【 သတင်းဆောင်းပါး 】 “၂၀၂၀ အလွန် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အလားအလာ”

ပြီးခဲ့တဲ့လကုန်ပိုင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)၊ (၄) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားဟာ ယခင်ကထက်ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။ဒီအခမ်းအနားကို NCA စာချုပ်ကို လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် NCA စာချုပ်ကို လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပါ စုံစုံညီညီတက်ရောက်ခဲ့တဲ့ ဒီအခြေအနေဟာ ၂၀၂၀ အလွန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့  ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို သွားနိုင်ရေးအတွက် အလားအလာကောင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။ဒီလို ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ ဝိသေသလက္ခဏာတစ်ရပ်ဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းတွေကနေ တိုင်းရင်းသားလူမျိုးစုတွေအကြား အားကောင်းတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဘုံသဘောတူညီချက်တွေကို ချမှတ်ဆောင်ရွက်နိုင်ခဲ့တာဟာလည်း  အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် အမျိုးသားတန်းတူရေးအတွက် ကောင်းမွန်တဲ့လက္ခဏာတစ်ရပ် ဖြစ်လာခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။ထို့အတူ အစိုးရအနေနဲ့ ရှေ့လာမယ့်ကာလတွေမှာ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၃) ရပ်ကို အပြင်းအထန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အောက်တိုဘာ ၂၈ ရက်နေ့က နေပြည်တော်ရှိ MICC - 2 တွင် ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)၊ (၄) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ ပြောကြားခဲ့မှုကို  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများစုက ကြိုဆိုထောက်ခံခဲ့ကြပါတယ်။ယင်းကဲ့သို့ ပြောကြားမှုဟာ အနာဂတ်တိုင်းပြည်ကောင်းစားရေးအတွက် တံတားတစ်ခုကို ပုံဖော်တည်ဆောက်နိုင်ဖို့ ယုံကြည်တယ်လို့လည်း NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ဆိုပါတယ်။

စုပေါင်းအင်အား

သို့သော်လည်း ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် တိုင်းရင်းသားတွေအတွက် တန်းတူအခွင့်အရေး ရရှိဖို့ဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတစ်ယောက်တည်းက လုပ်ဆောင်လို့ရသော ကိစ္စမဟုတ်သည့်အတွက် အားလုံးက ဝိုင်းဝန်းစုပေါင်းပြီး လုပ်ဆောင်မှရနိုင်မယ်လို့လည်း လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ဗဟိုပြန်ကြားရေးကော်မတီ၊ အတွင်းရေးမှူး မုံရွာဦးအောင်ရှင် က ပြောပြခဲ့ပါတယ်။

“ဒီလိုဗျာ့ ငြိမ်းချမ်းရေးကိစ္စပဲဖြစ်ဖြစ်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပဲဖြစ်ဖြစ် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိစ္စပဲဖြစ်ဖြစ် အကုန်လုံးက ချိတ်ဆက်နေတာပဲလေ၊ ဆက်နွယ်နေတာပဲလေ၊ ဥပမာပြောရမယ်ဆိုရင် ဂျပန်သတင်းဌာနနဲ့တွေ့တော့ ဒေါ်စု က ပြောတယ်လေ။၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဖို့ကိစ္စဟာ ၂၀၂၀ မှာတောင် ပြောလို့မရသေးဘူးလို့ ပြောခဲ့တာရှိပါတယ်။ဒါဟာ ဒီကိစ္စကိုရပ်မယ်လို့ ပြောခဲ့တာမဟုတ်ပါဘူး။ဆက်လုပ်မယ်လို့ပြောတာပါ။အဲ့ဒါနဲ့ပတ်သက်လို့ ကျနော်တို့ ချိတ်ဆက်စဉ်းစားလိုက်တဲ့အခါကျတော့ စောနကပြောတဲ့အထဲမှာ ငြိမ်းချမ်းရေးကိစ္စတွေပါတယ်။အခုလာမယ့်ကာလမှာ စတုထ္ထအကြိမ် ငြိမ်းချမ်းရေးညီလာခံကို လုပ်ဖို့ရှိနေတယ်။သို့သော်လည်း ဒေါ်စု ထပ်ပြောခဲ့တာရှိပါတယ်၊ နှစ်ပေါင်း ၇၀ လောက် ကိစ္စကို ၃ နှစ်လောက်နဲ့တော့ မဖြစ်နိုင်ဘူးလို့ ပြောတယ်လေ။အဲ့ဒါလည်း ကျနော်တို့စဉ်းစားရမှာပါပဲ။နောက်တစ်ခါ တိုင်းရင်းသားတွေပြောနေတဲ့ တန်းတူအခွင့်အရေးတွေ မရသေးဘူးဆိုတာလည်း အမှန်ပါ။အဲ့ဒါကိုလည်း ကျနော်တို့က ဒါကိုဝန်ခံရမှာပါပဲ။သို့သော်လည်းပဲ ဒီလိုအခွင့်အရေး အားလုံးရဖို့အတွက်ကျတော့ NLD တစ်ခုတည်းနဲ့ လုပ်လို့မရပါဘူး။ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းနဲ့လည်း လုပ်လို့မရပါဘူး။အထူးသဖြင့်တော့ တိုင်းရင်းသားပါတီတွေ တိုင်းရင်းသားမျိုးနွယ် ပြည်သူလူထုတွေ တိုင်းရင်းသား NGO တွေ CSO တွေ ဝိုင်းပြီးတော့လုပ်မှရပါမယ်။ကျနော်တို့ဘက်ကလည်း ဒီမိုကရေစီ လိုလားတဲ့ ဒီမိုကရက်တစ် နိုင်ငံရေးပါတီတွေ ရှိမယ်ဗျာ။
နောက်တစ်ခါ  တပ်မတော်ရှိတယ်ဗျာ၊ အဲ့တာတွေကို အကုန်လုံးပေါင်းပြီးတော့ လုပ်မှရပါမယ်။တစ်ဖွဲ့တည်းနဲ့တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။အဲ့ဒါကတော့ ကျနော်ပြောရဲပါတယ်။” လို့ မုံရွာဦးအောင်ရှင် က ၎င်းရဲ့အမြင်ကို သုံးသပ်ပြောကြားခဲ့တာပါ။

