【 ယခုတစ်ပတ် ပြည်တွင်းသတင်း သုံးသပ်ချက် 】 ထိပ်သီးဆွေးနွေးပွဲ မျှော်လင့်ချက်

【 ယခုတစ်ပတ် ပြည်တွင်းသတင်း သုံးသပ်ချက် 】 ထိပ်သီးဆွေးနွေးပွဲ မျှော်လင့်ချက်

ယခုတစ်ပတ် သတင်းတွေထဲမှာ တိုက်လေယာဉ်နှစ်စင်း လေ့ကျင့်ပျံသန်းစဉ် ပျက်ကျလို့ အိမ်ထဲမှာ စာမေးပွဲအတွက် စာစုကျက်နေတဲ့ ပဉ္စမတန်း ကျောင်းသူတစ်ဦး အပါအဝင် သုံးဦးသေဆုံးခဲ့ရတဲ့ သတင်းက အများပြည်သူကို သတင်းများစွာထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးနဲ့ ဝမ်းနည်းစရာ အကောင်းဆုံးသတင်းလည်း ဖြစ်ခဲ့ပါတယ်။

အိမ်ထဲစာကျက်နေသူ ကလေးငယ် သေဆုံးခဲ့ရတဲ့ တိုက်လေယာဉ်နှစ်စင်း ပျက်ကျမှု။

    
အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းက အုပ်စုဖွဲ့လေ့ကျင့်မှု ဆောင်ရွက်တဲ့ မကွေးလေတပ်စခန်း ဌာနချုပ်မှ F−7 လေယာဉ်လေးစီးဟာ လေတပ်စခန်းဌာနချုပ်သို့ ပြန်လာချိန်မှာ ရာသီဥတု ရုတ်တရက်ဆိုးရွားမှု ကြုံတွေ့လို့ ဆင်းသက်ရာမှာ နှစ်စီးဘဲ လေယာဉ်ကွင်း ဆင်းသက်နိုင်ပြီး နှစ်စင်းက ပျက်ကျခဲ့ပါတယ်။ပျက်ကျခဲ့တဲ့ လေယာဉ်နှစ်စင်းက တစ်စင်းက မင်းဘူးမြို့ တောင်ဘက် ဆားပွတ်ချောင်း တံတားအနီးတွင် တစ်စီး၊ မင်းဘူးမြို့ သနပ်ပင်စုကျေးရွာ အနောက်ဘက် လယ်ကွင်းအနီးတွင် တစ်စီးပျက်ကျခဲ့ကာ လေယာဉ်မှူး နှစ်ဦးစလုံး သေဆုံးခဲ့ပါတယ်။
    

ဆားပွတ်ချောင်း တံတားအနီး ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ မင်းဘူး ဆက်သွယ်ရေးတာဝါတိုင်ကို တိုက်မိပြီး လွင့်စဉ်လာတဲ့ လေယာဉ်အစိတ်အပိုင်းက မင်းဘူးမြို့ အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ ဆရာမအိမ်မှာ စာမေးပွဲအတွက် စာစုကျက်နေတဲ့ အသက် (၁၂) နှစ်အရွယ် ပဉ္စမတန်းကျောင်းသူ မသွယ်ဇင်ငြိမ်း ရဲ့ ခါးရိုးပေါ်ကျရောက် ထိုးစိုက်ခဲ့လို့ ဆေးရုံသို့ ပို့ဆောင်ခဲ့တာမှာ တစ်နာရီခန့်အကြာမှာ ကွယ်လွန်ခဲ့ပါတယ်။အဆိုပါ ကလေးငယ်နဲ့အတူ စာကျက်နေတဲ့ ကျန်ကလေးငယ် ၅ ဦးကိုတော့ ထိခိုက်ခြင်း မရှိခဲ့ပါဘူး။
    

ဒီဖြစ်စဉ်မှာ တပ်မတော် လေယာဉ်မှူးနှစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး ဖြိုးမောင်မောင် နှင့် ဗိုလ်ကြီး ဟိန်းသူအောင် တို့ ကျဆုံးခဲ့တဲ့အတွက် ယခုနှစ်အတွင်း တပ်မတော်မှ F-7 တိုက်လေယာဉ် ၃ စင်းနဲ့ လေယာဉ်မှူး ၃ ဦး ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
    

ကံဆိုးစွာ လေယာဉ်နဲ့ တာဝါတိုင် တိုက်မိလို့ လွင်စင်လာတဲ့ လေယာဉ်အပိုင်းအစ ထိုးစိုက်မိပြီး သေဆုံးခဲ့ရတဲ့ ၅ တန်း ကျောင်းသူအဖြစ်က တော်တော်လေးအဖြစ်ဆိုးတဲ့ အဖြစ်ဖြစ်ပြီး လေယာဉ်ပျံပျက်ကျပြီး သေရတဲ့ ဗိုလ်နှစ်ဦးထက် ကြားရမြင်ရတဲ့ လူတွေရဲ့စိတ်ကို ပိုညှိုးနွမ်းစေခဲ့ပါတယ်။အဆိုပါ ကလေးငယ်ကို နေ့ခြင်း သဂြိုဟ်ခဲ့ရာမှာ လိုက်ပါပို့ဆောင်သူတွေ များခဲ့သလို မိဘတွေအတွက် မနက်ကစာမေးပွဲအတွက် စာသွားကျက်တဲ့ သမီးငယ် ညနေ မီးသဂြိုဟ်စက်ထဲရောက်ရတဲ့ အဖြစ်က ပဋာမြေလူးသလို မြင်တွေ့သူ အများစုက ကိုယ်ချင်းစာ ခံစားမိကြမှာပါ။

လေယာဉ် လေ့ကျင့်ပျံသန်းတဲ့ လမ်းကြောင်းက လူနေရပ်ကွက်တွေအပေါ်က ဖြစ်နေတာ၊ လေယာဉ်ပျံတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပြောချင်တဲ့စိတ်မရှိပေမယ့် တိုင်းပြည်အတွက် အားထားရတဲ့ လေယာဉ်မောင်း အရာရှိနှစ်ဦးထိ သေဆုံးရတဲ့ ယခုအဖြစ်အပေါ် သင်ခန်းစာယူပြီး ထိုက်သင့်တဲ့ ယခုပျက်ကျတဲ့ လေယာဉ် အမျိုးအစား အပါအဝင် အခြားလေယာဉ်တွေမှာ လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ စက်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ပြင်ဆင်ဖို့ အမြဲတစေစစ်ဆေးဖို့ လိုနေပြီဆိုတာ ဒီကြေကွဲဖွယ်ရာ အဖြစ်ဆိုးက သတင်းစကားပါးနေခဲ့ပြီ ဖြစ်ပါတယ်။
    

ဒီလေယာဉ်ပျံပျက်ကျတဲ့ သတင်းက ယခုတစ်ပတ်အတွင်း မတော်တဆနဲ့ သဘာဝဘေးဒဏ် သတင်းတွေဖြစ်တဲ့ သရက်ချောင်းမြို့နယ်မှာ မိုးကြိုးပစ်လို့ လန့်ပြီး ကျောင်းဆရာမနဲ့ ကျောင်းသားတွေ အပါအဝင် စုစုပေါင်း ၁၅ ဦးကို  ဆေးရုံတင်ခဲ့ရတဲ့ သတင်း၊ မကွေးတိုင်း ထီးလင်းမြို့နယ် ပုံညာတောင်မှာ မိုးရက်ဆက် ရွာသွန်းမှုကြောင့် မြေပြိုမှုတွေဖြစ်ပြီး ပေါက်-ထီးလင်း လမ်းပိုင်း ပိတ်ထားရတဲ့ သတင်း၊ မုံရွာမြို့မှာ ငါးရက်ခန့် မိုးအဆက်မပြတ် ရွာသွန်းလို့ ရပ်ကွက်အချို့ ရေနစ်မြုပ်ကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့တဲ့ သတင်း၊ စစ်ကိုင်းမြို့နယ် ကျောက်တာကျေးရွာမှာ လေဆင်နှာမောင်း တိုက်ခတ်ခဲ့လို့ နေအိမ် ၁၅ လုံး ပျက်စီးခဲ့တဲ့ သတင်း၊ ယောဒေသ နာမည်ကြီးဆရာတော်ဖြစ်သည့် ကျောက်ဂူဆရာတော် ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ကားမှောက်ပြီး ပျံလွန်တော်မူတဲ့ သတင်း၊ ကုန်တင်ရေယာဉ်တစ်စီး ချင်းတွင်းမြစ်အတွင်း အုမ္မကျေးရွာအနီးမှာ အောက်တိုဘာ ၁၈ ရက်က ရေယာဉ်ခါးပိုင်းကျိုးခဲ့တဲ့ သတင်း၊ အာရှလမ်းမကြီး မြဝတီ-ကော့ကရိတ် လမ်းပိုင်းမှာ ကုန်တင်ယာဉ်နှစ်စီး တိုက်မိကာ ကားနှစ်စီးလုံး မီးလောင်ပြီး ယာဉ်ပေါ်ပါ လူ သုံးဦး မီးလောင်သေဆုံးခဲ့တဲ့ သတင်း စတဲ့သတင်းတွေထက် ပိုပြီးသတိထားစရာ သတင်းဖြစ်ခဲ့ပါတယ်။

