【 သတင်းဆောင်းပါး 】 ရလဒ်ကောင်းပြဖို့ လိုအပ်နေတဲ့ စီမံကိန်းတွေ

【 သတင်းဆောင်းပါး 】 ရလဒ်ကောင်းပြဖို့ လိုအပ်နေတဲ့ စီမံကိန်းတွေ

ယခုအစိုးရသစ်လက်ထက်အတွင်း ပြည်တွင်းမှာ စီမံကိန်းများစွာကို လုပ်ဆောင်နေလျက်ရှိသလို စီမံကိန်းကြီးအများစုဟာ နှစ်ရှည်လုပ်ဆောင်ရမယ့် အခြေအနေမျိုး ဖြစ်နေတာတွေကြောင့် လတ်တလောချက်ချင်း ရလာဒ်ကောင်းတွေကို မမြင်ရသေးတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

ထိုသို့ စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ ဘတ်ဂျက်ကိုကြည့်ပြီး ရွေးချယ်တာတွေထက် ပြည်သူတွေရဲ့ သာယာဝပြောရေးနဲ့ နိုင်ငံအတွက် အများဆုံးအကျိုးဖြစ်စေမယ့် စီမံကိန်းတွေကို ရွေးချယ်ဖို့လည်း လိုအပ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၉ အမျိုးသားကော်မရှင် အစည်းအဝေးမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။စီမံကိန်းတွေအတွက် ငွေရေးကြေးရေးဟာ အရေးကြီးပေမယ့် အမှန်တကယ်လုပ်ကိုင်သင့်တဲ့ စီမံကိန်းတွေသာ ရွေးချယ်သင့်ပြီး ဒေသ၊ ကဏ္ဍ လိုအပ်ချက်တွေနဲ့ နိုင်ငံ့လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ့် မဟာဗျူဟာမြောက် စဉ်းစားကာ ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိကာလမှာလည်း ဆောင်ရွက်ဆဲ နှစ်ရှည်စီမံကိန်းတွေရှိသလို အကောင်အထည်ဖော်ဖို့ လျာထားဆဲနဲ့ ညှိနှိုင်းဆွေးနွေးနေတဲ့ နှစ်ရှည်စီမံကိန်းကြီးတွေလည်းအများအပြား ရှိနေပါတယ်။

စီမံကိန်းတွေ အောင်မြင်ဖို့ဆိုတာ

စီမံကိန်းတွေကို အချိန်တိုအတွင်းမှာ အောင်မြင်စွာဆောင်ရွက်နိုင်ဖို့ ဦးဆောင်လုပ်ကိုင်မယ့်သူတွေကို ရွေးချယ်တဲ့ ကိစ္စကလည်း အရေးကြီးတဲ့အပြင် ယခုအခါ ယခင်ခေတ်ကာလက ဆုံးရှုံးခဲ့တာတွေကို သင်ခန်းစာယူကာ လုပ်ဆောင်နေပြီး အသေးစိတ်တဲ့အပြင် ကျယ်ပြန့်စွာလုပ်ကိုင်နေရတဲ့ အခြေအနေမျိုး ဖြစ်တာကြောင့်လည်း အချိန်အနည်းငယ်ယူကာ လုပ်ဆောင်ရတယ်လို့ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင် က ပြောပါတယ်။

“စီမံကိန်းတစ်ခု အောင်မြင်ဖို့ဆိုတာ နံပါတ် (၁) က အရင်ဦးဆုံး စီမံကိန်းကို ဦးဆောင်လုပ်မယ့်သူတွေ ရွေးချယ်တဲ့ကိစ္စက အရေးကြီးတယ်ဗျ၊ ဒီလုပ်ငန်းကို တကယ်အောင်မြင်အောင် လုပ်ကိုင်နိုင်ပါ့မလားလို့ သေသေချာချာ စစ်ဆေးဖို့လိုတယ်၊ ဒါက ပထမဆုံးအဆင့်ပေါ့ဗျာ။ဒီဘက်အစိုးရသစ်ကာလမှာက တော်တော်ကြီးကို စနစ်တကျနဲ့ စီစဉ်ဆောင်ရွက်တာမျိုးကိုလည်း တွေ့ရတယ်၊ နောက်တစ်ချက်က လုပ်ငန်း Process ခေါ်မှာပေါ့၊ အရင့်အရင်တုန်းက ဆုံးရှုံးခဲ့တာတွေကို သင်ခန်းစာယူပြီးတော့  စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နေတယ်၊ အဲ့ဒီလိုလုပ်ကိုင်ဆောင်ရွက်နေတဲ့ နေရာမှာ တစ်ချို့ Process တွေက အဆင့်တွေတအားများတယ်၊ အဲ့ဒီလိုများတာဟာ လုပ်ငန်းကို နှောင့်နှေးစေတဲ့ သဘောမျိုးလည်း သက်ရောက်စေတယ်၊ တစ်ဖက်ကလည်း သေချာတဲ့ အနေအထားမျိုးကို ကြည့်ရတယ်၊ တစ်ဖက်ကလည်း ဒီစီမံကိန်းလုပ်ရင်းနဲ့ တိုင်းပြည်အတွက် အကျိုး ရှိလား၊ မရှိလား ရေရှည်အတွက်၊ လတ်တလောကတော့ ရလာဒ်ကောင်းတွေ မဖြစ်နိုင်ပေမယ့် ရေရှည်မှာ ရလာဒ်ကောင်းတွေ ထွက်နိုင်ချေရှိတာပေါ့၊ ဒါက အလွန်ပဲကျယ်ပြန့်ပါတယ်၊ လုပ်ရတဲ့အဝန်းအဝိုင်းလည်း ကျယ်ပြန့်တယ်၊ အဲ့ဒီလိုလုပ်ရတဲ့အခါမှာ တစ်ချို့လုပ်ငန်းတွေက နည်းနည်းနှောင့်နှေးကြန့်ကြာမှုတွေရှိတယ်၊ ယေဘူယျကိုပဲ ပြောနိုင်တယ်၊ တစ်ချို့ဟာတွေက နည်းနည်းအချိန်ယူရတာပေါ့ဗျာ” လို့ ဦးရန်အောင် က ရှင်းပြပါတယ်။