ဒါ့အပြင် လက်နက်ကိုင်ထားတဲ့ လူအချင်းချင်း စကားပြောရတာဟာ ရိုးရိုးလက်နက်မကိုင်ထားတဲ့ လူအချင်းချင်းထက် စကားပြောရတာ ပိုခက်တယ်လို့လည်း ၎င်းက ထပ်လောင်းပြောပြခဲ့ပါသေးတယ်။

သို့သော်လည်း တစ်ချိန်တုန်းက ပစ်ခတ်နေကြတဲ့သူတွေဟာ ယနေ့အချိန်မှာ စားပွဲဝိုင်းပေါ်ထိုင်ပြီး ငြင်းနိုင်ခုန်နိုင်တယ်ဆိုတာဟာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်လာတယ်လို့ ဆိုနိုင်ကြောင်း (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး က ပြောကြားခဲ့ပြန်ပါတယ်။

“NCA စာချုပ် လက်မှတ်ထိုးပြီးသား အဖွဲ့တွေပေါ့လေ။ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ၈ ဖွဲ့၊ ဒီဘက်အစိုးရလက်ထက်မှာ ၂ ဖွဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ငြိမ်းချမ်းရေးက အင်မတန်အရေးကြီးပါတယ်။ငြိမ်းချမ်းရေးဆိုတာ အင်မတန်စိတ်ရှည်ရပါတယ်။တချိန်တုန်းက ပစ်ခတ်နေတယ်ဆိုတဲ့ကြားထဲမှာ စားပွဲပေါ်ထိုင်ပြီးတော့ ငြင်းနိုင်၊ ခုန်နိုင်တယ်ဆိုရင်တောင် ဒါကတိုးတက်တယ်လို့ ပြောလို့ရပါတယ်။” လို့ ဦးကိုကိုကြီး က ပြောကြားခဲ့တာပါ။

စိတ်ရင်းစေတနာကောင်းဖြင့်

ဒါ့အပြင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ခေါင်းဆောင်ဖြစ်သူ သူရဦးရွှေမန်း ကလည်း မည်သည့်ကိစ္စမဆို ဟန်ပြမလုပ်ဘဲ စိတ်ရင်းစေတနာနဲ့ အမှန်အတိုင်း ရိုးသားစွာဖြင့် တစ်ဦးနှင့်တစ်ဦး လေးလေးစားစား ဆောင်ရွက်မယ်ဆိုပါက အခြေအနေတွေအားလုံးက တိုးတက်လာမှာဖြစ်တယ်လို့ ၎င်းရဲ့အမြင်ကို ပြောပြခဲ့ပါသေးတယ်။

“ငြိမ်းချမ်းရေးကတော့ ကျနော်တို့နိုင်ငံသားအားလုံး လိုလားတောင်းတတဲ့ ကိစ္စပဲဖြစ်ပါတယ်။ဒီနေရာမှာ ဘယ်သူ့မှာတာဝန်ရှိလဲဆိုတာ အားလုံးမှာတာဝန်ရှိပါတယ်။သို့ရာတွင် ဘယ်သူတွေက တာဝန်အရှိဆုံးလဲဆိုတာကတော့ အထူးပြောနေစရာမလိုပါဘူး။တာဝန်အရှိဆုံးသူတွေက တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ နားလည်ဖို့လိုပါတယ်၊ ယုံကြည်ဖို့လိုပါတယ် နားလည်မှု၊ ယုံကြည်မှု ရှိမယ်ဆိုရင်တော့  ငြိမ်းချမ်းရေးခြေလှမ်းက ရှေ့ကိုရောက်မှာဖြစ်ပါတယ်။နားလည်မှု ယုံကြည်မှု မရှိဘူးဆိုရင်တော့ အလှမ်းဝေးနေအုံးမှာ ဖြစ်ပါတယ်။ဒီလိုဆောင်ရွက်တဲ့နေရာမှာ စိတ်စေတနာမှန်သလို လုပ်နည်းလုပ်ဟန်မှန်ဖို့ လိုပါတယ်။အဲ့လိုလုပ်နည်းလုပ်ဟန်မှန်ဖို့ ဆိုရင် လက်ရှိပကတိအခြေအနေကို အမှန်အတိုင်းသိမြင်နိုင်ဖို့ လိုပါတယ်။အထူးသဖြင့်တော့ အမုန်းတရား၊ အဃာတ၊ စိုးရိမ်မှုလွန်ကဲတာ ငြိမ်းချမ်းရေးအတွက်ရော လူ့လောကအတွက်ရော ဖျက်ဆီးတတ်တဲ့ သဘာဝရှိပါတယ်။ဒါကြောင့်မို့ မလိုလားအပ်သော အဃာတအမုန်းတရား ပြီးတဲ့အခါမှာ သူတို့ကိုယ်သူတို့ အထင်သေးမှု စိုးရိမ်မှုများမရှိဖို့ လိုပါတယ်။” လို့ သူရဦးရွှေမန်း က ပြောကြားခဲ့ပါတယ်။

