ပြန်လာပါတော့....
 ပြန်လာပါတော့....
ဘင်္ဂါလီတွေ ပြန်မလာဘူးတဲ့။
အစိုးရက အခုဆို ဘင်္ဂါလီတွေကို ပြန်လက်ခံနေပြီ။
နိုင်ငံတကာရဲ့ ဖိအားကြောင့်ရော။ ဒီလူတွေဟာ ဒီမှာ နေခဲ့တယ်ဆိုတာကြောင့်ရောပေါ့။
ဒါပေမဲ့ ဘင်္ဂါလီတွေက မြန်မာပြည်ကို ပြန်မလာဘူးတဲ့။
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းကနေ မခွာကြဘူး။
တချို့ဆို မြန်မာပြည်ထဲ ပြန်လာရမှာစိုးလို့ ထွက်တောင်ပြေးကြတယ်။
စိတ်တောင် မကောင်းဘူး။
အဟုတ်ပါပဲ။
အခုဆို မြန်မာတွေခမြာ စိတ်မကောင်းဘူး။
ဘင်္ဂါလီတွေ ပြန်မလာလို့ ငိုတဲ့လူက ငို။ အော်တဲ့လူက အော်နဲ့။
မြန်မာပြည်က လူတွေ အကုန်လုံး က ဘင်္ဂါလီတွေကို တွေ့ချင်လှပြီလေ။
မတွေ့တာ တနှစ်ကျော်ကြာတော့ လွမ်းလည်း လွမ်းလှပြီမဟုတ်လား။
တကယ်ဆို မြန်မာအစိုးရကလည်း ဘင်္ဂါလီတွေကို တွေ့ချင်လှပြီ။
သူတို့ ဒီတိုင်းပြည်ထဲ မြန်မြန်ဝင်မှပဲ။
မဟုတ်ရင် နိုင်ငံတကာကလည်း ဖိအားပေးလှပြီလေ။
ဘင်္ဂါလီတွေ တိုင်းပြည်ထဲ ပြန်ဝင်မလာရင် ဒီတိုင်းပြည်ပဲ ဒုက္ခရောက်မှာမဟုတ်လား။
မြန်မာအစိုးရနဲ့ စစ်တပ်ကို ICC မှာ တင်မလား။
မြန်မာပြည်ထဲကို ကုလသမဂ္ဂတပ်တွေ ဝင်လာတော့မလား ဆိုပြီး စိုးရိမ်နေရတာ။
ဘာလို့လဲဆိုတော့ ဘင်္ဂါလီတွေကို နှိပ်စက်လို့တဲ့။
ဘင်္ဂါလီတွေကို နှိပ်စက်တယ်ဆိုတော့ နိုင်ငံတကာကလည်း မခံနိုင်ဘူးလေ။
ဘင်္ဂါလီတွေကို သနားကြ။
ထောက်ပံ့ကြ။
ဆက်နှိပ်စက်ရင်တော့ဖြင့် ကုလတပ်တွေ လွှတ်လိုက်တော့မယ်ဆိုလို့ဆို။
အခုတောင်မှ မြန်မာကို ဥရောပက ကုန်သွယ်မှု အထူးအခွင့်အရေးတွေ မပေးတော့ပြန်ဘူး။
အခွန်တွေ ပြန်ကောက်တော့မယ်။
အဲ့တော့ မြန်မာတွေက ဆန်တွေ၊ အဝတ်တွေကို ဈေးမြှင့်ပြီးရောင်း။
ဥရောပက စားသုံးသူတွေက ဈေးကြီးပေးပြီးဝယ်ရ၊ စားရဖြစ်ကုန်ရော။
ဘယ်လောက်သနားဖို့ ကောင်းလိုက်တဲ့ ဥရောပသားတွေလဲ။
မြန်မာပြည်မှာတင် ကုန်ဈေးနှုန်းတက်မှာမဟုတ်၊ ဥရောပမှာပါ ကုန်ဈေးနှုန်းတက်ပြီ။
ဒီတော့ ဥရောပသားတွေလည်း ဘင်္ဂါလီတွေကို မြန်မာထဲ မြန်မြန်ပြန်ဝင်စေချင်လောက်ပြီ။