လာမယ့်ဘဏ္ဍာနှစ်အတွင်း အသုံးစရိတ်ပိုသုံး၍ လူမှုစီးပွားမြှင့်တင်ရန် ရည်ရွယ်

နိုင်ငံရဲ့ စီးပွားရေးမြှင့်တင်မှုမှာလည်း ပြည်သူတွေအတွက် အကျိုးရှိစေမယ့် အခြေအနေဖြစ်သလို လက်ငင်း အကျိုးဖြစ်ထွန်းစေမယ့် လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာလည်း အသုံးစရိတ်ကို တိုးမြှင့်သုံးစွဲဖို့ စီစဉ်ထားတယ်လို့လည်း နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် က ပြီးခဲ့တဲ့ ဇွန်လထဲက နိုင်ငံတော်သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မတီ အစည်းအဝေးမှာ ထုတ်ဖော်ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ အစိုးရအသုံးစရိတ်အဖြစ် ကျပ် ၂၄၇၂၄ ဘီလီယံကို လျာထားကာ သုံးစွဲခဲ့သလို လာမယ့်ဘဏ္ဍာနှစ်မှာ ကျပ် ၃၂၃၄၀ ဘီလီယံကို သုံးစွဲဖို့ လျာထားတာကြောင့် မူလကလျာထားတဲ့ အသုံးစရိတ်နဲ့ နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းကျော် ပိုများနေတယ်လို့ ယင်းဘဏ္ဍာရေးကော်မတီ အစည်းအဝေးက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။အစိုးရအနေဖြင့် သုံးစွဲမှုမြှင့်တင်သလို ရငွေအပိုင်းမှာလည်း တိုးမြှင့်ရှာဖွေဖို့ လျာထားကာ လုပ်ဆောင်နေသလို လာမယ့်ဘဏ္ဍာနှစ်မှာ ကျပ် ၂၅၃၁၃ ဘီလီယံ ရဖို့လည်း လျာထားတာကြောင့် ယင်းပမာဏဟာလည်း ယခုဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ၃၀ ရာခိုင်နှုန်း တိုးမြှင့်လျာထားတဲ့  အခြေအနေမျိုးဖြစ်ပါတယ်။ပြည်တွင်းမှာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်ခဲ့ဖူးတာကြောင့်လည်း သဘာဝဘေးများ ကြုံလာပါက ကာကွယ်မှုနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လျင်မြန်စွာဆောင်ရွက်နိုင်ဖို့အတွက်ကိုလည်း အစိုးရဘတ်ဂျက် အသုံးစရိတ်မှာ ပါဝင်တဲ့ အရေးပေါ်ရန်ပုံငွေ ကျပ် ဘီလီယံ ၁၀၀ ကို ပြည်ထောင်စုဝန်ကြီးများနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေကို ကျပ် ၅၀ ဘီလီယံ ခွဲပေးကာ ကျန် ကျပ် ၅၀ ဘီလီယံကို ဗဟိုမှာထားရှိဖို့ ရည်ရွယ်ကာ လျာထားမှုပုံစံ ပြောင်းလဲခဲ့ပြီး ပြည်သူတွေရဲ့ လူမှုစီးပွားမြှင့်တင်ရေး၊ သဘာဝဘေးတွေ ကြုံလာပါက တုန့်ပြန်ဆောင်ရွက်နိုင်ရေး လုပ်ငန်းတွေမှာလည်း ထိရောက်တဲ့ စီမံဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

ဒီမိုကရေစီ ဝတ်မှုံကူးဆဲကာလ

ယခုလိုကာလမှာ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်တာတွေလဲရှိပြီး ယင်းကဲ့သို့ကြုံရတာဟာ၂၀၀၈ ဖွဲ့စည်းပုံရဲ့ နိုင်ငံရေးနှောင်ဖွဲ့ချက်တွေအောက်မှာ လှုပ်ရှားရုန်းကန်ရတဲ့ ကာလဖြစ်တာကြောင့်လည်း တစ်ချို့ကိစ္စတွေမှာ အားစိုက်ထုတ်သလောက် ခရီးမရောက်နိုင်ဘဲ နှောင့်နှေးကြန့်ကြာတာတွေ ရှိခဲ့ရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် အများစုက သုံးသပ်ထားကြပါတယ်။

“တစ်ချို့ဝေဖန်မှုတွေကတော့ ကျွန်တော်တို့ ကြိုဆိုတယ်၊ ကောင်းတယ်၊ တစ်ချို့ဝေဖန်မှုတွေကျတော့ ပြဿနာက ဘာလဲဆိုတော့ဗျာ၊ ကျွန်တော်တို့က အခုမှစပြီးတော့ ကျွန်တော် လွှတ်တော်မှာ ကျန်ခဲ့တဲ့လက ပြောဖူးပါတယ်၊ ဒီမိုကရေစီ ဝတ်မှုံကူးတဲ့ ကာလဗျ၊ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ အစိုးရကလည်း ၂၀၀၈ ဖွဲ့စည်းပုံရဲ့ နိုင်ငံရေးနှောင်ဖွဲ့ချက်တွေအောက်မှာ လှုပ်ရှားရုန်းကန်ရတဲ့ ကာလဖြစ်တယ်၊ တစ်ချို့ဟာတွေက အင်အားစိုက်ထုတ်သလောက် ရောက်သင့်တဲ့ ခရီးအကွာအဝေးမရောက်တာ သေချာတယ်၊ တစ်ချို့တလေက သူတို့တွေနဲ့ နီးစပ်တဲ့ ဒီမိုကရေစီအစိုးရနဲ့ ချိန်ထိုးပြီးတော့ ပြောရယ်ဆိုရယ် လုပ်တဲ့အခါမှာ လွဲလိမ့်မယ်၊ ဒီအစိုးရကြီးတွေရဲ့ ဖြစ်တည်မှု အချိန်ကာလနဲ့ ကျွန်တော်တို့အစိုးရရဲ့ ဖြစ်တည်မှု အချိန်ကာလ အရမ်းကိုကွာခြားလွန်းတယ်၊ တစ်ချို့ကတော့ ဂရုဏာဒေါသောနဲ့ ပြောတာရှိသလို တစ်ချို့ကျတော့လည်း အစိုးရသစ်ကို လူထုအထင်အမြင်လွဲမှားအောင် ပြောဆိုနေတာတွေလည်းရှိတယ်၊ အခုဖြေးဖြေးချင်းတော့ အထိုင်ကျလာတဲ့ သဘောတော့ ရှိလာတယ်၊ ဥပမာအားဖြင့် YBS ကိစ္စဆိုရင် လူအများနဲ့ စုဖွဲ့ထားတဲ့ကိစ္စလေ၊ ကိုယ်တစ်ယောက်တည်း ပြီးတဲ့ကိစ္စ မဟုတ်ဘူး၊ အများနဲ့လုပ်ရတာ အရင်ကထက်တော့ အဆင်ပြေလာတယ်၊ အခက်အခဲကတော့ ရှိနေဦးမယ်၊ ဖြေးဖြေးချင်းတော့ သွားရတာပေါ့၊ ကျွန်တော်တို့ဘက်ကလည်း လိုက်နာဆောင်ရွက်ရမယ့် ကိစ္စတွေလည်းရှိတယ်၊ လိုအပ်ချက်တွေကိုလည်း မိတ်ဆွေကနေ ဖုန်းဆက်ပြီးပြောတယ်၊ အဲ့ဒီအခါမှာ ကျွန်တော်တို့တစ်တွေကလည်း ဝိုင်းပြီးတော့ ဘယ်နေရာတော့ ဘယ်လိုဖြစ်နေတယ်လို့ ပြောတယ်၊ ခုနပြောသလို ဒီမိုကရေစီ ဝတ်မှုံကူးတဲ့ ကာလဆိုတော့ ဖြေးဖြေးချင်းတော့ အဆင်ပြေသွားလိမ့်မယ်၊ YBS ဆိုလည်း စစချင်းတော့ ဝုန်းဒိုင်းကြဲနေတာပေါ့ဗျာ၊ ဖြေးဖြေးချင်း အဆင်ပြေလာတဲ့ အနေအထားရှိပါတယ်၊ သို့သော် တစ်ချို့တွေအတွက် မပြေကောင်းမပြေနိုင်တာပေါ့ဗျာ၊ ဒါတွေကိုလည်း မျက်ခြေမပြတ် ကျွန်တော်တို့ လွှတ်တော်ကနေ စောင့်ကြည့်နေတယ်၊ အစိုးရဘက်ကလည်း အကြောင်းကိစ္စ ဘယ်နေရာတော့ ဘယ်ယာဉ်လိုင်း တိုးချဲ့ဖို့ကောင်းနေပြီဆိုရင် သူ့သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ခေါ်ပြီးတော့ တိုးချဲ့တာတို့ ဆွဲဆန့်တာတို့ လုပ်နေတယ်” လို့ ဦးရန်အောင် က ရှင်းပြပါတယ်။

