“ နီပေါတို့၏ ကြည်ညိုခြင်းကိုအထူးခံယူတော်မူသော.... လော်ဘီတို့၏ ဆရာခင်”

 “ နီပေါတို့၏ ကြည်ညိုခြင်းကိုအထူးခံယူတော်မူသော.... လော်ဘီတို့၏ ဆရာခင်”

ဆရာခင်ကလက်ဖက်ရည်ဆိုင်မှာအခုလိုကြွေးကြော်လိုက်တယ်...
“အစိုးရဘာလုပ်လုပ် ထောက်ခံကြ...။ မထောက်ခံရင် ၊ အစိုးရကိုစော်ကားရင် အဝီစိမှာ ဂျိုးကပ်မယ်” တဲ့....။
ဆရာခင်ကဒီလိုပြောတော့ မောင်ကျော်ကသိပ်မကြည်ဘူး။
“ဆရာခင်ကလည်းဗျာ....။ အဝီစိဂျိုးကပ်ရအောင် အစိုးရကရတနာသုံး ပါးလည်းမဟုတ်....ခင်ပွန်းကြီး ဆယ်ပါးလည်းမဟုတ်” လို့ မောင်ကျော်လေးကစောဒကတက်တယ်။
ဆရာခင်ကလည်း ဆရာခင်ပဲဘယ်နေမလဲ....။
“ဟကောင်ရ... အစိုးရဆိုတာရတနာသုံးပါးထက် မြတ်တာပေါ့ကွ...” တဲ့...။ “ဟင်... ဘာဆိုင်လို့တုန်း”
“ဆိုင်ပါသကောမောင်ကျော်ရာ....။ မင်းပဲစဉ်းစားကြည့်.... ဓမ္မစက်နဲ့ အာဏာစက်ယှဉ်ရင်... အာဏာစက်ပဲအနိုင်ရတာမဟုတ်လား....။
အရင်ခေတ်အဆက်ဆက် အစိုးရကမြေတွေသိမ်းတယ်။ ရွာတွေသိမ်းတယ်...။ အဲ့လိုသိမ်းရင် ဘုန်းကြီး ကျောင်းလည်းဖျက်ရတာပဲ။ ဘုရာစေတီတွေလည်းဖျက်ရတာမဟုတ်လား....။
သံဃာတွေကိုအစိုးရက နိုင်တာကတော့ ရွှေဝါရောင်တော်လှန်ရေးက သက်သေပဲမောင်” ဆို ဆရာခင်ကပြောပြီးရေနွေးတငုံသောက်လိုက်တယ်....။
ပြီးမှ ဆက်ပြောတယ်။

 “အဲ့တော့ မင်းစဉ်းစားကြည့်....။ ရတနာသုံးပါးကိုတောင် အစိုးရက နိုင်မှတော့... အစိုးရက ရတနာ သုံးပါးထက် မြတ်ပြီပေါ့။ ဒါတောင် ခရစ်ယာန်ဘုရားကျောင်းတို့၊ ဗလီတို့မပါသေးဘူးနော်...။ အဲ့ဘုရားကျောင်း တွေ။ ဗလီတွေကိုလည်းအစိုးရကဖျက်ဆိုဖျက်ရတာပဲ။
ဒီတော့ အစိုးရဟာဘယ်ဘုရားကိုမဆို နိုင်တာပဲ။ သူလုပ်ချင်သလိုလုပ်လို့ရတယ်။ ဒါကြောင့် အစိုးရကို မစော်ကားနဲ့လို့ပြောတာ....။
အစိုးရကိုစော်ကားရင် အဝီစိမှာ ဂျိုးကပ်မှာပဲ”
ဆရာခင်ပြောတာကိုခေါင်းတညိတ်ညိတ်နဲ့ နားထောင်သူလည်းရှိရဲ့။ အချို့တော့ သိပ်မကျေနပ်ချင်ဘူး။
“ဒါဖြင့်ဆရာခင်ရယ်....။ အစိုးရလူကြီးတွေကအဲ့ဘုရားတွေ၊ ဘုန်းကြီးတွေကိုရှိခိုးနေတာပဲမဟုတ်လား...။ ရှိခိုးခံရသူကပိုမြတ်တာမဟုတ်လား” လို့မောင်ကျော်ကပြောပြန်တယ်။
“ဒါကတော့ မောင်ရင်ရယ်....။ ဒီပလိုမက်တစ်ဆိုတာကြားဖူးတယ်မို့လား....။ သင့်တင့်လျှောက်ပတ်အောင် ဆက်ဆံရတာပေါ့...။
ယဉ်ကျေးမှုကြီးကဘုန်းကြီးဆိုရှိခိုးရမယ်။ ဘုရားကိုကန်တော့ရမယ်လို့ သင်ခဲ့တာကိုး...။ ဒါကိုသူတို့လည်းချက်ချင်းကြီးဘယ်ပယ်လို့ဖြစ်မလဲ.....။

