【 သတင်းဆောင်းပါး 】 “ဘာသာရေးက အသုံးချခံဖြစ်နေပြီလား”

【 သတင်းဆောင်းပါး 】 “ဘာသာရေးက အသုံးချခံဖြစ်နေပြီလား”

လက်ရှိ ဒီမိုကရေစီအစိုးရကို ရတဲ့နည်းနဲ့ တွန်းလှန်ဖယ်ရှားပစ်ဖို့  မဘသအဖွဲ့ကို အသွင်ပြောင်းထားတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို) က ဇွန်လ ၁၇ ရက်နေ့က သဘောထားထုတ်ပြန် တိုက်တွန်းလိုက်ပြီး တိုင်းပြည်နဲ့လူမျိုး ဘာသာသာသနာကို ပျက်စီးအောင် ပြုလုပ်နေတဲ့ လုပ်ရပ်တွေနဲ့ ပါဝင်လုပ်ဆောင်နေသူတွေကို ဆန္ဒမဲမပေးတာ အပါအဝင် တရားနဲ့အညီ ရတဲ့နည်းနဲ့ တွန်းလှန်ဖယ်ရှားကြဖို့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို) နှစ်ပတ်လည် စုံညီတွေ့ဆုံပွဲမှာ ညှိနှိုင်းဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီအစိုးရလက်ထက်မှာ ဝံသာနုစိတ်ဓာတ် ကဗျာကို ပယ်ဖျက်တာ၊ ဇာတိမာန်သီချင်းကို မလိုတော့လို့ ပြောကြားတာ၊ အမျိုးသားရေးဝါဒဟာ ဒီမိုကရေစီရဲ့ အန္တရာယ်ဖြစ်တယ်လို့ ပြောကြားခဲ့တာတွေဟာ အမျိုးသားရေး လက္ခဏာကို ဖျက်ဆီးတာဖြစ်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့လည်း ယင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။အဆိုပါ တွေ့ဆုံပွဲမှာ ရဟန်း၊ သံဃာတော် ဿသနာ့ဝန်ထမ်းတွေအနေနဲ့ လာမယ့် အထွေထွေရွေးကောက်ပွဲကြီးမှာ မဲပေးခွင့် တောင်းဆိုခဲ့တာတွေဟာလည်း ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးနေကြပြီလားဆိုတာက မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

ဒါ့ကြောင့်လည်း ဒီလိုလုပ်ဆောင်မှုတွေဟာ မဟနကို ဆန့်ကျင်ပြီး ဒီမိုကရေစီအစိုးရကို ဖျက်လိုဖျက်ဆီးလုပ်တာဖြစ်သလို သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ရန် လိုအပ်တယ်လို့လည်း သာသနာရေးဌာနက ဇွန်လ ၂၇ ရက်နေ့က သဘောထား ထုတ်ပြန်ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သလို မဘသအဖွဲ့ကို အမည်ပြောင်းလဲ ဖွဲ့စည်းထားသည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းမှာ တရားမဝင် အဖွဲ့အစည်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ပြောဆိုထားမှုတွေ ရှိခဲ့ပါတယ်။

ဒီ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို) ရဲ့ နှစ်ပတ်လည် စုံညီတွေ့ဆုံပွဲမှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်က သိန်း ၃၀၀ လှူဒါန်းမှုကလည်း နိုင်ငံရေးအသိုင်းအဝိုင်းကို  သတိပြုမိစရာ ဖြစ်ခဲ့ပါတယ်။

သံဃာတွေ မဲပေးခွင့်တောင်းဖို့ လိုပြီလား

ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးုဖြစ်သူ ဒီမိုကရက်တစ် (မြန်မာ) မှ ဦးသုေ၀ ကလည်း “အဲ့လိုဟာတွေက ဘာတွေလုပ်ကြတယ်ဆိုတာ သေချာသိမှလည်း ဝေဖန်လို့ကောင်းတာပေါ့နော်။တကယ်ကျ ဘယ်သူမှသေချာမသိပါဘူး၊ သေချာမသိပဲနဲ့တော့ ဘာမှမပြောချင်ပါဘူး။သူတို့တွေက မဲပေးခွင့် ဘယ်လိုတောင်းလဲတော့ မသိဘူးပေါ့လေ။ကျနော်တို့ အရင်တုန်းကတော့ သီးသန့်လေ မဲပေးဖို့ ဘာတွေထဲမှာ ဝင်မပါရဘူးပေါ့။အဲဒီ မဲပေးခွင့် ရှိ၊ မရှိ ဆိုတာကတော့ ဥပဒေအတိုင်းပေါ့လေ” လို့ ရဟန်း၊ သံဃာတွေအနေနဲ့ မဲပေးခွင့် တောင်းဆိုမှုအပေါ် သူ့ရဲ့ အမြင်ကို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် မိမိတို့ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပေမယ့် ဘာသာရေးကို နိုင်ငံရေးအလို့ငှာ မသုံးစွဲရဘူးလို့ အခြေခံမူမှာက ပြဋ္ဌာန်းထားပြီး ဘာသာရေးအဖွဲ့အစည်းအနေနဲ့ကလည်း နိုင်ငံရေးနဲ့ ဘာသာရေးကို သွားပြီးမရောစေချင်ဘူးလို့လည်း တ.စ.ည ပါတီ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးထွန်းရီ က ပြောကြားခဲ့ပါသေးတယ်။

“မဘသ ဘာညာဆိုတာထက် အန်ကယ်တို့ပါတီအနေနဲ့က ဘာသာရေးနဲ့ ပတ်သက်ပြီး အခြေခံဥပဒေမှာလည်း လွတ်လပ်စွာကိုးကွယ်ခွင့် ရှိတယ်ပေါ့ဗျာ။နောက်တစ်ခါ ပါတီအဖွဲ့အစည်းအနေနဲ့ကရော အခြေခံဥပဒေမှာရော သတ်မှတ်ထားတဲ့အတိုင်းပဲ တစ်ဦးချင်းတစ်ယောက်ချင်းက မိမိတို့ဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့် ရှိပေမယ့် ဘာသာရေးကို နိုင်ငံရေးအလို့ငှာ မသုံးစွဲရဘူးလို့ အခြေခံမူမှာက ပြဋ္ဌာန်းထားတယ်။အန်ကယ်တို့ကတော့ ဒီလိုပဲရပ်တည်တဲ့ သဘောပါ။ဒါကတော့ ခက်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် စောစောက ရပ်တည်ချက်အတိုင်းပါပဲ။ဘာသာရေးအရ ကိုယ့်အဖွဲ့အစည်းအရ တစ်ဦးချင်း ယုံကြည်မှု လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိပါတယ်။ဒါပေမယ့် ဘာသာရေးအဖွဲ့အစည်းအနေနဲ့ကလည်း နိုင်ငံရေးနဲ့ ဘာသာရေးကို သွားပြီးမရောစေချင်ဘူး။” လို့  ဦးထွန်းရီ က ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ရဟန်း၊ သံဃာတော်တွေအနေနဲ့ ရွေးကောက်ပွဲတွေမှာ မဲပေးဖို့ တောင်းဆိုခဲ့သည့်အပေါ်မှာ ၎င်းရဲ့ သဘောထားအမြင်ကို ပြောပြခဲ့ရာမှာလည်း “အဲ့ဒါကတော့ ရှင်းရှင်းလင်းလင်းပြောရင်တော့ ရွေးကောက်ပွဲဥပဒေတို့ အခြေခံဥပဒေတို့မှာ တိတိကျကျ ပါပြီးသားလေ၊ လွှတ်တော်ကိုယ်စားလှယ်ဆိုလည်း လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ခံရမယ့် သတ်မှတ်တဲ့ အရည်အချင်းတွေရှိတယ်။လွှတ်တော်ကိုယ်စားလှယ် မရွေးချယ်ခံရဘူးဆိုလည်း သတ်မှတ်တဲ့ အပိုင်းတွေ ရှိပါတယ်။အန်ကယ်တို့ကတော့ ဒီမူအတိုင်းပဲ သွားဖို့ရှိပါတယ်။အခြေခံဥပဒေ ပြဌာန်းဖို့ကလည်း ပွင့်ပွင့်လင်းလင်းပြောရင် အခြေခံမူတွေ ရဖို့အတွက် ကျင်းပတဲ့ အမျိုးသားညီလာခံမှာကိုက အန်ကယ် အပါအဝင် ပါတီကနေ တစ်စိုက်မတ်မတ် တက်လာတဲ့အခါကျတော့ ဒီမူအပေါ်မှာပဲ ရပ်တည်ပါတယ်။လက်ရှိ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ မူအတိုင်းပါပဲ သာသနာဝန်ထမ်းတွေက မဲပေးတဲ့ ကိစ္စတို့ ဘာတို့ကတော့ လက်ရှိပြဌာန်းထားတဲ့ ဥပဒေမူအပေါ်မှာပဲ ရပ်တည်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