အစိုးရရဲ့ စီမံကိန်းတွေ လည်ပတ်ဖို့ လုပ်ကိုင်တဲ့နေရာမှာ ပြောင်းလဲတဲ့ခေတ်ကာလနဲ့ မူတည်ပြီး ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ဝန်ထမ်းတွေရှိသလို အယူအဆအဟောင်းတွေ၊ အတွေးအခေါ်အဟောင်းတွေနဲ့ ခေါက်ရိုးကျိုးပြီး လုပ်ထုံးလုပ်နည်းဟောင်းတွေနဲ့ လုပ်ကိုင်နေတာတွေလည်း ရှိနေတယ်လို့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေက အကြံပြုပြောလာကြပါတယ်။“တစ်ချို့ဟာတွေကျတော့ နှစ်ပေါင်းများစွာ လုပ်ထုံးလုပ်နည်းအလွဲတွေအောက်မှာ ပြည်သူလူထုက နေထိုင်လာခဲ့ရတယ်၊ အဲ့ဒီအခါမှာ အရည်အချင်းတစ်ခုခုကို ပြောင်းမယ်ဆိုရင် အခက်အခဲတွေရှိတယ်၊ လုပ်ငန်းတစ်ခု အကောင်အထည်ဖော်တဲ့နေရာမှာ အောက်ခြေအပိုင်းမှာ ဝန်ထမ်းပေါင်းများစွာလည်းရှိတယ်၊ တစ်ချို့က အယူအဆအဟောင်းတွေနဲ့ လည်ပတ်နေတာတွေလည်း ရှိနေသေးတယ်၊ ဒါကိုမအောင်မြင်ဘူးလို့ ပြောလို့မရဘူး၊ အချိန်တော့န ည်းနည်းယူရမယ်လို့မြင်တယ်” လို့လည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးထွန်း က ပြောပါတယ်။

အလုပ်နဲ့ သက်သေပြနိုင်ဖို့ အရေးကြီး

အစိုးရရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်းရှိသလို တစ်ချို့ဝေဖန်မှုတွေက စေတနာနဲ့ ထောက်ပြတာတွေရှိသလို တစ်ချို့တော့ မရိုးသားသော တိုက်ခိုက်မှုတွေနဲ့ ဝေဖန်တာတွေလည်း ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုကြပါတယ်။

“ကျွန်တော်တို့က တစ်ချို့အစိတ်အပိုင်းတွေကို ထဲထဲဝင်ဝင် လုပ်ကိုင်နေတဲ့အခါကျတော့ တစ်ခါတလေကျတော့လည်း အစိုးရက ပေါ်လစီချရတာ၊ ပေါ်လစီချပြီးတော့ လုပ်ငန်းတစ်ခု အကောင်အထည်ဖော်တဲ့ နေရာမှာ သူ့ရဲ့အောက်ခြေမှာ ဝန်ထမ်းပေါင်းများစွာ လုပ်ရတယ်၊ နောက်တစ်ချက်က အဲ့ဒီဝန်ထမ်းတွေထဲမှာ ဒါကို ကျွန်တော် လွှတ်တော်မှာ မကြာခဏပြောဖူးတယ်ဗျ၊ ဝေဖန်မှုတွေကတော့ ရှိနေတုန်းပဲ၊ လုပ်ငန်းတွေအနေနဲ့ ကျဆုံးသွားတာတော့ မရှိဘူး၊ ဝေဖန်မှုတွေကတော့ ရှိတာပေါ့၊ တစ်ချို့ဝေဖန်မှုတွေက သွေးရိုးသားရိုး ကောင်းစေချင်တဲ့စိတ်နဲ့ ဝေဖန်တာတွေရှိသလို တစ်ချို့ကျတော့ သွေးမရိုးသားမရိုး ပြောဆိုလုပ်ကိုင်နေတာတွေလည်း ရှိတယ်ဗျ၊ ဒီကာလမှာတော့ ဒါမျိုးကြုံတွေ့ရမယ်ဗျ၊ နောက်ပိုင်းတော့ ဖြေးဖြေးချင်း ပါးသွားပါလိမ့်မယ်၊ အရေးကြီးတာကတော့ အလုပ်နဲ့ သက်သေပြဖို့ပဲ လိုပါတယ်၊ အလေးအနက်ထားပြီးတော့ လုပ်ကိုင်ဆောင်ရွက်တာရှိတယ်၊ ၂၀၀၇ တုန်းက ကြုံဖူးပါလိမ့်မယ်၊ လောင်စာဆီ ဈေးမြင့်တဲ့အခါ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက သူတို့လည်း အခက်အခဲရှိတော့ ကားခပိုတောင်းတယ်၊ မရတော့ မထွက်နိုင်ဘူး၊ မထွက်နိုင်တော့ ခရီးသွားပြည်သူတွေ အခက်အခဲရှိတယ်၊ ဒီလိုကိစ္စမျိုးကိုတော့ အစိုးရက ကျော်လွှားနိုင်ခဲ့တယ်၊ စင်းလုံးချောအခြေအနေ ရောက်ဖို့တော့ ကျွန်တော်တို့ အချိန်ယူရဦးမယ်၊ အစိုးရဘက်ကလည်း အားဖြည့်မယ်၊ ကျွန်တော်တို့ဘက်ကလည်း ဝေဖန်မယ်၊ ထောက်ပြမယ်၊ ဆိုလို့ရှိရင် တဖြေးဖြေးချင်း အောင်မြင်သွားလိမ့်မယ်၊ ဝေဖန်မှုကတော့ ရှိနေမယ်၊ ဒါက ကိုယ့်အခွင့်အရေးကိုး၊ တစ်ချို့ဝေဖန်တဲ့အချက်အလက်တွေ ကောင်းတယ်၊ ကျွန်တော်တို့ စုရတယ်၊ အကြံပြုတဲ့သူတွေကိုလည်း ပိုပြီးတော့ထွက်လာအောင် မေးရတယ်၊ မြန်းရတယ်၊ တိုင်းပြည်က တစ်ချို့ကိစ္စတွေကို လွှတ်တော်မှာ ဆွေးနွေးကြတယ်၊ ပိုကောင်းသထက် ကောင်းလာအောင်ပေါ့ဗျာ၊ အဲ့ဒီလိုတော့ရှိတယ်၊ အခုဆိုလည်း လှည်းကူးနဲ့ ထန်းတပင် စက်မှုဥယျာဉ်မြို့တော်ကြီးဆောက်ဖို့ ဆွေးနွေးနေပြီ၊ ကျွန်တော်တို့ရဲ့ ဆွေးနွေးချက်တွေကိုလည်း သေသေချာချာမှတ်သားပြီးတော့ အစိုးရအဖွဲ့တွေ ဝန်ကြီးတွေက ပြုပြင်သင့်တာ ပြုပြင်တယ်၊ လူတွေနဲ့ စုဖွဲ့ပြီးလုပ်ရတဲ့အခါကျတော့ တစ်ချို့ကိစ္စတွေမှာ လူအမျိုးမျိုး စိတ်အထွေထွေလည်းရှိတာပေါ့၊ အစိုးရစီမံကိန်းလုပ်ငန်းတွေ အချိန်တိုအတွင်းမှာ အောင်အောင်မြင်မြင်နဲ့ ဖြစ်လာဖို့အတွက် ကျွန်တော်တို့မှာလည်း တာဝန်ရှိပါတယ်၊ အစိုးရမှာ တာဝန်ရှိသလို ကျွန်တော်တို့ လွှတ်တော်မှာလည်း တာဝန်ရှိပါတယ်၊ သက်ဆိုင်ရာ ဆက်စပ်ပတ်သက်နေတဲ့ ကုမ္ပဏီတွေအနေနဲ့လည်း တာဝန်ရှိပါတယ်၊ အားလုံး အတူတကွပူးပေါင်းပြီး ဆောင်ရွက်ဖို့လိုသလို မြန်မြန်ဆန်ဆန်နဲ့ ရလာဒ်ကောင်းတွေထွက်ဖို့ သက်သေပြဖို့တာဝန် ကျွန်တော်တို့မှာလည်းရှိပါတယ်၊ ပြည်သူလူထုကလည်း ကျွန်တော်တို့ကို အမြဲစောင့်ကြည့်နေမှာပဲလေ၊ ကျွန်တော်တို့ဘက်က တာဝန်ကျေအောင် ဆောင်ရွက်ကြဖို့တော့ လိုအပ်ပါတယ်” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင် က ရှင်းပြပါတယ်။

