【 သတင်းဆောင်းပါး 】 ရန်ကုန်ပို့ဆောင်ရေး ပြောင်းလဲခဲ့ပြီလား

【 သတင်းဆောင်းပါး 】 ရန်ကုန်ပို့ဆောင်ရေး ပြောင်းလဲခဲ့ပြီလား

ရန်ကုန်မြို့ရဲ့ ပို့ဆောင်ရေးစနစ်ထဲမှာ အခုအချိန်အထိ အများပြည်သူ အားထားအသုံးပြုနေရတာဟာ ဘတ်စ်ကားစနစ်ပဲ ဖြစ်လို့နေပါသေးတယ်။အဲ့ဒီဘတ်စ်ကားစနစ်ကို ပြန်ကြည့်ရင် အစိုးရသစ်လက်ထက်မှာပဲ ပြုပြင်ပြောင်းလဲမှုတစ်ရပ်အနေနဲ့ အရင်ကရှိခဲ့တဲ့ မထသ စနစ်ကို ဖျက်သိမ်းလိုက်ပြီး YBS စနစ်ကို ထူထောင်ခဲ့တာ နှစ်နှစ်ကျော်လာခဲ့ပါတယ်။ခရီးသည်ပို့ဆောင်ရေး အပိုင်းမှာ လက်ရှိကာလအထိ ဝေဖန်မှုတွေလည်း ရှိနေသလို အခက်အခဲ အားနည်းချက်တွေလည်း ရှိနေသေးတာ တွေ့ရပါတယ်။ရန်ကုန်ပို့ဆောင်ရေး စနစ်ထဲ လက်ရှိအသုံးပြုနေကြတဲ့ စီးတီးဘတ်စ်၊ မီနီဘတ်စ် ယာဉ်တွေထဲမှာ ယာဉ်တစ်ဝက်လောက်ဟာ Brand New ယာဉ်တွေအဖြစ် ပြောင်းလဲသုံးစွဲနေတာ လက်ခံကြရမယ့် ပြောင်းလဲမှုတစ်ခုပါပဲ။

ခရီးသည်တင်ယာဉ်လိုင်းတွေ ပြေးဆွဲဖို့အတွက် စီးတီးဘတ်စ်ယာဉ်တွေဟာ စာရင်းအရ ၄၇၅၈ စီးရှိနေပြီး တစ်ရက်ပျမ်းမျှထွက်တဲ့ယာဉ်ဟာ ၃၅၄၂ စီးရှိသလို တစ်ရက်လျှင် ခရီးသည်ပျမ်းမျှ ၁၅၀၅၅၅၅ ဦးကို သယ်ယူပို့ဆောင်ပေးနေကြပါတယ်။အလားတူ မီနီဘတ်စ်ယာဉ်တွေဟာလည်း စာရင်းတွေအရ ၁၂၅၃ စီးရှိနေပြီး တစ်ရက်ပျမ်းမျှထွက်တဲ့ ယာဉ်ဟာ ၇၃၃ စီးရှိသလို တစ်ရက်လျှင် ခရီးသည်ပျမ်းမျှ ၃၆၉၁၀၃ ဦးကို သယ်ယူပို့ဆောင်ပေးနေကြတာ ဖြစ်ပါတယ်။ဒါ့အပြင် စင်းလုံးငှား “တက္ကစီ” ယာဉ်ငယ်တွေနဲ့ မိုက်ခရိုဘတ်စ် ယာဉ်တွေကိုလည်း ခရီးသည် အားပြုစီးနင်းရတာတွေရှိသလို အဲ့ဒီယာဉ်တွေနဲ့ ခရီးသည်သယ်ယူမှုတွေဟာ တစ်ရက်လျှင် ပျမ်းမျှ ၅၂၃၀ ဦးရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) က ပြုစုထားတဲ့ စာရင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အခြေတကျမဖြစ်သေးတဲ့ နှစ်နှစ်ကျော် YBS

ခရီးသည်ပို့ဆောင်ရေးစနစ်မှာ ပြောင်းလဲလိုက်တဲ့ YBS ဘတ်စ်ကားစနစ်ဟာ နှစ်နှစ်ကျော် သက်တမ်းရှိလာပေမယ့် ဝန်ဆောင်မှုပိုင်းဆိုင်ရာ အပါအဝင် အခြေအနေအရပ်ရပ်မှာ ပြီးပြည့်စုံတဲ့ အနေအထားမျိုး မရောက်သေးသလို လိုအပ်ချက်တွေလည်း ရှိနေသေးပါတယ်။ဒါဟာလည်း မပြည့်စုံသေးတဲ့ ချို့တဲ့မှုတွေကြားမှာ အသားတကျဖြစ်အောင် အဘက်ဘက်ကနေ တဖြေးဖြေးချင်း လုပ်ဆောင်နေရတာတွေကြောင့်လည်း ချက်ချင်းကြီး မဖြစ်သေးပေမယ့် တဖြေးဖြေးချင်းတော့ ဖြစ်လာမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမောင်အောင် က ပြောခဲ့ပါတယ်။

နိုင်ငံတကာမှာ နှစ်နှစ်၊ သုံးနှစ်လောက်မှာ Finish ဖြစ်တဲ့ အနေအထားမျိုးရှိပေမယ့် မြန်မာနိုင်ငံမှာတော့ အခြေအနေချင်း မတူညီသလို ပြုပြင်ပြောင်းလဲမှုတစ်ခု လုပ်တဲ့အခါ ထိခိုက်နစ်နာတတ်တဲ့ အခြေအနေတွေလည်း ရှိတတ်တာကြောင့် တတ်နိုင်သမျှ ထိခိုက်မှုနည်းပါးစေမယ့် အခြေအနေတွေအဖြစ် ဖြေးဖြေးချင်း လုပ်ကိုင်နေကြတာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ ယာဉ်အသစ်တွေနဲ့ ဖြည့်စွက်နေတာတွေရှိသလို အများပိုင်ကုမ္ပဏီတွေအဖြစ် ပီပီပြင်ပြင်ဖြစ်လာဖို့ ကိစ္စတွေ၊ ဝန်ဆောင်မှုကောင်းများ ပေးနိုင်ဖို့အတွက် တွန်းအားပေးကာ လုပ်ဆောင်နေပြီး ခရီးသည်တွေရဲ့ လိုအပ်ချက်အရ တင်ပြလာတဲ့ လမ်းကြောင်းတွေအတွက်ကိုလည်း ယာဉ်လိုင်းပြေးဆွဲရင်း ဖြည့်ဆည်းတာမျိုးတွေနဲ့ လုပ်ဆောင်နေလျက် ရှိပါတယ်။

မထသ ခေတ်က မရှိတဲ့ လမ်းကြောင်းတွေလည်းရှိလာသလို ချောင်ကျိုချောင်ကြားအထိ ယာဉ်လိုင်းတွေရှိပေမယ့် အလုံကနေ ရွှေတိဂုံအထိ တိုက်ရိုက်ပြေးဆွဲခဲ့ဖူးတဲ့ မထသ ၃ ယာဉ်ငယ်လိုင်း နေရာမှာတော့ အခုအချိန်အထိ အစားထိုးပေးတာ မရှိသေးပါဘူး။အရင်ကဆိုရင် တစ်ဆင့်ထဲရောက်တဲ့ ခရီးကို အခု YBS စနစ်မှာ ပြောင်းလဲမှု နှစ်နှစ်ကျော်လာပေမယ့် တစ်ဆင့်လျှင် ငွေ ၂၀၀ ကျပ်နှုန်းဖြင့် နှစ်ဆင့်ပြောင်းစီးရတဲ့ ဖြစ်အင်တွေက ရှိနေဆဲပါပဲ။

“ခုထိတော့ အဆင်မပြေသေးဘူးလေ၊ မိသားစု သုံးယောက်ဆိုရင် နှစ်ဆင့်ပြောင်းစီးတာနဲ့ အသွား ၁၂၀၀၊ အပြန် ၁၂၀၀ လေ၊ အသွားအပြန် ၂၄၀၀ ဆိုတော့ တစ်ရက်တာ လုပ်ခလစာ သတ်မှတ်ချက်ဖြစ်တဲ့ ၄၈၀၀ ရဲ့ တစ်ဝက်က လမ်းစရိတ်အနေနဲ့ ကုန်သွားပြီ” လို့ အလုံမြို့နယ် စောရန်ပိုင်အရှေ့ရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်နီလာ က ရှင်းပြပါတယ်။

ဒါ့အပြင် လှိုင်တက္ကသိုလ်နယ်မြေထဲဆိုရင် အရင်ခေတ်က မထသ ၅၁ ယာဉ်လိုင်းထဲက ထောက်ကြန့်လိုင်း တစ်လိုင်းဟာ ကျောင်းထဲပတ်ပြီး ပြေးဆွဲပေးခဲ့ဖူးပေမယ့် YBS ခေတ်မှာကျတော့ YBS ၃၀ လိုင်းက ယာဉ်တစ်ချို့နဲ့ YBS ၃၇ လိုင်းက ယာဉ်တစ်ချို့ ကျောင်းထဲဝင်ပေးတာ တွေ့ဖူးပေမယ့် ကျောင်းထဲမှာ အရင်ကလိုမျိုး ပတ်ပြီးမောင်းပေးတာမျိုးမဟုတ်ဘဲ ပါရမီလမ်းနဲ့ ပြည်လမ်း လမ်းဆုံမီးပွိုင့်ကနေ TTC မူကြိုကျောင်းနားလောက်အထိသာ ဝင်ပေးပြီး ပြန်ကွေ့ထွက်နေတာကြောင့်လည်း လှိုင်တက္ကသိုလ်နယ်မြေထဲ ကျောင်းလာတက်သူတွေ၊ MICT မှာ လာရောက်လုပ်ကိုင်တဲ့ နည်းပညာကုမ္ပဏီကသူတွေ၊ နည်းပညာသင်တန်းတွေ လာရောက်တက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ အင်ဂျင်နီယာဆိုင်ရာ လာရောက်လေ့လာ သင်ယူသူတွေ၊ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း၊ အောင်လက်မှတ် လာရောက်လျှောက်ထား ထုတ်ယူသူတွေ၊ တက္ကသိုလ်အဆောင်နေ ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေ၊ စီးပွားရေးပညာ သင်ယူနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ မိုးလုံလေလုံ အားကစားရုံမှာ လာရောက်အားကစား လုပ်ကိုင်သူတွေ အပါအဝင် ဆက်နွှယ်ပတ်သက်သူတွေ အများစုအဖို့တော့ ထူးခြားပြောင်းလဲမှုမရှိဘဲ အရင်လောက်ကလိုတောင် သွားလာရေးအဆင်ပြေတာမျိုး မဖြစ်သေးတာ တွေ့ရပါတယ်။

စည်းကမ်းချိုးဖောက်မှုအချို့ ရှိနေဆဲ

YBS စနစ် ပြောင်းလဲပေမယ့် စည်းကမ်းချိုးဖောက်တဲ့ ဖြစ်ရပ်တွေကတော့ ရှိနေသေးတာ တွေ့ရပါတယ်။လတ်တလောမှာတော့ မထသ ခေတ်ကာလကလို YRTA အပါအဝင် ယာဉ်လိုင်းတာဝန်ရှိသူတွေ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ အဖွဲ့တွေနဲ့ စစ်ဆေးဖမ်းဆီးနေတာတွေရှိသလို တိုင်ကြားတာတွေ အပေါ်မူတည်ပြီး ယာဉ်လိုင်းကုမ္ပဏီအလိုက် အရေးယူတာမျိုးတွေကိုတော့ လုပ်ဆောင်တာတွေရှိပါတယ်။

