【 သတင်းဆောင်းပါး 】 NLD အစိုးရလက်ထက် ဖွဲ့စည်းပုံပြင်ဆင်ရေး ဘယ်အထိခရီးပေါက်နေပြီလဲ

【 သတင်းဆောင်းပါး 】 NLD အစိုးရလက်ထက် ဖွဲ့စည်းပုံပြင်ဆင်ရေး ဘယ်အထိခရီးပေါက်နေပြီလဲ

အာဏာရှင်စနစ်ဆိုးကို အနှစ် ၅၀ ကျော် ခါးစည်းခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲတွေ စလုပ်နေတာ ၉ နှစ်နီးပါး ရှိလာခဲ့ပါပြီ။သမ္မတ ဦးသိန်းစိန် လက်ထက်မှာ စတင်ခဲ့တဲ့ နုနယ်တဲ့ ဒီမိုကရေစီကို “ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာတဲ့ NLD အရပ်သားအစိုးရ လက်ထက်မှာ ဒီမိုကရေစီကို ပိုပြီးရှင်သန်အားကောင်းအောင် အရှိန်အဟုန်နဲ့ ကြိုးစားနေတာ တွေ့ရပါတယ်။

ဒါ့ပေမယ့် မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေးမှာ အဓိကပြဿနာတစ်ရပ်က ဖွဲ့စည်းပုံအခြေခံဥပဒေပါဘဲ။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တပ်မတော်အစိုးရက စိတ်ကြိုက်ရေးဆွဲခဲ့တာဖြစ်ပြီး ဒီမိုကရေစီစံနှုန်းတွေ၊ စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက်ရေးအတွက် စံနှုန်းတွေနဲ့ မကိုက်ညီတဲ့အချက်တွေ အများကြီးပါဝင်နေခဲ့တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုကြပါတယ်။

ဒါကြောင့်လည်း ယခုအာဏာရပါတီဖြစ်တဲ့ NLD အစုးိရသက်တမ်း ၄ နှစ်ကျော်ကာလ အရောက်မှာတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကေ်ာမတီတစ်ရပ်ကို ဖွဲ့စည်းပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စတွေကို လွှတ်တော်အတွင်းကနေ ဆောင်ရွက်လာတာဟာ ယခုဆိုရင် အတော်အတန်ပင် ခရီးပေါက်ခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

သို့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်တဲ့အခါ အနှစ်သာရကို မထိခိုက်ဖို့တော့လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သတိပေးပြောကြားမှုတွေရှိခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာမှာ နိုင်ငံတော်အခြေခံမူ (၄၈) ချက်ကို မထိခိုက်ရန် လိုအပ်ကြောင်းလည်း သတိပေးမှုတွေ ရှိလာခဲ့ပါတယ်။ဒါပေမယ့် ဖွဲ့စည်းပုံထဲက အခြေခံမူတွေအားလုံးကို မတို့မထိဘဲနဲ့တော့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာ အဓိပ္ပါယ်မရှိနိုင်ဘူးလို့ နိုင်ငံရေးသုတေသီတွေရဲ့သုံးသပ်မှုတွေကလည်း ရှိခဲ့ပြန်ပါတယ်။

ဒါကြောင့် တပ်မတော်ရဲ့ ဒီလိုသဘောထားတွေကိုကြည့်ရင် ၄၅ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ လုပ်ငန်းတွေဟာ ဘယ်လောက်ခက်ခဲမလဲဆိုတာ မှန်းဆတွက်ဆနိုင်ပါတယ်။တစ်ဖက်က ပြန်ကြည့်ရင်လည်း ဒီအငြင်းပွားဖွယ်ရာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရ ဲ ရွေးကောက်ပွဲတွေကို ကျင်းပနိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ယခင်အတိုက်အခံပါတီဖြစ်တဲ့ NLD ပါတီဟာ အာဏာရပါတီ ဖြစ်လာခဲ့ပြီး အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ဒီအထိ ဖွဲ့စည်းပုံက အလုပ်ဖြစ်ခဲ့တယ်လို့ ပြောရင်ရပါသေးတယ်။ဒါပေမယ့် နောက်ထပ်အပြောင်းအလဲတွေအတွက် ဒီဖွဲ့စည်းပုံက အလုပ်ဖြစ်သေးလားဆိုတာက နိုင်ငံရေးအသိုင်းအဝိုင်းမှာ အဓိကမေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး

လက်ရှိအာဏာရပါတီဖြစ်တဲ့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ၊ အတွင်းရေးမှူး မုံရွာဦးအောင်ရှင် ကတော့ ၂၀၂၀ ရွေးကောက်ပွဲ နီးလာလို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဇောင်းပေးလုပ်နေတာ မဟုတ်ပဲ NLD ပါတီအနေဖြင့် ဟိုးယခင်တည်းက ဖွဲ့စည်းပုံပြင်ဆင်ရေးကို တောက်လျှောက်လုပ်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထို့အတူ ၎င်းက တရားဥပဒေစိုးမိုးရေးမရှိရင် ငြိမ်းချမ်းရေးမရနိုင်သလို ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ရင်လည်း ငြိမ်းချမ်းရေးမရနိုင်ကြောင်း၊ ငြိမ်းချမ်းရေးမရရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ရင် အဲ့ဒီငြိမ်းချမ်းရေးရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ သူ့ရဲ့ သဘောထားအမြင်ကို ယခုလိုပြောပြခဲ့ပါတယ်။

“ကျနော်တို့ ၂၀၁၂ ရွေးကောက်ပွဲကို ဝင်မယ်ဆိုတည်းကိုက ပါတီက ပြည်သူလူထုကို ကတိသုံးခု ပေးခဲ့ပါတယ်။တရားဥပဒေစိုမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့ ကတိသုံးခု ပေးခဲ့ပါတယ်။အဲ့ဒီကတိသုံးခုဟာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေတာပါ။ပြောရရင် ရွေးကောက်ပွဲနီးလာလို့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဇောင်းပေးလုပ်နေတာ မဟုတ်ပါဘူး။NLD ပါတီအနေနဲ့ ဟိုးအရင်တည်းက ဖွဲ့စည်းပုံပြင်ဆင်ရေးကို လုပ်လာတာဖြစ်ပါတယ်။ဒါဘာကြောင့်ပြောရသလဲဆိုရင် ငြိမ်းချမ်းရေးကိုပြောတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြောလို့မရပါဘူး။ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ ရေနဲ့ငါးလို ချိတ်ဆက်နေတာ တွဲဖက်နေတာပါ။
ဒါကြောင့်မို့ ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကျနော်တို့ပြောရတာဖြစ်ပါတယ်။” လို့ မုံရွာဦးအောင်ရှင် က ပြောကြားခဲ့တာပါ။

သို့သော်လည်း ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စရပ်တွင် တပ်မတော်နဲ့ ညှိနှိုင်းမှုမရှိပါက၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ခက်ခဲနေလိမ့်ဦးမယ်လို့ တပ်မတော်မှာ ဗိုလ်ချုပ်ကြီးရာထူးအထိ တာဝန်ယူခဲ့ဘူးသူ လက်ရှိ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဌ သူရဦးရွှေမန်း ကလည်း သြဂုတ် ၄ ရက်နေ့က နေပြည်တော်ရှိ ၎င်းနေအိမ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြန်ပါတယ်။

“ဒီကနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ဆိုပြီး လွှတ်တော်ထဲမှာ ၇၅ ရခိုင်နှုန်းက ရွေးကောက်ခံကိုယ်စားလှယ်တွေ၊ ၂၅ ရာခိုင်နှုန်းက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ သူတို့ရဲ့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုက အရေးကြီးပါတယ်။အခုနက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်နိုင်ခဲ့တယ်ဆိုတဲ့ အချက်ကလည်း အတော်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခဲ့ရတာပါ။အရင်တုန်းက သဘောတူညီချက် (၅၄) ချက် ရရှိတယ်ဆိုတာကလည်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုကြောင့် ဖြစ်ပါတယ်။အဲ့လိုညှိနှုှိင်းပူးပေါင်း ဆောင်ရွက်တဲ့နေရာမှာ တပ်မတော်သား ကိုယ်စားလှယ်များ အပါအဝင် လွှတ်တေ်ာကိုယ်စားလှယ်များကိုလည်း ဂုဏ်ပြုရမှာဖြစ်သလို အဲ့အချိန်တုန်းက အစိုးရအခြားအဖွဲ့အစည်းများကိုလည်း ဂုဏ်ပြုရမှာဖြစ်ပါတယ်။တကယ်လို့သာ အစိုးရအဖွဲ့အစည်းတွေကရော  လွှတ်တေ်ာကိုယ်စားလှယ်တွေကရော တပ်မတော်သား ကိုယ်စားလှယ်တွေကရော သဘောမတူခဲ့ဘူးဆိုရင် (၅၄) ချက်ဆိုတဲ့ဟာက ရရှိမှာမဟုတ်ပါဘူး။ဒါကလည်းရှင်းပါတယ်၊ လွယ်ပါတယ်။၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်များနဲ့ ညှိနှှိုင်းပူးပေါင်း ဆောင်ရွက်မှုမရှိပဲနဲ့တော့ လွယ်လွယ်နဲ့မရနိုင်ဘူးလို့ပဲ ဖြေချင်ပါတယ်။” လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း က အဆိုပါသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

