【 သတင်းဆောင်းပါး 】 “ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်း (သို့) ဖွံ့ဖြိုးဆဲနိုင်ငံရဲ့ ဝေဒနာ“

【 သတင်းဆောင်းပါး 】 “ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်း (သို့) ဖွံ့ဖြိုးဆဲနိုင်ငံရဲ့ ဝေဒနာ“

မကြာသေးခင်ရက်ပိုင်းအတွင်းမှာမြဝတီနယ်စပ်ဂိတ် အမှတ် ၂ ချစ်ကြည်ရေးတံတားကတဆင့် မြန်မာအလုပ်သမားတွေအလုံးအရင်းနဲ့ ပြည်တော်ပြန် လာကြတာကိုလူမှုကွန်ရက်တွေသတင်းစာမျက်နှာတွေမှာတွေ့မြင်ရမှာပါ။

သူတို့တွေဟာဘန်ကောက် အပါအဝင် ထိုင်းနိုင်ငံဒေသအသီးသီးမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေပါ။မြန်မာနိုင်ငံကိုပြန်ကြဖို့ အတွက် သူတို့ အလုပ်လုပ်ကိုင်တဲ့နေရာကနေပြည်တော်ပြန်ဝင်လာကြတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ကပ်ရက် ထိုင်းနိုင်ငံမှာလည်းကိုရိုနာဗိုင်းရပ်စ်ကြောင့်အရင်ကကမ္ဘာလှည့် ခရီးသည်တွေနဲ့ စည်ကားနေတဲ့ ချင်းမိုင်မြို့မှာဆိုရင် ခြောက်ကပ်ပြီးအရောင်းအဝယ်တွေရပ်ဆိုင်းနေသလိုမြန်မာနိုင်ငံမြဝတီမြို့နဲ့ မျက်နှာချင်းဆိုင် မဲဆောက်မြို့မှာလည်းစားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေတော်တော်များများပိတ်ကုန်ပြီဖြစ်ပါတယ်။

ပြည်တော်ပြန်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ်

ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၇ စစ်တမ်းတွေအရအာဆီယံဒေသအတွင်း ရွှေ့ပြောင်းအလုပ်သမားစုစုပေါင်းရဲ့ သုံးပုံတပုံခန့်ဟာမြန်မာနိုင်ငံကဖြစ်ပါတယ်။ အာဆီယံဒေသအတွင်းမှာလူဦးရေအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံတောင်မှ မြန်မာနိုင်ငံရဲ့ ထက်ဝက်လောက်ပဲရွေ့ပြောင်းလုပ်ကိုင်ကြတာပါ။

မြန်မာနိုင်ငံအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရမြန်မာနိုင်ငံသား ၃ ဒသမ ၈ သန်းကျော်ဟာနိုင်ငံရပ်ခြားမှာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေပြီးအဲ့ဒီအထဲက ၉၀ ရာခိုင်နှုန်းကျော်ခန့်ဟာထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်နေကြပါတယ်။

ဒီအတွက်ကြောင့်မြန်မာလုပ်သားတွေဟာအလုပ်လက်မဲ့ ဖြစ်ပွားမှုတိုးလာနေသလိုကိုရိုနာဗိုင်းရပ်စ်ရဲ့ ခြောက်လန့်မှုကြောင့် အလုပ်သမားတွေဟာအိမ်ပြန်ဖို့ ဆုံးဖြတ်ခဲ့တာလည်းအချက်တစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားရမှာပါ။

လက်ရှိမှာမြဝတီ- မဲဆောက် တံတားကနေမြန်မာနိုင်ငံအတွင်းကိုပြန်လည်ဝင်ရောက်လာသူပြည်တော်ပြန်တွေဟာ ၂၃၀၀၀ ကျော် ရှိနေပြီးအဲ့ဒီသူတွေဟာမြန်မာနိုင်ငံနေရာအနှံ့အပြားကိုရောက်ရှိနေပြီဖြစ်တယ်လို့ မြန်မာအစိုးရဘက်ကဆိုပါတယ်။သူတို့ထဲမှာကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်ခံရသူတွေပါဝင်လာနိုင်ချေများပြားနေတာကြောင့် ကပ်ရောဂါကြီး (Outbreak) ဖြစ်ဖို့ အလားအလာအလွန်များနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကမတ်လ ၂၉ ရက်၊ညပိုင်းအချိန်မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီအတွက်ကြောင့် မြန်မာနိုင်ငံအတွင်းကိုပြန်လည်ရောက်ရှိလာသူပြည်တော်ပြန်တွေရဲ့ စာရင်းနဲ့ နေထိုင်ရာပြ မြေပုံ (mapping) တွေကိုပြုစုထားပြီးသက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အသီးသီးကမြို့နယ်တွေကိုပေးပို့ကာမြို့နယ်ဆရာဝန်တွေကဦးဆောင်ပြီးအသွားအလာကန့်သတ်မှုတွေရောဂါစောင့်ကြပ်ကြည့်ရှုခြင်းတွေကိုအရှိန်အဟုန်နဲ့ ဆောင်ရွက်မယ်လို့ အစိုးရဘက်ကဆိုပါတယ်။