မည်သို့ပင်ဆိုစေကာမူ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် အမျိုးသားတန်းတူရေးကို ရှေးရူမည်ဆိုသော လက်ရှိအရပ်သားအစိုးရသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေကို ပြင်ဆင်နိုင်ပါ့မလားဆိုတာကလည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေကြားမှာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ယင်းကိစ္စနှင့် ပတ်သက်၍ ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဦးသုဝေ ‌‌က တိုင်းပြည်ရဲ့အစိုးရ တက်လာတဲ့အစိုးရတိုင်းက သူတို့လက်ထက်မှာ သူတို့လုပ်နိုင်တဲ့အထိ အောင်မြင်အောင်၊ တိုးတက်အောင် ကြိုးစားကြမှာဖြစ်ပေမယ့် သုံးသပ်ကြည့်ရသလောက် လက်ရှိအစိုးရက အတွေ့အကြုံနည်းသည့်အတွက် အဖွဲ့အစည်းနဲ့လုပ်ရကိုင်တဲ့နေရာမှာ မလွယ်ကူတာတွေရှိနေနိုင်တယ်လို့ ၎င်းရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

ထို့အတူ တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) မှ ပြောခွင့်ပုဂ္ဂိုလ် ဦးထွန်းအောင်ကျော် ကလည်း “နှစ်ပေါင်း (၇၀) ဘာကြောင့် ပြည်တွင်းစစ်ဖြစ်နေရတာလဲဆိုတာကို အားလုံးကနားလည်ပါတယ်။တိုင်းရင်းသားတွေ လိုချင်တဲ့ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို မိမိတို့လူမျိုးနဲ့ မိမိတို့ပြည်နယ်ကို အလှဆင်ချင်တဲ့ ကိုယ်ပိုင်ဆန္ဒတွေကို ပစ်ပယ်ပြီး ဒီလက်နက်အားကိုး အာဏာအားကိုးတာကိုပဲ ကျနော်တို့ တိုင်းရင်းသားတွေ တောက်လျှောက်ခံခဲ့ရပါတယ်။ဒီပြဿနာဟာ အဲ့ဒါတွေကြောင့်မပြီးဘူး၊ ဒီအဖြေကိုလည်း အားလုံးသိနေပြီ၊ အဲ့ဒါကြောင့် ၂၀၂၀ မှာ တကယ့် တကယ် စိတ်ရင်းစေတနာနဲ့ တိုင်းရင်းသားညီအစ်ကိုတွေဆိုတဲ့ မှန်ကန်တဲ့ စိတ်ရင်းစေတနာနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ကျနော်တို့ လက်တစ်ကမ်းမှာရှိနေတဲ့ အခွင့်ရှိရေးကို မိမိရရကိုင်ပြီးတော့ ၂၀၂၀ မှာ ငြိမ်းချမ်းသာယာတဲ့ တိုင်းပြည်ကို ဖော်ဆောင်ပေးမယ့် ဦးဆောင်မှုကို ကျနော်တို့ လိုချင်ပါတယ်။” လို့ ပြောကြားခဲ့ပြန်ပါတယ်။

ဒါ့အပြင် ချင်းအမျိုးသားတပ်ဦး (CNF) မှ ဒုတိယဥက္ကဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း က ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ကို အခြေခံပြီး ဖက်ဒရယ်အခြေခံမူကို ရအောင်ကြိုးစားသွားမယ်လို့လည်း NCA စာချုပ် လက်မှတ်ရေးထိုးခြင်း (၄) နှစ်မြောက်၊ နှစ်ပတ်လည် အခမ်းအနားမှာ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသေးတယ်။

“ဒီမိုကရေစီစနစ်နဲ့ဖက်ဒရယ်ကို အခြေခံပြီးတော့ ဖက်ဒရယ်အခြေခံမူကို ကျနော်တို့ ရအောင်ကြိုးစားမယ်။ပြီးလို့ရှိရင် ၂၀၂၀ မှာလည်းပဲ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ဆက်လက်ဆောင်ရွက်ပေးဖို့ကြိုးစားမယ်။အဓိက ကတော့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) မှာ ဒီတိုင်းပြည်ကြီးကို ဒီနိုင်ငံတော်ကြီးကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံပြီးတော့ ထူထောင်မယ်ဆိုပြီးတော့ သဘောတူထားပြီးသားရှိပါတယ်။ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ် အများကြီးရှိပါတယ်။ဖက်ဒရယ်စနစ်ဆိုတာလည်း အများကြီးရှိပါတယ်။အဲ့လိုအများကြီးရှိတဲ့ ဒီမိုကရေစီစနစ်တွေထဲက ကျနော်တို့တိုင်းပြည်နဲ့ အသင့်တော်ဆုံး ဒီမိုကရေစီစနစ်က ဘာဖြစ်မလဲ ဖက်ဒရယ်စနစ်က ဘာဖြစ်မလဲဆိုတာကို ကျနော်တို့ ညှိနှိုင်းပြီးလုပ်ပါမယ်။” လို့ ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဌ  ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပိုမိုအကောင်အထည်ဖော်ဖို့လို

ဒါကြောင့်လည်း (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး က ဘာကိုမယုံကြည်နေရသလဲဆိုတာကို ပြန်လည်ဆန်းစစ်ပြီး တရားမျှတတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပိုမိုအကောင်အထည်ဖော်ကြဖို့ NCA (၄) နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ တိုက်တွန်းပြောကြားမှုတွေ ရှိခဲ့ပါတယ်။အထူးသဖြင့်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပါပြီးသားဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွေဟာ NLD အစိုးရရဲ့ အဓိကလုပ်ဆောင်ရမယ့်အရာတွေဖြစ်ပြီး ၂၀၂၀ အလွန်မှာ NLD ပါတီအနေဖြင့် အစိုးရတစ်ရပ်ကို ထပ်မံဖွဲ့စည်းနိုင်ပါက ယင်းကိစ္စရပ်တွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း NLD ဗဟိုပြန်ကြားရေးကော်မတီ၊ အတွင်းရေးမှူး မုံရွာဦးအောင်ရှင် က ထပ်လောင်းပြောကြားခဲ့ပါတယ်။