တပ်မတော်ကို ကျော်လွှားပြီး ဖွဲ့စည်းပုံကိုပြင်ဖို့

ထို့အတူ အငြိမ်းစား ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထူထောင်ထားသည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးခင်မောင်ကြည် ကတော့ “ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရေးသည် တပ်မတော်၏ တာဝန်ဖြစ်သည်” ဆိုတာကို ၂၀၀၈ ဖွဲ့စည်းပုံမှာ ထည့်သွင်းရေးသား ဖော်ပြထားသည့်အတွက် လက်ရှိအာဏာရပါတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ချင့်ချင့်ချိန်ချိန်နဲ့ လုပ်ဆောင်သင့်တယ်လို့လည်း သုံးသပ်ပြောကြားမှုတွေက ရှိလာပြန်ပါတယ်။

“သူတို့က လက်ရှိအာဏာရပါတီဖြစ်တယ်။သူတို့ပြင်ချင် ပြင်လို့ရတယ်။မှောက်ချင် မှောက်လို့ရတယ်။လှန်ချင်လှန်လို့ရတယ်။ဒါပေမယ့် ကျနော်တို့ဆိုလိုတာက ပြုပြင်ရေးသည် ဘယ်သူ့အတွက်လည်း ဦးတည်ချက်က ဘယ်သူ့အတွက်လည်း လူထု တကယ်နစ်နာရင် လုပ်ပါပြင်ပါ။တစ်ဦးတစ်ယောက်တည်းအတွက် ပြင်တာကတော့ စဉ်းစားချိင့်ချိန်ဖို့ လိုအပ်တယ်လို့ ယူဆတယ်။နောက်တစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရေးသည် တပ်မတော်၏ တာဝန်ဖြစ်သည်ဆိုတာ ဖွဲ့စည်းပုံမှာပါတယ်။အဲ့ဒီအချက်ကို ဘယ်လိုကျော်လွှားကြမလဲ။ဒီအချက်ကို ဘယ်လိုလုပ်ကြမလဲ။အဲ့ဒါကြောင့် ကျနော်တို့က လက်ရှိအစိုးရကို ပြောလိုတာက ဖွဲ့စည်းပုံပြင်ဆင်ရေးကို ချင့်ချင့်ချိန်ချိန် လုပ်သင့်တယ်လို့ပဲ အကြံပြုချင်ပါတယ်။” လို့ ဦးခင်မောင်ကြည် က ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ၎င်းတို့ပါတီရဲ့ သဘောထားကို ပြောပြခဲ့ပါတယ်။

ဒါကြောင့်လည်း မြန်မာပြည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းက နောက်ဆုံးကြိုးပမ်းခဲ့တာ ၂၀၁၅ ဇွန်လကဖြစ်ပြီး ပုဒ်မ ၄၃၆ နဲ့ ၅၉ (စ) အပါအဝင် အရေးပါတဲ့ပုဒ်မတွေ ပြင်ဆင်ဖို့ မဲခွဲဆုံးဖြတ်ရာမှာ လိုအပ်တဲ့ ထောက်ခံမဲအရေအတွက် မရဘဲ ရှုံးနိမ့်မှုတွေ ရှိခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဦးဆောင်မယ့် ပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန် က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပုဂ္ဂိုလ် ၄၅ ဦးနဲ့ ဖွဲ့စည်းထားတာပါ။ထို့အတူ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကနှင့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌတို့က ရာထူးအရ ပါဝင်မှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁၈ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့မှ နှစ်ဦးစီ၊ လွှတ်တော်တွင် ကိုယ်စားလှယ် တစ်ဦးမှ ငါးဦးအထိ ပါဝင်သော ပါတီ ၁၀ ခုမှ တစ်ဦးစီနှင့် တစ်သီးပုဂ္ဂလများ ကိုယ်စားတစ်ဦး တပ်မတော်သား ကိုယ်စားလှယ် ၈ ဦး ပါဝင်ပါတယ်။ပူးပေါင်းကော်မတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာတွေ့ရှိချက် အစီရင်ခံစာနဲ့ ပြင်ဆင်မယ့် ဥပဒေကြမ်းတို့ကို ဖေဖော်ဝါရီ ၂၀ ရက်က စတင်ပြီး ၅ လအတွင်း အပြီးရေးဆွဲခဲ့ကာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အချက်ပေါင်း ၃၇၆၅ ချက်ကို စုစည်းပြီး ပြည်ထောင်စုလွှတ်တော်သို့ ဇူလိုင်လ ၁၅ ရက်နေ့က အစီရင်ခံစာ တင်သွင်းခဲ့တာပါ။

သို့သော် ထူးခြားမှုတစ်ခုက အဲ့ဒီအစီရင်ခံစာအပေါ် တပ်မတော်သား ကိုယ်စားလှယ် ၇၈ ဦး အပါအဝင် ကိုယ်စားလှယ် ၁၂၅ ဦးက ပါဝင်ဆွေးနွေးဖို့ စာရင်းပေးထားရာကနေ တပ်မတော်ဘက်က ရုပ်သိမ်းလိုက်သလို ပူးပေါင်းကော်မတီ ဖွဲ့စည်းဆောင်ရွက်တာဟာ ဖွဲ့စည်းပုံနဲ့ မကိုက်ညီကြောင်း၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာတဲ့အနေနဲ့သာ ပူးပေါင်းကော်မတီမှာ ပါဝင်ခဲ့တာဖြစ်ကြောင်းနဲ့၊ အစီရင်ခံစာလုပ်ငန်းတွေဟာ အခန်း ၁၂ ပါ ပြဌာန်းချက်တွေနဲ့ မကိုက်ညီဘူးလို့ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က သဘောထားမှတ်ချက် ပြုထားခဲ့ပြန်ပါတယ်။ထို့ကြောင့် ဒီအစီရင်ခံစာနှင့် ပတ်သက်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၆ ဦး၊ ရခိုင်အမျိုးသားပါတီ၊ SNLD နဲ့ တိုင်းရင်းသားပါတီတချို့က ကိုယ်စားလှယ်တွေ အပါအဝင် ကိုယ်စားလှယ် ၂၁ ဦးသာ ဝင်ရောက်ဆွေးနွေးမှုတွေ ရှိခဲ့ပါတော့တယ်။

ဖက်ဒရယ်ပြည်ထောင်စုနှင့် တိုင်းရင်းသား တန်းတူညီမျှရေး

လက်ရှိအတိုက်အခံပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က အခြေခံဥပဒေ ချိုးဖောက်နေခြင်းများ ချက်ချင်းရပ်ဖို့နဲ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြခံဥပဒေဆိုတာ နိုင်ငံတစ်ခုရဲ့ အသက်ဝိညာဉ် တည်ဆဲဥပဒေအားလုံး၏ အခြေခံဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီစနစ် လွှတ်တော်၊ အစိုးရ၊ တရားစီရင်ရေးနှင့် အဖွဲ့အစည်းအသီးသီးတို့ ပေါ်ထွန်းခဲ့တာဟာ အခုဆိုရင် ဒုတိယအကြိမ် သက်တမ်းကို ရောက်ရှိနေပြီဖြစ်တယ်။လွှတ်တော်ကိုယ်စားလှယ်တိုင်းဟာ လွှတ်တော်တက်သည်နေ့မှာဘဲ အခြေခံဥပဒေ စာအုပ်အစိမ်းကြီးကိုကိုင်ပြီး ဇယား ၄ ပါ အချက်တို့ကို ကျမ်းသစ္စာ ကတိပြုခဲ့ကြရတာ လူတိုင်းအသိပါ။ဒီကျမ်းသစ္စာ ကတိပြုချက်မှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေကိုလည်း လိုက်နာပါမယ်လို့လည်း ဖော်ပြပါရှိပါတယ်။နောက်အခြေခံဥပဒေပုဒ်မ ၃၈၄ မှာ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်ဟုလည်း ဖော်ပြပြဌာန်းထားပါတယ်။” လို့ ဦးသိန်းထွန်းဦး က ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်လို့ ၎င်းရဲ့ အမြင်ကို ပြောပြခဲ့ပါတယ်။

သို့သော် တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းအောင်ကျော် ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့အတွက် ၎င်းတို့ပါတီအနေဖြင့် ပြင်ဆင်ဖို့ ၈ ချက်ကို အဆိုပြုထားသလို ယင်းကဲ့သို့ အဆိုပြုတဲ့အခါမှာလည်း ဖွဲ့စည်းပုံကို ပြင်ဆင်ရမယ်လို့လည်း တညီတညွတ်တည်း ပြောကြားထားမှုတွေရှိခဲ့ပြီး ဒါဟာ ၎င်းတို့ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒဖြစ်တယ်လို့ သုံးသပ်ပြောကြားခဲ့ပြန်ပါတယ်။