လိုက်နာရမယ့်ညွှန်ကြားချက်တွေ

ပြည်တော်ပြန်ဝင်လာသူတွေအနေနဲ့ နီးစပ်ရာကျန်းမာရေးဌာနမှာဆေးစစ်မှုခံယူဖို့ ၊ နေအိမ်အတွင်းမှာပဲ ၁၄ ရက် နေထိုင်ဖို့ အစိုးရ က လမ်းညွှန်ချက်တွေပေးထားတာရှိပါတယ်။ ဒါပေမယ့် ဒီညွှန်ကြားချက်တွေကိုလိုက်နာသူတွေရှိသလိုမလိုက်နာသူတွေလည်းရှိနေပါတယ်။

ခေတ်အဆက်ဆက် ပညာရေးနိမ့်ကျမှုဆင်းရဲနွမ်းပါးမှုတွေရဲ့ ဂယက်ကိုအခုအချိန်မှာမြန်မာနိုင်ငံခံစားနေရတာဖြစ်ပါတယ်။ အခြေခံကျန်းမာရေးအသိလိုက်နာဆောင်ရွက်ရမယ့် နိုင်ငံသားတစ်ဦးရဲ့ တာဝန်ကိုမလိုက်နာနိုင်အောင် ဖြစ်နေတဲ့ စနစ်တကျ ဖျက်ဆီးခံလိုက်ရတဲ့ နိုင်ငံသားမျိုးဆက်တွေကိုလက်ရှိမှာပိုင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

အစိုးရရဲ့ညွှန်ကြားချက်တွေကိုမလိုက်နာတဲ့သူတွေကိုအစိုးရအနေနဲ့ ထိထိရောက်ရောက် အရေးယူဖို့လိုအပ်သလိုအဓိကထိတွေ့ဆက်ဆံပြီးကုသမှုတွေပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်းလုံလောက်တဲ့ ပစ္စည်းတွေထောက်ပံ့ပေးသင့်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူဦးထွန်းကြည်ကဆိုပါတယ်။

“လူထုအနေနဲ့ကလိုက်နာဖို့တော့လိုတယ်၊ နောက်တစ်ခုကလက်တွေ့ကျင့်သုံးဖို့လိုပါတယ်။ အစိုးရအနေနဲ့ ပြတ်ပြတ်သားသားလုပ်ဖို့လိုပါတယ်။ မေတ္တာရပ်ခံတာကမေတ္တာရပ်ခံတာ၊ ပန်ကြားတာကပန်ကြားတာတစ်ပိုင်းပေါ့၊ ဥပဒေဆိုရင် ဥပဒေနဲ့ လျော်ညီအောင် ပြတ်ပြတ်သားသားထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုတွေကိုလည်းကျောသား၊ရင်သားမခွဲခြားဘဲနဲ့လုပ်ဖို့လိုပါတယ်” လို့ ဦးထွန်းကြည်ကပြောပါတယ်။

ကိုဗစ် ၁၉ ရောဂါကိုကြိုတင်ကာကွယ်၊ ထိန်းချုပ်တဲ့ အနေနဲ့ လက်ရှိရန်ကုန် အပါအဝင် မြို့ကြီးတော်တော်များများကစားသောက်ဆိုင်တွေလက်ဘက်ရည်ဆိုင်တွေမှာဆိုင်ထိုင်စားသောက်ခွင့်ကိုမပြုလုပ်ဘဲပါဆယ်သာဝယ်ယူဖို့ အစိုးရက ညွှန်ကြားထားတာတွေရှိနေပါတယ်။ ပန်းဘဲတန်းမြို့နယ်အတွင်းကထမင်းဆိုင် ရောင်းချသူတစ်ဦးဟာဆိုရင် အစိုးရညွှန်ကြားထားတဲ့အတိုင်းလိုက်နာဆောင်ရွက်နေပြီးဝယ်ယူသူတွေရှိနေတာကြောင့် ဆိုင်ဖွင့်လှစ်ရောင်းချတာကိုတော့ ပိတ်ပစ်တာမျိုးမလုပ်သေးဘူးလို့ ဆိုပါတယ်။

“စည်ပင်ကတော့ မတ် ၂၈ ရက်နေ့ကအကြောင်းကြားစာပေးပါတယ်။ဆိုင်တွေမှာထိုင်စားမရောင်းဖို့နဲ့ ပါဆယ်ပဲရောင်းချကြဖို့ စာပေးပို့တာရှိပါတယ်။ရက်ကိုတော့ သူတို့ကဘယ်နေ့ ဘယ်နေ့ဆိုတာအတိအကျ မပြောသွားပါဘူး။ဆက်ပြီးတော့ စောင့်ကြည့်ရအုံးမှာပါ။အခုကတော့ ပါဆယ်လာဝယ်စားတဲ့ ကလေးတွေရှိနေတော့ ဆိုင်ထွက်ပေးရတာပေါ့လေ၊စည်ပင် က ညွှန်ကြားတဲ့ အတိုင်းပဲလိုက်နာရမှာဖြစ်ပါတယ်” လို့ ထမင်းဆိုင်ပိုင်ရှင် ဦးတင်ဦးကဆိုပါတယ်။

သိပ်မကြာခင်အချိန်ကာလအတွင်းမှာမြန်မာနိုင်ငံဟာအပူဆုံးအချိန်ကာလကိုရောက်ရှိတော့မှာဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတွေရောဂါအခံတွေရှိတဲ့သူတွေဟာသာမန်ရိုးရိုးလူတွေထက် ပိုပြီးကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရနှုန်းပိုမိုမြင့်မားနေပါတယ်။ ဒီအတွက်ကြောင့် သူတို့အနေနဲ့ ဒီအချိန်ကာလမှာကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရဖို့အတွက် တတ်နိုင်သမျှ အပြင်မသွားဘဲအရိပ်ရတဲ့ နေရာမျိုးမှာနေဖို့ ရန်ကုန်အလုပ်သမားဆေးရုံကြီးကအထူးကုဆရာဝန်ကြီးဒေါက်တာစည်သူလင်းကဆိုပါတယ်။