အရေးယူမှုတွေ မပြီးသေးတဲ့ နိုင်ငံခြားငွေကြေးဈေးကွက်။

    
မြန်မာ့စီးပွားရေးနဲ့ ပတ်သက်တဲ့ သတင်းတွေထဲမှာ မကြာခင်က လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပြီး အစိုးရပိုင်းက ပါဝင်ကိုင်တွယ်ခဲ့မှ တရကြမ်းတက်နေတဲ့ နိုင်ငံခြားငွေကြေးဈေးနူန်း တန့်ခဲ့တဲ့ ဖြစ်ရပ်က ပါဝင်ပတ်သက်သူတွေကို အရေးယူမှုပြုလုပ်ရာမှာ ငွေကြေးနဲ့ ရွှေဈေးကွက်မှာ နာမည်ကြီးတဲ့သူတစ်ဦးကို စသုံးလုံးက ခြောက်ယောက်မြောက်အဖြစ် အရေးယူခဲ့လို့ ငွေကြေးဈေးကွက်ထဲ အရောင်းအဝယ်တွေ တန့်သလောက် ဖြစ်ခဲ့ပါတယ်။
    

စက်တင်ဘာ ၂၁ ရက်က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ဒေါ်လာဈေး စံချိန်တင်မြင့်တက်အောင် ဈေးကစားသူများကို စိစစ်အရေးယူမည်လို့ ပြောပြီးနောက်မှာ စသုံးလုံးက စက်တင်ဘာ ၂၃ ရက်က စပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
    

စက်တင်ဘာ ၂၃ ရက်ကစပြီး ဒေါ်လာဈေး ကစားသူတွေကို ခေါ်ယူစစ်ဆေးခဲ့တဲ့ ညနေကတည်းက ပြည်တွင်းငွေကြေးဈေးကွက်မှာ ရပ်ဆိုင်းသွားပြီး  တက်နေတဲ့ဈေးက ထိုးကျခဲ့ပါတယ်။ဒီလိုကျနေရာကနေ အောက်တိုဘာ ၂၇ ရက်က ခြောက်ယောက်မြောက် ဈေးကစားသူအဖြစ် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ တွဲဖက်စာရင်းစစ် ညီညီဦး(ခ)လှလေးစိန် ကို မဖမ်းဆီးခင်မှာ ဈေးပြန်တက်လာခဲ့ပါတယ်။အောက်တိုဘာ ၁၆ ရက်မှာ တစ်ဒေါ်လာကို ဝယ်ရင် ၁၅၈၅ ကျပ်နဲ့ ရောင်းမယ်ဆိုရင် ၁၅၇၇ ကျပ်ထိ ဈေးတက်လာခဲ့ပြီး နောက်တစ်ရက်ကျော်ဖြစ်တဲ့ အောက်တိုဘာ ၁၈ ရက်မှာ ဝယ်ရင် ၁၅၈၆ ကျပ်နဲ့ ရောင်းမယ်ဆိုရင် ၁၅၈၂ ကျပ်ထိ ဆက်တက်နေတဲ့အတွက် ဒေါ်လာဈေးကိုထိန်းဖို့ တော်တော်လေးခက်ခဲတဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။
    

ဒေါ်လာဈေးနှင့်အတူ ရွှေဈေးပါတက်လာတဲ့ ငွေကြေးမတည်ငြိမ်မှု ဖြစ်စဉ်မှာ အဓိကအားဖြင့် နိုင်ငံတကာတွက် ဒေါ်လာဈေးတက်နေလို့ ဖြစ်သည်ဟု ကောက်ချက်ချစရာ ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် ပြည်တွင်း ငွေကြေးဈေးကစားသူများ၏ ကစားခဲ့မှုကြောင့် ဖြစ်သင့်သည်ထက် ပိုတက်ခဲ့သည်က အထင်အရှားဖြစ်ခဲ့သည်မို့ အများပြည်သူ စားသုံးသည့် အခြေခံကုန်စည်ဈေးကွက်ကိုပါ တိုက်ရိုက်ထိခိုက်ကာ ပြည်တွင်းကုန်ဈေးနူန်းကိုပါ ဆွဲတင်သလို ဖြစ်ခဲ့ရပါတယ်။ယခုလို ရန်ကုန်ရွှေလုပ်ငန်းရှင် တွဲဖက်စာရင်းစစ်ကိုယ်တိုင် ပါဝင်လာတဲ့အတွက် ယခုအရေးယူ အမှုဖွင့်ထားသူများကို မည်သို့ပြစ်ဒဏ်ချမည်လဲ ဆိုသည်ကို အများပြည်သူက စောင့်ကြည့်နေကြဆဲပါ ဖြစ်ပါတယ်။
    

ဒီသတင်းက ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ ကျပ် ၁,၀၀၀ တန် ထီလက်မှတ်တွေ လာမည့် ဖေဖေါ်ဝါရီလမှာ ရောင်းချမည့် သတင်း၊ သန်လျင်မှာ စက်သုံးဆီ ဂါလန် ၁၀ သန်းခန့် ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်ဖို့ စီစဉ်နေတဲ့ သတင်း၊ ပဲခူးတိုင်းဒေသထွက် စပါးများကို ပွဲစားများမှ တစ်ဆင့်ဝယ်ယူပြီး တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့နေမှုကို  အရေးယူပေးရန် လွှတ်တော်က တိုင်းအစိုးရထံ တိုက်တွန်းလိုက်တဲ့ သတင်း၊ ရန်ကုန် မိုးပျံအမြန်လမ်းနဲ့ ရန်ကုန်မြို့တော် အပြင်ပတ်လမ်း စီမံကိန်း ဆက်လက်အကောင်အထည်ဖော်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ သတင်း စတဲ့သတင်းတွေလို စိတ်ဝင်စားဖို့ ကောင်းခဲ့ပါတယ်။

ဘာဖြစ်ဖြစ် ရိုက်ကြနှက်ကြနဲ့ သေနတ်ထုတ်ရှင်းကြတဲ့ ခေတ်။

    
ယခုတစ်ပတ် မှုခင်းနဲ့ ဆက်နွယ်နေတဲ့ သတင်းတွေက ကြားရတာ မထိတ်သာမလန့်သာတွေချည်းပါဘဲ။ဒီထဲမှာ မြန်မာနိုင်ငံထဲလာပြီး ကင်မရွန်းနိုင်ငံသား နှစ်ယောက်က တွံတေးသားတစ်ဦးထံကနေ မြန်မာငွေ သိန်း ၄၀ လိမ်သွားလို့ မန္တလေးလေဆိပ်မှာ ဖမ်းမိတဲ့ သတင်း၊ ရန်ကုန်မြို့လယ်ခေါင် လမ်းလယ်မျဉ်း ရေးဆွဲနေတဲ့ စည်ပင်ဝန်ထမ်းတစ်ဦး လျှပ်စစ်စီးဝင်နေတဲ့ လမ်းလယ်စတီးသံပန်းကို ကျော်ခွရာမှာ ဓာတ်လိုက်သေဆုံးခဲ့တဲ့ သတင်း၊ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့တဲ့ အမှုမှာ တရားလို သက်သေ ၃ ဦးကို အောက်တိုဘာ ၁၆ ရက်က ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ စတင်စစ်ဆေးခဲ့တဲ့ သတင်းတွေထဲ ဖုယွင်စက်ရုံ ဆန္ဒပြအလုပ်သမားတွေကို ဝင်ရိုက်တဲ့ သတင်းနဲ့ မော်လမြိုင်မှာ ယာဉ်ထိန်းရဲနဲ့ လမ်းသွားတစ်ဦးကို သေနတ်နဲ့ပစ်တဲ့ သတင်းတွေက ဒီတစ်ပတ်မှာ လူပြောအများဆုံး သတင်းတွေ ဖြစ်ခဲ့ပါတယ်။
    

သမဂ္ဂအဖွဲ့ဝင် အလုပ်သမား ၃၀ ဦးကို အလုပ်ကထုတ်လိုက်လို့ သပိတ်မှောက် ဆန္ဒပြနေတာ နှစ်လကျော်ကြာနေပြီဖြစ်တဲ့ ဖုယွင် အထည်ချုပ်စက်ရုံ သပိတ်ဟာ အောက်တိုဘာ ၁၅ ရက်မှာ သပိတ်မှောက် ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို လူမိုက်တွေက ဝင်ရိုက်လို့ ဒီအဖြစ်က အလုပ်သမားအဖွဲ့အစည်းတွေနဲ့ အလုပ်သမားတွေကြားထဲမှာ သတိထားရမယ့် ကိစ္စဖြစ်လာပါတယ်။
အရိုက်ခံရတဲ့ အလုပ်သမားတွေဘက်ကတော့ စက်ရုံမန်နေဂျာဘက်က ခေါ်ထားတဲ့ ကြေးစားလူမိုက်တွေက ဝင်ရိုက်တာလို့ ပြောခဲ့ပေမယ့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ သပိတ်မှောက် အလုပ်သမားနဲ့ အလုပ်ဆင်းနေတဲ့ အလုပ်သမားတွေ အချင်းချင်းဖြစ်တာလို့ ဆိုထားပါတယ်။
    