“ပြည်ထောင်စုစစ်စစ်ဖြစ်ရင် ဘယ်သူမှ ခွဲထွက်စရာမလိုဘူး။အဲ့တော့ ကျနော်တို့ တိုင်းရင်းသားတွေက တောင်းဆိုနေတာ ရှင်းရှင်းလေးလေးပဲ၊ တန်းတူအခွင့်အရေးပေးပါ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ပေးပါ။အဲ့လို တိုင်းရင်းသားတွေက တောင်းဆိုနေကြတာကို ဗဟိုဦးစီးနဲ့ ချုပ်ကိုင်ထားတဲ့အတွက် အင်မတန်ဆိုးရွားတဲ့ အနိဌာရုံဖြစ်တဲ့ ပြည်တွင်းစစ်တွေ ဖြစ်လာရတယ်။အဲ့တော့ ဖွဲ့စည်းပုံမှာလည်း ကျနော်တို့ တိုင်းရင်းသားတွေအတွက် တန်းတူညီမျှမှုရှိအောင် ပြင်ဆင်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ဖွဲ့စည်းပုံကို ပြင်ဆင်ရမယ်လို့လည်း ကျနော်တို့ တညီတညွတ်တည်း ပြောကြားထားပြီးသား။ဒါကြောင့်လည်း လွှတ်တော်မှာ တရားဥပဒေနဲ့အညီ ကျနော်တို့ တင်ပြလိုက်ပါပြီ။” လို့ ရခိုင်အမျိုးသားပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းအောင်ကျော် က ၎င်းရဲ့ သဘောထားအမြင်ကို ဆက်လက်ပြောပြခဲ့ပါတယ်။

အမှန်တကယ် နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွား ပြည်သူလူထုရဲ့ အကျိုးစီးပွား စစ်မှန်တဲ့ ဒီမိုကရက်တစ်ပြည်ထောင်စု ဖြစ်ထွန်းဖို့ လွှတ်တော်ဖော်ဆောင်ရေး ဖြစ်ထွန်းအားကောင်းဖို့နဲ့ နိုင်ငံရေးအာသီသ ပြင်းပြတယ်ဆိုပါက လက်ရှိ ဖွဲ့စည်းပုံဟာ တကယ်တမ်းကျ မရှိသင့်၊ မရှိထိုက်တဲ့ ဖွဲ့စည်းပုံဖြစ်တစ်ခု ဖြစ်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် က သုံးသပ်ပြောကြားခဲ့ပါသေးတယ်။

“နှစ်ဖက် သဘောတူလား၊ မတူဘူးလား။နှစ်ဖက် တရားမျှတမှုရှိလား၊ မရှိဘူးလားဆိုတာ အဲ့ဒီအချက်တွေနဲ့ကြည့်ရင် အဲ့ပေတံနဲ့ ဒီမိုကေရစီနှုန်းထားတွေနဲ့ ပြန်ပြီးတိုင်းတာတဲ့အခါကျတော့ အကို့ရဲ့ ရှုမြင်သုံးသပ်ချက်က ဒီမိုကရေစီစံနှုန်းတွေအရရော လူဦးရေအရရော ကိန်းဂဏန်းတွေအရရော စာချုပ်က မမျှတတာရော အဲ့ထဲမှာမှပါလာတဲ့ ဒီမိုကရက်တစ် စံချိန်စံညွှန်းတွေနဲ့ မညီတာရော နောက်တစ်ခုပြောရရင် ဖက်ဒရယ်ပြည်ထောင်စုကို မပြင်နိုင်တာတွေရော တိုင်းရင်းသားတွေ တန်းတူညီခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အဲ့ကိစ္စတွေမှာလည်း ဆုံးရှုံးနစ်နာမှုတွေကို ပြန်ပြီးတော့ သုံးသပ်ကြည့်ခြင်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံက တကယ် တကယ်ကျတော့ တရားမျှတမှုမရှိပါဘူး။အကိုတို့က ဘာကိုသွားသုံးသပ်လဲဆိုတော့ ဒီနေရာမှာ သမ္မတရဲ့ အခန်းကဏ္ဍကို သုံးသပ်ပါတယ်။တို့တိုင်းပြည်ကို ကြည့်လိုက်တဲ့အခါ  ကာကွယ်ရေးဦးစီးချုပ်နဲ့ သမ္မတရဲ့ အခန်းကဏ္ဍက တစ်ခြားစီဖြစ်နေတယ်။အဲ့အတွက်ကြောင့်မို့လို့ တစ်ဦး တစ်ယောက် တစ်ဖွဲ့ကို အာဏာလုပ်ပိုင်ခွင့် အလွန်အကျွံပေးထားတဲ့အတွက်ကြောင့်မို့ ဒါသည် ဘာပဲပြောပြော စစ်ကြီးစိုးရေးဝါဒကို အကောင်းဆုံး အခိုင်အမာဖြစ်အောင် တည်ဆောက်ထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်တဲ့အပြင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့တင် အာဏာသိမ်းထားတယ်လို့ အကိုတို့က ဒီလိုပဲရှုမြင်သုံးသပ်ပါတယ်။” လို့ ဦးထွန်းကြည် က ၎င်းရဲ့ အမြင်ကို သုံးသပ်ပြောပြခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူလူမျိုးပေါင်းစုံ ဘာသာပေါင်းစုံအတွက်ကို ချုံငုံထားတဲ့ ရပိုင်ခွင့်တွေ လူ့အခွင့်အရေးတွေ ပြန်ကြည့်ပါကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေက ဘာမှဖြည့်စွမ်းပေးနိုင်ခြင်းမရှိသလို လက်ရှိခေတ်စနစ်နဲ့လည်း မလျော်ညီတဲ့အတွက် ဖွဲ့စည်းပုံကိုပြင်ဆင်တာထက်စာပါက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို မျက်မှောက်ပြုသော ဖွဲ့စည်းပုံအသစ်တစ်ခုကို မျှော်လင့်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

“အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်က ဘာဖြစ်နေလဲဆိုတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကြောက်နေတဲ့ရောဂါ ဖြစ်နေတယ်။အဲ့အတွက် ဖိအားတစ်ခုဟာ ဖွဲ့စည်းပုံပြင်မယ်လို့ ပြောလိုက်ရင် ကြောက်တဲ့ရောဂါက ထလာပြီ ဒါတောင်မှာ ပြင်မှာပဲရှိသေးတယ်။ပြင်ဆင်တာတောင်မှ အဲ့လောက်အထိ နိုင်ငံရေးအရ ဖြစ်နေတယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ပြည်တွင်းငြိမ်းချမ်းရေးတို့က တော်တော်လေးကို အလှမ်းဝေးနေအုံးမှာ ဖြစ်ပါတယ်။” လို့ ဦးထွန်းကြည် က ၎င်းရဲ့ အမြင်ကို ထပ်လောင်းပြောပြခဲ့ပါတယ်။

လွှတ်တော်တွင်း တပ်ကိုယ်စားလှယ် ရာခိုင်နှုန်းလျှော့ချရေး

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာ လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို လျှှော့ချဖု့ိ ပယ်ဖျက်ဖို့ အပါအဝင် ဖွဲ့စည်းပုံပြင်ဆင်ရေး အဓိကသော့ချက်ဖြစ်တဲ့ ပုဒ်မ ၄၃၆ ကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ မပါပဲနဲ့ ပြင်ဆင်ခွင့်ရဖို့ အချက်တွေလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ထို့အတူ တိုင်းရင်းသားပါတီအချို့က လွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကို ပယ်ဖျက်ပေးဖို့ ခြေဥပူးပေါင်းကော်မတီကို အကြံပြုထားတာတွေလည်း ရှိခဲ့သလို လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်မှုကို လျှော့ချဖို့အတွက် လက်ရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို အဆင့် ၃ ဆင့်နဲ့ လျှော့ချဖို့၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်နက်ကိုင်အဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်တယ်ဆိုတဲ့ ပုဒ်မ ၂၀၊ အပိုဒ်ခွဲ (ခ) ကို ပယ်ဖျက်ပေးဖို့  NLD က အဆိုပြုထားတာ ဖြစ်ပါတယ်။

သို့သော်လည်း ဖွဲ့စည်းပုံဟာ တိုင်းပြည်ရဲ့ ကျောရိုးဖြစ်ပြီး ဖွဲ့စည်းပုံမရှိပဲ တိုင်းပြည်က ရပ်တည်လို့မရဘူးလို့လည်း အငြိမ်းစား ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထူထောင်ထားတဲ့  အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးခင်မောင်ကြည် က သုံးသပ်ပြောကြားခဲ့ပြန်ပါတယ်။