“အခု ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့ပေါ့။ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အဲ့ဒါကိုပြီးအောင်လုပ်ပါမယ်။ဒုတိယပြီးအောင် လုပ်မှာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဲ့ဒါကိုလည်း အဓိကထားလုပ်ရပါမယ်။ဒီနှစ်ခုက တော်တော်လေးအရေးကြီးပါတယ်။သို့သော်လည်း လတ်တလောလုပ်ရမယ့် အလုပ်က ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရရေးပါပဲ။အဲ့ဒါကိုလုပ်ပါမယ်။၂၀၂၀ ကတော့ ပြောရရင် ကျနော်တို့က အများကြီးနားလည်ထားတာတွေရှိပါတယ်။၂၀၂၀ ဟာ NLD အစိုးရဖွဲ့နိုင်တဲ့ ဆန္ဒမဲရနိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။လောလောဆယ်ကတော့ ပြီးခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ပြောခဲ့သလိုပါပဲ၊ ၂၀၂၀ ရွေးကောက်ပွဲက အဓိကပါပဲ။အဲ့ဒီဟာကို အားသွန်ခွန်စိုက်ပြီးတော့ လုပ်ပါမယ်။၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရမှ ကျနော်တို့ရှေ့ဆက်ပြီးတော့ လုပ်စရာရှိတဲ့ အလုပ်တွေကို လုပ်လို့ရပါမယ်။” လို့ မုံရွာဦးအောင်ရှင် က ပြောကြားခဲ့တာပါ။

ဒါကြောင့်လည်း ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ NLD ပါတီ အစိုးရအဖွဲ့ကို ထပ်မံဖွဲ့စည်းနိုင်ခဲ့ပါက ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက်တွေဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် အမျိုးသားတန်းတူရေးတွေ အပါအဝင် စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို အမှန်တကယ်ဘဲ ရှေ့ဆက်သွားနိုင်မလားဆိုတာကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေအနေနဲ့ ဆက်လက်စောင့်ကြည့်ရမယ့် အနေအထားတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။

ပြေသိမ်း
နို၀င်ဘာ - ၅

( Zawgyi )

ၿပီးခဲ့တဲ့လကုန္ပိုင္းက ေနျပည္ေတာ္မွာ ျပဳလုပ္ခဲ့တဲ့ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA)၊ (၄) ႏွစ္ေျမာက္ ႏွစ္ပတ္လည္အခမ္းအနားဟာ ယခင္ကထက္ပိုၿပီး စိတ္ဝင္စားဖို႔ ေကာင္းလာပါတယ္။ဒီအခမ္းအနားကို NCA စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားၾကတဲ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြ အပါအဝင္ NCA စာခ်ဳပ္ကို လက္မွတ္ မေရးထိုးရေသးတဲ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြပါ စုံစုံညီညီတက္ေရာက္ခဲ့တဲ့ ဒီအေျခအေနဟာ ၂၀၂၀ အလြန္မွာ တစ္ႏိုင္ငံလုံး အတိုင္းအတာအေနနဲ႔  ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ စစ္မွန္တဲ့ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုႀကီးကို သြားႏိုင္ေရးအတြက္ အလားအလာေကာင္းတစ္ရပ္ ျဖစ္ခဲ့ပါတယ္။ဒီလို ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ ေကာင္းမြန္တဲ့ ဝိေသသလကၡဏာတစ္ရပ္ျဖစ္တဲ့ ႏိုင္ငံေရးေဆြးေႏြးပြဲ စကားဝိုင္းေတြကေန တိုင္းရင္းသားလူမ်ိဳးစုေတြအၾကား အားေကာင္းတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ဘုံသေဘာတူညီခ်က္ေတြကို ခ်မွတ္ေဆာင္႐ြက္ႏိုင္ခဲ့တာဟာလည္း  အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရးႏွင့္ အမ်ိဳးသားတန္းတူေရးအတြက္ ေကာင္းမြန္တဲ့လကၡဏာတစ္ရပ္ ျဖစ္လာခဲ့တယ္လို႔လည္း ဆိုႏိုင္ပါတယ္။ထို႔အတူ အစိုးရအေနနဲ႔ ေရွ႕လာမယ့္ကာလေတြမွာ ေရွ႕ဆက္သြားမယ့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ (၃) ရပ္ကို အျပင္းအထန္ ႀကိဳးပမ္းေဆာင္႐ြက္သြားမယ္လို႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန ဥကၠဌ၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ေအာက္တိုဘာ ၂၈ ရက္ေန႔က ေနျပည္ေတာ္ရွိ MICC - 2 တြင္ က်င္းပခဲ့တဲ့ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA)၊ (၄) ႏွစ္ေျမာက္ ႏွစ္ပတ္လည္အခမ္းအနားမွာ ေျပာၾကားခဲ့မႈကို  တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းအမ်ားစုက ႀကိဳဆိုေထာက္ခံခဲ့ၾကပါတယ္။ယင္းကဲ့သို႔ ေျပာၾကားမႈဟာ အနာဂတ္တိုင္းျပည္ေကာင္းစားေရးအတြက္ တံတားတစ္ခုကို ပုံေဖာ္တည္ေဆာက္ႏိုင္ဖို႔ ယုံၾကည္တယ္လို႔လည္း NCA စာခ်ဳပ္ လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားက ဆိုပါတယ္။