လက်ကျန်သက်တမ်းကာလ

လက်ရှိအစိုးရအနေနဲ့ လက်ကျန် နှစ်နှစ်သက်တမ်း ကာလထဲမှာ ပြည်သူလူထုအတွက် တကယ်လိုအပ်သော လုပ်ငန်းတွေမှာ အဓိကထားကာ ငွေကြေးသုံးစွဲပြီး အကောင်အထည်ဖော်သွားနိုင်ဖို့ အရေးကြီးကြောင်း သင်္ဃန်းကျွန်း မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) ဦးနေဘုန်းလတ် က ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့က လူထုရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လမ်းတွေ၊ မြောင်းတွေ ဖောက်တဲ့ကိစ္စတွေတောင်မှ မပြည့်စုံသေးဘဲနဲ့ အကြီးကြီးတွေလုပ်တဲ့ကိစ္စက သဘာဝမကျဘူးလေ၊ အဲ့ဒီတော့ တကယ် လူထုလိုအပ်တဲ့ လိုအပ်ချက်တွေမှာ အဓိကပိုက်ဆံသုံးနိုင်ဖို့ အရေးကြီးပါတယ်၊ ကိုယ်စားလှယ်တွေနဲ့ အမြဲထိတွေ့ပြီး ပူးပေါင်းဆောင်ရွက်စေချင်တယ်၊ ကိုယ်စားလှယ်တွေက လူထုနဲ့ အမြဲထိတွေ့တော့ တော်တော်များများ လိုအပ်ချက်တွေကို သိကြတယ်လေ၊ ကိုယ်စားလှယ်တွေနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပြည်သူတွေရဲ့ လိုအပ်ချက်ကို တစ်နည်းအားဖြင့် ဖြည့်ဆည်းနေတာ” လို့ သူက ရှင်းပြပါတယ်။

တစ်ချို့သော စီမံကိန်းကြီးတွေအနေနဲ့ တင်ဒါခေါ်တဲ့ကိစ္စတွေ၊ အဆင့်ဆင့်ဖြတ်သန်းရတာတွေကြောင့်လည်း ကြာမြင့်နေတာတွေရှိသလို အစိုးရအဖွဲ့ရဲ့ လက်ရှိသက်တမ်းကာလကို ကျော်လွန်ကာ နှစ်ရှည်လုပ်ဆောင်ရမယ့် ရန်ကုန်မြို့သစ်စီမံကိန်း အပါအဝင် လှည်းကူးနဲ့ ထန်းတပင် စက်မှုဥယျာဉ်မြို့တော်ကြီးဆောက်ရန် ဆွေးနွေးတာတွေလည်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံကာ လုပ်ဆောင်နေကြပါတယ်။နှစ်ပေါင်း ကြာမြင့်အောင် ညှိနှိုင်းရတဲ့ ဒလမြစ်ကူးတံတားစီမံကိန်းဟာလည်း ယခုဆိုရင် စတင်လုပ်ကိုင်တဲ့ အခြေအနေမျိုး ရောက်လာပါတယ်။ကာလတိုစီမံကိန်းတွေထဲမှာ စွန့်ပစ်အမှိုက်ကြောင့် ရေကြီးရေလျှံဖြစ်တဲ့ ကိစ္စကို ရေမြောင်းများ တူးဖော်ရှင်းလင်းတာတွေ၊ ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေး ပြောင်းလဲတာတွေ၊ နေချင်စဖွယ်ဖြစ်တဲ့ မြို့တော်ကြီးတစ်ခုဖြစ်အောင် ဖော်ဆောင်တဲ့နေရာမှာ ရန်ကုန်မြို့တွင်းက Downtown ဧရိယာထဲမှာ Public ဧရိယာတွေကို ထိထိရောက်ရောက် အသုံးချနိုင်မယ့် နောက်ဖေးလမ်းကြား စီမံကိန်းတွေက ထင်ရှားတဲ့အကျိုးပြုမှု ရလာဒ်တွေကိုလည်း ရရှိထားပါပြီ။ဒါပေမဲ့ ချက်ချင်းပြီးပြည့်စုံပြီလို့ ခေါ်လို့မရသေးသလို လိုအပ်ချက်တွေကတော့ ရှိနေဦးမှာပဲ ဖြစ်ပါတယ်။
ပြည်သူတွေကတော့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ် ရလဒ်ကောင်းတွေ ထွက်ပေါ်ဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။

ဇွဲမာန်
ဇူလိုင် - ၉

( Zawgyi )

ယခုအစိုးရသစ္လက္ထက္အတြင္း ျပည္တြင္းမွာ စီမံကိန္းမ်ားစြာကို လုပ္ေဆာင္ေနလ်က္ရွိသလို စီမံကိန္းႀကီးအမ်ားစုဟာ ႏွစ္ရွည္လုပ္ေဆာင္ရမယ့္ အေျခအေနမ်ိဳး ျဖစ္ေနတာေတြေၾကာင့္ လတ္တေလာခ်က္ခ်င္း ရလာဒ္ေကာင္းေတြကို မျမင္ရေသးတဲ့ အေျခအေနေတြလည္း ရွိေနပါတယ္။

ထိုသို႔ စီမံကိန္းေတြ အေကာင္အထည္ေဖာ္တဲ့ေနရာမွာ ဘတ္ဂ်က္ကိုၾကည့္ၿပီး ေ႐ြးခ်ယ္တာေတြထက္ ျပည္သူေတြရဲ႕ သာယာဝေျပာေရးနဲ႔ ႏိုင္ငံအတြက္ အမ်ားဆုံးအက်ိဳးျဖစ္ေစမယ့္ စီမံကိန္းေတြကို ေ႐ြးခ်ယ္ဖို႔လည္း လိုအပ္တယ္လို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ၂၀၁၉ အမ်ိဳးသားေကာ္မရွင္ အစည္းအေဝးမွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။စီမံကိန္းေတြအတြက္ ေငြေရးေၾကးေရးဟာ အေရးႀကီးေပမယ့္ အမွန္တကယ္လုပ္ကိုင္သင့္တဲ့ စီမံကိန္းေတြသာ ေ႐ြးခ်ယ္သင့္ၿပီး ေဒသ၊ က႑ လိုအပ္ခ်က္ေတြနဲ႔ ႏိုင္ငံ့လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းႏိုင္မယ့္ မဟာဗ်ဴဟာေျမာက္ စဥ္းစားကာ ေဆာင္႐ြက္ၾကဖို႔လည္း တိုက္တြန္းေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

လက္ရွိကာလမွာလည္း ေဆာင္႐ြက္ဆဲ ႏွစ္ရွည္စီမံကိန္းေတြရွိသလို အေကာင္အထည္ေဖာ္ဖို႔ လ်ာထားဆဲနဲ႔ ညႇိႏႈိင္းေဆြးေႏြးေနတဲ့ ႏွစ္ရွည္စီမံကိန္းႀကီးေတြလည္းအမ်ားအျပား ရွိေနပါတယ္။