“ဖွဲ့စည်းပုံကို အကုန်လုံးပြင်လိုက်မယ်။ဒါကြီးကို Cancel လုပ်လိုက်မယ်ဆိုရင် တိုင်းပြည်က ဘယ်လိုရပ်တည်မလဲ၊ တိုင်းပြည်ကို ဘယ်အဖွဲ့အစည်းက အုပ်ချုပ်မလဲ။ဖွဲ့စည်းပုံမရှိဘူးဆိုရင် အစိုးရကိုတက်ဖို့ လုပ်ထားတာလည်း ပျောက်သွားမယ်။ဖွဲ့စည်းပုံပြင်တာသည် ဘယ်သူ့အတွက်ပြင်တာလဲ တိုင်းပြည်မှာ အလုပ်သမားတွေ နစ်နာနေသလား၊ နိုင်ငံသူ၊ နိုင်ငံသားတွေ နစ်နာနေသလား (သို့တည်းမဟုတ်) ဘယ်အဖွဲ့အစည်းတွေက နစ်နာနေသလဲ။ဒါကိုကြည့်ရမယ်၊ ပုဂ္ဂိုလ်ရေးအရ ပြင်တာလား၊ ဒါကို နံပါတ်တစ် ဆန်းစစ်ရမယ်။နောက်တစ်ချက်က တပ်မတော် ၂၅ ရာခိုင်နှုန်းကို လျှော့ချတဲ့ကိစ္စပါ။အနီးစပ်ဆုံး အင်ဒိုနီးရှားနိုင်ငံကို ကြည့်မယ်ဆိုရင် အရင်တုန်းက၂၅ ရာခိုင်နှုန်းရှိတယ်။အဲ့ဒီကမှ နှစ်စဉ် သူလျှော့သွားတယ် ၁၅၊ ၁၀ ကနေ ၅ ရာခိုင်နှုန်းအထိ လျှော့သွားတယ်။ဖွဲ့စည်းပုံတစ်ခုဆိုတာ လူထုရဲ့ ထောက်ခံမှု လူထုရဲ့ အတည်ပြုချက်က အရေးကြီးတာပေါ့လေ။ အဲ့ဒါကတစ်ချက်ပါ။ကျနော်တို့ ပါတီဥက္ကဋ္ဌကြီးလည်း ပြောတာရှိပါတယ်၊ သူက ပြင်တာနည်းနည်းစောလွန်းတယ်လို့ စိတ်ထဲမှာထင်တယ်လို့ အဲ့လိုမှတ်ချက်ပြုထားတာ ရှိပါတယ်။” လို့ ဦးခင်မောင်ကြည် က ဆက်လက်ပြောပြခဲ့ပါတယ်။

အနာဂတ် နိုင်ငံတော်

မည်သို့ပင်ဆိုစေကာမူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တပ်မတော်ခေါင်းဆောင်တွေက သူတို့မြင်ချင်တဲ့ နိုင်ငံတော်ကို ပုံဖော်ထားတာ ထင်ရှားပါတယ်။အခြေခံမူတွေထဲက တစ်ချက်က တပ်မတော်ရဲ့ “နိုင်ငံရေးဦးဆောင်မှု” ဖြစ်ပြီး ဒီအချက်ကို ပံ့ပိုးတဲ့ ပုဒ်မတွေ အများကြီးကို ထည့်သွင်းထားပါတယ်။

ဖွဲ့စည်းပုံကို ပြန်ပြင်တဲ့အခါမှာ စဉ်းစားရမှာက လူတစ်ယောက်၊ တစ်စုတစ်ဖွဲ့ရဲ့ အကျိုးထက် ပြည်သူလူထုရဲ့ဆန္ဒ၊ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ ခေတ်ရဲ့တောင်းဆိုမှုတွေကို လက်တွေ့ကျကျ ချဉ်းကပ်ဖို့ လိုပါတယ်။ထို့အတူ တိုင်းပြည်ရှေ့ခရီးအတွက် ပန္နက်ချနိုင်ဖို့လည်း လိုပါတယ်။ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ လက်ရှိ NLD အစိုးရအတွက် အဖြေသုညထွက်တဲ့ ကစားပွဲမဖြစ်စေဘဲ အပေါင်းရလဒ်ထွက်တဲ့ ကစားပွဲဖြစ်ဖို့ အရေးကြီးပါတယ်။ဒီနေရာမှာ ခေါင်းဆောင်တွေရဲ့ အမြော်အမြင်ကလည်း အခရာကျလာတယ်ဆိုတာကတော့ ဘယ်လိုမှငြင်းမရတဲ့ ပကတိအမှန်တရားတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။

ပြေသိမ်း
သြဂုတ် - ၆

( Zawgyi )

အာဏာရွင္စနစ္ဆိုးကို အႏွစ္ ၅၀ ေက်ာ္ ခါးစည္းခံခဲ့ရတဲ့ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီအေျပာင္းအလဲေတြ စလုပ္ေနတာ ၉ ႏွစ္နီးပါး ရွိလာခဲ့ပါၿပီ။သမၼတ ဦးသိန္းစိန္ လက္ထက္မွာ စတင္ခဲ့တဲ့ ႏုနယ္တဲ့ ဒီမိုကေရစီကို “ေျပာင္းလဲခ်ိန္တန္ၿပီ” ဆိုတဲ့ ေႂကြးေၾကာ္သံနဲ႔ တက္လာတဲ့ NLD အရပ္သားအစိုးရ လက္ထက္မွာ ဒီမိုကေရစီကို ပိုၿပီးရွင္သန္အားေကာင္းေအာင္ အရွိန္အဟုန္နဲ႔ ႀကိဳးစားေနတာ ေတြ႕ရပါတယ္။

ဒါ့ေပမယ့္ ျမန္မာျပည္ရဲ႕ အသြင္ကူးေျပာင္းေရးမွာ အဓိကျပႆနာတစ္ရပ္က ဖြဲ႕စည္းပုံအေျခခံဥပေဒပါဘဲ။၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒဟာ တပ္မေတာ္အစိုးရက စိတ္ႀကိဳက္ေရးဆြဲခဲ့တာျဖစ္ၿပီး ဒီမိုကေရစီစံႏႈန္းေတြ၊ စစ္မွန္တဲ့ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ စံႏႈန္းေတြနဲ႔ မကိုက္ညီတဲ့အခ်က္ေတြ အမ်ားႀကီးပါဝင္ေနခဲ့တယ္လို႔လည္း ႏိုင္ငံေရးေလ့လာသုံးသပ္သူမ်ားက ဆိုၾကပါတယ္။

ဒါေၾကာင့္လည္း ယခုအာဏာရပါတီျဖစ္တဲ့ NLD အစုးိရသက္တမ္း ၄ ႏွစ္ေက်ာ္ကာလ အေရာက္မွာေတာ့ ဖြဲ႕စည္းပုံျပင္ဆင္ေရး ပူးေပါင္းေက္ာမတီတစ္ရပ္ကို ဖြဲ႕စည္းၿပီး ဖြဲ႕စည္းပုံျပင္ဆင္ေရး ကိစၥေတြကို လႊတ္ေတာ္အတြင္းကေန ေဆာင္႐ြက္လာတာဟာ ယခုဆိုရင္ အေတာ္အတန္ပင္ ခရီးေပါက္ခဲ့ၿပီလို႔ ဆိုရမွာျဖစ္ပါတယ္။

သို႔ေသာ္လည္း ၂၀၀၈ ဖြဲ႕စည္းပုံကို ျပင္ဆင္တဲ့အခါ အႏွစ္သာရကို မထိခိုက္ဖို႔ေတာ့လိုတယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က သတိေပးေျပာၾကားမႈေတြရွိခဲ့သလို ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ရာမွာ ႏိုင္ငံေတာ္အေျခခံမူ (၄၈) ခ်က္ကို မထိခိုက္ရန္ လိုအပ္ေၾကာင္းလည္း သတိေပးမႈေတြ ရွိလာခဲ့ပါတယ္။ဒါေပမယ့္ ဖြဲ႕စည္းပုံထဲက အေျခခံမူေတြအားလုံးကို မတို႔မထိဘဲနဲ႔ေတာ့ ဖြဲ႕စည္းပုံျပင္ဆင္ေရးဆိုတာ အဓိပၸါယ္မရွိႏိုင္ဘူးလို႔ ႏိုင္ငံေရးသုေတသီေတြရဲ႕သုံးသပ္မႈေတြကလည္း ရွိခဲ့ျပန္ပါတယ္။

ဒါေၾကာင့္ တပ္မေတာ္ရဲ႕ ဒီလိုသေဘာထားေတြကိုၾကည့္ရင္ ၄၅ ဦးနဲ႔ ဖြဲ႕စည္းထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံျပင္ဆင္ေရး ပူးေပါင္းေကာ္မတီရဲ႕ လုပ္ငန္းေတြဟာ ဘယ္ေလာက္ခက္ခဲမလဲဆိုတာ မွန္းဆတြက္ဆႏိုင္ပါတယ္။တစ္ဖက္က ျပန္ၾကည့္ရင္လည္း ဒီအျငင္းပြားဖြယ္ရာ ဒီဖြဲ႕စည္းပုံအေျခခံဥပေဒအရ ဲ ေ႐ြးေကာက္ပြဲေတြကို က်င္းပႏိုင္ခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္တဲ့ ယခင္အတိုက္အခံပါတီျဖစ္တဲ့ NLD ပါတီဟာ အာဏာရပါတီ ျဖစ္လာခဲ့ၿပီး အစိုးရတစ္ရပ္ကို ဖြဲ႕စည္းႏိုင္ခဲ့ပါတယ္။ဒီအထိ ဖြဲ႕စည္းပုံက အလုပ္ျဖစ္ခဲ့တယ္လို႔ ေျပာရင္ရပါေသးတယ္။ဒါေပမယ့္ ေနာက္ထပ္အေျပာင္းအလဲေတြအတြက္ ဒီဖြဲ႕စည္းပုံက အလုပ္ျဖစ္ေသးလားဆိုတာက ႏိုင္ငံေရးအသိုင္းအဝိုင္းမွာ အဓိကေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ပါတယ္။