မီးပွိုင့်တွေနဲ့ ချိတ်ဆက်ပြီး ယာဉ်အားလုံးကို စောင့်ကြည့်နိုင်မယ့် Control စင်တာကို ပြည်သူ့ဥယျာဉ် ဧရိယာထဲက နက္ခတ်တာရာ ပြခန်းဘေးမှာ တည်ဆောက်ပြီးစီးခဲ့သလို မီးပွိုင့်တွေမှာ တပ်ဆင်ထားတဲ့ စီစီတီဗွီတွေနဲ့လည်း Network လိုင်းတွေ ဆွဲထားပြီးသော အခြေအနေဖြစ်ပေမယ့် လိုအပ်ချက်တစ်ခုဖြစ်သော အဓိကကျတဲ့ ကြိုးဆက်သွယ်မှု လိုအပ်ချက် ကျန်နေသေးတာကြောင့် ကောင်းစွာလည်ပတ် လုပ်ကိုင်နိုင်မှု မရှိသေးတာ တွေ့ရပါတယ်။အဲ့ဒီကိစ္စဟာ အရင်အစိုးရတစ်ဆက် လက်ထက်မှာ စာချုပ်ချုပ်ထားပြီး စာချုပ်ထဲ ပြတ်ပြတ်သားသား ဖော်ပြထားမှုမရှိတဲ့ အခြေအနေကြောင့် ကြိုးဆက်သွယ်မှုကိစ္စအတွက် တာဝန်ယူတည်ဆောက်နေတဲ့ ကုမ္ပဏီဘက်ကလည်း ကုန်ကျခံကာ လုပ်ပေးဖို့ဟာ အငြင်းပွားနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

“သူက ကုန်ကျစရိတ်များပြားတော့ ကုမ္ပဏီဘက်ကလည်း မလုပ်ပေးနိုင်ဘူးလို့ ဆိုတယ်လေ၊ အဲ့ဒါကြောင့်လည်း တတိယအဖွဲ့အစည်းတစ်ခုက ဒါကိုစစ်ဆေးပြီးတော့ တစ်ခုခုတော့ ဆောင်ရွက်ရမှာပေါ့၊ လောလောဆယ်မှာ ညှိနှိုင်းနေကြဆဲ ဖြစ်တယ်လို့ ကြားပါတယ်၊ ဒီအတိုင်းချည်းပဲ ထားထားလို့မှ မဖြစ်တာ” လို့ ဒဂုံမဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောပြပါတယ်။

ကိုယ်ရကိုယ်ယူ စနစ်ကနေ ဝေပုံကျခွဲဝေတဲ့စနစ်ဖြင့် တဖြေးဖြေးချင်း အများပိုင်ကုမ္ပဏီပုံစံမျိုး သွားပေမယ့် လိုအပ်ချက်ကတော့ ရှိနေသေးသလို အများပိုင်ကုမ္ပဏီတွေထဲမှာလည်း ငွေကြေးကိစ္စတွေ၊ ယာဉ်ပိုင်ရှင်အချင်းချင်းအ များပိုင်ကုမ္ပဏီလိုမျိုး စုစည်းလုပ်ကိုင်နေတဲ့ဟာတွေမှာလည်း ရပိုင်ခွင့်အခွင့်အရေးတွေအတွက် တိုင်တာတောတာတွေ၊ ပြောဆိုဝေဖန်တာတွေ ရှိနေတာ တွေ့ရပါတယ်။YBS နဲ့ ပတ်သက်လို့ တိုင်ကြားလာတဲ့ တိုင်စာတွေမှာဆိုရင် အခုအချိန်အထိလည်း ယာဉ်အချင်းချင်း ပြိုင်ဆိုင်မောင်းနှင်တာတွေကြောင့် တိုင်ကြားလာတဲ့ တိုင်စာတွေရှိပေမယ့် အရေအတွက် အတိအကျကိုတော့ မပြောဆိုနိုင်သေးဘူးလို့ YRTA မှ ဦးကာကျော် က ဆိုပါတယ်။

အများပိုင်ကုမ္ပဏီစနစ်ကို ပီပီပြင်ပြင်သွားနိုင်တဲ့အခါ ကုမ္ပဏီရဲ့ ချုပ်ကိုင်မှုနဲ့အတူ ယာဉ်မောင်းတွေဟာ သတ်မှတ်လစာ ဝင်ငွေကိုသာ ရရှိမှာဖြစ်တဲ့အတွက် ပြိုင်ဆိုင်မောင်းတာမျိုးတွေ လျော့ကျလာပြီး ခရီးသည်လုတင်ရတဲ့ အခြေအနေတွေ လျော့လာမယ်လို့ မျှော်မှန်းကြပေမယ့် လစာဖြင့်မောင်းနှင်တဲ့ ယာဉ်မောင်းတွေဟာ မထသ ခေတ်ကလို ခရီးသည် လုယက်မတင်ပေမယ့် ခေါက်ရေပြည့်ဖို့သာ အာရုံစိုက်လာပြီး အဆင်းခရီးသည်မရှိတဲ့ မှတ်တိုင်တွေဆိုရင် မရပ်တော့ဘဲ မောင်းနှင်တာတွေ ရှိလာပါတယ်။

“တာမွေကနေ မြေနီကုန်း လှည်းတန်းဖြတ်ပြီး ပြည်လမ်းအတိုင်း သွားတဲ့ YBS 97 တစ်လိုင်းပဲရှိပေမယ့် စီးမယ့်ခရီးသည်တွေ ရှိတာတောင် မှတ်တိုင်မှာ မရပ်ဘဲမောင်းလို့ တိုင်လိုက်ရတာမျိုးတွေ ဖြစ်ဖူးပါတယ်၊ အလားတူပဲ ဗိုလ်တထောင်ကနေ တာမွေအဝိုင်းလေးဘက်ကိုဆိုရင် YBS 26 တစ်မျိုးတည်း ရောက်ပေမယ့် ယာဉ်ပေါ်မှာ ခရီးသည်လည်း ခုံအပြည့်မပါဘဲ တက်မယ့်ခရီးသည်ရှိတဲ့ မှတ်တိုင်မရပ်ဘဲ မောင်းတာမျိုးတွေ ခဏခဏကြုံရပါတယ်” လို့ ဗိုလ်တထောင်မြို့နယ်မှာ စာလာသင်တဲ့ ဘာသာစကား သင်တန်းဆရာမ ဒေါ်စံပယ် က ပြောပြပါတယ်။

အဲ့ဒီ YBS ယာဉ်တွေထဲက စည်းကမ်းပျက်တဲ့ ယာဉ်တွေကို ၂၀၁၈ ခုနှစ် တစ်နှစ်တာထဲမှာ ယာဉ်စည်းကမ်းအဖွဲ့ ခြောက်ဖွဲ့နဲ့ ဖမ်းဆီးမှုဟာ ၂၁၅၉၄ မှု၊ ပူးပေါင်းအဖွဲ့ ၁၀ ဖွဲ့ဖြင့် ဖမ်းဆီးမှုဟာ ၆၅၇၆ မှု၊ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးမှုဟာ ၇၀၂၀ မှု တို့ အပါအဝင် စုစုပေါင်း ၃၅၁၉၀ မှု ရှိကြောင်း၊ Complaint Center ကို တိုင်ကြားလာမှုတွေဟာ ၂၀၁၈ ခုနှစ်ထဲမှာ ၂၅၉၃ မှုရှိပြီး ယာဉ်စီးခပိုတောင်းတာ၊ မချေမငံဆက်ဆံတာ၊ မှတ်တိုင်မရပ်တဲ့ ကိစ္စတွေအတွက် တိုင်ကြားလာတာ အများဆုံးဖြစ်တယ်လို့ YRTA ရဲ့ စာရင်းတွေအရ သိရတာပါ။

အများမျှော်လင့်ခဲ့ကြတဲ့ ရေကြောင်းသယ်ယူပို့ဆောင်မှု

ရန်ကုန်မြို့ရဲ့ ခရီးသည်သယ်ယူရေးမှာ ကုန်းလမ်းကနေ သယ်ယူပို့ဆောင်ရေးစနစ်တွေအပြင် ရွှေပြည်သာမြို့သစ် တည်ထောင်ကာစက အင်းစိန် ပေါက်တောဝနဲ့ ရွှေပြည်သာ ဝါးတစ်ရာကြားမှာ ပြေးဆွဲခဲ့ဖူးတဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးစနစ်ဟာ အောင်မြင်ခဲ့ဖူးတာကြောင့် အခုတစ်ဖန် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးကို အထောက်အကူပြုဖို့ ရေကြောင်းသယ်ယူပို့ဆောင်ရေးကို မျှော်မှန်းရင်း Yangon Water Bus စနစ်ကို အသက်သွင်းခဲ့ကြပါတယ်။ကနဦးခရီးစဉ်အဖြစ် ဗိုလ်တထောင်နဲ့ အင်းစိန်ကြားကို ပို့ဆောင်ပေးရာကနေ ဒလဘက်ကမ်းကို ခရီးစဉ်လမ်းကြောင်းနှစ်ခု၊ ကျောက်တန်း ရေလယ်ဘုရားဖူးခရီး၊ တွံတေး အလည်အပတ်နဲ့ ဘုရားဖူးခရီး၊ ညနေနေဝင်ဆည်းဆာ ကြည့်ရှုမှုခရီး စတဲ့ ခရီးစဉ်တွေကို တိုးချဲ့လာခဲ့သလို နောက်ထပ်တစ်ဖန်လည်း ညောင်တန်းကနေ မြောက်ဥက္ကလာပအထိ ငမိုးရိပ်ချောင်းထဲကနေ ဖြတ်သန်းပြေးဆွဲမယ့် ခရီးစဉ်ကိုလည်း စီစဉ်နေပါသေးတယ်။

ပေါ်လစီအရ စတင်ခဲ့ရသော Yangon Water Bus စနစ်မှာ ဒလဘက်ကမ်း ခရီးစဉ်တွေက ခရီးသည်တွေရဲ့ အားထားမှုကိုရပေမယ့် ဗိုလ်တထောင်နဲ့ အင်းစိန်ကြား လမ်းကြောင်းမှာတော့ အခုနောက်ပိုင်းကာလမှာ စီးနင်းတဲ့ခရီးသည် နည်းပါးပြီး ပိတ်ရက်တွေမှာ အပျော်လာစီးသူတွေများပေမယ့် ကြားရက်တွေမှာ တစ်ခေါက်ကို ခရီးသည် ဆယ်ဂဏန်းတောင် မပြည့်တဲ့အကြိမ်မျိုး ကြုံခဲ့ဖူးတယ်လို့ ရေယာဉ်ဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။လက်ရှိမှာတော့ အခါကြီးရက်ကြီးတွေနဲ့ အစိုးရရုံးပိတ်ရက်တွေမှာ ပြေးဆွဲနေတဲ့ ကျောက်တန်း ရေလယ်ဘုရားနဲ့ တွံတေးခရီးစဉ်တွေ၊ ညနေနေဝင်ဆည်းဆာ ကြည့်တဲ့ခရီးစဉ်တွေကတော့ စီးနင်းသူတွေ အများအပြားရှိကာ အောင်မြင်နေတဲ့ အခြေအနေတစ်ခုကို ရောက်လာခဲ့ပါတယ်။

ခရီးသည်ပို့ဆောင်ရေးကို အထောက်အကူပြုဖို့ မူလက ရည်ရွယ်ထားပေမယ့် အပျော်စီးခရီးစဉ်တွေအဖြစ်သာ အောင်မြင်ခဲ့ရတာဟာ ဗိုလ်တထောင်နဲ့ အင်းစိန်ကြား ခရီးမှာ ဘတ်စ်ကားနဲ့သွားရတာထက် အချိန်ပိုကြာမြင့်နေခြင်း၊ YBS တွေထက် စီးနင်းခ မြင့်မားခြင်း၊ သင်္ဘောဆိပ်ကနေ သွားရောက်ရတဲ့နေရာဟာ အနည်းငယ်အလမ်းဝေးကွာခြင်း၊ YBS လိုင်းတွေနဲ့ ချိတ်ဆက်နိုင်မှု အားနည်းချက်တွေကြောင့်ဖြစ်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။အဲ့ဒါကြောင့်လည်း ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ လုပ်ခဲ့ရတဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးဟာ အခု အပျော်စီးခရီးစဉ်တွေအနေဖြင့် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ဆောင်မှုမြှင့်တင်နေတဲ့ မြန်မာ့မီးရထား