အဲ့လိုကန်တော့လိုက်လို့လည်းအစိုးရရဲ့ သိက္ခာတရားယုတ်လျော့သွားတာမှမဟုတ်တာ....။ ပြည်သူတွေကတောင် ဘုရားတရားကြည်ညိုသူလို့ဆိုပြီးသဘောတွေကျဦးမယ်”
မောင်ကျော်တို့လည်းသိပ်တော့ သဘောမကျပေမဲ့... ဆရာခင်ကပြောတာဆိုတော့လည်းနားထောင်ရတာပေါ့လေ။
သူပြောတာလည်းဟုတ်နေတာကိုး။ အစိုးရကလည်းဘာသာတရားတွေကို နိုင်နေတာပဲမဟုတ်လား။ ဖယ်ဆိုဖယ်၊ ရှောင်ဆိုရှောင်၊ ရှားဆိုရှား....။
ဘယ်ဘာသာကအထွန်တက်ရဲလို့တုန်း။ ဆရာခင်ဆိုတာကလည်းနယ်နယ်ရရမဟုတ်။ ငယ်ငယ်တုန်းက ဘုန်းကြီးဝတ်ခဲ့သေးတယ်။
ဘုန်းကြီးဝတ်နဲ့ နီပေါပြည်ကိုကြွဖူးတယ်။

နီပေါမှာတော်တော်ကြာဆိုပဲ။ အဲ့နီပေါပြည်မှာနီပေါပြည်သူတွေကဆရာခင်ကိုတော်တော်ကြည်ညိုကြတယ်ဆိုပဲ။ ဒါကတော့ ဟုတ်မဟုတ် ဘယ်သူသိမှာတုန်း။
ဆရာခင်ပြောလို့သာသိရတာပ။

အဲ့ဒါနဲ့ပဲဆရာခင်ဟာ “နီပေါတို့၏ ကြည်ညိုခြင်းကိုအထူးခံယူတော်မူသောဆရာခင်” ဆိုတဲ့ ဘွဲ့ကိုရတော့တာပဲ။
အခုဆိုရင်လည်းဆရာခင်ဟာလက်ရှိအစိုးရကိုသိပ်သဘောကျတာ။ ပိုစိုးပက်စက်ထောက်ခံသူဆိုရင်လည်းမမှားဘူး။
ဘာနေနေအစိုးရဘက်ကပဲ။ အရင်အစိုးရတွေတုန်းကတော့ ဘယ်သဘောကျမလဲ။ ဒါကြောင့် အစိုးရမကောင်းကြောင်းတခုခုပြောတော့မယ်ဆိုရင်တောင် အရင်အစိုးရတွေတုန်းကပေါ့ကွာလို့.. ညွှန်းတတ်တယ်။
အရင်အစိုးရအဆက်ဆက်ကို ဝေဖန်ထောက်ပြဆဲဆိုခဲ့တယ်ဆိုရင်လည်းမမှားဘူး။ ဆရာခင်ဟာပညာလေးကလည်းတတ်လေတော့.. အပြောကောင်းအရေးကောင်းပေါ့။
ဒါကြောင့် ဆရာခင်ဟာအွန်လိုင်းပေါ်မှာလည်းဆရာတဆူပါပဲ။ အွန်လိုင်းမှာတော့ ဆရာခင်မဟုတ်တော့ဘူး။ ဆယ်လီခင်ရယ်လို့ နာမည်ကြီးတယ်။
အစိုးရထောက်ခံစာတွေ ရေးလေတော့ မြန်မာပြည်ကနီပေါတွေကလည်းသိပ်ကြိုက်။