စီမံကိန္းေတြ ေအာင္ျမင္ဖို႔ဆိုတာ

စီမံကိန္းေတြကို အခ်ိန္တိုအတြင္းမွာ ေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္ဖို႔ ဦးေဆာင္လုပ္ကိုင္မယ့္သူေတြကို ေ႐ြးခ်ယ္တဲ့ ကိစၥကလည္း အေရးႀကီးတဲ့အျပင္ ယခုအခါ ယခင္ေခတ္ကာလက ဆုံးရႈံးခဲ့တာေတြကို သင္ခန္းစာယူကာ လုပ္ေဆာင္ေနၿပီး အေသးစိတ္တဲ့အျပင္ က်ယ္ျပန႔္စြာလုပ္ကိုင္ေနရတဲ့ အေျခအေနမ်ိဳး ျဖစ္တာေၾကာင့္လည္း အခ်ိန္အနည္းငယ္ယူကာ လုပ္ေဆာင္ရတယ္လို႔ မဂၤလာေတာင္ၫြန႔္ မဲဆႏၵနယ္ အမွတ္ (၂) မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ေအာင္ က ေျပာပါတယ္။

“စီမံကိန္းတစ္ခု ေအာင္ျမင္ဖို႔ဆိုတာ နံပါတ္ (၁) က အရင္ဦးဆုံး စီမံကိန္းကို ဦးေဆာင္လုပ္မယ့္သူေတြ ေ႐ြးခ်ယ္တဲ့ကိစၥက အေရးႀကီးတယ္ဗ်၊ ဒီလုပ္ငန္းကို တကယ္ေအာင္ျမင္ေအာင္ လုပ္ကိုင္ႏိုင္ပါ့မလားလို႔ ေသေသခ်ာခ်ာ စစ္ေဆးဖို႔လိုတယ္၊ ဒါက ပထမဆုံးအဆင့္ေပါ့ဗ်ာ။ဒီဘက္အစိုးရသစ္ကာလမွာက ေတာ္ေတာ္ႀကီးကို စနစ္တက်နဲ႔ စီစဥ္ေဆာင္႐ြက္တာမ်ိဳးကိုလည္း ေတြ႕ရတယ္၊ ေနာက္တစ္ခ်က္က လုပ္ငန္း Process ေခၚမွာေပါ့၊ အရင့္အရင္တုန္းက ဆုံးရႈံးခဲ့တာေတြကို သင္ခန္းစာယူၿပီးေတာ့  စနစ္တက် လုပ္ကိုင္ေဆာင္႐ြက္ေနတယ္၊ အဲ့ဒီလိုလုပ္ကိုင္ေဆာင္႐ြက္ေနတဲ့ ေနရာမွာ တစ္ခ်ိဳ႕ Process ေတြက အဆင့္ေတြတအားမ်ားတယ္၊ အဲ့ဒီလိုမ်ားတာဟာ လုပ္ငန္းကို ေႏွာင့္ေႏွးေစတဲ့ သေဘာမ်ိဳးလည္း သက္ေရာက္ေစတယ္၊ တစ္ဖက္ကလည္း ေသခ်ာတဲ့ အေနအထားမ်ိဳးကို ၾကည့္ရတယ္၊ တစ္ဖက္ကလည္း ဒီစီမံကိန္းလုပ္ရင္းနဲ႔ တိုင္းျပည္အတြက္ အက်ိဳး ရွိလား၊ မရွိလား ေရရွည္အတြက္၊ လတ္တေလာကေတာ့ ရလာဒ္ေကာင္းေတြ မျဖစ္ႏိုင္ေပမယ့္ ေရရွည္မွာ ရလာဒ္ေကာင္းေတြ ထြက္ႏိုင္ေခ်ရွိတာေပါ့၊ ဒါက အလြန္ပဲက်ယ္ျပန႔္ပါတယ္၊ လုပ္ရတဲ့အဝန္းအဝိုင္းလည္း က်ယ္ျပန႔္တယ္၊ အဲ့ဒီလိုလုပ္ရတဲ့အခါမွာ တစ္ခ်ိဳ႕လုပ္ငန္းေတြက နည္းနည္းေႏွာင့္ေႏွးၾကန႔္ၾကာမႈေတြရွိတယ္၊ ေယဘူယ်ကိုပဲ ေျပာႏိုင္တယ္၊ တစ္ခ်ိဳ႕ဟာေတြက နည္းနည္းအခ်ိန္ယူရတာေပါ့ဗ်ာ” လို႔ ဦးရန္ေအာင္ က ရွင္းျပပါတယ္။

လာမယ့္ဘ႑ာႏွစ္အတြင္း အသုံးစရိတ္ပိုသုံး၍ လူမႈစီးပြားျမႇင့္တင္ရန္ ရည္႐ြယ္

ႏိုင္ငံရဲ႕ စီးပြားေရးျမႇင့္တင္မႈမွာလည္း ျပည္သူေတြအတြက္ အက်ိဳးရွိေစမယ့္ အေျခအေနျဖစ္သလို လက္ငင္း အက်ိဳးျဖစ္ထြန္းေစမယ့္ လွ်ပ္စစ္မီးရရွိေရး၊ လမ္းပန္းဆက္သြယ္ေရး၊ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရး လုပ္ငန္းေတြမွာလည္း အသုံးစရိတ္ကို တိုးျမႇင့္သုံးစြဲဖို႔ စီစဥ္ထားတယ္လို႔လည္း ႏိုင္ငံေတာ္သမၼတႀကီး ဦးဝင္းျမင့္ က ၿပီးခဲ့တဲ့ ဇြန္လထဲက ႏိုင္ငံေတာ္သမၼတအိမ္ေတာ္မွာ ျပဳလုပ္တဲ့ ဘ႑ာေရးေကာ္မတီ အစည္းအေဝးမွာ ထုတ္ေဖာ္ေျပာၾကားထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈-၁၉ ဘ႑ာႏွစ္မွာ အစိုးရအသုံးစရိတ္အျဖစ္ က်ပ္ ၂၄၇၂၄ ဘီလီယံကို လ်ာထားကာ သုံးစြဲခဲ့သလို လာမယ့္ဘ႑ာႏွစ္မွာ က်ပ္ ၃၂၃၄၀ ဘီလီယံကို သုံးစြဲဖို႔ လ်ာထားတာေၾကာင့္ မူလကလ်ာထားတဲ့ အသုံးစရိတ္နဲ႔ ႏႈိင္းယွဥ္ပါက ၃၀ ရာခိုင္ႏႈန္းေက်ာ္ ပိုမ်ားေနတယ္လို႔ ယင္းဘ႑ာေရးေကာ္မတီ အစည္းအေဝးက ထုတ္ျပန္တဲ့ အခ်က္အလက္ေတြမွာ ေဖာ္ျပထားပါတယ္။အစိုးရအေနျဖင့္ သုံးစြဲမႈျမႇင့္တင္သလို ရေငြအပိုင္းမွာလည္း တိုးျမႇင့္ရွာေဖြဖို႔ လ်ာထားကာ လုပ္ေဆာင္ေနသလို လာမယ့္ဘ႑ာႏွစ္မွာ က်ပ္ ၂၅၃၁၃ ဘီလီယံ ရဖို႔လည္း လ်ာထားတာေၾကာင့္ ယင္းပမာဏဟာလည္း ယခုဘ႑ာႏွစ္နဲ႔ ႏႈိင္းယွဥ္ၾကည့္ရင္ ၃၀ ရာခိုင္ႏႈန္း တိုးျမႇင့္လ်ာထားတဲ့  အေျခအေနမ်ိဳးျဖစ္ပါတယ္။ျပည္တြင္းမွာ သဘာဝေဘးအႏၲရာယ္ေတြ ျဖစ္ေပၚခဲ့ဖူးတာေၾကာင့္လည္း သဘာဝေဘးမ်ား ႀကဳံလာပါက ကာကြယ္မႈနဲ႔ ကယ္ဆယ္ေရး လုပ္ငန္းေတြကို လ်င္ျမန္စြာေဆာင္႐ြက္ႏိုင္ဖို႔အတြက္ကိုလည္း အစိုးရဘတ္ဂ်က္ အသုံးစရိတ္မွာ ပါဝင္တဲ့ အေရးေပၚရန္ပုံေငြ က်ပ္ ဘီလီယံ ၁၀၀ ကို ျပည္ေထာင္စုဝန္ႀကီးမ်ားနဲ႔ တိုင္းေဒသႀကီး၊ ျပည္နယ္ အစိုးရေတြကို က်ပ္ ၅၀ ဘီလီယံ ခြဲေပးကာ က်န္ က်ပ္ ၅၀ ဘီလီယံကို ဗဟိုမွာထားရွိဖို႔ ရည္႐ြယ္ကာ လ်ာထားမႈပုံစံ ေျပာင္းလဲခဲ့ၿပီး ျပည္သူေတြရဲ႕ လူမႈစီးပြားျမႇင့္တင္ေရး၊ သဘာဝေဘးေတြ ႀကဳံလာပါက တုန႔္ျပန္ေဆာင္႐ြက္ႏိုင္ေရး လုပ္ငန္းေတြမွာလည္း ထိေရာက္တဲ့ စီမံေဆာင္႐ြက္မႈေတြကို လုပ္ေဆာင္ႏိုင္ခဲ့ၾကပါတယ္။