ဖြဲ႕စည္းပုံျပင္ဆင္ေရးႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး

လက္ရွိအာဏာရပါတီျဖစ္တဲ့ NLD ပါတီရဲ႕ ဗဟိုျပန္ၾကားေရးေကာ္မတီ၊ အတြင္းေရးမႉး မုံ႐ြာဦးေအာင္ရွင္ ကေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲ နီးလာလို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးကို ေဇာင္းေပးလုပ္ေနတာ မဟုတ္ပဲ NLD ပါတီအေနျဖင့္ ဟိုးယခင္တည္းက ဖြဲ႕စည္းပုံျပင္ဆင္ေရးကို ေတာက္ေလွ်ာက္လုပ္လာခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ထို႔အတူ ၎က တရားဥပေဒစိုးမိုးေရးမရွိရင္ ၿငိမ္းခ်မ္းေရးမရႏိုင္သလို ဖြဲ႕စည္းပုံအေျခခံဥပေဒကို မျပင္ရင္လည္း ၿငိမ္းခ်မ္းေရးမရႏိုင္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးမရရင္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို မျပင္ရင္ အဲ့ဒီၿငိမ္းခ်မ္းေရးရဲ႕ ေနာက္ဆက္တြဲျဖစ္တဲ့ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု ထူေထာင္ဖို႔ဆိုတာလည္း မျဖစ္ႏိုင္ဘူးလို႔ သူ႔ရဲ႕ သေဘာထားအျမင္ကို ယခုလိုေျပာျပခဲ့ပါတယ္။

“က်ေနာ္တို႔ ၂၀၁၂ ေ႐ြးေကာက္ပြဲကို ဝင္မယ္ဆိုတည္းကိုက ပါတီက ျပည္သူလူထုကို ကတိသုံးခု ေပးခဲ့ပါတယ္။တရားဥပေဒစိုမိုးေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိေရးနဲ႔ ၂၀၀၈ ဖြဲ႕စည္းပုံျပင္ဆင္ေရးဆိုတဲ့ ကတိသုံးခု ေပးခဲ့ပါတယ္။အဲ့ဒီကတိသုံးခုဟာ တစ္ခုနဲ႔ တစ္ခု ခ်ိတ္ဆက္ေနတာပါ။ေျပာရရင္ ေ႐ြးေကာက္ပြဲနီးလာလို႔ ဖြဲ႕စည္းပုံျပင္ဆင္ေရးကို ေဇာင္းေပးလုပ္ေနတာ မဟုတ္ပါဘူး။NLD ပါတီအေနနဲ႔ ဟိုးအရင္တည္းက ဖြဲ႕စည္းပုံျပင္ဆင္ေရးကို လုပ္လာတာျဖစ္ပါတယ္။ဒါဘာေၾကာင့္ေျပာရသလဲဆိုရင္ ၿငိမ္းခ်မ္းေရးကိုေျပာတဲ့အခါမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒကို မေျပာလို႔မရပါဘူး။ၿငိမ္းခ်မ္းေရးနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးဟာ ေရနဲ႔ငါးလို ခ်ိတ္ဆက္ေနတာ တြဲဖက္ေနတာပါ။
ဒါေၾကာင့္မို႔ ၿငိမ္းခ်မ္းေရးနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးကို က်ေနာ္တို႔ေျပာရတာျဖစ္ပါတယ္။” လို႔ မုံ႐ြာဦးေအာင္ရွင္ က ေျပာၾကားခဲ့တာပါ။

သို႔ေသာ္လည္း ဖြဲ႕စည္းပုံျပင္ဆင္ေရး ကိစၥရပ္တြင္ တပ္မေတာ္နဲ႔ ညႇိႏႈိင္းမႈမရွိပါက၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ဖို႔ ခက္ခဲေနလိမ့္ဦးမယ္လို႔ တပ္မေတာ္မွာ ဗိုလ္ခ်ဳပ္ႀကီးရာထူးအထိ တာဝန္ယူခဲ့ဘူးသူ လက္ရွိ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ဥကၠဌ သူရဦးေ႐ႊမန္း ကလည္း ၾသဂုတ္ ၄ ရက္ေန႔က ေနျပည္ေတာ္ရွိ ၎ေနအိမ္မွာ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ျပန္ပါတယ္။

“ဒီကေန႔ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဖို႔ဆိုၿပီး လႊတ္ေတာ္ထဲမွာ ၇၅ ရခိုင္ႏႈန္းက ေ႐ြးေကာက္ခံကိုယ္စားလွယ္ေတြ၊ ၂၅ ရာခိုင္ႏႈန္းက တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြ သူတို႔ရဲ႕ ညႇိႏႈိင္းပူးေပါင္း ေဆာင္႐ြက္မႈက အေရးႀကီးပါတယ္။အခုနက ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ႏိုင္ခဲ့တယ္ဆိုတဲ့ အခ်က္ကလည္း အေတာ္ညႇိႏႈိင္းပူးေပါင္း ေဆာင္႐ြက္ခဲ့ရတာပါ။အရင္တုန္းက သေဘာတူညီခ်က္ (၅၄) ခ်က္ ရရွိတယ္ဆိုတာကလည္း ညႇိႏႈိင္းပူးေပါင္း ေဆာင္႐ြက္မႈေၾကာင့္ ျဖစ္ပါတယ္။အဲ့လိုညႇိႏႈွိင္းပူးေပါင္း ေဆာင္႐ြက္တဲ့ေနရာမွာ တပ္မေတာ္သား ကိုယ္စားလွယ္မ်ား အပါအဝင္ လႊတ္ေတ္ာကိုယ္စားလွယ္မ်ားကိုလည္း ဂုဏ္ျပဳရမွာျဖစ္သလို အဲ့အခ်ိန္တုန္းက အစိုးရအျခားအဖြဲ႕အစည္းမ်ားကိုလည္း ဂုဏ္ျပဳရမွာျဖစ္ပါတယ္။တကယ္လို႔သာ အစိုးရအဖြဲ႕အစည္းေတြကေရာ  လႊတ္ေတ္ာကိုယ္စားလွယ္ေတြကေရာ တပ္မေတာ္သား ကိုယ္စားလွယ္ေတြကေရာ သေဘာမတူခဲ့ဘူးဆိုရင္ (၅၄) ခ်က္ဆိုတဲ့ဟာက ရရွိမွာမဟုတ္ပါဘူး။ဒါကလည္းရွင္းပါတယ္၊ လြယ္ပါတယ္။၂၅ ရာခိုင္ႏႈန္းေသာ တပ္မေတာ္သား ကိုယ္စားလွယ္မ်ားနဲ႔ ညႇိႏွႈိင္းပူးေပါင္း ေဆာင္႐ြက္မႈမရွိပဲနဲ႔ေတာ့ လြယ္လြယ္နဲ႔မရႏိုင္ဘူးလို႔ပဲ ေျဖခ်င္ပါတယ္။” လို႔ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ဥကၠ႒ သူရဦးေ႐ႊမန္း က အဆိုပါသတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာပါ။

တပ္မေတာ္ကို ေက်ာ္လႊားၿပီး ဖြဲ႕စည္းပုံကိုျပင္ဖို႔

ထို႔အတူ အၿငိမ္းစား ဗိုလ္ခ်ဳပ္ေဟာင္းမ်ားျဖင့္ ဖြဲ႕စည္းထူေထာင္ထားသည့္ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီရဲ႕ အတြင္းေရးမႉးျဖစ္သူ ဦးခင္ေမာင္ၾကည္ ကေတာ့ “ဖြဲ႕စည္းပုံအေျခခံဥပေဒကို ကာကြယ္ေရးသည္ တပ္မေတာ္၏ တာဝန္ျဖစ္သည္” ဆိုတာကို ၂၀၀၈ ဖြဲ႕စည္းပုံမွာ ထည့္သြင္းေရးသား ေဖာ္ျပထားသည့္အတြက္ လက္ရွိအာဏာရပါတီအေနနဲ႔ ဖြဲ႕စည္းပုံျပင္ဆင္ေရးကို ခ်င့္ခ်င့္ခ်ိန္ခ်ိန္နဲ႔ လုပ္ေဆာင္သင့္တယ္လို႔လည္း သုံးသပ္ေျပာၾကားမႈေတြက ရွိလာျပန္ပါတယ္။