ရန်ကုန်မြို့တွင်း ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ မြို့ပတ်ရထားစနစ်ဟာလည်း အခုဆိုရင် သံလမ်းအဆင့်မြှင့်တင်တာတွေ၊ ဘူတာအဆင့်မြှင့်တာတွေနဲ့ တစ်ခုချင်းစီ စီမံချက်တွေချကာ အဆင့်မြှင့်တင် လုပ်ကိုင်လို့လာပါတယ်။တစ်ချိန်က ရည်ရွယ်ချက်ကောင်းနဲ့ လုပ်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တဲ့ ကမ်းနားလမ်းက လျှပ်စစ်ရထားပြေးဆွဲမှုဟာ အခုအချိန်မှာ ပြန်လည်လုပ်ဆောင်ရင် အောင်မြင်နိုင်မယ့် အခြေအနေမျိုး ဖြစ်လာမယ်လို့ ယူဆလာကြပါတယ်။အရင်ခေတ်ကဆိုရင် ဆင်ခြေဖုံးဒေသတွေကလာတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေဟာ မြို့လယ်ဧရိယာကို တိုက်ရိုက်ဖြတ်သန်း သွားရောက်နေတာကြောင့် ထိုကာလမှာ စတင်ခဲ့ဖူးတဲ့ လျှပ်စစ်ရထားဟာ အပျော်စီးနင်းဖို့ သက်သက်သာ ဖြစ်ခဲ့ပေမယ့် အခုလိုကာလမှာ မြို့တွင်းပတ်လိုင်းတွေနဲ့ စနစ်တကျ လုပ်ဆောင်ချိန်မှာ ပြန်လည်ပြေးဆွဲပါက အောင်မြင်နိုင်မယ့် အခြေအနေမျိုး ဖြစ်လာနိုင်မယ့်အပြင် ဘတ်စ်ကားတွေနဲ့ သယ်ပို့နေရတဲ့ ခရီးသည်တွေကို တစ်ဝက်ခွဲပြီး သယ်ယူပို့ဆောင်ပေးနိုင်မယ့် အခြေအနေကောင်းတွေ ရလာစေမှာပါ။

တကယ့်တကယ်တမ်း လုပ်နိုင်ရင် အားသာချက်ရှိပေမယ့် လတ်တလောမှာတော့ မြို့ပတ်ရထားလမ်းမှာ အဆင့်မြှင့်တင်တာကို အားထည့်ပြီး လုပ်ကိုင်နေတာကိုသာ တွေ့ရပါတယ်။ကြည့်မြင်တိုင်ဘူတာကနေ ကမ်းနားလမ်းအထိ ဆက်သွယ်ထားတဲ့ ရထားလမ်းရှိသလို ပြုပြင်လုပ်ဆောင်ပြီး အခြေအနေဖြစ်ပေမယ့် မေ့လျော့ပစ်ထားတာကြောင့်လည်း ကြာလာတာနဲ့အမျှ အသုံးမပြုလိုက်ရဘဲ ယိုယွင်းလာဖို့သာ ရှိလာနိုင်တာကိုတော့ သတိပြုမိဖို့ လိုပါတယ်။အဲ့ဒီလို အားသာချက်ရှိထားတဲ့ လမ်းကြောင်းတွေကနေ အသုံးပြုပြီး ကြည့်မြင်တိုင်-အလုံ-ကီလီလမ်း-ပန်းဆိုးတန်း-လင်းစဒေါင်း-ပုဇွန်တောင်-ရန်ကုန်ဘူတာကြီး အထိပါ ပြေးဆွဲနိုင်တဲ့ သံလမ်းကွန်ရက်ရှိပေမယ့် ထိထိရောက်ရောက် အသုံးမပြုနိုင်တာကြောင့်လည်း အကျိုးရှိသင့်သလောက်မရှိတဲ့ အခြေအနေမျိုးကို ကြုံနေတာ ဖြစ်ပါတယ်။

လက်ရှိကာလမှာ မြို့ပတ်ရထား စီးနင်းသူဦးရေဟာ တစ်ရက်လျှင်ပျမ်းမျှ ၈၀၀၀၀ လောက် ရှိရာကနေ သံလမ်းအဆင့်မြှင့်တင်တဲ့ လုပ်ငန်းတွေ ပြီးဆုံးတဲ့ ၂၀၂၂ ခုနှစ်လောက်မှာတော့ လက်ရှိထက် ခရီးသည်သုံးဆလောက်ကို သယ်ယူပို့ဆောင်ပေးဖို့ ရည်မှန်းထားကြပါတယ်။သံလမ်းတွေလည်း အဆင့်မြှင့်တင်သလို ရထားတွဲဆိုင်း အသစ်တွေလည်း မကြာခင်ရောက်ရှိလာမှာဖြစ်ပေမယ့် ကြပ်မတ်ထိန်းသိမ်းနိုင်ဖို့လည်း အရေးကြီးပါတယ်။မြို့ပတ်ရထားလမ်းကြောင်းပေါ်မှာ လက်ရှိပြေးဆွဲနေတဲ့ RBE တွဲဆိုင်းတွေဆိုရင် အစပိုင်းက အဲယားကွန်းဖွင့်ပေးတာတွေ၊ ဘူတာအတက်အဆင်းချိန်လောက်သာ တံခါးဖွင့်တာတွေနဲ့ လုပ်ဆောင်ပေမယ့် တဖြေးဖြေး မှန်ဖွင့်စီးနင်းလာတဲ့ ခရီးသည်တွေ၊ အနံ့အသက်နဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်စီးနင်းလာတာတွေ၊ ပိတ်ထားတဲ့တံခါးကို ဖွင့်ပြီးစီးနင်းတာတွေရှိလာပြီး ကြပ်မတ်ကိုင်တွယ်နိုင်တာမျိုး မရှိတော့ဘဲ RBE တွဲတစ်ချို့မှာ ဖုန်အလိမ်းလိမ်းဖြင့် ယိုယွင်းလာတဲ့ အခြေအနေမျိုးကို မြင်လာရပါတယ်။အဲ့ဒီလို ဖြစ်နေတဲ့ ချို့ယွင်းချက်တွေကို ပြင်ဆင်နိုင်တဲ့အခါမှ အနာဂတ်ကာလအတွက် မျှော်မှန်းကာ လုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးမှုတွေဟာ အနှစ်သာရရှိစေမှာ ဖြစ်ပါတယ်။

ယာဉ်လိုင်းတစ်ချို့ အတွင်းပိုင်းသန့်ရှင်းမှု အားနည်းလာ

YBS ခရီးသည်တင် ယာဉ်လိုင်းတွေထဲမှာ ယာဉ်အတွင်းအပြင် သန့်ရှင်းအောင် စီမံလုပ်ဆောင်တဲ့ ယာဉ်လိုင်းတွေရှိသလို ယာဉ်အတွင်းပိုင်း ညစ်ပတ်နေသေးတဲ့ ယာဉ်လိုင်းတွေလည်း ရှိနေပါတယ်။ဒါ့အပြင် တရုတ်ကနေ ဝယ်ယူထားတဲ့ အဝါရောင် ယာဉ်အသစ်ကြီးတစ်ချို့မှာ ယာဉ်အတွင်းပိုင်းကို လှဲကျင်းသန့်ရှင်းမှု အားနည်းလာပြီး အဲယားကွန်း လေထွက်ပေါက်တွေမှာ ဖုန်တွေ၊ အမှုန်တွေနဲ့ ညစ်ပတ်လာတာတွေကို မြင်လာရပါတယ်။

ဒါ့အပြင် အချို့သောယာဉ်အသစ်တွေမှာ အချက်ပေးဘဲလ် ပျက်လာတာတွေရှိသလို အချက်ပေးဘဲလ်ပျက်တာကို မပြုပြင်ဘဲ ဘဲလ်မတီးလို့ မှတ်တိုင်မရပ်ပေးတဲ့ ယာဉ်မောင်းတွေနဲ့ ခရီးသည်တစ်ချို့ကြား မပြေလည်မှုတွေက မကြာခဏဆိုသလို တွေ့လာရပါတယ်။တစ်ချို့ခရီးသည်တွေဟာ အဲယားကွန်းဖွင့်ထားတဲ့ ယာဉ်မှာ မှန်တံခါးဖွင့်စီးတာတွေ၊ ယာဉ်အပေါ်အမှိုက်ချတာတွေ ရှိလာတဲ့အပြင် အချို့သောစုံတွဲတွေဟာ လူမြင်ကွင်းမှာ ရုပ်ရှင်ရုံထဲ၊ ပန်းခြံထဲမျိုး ရောက်နေသလို အမြင်မသင့်တဲ့ အပြုအမူတွေကိုလည်း တွေ့နေရတာကြောင့်လည်း အဲ့ဒီလိုအခြေအနေကို ထိရောက်တဲ့ ကိုင်တွယ်မှုမျိုးဖြင့် လုပ်ဆောင်သွားမှသာ ရေရှည်မှာ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ လမ်းအခြေအနေတွေနဲ့ ယာဉ်လိုင်းဂိတ်တွေရဲ့ အခြေအနေတွေ၊ တစ်ရက်တာ နေ့စဉ် လိုင်းထွက်ပြေးဆွဲနိုင်ဖို့တွေအတွက် ဂက်စ်ဖြည့်ရင်း လမ်းဘေးမှာရပ်ထားရတဲ့ YBS ယာဉ်တွေက အများအပြား ရှိနေပါသေးတယ်။ယာဉ်ရပ်နားကွင်းရှိတဲ့ ယာဉ်လိုင်းကုမ္ပဏီကြီးတွေမှာ ဆိုရင်တောင် မြို့တွင်းဆွဲတဲ့ ယာဉ်လိုင်းက ယာဉ်တွေကို ယာဉ်ရပ်နားကွင်းအထိ ပြန်သိမ်းမထားနိုင်ဘဲ ဂက်စ်ဖြည့်အပြီး နောက်တစ်ရက်မနက် ယာဉ်လိုင်းပြေးဆွဲဖို့ ဂိတ်တွေရဲ့အနီးမှာ ညအိပ်ရပ်နားထားကြပါတယ်။အဲ့ဒီလို လမ်းဘေးညအိပ်ထားရတဲ့ ခရီးသည်တင် ယာဉ်တွေကိစ္စကိုလည်း ဖြေရှင်းဖို့ဟာ လိုအပ်ချက် ရှိနေပါတယ်။ရန်ကုန်မြို့မှာ ခြံဝင်းကျယ်တဲ့ ကျောင်းတွေ၊ ပုဂ္ဂလိကလုပ်ငန်းပိုင် ဧရိယာတွေ၊ အစိုးရရုံးတွေထဲ ညအချိန်ထားနိုင်ရင် ဂိတ်တွေနားမှာ ညအိပ်ရပ်နားထားကြတဲ့ ကိစ္စတွေကို ဖြေရှင်းပေးရာ ရောက်စေမယ်လို့ အကြံပြုသူတွေ ရှိပါတယ်။

“လမ်းဘေးမှာ ဒီအတိုင်းပဲ ထားထားတော့ တခြားကားတွေကပဲ အရှိန်လွန်ဝင်ဆောင့်တာပဲဖြစ်ဖြစ်၊ အခြေအနေတစ်ခုခုကြောင့် ယိုယွင်းပျက်စီးလာနိုင်တာပေါ့၊ သခင်မြပန်းခြံတစ်ဝိုက်မှာဆိုရင် ညဘက် ညအိပ်ရပ်နားထားကြတဲ့ယာဉ်တွေ အများအပြားရှိပါတယ်၊ အဲ့ဒီလို လမ်းဘေးရပ်နားမယ့်အစား ဥပမာပြောရရင် သစ်တောဝင်းထဲမှာပဲဖြစ်ဖြစ်၊ ကမ်းနားဘက်က လျှပ်စစ်ဝင်းထဲမှာပဲဖြစ်ဖြစ်၊ ကီလီလမ်းဘက်က ဆန်ဂိုဒေါင်တွေအနီးဖြစ်ဖြစ် ရပ်နားသိမ်းဆည်းထားရင်တော့ အခုလိုလက်လွတ်စပယ် ပစ်ထားသလိုမျိုး အခြေအနေမဖြစ်တော့ဘူးပေါ့၊ တကယ်တော့ ဒါတွေက ပြည်သူတွေရဲ့ ပိုက်ဆံတွေလေ” လို့ ဌာနဆိုင်ရာ အငြိမ်းစားအရာရှိတစ်ဦးဖြစ်တဲ့ ဦးဝင်းမောင် က အကြံပြုပြောကြားပါတယ်။

