစ္သစ္မွာ ႀကဳံလိုက္ရတဲ့ သဘာဝေဘး

ယခုတစ္ပတ္ သဘာဝေဘးေတြထဲမွာ သတိထားစရာျဖစ္ခဲ့တာက ဖိလစ္ပိုင္နဲ႔ ထိုင္းကို ဝင္ခဲ့တဲ့ အပူ ပိုင္းမုန္တိုင္းေတြပါ။ ဖိလစ္ပိုင္မွာေတာ့ ဒီဇင္ဘာ ၂၉ ရက္ကႏိုင္ငံရဲ႕ အလယ္ပိုင္းနဲ႔ အေရွ႕ပိုင္းကိုဝင္ခဲ့တာ ျဖစ္ၿပီး မုန္တိုင္းတိုက္ၿပီးမိုးသည္းထန္စြာ႐ြာတာကေန ေျမၿပိဳၿပီး မနီလာၿမိဳ႕ အေရွ႕ေတာင္ပိုင္းက Bic ol ေတာင္ ကုန္းေဒသမွာလူေပါင္း ၁၀ဝ ေက်ာ္ ေသဆုံးခဲ့ရပါတယ္။ဇန္နဝါရီ ၆ ရက္ အာဏာပိုင္ေတြ ထုတ္ျပန္တဲ့ အခ်ိန္ အထိ ေသဆုံးသူဦးေရဟာယခုအခါ ၁၂၆ ဦးထိရွိလာသလို ထပ္ျမင့္တက္လာဖြယ္လည္း ရွိေနပါတယ္။

ထိုင္းမွာေတာ့ ႏွစ္ ၃၀ အတြင္း အဆိုး႐ြားဆုံးေသာမုန္တိုင္းတစ္ခုျဖစ္လာတဲ့  အပူပိုင္းမုန္တိုင္း ပါဘက္ ဟာ  ဇန္နဝါရီ ၄ ရက္မွာပဲထိုင္းေတာင္ပိုင္းကဆူရတ္ဌာနခ႐ိုင္ေဒသကကမ္း႐ိုးတန္းဆီ စတင္ဝင္ေရာက္ တိုက္ ခတ္ခဲ့ပါတယ္။မုန္တိုင္းဗဟိုခ်က္မွာအျမင့္ဆုံးေလတိုက္ႏႈန္းတစ္နာရီကို ၇၅ ကီလိုႏႈန္းအထိရွိခဲ့တဲ့ အပူပိုင္းမုန္ တိုင္း ပါဘက္ေၾကာင့္ ခိုစမြီ၊ ခိုေထာင္နဲ႔ ခိုဖန္ဂန္ကြၽန္းေတြကေန ေဒသခံ လူေထာင္ခ်ီေ႐ႊ႕ေျပာင္းခဲ့ရၿပီး ခိုလႈံေရး စခန္းေတြဆီေျပာင္းေ႐ႊ႕ေနထိုင္ေနၾကရသလိုေလဆိပ္ေတြ ၊ ဖယ္ရီေျပးဆြဲမႈေတြကိုရပ္နားပိတ္သိမ္းထား ခဲ့ရ ပါတယ္။ ခရစၥမတ္နဲ႔ ႏွစ္သစ္ကူးရာသီျဖစ္တာေၾကာင့္ ခိုဖန္ဂန္နဲ႔ ခိုေတာင္ကြၽန္းေတြမွာအားလပ္ရက္ အပန္းေျဖ သူေတြနဲ႔ စည္ကားေနခဲ့ရာကေန အပူပိုင္းမုန္တိုင္းေၾကာင့္ ထိုင္းႏိုင္ငံကနာမည္ႀကီးအပန္းေျဖကြၽန္း တစ္ခ်ိဳ႕က ေထာင္ေသာင္းမ်ားစြာေသာခရီးသြားဧည့္သည္ေတြကို ေဘးလြတ္ရာေ႐ႊ႕ေျပာင္းေပးခဲ့ရပါတယ္။