နိုမို့ဆို မြန်မာပစ္စည်းတွေကို သူတို့ ဈေးကြီးပေးပြီး ဝယ်နေရမှာလေ။
အဲ့ဒါတွေကြောင့် မရှိမဲ့ ရှိမဲ့ငွေလေးနဲ့
ဘင်္ဂါလီတွေကို အိမ်ဆောက်ပေးတယ်။
ရိက္ခာတွေ ထောက်ပံ့ပေးတယ်။
ဈေးဖိုးကလည်း ပေးသေးတယ်။
ဒါပေမဲ့ သိတဲ့အတိုင်း ဘင်္ဂါလီတွေကလည်း ခေသူတော့မဟုတ်။
ဒီတိုင်းပြည်ထဲ ပြန်မလာဘူးဗျ။
တော်တော်လေး ကြောက်နေပုံရတယ်။
ဘာဖြစ်လို့ ကြောက်နေမှန်းတော့ မသိဘူးပေါ့လေ။
ဒါမှမဟုတ် အခြားအစီအစဉ်တွေများရှိလို့လားပေါ့။
ဒါကတော့ ဘယ်သူ သိနိုင်မလဲ။
ဘင်္ဂလားဒေရှ့်မှာ နေရတာက မြန်မာပြည်ထက်သာလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။
ဒါပေမဲ့လည်း ဘင်္ဂါလီတွေ တောင်းဆိုတာကတော့ သူတို့ကို နိုင်ငံသားအခွင့်အရေးပေးဖို့။
နိုင်ငံသားအခွင့်အရေးပေးရင်တော့ တနိုင်ငံလုံးကို လှည့်လည်သွားလာနိုင်မယ်။
ကြိုက်တဲ့နေရာမှာ နေခွင့်ရှိမယ်။
အခု မြန်မာပြည်သူတွေလိုပဲ လွတ်လွတ်လပ်လပ်နေခွင့်ရမှာပေါ့လေ။
ဒါပေမဲ့လည်း အစိုးရလည်း ခွင့်မပြု။
ဥပဒေကလည်း ရှိတာကိုး။
ပြီးတော့ ပြည်တွင်းက တိုင်းရင်းသားတွေကလည်း သိပ်ကြည်ဖြူတာမဟုတ်ဘူး။
နိုင်ငံတကာဖိအားကြောင့် အစိုးရက ပြန်လက်ခံရတောင် အစိုးရကို အကောင်းပြောတာမဟုတ်ဘူး။
ဝိုင်းဆဲနေကြတာ။
နိုင်ငံသားသာပေးလိုက်ရင်တော့ ပြည်တွင်းက မြန်မာတွေ လက်နက်ကိုင် တော်လှန်ကြမလားမသိ။
အဲ့တော့ တဖက်ဖက်က လျှော့မှရမယ်။
နိုမို့ဆို ဒုက္ခများစရာတွေချည်းပဲ။
ဘင်္ဂါလီတွေ ပြန်မလာရင် နိုင်ငံတကာက ဖိအားတွေလာမယ်။
အိုင်စီစီတင်မယ်။ ကုလတပ်တွေ ဝင်လာနိုင်တယ်။
စီးပွားရေးပိတ်ဆို့တာ လုပ်ကြမယ်။
မြန်မာပြည် စီးပွားရေးကျမယ်။ အခုတောင် ခပ်ယဲ့ယဲ့မဟုတ်လား။
စစ်အစိုးရခေတ်က အမေစုတောင်းဆိုခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ အခု အမေစုအစိုးရလက်ထက်မှ ပြန်ဖြစ်ရင် ဘယ်ကောင်းမလဲ။
ဒါကြောင့် စိုပြေကတော့ မြန်မာပြည်သူတွေကိုပဲ တောင်းပန်ရမှာ။
ဘင်္ဂါလီတွေကိုတော့ ပြန်လာပါလို့ တောင်းပန်လို့ရမှာမဟုတ်ဘူးလေ။
စိုပြေမှ သူတို့ စကားမတတ်တာ။