ဝန်ဆောင်မှုပြိုင်ဆိုင်နိုင်မှ တိုးတက်စေမည်

သက်တမ်းနှစ်နှစ်ကျော် ရှိလာတဲ့ YBS စနစ်ဟာ နေ့စဉ် ရုံးတက်ရုံးဆင်းချိန်တွေမှာတော့ မြို့တွင်းပတ်လိုင်းတွေမှာ ခရီးသည်ပြည့်ကြပ်နေတဲ့ အခြေအနေက ရှိနေဆဲပါပဲ။ရုံးတက်ရုံးဆင်းချိန်မှာ ဂိတ်ကနေ ယာဉ်တစ်စီးနဲ့ တစ်စီး အချိန်ခပ်စိပ်စိပ် လွှတ်ပေမယ့် လမ်းမှာယာဉ်ကြောပိတ်ဆို့မှုကြောင့် ကြာမြင့်ချိန်တွေ၊ မီးပွိုင့်ကိုကြာရှည်စွာ စောင့်ဆိုင်းရလို့ ကြာမြင့်တာတွေကြုံပြီး တက်မယ့်ခရီးသည်က တက်မရတဲ့ အခြေအနေမျိုးတွေကိုလည်း နေ့စဉ်လိုလိုမြင်နေရပါတယ်။

မြို့တွင်းပတ်ကာ ပြေးဆွဲတဲ့လိုင်းတွေမှာ လမ်းကြောင်းတစ်ခုကို ကုမ္ပဏီတစ်ခုပေးပြီးထားပြီး လမ်းကြောင်းတူ မပေးတာကြောင့်လည်း ခရီးသည်ပြည့်ကြပ်နေတဲ့ ယာဉ်ကြီးတွေကိုသာ အားထားနေကြရတာ ဖြစ်ပါတယ်။မြို့ပြင်နဲ့ ဆင်ခြေဖုံး ဒေသဘက်တွေကို ပြေးဆွဲတဲ့ လိုင်းတွေမှာတော့ ၁၀၀ ရာခိုင်နှုန်း မဟုတ်တာတောင် ၈၀ ရာခိုင်နှုန်းလောက် လမ်းကြောင်းတူတဲ့ ယာဉ်လိုင်းတွေရှိလာသလို ဝန်ဆောင်မှုတွေ ပြိုင်ဆိုင်တာမျိုး ရှိလာပါတယ်။မြို့တွင်းပတ်တဲ့ လိုင်းတွေမှာလည်း လမ်းကြောင်းတစ်ခုကို ယာဉ်လိုင်းကုမ္ပဏီ နှစ်ခု၊ သုံးခုလောက်ကိုပေးပြီး ဝန်ဆောင်မှုပြိုင်ဆိုင်စေမယ်ဆိုရင် ပိုမိုတိုးတက်လာနိုင်မယ့် အခြေအနေဖြစ်နိုင်သလို ရုံးတက်ရုံးဆင်းချိန်တွေမှာ ကြုံနေရတဲ့ ခရီးသည်ပြည့်ကြပ်နေသော အခြေအနေတွေကနေ ရှောင်ရှားနိုင်ဖို့ နည်းလမ်းမျိုးဖြစ်လာမယ်လို့ သုံးသပ်သူတွေရှိပါတယ်။

ယာဉ်လိုင်းတွေ တိုးချဲ့နေသလို ၂၄ နာရီ ယာဉ်လိုင်းတွေ ပေါ်လာပေမယ့် တကယ့်ကို ခရီးသည်စီးနင်းမှု များပြားတဲ့ လမ်းကြောင်းတွေမှာ မရှိသေးတာက ကြားကားတွေကို အားပြုစီးနင်းနေရဆဲ အဖြစ်မျိုးကို တွေ့ရပါတယ်။ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ဘက်တွေ၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်ဘက်တွေကို ပြန်ကြမယ့် ခရီးသည်တွေ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေပေါက္ကံ စတဲ့ ဒေသတွေကိုပြန်မယ့် ခရီးသည်တွေအနေနဲ့ ညမိုးချုပ်တာနဲ့ YBS မရှိသလောက် ရှားလာသလို ရှိပြန်ပေမယ့် စီးသူများပြီး တက်မရတဲ့ အခြေအနေတွေကြောင့် ကြားကားတွေကို အားထားနေရတဲ့ အခြေအနေမျိုး တွေ့ရပါတယ်။ပန်းဆိုးတန်းနဲ့ ဆူးလေတစ်ဝိုက်မှာ ည ၆ နာရီဝန်းကျင်လောက်ဆိုရင် ကြားကားတွေကို မြင်ရသလို တာမွေ သတိပဋ္ဌာန်နားမှာဆိုရင် ကြားကားတွေကို ညနေ ၅ နာရီလောက်ကတည်းက မြင်ရတာတွေရှိသလို ရွှေပြည်သာ တညင်းကုန်းဘက်မှာ နေ့ခင်းပိုင်းလောက်ကတည်းက ကြားကားတွေကို တွေ့ရပါတယ်။အခုနောက်ပိုင်း ကြားကားတွေနဲ့ ပတ်သက်လို့ YRTA က ထိထိရောက်ရောက် ဖမ်းဆီးဖို့လုပ်ဆောင်မယ့် အခြေအနေတွေ ဖြစ်ပေမယ့် ခရီးသည်တွေ အားထားစီးနင်းရတဲ့ အခြေအနေကိုလည်း ပြန်လည်သုံးသပ်ကာ ခရီးသည်သွားလာမှု အခက်အခဲမဖြစ်အောင် စနစ်တကျဖြစ်အောင် မြွေမသေတုတ်မကျိုး ကိုင်တွယ်တတ်ဖို့လည်း အရေးကြီးပါတယ်။

အိမ်မှာတောင် အဲယားကွန်း ရှိရှိ၊ မရှိရှိ ဘတ်စ်ကားပေါ်မှာတော့ နွေနေအပူကို ကျော်လွှားရင်း အဲယားကွန်း အေးစိမ့်နေတဲ့ ယာဉ်အသစ်ကြီးတွေနဲ့ ပြောင်းလဲတိုးတက်လာတဲ့ ဝန်ဆောင်မှုကိုတော့ အတိုင်းသား မြင်တွေ့ရမှာပါပဲ။YBS ယာဉ်တွေ စီးနင်းရင်း ညအချိန်မှာ လုံခြုံစွာသွားနိုင်တဲ့ အခြေအနေမျိုး ရှိလာပေမယ့် ညပိုင်းစီးစရာ ယာဉ်မရှိသလောက် ရှားပါးလာတဲ့ကိစ္စကိုတော့ ယာဉ်လိုင်းတွေမှာ ယာဉ်မောင်းတွေကို အဆိုင်းလိုက် တာဝန်ပေးတာမျိုးနဲ့ လိုင်းပြေးဆွဲနိုင်ရင် အဆင်ပြေလာမယ့် နည်းလမ်းမျိုးဖြစ်စေမှာပါ။

အခုဆိုရင် YBS ယာဉ်လိုင်းတွေမှာ ယာဉ်စီးခစနစ်ကို ကတ်စနစ်နဲ့ ပြောင်းလဲဖို့ လုပ်ဆောင်နေတာတွေ ရှိသလို လိုအပ်ချက် Capacity တွေလည်း ဖြည့်ဆည်းရင်း မြို့ပတ်ရထားပို့ဆောင်ရေးစနစ်၊ Water Bus ပို့ဆောင်ရေး စနစ်တွေနဲ့ ချိတ်ဆက်နိုင်ဖို့ အရေးကြီးလာပါတယ်။ဒါမှလည်း ကားနဲ့သွားရင်း မြို့ပတ်ရထားစီးတာပဲ ဖြစ်ဖြစ်၊ Water Bus စီးလာရင်း ကားပြန်ပြောင်းစီးတာပဲဖြစ်ဖြစ် ပြောင်းစီးမယ့် ခရီးသည်တွေအတွက် ကူးသန်းသွားလာမှုတွေကို ချောမွေ့အောင် လုပ်ဆောင်နိုင်တဲ့အခါ ရန်ကုန်မြို့ရဲ့ ပို့ဆောင်ရေးစနစ် အပြောင်းအလဲဟာ ပြည်သူတွေကို အကျိုးပြုမှုများပြားစေပြီး အနှစ်သာရကောင်းတွေနဲ့အတူ သမိုင်းတစ်ခေတ်မှာ တွင်ကျန်ရစ်မယ့် အခြေအနေမျိုး ဖြစ်လာစေမှာပါ။

ဇွဲမာန်
မတ် - ၁၂

( Zawgyi )

ရန္ကုန္ၿမိဳ႕ရဲ႕ ပို႔ေဆာင္ေရးစနစ္ထဲမွာ အခုအခ်ိန္အထိ အမ်ားျပည္သူ အားထားအသုံးျပဳေနရတာဟာ ဘတ္စ္ကားစနစ္ပဲ ျဖစ္လို႔ေနပါေသးတယ္။အဲ့ဒီဘတ္စ္ကားစနစ္ကို ျပန္ၾကည့္ရင္ အစိုးရသစ္လက္ထက္မွာပဲ ျပဳျပင္ေျပာင္းလဲမႈတစ္ရပ္အေနနဲ႔ အရင္ကရွိခဲ့တဲ့ မထသ စနစ္ကို ဖ်က္သိမ္းလိုက္ၿပီး YBS စနစ္ကို ထူေထာင္ခဲ့တာ ႏွစ္ႏွစ္ေက်ာ္လာခဲ့ပါတယ္။ခရီးသည္ပို႔ေဆာင္ေရး အပိုင္းမွာ လက္ရွိကာလအထိ ေဝဖန္မႈေတြလည္း ရွိေနသလို အခက္အခဲ အားနည္းခ်က္ေတြလည္း ရွိေနေသးတာ ေတြ႕ရပါတယ္။ရန္ကုန္ပို႔ေဆာင္ေရး စနစ္ထဲ လက္ရွိအသုံးျပဳေနၾကတဲ့ စီးတီးဘတ္စ္၊ မီနီဘတ္စ္ ယာဥ္ေတြထဲမွာ ယာဥ္တစ္ဝက္ေလာက္ဟာ Brand New ယာဥ္ေတြအျဖစ္ ေျပာင္းလဲသုံးစြဲေနတာ လက္ခံၾကရမယ့္ ေျပာင္းလဲမႈတစ္ခုပါပဲ။

ခရီးသည္တင္ယာဥ္လိုင္းေတြ ေျပးဆြဲဖို႔အတြက္ စီးတီးဘတ္စ္ယာဥ္ေတြဟာ စာရင္းအရ ၄၇၅၈ စီးရွိေနၿပီး တစ္ရက္ပ်မ္းမွ်ထြက္တဲ့ယာဥ္ဟာ ၃၅၄၂ စီးရွိသလို တစ္ရက္လွ်င္ ခရီးသည္ပ်မ္းမွ် ၁၅၀၅၅၅၅ ဦးကို သယ္ယူပို႔ေဆာင္ေပးေနၾကပါတယ္။အလားတူ မီနီဘတ္စ္ယာဥ္ေတြဟာလည္း စာရင္းေတြအရ ၁၂၅၃ စီးရွိေနၿပီး တစ္ရက္ပ်မ္းမွ်ထြက္တဲ့ ယာဥ္ဟာ ၇၃၃ စီးရွိသလို တစ္ရက္လွ်င္ ခရီးသည္ပ်မ္းမွ် ၃၆၉၁၀၃ ဦးကို သယ္ယူပို႔ေဆာင္ေပးေနၾကတာ ျဖစ္ပါတယ္။ဒါ့အျပင္ စင္းလုံးငွား “တကၠစီ” ယာဥ္ငယ္ေတြနဲ႔ မိုက္ခ႐ိုဘတ္စ္ ယာဥ္ေတြကိုလည္း ခရီးသည္ အားျပဳစီးနင္းရတာေတြရွိသလို အဲ့ဒီယာဥ္ေတြနဲ႔ ခရီးသည္သယ္ယူမႈေတြဟာ တစ္ရက္လွ်င္ ပ်မ္းမွ် ၅၂၃၀ ဦးရွိတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) က ျပဳစုထားတဲ့ စာရင္းေတြမွာ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