သတိထားဖို့ လိုလာတဲ့ လှုံ့ဆော်သွေးထိုးမှု

မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးမှုတွေကြောင့် လူမျိုးရေး၊ ဘာသာရေး အခြေခံတဲ့ အဓိကရုဏ်း၊ ပဋိပက္ခတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေပြီး လက်ရှိ ဒီမိုကရေစီအစိုးရသစ် လက်ထက်မှာလည်း ဘာသာရေးနဲ့ နိုင်ငံရေး ဆက်လက်ရောထွေးမှုတွေကို ဥပဒေနဲ့အညီ အရေးယူမှု အားနည်းနေသလို ထိလွယ်၊ ရှလွယ်တဲ့ ကိစ္စရပ်တွေဖြစ်တာမို့ ဒါတွေကို ထိန်းကျောင်းဖို့ ခက်နေလား ဆိုတာကလည်း ဖြေရှင်းရခက်တဲ့ ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရလို့ ပြဋ္ဌာန်းထားပေမယ့်လည်း နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာရေး အသုံးချမှုတွေကို ထိရောက်စွာ မတားဆီးနိုင်သေးတာကတော့ ပကတိအမှန်တရားတစ်ခု ဖြစ်နေပြန်ပါတယ်။ယင်းဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင်လည်း ၂၀၁၂ ခုနှစ်က စလို့ ရခိုင်ပြည်နယ်မှာ အခြေပြု ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေးနဲ့ နိုင်ငံရေး အခြေခံတဲ့ ရောထွေးလှုံ့ဆော်တဲ့ ဖြစ်စဉ်တွေကြောင့် ၂၀၁၃ ခုနှစ်မှာ မိတ္ထီလာ၊ ဥက္ကံ၊ လားရှိုး၊ ကန့်ဘလူ၊ သံတွဲတွေမှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားပြီး လူသေဆုံး ထိခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။၂၀၁၂ ခုနှစ် ရခိုင်ဖြစ်စဉ်က စလို့ အမျိုးသားရေး အစွန်းရောက်တွေရဲ့ ဆောင်ရွက်မှုကြောင့် ပဋိပက္ခတွေဖြစ်မှာကို အမြဲပဲ စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ကြရပါတယ်။ဒါကြောင့်လည်း ယခုနောက်ပိုင်းကာလတွေမှာ လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေကို ပြည်သူလူထုတွေအနေနဲ့ ဂရုပြုသတိထားသင့်တယ် ဆိုတာကိုလည်း သတိချပ်ရမှာ ဖြစ်ပါတယ်။

“တကယ့်တကယ်ကျတော့ အမျိုးတွေ ဘာသာတွေ သာသနာတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ် ဆိုတာကို ပြောကြတယ်။ဒါပေမယ့်လေ တို့တိုင်းပြည်မှာက နှစ်ပေါင်းမြောက်များစွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြတဲ့ ဘာသာတွေရှိတယ်။အထူးသဖြင့်တော့ ဘာသာကြီး လေးဘာသာပေါ့လေ။ကိုယ်က အမျိုးဘာသာသာသနာလို့ ပြောလိုက်တိုင်း ပြောလိုက်တိုင်းမှာ အမြင်ကျယ်ကျယ်နဲ့ သဘောထားကြီးကြီးနဲ့ တို့တိုင်းပြည်မှာ မှီတင်းနေထိုင်နေကြတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ ကိုးကွယ်ယုံကြည်တဲ့ ဘာသာပေါင်းစုံကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ စိတ်နဲ့ အဲ့အသိနဲ့ သွားမှသာလျှင် တည်ဆောက်မှသာလျှင် စစ်မှန်တဲ့ အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်လို့ရပါမယ်။နောက်တစ်ခုက မျိုးချစ်ဆိုတာကလည်း ထိုနည်းတူပါပဲ။ဘာပဲပြောပြော မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေးဆိုတာက စာသင်ရုံနဲ့ ပြီးခဲ့တာမဟုတ်ဘူးလေ။အမှန်တကယ် တိုင်းချစ်၊ ပြည်ချစ်၊ နိုင်ငံချစ်   ဒါကိုဆိုလိုတာပါ။တိုင်းချစ်၊ ပြည်ချစ်၊ နိုင်ငံချစ် စိတ်ဓါတ်ရှင်သန် ထက်မြက်ဖို့လိုပါတယ်။ဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။ဒါမှသာလျှင် တို့တိုင်းပြည်ရဲ့အကျိုး တို့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့အကျိုး တို့တိုင်းပြည်ထဲမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နိုင်ငံသူ၊ နိုင်ငံသား ပြည်သူလူထု တစ်ရပ်လုံးရဲ့ အကျိုးကို သယ်ပိုးထမ်းရွက်နိုင်မှာပါလေ။အဲ့လိုမှမဟုတ်ပဲနဲ့ အစွန်းရောက်စေတဲ့ အတွေးအခေါ်၊ အမြင်မျိုးနဲ့ ထိန်းသိမ်းကာကွယ် စောင့်ရှောက်စေချင်ရင်တော့ ဒါကစစ်မှန်တဲ့ ထိန်းသိမ်းကာကွယ် စောင့်ရှောက်တဲ့ ပုံစံမျိုးမဟုတ်ဘူးပေါ့။” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်  ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအလို့ငှာ ဘာသာရေးကို အသုံးချနေတာကတော့ တော်တော်ကိုဆိုးရွားတဲ့ ကိစ္စဖြစ်ပြီး ဒါက အတိုင်းထက်အလွန် အစွန်းရောက်သွားစေတယ်လို့ ၎င်းက သုံးသပ်ပြောပြခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ကတော့ နိုင်ငံသားတွေအားလုံး စည်းလုံးညီညွတ်ပြီးတော့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရမည့်အချိန် ပြန်လည်ကာကွယ်ရမည့် အချိန်ဖြစ်သလို တစ်ယောက်နဲ့ တစ်ယောက် အပြစ်တွေတင် လက်ညှိုးထိုးပြီး ပြောနေရမယ့် အချိန်မဟုတ်ဘူးလို့လည်း ပြောကြားမှုတွေလည်း ရှိခဲ့ပြန်ပါတယ်။

“ကျနော်တို့က နိုင်ငံကြီးတွေကြားထဲမှာ လူူဦးရေ သန်း ၅၀ လောက်နဲ့ နေရတဲ့ နိုင်ငံငယ်လေး သေးသေးလေး ဆိုတဲ့အခါကျတော့ ဒီအချိန်မှာ လာပြီးတော့ ဘာသာရေး၊ လူမျိုးရေး၊ တိုင်းရင်းသားအရေး၊ အရေးပေါင်းစုံပေါ့နော်။အဲဒီလိုငြင်းခုန်ရမယ့် အချိန်မဟုတ်တော့တာ၊ တကယ်တမ်း ဒီအဆင့်ကို ကျော်ကြည့်ရင် ပြောချင်တာက ကိုယ့်ရပ်တည်ချက်တွေ မှန်တယ်ဆိုတာ သက်သေပြနေဖို့ အချိန်မဟုတ်တော့ဘူး။နိုင်ငံသားတွေအားလုံး စည်းလုံးညီညွတ်ပြီးတော့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရမယ့်အချိန် ပြန်လည်ကာကွယ်ရမယ့်အချိန် တစ်ယောက်နဲ့ တစ်ယောက် အပြစ်တွေတင် လက်ညှိုးထိုးပြီး ပြောနေရမယ့် အချိန်မဟုတ်ဘူး။နိုင်ငံသားအချင်းချင်း ကိုယ့်ရပ်တည်ချက်တွေ မှန်တယ်ဆိုတာ သက်သေပြနေရမယ့် အချိန်မဟုတ်တော့ဘူး။ဟိုအဖွဲ့အစည်းက ဘာဖြစ်တယ်။ဒီအဖွဲ့အစည်းက ဘာဖြစ်တယ်ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် လက်ညှိုးထိုးပြီး ထိုင်ဆဲနေလို့ကတော့ ဒီတိုင်းပြည် ဘယ်တော့မှတိုးတက်မှာ မဟုတ်ပါဘူး။ပျောက်ကွယ်သွားမယ့် အန္တရာယ်ရှိနေတယ်။ အေးအေးဆေးဆေးနဲ့ပဲ စည်းလုံးညီညွတ်အောင် ဘယ်လိုတည်ဆောက်ကြမလဲ။ဒီလိုသွားစေချင်တယ်။အားလုံးက နိုင်ငံသားတွေပါတယ်” လို့ ဒေါက်တာနန္ဒာလှမြင့် က ပြောပါတယ်။