“သူတို႔က လက္ရွိအာဏာရပါတီျဖစ္တယ္။သူတို႔ျပင္ခ်င္ ျပင္လို႔ရတယ္။ေမွာက္ခ်င္ ေမွာက္လို႔ရတယ္။လွန္ခ်င္လွန္လို႔ရတယ္။ဒါေပမယ့္ က်ေနာ္တို႔ဆိုလိုတာက ျပဳျပင္ေရးသည္ ဘယ္သူ႔အတြက္လည္း ဦးတည္ခ်က္က ဘယ္သူ႔အတြက္လည္း လူထု တကယ္နစ္နာရင္ လုပ္ပါျပင္ပါ။တစ္ဦးတစ္ေယာက္တည္းအတြက္ ျပင္တာကေတာ့ စဥ္းစားခ်ိင့္ခ်ိန္ဖို႔ လိုအပ္တယ္လို႔ ယူဆတယ္။ေနာက္တစ္ခ်က္က ဖြဲ႕စည္းပုံအေျခခံဥပေဒကို ကာကြယ္ေရးသည္ တပ္မေတာ္၏ တာဝန္ျဖစ္သည္ဆိုတာ ဖြဲ႕စည္းပုံမွာပါတယ္။အဲ့ဒီအခ်က္ကို ဘယ္လိုေက်ာ္လႊားၾကမလဲ။ဒီအခ်က္ကို ဘယ္လိုလုပ္ၾကမလဲ။အဲ့ဒါေၾကာင့္ က်ေနာ္တို႔က လက္ရွိအစိုးရကို ေျပာလိုတာက ဖြဲ႕စည္းပုံျပင္ဆင္ေရးကို ခ်င့္ခ်င့္ခ်ိန္ခ်ိန္ လုပ္သင့္တယ္လို႔ပဲ အႀကံျပဳခ်င္ပါတယ္။” လို႔ ဦးခင္ေမာင္ၾကည္ က ဖြဲ႕စည္းပုံျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီး ၎တို႔ပါတီရဲ႕ သေဘာထားကို ေျပာျပခဲ့ပါတယ္။

ဒါေၾကာင့္လည္း ျမန္မာျပည္မွာ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ လႊတ္ေတာ္တြင္းက ေနာက္ဆုံးႀကိဳးပမ္းခဲ့တာ ၂၀၁၅ ဇြန္လကျဖစ္ၿပီး ပုဒ္မ ၄၃၆ နဲ႔ ၅၉ (စ) အပါအဝင္ အေရးပါတဲ့ပုဒ္မေတြ ျပင္ဆင္ဖို႔ မဲခြဲဆုံးျဖတ္ရာမွာ လိုအပ္တဲ့ ေထာက္ခံမဲအေရအတြက္ မရဘဲ ရႈံးနိမ့္မႈေတြ ရွိခဲ့ပါတယ္။

ဒီတစ္ႀကိမ္မွာေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံျပင္ဆင္ေရး ဦးေဆာင္မယ့္ ပူးေပါင္းေကာ္မတီကို ျပည္ေထာင္စုလႊတ္ေတာ္ ဒုတိယနာယက ဦးထြန္းထြန္းဟိန္ က ဥကၠ႒အျဖစ္ တာဝန္ယူၿပီး ပုဂၢိဳလ္ ၄၅ ဦးနဲ႔ ဖြဲ႕စည္းထားတာပါ။ထို႔အတူ ျပည္ေထာင္စုလႊတ္ေတာ္ ဒုတိယနာယကႏွင့္ အမ်ိဳးသားလႊတ္ေတာ္ ဒုတိယဥကၠ႒တို႔က ရာထူးအရ ပါဝင္မွာျဖစ္ၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဝင္ ၁၈ ဦး၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၊ ရခိုင္အမ်ိဳးသားပါတီႏွင့္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္တို႔မွ ႏွစ္ဦးစီ၊ လႊတ္ေတာ္တြင္ ကိုယ္စားလွယ္ တစ္ဦးမွ ငါးဦးအထိ ပါဝင္ေသာ ပါတီ ၁၀ ခုမွ တစ္ဦးစီႏွင့္ တစ္သီးပုဂၢလမ်ား ကိုယ္စားတစ္ဦး တပ္မေတာ္သား ကိုယ္စားလွယ္ ၈ ဦး ပါဝင္ပါတယ္။ပူးေပါင္းေကာ္မတီအေနနဲ႔ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေလ့လာေတြ႕ရွိခ်က္ အစီရင္ခံစာနဲ႔ ျပင္ဆင္မယ့္ ဥပေဒၾကမ္းတို႔ကို ေဖေဖာ္ဝါရီ ၂၀ ရက္က စတင္ၿပီး ၅ လအတြင္း အၿပီးေရးဆြဲခဲ့ကာ ၂ဝဝ၈ ဖြဲ႕စည္းပုံအေျခခံဥပေဒထဲက ျပင္ဆင္၊ ျဖည့္စြက္၊ ပယ္ဖ်က္ဖို႔ အခ်က္ေပါင္း ၃၇၆၅ ခ်က္ကို စုစည္းၿပီး ျပည္ေထာင္စုလႊတ္ေတာ္သို႔ ဇူလိုင္လ ၁၅ ရက္ေန႔က အစီရင္ခံစာ တင္သြင္းခဲ့တာပါ။

သို႔ေသာ္ ထူးျခားမႈတစ္ခုက အဲ့ဒီအစီရင္ခံစာအေပၚ တပ္မေတာ္သား ကိုယ္စားလွယ္ ၇၈ ဦး အပါအဝင္ ကိုယ္စားလွယ္ ၁၂၅ ဦးက ပါဝင္ေဆြးေႏြးဖို႔ စာရင္းေပးထားရာကေန တပ္မေတာ္ဘက္က ႐ုပ္သိမ္းလိုက္သလို ပူးေပါင္းေကာ္မတီ ဖြဲ႕စည္းေဆာင္႐ြက္တာဟာ ဖြဲ႕စည္းပုံနဲ႔ မကိုက္ညီေၾကာင္း၊ လႊတ္ေတာ္ရဲ႕ ဆုံးျဖတ္ခ်က္ကို ေလးစားလိုက္နာတဲ့အေနနဲ႔သာ ပူးေပါင္းေကာ္မတီမွာ ပါဝင္ခဲ့တာျဖစ္ေၾကာင္းနဲ႔၊ အစီရင္ခံစာလုပ္ငန္းေတြဟာ အခန္း ၁၂ ပါ ျပဌာန္းခ်က္ေတြနဲ႔ မကိုက္ညီဘူးလို႔ တပ္မေတာ္သား ကိုယ္စားလွယ္အစုအဖြဲ႕က သေဘာထားမွတ္ခ်က္ ျပဳထားခဲ့ျပန္ပါတယ္။ထို႔ေၾကာင့္ ဒီအစီရင္ခံစာႏွင့္ ပတ္သက္လို႔ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက ကိုယ္စားလွယ္ ၆ ဦး၊ ရခိုင္အမ်ိဳးသားပါတီ၊ SNLD နဲ႔ တိုင္းရင္းသားပါတီတခ်ိဳ႕က ကိုယ္စားလွယ္ေတြ အပါအဝင္ ကိုယ္စားလွယ္ ၂၁ ဦးသာ ဝင္ေရာက္ေဆြးေႏြးမႈေတြ ရွိခဲ့ပါေတာ့တယ္။

ဖက္ဒရယ္ျပည္ေထာင္စုႏွင့္ တိုင္းရင္းသား တန္းတူညီမွ်ေရး

လက္ရွိအတိုက္အခံပါတီျဖစ္တဲ့ ျပည္ခိုင္ၿဖိဳးပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦး က အေျခခံဥပေဒ ခ်ိဳးေဖာက္ေနျခင္းမ်ား ခ်က္ခ်င္းရပ္ဖို႔နဲ႔ ႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအျခခံဥပေဒဆိုတာ ႏိုင္ငံတစ္ခုရဲ႕ အသက္ဝိညာဥ္ တည္ဆဲဥပေဒအားလုံး၏ အေျခခံျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ဒီမိုကေရစီစနစ္ လႊတ္ေတာ္၊ အစိုးရ၊ တရားစီရင္ေရးႏွင့္ အဖြဲ႕အစည္းအသီးသီးတို႔ ေပၚထြန္းခဲ့တာဟာ အခုဆိုရင္ ဒုတိယအႀကိမ္ သက္တမ္းကို ေရာက္ရွိေနၿပီျဖစ္တယ္။လႊတ္ေတာ္ကိုယ္စားလွယ္တိုင္းဟာ လႊတ္ေတာ္တက္သည္ေန႔မွာဘဲ အေျခခံဥပေဒ စာအုပ္အစိမ္းႀကီးကိုကိုင္ၿပီး ဇယား ၄ ပါ အခ်က္တို႔ကို က်မ္းသစၥာ ကတိျပဳခဲ့ၾကရတာ လူတိုင္းအသိပါ။ဒီက်မ္းသစၥာ ကတိျပဳခ်က္မွာ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ထိန္းသိမ္းကာကြယ္ ေစာင့္ေရွာက္ၿပီး ႏိုင္ငံေတာ္၏ ဥပေဒကိုလည္း လိုက္နာပါမယ္လို႔လည္း ေဖာ္ျပပါရွိပါတယ္။ေနာက္အေျခခံဥပေဒပုဒ္မ ၃၈၄ မွာ ႏိုင္ငံသားတိုင္းသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ျပ႒ာန္းခ်က္မ်ားကို လိုက္နာေစာင့္ထိန္းရန္ တာဝန္ရွိသည္ဟုလည္း ေဖာ္ျပျပဌာန္းထားပါတယ္။” လို႔ ဦးသိန္းထြန္းဦး က ဖြဲ႕စည္းပုံျပင္ဆင္ေရးႏွင့္ ပတ္သက္လို႔ ၎ရဲ႕ အျမင္ကို ေျပာျပခဲ့ပါတယ္။