အေျခတက်မျဖစ္ေသးတဲ့ ႏွစ္ႏွစ္ေက်ာ္ YBS

ခရီးသည္ပို႔ေဆာင္ေရးစနစ္မွာ ေျပာင္းလဲလိုက္တဲ့ YBS ဘတ္စ္ကားစနစ္ဟာ ႏွစ္ႏွစ္ေက်ာ္ သက္တမ္းရွိလာေပမယ့္ ဝန္ေဆာင္မႈပိုင္းဆိုင္ရာ အပါအဝင္ အေျခအေနအရပ္ရပ္မွာ ၿပီးျပည့္စုံတဲ့ အေနအထားမ်ိဳး မေရာက္ေသးသလို လိုအပ္ခ်က္ေတြလည္း ရွိေနေသးပါတယ္။ဒါဟာလည္း မျပည့္စုံေသးတဲ့ ခ်ိဳ႕တဲ့မႈေတြၾကားမွာ အသားတက်ျဖစ္ေအာင္ အဘက္ဘက္ကေန တေျဖးေျဖးခ်င္း လုပ္ေဆာင္ေနရတာေတြေၾကာင့္လည္း ခ်က္ခ်င္းႀကီး မျဖစ္ေသးေပမယ့္ တေျဖးေျဖးခ်င္းေတာ့ ျဖစ္လာမယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) က အတြင္းေရးမႉးျဖစ္သူ ေဒါက္တာေမာင္ေအာင္ က ေျပာခဲ့ပါတယ္။

ႏိုင္ငံတကာမွာ ႏွစ္ႏွစ္၊ သုံးႏွစ္ေလာက္မွာ Finish ျဖစ္တဲ့ အေနအထားမ်ိဳးရွိေပမယ့္ ျမန္မာႏိုင္ငံမွာေတာ့ အေျခအေနခ်င္း မတူညီသလို ျပဳျပင္ေျပာင္းလဲမႈတစ္ခု လုပ္တဲ့အခါ ထိခိုက္နစ္နာတတ္တဲ့ အေျခအေနေတြလည္း ရွိတတ္တာေၾကာင့္ တတ္ႏိုင္သမွ် ထိခိုက္မႈနည္းပါးေစမယ့္ အေျခအေနေတြအျဖစ္ ေျဖးေျဖးခ်င္း လုပ္ကိုင္ေနၾကတာျဖစ္ပါတယ္။အခုေနာက္ပိုင္းမွာေတာ့ ယာဥ္အသစ္ေတြနဲ႔ ျဖည့္စြက္ေနတာေတြရွိသလို အမ်ားပိုင္ကုမၸဏီေတြအျဖစ္ ပီပီျပင္ျပင္ျဖစ္လာဖို႔ ကိစၥေတြ၊ ဝန္ေဆာင္မႈေကာင္းမ်ား ေပးႏိုင္ဖို႔အတြက္ တြန္းအားေပးကာ လုပ္ေဆာင္ေနၿပီး ခရီးသည္ေတြရဲ႕ လိုအပ္ခ်က္အရ တင္ျပလာတဲ့ လမ္းေၾကာင္းေတြအတြက္ကိုလည္း ယာဥ္လိုင္းေျပးဆြဲရင္း ျဖည့္ဆည္းတာမ်ိဳးေတြနဲ႔ လုပ္ေဆာင္ေနလ်က္ ရွိပါတယ္။

မထသ ေခတ္က မရွိတဲ့ လမ္းေၾကာင္းေတြလည္းရွိလာသလို ေခ်ာင္က်ိဳေခ်ာင္ၾကားအထိ ယာဥ္လိုင္းေတြရွိေပမယ့္ အလုံကေန ေ႐ႊတိဂုံအထိ တိုက္႐ိုက္ေျပးဆြဲခဲ့ဖူးတဲ့ မထသ ၃ ယာဥ္ငယ္လိုင္း ေနရာမွာေတာ့ အခုအခ်ိန္အထိ အစားထိုးေပးတာ မရွိေသးပါဘူး။အရင္ကဆိုရင္ တစ္ဆင့္ထဲေရာက္တဲ့ ခရီးကို အခု YBS စနစ္မွာ ေျပာင္းလဲမႈ ႏွစ္ႏွစ္ေက်ာ္လာေပမယ့္ တစ္ဆင့္လွ်င္ ေငြ ၂၀၀ က်ပ္ႏႈန္းျဖင့္ ႏွစ္ဆင့္ေျပာင္းစီးရတဲ့ ျဖစ္အင္ေတြက ရွိေနဆဲပါပဲ။

“ခုထိေတာ့ အဆင္မေျပေသးဘူးေလ၊ မိသားစု သုံးေယာက္ဆိုရင္ ႏွစ္ဆင့္ေျပာင္းစီးတာနဲ႔ အသြား ၁၂၀၀၊ အျပန္ ၁၂၀၀ ေလ၊ အသြားအျပန္ ၂၄၀၀ ဆိုေတာ့ တစ္ရက္တာ လုပ္ခလစာ သတ္မွတ္ခ်က္ျဖစ္တဲ့ ၄၈၀၀ ရဲ႕ တစ္ဝက္က လမ္းစရိတ္အေနနဲ႔ ကုန္သြားၿပီ” လို႔ အလုံၿမိဳ႕နယ္ ေစာရန္ပိုင္အေရွ႕ရပ္ကြက္မွာ ေနထိုင္တဲ့ ေဒၚနီလာ က ရွင္းျပပါတယ္။

ဒါ့အျပင္ လႈိင္တကၠသိုလ္နယ္ေျမထဲဆိုရင္ အရင္ေခတ္က မထသ ၅၁ ယာဥ္လိုင္းထဲက ေထာက္ၾကန႔္လိုင္း တစ္လိုင္းဟာ ေက်ာင္းထဲပတ္ၿပီး ေျပးဆြဲေပးခဲ့ဖူးေပမယ့္ YBS ေခတ္မွာက်ေတာ့ YBS ၃၀ လိုင္းက ယာဥ္တစ္ခ်ိဳ႕နဲ႔ YBS ၃၇ လိုင္းက ယာဥ္တစ္ခ်ိဳ႕ ေက်ာင္းထဲဝင္ေပးတာ ေတြ႕ဖူးေပမယ့္ ေက်ာင္းထဲမွာ အရင္ကလိုမ်ိဳး ပတ္ၿပီးေမာင္းေပးတာမ်ိဳးမဟုတ္ဘဲ ပါရမီလမ္းနဲ႔ ျပည္လမ္း လမ္းဆုံမီးပြိဳင့္ကေန TTC မူႀကိဳေက်ာင္းနားေလာက္အထိသာ ဝင္ေပးၿပီး ျပန္ေကြ႕ထြက္ေနတာေၾကာင့္လည္း လႈိင္တကၠသိုလ္နယ္ေျမထဲ ေက်ာင္းလာတက္သူေတြ၊ MICT မွာ လာေရာက္လုပ္ကိုင္တဲ့ နည္းပညာကုမၸဏီကသူေတြ၊ နည္းပညာသင္တန္းေတြ လာေရာက္တက္တဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြ၊ အင္ဂ်င္နီယာဆိုင္ရာ လာေရာက္ေလ့လာ သင္ယူသူေတြ၊ တကၠသိုလ္ဝင္စာေမးပြဲ အမွတ္စာရင္း၊ ေအာင္လက္မွတ္ လာေရာက္ေလွ်ာက္ထား ထုတ္ယူသူေတြ၊ တကၠသိုလ္အေဆာင္ေန ေက်ာင္းသား ေက်ာင္းသူေတြ၊ ဆရာ ဆရာမေတြ၊ စီးပြားေရးပညာ သင္ယူေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြ မိုးလုံေလလုံ အားကစား႐ုံမွာ လာေရာက္အားကစား လုပ္ကိုင္သူေတြ အပါအဝင္ ဆက္ႏႊယ္ပတ္သက္သူေတြ အမ်ားစုအဖို႔ေတာ့ ထူးျခားေျပာင္းလဲမႈမရွိဘဲ အရင္ေလာက္ကလိုေတာင္ သြားလာေရးအဆင္ေျပတာမ်ိဳး မျဖစ္ေသးတာ ေတြ႕ရပါတယ္။

စည္းကမ္းခ်ိဳးေဖာက္မႈအခ်ိဳ႕ ရွိေနဆဲ

YBS စနစ္ ေျပာင္းလဲေပမယ့္ စည္းကမ္းခ်ိဳးေဖာက္တဲ့ ျဖစ္ရပ္ေတြကေတာ့ ရွိေနေသးတာ ေတြ႕ရပါတယ္။လတ္တေလာမွာေတာ့ မထသ ေခတ္ကာလကလို YRTA အပါအဝင္ ယာဥ္လိုင္းတာဝန္ရွိသူေတြ၊ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္ေတြ ပါဝင္တဲ့ အဖြဲ႕ေတြနဲ႔ စစ္ေဆးဖမ္းဆီးေနတာေတြရွိသလို တိုင္ၾကားတာေတြ အေပၚမူတည္ၿပီး ယာဥ္လိုင္းကုမၸဏီအလိုက္ အေရးယူတာမ်ိဳးေတြကိုေတာ့ လုပ္ေဆာင္တာေတြရွိပါတယ္။

မီးပြိဳင့္ေတြနဲ႔ ခ်ိတ္ဆက္ၿပီး ယာဥ္အားလုံးကို ေစာင့္ၾကည့္ႏိုင္မယ့္ Control စင္တာကို ျပည္သူ႔ဥယ်ာဥ္ ဧရိယာထဲက နကၡတ္တာရာ ျပခန္းေဘးမွာ တည္ေဆာက္ၿပီးစီးခဲ့သလို မီးပြိဳင့္ေတြမွာ တပ္ဆင္ထားတဲ့ စီစီတီဗြီေတြနဲ႔လည္း Network လိုင္းေတြ ဆြဲထားၿပီးေသာ အေျခအေနျဖစ္ေပမယ့္ လိုအပ္ခ်က္တစ္ခုျဖစ္ေသာ အဓိကက်တဲ့ ႀကိဳးဆက္သြယ္မႈ လိုအပ္ခ်က္ က်န္ေနေသးတာေၾကာင့္ ေကာင္းစြာလည္ပတ္ လုပ္ကိုင္ႏိုင္မႈ မရွိေသးတာ ေတြ႕ရပါတယ္။အဲ့ဒီကိစၥဟာ အရင္အစိုးရတစ္ဆက္ လက္ထက္မွာ စာခ်ဳပ္ခ်ဳပ္ထားၿပီး စာခ်ဳပ္ထဲ ျပတ္ျပတ္သားသား ေဖာ္ျပထားမႈမရွိတဲ့ အေျခအေနေၾကာင့္ ႀကိဳးဆက္သြယ္မႈကိစၥအတြက္ တာဝန္ယူတည္ေဆာက္ေနတဲ့ ကုမၸဏီဘက္ကလည္း ကုန္က်ခံကာ လုပ္ေပးဖို႔ဟာ အျငင္းပြားေနတဲ့ အေျခအေနမ်ိဳး ျဖစ္ပါတယ္။