တိုင်းရင်းသား ပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းအောင်ကျော် ကတော့ ယေဘုယျအားဖြင့် နိုင်ငံရေးထဲကို ဘာသာရေးလုပ်တာကိုတော့ မလုပ်သင့်ဘူးလို့ ထင်သလို နိုင်ငံရေးမှာ ဘာသာရေးတွေ တက်ပါက ရောထွေးကုန်ပါက ဒီလိုကိစ္စရပ်တွေဟာ အကုန်လုံးရှုပ်ထွေးမယ့် ကိစ္စရပ်တွေ ဖြစ်ကုန်မည်ဖြစ်ပြီး နိုင်ငံရေးကိုသွားရင် နိုင်ငံရေးသီးသန့်ပဲ သွားစေချင်တယ်လို့ ၎င်းရဲ့ သဘောထား အမြင်ကိုလည်း ပြောပြခဲ့ပါသေးတယ်။

“ကျနော်တို့ကတော့ ယေဘုယျအားဖြင့် နိုင်ငံရေးထဲကို ဘာသာရေးလုပ်တာကိုတော့ မလုပ်သင့်ဘူးလို့ ထင်တယ်။နိုင်ငံရေးမှာ ဘာသာရေးတွေ တက်လာရင် ဒီဟာကအကုန်လုံးရှုပ်ကုန်မယ်။ကျနော်တို့က နိုင်ငံရေးကိုသွားရင် နိုင်ငံရေးသီးသန့်ပဲ သွားစေချင်ပါတယ်။ဘာသာရေးလိုင်းကို သိပ်ပြီးတော့ မစွက်ဖက်စေချင်ပါဘူး” လို့ ဦးထွန်းအောင်ကျော် က ပြောကြားခဲ့တာပါ။

သာသနာတော် သန့်ရှင်းရေး လိုနေပြီလား

အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို) ရဲ့ နှစ်ပတ်လည် စုံညီအခမ်းအနားက "လက်ရှိ ဒီမိုကရေစီအစိုးရကို ဆန္ဒမဲမပေးဘဲ ရတဲ့နည်းနဲ့ ဆန့်ကျင်တွန်းလှန် ဖယ်ရှားပစ်ဖို့" အစရှိသော ကြေညာချက်များသည် တရားမဝင်သည့် အသင်းအဖွဲ့တစ်ခုက အများပြည်သူ ရွေးချယ်တင်မြှောက်ထားသည့် ဒီမိုကရေစီအစိုးရအား ဖျက်လိုဖျက်ဆီး ဆောင်ရွက်ရန် စိန်ခေါ်သည့် ပြယုဂ်တစ်ခုဖြစ်၍ အများပြည်သူက စောင့်ကြည့်တားဆီး ကာကွယ်သွားရန် လိုအပ်သလို ယခုကဲ့သို့ တရားမဝင် အဖွဲ့အစည်းများ၏ လောကဓမ္မနှင့် ဆန့်ကျင်သော လုပ်ဆောင်ချက်များသည် သမိုင်းတင်ကျန်ခဲ့မည်ကို အထူးသတိချပ်သင့်တယ်လို့လည်း  သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို) ၏ နှစ်ပတ်လည် စုံညီတွေ့ဆုံပွဲမှာ ဒုဥက္ကဋ္ဌ-၂ ဇွဲကပင် မဲဘောင်ကျောင်းမှ ဘဒ္ဒန္တကဝိဓဇ က ဝရမ်းပြေးကြေညာခြင်း ခံထားရသော ဦးဝီရသူ ကို “သာသနာ့ သူရဲကောင်း” ဟု မသင့်မလျော် ပြောကြားခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တရားမဝင်ဟု သတ်မှတ်ထားသော အဖွဲ့ထံ အဖွဲ့အစည်းကြီးတစ်ခုမှ ငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့ခြင်းသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်သော လုပ်ရပ်တစ်ခုဖြစ်တယ်လို့ အများပြည်သူက ရှုမြင်ကြကြောင်း၊ အမျိုးဘာသာသာသနာ ခေါင်းစဉ်တပ်၍ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေး အစရှိသော အရေးအရာများကို ရှုပ်ထွေးအောင် ဆောင်ရွက်သည့် ရဟန်းများနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းစဉ် အချိန်ကာလက အမျိုးသားရေး ဝံသာနုရက္ခိတစိတ်ဖြင့် လွတ်လပ်ရေးရရှိအောင် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမ၏ ဆောင်ရွက်ချက်များကို မည်သို့မျှ ထပ်တူနှိုင်းယှဉ်ပြောကြား၍ မရနိုင်သည်ကို သတိပြုသင့်တယ်လို့လည်း အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် ကတော့  ယင်းကိစ္စရပ်တွေအပေါ်ဘာမှမှတ်ချက်မပြုလိုဘဲ ထိုကဲ့သို့ဆောင်ရွက်မှုတွေကို “ပြည်သူတွေ သိပါတယ်” လို့  ပြည်တွင်းသတင်းမီဒီယာဌာနတစ်ခုနှင့် တွေ့ဆုံစဉ်မှာ ဖြေကြားမှုတွေ ရှိခဲ့ပါတယ်။

“အဓိက ကတော့ သူတို့ရဲ့ပြောကြားချက်တွေ သူတို့ရဲ့ ထုတ်ပြန်ချက်တွေကို ဖတ်ခြင်းအားဖြင့် ဒါကတော့ သူတို့က လက်ရှိ တည်ဆဲအစိုးရ ပြုတ်ကျရေးကို ဦးတည်စေပါတယ်။ဘာသာရေးကို အသုံးချမယ်။တကယ့်တကယ်ကျ အသွင်ကူးပြောင်းရေး အစိုးရကို ဝိုင်းပြီးတော့ ပံ့ပိုးကူညီရမှာလေ။အသွင်ကူးပြောင်းရေးက ဒီမိုကရေစီ ဖြစ်တဲ့အတွက် အခက်အခဲ အကြပ်အတည်း စိန်ခေါ်မှုတွေက အများကြီးပါ။အခုဟာက ဘယ်လိုဖြစ်လာလဲဆိုတော့ ဒီဝန်းရံဖို့နေသာသာ အစိုးရပြုတ်ကျရေးကို ဦးတည်လာတဲ့အတွက်ကြောင့်မို့ ဒါက တိုင်းပြည်ရဲ့ အနာဂတ်အတွက် တော်တေ်ာလေး အရုပ်ဆိုးအကျဉ်းတန်ပါတယ်။အဲ့အတွက်ကြောင့်မို့  လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်ဆိုတာ ဖွဲ့စည်းပုံမှာလည်း ပြဌာန်းထားတယ်။ဒါပေမယ့် ရည်ရွယ်ချက်ရှှိရှိနဲ့ စနစ်တကျ အာဏာလက်လွှတ်ခဲ့ရတဲ့ အဖွဲ့အစည်းက ၎င်းတို့ အာဏာပြန်ရရှိရေး ကြိုးပမ်းတဲ့နေရာမှာ နည်းမှန်လမ်းမှန်နဲ့ ကြိုးပမ်းရေး မဟုတ်ပဲနဲ့ နိုင်ငံရေးအလို့ငှာ ဘာသာရေးကို အစွန်းရောက် အမျိုးသားရေးကို  တွေးခေါ်ကြိုးပမ်းလာရတာတွေကတော့ ဒီမှန်ကန်တဲ့ ကြိုးပမ်းချက် မဟုတ်ပါဘူး။အင်မတန်အန္တရာယ်ကြီးပါတယ်။” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်အဖွဲ့ဝင် ဦးထွန်းကြည် ကလည်း ၎င်းရဲ့ အမြင်ကို သုံးသပ်ပြောပြခဲ့ပါတယ်။