ဒီမိုကေရစီ ဝတ္မႈံကူးဆဲကာလ

ယခုလိုကာလမွာ အစိုးရအဖြဲ႕ရဲ႕ လုပ္ေဆာင္မႈေတြနဲ႔ ပတ္သက္ၿပီး ေဝဖန္တာေတြလဲရွိၿပီး ယင္းကဲ့သို႔ႀကဳံရတာဟာ၂၀၀၈ ဖြဲ႕စည္းပုံရဲ႕ ႏိုင္ငံေရးေႏွာင္ဖြဲ႕ခ်က္ေတြေအာက္မွာ လႈပ္ရွား႐ုန္းကန္ရတဲ့ ကာလျဖစ္တာေၾကာင့္လည္း တစ္ခ်ိဳ႕ကိစၥေတြမွာ အားစိုက္ထုတ္သေလာက္ ခရီးမေရာက္ႏိုင္ဘဲ ေႏွာင့္ေႏွးၾကန႔္ၾကာတာေတြ ရွိခဲ့ရတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ အမ်ားစုက သုံးသပ္ထားၾကပါတယ္။

“တစ္ခ်ိဳ႕ေဝဖန္မႈေတြကေတာ့ ကြၽန္ေတာ္တို႔ ႀကိဳဆိုတယ္၊ ေကာင္းတယ္၊ တစ္ခ်ိဳ႕ေဝဖန္မႈေတြက်ေတာ့ ျပႆနာက ဘာလဲဆိုေတာ့ဗ်ာ၊ ကြၽန္ေတာ္တို႔က အခုမွစၿပီးေတာ့ ကြၽန္ေတာ္ လႊတ္ေတာ္မွာ က်န္ခဲ့တဲ့လက ေျပာဖူးပါတယ္၊ ဒီမိုကေရစီ ဝတ္မႈံကူးတဲ့ ကာလဗ်၊ အဲ့ဒီအခ်ိန္မွာ ကြၽန္ေတာ္တို႔ အစိုးရကလည္း ၂၀၀၈ ဖြဲ႕စည္းပုံရဲ႕ ႏိုင္ငံေရးေႏွာင္ဖြဲ႕ခ်က္ေတြေအာက္မွာ လႈပ္ရွား႐ုန္းကန္ရတဲ့ ကာလျဖစ္တယ္၊ တစ္ခ်ိဳ႕ဟာေတြက အင္အားစိုက္ထုတ္သေလာက္ ေရာက္သင့္တဲ့ ခရီးအကြာအေဝးမေရာက္တာ ေသခ်ာတယ္၊ တစ္ခ်ိဳ႕တေလက သူတို႔ေတြနဲ႔ နီးစပ္တဲ့ ဒီမိုကေရစီအစိုးရနဲ႔ ခ်ိန္ထိုးၿပီးေတာ့ ေျပာရယ္ဆိုရယ္ လုပ္တဲ့အခါမွာ လြဲလိမ့္မယ္၊ ဒီအစိုးရႀကီးေတြရဲ႕ ျဖစ္တည္မႈ အခ်ိန္ကာလနဲ႔ ကြၽန္ေတာ္တို႔အစိုးရရဲ႕ ျဖစ္တည္မႈ အခ်ိန္ကာလ အရမ္းကိုကြာျခားလြန္းတယ္၊ တစ္ခ်ိဳ႕ကေတာ့ ဂ႐ုဏာေဒါေသာနဲ႔ ေျပာတာရွိသလို တစ္ခ်ိဳ႕က်ေတာ့လည္း အစိုးရသစ္ကို လူထုအထင္အျမင္လြဲမွားေအာင္ ေျပာဆိုေနတာေတြလည္းရွိတယ္၊ အခုေျဖးေျဖးခ်င္းေတာ့ အထိုင္က်လာတဲ့ သေဘာေတာ့ ရွိလာတယ္၊ ဥပမာအားျဖင့္ YBS ကိစၥဆိုရင္ လူအမ်ားနဲ႔ စုဖြဲ႕ထားတဲ့ကိစၥေလ၊ ကိုယ္တစ္ေယာက္တည္း ၿပီးတဲ့ကိစၥ မဟုတ္ဘူး၊ အမ်ားနဲ႔လုပ္ရတာ အရင္ကထက္ေတာ့ အဆင္ေျပလာတယ္၊ အခက္အခဲကေတာ့ ရွိေနဦးမယ္၊ ေျဖးေျဖးခ်င္းေတာ့ သြားရတာေပါ့၊ ကြၽန္ေတာ္တို႔ဘက္ကလည္း လိုက္နာေဆာင္႐ြက္ရမယ့္ ကိစၥေတြလည္းရွိတယ္၊ လိုအပ္ခ်က္ေတြကိုလည္း မိတ္ေဆြကေန ဖုန္းဆက္ၿပီးေျပာတယ္၊ အဲ့ဒီအခါမွာ ကြၽန္ေတာ္တို႔တစ္ေတြကလည္း ဝိုင္းၿပီးေတာ့ ဘယ္ေနရာေတာ့ ဘယ္လိုျဖစ္ေနတယ္လို႔ ေျပာတယ္၊ ခုနေျပာသလို ဒီမိုကေရစီ ဝတ္မႈံကူးတဲ့ ကာလဆိုေတာ့ ေျဖးေျဖးခ်င္းေတာ့ အဆင္ေျပသြားလိမ့္မယ္၊ YBS ဆိုလည္း စစခ်င္းေတာ့ ဝုန္းဒိုင္းႀကဲေနတာေပါ့ဗ်ာ၊ ေျဖးေျဖးခ်င္း အဆင္ေျပလာတဲ့ အေနအထားရွိပါတယ္၊ သို႔ေသာ္ တစ္ခ်ိဳ႕ေတြအတြက္ မေျပေကာင္းမေျပႏိုင္တာေပါ့ဗ်ာ၊ ဒါေတြကိုလည္း မ်က္ေျခမျပတ္ ကြၽန္ေတာ္တို႔ လႊတ္ေတာ္ကေန ေစာင့္ၾကည့္ေနတယ္၊ အစိုးရဘက္ကလည္း အေၾကာင္းကိစၥ ဘယ္ေနရာေတာ့ ဘယ္ယာဥ္လိုင္း တိုးခ်ဲ႕ဖို႔ေကာင္းေနၿပီဆိုရင္ သူ႔သက္ဆိုင္ရာ တာဝန္ရွိသူေတြကို ေခၚၿပီးေတာ့ တိုးခ်ဲ႕တာတို႔ ဆြဲဆန႔္တာတို႔ လုပ္ေနတယ္” လို႔ ဦးရန္ေအာင္ က ရွင္းျပပါတယ္။