“သူက ကုန္က်စရိတ္မ်ားျပားေတာ့ ကုမၸဏီဘက္ကလည္း မလုပ္ေပးႏိုင္ဘူးလို႔ ဆိုတယ္ေလ၊ အဲ့ဒါေၾကာင့္လည္း တတိယအဖြဲ႕အစည္းတစ္ခုက ဒါကိုစစ္ေဆးၿပီးေတာ့ တစ္ခုခုေတာ့ ေဆာင္႐ြက္ရမွာေပါ့၊ ေလာေလာဆယ္မွာ ညႇိႏႈိင္းေနၾကဆဲ ျဖစ္တယ္လို႔ ၾကားပါတယ္၊ ဒီအတိုင္းခ်ည္းပဲ ထားထားလို႔မွ မျဖစ္တာ” လို႔ ဒဂုံမဲဆႏၵနယ္ အမွတ္ (၂) မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ် က ေျပာျပပါတယ္။

ကိုယ္ရကိုယ္ယူ စနစ္ကေန ေဝပုံက်ခြဲေဝတဲ့စနစ္ျဖင့္ တေျဖးေျဖးခ်င္း အမ်ားပိုင္ကုမၸဏီပုံစံမ်ိဳး သြားေပမယ့္ လိုအပ္ခ်က္ကေတာ့ ရွိေနေသးသလို အမ်ားပိုင္ကုမၸဏီေတြထဲမွာလည္း ေငြေၾကးကိစၥေတြ၊ ယာဥ္ပိုင္ရွင္အခ်င္းခ်င္းအ မ်ားပိုင္ကုမၸဏီလိုမ်ိဳး စုစည္းလုပ္ကိုင္ေနတဲ့ဟာေတြမွာလည္း ရပိုင္ခြင့္အခြင့္အေရးေတြအတြက္ တိုင္တာေတာတာေတြ၊ ေျပာဆိုေဝဖန္တာေတြ ရွိေနတာ ေတြ႕ရပါတယ္။YBS နဲ႔ ပတ္သက္လို႔ တိုင္ၾကားလာတဲ့ တိုင္စာေတြမွာဆိုရင္ အခုအခ်ိန္အထိလည္း ယာဥ္အခ်င္းခ်င္း ၿပိဳင္ဆိုင္ေမာင္းႏွင္တာေတြေၾကာင့္ တိုင္ၾကားလာတဲ့ တိုင္စာေတြရွိေပမယ့္ အေရအတြက္ အတိအက်ကိုေတာ့ မေျပာဆိုႏိုင္ေသးဘူးလို႔ YRTA မွ ဦးကာေက်ာ္ က ဆိုပါတယ္။

အမ်ားပိုင္ကုမၸဏီစနစ္ကို ပီပီျပင္ျပင္သြားႏိုင္တဲ့အခါ ကုမၸဏီရဲ႕ ခ်ဳပ္ကိုင္မႈနဲ႔အတူ ယာဥ္ေမာင္းေတြဟာ သတ္မွတ္လစာ ဝင္ေငြကိုသာ ရရွိမွာျဖစ္တဲ့အတြက္ ၿပိဳင္ဆိုင္ေမာင္းတာမ်ိဳးေတြ ေလ်ာ့က်လာၿပီး ခရီးသည္လုတင္ရတဲ့ အေျခအေနေတြ ေလ်ာ့လာမယ္လို႔ ေမွ်ာ္မွန္းၾကေပမယ့္ လစာျဖင့္ေမာင္းႏွင္တဲ့ ယာဥ္ေမာင္းေတြဟာ မထသ ေခတ္ကလို ခရီးသည္ လုယက္မတင္ေပမယ့္ ေခါက္ေရျပည့္ဖို႔သာ အာ႐ုံစိုက္လာၿပီး အဆင္းခရီးသည္မရွိတဲ့ မွတ္တိုင္ေတြဆိုရင္ မရပ္ေတာ့ဘဲ ေမာင္းႏွင္တာေတြ ရွိလာပါတယ္။

“တာေမြကေန ေျမနီကုန္း လွည္းတန္းျဖတ္ၿပီး ျပည္လမ္းအတိုင္း သြားတဲ့ YBS 97 တစ္လိုင္းပဲရွိေပမယ့္ စီးမယ့္ခရီးသည္ေတြ ရွိတာေတာင္ မွတ္တိုင္မွာ မရပ္ဘဲေမာင္းလို႔ တိုင္လိုက္ရတာမ်ိဳးေတြ ျဖစ္ဖူးပါတယ္၊ အလားတူပဲ ဗိုလ္တေထာင္ကေန တာေမြအဝိုင္းေလးဘက္ကိုဆိုရင္ YBS 26 တစ္မ်ိဳးတည္း ေရာက္ေပမယ့္ ယာဥ္ေပၚမွာ ခရီးသည္လည္း ခုံအျပည့္မပါဘဲ တက္မယ့္ခရီးသည္ရွိတဲ့ မွတ္တိုင္မရပ္ဘဲ ေမာင္းတာမ်ိဳးေတြ ခဏခဏႀကဳံရပါတယ္” လို႔ ဗိုလ္တေထာင္ၿမိဳ႕နယ္မွာ စာလာသင္တဲ့ ဘာသာစကား သင္တန္းဆရာမ ေဒၚစံပယ္ က ေျပာျပပါတယ္။

အဲ့ဒီ YBS ယာဥ္ေတြထဲက စည္းကမ္းပ်က္တဲ့ ယာဥ္ေတြကို ၂၀၁၈ ခုႏွစ္ တစ္ႏွစ္တာထဲမွာ ယာဥ္စည္းကမ္းအဖြဲ႕ ေျခာက္ဖြဲ႕နဲ႔ ဖမ္းဆီးမႈဟာ ၂၁၅၉၄ မႈ၊ ပူးေပါင္းအဖြဲ႕ ၁၀ ဖြဲ႕ျဖင့္ ဖမ္းဆီးမႈဟာ ၆၅၇၆ မႈ၊ ယာဥ္ထိန္းရဲတပ္ဖြဲ႕က ဖမ္းဆီးမႈဟာ ၇၀၂၀ မႈ တို႔ အပါအဝင္ စုစုေပါင္း ၃၅၁၉၀ မႈ ရွိေၾကာင္း၊ Complaint Center ကို တိုင္ၾကားလာမႈေတြဟာ ၂၀၁၈ ခုႏွစ္ထဲမွာ ၂၅၉၃ မႈရွိၿပီး ယာဥ္စီးခပိုေတာင္းတာ၊ မေခ်မငံဆက္ဆံတာ၊ မွတ္တိုင္မရပ္တဲ့ ကိစၥေတြအတြက္ တိုင္ၾကားလာတာ အမ်ားဆုံးျဖစ္တယ္လို႔ YRTA ရဲ႕ စာရင္းေတြအရ သိရတာပါ။

အမ်ားေမွ်ာ္လင့္ခဲ့ၾကတဲ့ ေရေၾကာင္းသယ္ယူပို႔ေဆာင္မႈ

ရန္ကုန္ၿမိဳ႕ရဲ႕ ခရီးသည္သယ္ယူေရးမွာ ကုန္းလမ္းကေန သယ္ယူပို႔ေဆာင္ေရးစနစ္ေတြအျပင္ ေ႐ႊျပည္သာၿမိဳ႕သစ္ တည္ေထာင္ကာစက အင္းစိန္ ေပါက္ေတာဝနဲ႔ ေ႐ႊျပည္သာ ဝါးတစ္ရာၾကားမွာ ေျပးဆြဲခဲ့ဖူးတဲ့ ေရေၾကာင္းသယ္ယူပို႔ေဆာင္ေရးစနစ္ဟာ ေအာင္ျမင္ခဲ့ဖူးတာေၾကာင့္ အခုတစ္ဖန္ ရန္ကုန္ၿမိဳ႕တြင္း သယ္ယူပို႔ေဆာင္ေရးကို အေထာက္အကူျပဳဖို႔ ေရေၾကာင္းသယ္ယူပို႔ေဆာင္ေရးကို ေမွ်ာ္မွန္းရင္း Yangon Water Bus စနစ္ကို အသက္သြင္းခဲ့ၾကပါတယ္။ကနဦးခရီးစဥ္အျဖစ္ ဗိုလ္တေထာင္နဲ႔ အင္းစိန္ၾကားကို ပို႔ေဆာင္ေပးရာကေန ဒလဘက္ကမ္းကို ခရီးစဥ္လမ္းေၾကာင္းႏွစ္ခု၊ ေက်ာက္တန္း ေရလယ္ဘုရားဖူးခရီး၊ တြံေတး အလည္အပတ္နဲ႔ ဘုရားဖူးခရီး၊ ညေနေနဝင္ဆည္းဆာ ၾကည့္ရႈမႈခရီး စတဲ့ ခရီးစဥ္ေတြကို တိုးခ်ဲ႕လာခဲ့သလို ေနာက္ထပ္တစ္ဖန္လည္း ေညာင္တန္းကေန ေျမာက္ဥကၠလာပအထိ ငမိုးရိပ္ေခ်ာင္းထဲကေန ျဖတ္သန္းေျပးဆြဲမယ့္ ခရီးစဥ္ကိုလည္း စီစဥ္ေနပါေသးတယ္။

ေပၚလစီအရ စတင္ခဲ့ရေသာ Yangon Water Bus စနစ္မွာ ဒလဘက္ကမ္း ခရီးစဥ္ေတြက ခရီးသည္ေတြရဲ႕ အားထားမႈကိုရေပမယ့္ ဗိုလ္တေထာင္နဲ႔ အင္းစိန္ၾကား လမ္းေၾကာင္းမွာေတာ့ အခုေနာက္ပိုင္းကာလမွာ စီးနင္းတဲ့ခရီးသည္ နည္းပါးၿပီး ပိတ္ရက္ေတြမွာ အေပ်ာ္လာစီးသူေတြမ်ားေပမယ့္ ၾကားရက္ေတြမွာ တစ္ေခါက္ကို ခရီးသည္ ဆယ္ဂဏန္းေတာင္ မျပည့္တဲ့အႀကိမ္မ်ိဳး ႀကဳံခဲ့ဖူးတယ္လို႔ ေရယာဥ္ဝန္ထမ္းတစ္ဦးက ေျပာျပပါတယ္။လက္ရွိမွာေတာ့ အခါႀကီးရက္ႀကီးေတြနဲ႔ အစိုးရ႐ုံးပိတ္ရက္ေတြမွာ ေျပးဆြဲေနတဲ့ ေက်ာက္တန္း ေရလယ္ဘုရားနဲ႔ တြံေတးခရီးစဥ္ေတြ၊ ညေနေနဝင္ဆည္းဆာ ၾကည့္တဲ့ခရီးစဥ္ေတြကေတာ့ စီးနင္းသူေတြ အမ်ားအျပားရွိကာ ေအာင္ျမင္ေနတဲ့ အေျခအေနတစ္ခုကို ေရာက္လာခဲ့ပါတယ္။

ခရီးသည္ပို႔ေဆာင္ေရးကို အေထာက္အကူျပဳဖို႔ မူလက ရည္႐ြယ္ထားေပမယ့္ အေပ်ာ္စီးခရီးစဥ္ေတြအျဖစ္သာ ေအာင္ျမင္ခဲ့ရတာဟာ ဗိုလ္တေထာင္နဲ႔ အင္းစိန္ၾကား ခရီးမွာ ဘတ္စ္ကားနဲ႔သြားရတာထက္ အခ်ိန္ပိုၾကာျမင့္ေနျခင္း၊ YBS ေတြထက္ စီးနင္းခ ျမင့္မားျခင္း၊ သေဘၤာဆိပ္ကေန သြားေရာက္ရတဲ့ေနရာဟာ အနည္းငယ္အလမ္းေဝးကြာျခင္း၊ YBS လိုင္းေတြနဲ႔ ခ်ိတ္ဆက္ႏိုင္မႈ အားနည္းခ်က္ေတြေၾကာင့္ျဖစ္တယ္လို႔ သုံးသပ္သူေတြလည္း ရွိပါတယ္။အဲ့ဒါေၾကာင့္လည္း ရည္႐ြယ္ခ်က္ႀကီးႀကီးမားမားနဲ႔ လုပ္ခဲ့ရတဲ့ ေရေၾကာင္းသယ္ယူပို႔ေဆာင္ေရးဟာ အခု အေပ်ာ္စီးခရီးစဥ္ေတြအေနျဖင့္ ေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္။