ကြေးစားလူမိုက်တွေ ရိုက်နှက်လို့ အလုပ်ဆင်းသည့် အလုပ်သမားများထဲမှ အမျိုးသားတစ်ဦး၊ အမျိုးသမီးရှစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် လည်းကောင်း၊ စက်ရုံရှေ့ နေ့စဉ် ဆန္ဒဖော်ထုတ်နေသူများထဲမှ အမျိုးသားတစ်ဦး၊ အမျိုးသမီး ၂၂ ဦးကို သင်္ဃန်းကျွန်း စံပြဆေးရုံကြီးကို ပို့ခဲ့ရပါတယ်။
ဒီဖြစ်စဉ်မှာ စက်ရုံရှိရာ ရပ်ကွက်က ပြည်သူတွေ မခံနိုင်လို့ စက်ရုံကို ခဲနဲ့ဝိုင်းထုသလို အလုပ်ဆင်းချိန်မှာ ရောထွက်လာတဲ့ ကြေးစားလူမိုက်တွေကို ဝင်ဖမ်းကြတာတွေ ဖြစ်ခဲ့ပါတယ်။
    

ဒီပြဿနာကိုဖြေရှင်းဖို့ ကြိုးစားနေစဉ်မှာ ဒီလိုဖြစ်လာတဲ့အတွက် အလုပ်သမား အဖွဲ့အစည်းတွေက ပြင်းထန်စွာ ကန့်ကွက်မှုတွေ ရှိလာခဲ့သလို အများပြည်သူကြား အာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။အောက်တိုဘာ ၁၇ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းအစိုးရ အစည်းအဝေးမှာ ရန်ကုန်ဝန်ကြီးချုပ်က သပိတ်စခန်းကို အကြမ်းဖက် ဝင်ရောက်ရိုက်နှက်ခဲ့တဲ့သူတွေကို အမှုဖွင့်အရေးယူဖို့ ပြည်ထဲရေးကို ပြောခဲ့တဲ့အတွက် ဒီပြဿနာက ဘယ်လိုပုံစံနဲ့ ပြီးသွားမလဲဆိုတာ ဆက်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
    

ဖုယွင်စက်ရုံနဲ့ မတူတဲ့ နောက်မှုခင်းတစ်ခုက အခုတစ်လော ခေတ်ထနေတဲ့ လက်နက်ကိုင်ပြီး တာဝန်ကျသူကို ပစ်ခတ်ပြီး ထွက်ပြေးတဲ့ အမှုပါဘဲ။
    

အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက ဒေါင်းဇရပ် မီးပွိုင့်လမ်းဆုံမှာ ယာဉ်ထိန်းရဲနှစ်ဦးက Wish အမျိုးအစား အဖြူရောင်ယာဉ်ကို စစ်ဆေးရန် တားဆီးရာကနေ စစ်ဆေးမခံဘဲ မောင်းပြေးတဲ့အတွက် ဆိုင်ကယ်နဲ့ လိုက်ဖမ်းရာကနေ ကားရှေ့ပိတ်ရပ်တဲ့ ဆိုင်ကယ်နဲ့ ဓာတ်တိုင်ကို ဝင်တိုက်ပြီး ယာဉ်မောင်းက ယာဉ်ထိန်းရဲကို သေနတ်နဲ့ ငါးချက်ပစ်ခတ်လို့ ပါးမှာရှပ်ထိသလို လမ်းသွားနေတဲ့ လူငယ်တစ်ဦးကိုလည်း လက်ခုံရှပ်ထိတာ ဖြစ်ခဲ့ပါတယ်။
    

သေနတ်နဲ့ ပစ်ခတ်တဲ့ ယာဉ်မောင်းက ကားနဲ့ကားပေါ်ပါ အမျိုးသမီးကိုထားပြီး ထွက်ပြေးသွားခဲ့ ပေမယ့် ယာဉ်ပေါ်ကနေ စိတ်ကြွမူးယစ်ဆေးဝါးတွေနဲ့ မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့မှ ဒုတိယဗိုလ်အဆင့် ကတ်ပြားတစ်ခုကို သိမ်းဆည်းရမိခဲ့တယ် ဆိုပါတယ်။ထိုသူကို မော်လမြိုင်မှာ ပိတ်ဆို့ရှာဖွေခဲ့ရာမှာ အောက်တိုဘာ ၁၇ ရက် နံနက် ၅ နာရီခွဲခန့်မှာ  မြိုင်သာယာရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း အထက (၁၂) နှင့် စာတိုက်လမ်းကြားမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
    

မကြာခဏဆိုသလို ရန်ကုန်နဲ့ မြို့ကြီးတွေမှာ သေနတ်ကိုင်ဆောင် ကျူးလွန်တဲ့ မှုခင်းတွေ ဖြစ်လာရတဲ့အထဲမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေကိုပါ ရန်ပြုလာတဲ့အတွက် ဒါဟာ တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက်ခြိမ်းခြောက်လာပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တရားမဝင် သေနတ်ကိုင်ဆောင်နေတဲ့သူတွေ ဘယ်လောက်ရှိနေပြီလဲဆိုတာ မတွေးရဲလောက်အောင် များနေပြီလားဆိုတာ ဒီသတင်းက အများပြည်သူစိတ်ထဲ တွေးစရာဖြစ်လာခဲ့ပါတယ်။

နေပြည်တော် ထိပ်သီးအစည်းအဝေး သတင်းတွေ။
    

ယခုတစ်ပတ် သတင်းတွေထဲမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက်  စိတ်အားတက်စရာ သတင်းတွေ ရှိခဲ့ပါတယ်။ဒါက အောက်တိုဘာ ၁၅ ရက်နဲ့ ၁၆ ရက်မှာ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ခေါင်းဆောင် ၁၀ ဦးနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့ ၁၀ ဦးတို့၏ ပထမဆုံးအကြိမ် ထိပ်သီးခေါင်းဆောင်များ သီးသန့်ဆွေးနွေးတဲ့ ပွဲသတင်းတွေကြောင့်ပါဘဲ။
    

မူလက ပုပ္ပားမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် နီးလာတဲ့အခါ နေပြည်တော်မှာ ပြောင်းရွှေ့ကျင်းပခဲ့တာပါ။ဒီအစည်းအဝေး ပထမနေ့ အဖွင့်စကား အသီးသီးပြောကြားတာကို ထုတ်ပြန်ခဲ့တဲ့အတွက် ဆွေးနွေးပွဲထဲ ဘာတွေပြောခဲ့သလဲ ဘာတွေဆွေးနွေးခဲ့သလဲ ဆိုတာကို အများပြည်သူ သိခွင့်ရခဲ့ပါတယ်။
    

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က "ဒီနေရာမှာ ခွဲမထွက်ရေးက အရေးကြီးသလို ခွဲမထွက်ချင်တဲ့၊ ခွဲထွက်စရာမလိုတဲ့ ပြည်ထောင်စုကြီး ဖြစ်လာအောင် အားလုံးလက်တွဲပူးပေါင်းပြီး အကောင်အထည် ဖော်ဖို့ကလည်း အင်မတန်အရေးကြီးတယ်ဆိုတာကို ပြောချင်ပါတယ်။စိုးရိမ်မှုတွေ ဖြစ်တည်လာစေခဲ့တဲ့ သမိုင်းကြောင်း အဖြစ်အပျက်တွေကို ကျွန်မတို့ အသိအမှတ်ပြုဖို့ လိုပါတယ်။ဒါပေမဲ့ ဒီ အတိတ်သမိုင်းကနေ ရုန်းထပြီး အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီကို ဆက်လက်ဦးတည် လျှောက်လှမ်းကြဖို့ အရေးကြီးပါတယ်" လို့ ပြောခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ အားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောကြားပြီး ဆွေးနွေးပွဲတွင် မပါနိုင်သေးသည့် ကျန်ရှိနေသော တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်များကို အထူးသတိရမိနေတယ်လို့လည်း ပြောခဲ့ပါတယ်။
    

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ တပ်မတော်အနေဖြင့် လာမည့် ၂၀၂၀ ခုနှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်စေရေးအတွက် သန္နိဋ္ဌာန်ချထားတယ်လို့ ဆိုပြီး "တပ်မတော်အနေနဲ့ ဒီသန္နိဋ္ဌာန်အတိုင်း ဖြစ်မြောက်အောင် ဆောင်ရွက်ပြီး တိုင်းရင်းသား ပြည်သူလူထုက လိုလားတောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်ကို အရောက်အပ်နှံမှာဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်" လို့ အဖွင့်စကားမှာ ပြောကြားခဲ့ပါတယ်။
    

ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်က  “ခွဲမထွက်ရဆိုတဲ့ တားမြစ်ချက်ကို ထည့်သွင်းရခြင်းဟာ အချို့အဖွဲ့အစည်းများ ပြောသလို တိုင်းရင်းသား ညီအကိုများအပေါ် မယုံကြည်လို့ မဟုတ်ပါဘူး။ရေရှည်အတွက် အာမခံချက်ရှိစေဖို့၊ ယုံကြည်ချင်လို့ တစ်ဦးနဲ့တစ်ဦး သံသယကင်းကင်းနဲ့ ထာဝရငြိမ်းချမ်းရေးလမ်းပေါ်မှာ အတူတကွ လက်တွဲချင်လို့သာ ဖြစ်ကြောင်း ကျွန်တော် ပြောကြားလိုပါတယ်” လို့ ဆိုပါတယ်။
    

နှစ်ရက်ကြာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ခွဲမထွက်ရေး၊ ကိုင်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တစ်ခုတည်းသော တပ်မတော် ထားရှိရေး စတဲ့ အရေးကြီးသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုမှ ခွဲမထွက်ရနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ ကိစ္စနှင့်ပတ်သက်ပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်ခံသည့်ပုံစံဖြင့် ပြည်ထောင်စုသဘောတူစာချုပ်၌ ဖော်ပြရန် လာမည့် နိုဝင်ဘာ၌ ထပ်မံညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ကြပါတယ်။တစ်ခုတည်းသော တပ်မတော်ထားရှိရေးကိစ္စနှင့် ပတ်သက်ပြီးလည်း နှစ်ဖက်ဆက်လက်ညှိနှိုင်းရန် သဘောတူခဲ့ကြပါတယ်။
    

ထိပ်သီးဆွေးနွေးပွဲ ပထမနေ့မှာ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌတို့ သီးသန့်တွေ့ဆုံခဲ့သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆောင်ရွက်ရာမှာ အပြန်အလှန်စိုးရိမ်မှုများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
    

ဒီဆွေးနွေးပွဲက ရှေ့မတိုးသာဖြစ်နေတဲ့ ခွဲမထွက်ရေး၊ ကိုင်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တစ်ခုတည်းသော တပ်မတော်ထားရှိရေး စတဲ့ ကိစ္စရပ်တွေအတွက် လမ်းပွင့်ခဲ့သလို ဆက်လက်ဆွေးနွေးရမယ့် ကိစ္စတွေအတွက်လည်း အချိန်သတ်မှတ်နိုင်ခဲ့တာကို တွေ့ရပါတယ်။
    

ပြည်တွင်း၊ ပြည်ပက ဖိအားတွေ ရှိနေချိန်မှာ ယခုလို ပြည်တွင်းမှာ ငြိမ်းချမ်းရေးအတွက် အသံတွေထွက်လာတာ၊ ညီညွတ်မှုအတွက်  အရိပ်အယောင်တွေ မြင်လာရတာက အားတက်ဖွယ်ရာ သတင်းဘဲ ဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ် နိုင်ငံရေးနောက်ခံ သတင်းတွေဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားထားတဲ့ ဒေါက်တာညိုညိုသင်း တိုင်စာကို သုံးသပ်ပြီး ကော်မရှင် အစည်းအဝေးထိုင်မယ့် သတင်း၊ နိုင်ငံတော်သမ္မတရုံးက ဝန်ကြီးဌာန သုံးခုအတွက် ဒုဝန်ကြီးသုံးဦးနှင့် နေပြည်တော် ကောင်စီဝင်တစ်ဦးကို အောက်တိုဘာ ၁၅ ရက်မှာ ခန့်အပ်တာဝန်ပေးလိုက်တဲ့ သတင်း၊ တပ်မတော်နှင့် ရက္ခိုင့်တပ် (AA) တို့  ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေတဲ့ သတင်း၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) ခြံဝင်းနှင့် အိမ်ကို လေလံပစ်ပြီး တစ်ဝက်စီခွဲယူဖို့ ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ အစ်ကို ဦးအောင်ဆန်းဦး က ပြောတဲ့ သတင်း၊ အသံအဖွဲ့က ထုတ်ပြန်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အစီရင်ခံစာမှာ NLD အစိုးရသက်တမ်း ကာလအတွင်း လွတ်လပ်စွာပြောဆိုခွင့် ဆိုးရွားစွာ ကျဆင်းလာတယ်လို့ ထုတ်ပြန်လိုက်တဲ့ သတင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပပြုလုပ်တဲ့ ပါတီဝင် အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲနှင့် လူထုတွေ့ဆုံပွဲမှာ ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး ဘဝအခြေအနေက NLD အစိုးရလက်ထက်မှာ မှုန်ဝါးဝါး အခြေအနေသို့ ရောက်ရှိနေတယ်လို့ ပြောလိုက်တဲ့ သတင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အမုန်းစကားနှင့် ဝါဒဖြန့်မှုများ ပြုလုပ်နေတဲ့ facebook page ၁၃ ခုနှင့် facebook account ၁၀ ခုကို အပြီးဖယ်ရှားလိုက်တယ်လို့ အောက်တိုဘာ ၁၅ ရက်က Facebook က ထုတ်ပြန်လိုက်တဲ့ သတင်း စတဲ့ သတင်းတွေထဲ အများစိတ်ဝင်စားတဲ့ သတင်းကောင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ရပ်နားလိုက်ချင်ပါတယ်။

မာလင်း
အောက်တိုဘာ - ၁၉

( Zawgyi )

ယခုတစ္ပတ္ သတင္းေတြထဲမွာ တိုက္ေလယာဥ္ႏွစ္စင္း ေလ့က်င့္ပ်ံသန္းစဥ္ ပ်က္က်လို႔ အိမ္ထဲမွာ စာေမးပြဲအတြက္ စာစုက်က္ေနတဲ့ ပၪၥမတန္း ေက်ာင္းသူတစ္ဦး အပါအဝင္ သုံးဦးေသဆုံးခဲ့ရတဲ့ သတင္းက အမ်ားျပည္သူကို သတင္းမ်ားစြာထဲမွာ စိတ္ဝင္စားစရာ အေကာင္းဆုံးနဲ႔ ဝမ္းနည္းစရာ အေကာင္းဆုံးသတင္းလည္း ျဖစ္ခဲ့ပါတယ္။

အိမ္ထဲစာက်က္ေနသူ ကေလးငယ္ ေသဆုံးခဲ့ရတဲ့ တိုက္ေလယာဥ္ႏွစ္စင္း ပ်က္က်မႈ။

    
ေအာက္တိုဘာ ၁၆ ရက္ နံနက္ပိုင္းက အုပ္စုဖြဲ႕ေလ့က်င့္မႈ ေဆာင္႐ြက္တဲ့ မေကြးေလတပ္စခန္း ဌာနခ်ဳပ္မွ F−7 ေလယာဥ္ေလးစီးဟာ ေလတပ္စခန္းဌာနခ်ဳပ္သို႔ ျပန္လာခ်ိန္မွာ ရာသီဥတု ႐ုတ္တရက္ဆိုး႐ြားမႈ ႀကဳံေတြ႕လို႔ ဆင္းသက္ရာမွာ ႏွစ္စီးဘဲ ေလယာဥ္ကြင္း ဆင္းသက္ႏိုင္ၿပီး ႏွစ္စင္းက ပ်က္က်ခဲ့ပါတယ္။ပ်က္က်ခဲ့တဲ့ ေလယာဥ္ႏွစ္စင္းက တစ္စင္းက မင္းဘူးၿမိဳ႕ ေတာင္ဘက္ ဆားပြတ္ေခ်ာင္း တံတားအနီးတြင္ တစ္စီး၊ မင္းဘူးၿမိဳ႕ သနပ္ပင္စုေက်း႐ြာ အေနာက္ဘက္ လယ္ကြင္းအနီးတြင္ တစ္စီးပ်က္က်ခဲ့ကာ ေလယာဥ္မႉး ႏွစ္ဦးစလုံး ေသဆုံးခဲ့ပါတယ္။
    

ဆားပြတ္ေခ်ာင္း တံတားအနီး ပ်က္က်ခဲ့တဲ့ ေလယာဥ္ဟာ မင္းဘူး ဆက္သြယ္ေရးတာဝါတိုင္ကို တိုက္မိၿပီး လြင့္စဥ္လာတဲ့ ေလယာဥ္အစိတ္အပိုင္းက မင္းဘူးၿမိဳ႕ အမွတ္ (၁) ရပ္ကြက္မွာရွိတဲ့ ဆရာမအိမ္မွာ စာေမးပြဲအတြက္ စာစုက်က္ေနတဲ့ အသက္ (၁၂) ႏွစ္အ႐ြယ္ ပၪၥမတန္းေက်ာင္းသူ မသြယ္ဇင္ၿငိမ္း ရဲ႕ ခါး႐ိုးေပၚက်ေရာက္ ထိုးစိုက္ခဲ့လို႔ ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့တာမွာ တစ္နာရီခန႔္အၾကာမွာ ကြယ္လြန္ခဲ့ပါတယ္။အဆိုပါ ကေလးငယ္နဲ႔အတူ စာက်က္ေနတဲ့ က်န္ကေလးငယ္ ၅ ဦးကိုေတာ့ ထိခိုက္ျခင္း မရွိခဲ့ပါဘူး။
    