သို႔ေသာ္ တိုင္းရင္းသားပါတီတစ္ခုျဖစ္တဲ့ ရခိုင္အမ်ိဳးသားပါတီ (ANP) ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးထြန္းေအာင္ေက်ာ္ ကေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံကို ျပင္ဆင္ဖို႔အတြက္ ၎တို႔ပါတီအေနျဖင့္ ျပင္ဆင္ဖို႔ ၈ ခ်က္ကို အဆိုျပဳထားသလို ယင္းကဲ့သို႔ အဆိုျပဳတဲ့အခါမွာလည္း ဖြဲ႕စည္းပုံကို ျပင္ဆင္ရမယ္လို႔လည္း တညီတၫြတ္တည္း ေျပာၾကားထားမႈေတြရွိခဲ့ၿပီး ဒါဟာ ၎တို႔ ရခိုင္အမ်ိဳးသားပါတီရဲ႕ မူဝါဒျဖစ္တယ္လို႔ သုံးသပ္ေျပာၾကားခဲ့ျပန္ပါတယ္။

“ျပည္ေထာင္စုစစ္စစ္ျဖစ္ရင္ ဘယ္သူမွ ခြဲထြက္စရာမလိုဘူး။အဲ့ေတာ့ က်ေနာ္တို႔ တိုင္းရင္းသားေတြက ေတာင္းဆိုေနတာ ရွင္းရွင္းေလးေလးပဲ၊ တန္းတူအခြင့္အေရးေပးပါ၊ ကိုယ္ပိုင္ျပဌာန္းခြင့္ေပးပါ။အဲ့လို တိုင္းရင္းသားေတြက ေတာင္းဆိုေနၾကတာကို ဗဟိုဦးစီးနဲ႔ ခ်ဳပ္ကိုင္ထားတဲ့အတြက္ အင္မတန္ဆိုး႐ြားတဲ့ အနိဌာ႐ုံျဖစ္တဲ့ ျပည္တြင္းစစ္ေတြ ျဖစ္လာရတယ္။အဲ့ေတာ့ ဖြဲ႕စည္းပုံမွာလည္း က်ေနာ္တို႔ တိုင္းရင္းသားေတြအတြက္ တန္းတူညီမွ်မႈရွိေအာင္ ျပင္ဆင္ေပးပါလို႔ ေတာင္းဆိုခ်င္ပါတယ္။ဖြဲ႕စည္းပုံကို ျပင္ဆင္ရမယ္လို႔လည္း က်ေနာ္တို႔ တညီတၫြတ္တည္း ေျပာၾကားထားၿပီးသား။ဒါေၾကာင့္လည္း လႊတ္ေတာ္မွာ တရားဥပေဒနဲ႔အညီ က်ေနာ္တို႔ တင္ျပလိုက္ပါၿပီ။” လို႔ ရခိုင္အမ်ိဳးသားပါတီရဲ႕ ေျပာခြင့္ရပုဂၢိဳလ္ ဦးထြန္းေအာင္ေက်ာ္ က ၎ရဲ႕ သေဘာထားအျမင္ကို ဆက္လက္ေျပာျပခဲ့ပါတယ္။

အမွန္တကယ္ ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသားေတြရဲ႕ အက်ိဳးစီးပြား ျပည္သူလူထုရဲ႕ အက်ိဳးစီးပြား စစ္မွန္တဲ့ ဒီမိုကရက္တစ္ျပည္ေထာင္စု ျဖစ္ထြန္းဖို႔ လႊတ္ေတာ္ေဖာ္ေဆာင္ေရး ျဖစ္ထြန္းအားေကာင္းဖို႔နဲ႔ ႏိုင္ငံေရးအာသီသ ျပင္းျပတယ္ဆိုပါက လက္ရွိ ဖြဲ႕စည္းပုံဟာ တကယ္တမ္းက် မရွိသင့္၊ မရွိထိုက္တဲ့ ဖြဲ႕စည္းပုံျဖစ္တစ္ခု ျဖစ္တယ္လို႔လည္း ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႕ ဦးေဆာင္ေကာ္မတီဝင္ ဦးထြန္းၾကည္ က သုံးသပ္ေျပာၾကားခဲ့ပါေသးတယ္။

“ႏွစ္ဖက္ သေဘာတူလား၊ မတူဘူးလား။ႏွစ္ဖက္ တရားမွ်တမႈရွိလား၊ မရွိဘူးလားဆိုတာ အဲ့ဒီအခ်က္ေတြနဲ႔ၾကည့္ရင္ အဲ့ေပတံနဲ႔ ဒီမိုေကရစီႏႈန္းထားေတြနဲ႔ ျပန္ၿပီးတိုင္းတာတဲ့အခါက်ေတာ့ အကို႔ရဲ႕ ရႈျမင္သုံးသပ္ခ်က္က ဒီမိုကေရစီစံႏႈန္းေတြအရေရာ လူဦးေရအရေရာ ကိန္းဂဏန္းေတြအရေရာ စာခ်ဳပ္က မမွ်တတာေရာ အဲ့ထဲမွာမွပါလာတဲ့ ဒီမိုကရက္တစ္ စံခ်ိန္စံၫႊန္းေတြနဲ႔ မညီတာေရာ ေနာက္တစ္ခုေျပာရရင္ ဖက္ဒရယ္ျပည္ေထာင္စုကို မျပင္ႏိုင္တာေတြေရာ တိုင္းရင္းသားေတြ တန္းတူညီခြင့္နဲ႔ ကိုယ္ပိုင္ျပဌာန္းခြင့္ အဲ့ကိစၥေတြမွာလည္း ဆုံးရႈံးနစ္နာမႈေတြကို ျပန္ၿပီးေတာ့ သုံးသပ္ၾကည့္ျခင္းအားျဖင့္ ၂၀၀၈ ဖြဲ႕စည္းပုံက တကယ္ တကယ္က်ေတာ့ တရားမွ်တမႈမရွိပါဘူး။အကိုတို႔က ဘာကိုသြားသုံးသပ္လဲဆိုေတာ့ ဒီေနရာမွာ သမၼတရဲ႕ အခန္းက႑ကို သုံးသပ္ပါတယ္။တို႔တိုင္းျပည္ကို ၾကည့္လိုက္တဲ့အခါ  ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ သမၼတရဲ႕ အခန္းက႑က တစ္ျခားစီျဖစ္ေနတယ္။အဲ့အတြက္ေၾကာင့္မို႔လို႔ တစ္ဦး တစ္ေယာက္ တစ္ဖြဲ႕ကို အာဏာလုပ္ပိုင္ခြင့္ အလြန္အကြၽံေပးထားတဲ့အတြက္ေၾကာင့္မို႔ ဒါသည္ ဘာပဲေျပာေျပာ စစ္ႀကီးစိုးေရးဝါဒကို အေကာင္းဆုံး အခိုင္အမာျဖစ္ေအာင္ တည္ေဆာက္ထားတဲ့ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒျဖစ္တဲ့အျပင္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒနဲ႔တင္ အာဏာသိမ္းထားတယ္လို႔ အကိုတို႔က ဒီလိုပဲရႈျမင္သုံးသပ္ပါတယ္။” လို႔ ဦးထြန္းၾကည္ က ၎ရဲ႕ အျမင္ကို သုံးသပ္ေျပာျပခဲ့ပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံအတြင္းမွာ မွီတင္းေနထိုင္ေနၾကတဲ့ တိုင္းရင္းသား ရဟန္းရွင္လူ ျပည္သူလူမ်ိဳးေပါင္းစုံ ဘာသာေပါင္းစုံအတြက္ကို ခ်ဳံငုံထားတဲ့ ရပိုင္ခြင့္ေတြ လူ႔အခြင့္အေရးေတြ ျပန္ၾကည့္ပါကလည္း ဖြဲ႕စည္းပုံအေျခခံဥပေဒက ဘာမွျဖည့္စြမ္းေပးႏိုင္ျခင္းမရွိသလို လက္ရွိေခတ္စနစ္နဲ႔လည္း မေလ်ာ္ညီတဲ့အတြက္ ဖြဲ႕စည္းပုံကိုျပင္ဆင္တာထက္စာပါက ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို မ်က္ေမွာက္ျပဳေသာ ဖြဲ႕စည္းပုံအသစ္တစ္ခုကို ေမွ်ာ္လင့္တယ္လို႔လည္း ၎က ဆိုပါတယ္။