စုေပါင္းအင္အား

သို႔ေသာ္လည္း ျပည္တြင္းၿငိမ္းခ်မ္းေရး၊ အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရးႏွင့္ တိုင္းရင္းသားေတြအတြက္ တန္းတူအခြင့္အေရး ရရွိဖို႔ဆိုတာဟာ ေဒၚေအာင္ဆန္းစုၾကည္ တစ္ဦးတစ္ေယာက္တည္းက လုပ္ေဆာင္လို႔ရေသာ ကိစၥမဟုတ္သည့္အတြက္ အားလုံးက ဝိုင္းဝန္းစုေပါင္းၿပီး လုပ္ေဆာင္မွရႏိုင္မယ္လို႔လည္း လက္ရွိအာဏာရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ရဲ႕ ဗဟိုျပန္ၾကားေရးေကာ္မတီ၊ အတြင္းေရးမႉး မုံ႐ြာဦးေအာင္ရွင္ က ေျပာျပခဲ့ပါတယ္။

“ဒီလိုဗ်ာ့ ၿငိမ္းခ်မ္းေရးကိစၥပဲျဖစ္ျဖစ္၊ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးပဲျဖစ္ျဖစ္ အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရးကိစၥပဲျဖစ္ျဖစ္ အကုန္လုံးက ခ်ိတ္ဆက္ေနတာပဲေလ၊ ဆက္ႏြယ္ေနတာပဲေလ၊ ဥပမာေျပာရမယ္ဆိုရင္ ဂ်ပန္သတင္းဌာနနဲ႔ေတြ႕ေတာ့ ေဒၚစု က ေျပာတယ္ေလ။၂၀၀၈ ဖြဲ႕စည္းပုံ ျပင္ဖို႔ကိစၥဟာ ၂၀၂၀ မွာေတာင္ ေျပာလို႔မရေသးဘူးလို႔ ေျပာခဲ့တာရွိပါတယ္။ဒါဟာ ဒီကိစၥကိုရပ္မယ္လို႔ ေျပာခဲ့တာမဟုတ္ပါဘူး။ဆက္လုပ္မယ္လို႔ေျပာတာပါ။အဲ့ဒါနဲ႔ပတ္သက္လို႔ က်ေနာ္တို႔ ခ်ိတ္ဆက္စဥ္းစားလိုက္တဲ့အခါက်ေတာ့ ေစာနကေျပာတဲ့အထဲမွာ ၿငိမ္းခ်မ္းေရးကိစၥေတြပါတယ္။အခုလာမယ့္ကာလမွာ စတုထၳအႀကိမ္ ၿငိမ္းခ်မ္းေရးညီလာခံကို လုပ္ဖို႔ရွိေနတယ္။သို႔ေသာ္လည္း ေဒၚစု ထပ္ေျပာခဲ့တာရွိပါတယ္၊ ႏွစ္ေပါင္း ၇၀ ေလာက္ ကိစၥကို ၃ ႏွစ္ေလာက္နဲ႔ေတာ့ မျဖစ္ႏိုင္ဘူးလို႔ ေျပာတယ္ေလ။အဲ့ဒါလည္း က်ေနာ္တို႔စဥ္းစားရမွာပါပဲ။ေနာက္တစ္ခါ တိုင္းရင္းသားေတြေျပာေနတဲ့ တန္းတူအခြင့္အေရးေတြ မရေသးဘူးဆိုတာလည္း အမွန္ပါ။အဲ့ဒါကိုလည္း က်ေနာ္တို႔က ဒါကိုဝန္ခံရမွာပါပဲ။သို႔ေသာ္လည္းပဲ ဒီလိုအခြင့္အေရး အားလုံးရဖို႔အတြက္က်ေတာ့ NLD တစ္ခုတည္းနဲ႔ လုပ္လို႔မရပါဘူး။ေဒၚေအာင္ဆန္းစုၾကည္ တစ္ေယာက္တည္းနဲ႔လည္း လုပ္လို႔မရပါဘူး။အထူးသျဖင့္ေတာ့ တိုင္းရင္းသားပါတီေတြ တိုင္းရင္းသားမ်ိဳးႏြယ္ ျပည္သူလူထုေတြ တိုင္းရင္းသား NGO ေတြ CSO ေတြ ဝိုင္းၿပီးေတာ့လုပ္မွရပါမယ္။က်ေနာ္တို႔ဘက္ကလည္း ဒီမိုကေရစီ လိုလားတဲ့ ဒီမိုကရက္တစ္ ႏိုင္ငံေရးပါတီေတြ ရွိမယ္ဗ်ာ။
ေနာက္တစ္ခါ  တပ္မေတာ္ရွိတယ္ဗ်ာ၊ အဲ့တာေတြကို အကုန္လုံးေပါင္းၿပီးေတာ့ လုပ္မွရပါမယ္။တစ္ဖြဲ႕တည္းနဲ႔ေတာ့ ဘယ္လိုမွမျဖစ္ႏိုင္ပါဘူး။အဲ့ဒါကေတာ့ က်ေနာ္ေျပာရဲပါတယ္။” လို႔ မုံ႐ြာဦးေအာင္ရွင္ က ၎ရဲ႕အျမင္ကို သုံးသပ္ေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ လက္နက္ကိုင္ထားတဲ့ လူအခ်င္းခ်င္း စကားေျပာရတာဟာ ႐ိုး႐ိုးလက္နက္မကိုင္ထားတဲ့ လူအခ်င္းခ်င္းထက္ စကားေျပာရတာ ပိုခက္တယ္လို႔လည္း ၎က ထပ္ေလာင္းေျပာျပခဲ့ပါေသးတယ္။