ထို့အတူ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းအောင်ကျော် ကလည်း “သာသနာ သန့်ရှင်းရေး ကိစ္စရပ်နဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းပြောရရင် ၁၉၈၀ ခုနှစ်လောက်က မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အုပ်ချုပ်နေတဲ့ အစိုးရလက်ထက်မှာ ကျနော်တို့ ကမ္ဘာသိအောင် လုပ်ခဲ့တာရှိပါတယ်။ကမ္ဘာပေါ်မှာ ကျနော်တို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကမ္ဘာကသိအောင် လုပ်ပေးနိုင်တဲ့ အင်မတန်ကောင်းမွန်တဲ့ ဆောင်ရွက်မှုကြီး ဖြစ်ပါတယ်။အဲ့တုန်းက ကျနော်တို့က သာသနာပိုင်းဆိုင်ရာ ထေကြီး၊ ဝါကြီးတွေက သာသနာသန့်ရှင်းရေးအတွက် အဓိကထားပြီး လုပ်ဆောင်ခဲ့တဲ့ မွန်မြတ်တဲ့ ရည်ရွယ်ချက်လို့ ကျနေ်ာမြင်ပါတယ်။အခုကတော့ မဟနရဲ့ သြဇာက ဒီလာက်အထိရှိမယ်လို့ မမြင်တော့ပါဘူး။ကျနော်တို့ကတော့ မဟနကို ကိုယ့်ရဲ့သာသနာ သန့်ရှင်းရေးအတွက် ဟိုဘက်၊ ဒီဘက် မယိမ်းပဲနဲ့  ဘယ်သူ့မျက်နှာမှ မထောက်ပဲ သာသနာသန့်ရှင်းရေး လုပ်စေချင်ပါတယ်။” လို့ ပြောကြားမှုတွေ ရှိခဲ့တာပါ။

သု့ိသော်လည်း သမ္မတဟောင်း ဦးသိန်းစိန် အစိုးရက အစွန်းရောက် ဘာသာရေး လှုပ်ရှားမှုတွေကို အရေးမယူခဲ့တဲ့အပြင် ဘာသာရေးအဖွဲ့တွေ တောင်းဆိုတဲ့ ဥပဒေတွေကို အသက်ဝင်အောင် အတည်ပြုပေးထားခဲ့သလို၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး တက်လာတဲ့ NLD အစိုးရသစ် လက်ထက်မှာလည်း အစွန်းရောက် ဘာသာရေးအဖွဲ့တွေကို တားဆီးမှုတချို့ လုပ်ဆောင်နိုင်ခဲ့ပေမယ့်လည်း ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးမှုတွေကို အမြစ်ပြတ်အောင် မတားဆီးနိုင်သေးပါဘူး။အထူးသဖြင့် အစွန်းရောက် ဘာသာရေးအဖွဲ့တွေ ဆက်လက်ရှင်သန် လှုပ်ရှားခွင့် ရရှိနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ ပဋိပက္ခ ထောင်ချောက်ဆိုတာကို ကာကွယ်ဖို့ အားလုံး တစ်ဦးချင်းစီ တစ်ဦးချင်းစီမှာ တာဝန်ရှိပါတယ်။ဒါကိုကာကွယ်ရပါမယ်။အဲ့ဒီထောက်ချောက်ထဲကို လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး အထူးသဖြင့်တော့ တစ်ဦးချင်းဆီက တိုင်းချစ်၊ ပြည်ချစ် နိုင်ငံချစ် စိတ်ဓါတ်တွေနဲ့ အဲ့အသိတွေနဲ့ ဘာပဲပြောပြော ထိန်းသိမ်းကာကွယ်ရမှာ တားဆီးရမှာ ဖြစ်ပါတယ်။

လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခတွေနဲ့ တိုင်းပြည် ကမောက်ကမဖြစ်အောင် အမုန်းတရားတွေ အမုန်းစကားတွေကိုပြောပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်မှ ကာကွယ်တာထက် စုံလင်ကွဲပြားတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံတို့က သွေးစည်းညီညွတ်စွာဖြင့် တိုင်းပြည်ကို ကျောချင်းကပ်၊ လက်ချင်းယှက်ပြီး အပြောသက်သက်မဟုတ်ပဲ လက်တွေ့ကျကျ ပြည်တွင်း ပြည်ပ ရန်ကို ကာကွယ်တားဆီးဖို့ လိုတယ်ဆိုကတော့ ငြင်းမရတဲ့ အချက်တစ်ချက် ဖြစ်ပါတော့တယ်။

ပြေသိမ်း
ဇူလိုင် - ၂

( Zawgyi )

လက္ရွိ ဒီမိုကေရစီအစိုးရကို ရတဲ့နည္းနဲ႔ တြန္းလွန္ဖယ္ရွားပစ္ဖို႔  မဘသအဖြဲ႕ကို အသြင္ေျပာင္းထားတဲ့ ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္း (ဗဟို) က ဇြန္လ ၁၇ ရက္ေန႔က သေဘာထားထုတ္ျပန္ တိုက္တြန္းလိုက္ၿပီး တိုင္းျပည္နဲ႔လူမ်ိဳး ဘာသာသာသနာကို ပ်က္စီးေအာင္ ျပဳလုပ္ေနတဲ့ လုပ္ရပ္ေတြနဲ႔ ပါဝင္လုပ္ေဆာင္ေနသူေတြကို ဆႏၵမဲမေပးတာ အပါအဝင္ တရားနဲ႔အညီ ရတဲ့နည္းနဲ႔ တြန္းလွန္ဖယ္ရွားၾကဖို႔ ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္း (ဗဟို) ႏွစ္ပတ္လည္ စုံညီေတြ႕ဆုံပြဲမွာ ညႇိႏႈိင္းေဆြးေႏြးမႈေတြ ရွိခဲ့ပါတယ္။

ဒါ့အျပင္ ဒီမိုကေရစီအစိုးရလက္ထက္မွာ ဝံသာႏုစိတ္ဓာတ္ ကဗ်ာကို ပယ္ဖ်က္တာ၊ ဇာတိမာန္သီခ်င္းကို မလိုေတာ့လို႔ ေျပာၾကားတာ၊ အမ်ိဳးသားေရးဝါဒဟာ ဒီမိုကေရစီရဲ႕ အႏၲရာယ္ျဖစ္တယ္လို႔ ေျပာၾကားခဲ့တာေတြဟာ အမ်ိဳးသားေရး လကၡဏာကို ဖ်က္ဆီးတာျဖစ္လို႔ ျပင္းျပင္းထန္ထန္ ကန႔္ကြက္ရႈတ္ခ်တယ္လို႔လည္း ယင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။အဆိုပါ ေတြ႕ဆုံပြဲမွာ ရဟန္း၊ သံဃာေတာ္ ႆသနာ့ဝန္ထမ္းေတြအေနနဲ႔ လာမယ့္ အေထြေထြေ႐ြးေကာက္ပြဲႀကီးမွာ မဲေပးခြင့္ ေတာင္းဆိုခဲ့တာေတြဟာလည္း ဘာသာေရးနဲ႔ ႏိုင္ငံေရး ေရာေထြးေနၾကၿပီလားဆိုတာက ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ပါတယ္။

ဒါ့ေၾကာင့္လည္း ဒီလိုလုပ္ေဆာင္မႈေတြဟာ မဟနကို ဆန႔္က်င္ၿပီး ဒီမိုကေရစီအစိုးရကို ဖ်က္လိုဖ်က္ဆီးလုပ္တာျဖစ္သလို သာသနာေတာ္ သန႔္ရွင္းတည္တံ့ ျပန႔္ပြားေရးအတြက္ ဝိုင္းဝန္းကူညီေဆာင္႐ြက္ရန္ လိုအပ္တယ္လို႔လည္း သာသနာေရးဌာနက ဇြန္လ ၂၇ ရက္ေန႔က သေဘာထား ထုတ္ျပန္ေၾကညာခ်က္တစ္ရပ္ကို ထုတ္ျပန္ခဲ့သလို မဘသအဖြဲ႕ကို အမည္ေျပာင္းလဲ ဖြဲ႕စည္းထားသည့္ ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္းမွာ တရားမဝင္ အဖြဲ႕အစည္းျဖစ္ေၾကာင္း သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကို က ေျပာဆိုထားမႈေတြ ရွိခဲ့ပါတယ္။

ဒီ ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္း (ဗဟို) ရဲ႕ ႏွစ္ပတ္လည္ စုံညီေတြ႕ဆုံပြဲမွာ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္က သိန္း ၃၀၀ လႉဒါန္းမႈကလည္း ႏိုင္ငံေရးအသိုင္းအဝိုင္းကို  သတိျပဳမိစရာ ျဖစ္ခဲ့ပါတယ္။