“အရမ်းကြီးပူတဲ့နေရာကနေအရမ်းကြီးအေးတဲ့နေရာဝင်တာဥပမာပြောရရင်နေပူကျဲတောက်ကြီးကနေရုတ်တရက်အဲယားကွန်းခန်းထဲဝင်တာမျိုးတွေအဲယားကွန်းခန်းထဲကနေရုတ်တရက်ထွက်တာမျိုးတွေရုတ်တရက်အပူချိန်အပြောင်းအလဲတွေအဲ့ဒီလိုမျိုးတွေမလုပ်ဘဲရှောင်ဖို့အကြံပေးချင်ပါတယ်။နောက်တစ်ခုကရေများများသောက်ပါ။ညွှန်ကြားချက်တွေကိုလည်တိတိကျကျလိုက်နာလုပ်ဆောင်မယ်၊ သတိပြုဆင်ခြင်ရင်ဒီကပ်ရောဂါကနေအကောင်းဆုံးကျော်လွှားနိုင်မယ်လို့မြင်မိပါတယ်” လို့ ဒေါက်တာစည်သူလင်းကပြောပါတယ်။

အဆိုပါကိုဗစ် ၁၉ ရောဂါဟာအရင်တုန်းကဖြစ်တဲ့ ဆားစ်တို့၊ မားစ် တို့နဲ့ ယှဉ်ရင် သေနှုန်းတွေကတော်တော်နည်းပြီးတစ်နှစ်တစ်နှစ်မှာလူတွေသေနေတဲ့ HIV တို့၊ TB တို့နဲ့ယှဉ်ရင် သူ့ရဲ့သေနှုန်းကတော်တော်နည်းသည့်အတွက်လူတွေကိုအရမ်းကြီးလည်းမကြောက်စေချင်ဘူးလို့ ၎င်းကယခုလိုဆက်လက် ပြောပြခဲ့ပါတယ်။

“အခုကဒါကိုကမ္ဘာ့ ကပ်ရောဂါဆိုပြီးတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကကြေညာထားတာရှိတယ်၊ ကိုယ့်ဆီမှာလည်းကူးစက်ဖြစ်ပွားမှုကအခုဆိုရင် ၁၀ ယောက်လောက်ရှိလာတယ်၊ ဒါပေမဲ့ သူ့သေနှုန်းကိုပြန်ကြည့်ရင် လူ ၁၀၀ မှာ ၃ ယောက်ကနေ ၄ ယောက်ပေါ့၊ ပုံမှန်အားဖြင့် ၃ ယောက်ပေါ့၊ အဲ့ဒီလောက်ပဲအများဆုံးသေတယ်၊ အရင်တုန်းကဖြစ်တဲ့ ဆားစ်တို့၊ မားစ် တို့နဲ့ ယှဉ်ရင် သေနှုန်းတွေကတော်တော်နည်းတယ်၊ တစ်နှစ်တစ်နှစ်မှာလူတွေသေနေတဲ့ HIV တို့၊ TB တို့နဲ့ယှဉ်ရင် သူ့ရဲ့သေနှုန်းကတော်တော်နည်းတယ်ပေါ့နော်၊ ပျံ့နှံ့နှုန်းမြန်တယ်၊ သေဆုံးနှုန်းကတော့ နည်းနည်းလေးနည်းနေသေးတယ်၊ ဒါပေမဲ့ လူတွေကိုအရမ်းကြီးလည်းမကြောက်စေချင်ဘူး၊ အဲ့ဒီလိုဆိုတော့ မကြောက်ရဘူးလားတော့ မဟုတ်ဘူး၊ လက်လွတ်စပယ်တော့ မနေသင့်ဘူး၊ ဘာလို့လဲဆိုတော့သူကပျံ့နှံ့နှုန်းအရမ်းမြန်နေတယ်။”လို့ ဒေါက်တာစည်သူလင်း ကဆိုပါတယ်။

အစိုးရက ဘာတွေလုပ်ဆောင်သင့်လဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံထားရသူ ၇၃၂,၀၀၀ ကျော် ရှိနေပြီဖြစ်ပြီးလူပေါင်း ၃၄,၀၀၀ ကျော် သေဆုံးခဲ့ရပြီလို့ သိရပါတယ်။ COVID-19 ရောဂါ မူလစတင်ဖြစ်ပွားရာတရုတ်နိုင်ငံမှာတော့ ပြန်လည်သက်သာလာမှုများရှိနေပြီးအမေရိကန်နိုင်ငံမှာတော့ ကူးစက်မှုကပိုမြင့်တက်နေပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာလည်း COVID-19 ရောဂါပိုးPostiveလူနာ ၁၀ ဦးအထိတွေ့ရှိထားပြီးသူတို့နဲ့ ထိတွေ့ဆက်ဆံမိခဲ့ သူတွေကိုအသွားအလာကန့်သတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။