ဒီျဖစ္စဥ္မွာ တပ္မေတာ္ ေလယာဥ္မႉးႏွစ္ဦးျဖစ္တဲ့ ဗိုလ္ႀကီး ၿဖိဳးေမာင္ေမာင္ ႏွင့္ ဗိုလ္ႀကီး ဟိန္းသူေအာင္ တို႔ က်ဆုံးခဲ့တဲ့အတြက္ ယခုႏွစ္အတြင္း တပ္မေတာ္မွ F-7 တိုက္ေလယာဥ္ ၃ စင္းနဲ႔ ေလယာဥ္မႉး ၃ ဦး ဆုံးရႈံးခဲ့ရတာ ျဖစ္ပါတယ္။
    

ကံဆိုးစြာ ေလယာဥ္နဲ႔ တာဝါတိုင္ တိုက္မိလို႔ လြင္စင္လာတဲ့ ေလယာဥ္အပိုင္းအစ ထိုးစိုက္မိၿပီး ေသဆုံးခဲ့ရတဲ့ ၅ တန္း ေက်ာင္းသူအျဖစ္က ေတာ္ေတာ္ေလးအျဖစ္ဆိုးတဲ့ အျဖစ္ျဖစ္ၿပီး ေလယာဥ္ပ်ံပ်က္က်ၿပီး ေသရတဲ့ ဗိုလ္ႏွစ္ဦးထက္ ၾကားရျမင္ရတဲ့ လူေတြရဲ႕စိတ္ကို ပိုညႇိဳးႏြမ္းေစခဲ့ပါတယ္။အဆိုပါ ကေလးငယ္ကို ေန႔ျခင္း သၿဂိဳဟ္ခဲ့ရာမွာ လိုက္ပါပို႔ေဆာင္သူေတြ မ်ားခဲ့သလို မိဘေတြအတြက္ မနက္ကစာေမးပြဲအတြက္ စာသြားက်က္တဲ့ သမီးငယ္ ညေန မီးသၿဂိဳဟ္စက္ထဲေရာက္ရတဲ့ အျဖစ္က ပဋာေျမလူးသလို ျမင္ေတြ႕သူ အမ်ားစုက ကိုယ္ခ်င္းစာ ခံစားမိၾကမွာပါ။

ေလယာဥ္ ေလ့က်င့္ပ်ံသန္းတဲ့ လမ္းေၾကာင္းက လူေနရပ္ကြက္ေတြအေပၚက ျဖစ္ေနတာ၊ ေလယာဥ္ပ်ံေတြရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီး ေျပာခ်င္တဲ့စိတ္မရွိေပမယ့္ တိုင္းျပည္အတြက္ အားထားရတဲ့ ေလယာဥ္ေမာင္း အရာရွိႏွစ္ဦးထိ ေသဆုံးရတဲ့ ယခုအျဖစ္အေပၚ သင္ခန္းစာယူၿပီး ထိုက္သင့္တဲ့ ယခုပ်က္က်တဲ့ ေလယာဥ္ အမ်ိဳးအစား အပါအဝင္ အျခားေလယာဥ္ေတြမွာ လိုအပ္တဲ့ ျပင္ဆင္မႈေတြ၊ စက္ပိုင္းဆိုင္ရာ လိုအပ္ခ်က္ေတြကို ျပင္ဆင္ဖို႔ အၿမဲတေစစစ္ေဆးဖို႔ လိုေနၿပီဆိုတာ ဒီေၾကကြဲဖြယ္ရာ အျဖစ္ဆိုးက သတင္းစကားပါးေနခဲ့ၿပီ ျဖစ္ပါတယ္။
    

ဒီေလယာဥ္ပ်ံပ်က္က်တဲ့ သတင္းက ယခုတစ္ပတ္အတြင္း မေတာ္တဆနဲ႔ သဘာဝေဘးဒဏ္ သတင္းေတြျဖစ္တဲ့ သရက္ေခ်ာင္းၿမိဳ႕နယ္မွာ မိုးႀကိဳးပစ္လို႔ လန႔္ၿပီး ေက်ာင္းဆရာမနဲ႔ ေက်ာင္းသားေတြ အပါအဝင္ စုစုေပါင္း ၁၅ ဦးကို  ေဆး႐ုံတင္ခဲ့ရတဲ့ သတင္း၊ မေကြးတိုင္း ထီးလင္းၿမိဳ႕နယ္ ပုံညာေတာင္မွာ မိုးရက္ဆက္ ႐ြာသြန္းမႈေၾကာင့္ ေျမၿပိဳမႈေတြျဖစ္ၿပီး ေပါက္-ထီးလင္း လမ္းပိုင္း ပိတ္ထားရတဲ့ သတင္း၊ မုံ႐ြာၿမိဳ႕မွာ ငါးရက္ခန႔္ မိုးအဆက္မျပတ္ ႐ြာသြန္းလို႔ ရပ္ကြက္အခ်ိဳ႕ ေရနစ္ျမဳပ္ကာ ေရႀကီးေရလွ်ံမႈ ျဖစ္ေပၚခဲ့တဲ့ သတင္း၊ စစ္ကိုင္းၿမိဳ႕နယ္ ေက်ာက္တာေက်း႐ြာမွာ ေလဆင္ႏွာေမာင္း တိုက္ခတ္ခဲ့လို႔ ေနအိမ္ ၁၅ လုံး ပ်က္စီးခဲ့တဲ့ သတင္း၊ ေယာေဒသ နာမည္ႀကီးဆရာေတာ္ျဖစ္သည့္ ေက်ာက္ဂူဆရာေတာ္ ရန္ကုန္-မႏၲေလး အျမန္လမ္းမွာ ကားေမွာက္ၿပီး ပ်ံလြန္ေတာ္မူတဲ့ သတင္း၊ ကုန္တင္ေရယာဥ္တစ္စီး ခ်င္းတြင္းျမစ္အတြင္း အုမၼေက်း႐ြာအနီးမွာ ေအာက္တိုဘာ ၁၈ ရက္က ေရယာဥ္ခါးပိုင္းက်ိဳးခဲ့တဲ့ သတင္း၊ အာရွလမ္းမႀကီး ျမဝတီ-ေကာ့ကရိတ္ လမ္းပိုင္းမွာ ကုန္တင္ယာဥ္ႏွစ္စီး တိုက္မိကာ ကားႏွစ္စီးလုံး မီးေလာင္ၿပီး ယာဥ္ေပၚပါ လူ သုံးဦး မီးေလာင္ေသဆုံးခဲ့တဲ့ သတင္း စတဲ့သတင္းေတြထက္ ပိုၿပီးသတိထားစရာ သတင္းျဖစ္ခဲ့ပါတယ္။

အေရးယူမႈေတြ မၿပီးေသးတဲ့ ႏိုင္ငံျခားေငြေၾကးေဈးကြက္။

    
ျမန္မာ့စီးပြားေရးနဲ႔ ပတ္သက္တဲ့ သတင္းေတြထဲမွာ မၾကာခင္က လႈပ္လႈပ္ခတ္ခတ္ျဖစ္ခဲ့ၿပီး အစိုးရပိုင္းက ပါဝင္ကိုင္တြယ္ခဲ့မွ တရၾကမ္းတက္ေနတဲ့ ႏိုင္ငံျခားေငြေၾကးေဈးႏူန္း တန႔္ခဲ့တဲ့ ျဖစ္ရပ္က ပါဝင္ပတ္သက္သူေတြကို အေရးယူမႈျပဳလုပ္ရာမွာ ေငြေၾကးနဲ႔ ေ႐ႊေဈးကြက္မွာ နာမည္ႀကီးတဲ့သူတစ္ဦးကို စသုံးလုံးက ေျခာက္ေယာက္ေျမာက္အျဖစ္ အေရးယူခဲ့လို႔ ေငြေၾကးေဈးကြက္ထဲ အေရာင္းအဝယ္ေတြ တန႔္သေလာက္ ျဖစ္ခဲ့ပါတယ္။
    

စက္တင္ဘာ ၂၁ ရက္က ျပဳလုပ္တဲ့ ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး က ေဒၚလာေဈး စံခ်ိန္တင္ျမင့္တက္ေအာင္ ေဈးကစားသူမ်ားကို စိစစ္အေရးယူမည္လို႔ ေျပာၿပီးေနာက္မွာ စသုံးလုံးက စက္တင္ဘာ ၂၃ ရက္က စၿပီး ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။
    