သံဃာေတြ မဲေပးခြင့္ေတာင္းဖို႔ လိုၿပီလား

ဝါရင့္ႏိုင္ငံေရးသမားႀကီးတစ္ဦးုျဖစ္သူ ဒီမိုကရက္တစ္ (ျမန္မာ) မွ ဦးသုေ၀ ကလည္း “အဲ့လိုဟာေတြက ဘာေတြလုပ္ၾကတယ္ဆိုတာ ေသခ်ာသိမွလည္း ေဝဖန္လို႔ေကာင္းတာေပါ့ေနာ္။တကယ္က် ဘယ္သူမွေသခ်ာမသိပါဘူး၊ ေသခ်ာမသိပဲနဲ႔ေတာ့ ဘာမွမေျပာခ်င္ပါဘူး။သူတို႔ေတြက မဲေပးခြင့္ ဘယ္လိုေတာင္းလဲေတာ့ မသိဘူးေပါ့ေလ။က်ေနာ္တို႔ အရင္တုန္းကေတာ့ သီးသန႔္ေလ မဲေပးဖို႔ ဘာေတြထဲမွာ ဝင္မပါရဘူးေပါ့။အဲဒီ မဲေပးခြင့္ ရွိ၊ မရွိ ဆိုတာကေတာ့ ဥပေဒအတိုင္းေပါ့ေလ” လို႔ ရဟန္း၊ သံဃာေတြအေနနဲ႔ မဲေပးခြင့္ ေတာင္းဆိုမႈအေပၚ သူ႔ရဲ႕ အျမင္ကို ေျပာျပခဲ့ပါတယ္။

ဒါ့အျပင္ မိမိတို႔ဘာသာကို လြတ္လပ္စြာ ကိုးကြယ္ခြင့္ရွိေပမယ့္ ဘာသာေရးကို ႏိုင္ငံေရးအလို႔ငွာ မသုံးစြဲရဘူးလို႔ အေျခခံမူမွာက ျပ႒ာန္းထားၿပီး ဘာသာေရးအဖြဲ႕အစည္းအေနနဲ႔ကလည္း ႏိုင္ငံေရးနဲ႔ ဘာသာေရးကို သြားၿပီးမေရာေစခ်င္ဘူးလို႔လည္း တ.စ.ည ပါတီ၏ တြဲဖက္အေထြေထြ အတြင္းေရးမႉး ဦးထြန္းရီ က ေျပာၾကားခဲ့ပါေသးတယ္။

“မဘသ ဘာညာဆိုတာထက္ အန္ကယ္တို႔ပါတီအေနနဲ႔က ဘာသာေရးနဲ႔ ပတ္သက္ၿပီး အေျခခံဥပေဒမွာလည္း လြတ္လပ္စြာကိုးကြယ္ခြင့္ ရွိတယ္ေပါ့ဗ်ာ။ေနာက္တစ္ခါ ပါတီအဖြဲ႕အစည္းအေနနဲ႔ကေရာ အေျခခံဥပေဒမွာေရာ သတ္မွတ္ထားတဲ့အတိုင္းပဲ တစ္ဦးခ်င္းတစ္ေယာက္ခ်င္းက မိမိတို႔ဘာသာကို လြတ္လပ္စြာကိုးကြယ္ခြင့္ ရွိေပမယ့္ ဘာသာေရးကို ႏိုင္ငံေရးအလို႔ငွာ မသုံးစြဲရဘူးလို႔ အေျခခံမူမွာက ျပ႒ာန္းထားတယ္။အန္ကယ္တို႔ကေတာ့ ဒီလိုပဲရပ္တည္တဲ့ သေဘာပါ။ဒါကေတာ့ ခက္ပါတယ္။ဘယ္လိုပဲျဖစ္ျဖစ္ ဘယ္အဖြဲ႕အစည္းပဲျဖစ္ျဖစ္ ေစာေစာက ရပ္တည္ခ်က္အတိုင္းပါပဲ။ဘာသာေရးအရ ကိုယ့္အဖြဲ႕အစည္းအရ တစ္ဦးခ်င္း ယုံၾကည္မႈ လြတ္လြတ္လပ္လပ္ လုပ္ခြင့္ရွိပါတယ္။ဒါေပမယ့္ ဘာသာေရးအဖြဲ႕အစည္းအေနနဲ႔ကလည္း ႏိုင္ငံေရးနဲ႔ ဘာသာေရးကို သြားၿပီးမေရာေစခ်င္ဘူး။” လို႔  ဦးထြန္းရီ က ေျပာျပခဲ့ပါတယ္။

ဒါ့အျပင္ ရဟန္း၊ သံဃာေတာ္ေတြအေနနဲ႔ ေ႐ြးေကာက္ပြဲေတြမွာ မဲေပးဖို႔ ေတာင္းဆိုခဲ့သည့္အေပၚမွာ ၎ရဲ႕ သေဘာထားအျမင္ကို ေျပာျပခဲ့ရာမွာလည္း “အဲ့ဒါကေတာ့ ရွင္းရွင္းလင္းလင္းေျပာရင္ေတာ့ ေ႐ြးေကာက္ပြဲဥပေဒတို႔ အေျခခံဥပေဒတို႔မွာ တိတိက်က် ပါၿပီးသားေလ၊ လႊတ္ေတာ္ကိုယ္စားလွယ္ဆိုလည္း လႊတ္ေတာ္ကိုယ္စားလွယ္ ေ႐ြးခ်ယ္ခံရမယ့္ သတ္မွတ္တဲ့ အရည္အခ်င္းေတြရွိတယ္။လႊတ္ေတာ္ကိုယ္စားလွယ္ မေ႐ြးခ်ယ္ခံရဘူးဆိုလည္း သတ္မွတ္တဲ့ အပိုင္းေတြ ရွိပါတယ္။အန္ကယ္တို႔ကေတာ့ ဒီမူအတိုင္းပဲ သြားဖို႔ရွိပါတယ္။အေျခခံဥပေဒ ျပဌာန္းဖို႔ကလည္း ပြင့္ပြင့္လင္းလင္းေျပာရင္ အေျခခံမူေတြ ရဖို႔အတြက္ က်င္းပတဲ့ အမ်ိဳးသားညီလာခံမွာကိုက အန္ကယ္ အပါအဝင္ ပါတီကေန တစ္စိုက္မတ္မတ္ တက္လာတဲ့အခါက်ေတာ့ ဒီမူအေပၚမွာပဲ ရပ္တည္ပါတယ္။လက္ရွိ အေျခခံဥပေဒနဲ႔ ပတ္သက္တဲ့ ေ႐ြးေကာက္ပြဲဆိုင္ရာ မူအတိုင္းပါပဲ သာသနာဝန္ထမ္းေတြက မဲေပးတဲ့ ကိစၥတို႔ ဘာတို႔ကေတာ့ လက္ရွိျပဌာန္းထားတဲ့ ဥပေဒမူအေပၚမွာပဲ ရပ္တည္ပါတယ္။” လို႔ ေျပာၾကားခဲ့ပါတယ္။