ဒီကိုရိုနာဗိုင်းရပ်စ်ကို WHO က ကပ်ရောဂါအဖြစ် မကြေညာခင် တစ်လအလိုလောက်ကတည်းကအစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်းနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူးမုံရွာအောင်ရှင်ကပြောပါတယ်။

“ကျွန်တော်တို့ပြည်သူလူထုကဒါကိုအမျိုးသားရေးတိုက်ပွဲတစ်ရပ်အနေနဲ့ လုပ်နေကြတာတွေ့ရတော့ အားရကျေနပ်ပါတယ်။ နောက်တစ်ခုကဒီအတိုင်းဆက်ပြီးတော့ တက်တက်ကြွကြွနဲ့ ညီညီညွတ်ညွတ်နဲ့လုပ်ကြတယ်ဆိုလို့ရှိရင်ပေါ့လေ၊ ဒီရောဂါဟာမကြာခင်မှာရပ်တန့်နိုင်အောင် မပြန့်ပွားအောင် အများကြီးကြိုးစားလို့ရနိုင်မယ်လို့ ကျွန်တော်ယူဆပါတယ်”လို့ သူကပြောပါတယ်။

COVID-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးမှာနောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ငွေရေးကြေးရေး၊ လူမှုရေး၊ အစိုးရဝန်ဆောင်မှုတွေပြတ်တောက်မယ့်အခြေအနေအတိုင်းအဆကိုကြိုတင်တွက်ဆပြီးအကျိုးအပြစ်နဲ့ အန္တရာယ်သုံးသပ်ချက်ကိုပါ ပြည့်ပြည့်စုံစုံလေ့လာသုံးသပ်ပြီးမှသာတနိုင်ငံလုံးအတိုင်းအတာနဲ့စံတွေသတ်မှတ်ပြီးစနစ်တကျဆောင်ရွက်သင့်ပါတယ်။

တချို့ဒေသတွေမှာပြည်တော်ပြန်တွေကိုလူမှုရေးအရဖယ်ကျဉ်ထားရုံသာမကအန္တရာယ်ပြုလိုတဲ့လှုံ့ဆော်မှုတွေကိုတွေ့ရှိလာနေရပြီးလူမှုရေးပဋိပက္ခတွေမဖြစ်ပွားခင် အချိန်မီတားဆီးနိုင်ဖို့အတွက် အစိုးရဘက်ကပြင်ဆင်ထားသင့်သလိုပြည်တော်ပြန်တွေကလည်းအစိုးရက ညွှန်ကြားချက်တွေအတိုင်းလိုက်နာဆောင်ရွက်သင့်ပါတယ်။

အမြော်အမြင်ကြီးတဲ့နိုင်ငံရေးဦးဆောင်မှုနဲ့ လျင်မြန်ထက်မြက်တဲ့ စီမံခန့်ခွဲမှုကသာအခုဖြစ်ပွားနေတဲ့ Covid-19 ကိုရိုနာဗိုင်းရပ် ကပ်ရောဂါ နဲ့စီးပွားရေးနှောင့်နှေးမှုကပ်အတွင်းမှာအထိခိုက် အနည်းဆုံးဖြစ်တဲ့လမ်းကြောင်းကိုတည်တည်ငြိမ်ငြိမ် နဲ့ရွေးချယ် ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါမှသာနိုင်ငံရေးမတည်ငြိမ်ဖြစ်မှုကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

ဇေယျာမော်၊ ပြေသိမ်း
ရန်ကုန်၊ မတ် - ၃၁

( Zawgyi )

မၾကာေသးခင္ရက္ပိုင္းအတြင္းမွာျမဝတီနယ္စပ္ဂိတ္ အမွတ္ ၂ ခ်စ္ၾကည္ေရးတံတားကတဆင့္ ျမန္မာအလုပ္သမားေတြအလုံးအရင္းနဲ႔ ျပည္ေတာ္ျပန္ လာၾကတာကိုလူမႈကြန္ရက္ေတြသတင္းစာမ်က္ႏွာေတြမွာေတြ႕ျမင္ရမွာပါ။

သူတို႔ေတြဟာဘန္ေကာက္ အပါအဝင္ ထိုင္းႏိုင္ငံေဒသအသီးသီးမွာ ေ႐ႊ႕ေျပာင္းအလုပ္သမားအျဖစ္ လုပ္ကိုင္ေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြပါ။ျမန္မာႏိုင္ငံကိုျပန္ၾကဖို႔ အတြက္ သူတို႔ အလုပ္လုပ္ကိုင္တဲ့ေနရာကေနျပည္ေတာ္ျပန္ဝင္လာၾကတာလည္းျဖစ္ပါတယ္။

ျမန္မာႏိုင္ငံနဲ႔ ကပ္ရက္ ထိုင္းႏိုင္ငံမွာလည္းကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္အရင္ကကမာၻလွည့္ ခရီးသည္ေတြနဲ႔ စည္ကားေနတဲ့ ခ်င္းမိုင္ၿမိဳ႕မွာဆိုရင္ ေျခာက္ကပ္ၿပီးအေရာင္းအဝယ္ေတြရပ္ဆိုင္းေနသလိုျမန္မာႏိုင္ငံျမဝတီၿမိဳ႕နဲ႔ မ်က္ႏွာခ်င္းဆိုင္ မဲေဆာက္ၿမိဳ႕မွာလည္းစားေသာက္ဆိုင္ေတြ၊ ေဈးဆိုင္ေတြေတာ္ေတာ္မ်ားမ်ားပိတ္ကုန္ၿပီျဖစ္ပါတယ္။