အရင်နီပေါပြည်ကလူတွေလည်း ကြည်ညိုခဲ့တယ်။ အခုနီပေါတွေကလည်း ကြည်ညိုတယ်ဆိုတော့.....။
နီပေါတို့၏ ကြည်ညိုခြင်းကိုအထူးအထူးခံယူတော်မူသောလို့တောင် ပြောရမယ်ထင်တာပ....။ အင်း.... မနက်လည်းကိုးနာရီခွဲ။ နေလေးလည်းမြင့်လာပြီဆိုတော့ လက်ဖက်ရည်ဆိုင်ကခွာကြတော့မယ်။
လက်ဖက်ရည်ဖိုးရှင်းဖို့လုပ်တုန်း.... မောင်ကျော်ကထပ်မေးတယ်။
 “အစိုးရကိုမထောက်ခံရင် စော်ကားရင် အဝီစိရောက်မယ်ဆိုတော့.... ဆရာခင်လည်းအရင်အစိုးရတွေကိုထောက်ခံခဲ့တာမှမဟုတ်တာ....။
ဒါဆိုဆရာခင်ရော... အဝီစိရောက်မှာလား....” တဲ့။
ဆရာခင် နည်းနည်းတော့ ကြောင်သွားတယ်။ ဒီမေးခွန်းကိုမမျှော်လင့်ထားဘူးလေ။
ဒါပေမဲ့ ဆရာခင်ပဲ...။ ဒါမျိုးတော့ ဘယ်ရမလဲ။ “ဒါကဒီလိုရှိတယ်မောင်ရင်ရ....။ အစိုးရဆိုတိုင်းလည်းအရမ်းကာရောထောက်ခံနေလို့မဖြစ်ဘူး။
မင်းကျင့်တရားဆယ်ပါးဆိုတာ ကြားဖူးတယ်မဟုတ်လား....။ အဲ့မင်းကျင့်တရားနဲ့ မညီတဲ့ အစိုးရတွေကိုတော့ ဝေဖန်လို့ရတယ်။
မထောက်ခံလို့ရတယ်။ ယုတ်စွအဆုံးဆဲဆိုရင်တောင် အပြစ်မဖြစ်ဘူးကွ....။ သူတို့လုပ်ရပ်တွေမှားနေတာကိုမထောက်ခံတဲ့အတွက် ကုသိုလ်တောင်ရသေး....။
ကုသိုလ်ရတော့ နတ်ပြည်တောင်ရောက်နိုင်တာပေါ့ကွာ.....ဟာဟ ”

ဆရာခင်ရဲ့ အပြောမှာ.... မောင်ကျော်ငိုင်သွားတော့တယ်။ ဆရာခင်ကိုထောက်ခံသူတွေကတော့ “ဒါမှ ဆရာခင်ကွ” ဆိုပြီး သြဘာပေးတယ်။
မောင်ကျော်လည်းစဉ်းစားရတော့တယ်။ သူကဘယ်အစိုးရကိုမှ ထောက်ခံသူမဟုတ်....။ မောင်ကျော်ကိုလည်းဆရာခင်တို့ကအနီကြောင်လို့ ခေါ်ကြတယ်လေ။
ထူးထူးဆန်းဆန်းအိမ်မှာကြောင် အနီတစ်ကောင်မွေးထားလို့တဲ့.....။ ထားတော့....။ မောင်ကျော်စဉ်းစားမိတာကအရင်အစိုးရကိုမထောက်ခံလို့ ကုသိုလ်ရမယ်။
ဒီအစိုးရကိုမထောက်ခံလို့ အဝီစိရောက်မယ်။ အဲ့တော့ ဘဲစားဘဲကြေဖြစ်မလား။ ဒါမှမဟုတ် ငရဲတော့ မရောက်ဘဲအသူရကယ်ဘုံများရောက်မလားပေါ့။
 ပြီးတော့လည်း လက်ဖက်ရည်ဝိုင်းမှာ ငါးယောက်ရှိတာဆရာခင်နဲ့ အစိုးရကိုထောက်ခံသူနှစ်ယောက်ကတော့ နတ်ပြည်သွားမယ်။
မောင်ကျော်နဲ့ အခြားတယောက်ကတော့ ဘယ်အစိုးရကိုမှ ထောက်ခံသူမဟုတ်လေတော့.... ငရဲပြည်သွားမယ်။ ဒါဆို မြန်မာပြည်မှာရော....။
ဘယ်သူနတ်ပြည်ရောက်ပြီးဘယ်သူတွေ အဝီစိရောက်မတုန်း....။