သတိထားဖို႔ လိုလာတဲ့ လႈံ႕ေဆာ္ေသြးထိုးမႈ

ျမန္မာႏိုင္ငံမွာ ဘာသာေရးနဲ႔ ႏိုင္ငံေရး ေရာေထြးမႈေတြေၾကာင့္ လူမ်ိဳးေရး၊ ဘာသာေရး အေျခခံတဲ့ အဓိက႐ုဏ္း၊ ပဋိပကၡေတြ မၾကာခဏဆိုသလို ျဖစ္ေပၚေနၿပီး လက္ရွိ ဒီမိုကေရစီအစိုးရသစ္ လက္ထက္မွာလည္း ဘာသာေရးနဲ႔ ႏိုင္ငံေရး ဆက္လက္ေရာေထြးမႈေတြကို ဥပေဒနဲ႔အညီ အေရးယူမႈ အားနည္းေနသလို ထိလြယ္၊ ရွလြယ္တဲ့ ကိစၥရပ္ေတြျဖစ္တာမို႔ ဒါေတြကို ထိန္းေက်ာင္းဖို႔ ခက္ေနလား ဆိုတာကလည္း ေျဖရွင္းရခက္တဲ့ ပုစာၦတစ္ပုဒ္လို ျဖစ္ေနခဲ့ပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာ ႏိုင္ငံေရးကိစၥအလို႔ငွာ ဘာသာသာသနာကို အလြဲသုံးစားမျပဳရလို႔ ျပ႒ာန္းထားေပမယ့္လည္း ႏိုင္ငံေရးကိစၥအလို႔ငွာ ဘာသာေရး အသုံးခ်မႈေတြကို ထိေရာက္စြာ မတားဆီးႏိုင္ေသးတာကေတာ့ ပကတိအမွန္တရားတစ္ခု ျဖစ္ေနျပန္ပါတယ္။ယင္းျဖစ္စဥ္ေတြကို ျပန္ၾကည့္မယ္ဆိုရင္လည္း ၂၀၁၂ ခုႏွစ္က စလို႔ ရခိုင္ျပည္နယ္မွာ အေျချပဳ ျဖစ္ေပၚခဲ့တဲ့ ဘာသာေရးနဲ႔ ႏိုင္ငံေရး အေျခခံတဲ့ ေရာေထြးလႈံ႕ေဆာ္တဲ့ ျဖစ္စဥ္ေတြေၾကာင့္ ၂၀၁၃ ခုႏွစ္မွာ မိတၳီလာ၊ ဥကၠံ၊ လားရႈိး၊ ကန႔္ဘလူ၊ သံတြဲေတြမွာ ဘာသာေရး၊ လူမ်ိဳးေရး ပဋိပကၡေတြ ျဖစ္ပြားၿပီး လူေသဆုံး ထိခိုက္မႈမ်ားစြာ ျဖစ္ေပၚခဲ့ပါတယ္။၂၀၁၂ ခုႏွစ္ ရခိုင္ျဖစ္စဥ္က စလို႔ အမ်ိဳးသားေရး အစြန္းေရာက္ေတြရဲ႕ ေဆာင္႐ြက္မႈေၾကာင့္ ပဋိပကၡေတြျဖစ္မွာကို အၿမဲပဲ စိုးရိမ္ပူပန္မႈေတြ ရွိေနခဲ့ၾကရပါတယ္။ဒါေၾကာင့္လည္း ယခုေနာက္ပိုင္းကာလေတြမွာ လူမ်ိဳးေရး၊ ဘာသာေရး ေသြးထိုးလႈံ႕ေဆာ္မႈေတြကို ျပည္သူလူထုေတြအေနနဲ႔ ဂ႐ုျပဳသတိထားသင့္တယ္ ဆိုတာကိုလည္း သတိခ်ပ္ရမွာ ျဖစ္ပါတယ္။

“တကယ့္တကယ္က်ေတာ့ အမ်ိဳးေတြ ဘာသာေတြ သာသနာေတြကို ထိန္းသိမ္းေစာင့္ေရွာက္ရမယ္ ဆိုတာကို ေျပာၾကတယ္။ဒါေပမယ့္ေလ တို႔တိုင္းျပည္မွာက ႏွစ္ေပါင္းေျမာက္မ်ားစြာ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ၾကတဲ့ ဘာသာေတြရွိတယ္။အထူးသျဖင့္ေတာ့ ဘာသာႀကီး ေလးဘာသာေပါ့ေလ။ကိုယ္က အမ်ိဳးဘာသာသာသနာလို႔ ေျပာလိုက္တိုင္း ေျပာလိုက္တိုင္းမွာ အျမင္က်ယ္က်ယ္နဲ႔ သေဘာထားႀကီးႀကီးနဲ႔ တို႔တိုင္းျပည္မွာ မွီတင္းေနထိုင္ေနၾကတဲ့ ႏိုင္ငံသူ၊ ႏိုင္ငံသားေတြ ကိုးကြယ္ယုံၾကည္တဲ့ ဘာသာေပါင္းစုံကို ထိန္းသိမ္းကာကြယ္ ေစာင့္ေရွာက္ရမယ္ဆိုတဲ့ စိတ္နဲ႔ အဲ့အသိနဲ႔ သြားမွသာလွ်င္ တည္ေဆာက္မွသာလွ်င္ စစ္မွန္တဲ့ အမ်ိဳးဘာသာ၊ သာသနာကို ထိန္းသိမ္းကာကြယ္ ေစာင့္ေရွာက္လို႔ရပါမယ္။ေနာက္တစ္ခုက မ်ိဳးခ်စ္ဆိုတာကလည္း ထိုနည္းတူပါပဲ။ဘာပဲေျပာေျပာ မ်ိဳးခ်စ္စိတ္ဓါတ္ ရွင္သန္ထက္ျမက္ေရးဆိုတာက စာသင္႐ုံနဲ႔ ၿပီးခဲ့တာမဟုတ္ဘူးေလ။အမွန္တကယ္ တိုင္းခ်စ္၊ ျပည္ခ်စ္၊ ႏိုင္ငံခ်စ္   ဒါကိုဆိုလိုတာပါ။တိုင္းခ်စ္၊ ျပည္ခ်စ္၊ ႏိုင္ငံခ်စ္ စိတ္ဓါတ္ရွင္သန္ ထက္ျမက္ဖို႔လိုပါတယ္။ဖြံ႕ၿဖိဳးတိုးတက္ဖို႔ လိုပါတယ္။ဒါမွသာလွ်င္ တို႔တိုင္းျပည္ရဲ႕အက်ိဳး တို႔ ႏိုင္ငံသူ၊ ႏိုင္ငံသားေတြရဲ႕အက်ိဳး တို႔တိုင္းျပည္ထဲမွာ မွီတင္းေနထိုင္ၾကတဲ့ တိုင္းရင္းသား လူမ်ိဳးေပါင္းစုံ၊ ဘာသာေပါင္းစုံ ႏိုင္ငံသူ၊ ႏိုင္ငံသား ျပည္သူလူထု တစ္ရပ္လုံးရဲ႕ အက်ိဳးကို သယ္ပိုးထမ္း႐ြက္ႏိုင္မွာပါေလ။အဲ့လိုမွမဟုတ္ပဲနဲ႔ အစြန္းေရာက္ေစတဲ့ အေတြးအေခၚ၊ အျမင္မ်ိဳးနဲ႔ ထိန္းသိမ္းကာကြယ္ ေစာင့္ေရွာက္ေစခ်င္ရင္ေတာ့ ဒါကစစ္မွန္တဲ့ ထိန္းသိမ္းကာကြယ္ ေစာင့္ေရွာက္တဲ့ ပုံစံမ်ိဳးမဟုတ္ဘူးေပါ့။” လို႔ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႕ ဦးေဆာင္ေကာ္မတီဝင္ ဦးထြန္းၾကည္  ေျပာပါတယ္။

ဒါ့အျပင္ ႏိုင္ငံေရးအလို႔ငွာ ဘာသာေရးကို အသုံးခ်ေနတာကေတာ့ ေတာ္ေတာ္ကိုဆိုး႐ြားတဲ့ ကိစၥျဖစ္ၿပီး ဒါက အတိုင္းထက္အလြန္ အစြန္းေရာက္သြားေစတယ္လို႔ ၎က သုံးသပ္ေျပာျပခဲ့ပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္ ကေတာ့ ႏိုင္ငံသားေတြအားလုံး စည္းလုံးညီၫြတ္ၿပီးေတာ့ တိုင္းျပည္ကို ျပန္လည္တည္ေဆာက္ရမည့္အခ်ိန္ ျပန္လည္ကာကြယ္ရမည့္ အခ်ိန္ျဖစ္သလို တစ္ေယာက္နဲ႔ တစ္ေယာက္ အျပစ္ေတြတင္ လက္ညႇိဳးထိုးၿပီး ေျပာေနရမယ့္ အခ်ိန္မဟုတ္ဘူးလို႔လည္း ေျပာၾကားမႈေတြလည္း ရွိခဲ့ျပန္ပါတယ္။