စက္တင္ဘာ ၂၃ ရက္ကစၿပီး ေဒၚလာေဈး ကစားသူေတြကို ေခၚယူစစ္ေဆးခဲ့တဲ့ ညေနကတည္းက ျပည္တြင္းေငြေၾကးေဈးကြက္မွာ ရပ္ဆိုင္းသြားၿပီး  တက္ေနတဲ့ေဈးက ထိုးက်ခဲ့ပါတယ္။ဒီလိုက်ေနရာကေန ေအာက္တိုဘာ ၂၇ ရက္က ေျခာက္ေယာက္ေျမာက္ ေဈးကစားသူအျဖစ္ ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းမွ တြဲဖက္စာရင္းစစ္ ညီညီဦး(ခ)လွေလးစိန္ ကို မဖမ္းဆီးခင္မွာ ေဈးျပန္တက္လာခဲ့ပါတယ္။ေအာက္တိုဘာ ၁၆ ရက္မွာ တစ္ေဒၚလာကို ဝယ္ရင္ ၁၅၈၅ က်ပ္နဲ႔ ေရာင္းမယ္ဆိုရင္ ၁၅၇၇ က်ပ္ထိ ေဈးတက္လာခဲ့ၿပီး ေနာက္တစ္ရက္ေက်ာ္ျဖစ္တဲ့ ေအာက္တိုဘာ ၁၈ ရက္မွာ ဝယ္ရင္ ၁၅၈၆ က်ပ္နဲ႔ ေရာင္းမယ္ဆိုရင္ ၁၅၈၂ က်ပ္ထိ ဆက္တက္ေနတဲ့အတြက္ ေဒၚလာေဈးကိုထိန္းဖို႔ ေတာ္ေတာ္ေလးခက္ခဲတဲ့ အေနအထား ျဖစ္ခဲ့ပါတယ္။
    

ေဒၚလာေဈးႏွင့္အတူ ေ႐ႊေဈးပါတက္လာတဲ့ ေငြေၾကးမတည္ၿငိမ္မႈ ျဖစ္စဥ္မွာ အဓိကအားျဖင့္ ႏိုင္ငံတကာတြက္ ေဒၚလာေဈးတက္ေနလို႔ ျဖစ္သည္ဟု ေကာက္ခ်က္ခ်စရာ ျဖစ္ခဲ့ပါတယ္။ဒါေပမယ့္ ျပည္တြင္း ေငြေၾကးေဈးကစားသူမ်ား၏ ကစားခဲ့မႈေၾကာင့္ ျဖစ္သင့္သည္ထက္ ပိုတက္ခဲ့သည္က အထင္အရွားျဖစ္ခဲ့သည္မို႔ အမ်ားျပည္သူ စားသုံးသည့္ အေျခခံကုန္စည္ေဈးကြက္ကိုပါ တိုက္႐ိုက္ထိခိုက္ကာ ျပည္တြင္းကုန္ေဈးႏူန္းကိုပါ ဆြဲတင္သလို ျဖစ္ခဲ့ရပါတယ္။ယခုလို ရန္ကုန္ေ႐ႊလုပ္ငန္းရွင္ တြဲဖက္စာရင္းစစ္ကိုယ္တိုင္ ပါဝင္လာတဲ့အတြက္ ယခုအေရးယူ အမႈဖြင့္ထားသူမ်ားကို မည္သို႔ျပစ္ဒဏ္ခ်မည္လဲ ဆိုသည္ကို အမ်ားျပည္သူက ေစာင့္ၾကည့္ေနၾကဆဲပါ ျဖစ္ပါတယ္။
    

ဒီသတင္းက ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ က်ပ္ ၁,၀၀၀ တန္ ထီလက္မွတ္ေတြ လာမည့္ ေဖေဖၚဝါရီလမွာ ေရာင္းခ်မည့္ သတင္း၊ သန္လ်င္မွာ စက္သုံးဆီ ဂါလန္ ၁၀ သန္းခန႔္ ထုတ္လုပ္ႏိုင္မည့္ စက္႐ုံတည္ေဆာက္ဖို႔ စီစဥ္ေနတဲ့ သတင္း၊ ပဲခူးတိုင္းေဒသထြက္ စပါးမ်ားကို ပြဲစားမ်ားမွ တစ္ဆင့္ဝယ္ယူၿပီး တ႐ုတ္ႏိုင္ငံသို႔ တရားမဝင္ တင္ပို႔ေနမႈကို  အေရးယူေပးရန္ လႊတ္ေတာ္က တိုင္းအစိုးရထံ တိုက္တြန္းလိုက္တဲ့ သတင္း၊ ရန္ကုန္ မိုးပ်ံအျမန္လမ္းနဲ႔ ရန္ကုန္ၿမိဳ႕ေတာ္ အျပင္ပတ္လမ္း စီမံကိန္း ဆက္လက္အေကာင္အထည္ေဖာ္မယ္လို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္တဲ့ သတင္း စတဲ့သတင္းေတြလို စိတ္ဝင္စားဖို႔ ေကာင္းခဲ့ပါတယ္။

ဘာျဖစ္ျဖစ္ ႐ိုက္ၾကႏွက္ၾကနဲ႔ ေသနတ္ထုတ္ရွင္းၾကတဲ့ ေခတ္။

    
ယခုတစ္ပတ္ မႈခင္းနဲ႔ ဆက္ႏြယ္ေနတဲ့ သတင္းေတြက ၾကားရတာ မထိတ္သာမလန႔္သာေတြခ်ည္းပါဘဲ။ဒီထဲမွာ ျမန္မာႏိုင္ငံထဲလာၿပီး ကင္မ႐ြန္းႏိုင္ငံသား ႏွစ္ေယာက္က တြံေတးသားတစ္ဦးထံကေန ျမန္မာေငြ သိန္း ၄၀ လိမ္သြားလို႔ မႏၲေလးေလဆိပ္မွာ ဖမ္းမိတဲ့ သတင္း၊ ရန္ကုန္ၿမိဳ႕လယ္ေခါင္ လမ္းလယ္မ်ဥ္း ေရးဆြဲေနတဲ့ စည္ပင္ဝန္ထမ္းတစ္ဦး လွ်ပ္စစ္စီးဝင္ေနတဲ့ လမ္းလယ္စတီးသံပန္းကို ေက်ာ္ခြရာမွာ ဓာတ္လိုက္ေသဆုံးခဲ့တဲ့ သတင္း၊ သ႐ုပ္ေဆာင္ ေအာင္ရဲေထြး ေသဆုံးခဲ့တဲ့ အမႈမွာ တရားလို သက္ေသ ၃ ဦးကို ေအာက္တိုဘာ ၁၆ ရက္က ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွာ စတင္စစ္ေဆးခဲ့တဲ့ သတင္းေတြထဲ ဖုယြင္စက္႐ုံ ဆႏၵျပအလုပ္သမားေတြကို ဝင္႐ိုက္တဲ့ သတင္းနဲ႔ ေမာ္လၿမိဳင္မွာ ယာဥ္ထိန္းရဲနဲ႔ လမ္းသြားတစ္ဦးကို ေသနတ္နဲ႔ပစ္တဲ့ သတင္းေတြက ဒီတစ္ပတ္မွာ လူေျပာအမ်ားဆုံး သတင္းေတြ ျဖစ္ခဲ့ပါတယ္။
    

သမဂၢအဖြဲ႕ဝင္ အလုပ္သမား ၃၀ ဦးကို အလုပ္ကထုတ္လိုက္လို႔ သပိတ္ေမွာက္ ဆႏၵျပေနတာ ႏွစ္လေက်ာ္ၾကာေနၿပီျဖစ္တဲ့ ဖုယြင္ အထည္ခ်ဳပ္စက္႐ုံ သပိတ္ဟာ ေအာက္တိုဘာ ၁၅ ရက္မွာ သပိတ္ေမွာက္ ဆႏၵျပေနတဲ့ အလုပ္သမားေတြကို လူမိုက္ေတြက ဝင္႐ိုက္လို႔ ဒီအျဖစ္က အလုပ္သမားအဖြဲ႕အစည္းေတြနဲ႔ အလုပ္သမားေတြၾကားထဲမွာ သတိထားရမယ့္ ကိစၥျဖစ္လာပါတယ္။
အ႐ိုက္ခံရတဲ့ အလုပ္သမားေတြဘက္ကေတာ့ စက္႐ုံမန္ေနဂ်ာဘက္က ေခၚထားတဲ့ ေၾကးစားလူမိုက္ေတြက ဝင္႐ိုက္တာလို႔ ေျပာခဲ့ေပမယ့္ ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာေတာ့ သပိတ္ေမွာက္ အလုပ္သမားနဲ႔ အလုပ္ဆင္းေနတဲ့ အလုပ္သမားေတြ အခ်င္းခ်င္းျဖစ္တာလို႔ ဆိုထားပါတယ္။
    