အစိုးရရဲ႕ စီမံကိန္းေတြ လည္ပတ္ဖို႔ လုပ္ကိုင္တဲ့ေနရာမွာ ေျပာင္းလဲတဲ့ေခတ္ကာလနဲ႔ မူတည္ၿပီး ႀကိဳးပမ္းေဆာင္႐ြက္ေနၾကတဲ့ ဝန္ထမ္းေတြရွိသလို အယူအဆအေဟာင္းေတြ၊ အေတြးအေခၚအေဟာင္းေတြနဲ႔ ေခါက္႐ိုးက်ိဳးၿပီး လုပ္ထုံးလုပ္နည္းေဟာင္းေတြနဲ႔ လုပ္ကိုင္ေနတာေတြလည္း ရွိေနတယ္လို႔ ျပည္တြင္းစီးပြားေရး လုပ္ငန္းရွင္ေတြက အႀကံျပဳေျပာလာၾကပါတယ္။“တစ္ခ်ိဳ႕ဟာေတြက်ေတာ့ ႏွစ္ေပါင္းမ်ားစြာ လုပ္ထုံးလုပ္နည္းအလြဲေတြေအာက္မွာ ျပည္သူလူထုက ေနထိုင္လာခဲ့ရတယ္၊ အဲ့ဒီအခါမွာ အရည္အခ်င္းတစ္ခုခုကို ေျပာင္းမယ္ဆိုရင္ အခက္အခဲေတြရွိတယ္၊ လုပ္ငန္းတစ္ခု အေကာင္အထည္ေဖာ္တဲ့ေနရာမွာ ေအာက္ေျခအပိုင္းမွာ ဝန္ထမ္းေပါင္းမ်ားစြာလည္းရွိတယ္၊ တစ္ခ်ိဳ႕က အယူအဆအေဟာင္းေတြနဲ႔ လည္ပတ္ေနတာေတြလည္း ရွိေနေသးတယ္၊ ဒါကိုမေအာင္ျမင္ဘူးလို႔ ေျပာလို႔မရဘူး၊ အခ်ိန္ေတာ့န ည္းနည္းယူရမယ္လို႔ျမင္တယ္” လို႔လည္း ျပည္တြင္းစီးပြားေရးလုပ္ငန္းရွင္ တစ္ဦးျဖစ္တဲ့ ေဒါက္တာစိုးထြန္း က ေျပာပါတယ္။

အလုပ္နဲ႔ သက္ေသျပႏိုင္ဖို႔ အေရးႀကီး

အစိုးရရဲ႕ လက္ရွိလုပ္ကိုင္ေနတဲ့ စီမံကိန္းေတြနဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြလည္းရွိသလို တစ္ခ်ိဳ႕ေဝဖန္မႈေတြက ေစတနာနဲ႔ ေထာက္ျပတာေတြရွိသလို တစ္ခ်ိဳ႕ေတာ့ မ႐ိုးသားေသာ တိုက္ခိုက္မႈေတြနဲ႔ ေဝဖန္တာေတြလည္း ရွိတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ဆိုၾကပါတယ္။

“ကြၽန္ေတာ္တို႔က တစ္ခ်ိဳ႕အစိတ္အပိုင္းေတြကို ထဲထဲဝင္ဝင္ လုပ္ကိုင္ေနတဲ့အခါက်ေတာ့ တစ္ခါတေလက်ေတာ့လည္း အစိုးရက ေပၚလစီခ်ရတာ၊ ေပၚလစီခ်ၿပီးေတာ့ လုပ္ငန္းတစ္ခု အေကာင္အထည္ေဖာ္တဲ့ ေနရာမွာ သူ႔ရဲ႕ေအာက္ေျခမွာ ဝန္ထမ္းေပါင္းမ်ားစြာ လုပ္ရတယ္၊ ေနာက္တစ္ခ်က္က အဲ့ဒီဝန္ထမ္းေတြထဲမွာ ဒါကို ကြၽန္ေတာ္ လႊတ္ေတာ္မွာ မၾကာခဏေျပာဖူးတယ္ဗ်၊ ေဝဖန္မႈေတြကေတာ့ ရွိေနတုန္းပဲ၊ လုပ္ငန္းေတြအေနနဲ႔ က်ဆုံးသြားတာေတာ့ မရွိဘူး၊ ေဝဖန္မႈေတြကေတာ့ ရွိတာေပါ့၊ တစ္ခ်ိဳ႕ေဝဖန္မႈေတြက ေသြး႐ိုးသား႐ိုး ေကာင္းေစခ်င္တဲ့စိတ္နဲ႔ ေဝဖန္တာေတြရွိသလို တစ္ခ်ိဳ႕က်ေတာ့ ေသြးမ႐ိုးသားမ႐ိုး ေျပာဆိုလုပ္ကိုင္ေနတာေတြလည္း ရွိတယ္ဗ်၊ ဒီကာလမွာေတာ့ ဒါမ်ိဳးႀကဳံေတြ႕ရမယ္ဗ်၊ ေနာက္ပိုင္းေတာ့ ေျဖးေျဖးခ်င္း ပါးသြားပါလိမ့္မယ္၊ အေရးႀကီးတာကေတာ့ အလုပ္နဲ႔ သက္ေသျပဖို႔ပဲ လိုပါတယ္၊ အေလးအနက္ထားၿပီးေတာ့ လုပ္ကိုင္ေဆာင္႐ြက္တာရွိတယ္၊ ၂၀၀၇ တုန္းက ႀကဳံဖူးပါလိမ့္မယ္၊ ေလာင္စာဆီ ေဈးျမင့္တဲ့အခါ ပုဂၢလိကလုပ္ငန္းရွင္ေတြက သူတို႔လည္း အခက္အခဲရွိေတာ့ ကားခပိုေတာင္းတယ္၊ မရေတာ့ မထြက္ႏိုင္ဘူး၊ မထြက္ႏိုင္ေတာ့ ခရီးသြားျပည္သူေတြ အခက္အခဲရွိတယ္၊ ဒီလိုကိစၥမ်ိဳးကိုေတာ့ အစိုးရက ေက်ာ္လႊားႏိုင္ခဲ့တယ္၊ စင္းလုံးေခ်ာအေျခအေန ေရာက္ဖို႔ေတာ့ ကြၽန္ေတာ္တို႔ အခ်ိန္ယူရဦးမယ္၊ အစိုးရဘက္ကလည္း အားျဖည့္မယ္၊ ကြၽန္ေတာ္တို႔ဘက္ကလည္း ေဝဖန္မယ္၊ ေထာက္ျပမယ္၊ ဆိုလို႔ရွိရင္ တေျဖးေျဖးခ်င္း ေအာင္ျမင္သြားလိမ့္မယ္၊ ေဝဖန္မႈကေတာ့ ရွိေနမယ္၊ ဒါက ကိုယ့္အခြင့္အေရးကိုး၊ တစ္ခ်ိဳ႕ေဝဖန္တဲ့အခ်က္အလက္ေတြ ေကာင္းတယ္၊ ကြၽန္ေတာ္တို႔ စုရတယ္၊ အႀကံျပဳတဲ့သူေတြကိုလည္း ပိုၿပီးေတာ့ထြက္လာေအာင္ ေမးရတယ္၊ ျမန္းရတယ္၊ တိုင္းျပည္က တစ္ခ်ိဳ႕ကိစၥေတြကို လႊတ္ေတာ္မွာ ေဆြးေႏြးၾကတယ္၊ ပိုေကာင္းသထက္ ေကာင္းလာေအာင္ေပါ့ဗ်ာ၊ အဲ့ဒီလိုေတာ့ရွိတယ္၊ အခုဆိုလည္း လွည္းကူးနဲ႔ ထန္းတပင္ စက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္ႀကီးေဆာက္ဖို႔ ေဆြးေႏြးေနၿပီ၊ ကြၽန္ေတာ္တို႔ရဲ႕ ေဆြးေႏြးခ်က္ေတြကိုလည္း ေသေသခ်ာခ်ာမွတ္သားၿပီးေတာ့ အစိုးရအဖြဲ႕ေတြ ဝန္ႀကီးေတြက ျပဳျပင္သင့္တာ ျပဳျပင္တယ္၊ လူေတြနဲ႔ စုဖြဲ႕ၿပီးလုပ္ရတဲ့အခါက်ေတာ့ တစ္ခ်ိဳ႕ကိစၥေတြမွာ လူအမ်ိဳးမ်ိဳး စိတ္အေထြေထြလည္းရွိတာေပါ့၊ အစိုးရစီမံကိန္းလုပ္ငန္းေတြ အခ်ိန္တိုအတြင္းမွာ ေအာင္ေအာင္ျမင္ျမင္နဲ႔ ျဖစ္လာဖို႔အတြက္ ကြၽန္ေတာ္တို႔မွာလည္း တာဝန္ရွိပါတယ္၊ အစိုးရမွာ တာဝန္ရွိသလို ကြၽန္ေတာ္တို႔ လႊတ္ေတာ္မွာလည္း တာဝန္ရွိပါတယ္၊ သက္ဆိုင္ရာ ဆက္စပ္ပတ္သက္ေနတဲ့ ကုမၸဏီေတြအေနနဲ႔လည္း တာဝန္ရွိပါတယ္၊ အားလုံး အတူတကြပူးေပါင္းၿပီး ေဆာင္႐ြက္ဖို႔လိုသလို ျမန္ျမန္ဆန္ဆန္နဲ႔ ရလာဒ္ေကာင္းေတြထြက္ဖို႔ သက္ေသျပဖို႔တာဝန္ ကြၽန္ေတာ္တို႔မွာလည္းရွိပါတယ္၊ ျပည္သူလူထုကလည္း ကြၽန္ေတာ္တို႔ကို အၿမဲေစာင့္ၾကည့္ေနမွာပဲေလ၊ ကြၽန္ေတာ္တို႔ဘက္က တာဝန္ေက်ေအာင္ ေဆာင္႐ြက္ၾကဖို႔ေတာ့ လိုအပ္ပါတယ္” လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ေအာင္ က ရွင္းျပပါတယ္။