“က်ေနာ္တို႔က ႏိုင္ငံႀကီးေတြၾကားထဲမွာ လူူဦးေရ သန္း ၅၀ ေလာက္နဲ႔ ေနရတဲ့ ႏိုင္ငံငယ္ေလး ေသးေသးေလး ဆိုတဲ့အခါက်ေတာ့ ဒီအခ်ိန္မွာ လာၿပီးေတာ့ ဘာသာေရး၊ လူမ်ိဳးေရး၊ တိုင္းရင္းသားအေရး၊ အေရးေပါင္းစုံေပါ့ေနာ္။အဲဒီလိုျငင္းခုန္ရမယ့္ အခ်ိန္မဟုတ္ေတာ့တာ၊ တကယ္တမ္း ဒီအဆင့္ကို ေက်ာ္ၾကည့္ရင္ ေျပာခ်င္တာက ကိုယ့္ရပ္တည္ခ်က္ေတြ မွန္တယ္ဆိုတာ သက္ေသျပေနဖို႔ အခ်ိန္မဟုတ္ေတာ့ဘူး။ႏိုင္ငံသားေတြအားလုံး စည္းလုံးညီၫြတ္ၿပီးေတာ့ တိုင္းျပည္ကို ျပန္လည္တည္ေဆာက္ရမယ့္အခ်ိန္ ျပန္လည္ကာကြယ္ရမယ့္အခ်ိန္ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပစ္ေတြတင္ လက္ညႇိဳးထိုးၿပီး ေျပာေနရမယ့္ အခ်ိန္မဟုတ္ဘူး။ႏိုင္ငံသားအခ်င္းခ်င္း ကိုယ့္ရပ္တည္ခ်က္ေတြ မွန္တယ္ဆိုတာ သက္ေသျပေနရမယ့္ အခ်ိန္မဟုတ္ေတာ့ဘူး။ဟိုအဖြဲ႕အစည္းက ဘာျဖစ္တယ္။ဒီအဖြဲ႕အစည္းက ဘာျဖစ္တယ္ဆိုၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ လက္ညႇိဳးထိုးၿပီး ထိုင္ဆဲေနလို႔ကေတာ့ ဒီတိုင္းျပည္ ဘယ္ေတာ့မွတိုးတက္မွာ မဟုတ္ပါဘူး။ေပ်ာက္ကြယ္သြားမယ့္ အႏၲရာယ္ရွိေနတယ္။ ေအးေအးေဆးေဆးနဲ႔ပဲ စည္းလုံးညီၫြတ္ေအာင္ ဘယ္လိုတည္ေဆာက္ၾကမလဲ။ဒီလိုသြားေစခ်င္တယ္။အားလုံးက ႏိုင္ငံသားေတြပါတယ္” လို႔ ေဒါက္တာနႏၵာလွျမင့္ က ေျပာပါတယ္။

တိုင္းရင္းသား ပါတီတစ္ခုျဖစ္တဲ့ ရခိုင္အမ်ိဳးသားပါတီ (ANP) ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးထြန္းေအာင္ေက်ာ္ ကေတာ့ ေယဘုယ်အားျဖင့္ ႏိုင္ငံေရးထဲကို ဘာသာေရးလုပ္တာကိုေတာ့ မလုပ္သင့္ဘူးလို႔ ထင္သလို ႏိုင္ငံေရးမွာ ဘာသာေရးေတြ တက္ပါက ေရာေထြးကုန္ပါက ဒီလိုကိစၥရပ္ေတြဟာ အကုန္လုံးရႈပ္ေထြးမယ့္ ကိစၥရပ္ေတြ ျဖစ္ကုန္မည္ျဖစ္ၿပီး ႏိုင္ငံေရးကိုသြားရင္ ႏိုင္ငံေရးသီးသန႔္ပဲ သြားေစခ်င္တယ္လို႔ ၎ရဲ႕ သေဘာထား အျမင္ကိုလည္း ေျပာျပခဲ့ပါေသးတယ္။

“က်ေနာ္တို႔ကေတာ့ ေယဘုယ်အားျဖင့္ ႏိုင္ငံေရးထဲကို ဘာသာေရးလုပ္တာကိုေတာ့ မလုပ္သင့္ဘူးလို႔ ထင္တယ္။ႏိုင္ငံေရးမွာ ဘာသာေရးေတြ တက္လာရင္ ဒီဟာကအကုန္လုံးရႈပ္ကုန္မယ္။က်ေနာ္တို႔က ႏိုင္ငံေရးကိုသြားရင္ ႏိုင္ငံေရးသီးသန႔္ပဲ သြားေစခ်င္ပါတယ္။ဘာသာေရးလိုင္းကို သိပ္ၿပီးေတာ့ မစြက္ဖက္ေစခ်င္ပါဘူး” လို႔ ဦးထြန္းေအာင္ေက်ာ္ က ေျပာၾကားခဲ့တာပါ။

သာသနာေတာ္ သန႔္ရွင္းေရး လိုေနၿပီလား

အမ်ိဳးဘာသာသာသနာေစာင့္ေရွာက္ေရး ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္း (ဗဟို) ရဲ႕ ႏွစ္ပတ္လည္ စုံညီအခမ္းအနားက "လက္ရွိ ဒီမိုကေရစီအစိုးရကို ဆႏၵမဲမေပးဘဲ ရတဲ့နည္းနဲ႔ ဆန႔္က်င္တြန္းလွန္ ဖယ္ရွားပစ္ဖို႔" အစရွိေသာ ေၾကညာခ်က္မ်ားသည္ တရားမဝင္သည့္ အသင္းအဖြဲ႕တစ္ခုက အမ်ားျပည္သူ ေ႐ြးခ်ယ္တင္ေျမႇာက္ထားသည့္ ဒီမိုကေရစီအစိုးရအား ဖ်က္လိုဖ်က္ဆီး ေဆာင္႐ြက္ရန္ စိန္ေခၚသည့္ ျပယုဂ္တစ္ခုျဖစ္၍ အမ်ားျပည္သူက ေစာင့္ၾကည့္တားဆီး ကာကြယ္သြားရန္ လိုအပ္သလို ယခုကဲ့သို႔ တရားမဝင္ အဖြဲ႕အစည္းမ်ား၏ ေလာကဓမၼႏွင့္ ဆန႔္က်င္ေသာ လုပ္ေဆာင္ခ်က္မ်ားသည္ သမိုင္းတင္က်န္ခဲ့မည္ကို အထူးသတိခ်ပ္သင့္တယ္လို႔လည္း  သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနမွ ဇြန္လ ၂၇ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

ဒါ့အျပင္ ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္း (ဗဟို) ၏ ႏွစ္ပတ္လည္ စုံညီေတြ႕ဆုံပြဲမွာ ဒုဥကၠ႒-၂ ဇြဲကပင္ မဲေဘာင္ေက်ာင္းမွ ဘဒၵႏၲကဝိဓဇ က ဝရမ္းေျပးေၾကညာျခင္း ခံထားရေသာ ဦးဝီရသူ ကို “သာသနာ့ သူရဲေကာင္း” ဟု မသင့္မေလ်ာ္ ေျပာၾကားခဲ့ေၾကာင္း၊ ထို႔အျပင္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕က တရားမဝင္ဟု သတ္မွတ္ထားေသာ အဖြဲ႕ထံ အဖြဲ႕အစည္းႀကီးတစ္ခုမွ ေငြက်ပ္သိန္း ၃၀၀ လႉဒါန္းခဲ့ျခင္းသည္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕၏ ဆုံးျဖတ္ခ်က္ကို ဆန႔္က်င္ရာေရာက္ေသာ လုပ္ရပ္တစ္ခုျဖစ္တယ္လို႔ အမ်ားျပည္သူက ရႈျမင္ၾကေၾကာင္း၊ အမ်ိဳးဘာသာသာသနာ ေခါင္းစဥ္တပ္၍ ႏိုင္ငံေရး၊ ဘာသာေရး၊ လူမ်ိဳးေရး၊ လူမႈေရး အစရွိေသာ အေရးအရာမ်ားကို ရႈပ္ေထြးေအာင္ ေဆာင္႐ြက္သည့္ ရဟန္းမ်ားႏွင့္ ျမန္မာႏိုင္ငံ လြတ္လပ္ေရးႀကိဳးပမ္းစဥ္ အခ်ိန္ကာလက အမ်ိဳးသားေရး ဝံသာႏုရကၡိတစိတ္ျဖင့္ လြတ္လပ္ေရးရရွိေအာင္ ဆန႔္က်င္တိုက္ပြဲဝင္ခဲ့သည့္ ဆရာေတာ္ ဦးဥတၱမ၏ ေဆာင္႐ြက္ခ်က္မ်ားကို မည္သို႔မွ် ထပ္တူႏႈိင္းယွဥ္ေျပာၾကား၍ မရႏိုင္သည္ကို သတိျပဳသင့္တယ္လို႔လည္း အဆိုပါထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့တာပါ။

လက္ရွိ အာဏာရပါတီ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫႊန႔္ ကေတာ့  ယင္းကိစၥရပ္ေတြအေပၚဘာမွမွတ္ခ်က္မျပဳလိုဘဲ ထိုကဲ့သို႔ေဆာင္႐ြက္မႈေတြကို “ျပည္သူေတြ သိပါတယ္” လို႔  ျပည္တြင္းသတင္းမီဒီယာဌာနတစ္ခုႏွင့္ ေတြ႕ဆုံစဥ္မွာ ေျဖၾကားမႈေတြ ရွိခဲ့ပါတယ္။