အပူပိုင္းမုန္တိုင္း ပါဘက္ဟာ ထိုင္းႏိုင္ငံေတာင္ပိုင္းတစ္ခုလုံးသို႔ ဝင္ ေရာက္ခဲ့ၿပီးက်ယ္ျပန႔္ေသာေရ ႀကီးမႈမ်ား ျဖစ္ေပၚကာမဟာဓာတ္အားလိုင္းလဲက်မႈမ်ားျဖစ္ ေပၚခဲ့ကာ  ေရႀကီးမႈမ်ား၊ လွ်ပ္စစ္မီးျပတ္ေတာက္ မႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။ မုန္တိုင္းေၾကာင့္ ေနအိမ္နဲ႔ အေဆာက္အဦးေတြ ပ်က္စီးမႈေတြရွိေပမယ့္ လူေသဆုံးမႈက ငါးဖမ္းသမားတစ္ဦးသာရွိၿပီး တစ္ဦးက ေပ်ာက္ဆုံးခဲ့ပါတယ္။မုႏု္တိုင္းအတြက္ ထိုင္းအာဏာပိုင္ေတြရဲ႕ ျပင္ဆင္ မႈက အေတာ္ေလးေကာင္းခဲ့ၿပီး ကမာၻလွည့္ခရီးသည္ေတြ ထိခိုက္မႈ မရွိေအာင္ စီမံႏိုင္ခဲ့ပါတယ္။

သဘာဝေဘးက အာရွမွာသာျဖစ္ေနတာ မဟုတ္ပါဘူး။ဥေရာပမွာလည္း ႏွင္းမုန္တိုင္းက ေျမထဲပင္ လယ္ေဒသျဖစ္တဲ့ ဂရိကိုဝင္တိုက္ခတ္လို႔  အမ်ိဳးသမီးႀကီးတစ္ဦးေသဆုံးကာ ႏွစ္ဦးေပ်ာက္ဆုံး ေနခဲ့ပါတယ္။ ဂရိႏိုင္ငံအလယ္ပိုင္းႏွင့္ ေျမာက္ပိုင္းမွာ တစ္ပတ္နီးပါးၾကာ အပူခ်ိန္ သုညဒီဂရီေအာက္ ေရာက္ေနလို႔ ဆီးႏွင္း မ်ားထူထပ္စြာက်ဆင္းၿပီး ေလေၾကာင္းခရီးစဥ္ေတြ ကေမာက္ကမျဖစ္ခဲ့ရပါတယ္။ဒီအေအးဒဏ္ပိုတဲ့ သဘာ ဝေဘးက ဂရိႏိုင္ငံတစ္ႏိုင္ငံထဲျဖစ္ေနတာ မဟုတ္ပါဘူး။ ဂ်ာမနီႏွင့္ ဩစႀတီးယားတို႔တြင္ ဆီးႏွင္းမ်ားထူထပ္စြာ က်ဆင္းေနလို႔ ေလေၾကာင္းခရီးစဥ္မ်ားစြာဖ်က္သိမ္းခဲ့ရတာေတြရွိပါတယ္။