ဝန္ေဆာင္မႈျမႇင့္တင္ေနတဲ့ ျမန္မာ့မီးရထား

ရန္ကုန္ၿမိဳ႕တြင္း ပို႔ေဆာင္ေရးလမ္းေၾကာင္းတစ္ခုျဖစ္တဲ့ ၿမိဳ႕ပတ္ရထားစနစ္ဟာလည္း အခုဆိုရင္ သံလမ္းအဆင့္ျမႇင့္တင္တာေတြ၊ ဘူတာအဆင့္ျမႇင့္တာေတြနဲ႔ တစ္ခုခ်င္းစီ စီမံခ်က္ေတြခ်ကာ အဆင့္ျမႇင့္တင္ လုပ္ကိုင္လို႔လာပါတယ္။တစ္ခ်ိန္က ရည္႐ြယ္ခ်က္ေကာင္းနဲ႔ လုပ္ခဲ့ေပမယ့္ ေအာင္ျမင္မႈမရခဲ့တဲ့ ကမ္းနားလမ္းက လွ်ပ္စစ္ရထားေျပးဆြဲမႈဟာ အခုအခ်ိန္မွာ ျပန္လည္လုပ္ေဆာင္ရင္ ေအာင္ျမင္ႏိုင္မယ့္ အေျခအေနမ်ိဳး ျဖစ္လာမယ္လို႔ ယူဆလာၾကပါတယ္။အရင္ေခတ္ကဆိုရင္ ဆင္ေျခဖုံးေဒသေတြကလာတဲ့ ခရီးသည္တင္ယာဥ္လိုင္းေတြဟာ ၿမိဳ႕လယ္ဧရိယာကို တိုက္႐ိုက္ျဖတ္သန္း သြားေရာက္ေနတာေၾကာင့္ ထိုကာလမွာ စတင္ခဲ့ဖူးတဲ့ လွ်ပ္စစ္ရထားဟာ အေပ်ာ္စီးနင္းဖို႔ သက္သက္သာ ျဖစ္ခဲ့ေပမယ့္ အခုလိုကာလမွာ ၿမိဳ႕တြင္းပတ္လိုင္းေတြနဲ႔ စနစ္တက် လုပ္ေဆာင္ခ်ိန္မွာ ျပန္လည္ေျပးဆြဲပါက ေအာင္ျမင္ႏိုင္မယ့္ အေျခအေနမ်ိဳး ျဖစ္လာႏိုင္မယ့္အျပင္ ဘတ္စ္ကားေတြနဲ႔ သယ္ပို႔ေနရတဲ့ ခရီးသည္ေတြကို တစ္ဝက္ခြဲၿပီး သယ္ယူပို႔ေဆာင္ေပးႏိုင္မယ့္ အေျခအေနေကာင္းေတြ ရလာေစမွာပါ။

တကယ့္တကယ္တမ္း လုပ္ႏိုင္ရင္ အားသာခ်က္ရွိေပမယ့္ လတ္တေလာမွာေတာ့ ၿမိဳ႕ပတ္ရထားလမ္းမွာ အဆင့္ျမႇင့္တင္တာကို အားထည့္ၿပီး လုပ္ကိုင္ေနတာကိုသာ ေတြ႕ရပါတယ္။ၾကည့္ျမင္တိုင္ဘူတာကေန ကမ္းနားလမ္းအထိ ဆက္သြယ္ထားတဲ့ ရထားလမ္းရွိသလို ျပဳျပင္လုပ္ေဆာင္ၿပီး အေျခအေနျဖစ္ေပမယ့္ ေမ့ေလ်ာ့ပစ္ထားတာေၾကာင့္လည္း ၾကာလာတာနဲ႔အမွ် အသုံးမျပဳလိုက္ရဘဲ ယိုယြင္းလာဖို႔သာ ရွိလာႏိုင္တာကိုေတာ့ သတိျပဳမိဖို႔ လိုပါတယ္။အဲ့ဒီလို အားသာခ်က္ရွိထားတဲ့ လမ္းေၾကာင္းေတြကေန အသုံးျပဳၿပီး ၾကည့္ျမင္တိုင္-အလုံ-ကီလီလမ္း-ပန္းဆိုးတန္း-လင္းစေဒါင္း-ပုဇြန္ေတာင္-ရန္ကုန္ဘူတာႀကီး အထိပါ ေျပးဆြဲႏိုင္တဲ့ သံလမ္းကြန္ရက္ရွိေပမယ့္ ထိထိေရာက္ေရာက္ အသုံးမျပဳႏိုင္တာေၾကာင့္လည္း အက်ိဳးရွိသင့္သေလာက္မရွိတဲ့ အေျခအေနမ်ိဳးကို ႀကဳံေနတာ ျဖစ္ပါတယ္။

လက္ရွိကာလမွာ ၿမိဳ႕ပတ္ရထား စီးနင္းသူဦးေရဟာ တစ္ရက္လွ်င္ပ်မ္းမွ် ၈၀၀၀၀ ေလာက္ ရွိရာကေန သံလမ္းအဆင့္ျမႇင့္တင္တဲ့ လုပ္ငန္းေတြ ၿပီးဆုံးတဲ့ ၂၀၂၂ ခုႏွစ္ေလာက္မွာေတာ့ လက္ရွိထက္ ခရီးသည္သုံးဆေလာက္ကို သယ္ယူပို႔ေဆာင္ေပးဖို႔ ရည္မွန္းထားၾကပါတယ္။သံလမ္းေတြလည္း အဆင့္ျမႇင့္တင္သလို ရထားတြဲဆိုင္း အသစ္ေတြလည္း မၾကာခင္ေရာက္ရွိလာမွာျဖစ္ေပမယ့္ ၾကပ္မတ္ထိန္းသိမ္းႏိုင္ဖို႔လည္း အေရးႀကီးပါတယ္။ၿမိဳ႕ပတ္ရထားလမ္းေၾကာင္းေပၚမွာ လက္ရွိေျပးဆြဲေနတဲ့ RBE တြဲဆိုင္းေတြဆိုရင္ အစပိုင္းက အဲယားကြန္းဖြင့္ေပးတာေတြ၊ ဘူတာအတက္အဆင္းခ်ိန္ေလာက္သာ တံခါးဖြင့္တာေတြနဲ႔ လုပ္ေဆာင္ေပမယ့္ တေျဖးေျဖး မွန္ဖြင့္စီးနင္းလာတဲ့ ခရီးသည္ေတြ၊ အနံ႔အသက္နဲ႔ ကုန္ပစၥည္းေတြ တင္ေဆာင္စီးနင္းလာတာေတြ၊ ပိတ္ထားတဲ့တံခါးကို ဖြင့္ၿပီးစီးနင္းတာေတြရွိလာၿပီး ၾကပ္မတ္ကိုင္တြယ္ႏိုင္တာမ်ိဳး မရွိေတာ့ဘဲ RBE တြဲတစ္ခ်ိဳ႕မွာ ဖုန္အလိမ္းလိမ္းျဖင့္ ယိုယြင္းလာတဲ့ အေျခအေနမ်ိဳးကို ျမင္လာရပါတယ္။အဲ့ဒီလို ျဖစ္ေနတဲ့ ခ်ိဳ႕ယြင္းခ်က္ေတြကို ျပင္ဆင္ႏိုင္တဲ့အခါမွ အနာဂတ္ကာလအတြက္ ေမွ်ာ္မွန္းကာ လုပ္ေဆာင္ေနတဲ့ ဖြံ႕ၿဖိဳးမႈေတြဟာ အႏွစ္သာရရွိေစမွာ ျဖစ္ပါတယ္။

ယာဥ္လိုင္းတစ္ခ်ိဳ႕ အတြင္းပိုင္းသန႔္ရွင္းမႈ အားနည္းလာ

YBS ခရီးသည္တင္ ယာဥ္လိုင္းေတြထဲမွာ ယာဥ္အတြင္းအျပင္ သန႔္ရွင္းေအာင္ စီမံလုပ္ေဆာင္တဲ့ ယာဥ္လိုင္းေတြရွိသလို ယာဥ္အတြင္းပိုင္း ညစ္ပတ္ေနေသးတဲ့ ယာဥ္လိုင္းေတြလည္း ရွိေနပါတယ္။ဒါ့အျပင္ တ႐ုတ္ကေန ဝယ္ယူထားတဲ့ အဝါေရာင္ ယာဥ္အသစ္ႀကီးတစ္ခ်ိဳ႕မွာ ယာဥ္အတြင္းပိုင္းကို လွဲက်င္းသန႔္ရွင္းမႈ အားနည္းလာၿပီး အဲယားကြန္း ေလထြက္ေပါက္ေတြမွာ ဖုန္ေတြ၊ အမႈန္ေတြနဲ႔ ညစ္ပတ္လာတာေတြကို ျမင္လာရပါတယ္။

ဒါ့အျပင္ အခ်ိဳ႕ေသာယာဥ္အသစ္ေတြမွာ အခ်က္ေပးဘဲလ္ ပ်က္လာတာေတြရွိသလို အခ်က္ေပးဘဲလ္ပ်က္တာကို မျပဳျပင္ဘဲ ဘဲလ္မတီးလို႔ မွတ္တိုင္မရပ္ေပးတဲ့ ယာဥ္ေမာင္းေတြနဲ႔ ခရီးသည္တစ္ခ်ိဳ႕ၾကား မေျပလည္မႈေတြက မၾကာခဏဆိုသလို ေတြ႕လာရပါတယ္။တစ္ခ်ိဳ႕ခရီးသည္ေတြဟာ အဲယားကြန္းဖြင့္ထားတဲ့ ယာဥ္မွာ မွန္တံခါးဖြင့္စီးတာေတြ၊ ယာဥ္အေပၚအမႈိက္ခ်တာေတြ ရွိလာတဲ့အျပင္ အခ်ိဳ႕ေသာစုံတြဲေတြဟာ လူျမင္ကြင္းမွာ ႐ုပ္ရွင္႐ုံထဲ၊ ပန္းၿခံထဲမ်ိဳး ေရာက္ေနသလို အျမင္မသင့္တဲ့ အျပဳအမူေတြကိုလည္း ေတြ႕ေနရတာေၾကာင့္လည္း အဲ့ဒီလိုအေျခအေနကို ထိေရာက္တဲ့ ကိုင္တြယ္မႈမ်ိဳးျဖင့္ လုပ္ေဆာင္သြားမွသာ ေရရွည္မွာ အဆင္ေျပေစမွာ ျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕ရဲ႕ လမ္းအေျခအေနေတြနဲ႔ ယာဥ္လိုင္းဂိတ္ေတြရဲ႕ အေျခအေနေတြ၊ တစ္ရက္တာ ေန႔စဥ္ လိုင္းထြက္ေျပးဆြဲႏိုင္ဖို႔ေတြအတြက္ ဂက္စ္ျဖည့္ရင္း လမ္းေဘးမွာရပ္ထားရတဲ့ YBS ယာဥ္ေတြက အမ်ားအျပား ရွိေနပါေသးတယ္။ယာဥ္ရပ္နားကြင္းရွိတဲ့ ယာဥ္လိုင္းကုမၸဏီႀကီးေတြမွာ ဆိုရင္ေတာင္ ၿမိဳ႕တြင္းဆြဲတဲ့ ယာဥ္လိုင္းက ယာဥ္ေတြကို ယာဥ္ရပ္နားကြင္းအထိ ျပန္သိမ္းမထားႏိုင္ဘဲ ဂက္စ္ျဖည့္အၿပီး ေနာက္တစ္ရက္မနက္ ယာဥ္လိုင္းေျပးဆြဲဖို႔ ဂိတ္ေတြရဲ႕အနီးမွာ ညအိပ္ရပ္နားထားၾကပါတယ္။အဲ့ဒီလို လမ္းေဘးညအိပ္ထားရတဲ့ ခရီးသည္တင္ ယာဥ္ေတြကိစၥကိုလည္း ေျဖရွင္းဖို႔ဟာ လိုအပ္ခ်က္ ရွိေနပါတယ္။ရန္ကုန္ၿမိဳ႕မွာ ၿခံဝင္းက်ယ္တဲ့ ေက်ာင္းေတြ၊ ပုဂၢလိကလုပ္ငန္းပိုင္ ဧရိယာေတြ၊ အစိုးရ႐ုံးေတြထဲ ညအခ်ိန္ထားႏိုင္ရင္ ဂိတ္ေတြနားမွာ ညအိပ္ရပ္နားထားၾကတဲ့ ကိစၥေတြကို ေျဖရွင္းေပးရာ ေရာက္ေစမယ္လို႔ အႀကံျပဳသူေတြ ရွိပါတယ္။