“အဓိက ကေတာ့ သူတို႔ရဲ႕ေျပာၾကားခ်က္ေတြ သူတို႔ရဲ႕ ထုတ္ျပန္ခ်က္ေတြကို ဖတ္ျခင္းအားျဖင့္ ဒါကေတာ့ သူတို႔က လက္ရွိ တည္ဆဲအစိုးရ ျပဳတ္က်ေရးကို ဦးတည္ေစပါတယ္။ဘာသာေရးကို အသုံးခ်မယ္။တကယ့္တကယ္က် အသြင္ကူးေျပာင္းေရး အစိုးရကို ဝိုင္းၿပီးေတာ့ ပံ့ပိုးကူညီရမွာေလ။အသြင္ကူးေျပာင္းေရးက ဒီမိုကေရစီ ျဖစ္တဲ့အတြက္ အခက္အခဲ အၾကပ္အတည္း စိန္ေခၚမႈေတြက အမ်ားႀကီးပါ။အခုဟာက ဘယ္လိုျဖစ္လာလဲဆိုေတာ့ ဒီဝန္းရံဖို႔ေနသာသာ အစိုးရျပဳတ္က်ေရးကို ဦးတည္လာတဲ့အတြက္ေၾကာင့္မို႔ ဒါက တိုင္းျပည္ရဲ႕ အနာဂတ္အတြက္ ေတာ္ေတ္ာေလး အ႐ုပ္ဆိုးအက်ဥ္းတန္ပါတယ္။အဲ့အတြက္ေၾကာင့္မို႔  လြတ္လပ္စြာ ကိုးကြယ္ခြင့္ရွိတယ္ဆိုတာ ဖြဲ႕စည္းပုံမွာလည္း ျပဌာန္းထားတယ္။ဒါေပမယ့္ ရည္႐ြယ္ခ်က္ရွွိရွိနဲ႔ စနစ္တက် အာဏာလက္လႊတ္ခဲ့ရတဲ့ အဖြဲ႕အစည္းက ၎တို႔ အာဏာျပန္ရရွိေရး ႀကိဳးပမ္းတဲ့ေနရာမွာ နည္းမွန္လမ္းမွန္နဲ႔ ႀကိဳးပမ္းေရး မဟုတ္ပဲနဲ႔ ႏိုင္ငံေရးအလို႔ငွာ ဘာသာေရးကို အစြန္းေရာက္ အမ်ိဳးသားေရးကို  ေတြးေခၚႀကိဳးပမ္းလာရတာေတြကေတာ့ ဒီမွန္ကန္တဲ့ ႀကိဳးပမ္းခ်က္ မဟုတ္ပါဘူး။အင္မတန္အႏၲရာယ္ႀကီးပါတယ္။” လို႔ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႕ ဦးေဆာင္အဖြဲ႕ဝင္ ဦးထြန္းၾကည္ ကလည္း ၎ရဲ႕ အျမင္ကို သုံးသပ္ေျပာျပခဲ့ပါတယ္။

ထို႔အတူ ရခိုင္အမ်ိဳးသားပါတီ (ANP) ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးထြန္းေအာင္ေက်ာ္ ကလည္း “သာသနာ သန႔္ရွင္းေရး ကိစၥရပ္နဲ႔ ပတ္သက္လို႔ ပြင့္ပြင့္လင္းလင္းေျပာရရင္ ၁၉၈၀ ခုႏွစ္ေလာက္က ျမန္မာဆိုရွယ္လစ္လမ္းစဥ္ပါတီ အုပ္ခ်ဳပ္ေနတဲ့ အစိုးရလက္ထက္မွာ က်ေနာ္တို႔ ကမာၻသိေအာင္ လုပ္ခဲ့တာရွိပါတယ္။ကမာၻေပၚမွာ က်ေနာ္တို႔ ႏိုင္ငံရဲ႕ ဂုဏ္သိကၡာကို ကမာၻကသိေအာင္ လုပ္ေပးႏိုင္တဲ့ အင္မတန္ေကာင္းမြန္တဲ့ ေဆာင္႐ြက္မႈႀကီး ျဖစ္ပါတယ္။အဲ့တုန္းက က်ေနာ္တို႔က သာသနာပိုင္းဆိုင္ရာ ေထႀကီး၊ ဝါႀကီးေတြက သာသနာသန႔္ရွင္းေရးအတြက္ အဓိကထားၿပီး လုပ္ေဆာင္ခဲ့တဲ့ မြန္ျမတ္တဲ့ ရည္႐ြယ္ခ်က္လို႔ က်ေန္ာျမင္ပါတယ္။အခုကေတာ့ မဟနရဲ႕ ၾသဇာက ဒီလာက္အထိရွိမယ္လို႔ မျမင္ေတာ့ပါဘူး။က်ေနာ္တို႔ကေတာ့ မဟနကို ကိုယ့္ရဲ႕သာသနာ သန႔္ရွင္းေရးအတြက္ ဟိုဘက္၊ ဒီဘက္ မယိမ္းပဲနဲ႔  ဘယ္သူ႔မ်က္ႏွာမွ မေထာက္ပဲ သာသနာသန႔္ရွင္းေရး လုပ္ေစခ်င္ပါတယ္။” လို႔ ေျပာၾကားမႈေတြ ရွိခဲ့တာပါ။

သု႔ိေသာ္လည္း သမၼတေဟာင္း ဦးသိန္းစိန္ အစိုးရက အစြန္းေရာက္ ဘာသာေရး လႈပ္ရွားမႈေတြကို အေရးမယူခဲ့တဲ့အျပင္ ဘာသာေရးအဖြဲ႕ေတြ ေတာင္းဆိုတဲ့ ဥပေဒေတြကို အသက္ဝင္ေအာင္ အတည္ျပဳေပးထားခဲ့သလို၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲအၿပီး တက္လာတဲ့ NLD အစိုးရသစ္ လက္ထက္မွာလည္း အစြန္းေရာက္ ဘာသာေရးအဖြဲ႕ေတြကို တားဆီးမႈတခ်ိဳ႕ လုပ္ေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ဘာသာေရးနဲ႔ ႏိုင္ငံေရး ေရာေထြးမႈေတြကို အျမစ္ျပတ္ေအာင္ မတားဆီးႏိုင္ေသးပါဘူး။အထူးသျဖင့္ အစြန္းေရာက္ ဘာသာေရးအဖြဲ႕ေတြ ဆက္လက္ရွင္သန္ လႈပ္ရွားခြင့္ ရရွိေနဆဲ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း လူမ်ိဳးေရး၊ ဘာသာေရး၊ ႏိုင္ငံေရး၊ ပဋိပကၡ ေထာင္ေခ်ာက္ဆိုတာကို ကာကြယ္ဖို႔ အားလုံး တစ္ဦးခ်င္းစီ တစ္ဦးခ်င္းစီမွာ တာဝန္ရွိပါတယ္။ဒါကိုကာကြယ္ရပါမယ္။အဲ့ဒီေထာက္ေခ်ာက္ထဲကို လူမ်ိဳးေပါင္းစုံ၊ ဘာသာေပါင္းစုံ ႏိုင္ငံသူ၊ ႏိုင္ငံသားေတြအားလုံး အထူးသျဖင့္ေတာ့ တစ္ဦးခ်င္းဆီက တိုင္းခ်စ္၊ ျပည္ခ်စ္ ႏိုင္ငံခ်စ္ စိတ္ဓါတ္ေတြနဲ႔ အဲ့အသိေတြနဲ႔ ဘာပဲေျပာေျပာ ထိန္းသိမ္းကာကြယ္ရမွာ တားဆီးရမွာ ျဖစ္ပါတယ္။

လူမ်ိဳးေရး၊ ဘာသာေရး၊ ပဋိပကၡေတြနဲ႔ တိုင္းျပည္ ကေမာက္ကမျဖစ္ေအာင္ အမုန္းတရားေတြ အမုန္းစကားေတြကိုေျပာၿပီး တိုင္းျပည္မၿငိမ္မသက္ျဖစ္မွ ကာကြယ္တာထက္ စုံလင္ကြဲျပားတဲ့ လူမ်ိဳးေပါင္းစုံ ဘာသာေပါင္းစုံတို႔က ေသြးစည္းညီၫြတ္စြာျဖင့္ တိုင္းျပည္ကို ေက်ာခ်င္းကပ္၊ လက္ခ်င္းယွက္ၿပီး အေျပာသက္သက္မဟုတ္ပဲ လက္ေတြ႕က်က် ျပည္တြင္း ျပည္ပ ရန္ကို ကာကြယ္တားဆီးဖို႔ လိုတယ္ဆိုကေတာ့ ျငင္းမရတဲ့ အခ်က္တစ္ခ်က္ ျဖစ္ပါေတာ့တယ္။

ေျပသိမ္း
ဇူလိုင္ - ၂