ျပည္ေတာ္ျပန္ေတြနဲ႔ ကို႐ိုနာဗိုင္းရပ္စ္

ကမာၻ႔ဘဏ္ရဲ႕ ၂၀၁၇ စစ္တမ္းေတြအရအာဆီယံေဒသအတြင္း ေ႐ႊ႕ေျပာင္းအလုပ္သမားစုစုေပါင္းရဲ႕ သုံးပုံတပုံခန္႔ဟာျမန္မာႏိုင္ငံကျဖစ္ပါတယ္။ အာဆီယံေဒသအတြင္းမွာလူဦးေရအမ်ားဆုံးျဖစ္တဲ့ အင္ဒိုနီးရွားႏိုင္ငံေတာင္မွ ျမန္မာႏိုင္ငံရဲ႕ ထက္ဝက္ေလာက္ပဲေ႐ြ႕ေျပာင္းလုပ္ကိုင္ၾကတာပါ။

ျမန္မာႏိုင္ငံအလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနရဲ႕ ခန္႔မွန္းခ်က္အရျမန္မာႏိုင္ငံသား ၃ ဒသမ ၈ သန္းေက်ာ္ဟာႏိုင္ငံရပ္ျခားမွာ ေ႐ႊ႕ေျပာင္းအလုပ္လုပ္ကိုင္ေနၿပီးအဲ့ဒီအထဲက ၉၀ ရာခိုင္ႏႈန္းေက်ာ္ခန္႔ဟာထိုင္းႏိုင္ငံမွာအလုပ္လုပ္ကိုင္ေနၾကပါတယ္။

ဒီအတြက္ေၾကာင့္ျမန္မာလုပ္သားေတြဟာအလုပ္လက္မဲ့ ျဖစ္ပြားမႈတိုးလာေနသလိုကို႐ိုနာဗိုင္းရပ္စ္ရဲ႕ ေျခာက္လန႔္မႈေၾကာင့္ အလုပ္သမားေတြဟာအိမ္ျပန္ဖို႔ ဆုံးျဖတ္ခဲ့တာလည္းအခ်က္တစ္ခုအေနနဲ႔ ထည့္သြင္းစဥ္းစားရမွာပါ။

လက္ရွိမွာျမဝတီ- မဲေဆာက္ တံတားကေနျမန္မာႏိုင္ငံအတြင္းကိုျပန္လည္ဝင္ေရာက္လာသူျပည္ေတာ္ျပန္ေတြဟာ ၂၃၀၀၀ ေက်ာ္ ရွိေနၿပီးအဲ့ဒီသူေတြဟာျမန္မာႏိုင္ငံေနရာအႏွံ႔အျပားကိုေရာက္ရွိေနၿပီျဖစ္တယ္လို႔ ျမန္မာအစိုးရဘက္ကဆိုပါတယ္။သူတို႔ထဲမွာကို႐ိုနာဗိုင္းရပ္စ္ COVID-19 ေရာဂါကူးစက္ခံရသူေတြပါဝင္လာႏိုင္ေခ်မ်ားျပားေနတာေၾကာင့္ ကပ္ေရာဂါႀကီး (Outbreak) ျဖစ္ဖို႔ အလားအလာအလြန္မ်ားေနတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနကမတ္လ ၂၉ ရက္၊ညပိုင္းအခ်ိန္မွာသတင္းထုတ္ျပန္ခဲ့ပါတယ္။

အဲ့ဒီအတြက္ေၾကာင့္ ျမန္မာႏိုင္ငံအတြင္းကိုျပန္လည္ေရာက္ရွိလာသူျပည္ေတာ္ျပန္ေတြရဲ႕ စာရင္းနဲ႔ ေနထိုင္ရာျပ ေျမပုံ (mapping) ေတြကိုျပဳစုထားၿပီးသက္ဆိုင္ရာတိုင္းေဒသႀကီး/ ျပည္နယ္အသီးသီးကၿမိဳ႕နယ္ေတြကိုေပးပို႔ကာၿမိဳ႕နယ္ဆရာဝန္ေတြကဦးေဆာင္ၿပီးအသြားအလာကန႔္သတ္မႈေတြေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းေတြကိုအရွိန္အဟုန္နဲ႔ ေဆာင္႐ြက္မယ္လို႔ အစိုးရဘက္ကဆိုပါတယ္။

လိုက္နာရမယ့္ၫႊန္ၾကားခ်က္ေတြ

ျပည္ေတာ္ျပန္ဝင္လာသူေတြအေနနဲ႔ နီးစပ္ရာက်န္းမာေရးဌာနမွာေဆးစစ္မႈခံယူဖို႔ ၊ ေနအိမ္အတြင္းမွာပဲ ၁၄ ရက္ ေနထိုင္ဖို႔ အစိုးရ က လမ္းၫႊန္ခ်က္ေတြေပးထားတာရွိပါတယ္။ ဒါေပမယ့္ ဒီၫႊန္ၾကားခ်က္ေတြကိုလိုက္နာသူေတြရွိသလိုမလိုက္နာသူေတြလည္းရွိေနပါတယ္။