ေၾကးစားလူမိုက္ေတြ ႐ိုက္ႏွက္လို႔ အလုပ္ဆင္းသည့္ အလုပ္သမားမ်ားထဲမွ အမ်ိဳးသားတစ္ဦး၊ အမ်ိဳးသမီးရွစ္ဦးကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ ျပင္ပလူနာအျဖစ္ လည္းေကာင္း၊ စက္႐ုံေရွ႕ ေန႔စဥ္ ဆႏၵေဖာ္ထုတ္ေနသူမ်ားထဲမွ အမ်ိဳးသားတစ္ဦး၊ အမ်ိဳးသမီး ၂၂ ဦးကို သဃၤန္းကြၽန္း စံျပေဆး႐ုံႀကီးကို ပို႔ခဲ့ရပါတယ္။
ဒီျဖစ္စဥ္မွာ စက္႐ုံရွိရာ ရပ္ကြက္က ျပည္သူေတြ မခံႏိုင္လို႔ စက္႐ုံကို ခဲနဲ႔ဝိုင္းထုသလို အလုပ္ဆင္းခ်ိန္မွာ ေရာထြက္လာတဲ့ ေၾကးစားလူမိုက္ေတြကို ဝင္ဖမ္းၾကတာေတြ ျဖစ္ခဲ့ပါတယ္။
    

ဒီျပႆနာကိုေျဖရွင္းဖို႔ ႀကိဳးစားေနစဥ္မွာ ဒီလိုျဖစ္လာတဲ့အတြက္ အလုပ္သမား အဖြဲ႕အစည္းေတြက ျပင္းထန္စြာ ကန႔္ကြက္မႈေတြ ရွိလာခဲ့သလို အမ်ားျပည္သူၾကား အာ႐ုံစိုက္စရာ ျဖစ္လာခဲ့ပါတယ္။ေအာက္တိုဘာ ၁၇ ရက္က ျပဳလုပ္တဲ့ ရန္ကုန္တိုင္းအစိုးရ အစည္းအေဝးမွာ ရန္ကုန္ဝန္ႀကီးခ်ဳပ္က သပိတ္စခန္းကို အၾကမ္းဖက္ ဝင္ေရာက္႐ိုက္ႏွက္ခဲ့တဲ့သူေတြကို အမႈဖြင့္အေရးယူဖို႔ ျပည္ထဲေရးကို ေျပာခဲ့တဲ့အတြက္ ဒီျပႆနာက ဘယ္လိုပုံစံနဲ႔ ၿပီးသြားမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။
    

ဖုယြင္စက္႐ုံနဲ႔ မတူတဲ့ ေနာက္မႈခင္းတစ္ခုက အခုတစ္ေလာ ေခတ္ထေနတဲ့ လက္နက္ကိုင္ၿပီး တာဝန္က်သူကို ပစ္ခတ္ၿပီး ထြက္ေျပးတဲ့ အမႈပါဘဲ။
    

ေအာက္တိုဘာ ၁၄ ရက္ နံနက္ပိုင္းက ေဒါင္းဇရပ္ မီးပြိဳင့္လမ္းဆုံမွာ ယာဥ္ထိန္းရဲႏွစ္ဦးက Wish အမ်ိဳးအစား အျဖဴေရာင္ယာဥ္ကို စစ္ေဆးရန္ တားဆီးရာကေန စစ္ေဆးမခံဘဲ ေမာင္းေျပးတဲ့အတြက္ ဆိုင္ကယ္နဲ႔ လိုက္ဖမ္းရာကေန ကားေရွ႕ပိတ္ရပ္တဲ့ ဆိုင္ကယ္နဲ႔ ဓာတ္တိုင္ကို ဝင္တိုက္ၿပီး ယာဥ္ေမာင္းက ယာဥ္ထိန္းရဲကို ေသနတ္နဲ႔ ငါးခ်က္ပစ္ခတ္လို႔ ပါးမွာရွပ္ထိသလို လမ္းသြားေနတဲ့ လူငယ္တစ္ဦးကိုလည္း လက္ခုံရွပ္ထိတာ ျဖစ္ခဲ့ပါတယ္။
    

ေသနတ္နဲ႔ ပစ္ခတ္တဲ့ ယာဥ္ေမာင္းက ကားနဲ႔ကားေပၚပါ အမ်ိဳးသမီးကိုထားၿပီး ထြက္ေျပးသြားခဲ့ ေပမယ့္ ယာဥ္ေပၚကေန စိတ္ႂကြမူးယစ္ေဆးဝါးေတြနဲ႔ မြန္ၿငိမ္းခ်မ္းေရးကာကြယ္ေရးတပ္ဖြဲ႕မွ ဒုတိယဗိုလ္အဆင့္ ကတ္ျပားတစ္ခုကို သိမ္းဆည္းရမိခဲ့တယ္ ဆိုပါတယ္။ထိုသူကို ေမာ္လၿမိဳင္မွာ ပိတ္ဆို႔ရွာေဖြခဲ့ရာမွာ ေအာက္တိုဘာ ၁၇ ရက္ နံနက္ ၅ နာရီခြဲခန႔္မွာ  ၿမိဳင္သာယာရပ္ကြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း အထက (၁၂) ႏွင့္ စာတိုက္လမ္းၾကားမွာ ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိခဲ့ပါတယ္။
    

မၾကာခဏဆိုသလို ရန္ကုန္နဲ႔ ၿမိဳ႕ႀကီးေတြမွာ ေသနတ္ကိုင္ေဆာင္ က်ဴးလြန္တဲ့ မႈခင္းေတြ ျဖစ္လာရတဲ့အထဲမွာ တာဝန္ထမ္းေဆာင္ေနတဲ့သူေတြကိုပါ ရန္ျပဳလာတဲ့အတြက္ ဒါဟာ တရားဥပေဒစိုးမိုးေရးကို တိုက္႐ိုက္ၿခိမ္းေျခာက္လာၿပီ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာ တရားမဝင္ ေသနတ္ကိုင္ေဆာင္ေနတဲ့သူေတြ ဘယ္ေလာက္ရွိေနၿပီလဲဆိုတာ မေတြးရဲေလာက္ေအာင္ မ်ားေနၿပီလားဆိုတာ ဒီသတင္းက အမ်ားျပည္သူစိတ္ထဲ ေတြးစရာျဖစ္လာခဲ့ပါတယ္။

ေနျပည္ေတာ္ ထိပ္သီးအစည္းအေဝး သတင္းေတြ။
    

ယခုတစ္ပတ္ သတင္းေတြထဲမွာ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္  စိတ္အားတက္စရာ သတင္းေတြ ရွိခဲ့ပါတယ္။ဒါက ေအာက္တိုဘာ ၁၅ ရက္နဲ႔ ၁၆ ရက္မွာ ေနျပည္ေတာ္မွာ ျပဳလုပ္ခဲ့တဲ့ အစိုးရ၊ တပ္မေတာ္၊ လႊတ္ေတာ္ေခါင္းေဆာင္ ၁၀ ဦးႏွင့္ NCA လက္မွတ္ထိုး တိုင္းရင္းသားအဖြဲ႕ ၁၀ ဦးတို႔၏ ပထမဆုံးအႀကိမ္ ထိပ္သီးေခါင္းေဆာင္မ်ား သီးသန႔္ေဆြးေႏြးတဲ့ ပြဲသတင္းေတြေၾကာင့္ပါဘဲ။
    

မူလက ပုပၸားမွာ က်င္းပဖို႔ စီစဥ္ထားေပမယ့္ နီးလာတဲ့အခါ ေနျပည္ေတာ္မွာ ေျပာင္းေ႐ႊ႕က်င္းပခဲ့တာပါ။ဒီအစည္းအေဝး ပထမေန႔ အဖြင့္စကား အသီးသီးေျပာၾကားတာကို ထုတ္ျပန္ခဲ့တဲ့အတြက္ ေဆြးေႏြးပြဲထဲ ဘာေတြေျပာခဲ့သလဲ ဘာေတြေဆြးေႏြးခဲ့သလဲ ဆိုတာကို အမ်ားျပည္သူ သိခြင့္ရခဲ့ပါတယ္။
    