လက္က်န္သက္တမ္းကာလ

လက္ရွိအစိုးရအေနနဲ႔ လက္က်န္ ႏွစ္ႏွစ္သက္တမ္း ကာလထဲမွာ ျပည္သူလူထုအတြက္ တကယ္လိုအပ္ေသာ လုပ္ငန္းေတြမွာ အဓိကထားကာ ေငြေၾကးသုံးစြဲၿပီး အေကာင္အထည္ေဖာ္သြားႏိုင္ဖို႔ အေရးႀကီးေၾကာင္း သဃၤန္းကြၽန္း မဲဆႏၵနယ္ အမွတ္ (၁) မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနမ်ိဳးေက်ာ္ (ခ) ဦးေနဘုန္းလတ္ က ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔က လူထုရဲ႕ အေျခခံလိုအပ္ခ်က္ျဖစ္တဲ့ လမ္းေတြ၊ ေျမာင္းေတြ ေဖာက္တဲ့ကိစၥေတြေတာင္မွ မျပည့္စုံေသးဘဲနဲ႔ အႀကီးႀကီးေတြလုပ္တဲ့ကိစၥက သဘာဝမက်ဘူးေလ၊ အဲ့ဒီေတာ့ တကယ္ လူထုလိုအပ္တဲ့ လိုအပ္ခ်က္ေတြမွာ အဓိကပိုက္ဆံသုံးႏိုင္ဖို႔ အေရးႀကီးပါတယ္၊ ကိုယ္စားလွယ္ေတြနဲ႔ အၿမဲထိေတြ႕ၿပီး ပူးေပါင္းေဆာင္႐ြက္ေစခ်င္တယ္၊ ကိုယ္စားလွယ္ေတြက လူထုနဲ႔ အၿမဲထိေတြ႕ေတာ့ ေတာ္ေတာ္မ်ားမ်ား လိုအပ္ခ်က္ေတြကို သိၾကတယ္ေလ၊ ကိုယ္စားလွယ္ေတြနဲ႔ စနစ္တက် ပူးေပါင္းေဆာင္႐ြက္ျခင္းအားျဖင့္ ျပည္သူေတြရဲ႕ လိုအပ္ခ်က္ကို တစ္နည္းအားျဖင့္ ျဖည့္ဆည္းေနတာ” လို႔ သူက ရွင္းျပပါတယ္။

တစ္ခ်ိဳ႕ေသာ စီမံကိန္းႀကီးေတြအေနနဲ႔ တင္ဒါေခၚတဲ့ကိစၥေတြ၊ အဆင့္ဆင့္ျဖတ္သန္းရတာေတြေၾကာင့္လည္း ၾကာျမင့္ေနတာေတြရွိသလို အစိုးရအဖြဲ႕ရဲ႕ လက္ရွိသက္တမ္းကာလကို ေက်ာ္လြန္ကာ ႏွစ္ရွည္လုပ္ေဆာင္ရမယ့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း အပါအဝင္ လွည္းကူးနဲ႔ ထန္းတပင္ စက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္ႀကီးေဆာက္ရန္ ေဆြးေႏြးတာေတြလည္း လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံကာ လုပ္ေဆာင္ေနၾကပါတယ္။ႏွစ္ေပါင္း ၾကာျမင့္ေအာင္ ညႇိႏႈိင္းရတဲ့ ဒလျမစ္ကူးတံတားစီမံကိန္းဟာလည္း ယခုဆိုရင္ စတင္လုပ္ကိုင္တဲ့ အေျခအေနမ်ိဳး ေရာက္လာပါတယ္။ကာလတိုစီမံကိန္းေတြထဲမွာ စြန႔္ပစ္အမႈိက္ေၾကာင့္ ေရႀကီးေရလွ်ံျဖစ္တဲ့ ကိစၥကို ေရေျမာင္းမ်ား တူးေဖာ္ရွင္းလင္းတာေတြ၊ ရန္ကုန္ၿမိဳ႕ရဲ႕ သယ္ယူပို႔ေဆာင္ေရး ေျပာင္းလဲတာေတြ၊ ေနခ်င္စဖြယ္ျဖစ္တဲ့ ၿမိဳ႕ေတာ္ႀကီးတစ္ခုျဖစ္ေအာင္ ေဖာ္ေဆာင္တဲ့ေနရာမွာ ရန္ကုန္ၿမိဳ႕တြင္းက Downtown ဧရိယာထဲမွာ Public ဧရိယာေတြကို ထိထိေရာက္ေရာက္ အသုံးခ်ႏိုင္မယ့္ ေနာက္ေဖးလမ္းၾကား စီမံကိန္းေတြက ထင္ရွားတဲ့အက်ိဳးျပဳမႈ ရလာဒ္ေတြကိုလည္း ရရွိထားပါၿပီ။ဒါေပမဲ့ ခ်က္ခ်င္းၿပီးျပည့္စုံၿပီလို႔ ေခၚလို႔မရေသးသလို လိုအပ္ခ်က္ေတြကေတာ့ ရွိေနဦးမွာပဲ ျဖစ္ပါတယ္။
ျပည္သူေတြကေတာ့ အစိုးရရဲ႕ လုပ္ေဆာင္ခ်က္ေတြအေပၚ ရလဒ္ေကာင္းေတြ ထြက္ေပၚဖို႔ကိုလည္း ေမွ်ာ္လင့္ေနၾကပါတယ္။

ဇြဲမာန္
ဇူလိုင္ - ၉