ေခတ္အဆက္ဆက္ ပညာေရးနိမ့္က်မႈဆင္းရဲႏြမ္းပါးမႈေတြရဲ႕ ဂယက္ကိုအခုအခ်ိန္မွာျမန္မာႏိုင္ငံခံစားေနရတာျဖစ္ပါတယ္။ အေျခခံက်န္းမာေရးအသိလိုက္နာေဆာင္႐ြက္ရမယ့္ ႏိုင္ငံသားတစ္ဦးရဲ႕ တာဝန္ကိုမလိုက္နာႏိုင္ေအာင္ ျဖစ္ေနတဲ့ စနစ္တက် ဖ်က္ဆီးခံလိုက္ရတဲ့ ႏိုင္ငံသားမ်ိဳးဆက္ေတြကိုလက္ရွိမွာပိုင္ဆိုင္ေနရတာလည္းျဖစ္ပါတယ္။

အစိုးရရဲ႕ၫႊန္ၾကားခ်က္ေတြကိုမလိုက္နာတဲ့သူေတြကိုအစိုးရအေနနဲ႔ ထိထိေရာက္ေရာက္ အေရးယူဖို႔လိုအပ္သလိုအဓိကထိေတြ႕ဆက္ဆံၿပီးကုသမႈေတြေပးေနတဲ့ က်န္းမာေရးဝန္ထမ္းေတြကိုလည္းလုံေလာက္တဲ့ ပစၥည္းေတြေထာက္ပံ့ေပးသင့္တယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းတစ္ဦးျဖစ္သူဦးထြန္းၾကည္ကဆိုပါတယ္။

“လူထုအေနနဲ႔ကလိုက္နာဖို႔ေတာ့လိုတယ္၊ ေနာက္တစ္ခုကလက္ေတြ႕က်င့္သုံးဖို႔လိုပါတယ္။ အစိုးရအေနနဲ႔ ျပတ္ျပတ္သားသားလုပ္ဖို႔လိုပါတယ္။ ေမတၱာရပ္ခံတာကေမတၱာရပ္ခံတာ၊ ပန္ၾကားတာကပန္ၾကားတာတစ္ပိုင္းေပါ့၊ ဥပေဒဆိုရင္ ဥပေဒနဲ႔ ေလ်ာ္ညီေအာင္ ျပတ္ျပတ္သားသားထိထိေရာက္ေရာက္ အေရးယူေဆာင္႐ြက္မႈေတြကိုလည္းေက်ာသား၊ရင္သားမခြဲျခားဘဲနဲ႔လုပ္ဖို႔လိုပါတယ္” လို႔ ဦးထြန္းၾကည္ကေျပာပါတယ္။

ကိုဗစ္ ၁၉ ေရာဂါကိုႀကိဳတင္ကာကြယ္၊ ထိန္းခ်ဳပ္တဲ့ အေနနဲ႔ လက္ရွိရန္ကုန္ အပါအဝင္ ၿမိဳ႕ႀကီးေတာ္ေတာ္မ်ားမ်ားကစားေသာက္ဆိုင္ေတြလက္ဘက္ရည္ဆိုင္ေတြမွာဆိုင္ထိုင္စားေသာက္ခြင့္ကိုမျပဳလုပ္ဘဲပါဆယ္သာဝယ္ယူဖို႔ အစိုးရက ၫႊန္ၾကားထားတာေတြရွိေနပါတယ္။ ပန္းဘဲတန္းၿမိဳ႕နယ္အတြင္းကထမင္းဆိုင္ ေရာင္းခ်သူတစ္ဦးဟာဆိုရင္ အစိုးရၫႊန္ၾကားထားတဲ့အတိုင္းလိုက္နာေဆာင္႐ြက္ေနၿပီးဝယ္ယူသူေတြရွိေနတာေၾကာင့္ ဆိုင္ဖြင့္လွစ္ေရာင္းခ်တာကိုေတာ့ ပိတ္ပစ္တာမ်ိဳးမလုပ္ေသးဘူးလို႔ ဆိုပါတယ္။

“စည္ပင္ကေတာ့ မတ္ ၂၈ ရက္ေန႔ကအေၾကာင္းၾကားစာေပးပါတယ္။ဆိုင္ေတြမွာထိုင္စားမေရာင္းဖို႔နဲ႔ ပါဆယ္ပဲေရာင္းခ်ၾကဖို႔ စာေပးပို႔တာရွိပါတယ္။ရက္ကိုေတာ့ သူတို႔ကဘယ္ေန႔ ဘယ္ေန႔ဆိုတာအတိအက် မေျပာသြားပါဘူး။ဆက္ၿပီးေတာ့ ေစာင့္ၾကည့္ရအုံးမွာပါ။အခုကေတာ့ ပါဆယ္လာဝယ္စားတဲ့ ကေလးေတြရွိေနေတာ့ ဆိုင္ထြက္ေပးရတာေပါ့ေလ၊စည္ပင္ က ၫႊန္ၾကားတဲ့ အတိုင္းပဲလိုက္နာရမွာျဖစ္ပါတယ္” လို႔ ထမင္းဆိုင္ပိုင္ရွင္ ဦးတင္ဦးကဆိုပါတယ္။