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က "ဒီေနရာမွာ ခြဲမထြက္ေရးက အေရးႀကီးသလို ခြဲမထြက္ခ်င္တဲ့၊ ခြဲထြက္စရာမလိုတဲ့ ျပည္ေထာင္စုႀကီး ျဖစ္လာေအာင္ အားလုံးလက္တြဲပူးေပါင္းၿပီး အေကာင္အထည္ ေဖာ္ဖို႔ကလည္း အင္မတန္အေရးႀကီးတယ္ဆိုတာကို ေျပာခ်င္ပါတယ္။စိုးရိမ္မႈေတြ ျဖစ္တည္လာေစခဲ့တဲ့ သမိုင္းေၾကာင္း အျဖစ္အပ်က္ေတြကို ကြၽန္မတို႔ အသိအမွတ္ျပဳဖို႔ လိုပါတယ္။ဒါေပမဲ့ ဒီ အတိတ္သမိုင္းကေန ႐ုန္းထၿပီး အားလုံးအတြက္ ပိုမိုေကာင္းမြန္တဲ့ အနာဂတ္ဆီကို ဆက္လက္ဦးတည္ ေလွ်ာက္လွမ္းၾကဖို႔ အေရးႀကီးပါတယ္" လို႔ ေျပာခဲ့သလို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္း ေခါင္းေဆာင္မ်ား အားလုံးကို အထူးေက်းဇူးတင္ေၾကာင္း ေျပာၾကားၿပီး ေဆြးေႏြးပြဲတြင္ မပါႏိုင္ေသးသည့္ က်န္ရွိေနေသာ တိုင္းရင္းသား အဖြဲ႕ေခါင္းေဆာင္မ်ားကို အထူးသတိရမိေနတယ္လို႔လည္း ေျပာခဲ့ပါတယ္။
    

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကေတာ့ တပ္မေတာ္အေနျဖင့္ လာမည့္ ၂၀၂၀ ခုႏွစ္တြင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ၿပီးေျမာက္ေစေရးအတြက္ သႏၷိ႒ာန္ခ်ထားတယ္လို႔ ဆိုၿပီး "တပ္မေတာ္အေနနဲ႔ ဒီသႏၷိ႒ာန္အတိုင္း ျဖစ္ေျမာက္ေအာင္ ေဆာင္႐ြက္ၿပီး တိုင္းရင္းသား ျပည္သူလူထုက လိုလားေတာင့္တေနတဲ့ ထာဝရၿငိမ္းခ်မ္းေရးကို ျပည္သူ႔လက္ကို အေရာက္အပ္ႏွံမွာျဖစ္ေၾကာင္း ထပ္ေလာင္းေျပာၾကားလိုပါတယ္" လို႔ အဖြင့္စကားမွာ ေျပာၾကားခဲ့ပါတယ္။
    

ဒါ့အျပင္ ကာကြယ္ေရးဦးစီးခ်ဳပ္က  “ခြဲမထြက္ရဆိုတဲ့ တားျမစ္ခ်က္ကို ထည့္သြင္းရျခင္းဟာ အခ်ိဳ႕အဖြဲ႕အစည္းမ်ား ေျပာသလို တိုင္းရင္းသား ညီအကိုမ်ားအေပၚ မယုံၾကည္လို႔ မဟုတ္ပါဘူး။ေရရွည္အတြက္ အာမခံခ်က္ရွိေစဖို႔၊ ယုံၾကည္ခ်င္လို႔ တစ္ဦးနဲ႔တစ္ဦး သံသယကင္းကင္းနဲ႔ ထာဝရၿငိမ္းခ်မ္းေရးလမ္းေပၚမွာ အတူတကြ လက္တြဲခ်င္လို႔သာ ျဖစ္ေၾကာင္း ကြၽန္ေတာ္ ေျပာၾကားလိုပါတယ္” လို႔ ဆိုပါတယ္။
    

ႏွစ္ရက္ၾကာျပဳလုပ္တဲ့ ေဆြးေႏြးပြဲမွာ ခြဲမထြက္ေရး၊ ကိုင္ပိုင္ျပ႒ာန္းခြင့္ႏွင့္ တစ္ခုတည္းေသာ တပ္မေတာ္ ထားရွိေရး စတဲ့ အေရးႀကီးသည့္ ကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ၾကၿပီး ျပည္ေထာင္စုမွ ခြဲမထြက္ရႏွင့္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ဆိုင္ရာ ကိစၥႏွင့္ပတ္သက္ၿပီး အစိုးရ၊ တပ္မေတာ္ႏွင့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား လက္ခံသည့္ပုံစံျဖင့္ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္၌ ေဖာ္ျပရန္ လာမည့္ ႏိုဝင္ဘာ၌ ထပ္မံညႇိႏႈိင္းရန္ ဆုံးျဖတ္ခဲ့ၾကပါတယ္။တစ္ခုတည္းေသာ တပ္မေတာ္ထားရွိေရးကိစၥႏွင့္ ပတ္သက္ၿပီးလည္း ႏွစ္ဖက္ဆက္လက္ညႇိႏႈိင္းရန္ သေဘာတူခဲ့ၾကပါတယ္။
    

ထိပ္သီးေဆြးေႏြးပြဲ ပထမေန႔မွာ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ KNU ဥကၠ႒တို႔ သီးသန႔္ေတြ႕ဆုံခဲ့သလို ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ႏွင့္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး ေဆာင္႐ြက္ရာမွာ အျပန္အလွန္စိုးရိမ္မႈမ်ားကို ပြင့္ပြင့္လင္းလင္း ေဆြးေႏြးခဲ့တယ္လို႔ ဆိုပါတယ္။
    

ဒီေဆြးေႏြးပြဲက ေရွ႕မတိုးသာျဖစ္ေနတဲ့ ခြဲမထြက္ေရး၊ ကိုင္ပိုင္ျပ႒ာန္းခြင့္ႏွင့္ တစ္ခုတည္းေသာ တပ္မေတာ္ထားရွိေရး စတဲ့ ကိစၥရပ္ေတြအတြက္ လမ္းပြင့္ခဲ့သလို ဆက္လက္ေဆြးေႏြးရမယ့္ ကိစၥေတြအတြက္လည္း အခ်ိန္သတ္မွတ္ႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။
    

ျပည္တြင္း၊ ျပည္ပက ဖိအားေတြ ရွိေနခ်ိန္မွာ ယခုလို ျပည္တြင္းမွာ ၿငိမ္းခ်မ္းေရးအတြက္ အသံေတြထြက္လာတာ၊ ညီၫြတ္မႈအတြက္  အရိပ္အေယာင္ေတြ ျမင္လာရတာက အားတက္ဖြယ္ရာ သတင္းဘဲ ျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ ႏိုင္ငံေရးေနာက္ခံ သတင္းေတြျဖစ္တဲ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္သို႔ တိုင္ၾကားထားတဲ့ ေဒါက္တာညိဳညိဳသင္း တိုင္စာကို သုံးသပ္ၿပီး ေကာ္မရွင္ အစည္းအေဝးထိုင္မယ့္ သတင္း၊ ႏိုင္ငံေတာ္သမၼတ႐ုံးက ဝန္ႀကီးဌာန သုံးခုအတြက္ ဒုဝန္ႀကီးသုံးဦးႏွင့္ ေနျပည္ေတာ္ ေကာင္စီဝင္တစ္ဦးကို ေအာက္တိုဘာ ၁၅ ရက္မွာ ခန႔္အပ္တာဝန္ေပးလိုက္တဲ့ သတင္း၊ တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ (AA) တို႔  ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္း တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားေနတဲ့ သတင္း၊ တကၠသိုလ္ရိပ္သာလမ္းရွိ ၿခံအမွတ္ (၅၄) ၿခံဝင္းႏွင့္ အိမ္ကို ေလလံပစ္ၿပီး တစ္ဝက္စီခြဲယူဖို႔ ဆႏၵရွိေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ၏ အစ္ကို ဦးေအာင္ဆန္းဦး က ေျပာတဲ့ သတင္း၊ အသံအဖြဲ႕က ထုတ္ျပန္သည့္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ အစီရင္ခံစာမွာ NLD အစိုးရသက္တမ္း ကာလအတြင္း လြတ္လပ္စြာေျပာဆိုခြင့္ ဆိုး႐ြားစြာ က်ဆင္းလာတယ္လို႔ ထုတ္ျပန္လိုက္တဲ့ သတင္း၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးသန္းေ႒း က ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕မွာ က်င္းပျပဳလုပ္တဲ့ ပါတီဝင္ အဆိုျပဳလႊာ စုေပါင္းေပးအပ္ပြဲႏွင့္ လူထုေတြ႕ဆုံပြဲမွာ ျပည္သူလူထု၏ စီးပြားေရး၊ လူမႈေရး ဘဝအေျခအေနက NLD အစိုးရလက္ထက္မွာ မႈန္ဝါးဝါး အေျခအေနသို႔ ေရာက္ရွိေနတယ္လို႔ ေျပာလိုက္တဲ့ သတင္း၊ ျမန္မာႏိုင္ငံႏွင့္ ပတ္သက္ၿပီး အမုန္းစကားႏွင့္ ဝါဒျဖန႔္မႈမ်ား ျပဳလုပ္ေနတဲ့ facebook page ၁၃ ခုႏွင့္ facebook account ၁၀ ခုကို အၿပီးဖယ္ရွားလိုက္တယ္လို႔ ေအာက္တိုဘာ ၁၅ ရက္က Facebook က ထုတ္ျပန္လိုက္တဲ့ သတင္း စတဲ့ သတင္းေတြထဲ အမ်ားစိတ္ဝင္စားတဲ့ သတင္းေကာင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ရပ္နားလိုက္ခ်င္ပါတယ္။

မာလင္း
ေအာက္တိုဘာ - ၁၉