ဒီတော့ မြန်မာတွေကိုပဲ တောင်းပန်ပါတယ်။
အခုဘင်္ဂါလီတွေ ပြန်လာတာကို သွားပြီး ကြိုဆိုလိုက်ကြရအောင်လားဗျာ။
ဘူးသီးတောင်၊ မောင်းတောကိုသွားမယ်။
ပြီးရင် အိုးစည်ဒိုးပတ်တွေနဲ့ သပြေခတ်လေး ပေးပြီး ကြိုဆိုလိုက်မယ်ဆိုရင်ဖြင့် ဘင်္ဂါလီတွေဟာလည်း မြန်မာပြည်သားတွေ မေတ္တာတရား မခေါင်းပါးကြောင်းသိပြီး ပြန်ဝင်လာကြမယ်မဟုတ်လား။
ဒါပေမဲ့ သိတဲ့အတိုင်း ဘင်္ဂါလီတွေဟာ မြန်မာပြည်မယ် သိပ်နေချင်ကြတာမဟုတ်ဘူး။
အခုတောင် ပြန်လာချင်ကြတဲ့လူတွေမဟုတ်ဘူးလေ။
စိုပြေသိသလောက်လည်း ဘင်္ဂါလီတွေဟာ မြန်မာပြည်ကို ဖြတ်ပြီး ထိုင်းတို့၊ မလေးရှားတို့ကို သွားကြတာများတယ်။
ပြီးမှ ဥရောပတို့ အမေရိကတို့ကို သွားကြတာပေါ့လေ။
ဒီတော့ မြန်မာ ဝမ်းပန်းတသာ ကြိုဆိုလို့ ပြန်ဝင်လာကြမယ့် ဘင်္ဂါလီတွေကို အချိန်မဆိုင်းဘဲ ပတ်စပို့စ်လုပ်ပေးလိုက်။
ပြီးရင်တော့ သူတို့ သွားလိုတဲ့ နိုင်ငံတွေကို ပို့လိုက်ရုံပဲ။
အခုဆိုရင် အာဆီယံနိုင်ငံတွေသာမက အခြားနိုင်ငံကိုလည်း ဗီဇာမပါပဲ သွားလို့ရပြီမဟုတ်လား။
ဒီတော့ ဗီဇာကိစ္စလည်း ပူစရာမလို။ လေယာဉ်ပေါ်သာ တင်ပေးလိုက်ရုံပဲ။
ဟိုနိုင်ငံရောက်မှ သူတို့ ဘာသာအဆင်ပြေသလို နေကြပေါ့လေ။
စိုပြေစိတ်ထင်....။ ဘယ်နိုင်ငံကိုရောက်ရောက် မြန်မာပြည်ထက်တော့ သာမှာ အသေအချာပဲ။
စိုပြေတို့တောင် ဖြစ်နိုင်ရင် နိုင်ငံခြားမှာ သွားနေချင်ကြတာမဟုတ်လား။
သွားဖို့ မလွယ်လို့သာ မသွားကြတာ။
ဒါဆို မြန်မာပြည်သားတွေလည်း စိတ်ချမ်းသာ။
ဘင်္ဂါလီတွေလည်း ဝမ်းသာပျော်ရွှင်။
အစိုးရနဲ့ စစ်တပ်လည်း အလုံးကြီးကျ။
နိုင်ငံတကာကလည်း ဖိအားမပေးတော့ဘူး။ စီးပွားရေးလည်း မပိတ်ဆို့တော့ဘူးပေါ့။
ဘယ်လောက် အဆင်ပြေလိုက်သလဲ.....။
ဒါကြောင့် စိုပြေတို့ ဘင်္ဂါလီကြိုဆိုရေး အဖွဲ့ဖွဲ့လိုက်ကြရအောင်လားဗျာ။
ဘင်္ဂါလီကြိုဆိုရေးအဖွဲ့ကို အထောက်အပံ့တွေ ပေးချင်ရင်လည်း လက်ခံနေပါပြီနော်။
စိုပြေ
(  Zawgyi  )
စိတ်တောင် မကောင်းဘူး။
အဟုတ်ပါပဲ။
ထောက်ပံ့ကြ။
ဥပဒေကလည်း ရှိတာကိုး။
ဝိုင်းဆဲနေကြတာ။