သိပ္မၾကာခင္အခ်ိန္ကာလအတြင္းမွာျမန္မာႏိုင္ငံဟာအပူဆုံးအခ်ိန္ကာလကိုေရာက္ရွိေတာ့မွာျဖစ္ပါတယ္။ သက္ႀကီး႐ြယ္အိုေတြေရာဂါအခံေတြရွိတဲ့သူေတြဟာသာမန္႐ိုး႐ိုးလူေတြထက္ ပိုၿပီးကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံရႏႈန္းပိုမိုျမင့္မားေနပါတယ္။ ဒီအတြက္ေၾကာင့္ သူတို႔အေနနဲ႔ ဒီအခ်ိန္ကာလမွာကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မခံရဖို႔အတြက္ တတ္ႏိုင္သမွ် အျပင္မသြားဘဲအရိပ္ရတဲ့ ေနရာမ်ိဳးမွာေနဖို႔ ရန္ကုန္အလုပ္သမားေဆး႐ုံႀကီးကအထူးကုဆရာဝန္ႀကီးေဒါက္တာစည္သူလင္းကဆိုပါတယ္။

“အရမ္းႀကီးပူတဲ့ေနရာကေနအရမ္းႀကီးေအးတဲ့ေနရာဝင္တာဥပမာေျပာရရင္ေနပူက်ဲေတာက္ႀကီးကေန႐ုတ္တရက္အဲယားကြန္းခန္းထဲဝင္တာမ်ိဳးေတြအဲယားကြန္းခန္းထဲကေန႐ုတ္တရက္ထြက္တာမ်ိဳးေတြ႐ုတ္တရက္အပူခ်ိန္အေျပာင္းအလဲေတြအဲ့ဒီလိုမ်ိဳးေတြမလုပ္ဘဲေရွာင္ဖို႔အႀကံေပးခ်င္ပါတယ္။ေနာက္တစ္ခုကေရမ်ားမ်ားေသာက္ပါ။ၫႊန္ၾကားခ်က္ေတြကိုလည္တိတိက်က်လိုက္နာလုပ္ေဆာင္မယ္၊ သတိျပဳဆင္ျခင္ရင္ဒီကပ္ေရာဂါကေနအေကာင္းဆုံးေက်ာ္လႊားႏိုင္မယ္လို႔ျမင္မိပါတယ္” လို႔ ေဒါက္တာစည္သူလင္းကေျပာပါတယ္။

အဆိုပါကိုဗစ္ ၁၉ ေရာဂါဟာအရင္တုန္းကျဖစ္တဲ့ ဆားစ္တို႔၊ မားစ္ တို႔နဲ႔ ယွဥ္ရင္ ေသႏႈန္းေတြကေတာ္ေတာ္နည္းၿပီးတစ္ႏွစ္တစ္ႏွစ္မွာလူေတြေသေနတဲ့ HIV တို႔၊ TB တို႔နဲ႔ယွဥ္ရင္ သူ႔ရဲ႕ေသႏႈန္းကေတာ္ေတာ္နည္းသည့္အတြက္လူေတြကိုအရမ္းႀကီးလည္းမေၾကာက္ေစခ်င္ဘူးလို႔ ၎ကယခုလိုဆက္လက္ ေျပာျပခဲ့ပါတယ္။

“အခုကဒါကိုကမာၻ႔ ကပ္ေရာဂါဆိုၿပီးေတာ့ ကမာၻ႔က်န္းမာေရးအဖြဲ႕ကေၾကညာထားတာရွိတယ္၊ ကိုယ့္ဆီမွာလည္းကူးစက္ျဖစ္ပြားမႈကအခုဆိုရင္ ၁၀ ေယာက္ေလာက္ရွိလာတယ္၊ ဒါေပမဲ့ သူ႔ေသႏႈန္းကိုျပန္ၾကည့္ရင္ လူ ၁၀၀ မွာ ၃ ေယာက္ကေန ၄ ေယာက္ေပါ့၊ ပုံမွန္အားျဖင့္ ၃ ေယာက္ေပါ့၊ အဲ့ဒီေလာက္ပဲအမ်ားဆုံးေသတယ္၊ အရင္တုန္းကျဖစ္တဲ့ ဆားစ္တို႔၊ မားစ္ တို႔နဲ႔ ယွဥ္ရင္ ေသႏႈန္းေတြကေတာ္ေတာ္နည္းတယ္၊ တစ္ႏွစ္တစ္ႏွစ္မွာလူေတြေသေနတဲ့ HIV တို႔၊ TB တို႔နဲ႔ယွဥ္ရင္ သူ႔ရဲ႕ေသႏႈန္းကေတာ္ေတာ္နည္းတယ္ေပါ့ေနာ္၊ ပ်ံ႕ႏွံ႔ႏႈန္းျမန္တယ္၊ ေသဆုံးႏႈန္းကေတာ့ နည္းနည္းေလးနည္းေနေသးတယ္၊ ဒါေပမဲ့ လူေတြကိုအရမ္းႀကီးလည္းမေၾကာက္ေစခ်င္ဘူး၊ အဲ့ဒီလိုဆိုေတာ့ မေၾကာက္ရဘူးလားေတာ့ မဟုတ္ဘူး၊ လက္လြတ္စပယ္ေတာ့ မေနသင့္ဘူး၊ ဘာလို႔လဲဆိုေတာ့သူကပ်ံ႕ႏွံ႔ႏႈန္းအရမ္းျမန္ေနတယ္။”လို႔ ေဒါက္တာစည္သူလင္း ကဆိုပါတယ္။