“လမ္းေဘးမွာ ဒီအတိုင္းပဲ ထားထားေတာ့ တျခားကားေတြကပဲ အရွိန္လြန္ဝင္ေဆာင့္တာပဲျဖစ္ျဖစ္၊ အေျခအေနတစ္ခုခုေၾကာင့္ ယိုယြင္းပ်က္စီးလာႏိုင္တာေပါ့၊ သခင္ျမပန္းၿခံတစ္ဝိုက္မွာဆိုရင္ ညဘက္ ညအိပ္ရပ္နားထားၾကတဲ့ယာဥ္ေတြ အမ်ားအျပားရွိပါတယ္၊ အဲ့ဒီလို လမ္းေဘးရပ္နားမယ့္အစား ဥပမာေျပာရရင္ သစ္ေတာဝင္းထဲမွာပဲျဖစ္ျဖစ္၊ ကမ္းနားဘက္က လွ်ပ္စစ္ဝင္းထဲမွာပဲျဖစ္ျဖစ္၊ ကီလီလမ္းဘက္က ဆန္ဂိုေဒါင္ေတြအနီးျဖစ္ျဖစ္ ရပ္နားသိမ္းဆည္းထားရင္ေတာ့ အခုလိုလက္လြတ္စပယ္ ပစ္ထားသလိုမ်ိဳး အေျခအေနမျဖစ္ေတာ့ဘူးေပါ့၊ တကယ္ေတာ့ ဒါေတြက ျပည္သူေတြရဲ႕ ပိုက္ဆံေတြေလ” လို႔ ဌာနဆိုင္ရာ အၿငိမ္းစားအရာရွိတစ္ဦးျဖစ္တဲ့ ဦးဝင္းေမာင္ က အႀကံျပဳေျပာၾကားပါတယ္။

ဝန္ေဆာင္မႈၿပိဳင္ဆိုင္ႏိုင္မွ တိုးတက္ေစမည္

သက္တမ္းႏွစ္ႏွစ္ေက်ာ္ ရွိလာတဲ့ YBS စနစ္ဟာ ေန႔စဥ္ ႐ုံးတက္႐ုံးဆင္းခ်ိန္ေတြမွာေတာ့ ၿမိဳ႕တြင္းပတ္လိုင္းေတြမွာ ခရီးသည္ျပည့္ၾကပ္ေနတဲ့ အေျခအေနက ရွိေနဆဲပါပဲ။႐ုံးတက္႐ုံးဆင္းခ်ိန္မွာ ဂိတ္ကေန ယာဥ္တစ္စီးနဲ႔ တစ္စီး အခ်ိန္ခပ္စိပ္စိပ္ လႊတ္ေပမယ့္ လမ္းမွာယာဥ္ေၾကာပိတ္ဆို႔မႈေၾကာင့္ ၾကာျမင့္ခ်ိန္ေတြ၊ မီးပြိဳင့္ကိုၾကာရွည္စြာ ေစာင့္ဆိုင္းရလို႔ ၾကာျမင့္တာေတြႀကဳံၿပီး တက္မယ့္ခရီးသည္က တက္မရတဲ့ အေျခအေနမ်ိဳးေတြကိုလည္း ေန႔စဥ္လိုလိုျမင္ေနရပါတယ္။

ၿမိဳ႕တြင္းပတ္ကာ ေျပးဆြဲတဲ့လိုင္းေတြမွာ လမ္းေၾကာင္းတစ္ခုကို ကုမၸဏီတစ္ခုေပးၿပီးထားၿပီး လမ္းေၾကာင္းတူ မေပးတာေၾကာင့္လည္း ခရီးသည္ျပည့္ၾကပ္ေနတဲ့ ယာဥ္ႀကီးေတြကိုသာ အားထားေနၾကရတာ ျဖစ္ပါတယ္။ၿမိဳ႕ျပင္နဲ႔ ဆင္ေျခဖုံး ေဒသဘက္ေတြကို ေျပးဆြဲတဲ့ လိုင္းေတြမွာေတာ့ ၁၀၀ ရာခိုင္ႏႈန္း မဟုတ္တာေတာင္ ၈၀ ရာခိုင္ႏႈန္းေလာက္ လမ္းေၾကာင္းတူတဲ့ ယာဥ္လိုင္းေတြရွိလာသလို ဝန္ေဆာင္မႈေတြ ၿပိဳင္ဆိုင္တာမ်ိဳး ရွိလာပါတယ္။ၿမိဳ႕တြင္းပတ္တဲ့ လိုင္းေတြမွာလည္း လမ္းေၾကာင္းတစ္ခုကို ယာဥ္လိုင္းကုမၸဏီ ႏွစ္ခု၊ သုံးခုေလာက္ကိုေပးၿပီး ဝန္ေဆာင္မႈၿပိဳင္ဆိုင္ေစမယ္ဆိုရင္ ပိုမိုတိုးတက္လာႏိုင္မယ့္ အေျခအေနျဖစ္ႏိုင္သလို ႐ုံးတက္႐ုံးဆင္းခ်ိန္ေတြမွာ ႀကဳံေနရတဲ့ ခရီးသည္ျပည့္ၾကပ္ေနေသာ အေျခအေနေတြကေန ေရွာင္ရွားႏိုင္ဖို႔ နည္းလမ္းမ်ိဳးျဖစ္လာမယ္လို႔ သုံးသပ္သူေတြရွိပါတယ္။

ယာဥ္လိုင္းေတြ တိုးခ်ဲ႕ေနသလို ၂၄ နာရီ ယာဥ္လိုင္းေတြ ေပၚလာေပမယ့္ တကယ့္ကို ခရီးသည္စီးနင္းမႈ မ်ားျပားတဲ့ လမ္းေၾကာင္းေတြမွာ မရွိေသးတာက ၾကားကားေတြကို အားျပဳစီးနင္းေနရဆဲ အျဖစ္မ်ိဳးကို ေတြ႕ရပါတယ္။ဒဂုံၿမိဳ႕သစ္ ဆိပ္ကမ္းၿမိဳ႕နယ္ဘက္ေတြ၊ ဒဂုံၿမိဳ႕သစ္ ေတာင္ပိုင္းၿမိဳ႕နယ္ဘက္ေတြကို ျပန္ၾကမယ့္ ခရီးသည္ေတြ၊ လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ ေ႐ႊေပါကၠံ စတဲ့ ေဒသေတြကိုျပန္မယ့္ ခရီးသည္ေတြအေနနဲ႔ ညမိုးခ်ဳပ္တာနဲ႔ YBS မရွိသေလာက္ ရွားလာသလို ရွိျပန္ေပမယ့္ စီးသူမ်ားၿပီး တက္မရတဲ့ အေျခအေနေတြေၾကာင့္ ၾကားကားေတြကို အားထားေနရတဲ့ အေျခအေနမ်ိဳး ေတြ႕ရပါတယ္။ပန္းဆိုးတန္းနဲ႔ ဆူးေလတစ္ဝိုက္မွာ ည ၆ နာရီဝန္းက်င္ေလာက္ဆိုရင္ ၾကားကားေတြကို ျမင္ရသလို တာေမြ သတိပ႒ာန္နားမွာဆိုရင္ ၾကားကားေတြကို ညေန ၅ နာရီေလာက္ကတည္းက ျမင္ရတာေတြရွိသလို ေ႐ႊျပည္သာ တညင္းကုန္းဘက္မွာ ေန႔ခင္းပိုင္းေလာက္ကတည္းက ၾကားကားေတြကို ေတြ႕ရပါတယ္။အခုေနာက္ပိုင္း ၾကားကားေတြနဲ႔ ပတ္သက္လို႔ YRTA က ထိထိေရာက္ေရာက္ ဖမ္းဆီးဖို႔လုပ္ေဆာင္မယ့္ အေျခအေနေတြ ျဖစ္ေပမယ့္ ခရီးသည္ေတြ အားထားစီးနင္းရတဲ့ အေျခအေနကိုလည္း ျပန္လည္သုံးသပ္ကာ ခရီးသည္သြားလာမႈ အခက္အခဲမျဖစ္ေအာင္ စနစ္တက်ျဖစ္ေအာင္ ေႁမြမေသတုတ္မက်ိဳး ကိုင္တြယ္တတ္ဖို႔လည္း အေရးႀကီးပါတယ္။

အိမ္မွာေတာင္ အဲယားကြန္း ရွိရွိ၊ မရွိရွိ ဘတ္စ္ကားေပၚမွာေတာ့ ေႏြေနအပူကို ေက်ာ္လႊားရင္း အဲယားကြန္း ေအးစိမ့္ေနတဲ့ ယာဥ္အသစ္ႀကီးေတြနဲ႔ ေျပာင္းလဲတိုးတက္လာတဲ့ ဝန္ေဆာင္မႈကိုေတာ့ အတိုင္းသား ျမင္ေတြ႕ရမွာပါပဲ။YBS ယာဥ္ေတြ စီးနင္းရင္း ညအခ်ိန္မွာ လုံၿခဳံစြာသြားႏိုင္တဲ့ အေျခအေနမ်ိဳး ရွိလာေပမယ့္ ညပိုင္းစီးစရာ ယာဥ္မရွိသေလာက္ ရွားပါးလာတဲ့ကိစၥကိုေတာ့ ယာဥ္လိုင္းေတြမွာ ယာဥ္ေမာင္းေတြကို အဆိုင္းလိုက္ တာဝန္ေပးတာမ်ိဳးနဲ႔ လိုင္းေျပးဆြဲႏိုင္ရင္ အဆင္ေျပလာမယ့္ နည္းလမ္းမ်ိဳးျဖစ္ေစမွာပါ။

အခုဆိုရင္ YBS ယာဥ္လိုင္းေတြမွာ ယာဥ္စီးခစနစ္ကို ကတ္စနစ္နဲ႔ ေျပာင္းလဲဖို႔ လုပ္ေဆာင္ေနတာေတြ ရွိသလို လိုအပ္ခ်က္ Capacity ေတြလည္း ျဖည့္ဆည္းရင္း ၿမိဳ႕ပတ္ရထားပို႔ေဆာင္ေရးစနစ္၊ Water Bus ပို႔ေဆာင္ေရး စနစ္ေတြနဲ႔ ခ်ိတ္ဆက္ႏိုင္ဖို႔ အေရးႀကီးလာပါတယ္။ဒါမွလည္း ကားနဲ႔သြားရင္း ၿမိဳ႕ပတ္ရထားစီးတာပဲ ျဖစ္ျဖစ္၊ Water Bus စီးလာရင္း ကားျပန္ေျပာင္းစီးတာပဲျဖစ္ျဖစ္ ေျပာင္းစီးမယ့္ ခရီးသည္ေတြအတြက္ ကူးသန္းသြားလာမႈေတြကို ေခ်ာေမြ႕ေအာင္ လုပ္ေဆာင္ႏိုင္တဲ့အခါ ရန္ကုန္ၿမိဳ႕ရဲ႕ ပို႔ေဆာင္ေရးစနစ္ အေျပာင္းအလဲဟာ ျပည္သူေတြကို အက်ိဳးျပဳမႈမ်ားျပားေစၿပီး အႏွစ္သာရေကာင္းေတြနဲ႔အတူ သမိုင္းတစ္ေခတ္မွာ တြင္က်န္ရစ္မယ့္ အေျခအေနမ်ိဳး ျဖစ္လာေစမွာပါ။

ဇြဲမာန္
မတ္ - ၁၂