သို႔ေသာ္လည္း တစ္ခ်ိန္တုန္းက ပစ္ခတ္ေနၾကတဲ့သူေတြဟာ ယေန႔အခ်ိန္မွာ စားပြဲဝိုင္းေပၚထိုင္ၿပီး ျငင္းႏိုင္ခုန္ႏိုင္တယ္ဆိုတာဟာ ျပည္တြင္းၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ တိုးတက္လာတယ္လို႔ ဆိုႏိုင္ေၾကာင္း (၈၈) မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ျပည္သူ႔ပါတီ ဥကၠဌ ဦးကိုကိုႀကီး က ေျပာၾကားခဲ့ျပန္ပါတယ္။

“NCA စာခ်ဳပ္ လက္မွတ္ထိုးၿပီးသား အဖြဲ႕ေတြေပါ့ေလ။ၿပီးခဲ့တဲ့ အစိုးရလက္ထက္မွာ ၈ ဖြဲ႕၊ ဒီဘက္အစိုးရလက္ထက္မွာ ၂ ဖြဲ႕ လက္မွတ္ေရးထိုးခဲ့ပါတယ္။ၿငိမ္းခ်မ္းေရးက အင္မတန္အေရးႀကီးပါတယ္။ၿငိမ္းခ်မ္းေရးဆိုတာ အင္မတန္စိတ္ရွည္ရပါတယ္။တခ်ိန္တုန္းက ပစ္ခတ္ေနတယ္ဆိုတဲ့ၾကားထဲမွာ စားပြဲေပၚထိုင္ၿပီးေတာ့ ျငင္းႏိုင္၊ ခုန္ႏိုင္တယ္ဆိုရင္ေတာင္ ဒါကတိုးတက္တယ္လို႔ ေျပာလို႔ရပါတယ္။” လို႔ ဦးကိုကိုႀကီး က ေျပာၾကားခဲ့တာပါ။

စိတ္ရင္းေစတနာေကာင္းျဖင့္

ဒါ့အျပင္ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ (UBP) ေခါင္းေဆာင္ျဖစ္သူ သူရဦးေ႐ႊမန္း ကလည္း မည္သည့္ကိစၥမဆို ဟန္ျပမလုပ္ဘဲ စိတ္ရင္းေစတနာနဲ႔ အမွန္အတိုင္း ႐ိုးသားစြာျဖင့္ တစ္ဦးႏွင့္တစ္ဦး ေလးေလးစားစား ေဆာင္႐ြက္မယ္ဆိုပါက အေျခအေနေတြအားလုံးက တိုးတက္လာမွာျဖစ္တယ္လို႔ ၎ရဲ႕အျမင္ကို ေျပာျပခဲ့ပါေသးတယ္။

“ၿငိမ္းခ်မ္းေရးကေတာ့ က်ေနာ္တို႔ႏိုင္ငံသားအားလုံး လိုလားေတာင္းတတဲ့ ကိစၥပဲျဖစ္ပါတယ္။ဒီေနရာမွာ ဘယ္သူ႔မွာတာဝန္ရွိလဲဆိုတာ အားလုံးမွာတာဝန္ရွိပါတယ္။သို႔ရာတြင္ ဘယ္သူေတြက တာဝန္အရွိဆုံးလဲဆိုတာကေတာ့ အထူးေျပာေနစရာမလိုပါဘူး။တာဝန္အရွိဆုံးသူေတြက တစ္ဦးနဲ႔ တစ္ဦး၊ တစ္ဖြဲ႕နဲ႔ တစ္ဖြဲ႕ နားလည္ဖို႔လိုပါတယ္၊ ယုံၾကည္ဖို႔လိုပါတယ္ နားလည္မႈ၊ ယုံၾကည္မႈ ရွိမယ္ဆိုရင္ေတာ့  ၿငိမ္းခ်မ္းေရးေျခလွမ္းက ေရွ႕ကိုေရာက္မွာျဖစ္ပါတယ္။နားလည္မႈ ယုံၾကည္မႈ မရွိဘူးဆိုရင္ေတာ့ အလွမ္းေဝးေနအုံးမွာ ျဖစ္ပါတယ္။ဒီလိုေဆာင္႐ြက္တဲ့ေနရာမွာ စိတ္ေစတနာမွန္သလို လုပ္နည္းလုပ္ဟန္မွန္ဖို႔ လိုပါတယ္။အဲ့လိုလုပ္နည္းလုပ္ဟန္မွန္ဖို႔ ဆိုရင္ လက္ရွိပကတိအေျခအေနကို အမွန္အတိုင္းသိျမင္ႏိုင္ဖို႔ လိုပါတယ္။အထူးသျဖင့္ေတာ့ အမုန္းတရား၊ အဃာတ၊ စိုးရိမ္မႈလြန္ကဲတာ ၿငိမ္းခ်မ္းေရးအတြက္ေရာ လူ႔ေလာကအတြက္ေရာ ဖ်က္ဆီးတတ္တဲ့ သဘာဝရွိပါတယ္။ဒါေၾကာင့္မို႔ မလိုလားအပ္ေသာ အဃာတအမုန္းတရား ၿပီးတဲ့အခါမွာ သူတို႔ကိုယ္သူတို႔ အထင္ေသးမႈ စိုးရိမ္မႈမ်ားမရွိဖို႔ လိုပါတယ္။” လို႔ သူရဦးေ႐ႊမန္း က ေျပာၾကားခဲ့ပါတယ္။