အစိုးရက ဘာေတြလုပ္ေဆာင္သင့္လဲ

ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ရဲ႕ ထုတ္ျပန္ခ်က္အရကမာၻတဝွမ္း COVID-19 ကူးစက္ခံထားရသူ ၇၃၂,၀၀၀ ေက်ာ္ ရွိေနၿပီျဖစ္ၿပီးလူေပါင္း ၃၄,၀၀၀ ေက်ာ္ ေသဆုံးခဲ့ရၿပီလို႔ သိရပါတယ္။ COVID-19 ေရာဂါ မူလစတင္ျဖစ္ပြားရာတ႐ုတ္ႏိုင္ငံမွာေတာ့ ျပန္လည္သက္သာလာမႈမ်ားရွိေနၿပီးအေမရိကန္ႏိုင္ငံမွာေတာ့ ကူးစက္မႈကပိုျမင့္တက္ေနပါတယ္။

လက္ရွိျမန္မာႏိုင္ငံမွာလည္း COVID-19 ေရာဂါပိုးPostiveလူနာ ၁၀ ဦးအထိေတြ႕ရွိထားၿပီးသူတို႔နဲ႔ ထိေတြ႕ဆက္ဆံမိခဲ့ သူေတြကိုအသြားအလာကန႔္သတ္ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနကသတင္းထုတ္ျပန္ထားပါတယ္။

ဒီကို႐ိုနာဗိုင္းရပ္စ္ကို WHO က ကပ္ေရာဂါအျဖစ္ မေၾကညာခင္ တစ္လအလိုေလာက္ကတည္းကအစိုးရအေနနဲ႔ ႀကိဳတင္ျပင္ဆင္ထားၿပီးျဖစ္ေၾကာင္းႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေျပာဆိုခဲ့တယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဗဟိုျပန္ၾကားေရးေကာ္မတီအတြင္းေရးမႉးမုံ႐ြာေအာင္ရွင္ကေျပာပါတယ္။

“ကြၽန္ေတာ္တို႔ျပည္သူလူထုကဒါကိုအမ်ိဳးသားေရးတိုက္ပြဲတစ္ရပ္အေနနဲ႔ လုပ္ေနၾကတာေတြ႕ရေတာ့ အားရေက်နပ္ပါတယ္။ ေနာက္တစ္ခုကဒီအတိုင္းဆက္ၿပီးေတာ့ တက္တက္ႂကြႂကြနဲ႔ ညီညီၫြတ္ၫြတ္နဲ႔လုပ္ၾကတယ္ဆိုလို႔ရွိရင္ေပါ့ေလ၊ ဒီေရာဂါဟာမၾကာခင္မွာရပ္တန႔္ႏိုင္ေအာင္ မျပန႔္ပြားေအာင္ အမ်ားႀကီးႀကိဳးစားလို႔ရႏိုင္မယ္လို႔ ကြၽန္ေတာ္ယူဆပါတယ္”လို႔ သူကေျပာပါတယ္။

COVID-19 ေရာဂါ ႀကိဳတင္ကာကြယ္တားဆီးေရးမွာေနာက္ဆက္တြဲျပႆနာေတြျဖစ္တဲ့ေငြေရးေၾကးေရး၊ လူမႈေရး၊ အစိုးရဝန္ေဆာင္မႈေတြျပတ္ေတာက္မယ့္အေျခအေနအတိုင္းအဆကိုႀကိဳတင္တြက္ဆၿပီးအက်ိဳးအျပစ္နဲ႔ အႏၲရာယ္သုံးသပ္ခ်က္ကိုပါ ျပည့္ျပည့္စုံစုံေလ့လာသုံးသပ္ၿပီးမွသာတႏိုင္ငံလုံးအတိုင္းအတာနဲ႔စံေတြသတ္မွတ္ၿပီးစနစ္တက်ေဆာင္႐ြက္သင့္ပါတယ္။

တခ်ိဳ႕ေဒသေတြမွာျပည္ေတာ္ျပန္ေတြကိုလူမႈေရးအရဖယ္က်ဥ္ထား႐ုံသာမကအႏၲရာယ္ျပဳလိုတဲ့လႈံ႕ေဆာ္မႈေတြကိုေတြ႕ရွိလာေနရၿပီးလူမႈေရးပဋိပကၡေတြမျဖစ္ပြားခင္ အခ်ိန္မီတားဆီးႏိုင္ဖို႔အတြက္ အစိုးရဘက္ကျပင္ဆင္ထားသင့္သလိုျပည္ေတာ္ျပန္ေတြကလည္းအစိုးရက ၫႊန္ၾကားခ်က္ေတြအတိုင္းလိုက္နာေဆာင္႐ြက္သင့္ပါတယ္။

အေျမာ္အျမင္ႀကီးတဲ့ႏိုင္ငံေရးဦးေဆာင္မႈနဲ႔ လ်င္ျမန္ထက္ျမက္တဲ့ စီမံခန္႔ခြဲမႈကသာအခုျဖစ္ပြားေနတဲ့ Covid-19 ကို႐ိုနာဗိုင္းရပ္ ကပ္ေရာဂါ နဲ႔စီးပြားေရးေႏွာင့္ေႏွးမႈကပ္အတြင္းမွာအထိခိုက္ အနည္းဆုံးျဖစ္တဲ့လမ္းေၾကာင္းကိုတည္တည္ၿငိမ္ၿငိမ္ နဲ႔ေ႐ြးခ်ယ္ ေဖာ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။ ဒါမွသာႏိုင္ငံေရးမတည္ၿငိမ္ျဖစ္မႈကိုေရွာင္ရွားႏိုင္မွာျဖစ္ပါတယ္။

ေဇယ်ာေမာ္၊ ေျပသိမ္း
ရန္ကုန္၊ မတ္ - ၃၁