“အခုက ဘယ္လိုျဖစ္ေနလဲဆိုေတာ့ ဖြဲ႕စည္းပုံျပင္ဆင္ေရး၊ ဖြဲ႕စည္းပုံျပင္ဆင္ေရးအတြက္က ဘာျဖစ္ေနလဲဆိုေတာ့ ဖြဲ႕စည္းပုံျပင္ဆင္ေရးကို ေၾကာက္ေနတဲ့ေရာဂါ ျဖစ္ေနတယ္။အဲ့အတြက္ ဖိအားတစ္ခုဟာ ဖြဲ႕စည္းပုံျပင္မယ္လို႔ ေျပာလိုက္ရင္ ေၾကာက္တဲ့ေရာဂါက ထလာၿပီ ဒါေတာင္မွာ ျပင္မွာပဲရွိေသးတယ္။ျပင္ဆင္တာေတာင္မွ အဲ့ေလာက္အထိ ႏိုင္ငံေရးအရ ျဖစ္ေနတယ္ဆိုရင္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးတို႔ ျပည္တြင္းၿငိမ္းခ်မ္းေရးတို႔က ေတာ္ေတာ္ေလးကို အလွမ္းေဝးေနအုံးမွာ ျဖစ္ပါတယ္။” လို႔ ဦးထြန္းၾကည္ က ၎ရဲ႕ အျမင္ကို ထပ္ေလာင္းေျပာျပခဲ့ပါတယ္။

လႊတ္ေတာ္တြင္း တပ္ကိုယ္စားလွယ္ ရာခိုင္ႏႈန္းေလွ်ာ့ခ်ေရး

ဒါ့အျပင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီရဲ႕ အစီရင္ခံစာမွာ လႊတ္ေတာ္အတြင္း တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ေလွ်ွာ့ခ်ဖု႔ိ ပယ္ဖ်က္ဖို႔ အပါအဝင္ ဖြဲ႕စည္းပုံျပင္ဆင္ေရး အဓိကေသာ့ခ်က္ျဖစ္တဲ့ ပုဒ္မ ၄၃၆ ကို တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြ မပါပဲနဲ႔ ျပင္ဆင္ခြင့္ရဖို႔ အခ်က္ေတြလည္း ပါဝင္ခဲ့တာျဖစ္ပါတယ္။ထို႔အတူ တိုင္းရင္းသားပါတီအခ်ိဳ႕က လႊတ္ေတာ္မွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ အခန္းက႑ကို ပယ္ဖ်က္ေပးဖို႔ ေျခဥပူးေပါင္းေကာ္မတီကို အႀကံျပဳထားတာေတြလည္း ရွိခဲ့သလို လႊတ္ေတာ္အတြင္း တပ္မေတာ္သား ကိုယ္စားလွယ္ေတြ ပါဝင္မႈကို ေလွ်ာ့ခ်ဖို႔အတြက္ လက္ရွိ တပ္မေတာ္သား ၂၅ ရာခိုင္ႏႈန္းကို အဆင့္ ၃ ဆင့္နဲ႔ ေလွ်ာ့ခ်ဖို႔၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လက္နက္ကိုင္အဖြဲ႕အားလုံးရဲ႕ အႀကီးအကဲျဖစ္တယ္ဆိုတဲ့ ပုဒ္မ ၂၀၊ အပိုဒ္ခြဲ (ခ) ကို ပယ္ဖ်က္ေပးဖို႔  NLD က အဆိုျပဳထားတာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း ဖြဲ႕စည္းပုံဟာ တိုင္းျပည္ရဲ႕ ေက်ာ႐ိုးျဖစ္ၿပီး ဖြဲ႕စည္းပုံမရွိပဲ တိုင္းျပည္က ရပ္တည္လို႔မရဘူးလို႔လည္း အၿငိမ္းစား ဗိုလ္ခ်ဳပ္မ်ားျဖင့္ ဖြဲ႕စည္းထူေထာင္ထားတဲ့  အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီရဲ႕ အတြင္းေရးမႉးျဖစ္သူ ဦးခင္ေမာင္ၾကည္ က သုံးသပ္ေျပာၾကားခဲ့ျပန္ပါတယ္။

“ဖြဲ႕စည္းပုံကို အကုန္လုံးျပင္လိုက္မယ္။ဒါႀကီးကို Cancel လုပ္လိုက္မယ္ဆိုရင္ တိုင္းျပည္က ဘယ္လိုရပ္တည္မလဲ၊ တိုင္းျပည္ကို ဘယ္အဖြဲ႕အစည္းက အုပ္ခ်ဳပ္မလဲ။ဖြဲ႕စည္းပုံမရွိဘူးဆိုရင္ အစိုးရကိုတက္ဖို႔ လုပ္ထားတာလည္း ေပ်ာက္သြားမယ္။ဖြဲ႕စည္းပုံျပင္တာသည္ ဘယ္သူ႔အတြက္ျပင္တာလဲ တိုင္းျပည္မွာ အလုပ္သမားေတြ နစ္နာေနသလား၊ ႏိုင္ငံသူ၊ ႏိုင္ငံသားေတြ နစ္နာေနသလား (သို႔တည္းမဟုတ္) ဘယ္အဖြဲ႕အစည္းေတြက နစ္နာေနသလဲ။ဒါကိုၾကည့္ရမယ္၊ ပုဂၢိဳလ္ေရးအရ ျပင္တာလား၊ ဒါကို နံပါတ္တစ္ ဆန္းစစ္ရမယ္။ေနာက္တစ္ခ်က္က တပ္မေတာ္ ၂၅ ရာခိုင္ႏႈန္းကို ေလွ်ာ့ခ်တဲ့ကိစၥပါ။အနီးစပ္ဆုံး အင္ဒိုနီးရွားႏိုင္ငံကို ၾကည့္မယ္ဆိုရင္ အရင္တုန္းက၂၅ ရာခိုင္ႏႈန္းရွိတယ္။အဲ့ဒီကမွ ႏွစ္စဥ္ သူေလွ်ာ့သြားတယ္ ၁၅၊ ၁၀ ကေန ၅ ရာခိုင္ႏႈန္းအထိ ေလွ်ာ့သြားတယ္။ဖြဲ႕စည္းပုံတစ္ခုဆိုတာ လူထုရဲ႕ ေထာက္ခံမႈ လူထုရဲ႕ အတည္ျပဳခ်က္က အေရးႀကီးတာေပါ့ေလ။ အဲ့ဒါကတစ္ခ်က္ပါ။က်ေနာ္တို႔ ပါတီဥကၠ႒ႀကီးလည္း ေျပာတာရွိပါတယ္၊ သူက ျပင္တာနည္းနည္းေစာလြန္းတယ္လို႔ စိတ္ထဲမွာထင္တယ္လို႔ အဲ့လိုမွတ္ခ်က္ျပဳထားတာ ရွိပါတယ္။” လို႔ ဦးခင္ေမာင္ၾကည္ က ဆက္လက္ေျပာျပခဲ့ပါတယ္။

အနာဂတ္ ႏိုင္ငံေတာ္

မည္သို႔ပင္ဆိုေစကာမူ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒထဲမွာ တပ္မေတာ္ေခါင္းေဆာင္ေတြက သူတို႔ျမင္ခ်င္တဲ့ ႏိုင္ငံေတာ္ကို ပုံေဖာ္ထားတာ ထင္ရွားပါတယ္။အေျခခံမူေတြထဲက တစ္ခ်က္က တပ္မေတာ္ရဲ႕ “ႏိုင္ငံေရးဦးေဆာင္မႈ” ျဖစ္ၿပီး ဒီအခ်က္ကို ပံ့ပိုးတဲ့ ပုဒ္မေတြ အမ်ားႀကီးကို ထည့္သြင္းထားပါတယ္။

ဖြဲ႕စည္းပုံကို ျပန္ျပင္တဲ့အခါမွာ စဥ္းစားရမွာက လူတစ္ေယာက္၊ တစ္စုတစ္ဖြဲ႕ရဲ႕ အက်ိဳးထက္ ျပည္သူလူထုရဲ႕ဆႏၵ၊ တိုင္းျပည္ရဲ႕ လိုအပ္ခ်က္၊ ေခတ္ရဲ႕ေတာင္းဆိုမႈေတြကို လက္ေတြ႕က်က် ခ်ဥ္းကပ္ဖို႔ လိုပါတယ္။ထို႔အတူ တိုင္းျပည္ေရွ႕ခရီးအတြက္ ပႏၷက္ခ်ႏိုင္ဖို႔လည္း လိုပါတယ္။ဒါေၾကာင့္ ဖြဲ႕စည္းပုံျပင္ဆင္ေရးဟာ လက္ရွိ NLD အစိုးရအတြက္ အေျဖသုညထြက္တဲ့ ကစားပြဲမျဖစ္ေစဘဲ အေပါင္းရလဒ္ထြက္တဲ့ ကစားပြဲျဖစ္ဖို႔ အေရးႀကီးပါတယ္။ဒီေနရာမွာ ေခါင္းေဆာင္ေတြရဲ႕ အေျမာ္အျမင္ကလည္း အခရာက်လာတယ္ဆိုတာကေတာ့ ဘယ္လိုမွျငင္းမရတဲ့ ပကတိအမွန္တရားတစ္ခု ျဖစ္လာခဲ့ပါေတာ့တယ္။

ေျပသိမ္း
ၾသဂုတ္ - ၆