မည္သို႔ပင္ဆိုေစကာမူ အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရးႏွင့္ အမ်ိဳးသားတန္းတူေရးကို ေရွး႐ူမည္ဆိုေသာ လက္ရွိအရပ္သားအစိုးရသည္ လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမတိုင္မီ အေျခခံဥပေဒကို ျပင္ဆင္ႏိုင္ပါ့မလားဆိုတာကလည္း ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြၾကားမွာ ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ပါတယ္။ယင္းကိစၥႏွင့္ ပတ္သက္၍ ဝါရင့္ႏိုင္ငံေရးသမားတစ္ဦးျဖစ္သူ ဒီမိုကရက္တစ္ပါတီ (ျမန္မာ) မွ ဦးသုေဝ ‌‌က တိုင္းျပည္ရဲ႕အစိုးရ တက္လာတဲ့အစိုးရတိုင္းက သူတို႔လက္ထက္မွာ သူတို႔လုပ္ႏိုင္တဲ့အထိ ေအာင္ျမင္ေအာင္၊ တိုးတက္ေအာင္ ႀကိဳးစားၾကမွာျဖစ္ေပမယ့္ သုံးသပ္ၾကည့္ရသေလာက္ လက္ရွိအစိုးရက အေတြ႕အႀကဳံနည္းသည့္အတြက္ အဖြဲ႕အစည္းနဲ႔လုပ္ရကိုင္တဲ့ေနရာမွာ မလြယ္ကူတာေတြရွိေနႏိုင္တယ္လို႔ ၎ရဲ႕အျမင္ကို ေျပာျပခဲ့ပါတယ္။

ထို႔အတူ တိုင္းရင္းသားပါတီတစ္ခုျဖစ္တဲ့ ရခိုင္အမ်ိဳးသားပါတီ (ANP) မွ ေျပာခြင့္ပုဂၢိဳလ္ ဦးထြန္းေအာင္ေက်ာ္ ကလည္း “ႏွစ္ေပါင္း (၇၀) ဘာေၾကာင့္ ျပည္တြင္းစစ္ျဖစ္ေနရတာလဲဆိုတာကို အားလုံးကနားလည္ပါတယ္။တိုင္းရင္းသားေတြ လိုခ်င္တဲ့ တန္းတူညီမွ်မႈႏွင့္ ကိုယ္ပိုင္ျပဌာန္းခြင့္တို႔ကို မိမိတို႔လူမ်ိဳးနဲ႔ မိမိတို႔ျပည္နယ္ကို အလွဆင္ခ်င္တဲ့ ကိုယ္ပိုင္ဆႏၵေတြကို ပစ္ပယ္ၿပီး ဒီလက္နက္အားကိုး အာဏာအားကိုးတာကိုပဲ က်ေနာ္တို႔ တိုင္းရင္းသားေတြ ေတာက္ေလွ်ာက္ခံခဲ့ရပါတယ္။ဒီျပႆနာဟာ အဲ့ဒါေတြေၾကာင့္မၿပီးဘူး၊ ဒီအေျဖကိုလည္း အားလုံးသိေနၿပီ၊ အဲ့ဒါေၾကာင့္ ၂၀၂၀ မွာ တကယ့္ တကယ္ စိတ္ရင္းေစတနာနဲ႔ တိုင္းရင္းသားညီအစ္ကိုေတြဆိုတဲ့ မွန္ကန္တဲ့ စိတ္ရင္းေစတနာနဲ႔ စစ္မွန္တဲ့ ဖက္ဒရယ္ျပည္ေထာင္စုကို က်ေနာ္တို႔ လက္တစ္ကမ္းမွာရွိေနတဲ့ အခြင့္ရွိေရးကို မိမိရရကိုင္ၿပီးေတာ့ ၂၀၂၀ မွာ ၿငိမ္းခ်မ္းသာယာတဲ့ တိုင္းျပည္ကို ေဖာ္ေဆာင္ေပးမယ့္ ဦးေဆာင္မႈကို က်ေနာ္တို႔ လိုခ်င္ပါတယ္။” လို႔ ေျပာၾကားခဲ့ျပန္ပါတယ္။

ဒါ့အျပင္ ခ်င္းအမ်ိဳးသားတပ္ဦး (CNF) မွ ဒုတိယဥကၠဌ ေဒါက္တာဆလိုင္းလ်န္မႈန္းဆာေခါင္း က ဒီမိုကေရစီစနစ္ႏွင့္ ဖက္ဒရယ္ကို အေျခခံၿပီး ဖက္ဒရယ္အေျခခံမူကို ရေအာင္ႀကိဳးစားသြားမယ္လို႔လည္း NCA စာခ်ဳပ္ လက္မွတ္ေရးထိုးျခင္း (၄) ႏွစ္ေျမာက္၊ ႏွစ္ပတ္လည္ အခမ္းအနားမွာ သတင္းေထာက္မ်ားႏွင့္ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ပါေသးတယ္။

“ဒီမိုကေရစီစနစ္နဲ႔ဖက္ဒရယ္ကို အေျခခံၿပီးေတာ့ ဖက္ဒရယ္အေျခခံမူကို က်ေနာ္တို႔ ရေအာင္ႀကိဳးစားမယ္။ၿပီးလို႔ရွိရင္ ၂၀၂၀ မွာလည္းပဲ ဒီၿငိမ္းခ်မ္းေရးျဖစ္စဥ္ကိုလည္း ဆက္လက္ေဆာင္႐ြက္ေပးဖို႔ႀကိဳးစားမယ္။အဓိက ကေတာ့ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္း (၁) မွာ ဒီတိုင္းျပည္ႀကီးကို ဒီႏိုင္ငံေတာ္ႀကီးကို ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံၿပီးေတာ့ ထူေထာင္မယ္ဆိုၿပီးေတာ့ သေဘာတူထားၿပီးသားရွိပါတယ္။ကမာၻေပၚမွာ ဒီမိုကေရစီစနစ္ အမ်ားႀကီးရွိပါတယ္။ဖက္ဒရယ္စနစ္ဆိုတာလည္း အမ်ားႀကီးရွိပါတယ္။အဲ့လိုအမ်ားႀကီးရွိတဲ့ ဒီမိုကေရစီစနစ္ေတြထဲက က်ေနာ္တို႔တိုင္းျပည္နဲ႔ အသင့္ေတာ္ဆုံး ဒီမိုကေရစီစနစ္က ဘာျဖစ္မလဲ ဖက္ဒရယ္စနစ္က ဘာျဖစ္မလဲဆိုတာကို က်ေနာ္တို႔ ညႇိႏႈိင္းၿပီးလုပ္ပါမယ္။” လို႔ ခ်င္းအမ်ိဳးသားတပ္ဦး (CNF) ဒုတိယဥကၠဌ  ေဒါက္တာဆလိုင္းလ်န္မႈန္းဆာေခါင္း က ေျပာၾကားခဲ့ပါတယ္။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို ပိုမိုအေကာင္အထည္ေဖာ္ဖို႔လို