ဂ်ာမနီေျမာက္ပိုင္းမွာ မုန္တိုင္းZeetjeတိုက္ခိုက္ေနသလို ဒီမုန္တိုင္းေၾကာင့္ ကြန္တိန္နာအလုံး ၁၉,၀၀၀ တင္ေဆာင္ႏိုင္တဲ့ ဥေရာပရဲ႕ အႀကီးဆုံးကုန္တင္ သေဘၤာျဖစ္တဲ့ MSC Zoe ကုန္ သေဘၤာေပၚမွ ကြန္တိန္နာ ၂၇၀ ခန႔္ျပဳတ္က်ခဲ့ပါတယ္။ ဒီကြန္တိန္နာေတြထဲမွာ ဓာတုပစၥည္းေတြထည့္ထားလို႔ ကမ္းေျခေစာင့္တပ္ဖြဲ႕ဝင္ မ်ားက ကြန္တိန္နာေတြ ေမ်ာပါေသာင္တင္ရာ ေျမထဲပင္လယ္တစ္ဝိုက္ကြၽန္းေတြမွာ ရွာေဖြေနရပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္စိတ္ဝင္စားစရာသတင္းေတြျဖစ္တဲ့ အီဂ်စ္ႏိုင္ငံကိုင္႐ိုၿမိဳ႕ အေရွ႕ပိုင္းရွိ ခရစ္ယာန္ဘုရားရွိခိုးေက်ာင္းအနီး ေတြ႕ရွိတဲ့ ဗုံးတစ္လုံးကို စနက္တံျဖဳတ္စဥ္ေပါက္ကြဲလို႔ ကြၽမ္း က်င္ပညာ ရွင္ရဲအရာရွိေသဆုံးၿပီး ၃ ဦးဒဏ္ရာရတဲ့ သတင္း၊ ဗုံးခြဲတိုက္ခိုက္မႈေၾကာင့္ ကိုလံဘီယာအစိုးရပိုင္ ကာႏိုလီမြန္ ပိုက္လိုင္းပ်က္စီးကာ ေရနံစိမ္း ယိုစိမ့္မႈျဖစ္ခဲ့တဲ့သတင္း၊ ဒိန္းမတ္ႏိုင္ငံ Great Belt တံတားေပၚ ရထား မေတာ္ တဆျဖစ္လို႔ လူေျခာက္ဦး ေသဆုံးကာ ၁၆ ဦး ဒဏ္ရာရရွိခဲ့တဲ့သတင္း၊ ဂ်ာမနီႏိုင္ငံမွာ ႏွစ္သစ္ကူးပြဲဆင္ႏႊဲေန တဲ့ လူတစ္စုထဲ ကားနဲ႔ ဝင္တိုက္ခဲ့လို႔ လူေလးဦး ဒဏ္ရာ ရရွိခဲ့တဲ့သတင္း၊ ေသာ့ခတ္ထားသည့္ အခန္းထဲ Escape Room ဂိမ္းကို ကစားေနစဥ္ မီးေလာင္မႈျဖစ္ပြားလို႔ ပိုလန္မိန္းကေလးငါးဦး ေသဆုံးကာ တစ္ဦး ဒဏ္ရာရရွိခဲ့တဲ့သတင္း၊ အိႏၵိယႏိုင္ငံ နယူးေဒလီမွာ  အေဆာက္အအုံတစ္လုံး ေပါက္ကြဲ ၿပိဳက်လို႔ ကေလး ငယ္အပါအဝင္ လူေျခာက္ဦး ေသဆုံးခဲ့တဲ့သတင္း၊ အိႏၵိယႏိုင္ငံေျမာက္ ပိုင္းမွာ ဘတ္စ္ကားတစ္စီး လွ်ိဳထဲသို႔ ျပဳတ္က်လို႔ ယာဥ္ေမာင္းႏွင့္အတူ ေက်ာင္းသားငယ္ေျခာက္ ဦး ေသဆုံးၿပီး ၁၂ ဦးေက်ာ္ ဒဏ္ ရာရရွိခဲ့တဲ့ သတင္း စတဲ့ သတင္းေတြနည္းတူ လူအေသအေပ်ာက္ ရာခ်ီရွိခဲ့တဲ့ အခ်ိန္အခါမဲ့ မုန္တိုင္း သဘာဝေဘး သတင္းက အမ်ားျပည္သူၾကား စိတ္ဝင္စားမႈ ပိုေစခဲ့တယ္ဆိုတာတင္ျပရင္း ယခုတစ္ပတ္ သတင္းသုံး သပ္ခ်က္ကို ဒီမွာဘဲ ရပ္နားလိုက္ခ်င္ပါတယ္။

မင္းထက္
ဇန္နဝါရီ - ၇