ဒါေၾကာင့္လည္း (NCA) လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ KNU ကရင္အမ်ိဳးသားအစည္းအ႐ုံး ဥကၠ႒ ေစာမူတူးေစးဖိုး က ဘာကိုမယုံၾကည္ေနရသလဲဆိုတာကို ျပန္လည္ဆန္းစစ္ၿပီး တရားမွ်တတဲ့ ႏိုင္ငံေရးေဆြးေႏြးပြဲ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို ပိုမိုအေကာင္အထည္ေဖာ္ၾကဖို႔ NCA (၄) ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔မွာ တိုက္တြန္းေျပာၾကားမႈေတြ ရွိခဲ့ပါတယ္။အထူးသျဖင့္ေတာ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ၂၀၁၅ ေ႐ြးေကာက္ပြဲ ေၾကညာစာတမ္းမွာ ပါၿပီးသားျဖစ္တဲ့ တရားဥပေဒစိုးမိုးေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးေတြဟာ NLD အစိုးရရဲ႕ အဓိကလုပ္ေဆာင္ရမယ့္အရာေတြျဖစ္ၿပီး ၂၀၂၀ အလြန္မွာ NLD ပါတီအေနျဖင့္ အစိုးရတစ္ရပ္ကို ထပ္မံဖြဲ႕စည္းႏိုင္ပါက ယင္းကိစၥရပ္ေတြကို ဆက္လက္လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔လည္း NLD ဗဟိုျပန္ၾကားေရးေကာ္မတီ၊ အတြင္းေရးမႉး မုံ႐ြာဦးေအာင္ရွင္ က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

“အခု ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ ပတ္သက္လို႔ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးအဖြဲ႕ေပါ့။ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ အဲ့ဒါကိုၿပီးေအာင္လုပ္ပါမယ္။ဒုတိယၿပီးေအာင္ လုပ္မွာက ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး အဲ့ဒါကိုလည္း အဓိကထားလုပ္ရပါမယ္။ဒီႏွစ္ခုက ေတာ္ေတာ္ေလးအေရးႀကီးပါတယ္။သို႔ေသာ္လည္း လတ္တေလာလုပ္ရမယ့္ အလုပ္က ၂၀၂၀ ေ႐ြးေကာက္ပြဲ အႏိုင္ရေရးပါပဲ။အဲ့ဒါကိုလုပ္ပါမယ္။၂၀၂၀ ကေတာ့ ေျပာရရင္ က်ေနာ္တို႔က အမ်ားႀကီးနားလည္ထားတာေတြရွိပါတယ္။၂၀၂၀ ဟာ NLD အစိုးရဖြဲ႕ႏိုင္တဲ့ ဆႏၵမဲရႏိုင္မယ္လို႔ က်ေနာ္ယုံၾကည္ပါတယ္။ေလာေလာဆယ္ကေတာ့ ၿပီးခဲ့တဲ့ ဗဟိုေကာ္မတီအစည္းအေဝးမွာ ေျပာခဲ့သလိုပါပဲ၊ ၂၀၂၀ ေ႐ြးေကာက္ပြဲက အဓိကပါပဲ။အဲ့ဒီဟာကို အားသြန္ခြန္စိုက္ၿပီးေတာ့ လုပ္ပါမယ္။၂၀၂၀ ေ႐ြးေကာက္ပြဲ အႏိုင္ရမွ က်ေနာ္တို႔ေရွ႕ဆက္ၿပီးေတာ့ လုပ္စရာရွိတဲ့ အလုပ္ေတြကို လုပ္လို႔ရပါမယ္။” လို႔ မုံ႐ြာဦးေအာင္ရွင္ က ေျပာၾကားခဲ့တာပါ။

ဒါေၾကာင့္လည္း ၂၀၂၀ ေ႐ြးေကာက္ပြဲအလြန္မွာ လက္ရွိအာဏာရပါတီျဖစ္တဲ့ NLD ပါတီ အစိုးရအဖြဲ႕ကို ထပ္မံဖြဲ႕စည္းႏိုင္ခဲ့ပါက ၂၀၁၅ ေ႐ြးေကာက္ပြဲ ေၾကညာစာတမ္းပါ အခ်က္ေတြျဖစ္တဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရးႏွင့္ အမ်ိဳးသားတန္းတူေရးေတြ အပါအဝင္ စစ္မွန္တဲ့ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုႀကီးကို အမွန္တကယ္ဘဲ ေရွ႕ဆက္သြားႏိုင္မလားဆိုတာကေတာ့ ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြအေနနဲ႔ ဆက္လက္ေစာင့္ၾကည့္ရမယ့္ အေနအထားတစ္ခု ျဖစ္လာခဲ့ပါေတာ့တယ္။

ေျပသိမ္း
ႏို၀င္ဘာ - ၅