“ကျနော်ကတော့ဖြင့် ငရဲပြည်တော့ မရောက်ချင်ဘူးဆရာခင်ရယ်...။ ဖြစ်နိုင်ရင်တော့ ဆရာခင်တို့လို့ နတ်ပြည်ပဲရောက်ချင်တာပဲ.....။ ဒါကြောင့် အခုကစလို့... ဆရာခင်တို့လိုမျိုးလက်ရှိအစိုးရကိုပိုးစိုးပက်စက်ထောက်ခံတော့မယ်” လို့ မောင်ကျော်ကပြောလိုက်တယ်ဆိုရင်ပဲ...
ဆရာခင်မျက်နှာဟာ ပြုံးသွားတာပဲ။
ပြီးတော့.... “ဒီလိုမှပေါ့ကွာ....။ ဒီလက်ဖက်ရည်ဖိုးတွေ ငါပဲရှင်းလိုက်တော့မယ်ကွာ...” လို့ဆရာခင်ကဆိုလိုက်တယ်။
လက်ဖက်ရည်ဖိုးရှင်းပြီးတော့ မောင်ကျော်ကမရှင်းတာလေးတခုထပ်မေးလိုက်တယ်...။
“ဒါနဲ့ ဆရာခင်ရယ်... အစိုးရဟာမင်းကျင့်တရားဆယ်ပါးနဲ့ အညီအုပ်ချုပ်လား၊ မအုပ်ချုပ်လား....ဘယ်လိုသိရမတုန်းဗျ”
ဒီတော့ ဆရာခင်ကတခွန်းထဲပြောချလိုက်တယ်.....။
“ကိုယ်ကြိုက်တဲ့အစိုးရကမင်းကျင့်တရားဆယ်ပါးနဲ့ညီတဲ့ အစိုးရပဲ....။ မကြိုက်ရင်တော့ မညီဘူးဟေ့” တဲ့

စိုပြေ 

( Zawgyi )

 ဆရာခင္ကလက္ဖက္ရည္ဆိုင္မွာအခုလိုေႂကြးေၾကာ္လိုက္တယ္...
“အစိုးရဘာလုပ္လုပ္ ေထာက္ခံၾက...။ မေထာက္ခံရင္ ၊ အစိုးရကိုေစာ္ကားရင္ အဝီစိမွာ ဂ်ိဳးကပ္မယ္” တဲ့....။
ဆရာခင္ကဒီလိုေျပာေတာ့ ေမာင္ေက်ာ္ကသိပ္မၾကည္ဘူး။
“ဆရာခင္ကလည္းဗ်ာ....။ အဝီစိဂ်ိဳးကပ္ရေအာင္ အစိုးရကရတနာသုံး ပါးလည္းမဟုတ္....ခင္ပြန္းႀကီး ဆယ္ပါးလည္းမဟုတ္” လို႔ ေမာင္ေက်ာ္ေလးကေစာဒကတက္တယ္။
ဆရာခင္ကလည္း ဆရာခင္ပဲဘယ္ေနမလဲ....။
“ဟေကာင္ရ... အစိုးရဆိုတာရတနာသုံးပါးထက္ ျမတ္တာေပါ့ကြ...” တဲ့...။ “ဟင္... ဘာဆိုင္လို႔တုန္း”
“ဆိုင္ပါသေကာေမာင္ေက်ာ္ရာ....။ မင္းပဲစဥ္းစားၾကည့္.... ဓမၼစက္နဲ႔ အာဏာစက္ယွဥ္ရင္... အာဏာစက္ပဲအႏိုင္ရတာမဟုတ္လား....။
အရင္ေခတ္အဆက္ဆက္ အစိုးရကေျမေတြသိမ္းတယ္။ ႐ြာေတြသိမ္းတယ္...။ အဲ့လိုသိမ္းရင္ ဘုန္းႀကီး ေက်ာင္းလည္းဖ်က္ရတာပဲ။ ဘုရာေစတီေတြလည္းဖ်က္ရတာမဟုတ္လား....။
သံဃာေတြကိုအစိုးရက ႏိုင္တာကေတာ့ ေ႐ႊဝါေရာင္ေတာ္လွန္ေရးက သက္ေသပဲေမာင္” ဆို ဆရာခင္ကေျပာၿပီးေရေႏြးတငုံေသာက္လိုက္တယ္....။
ၿပီးမွ ဆက္ေျပာတယ္။

 “အဲ့ေတာ့ မင္းစဥ္းစားၾကည့္....။ ရတနာသုံးပါးကိုေတာင္ အစိုးရက ႏိုင္မွေတာ့... အစိုးရက ရတနာ သုံးပါးထက္ ျမတ္ၿပီေပါ့။ ဒါေတာင္ ခရစ္ယာန္ဘုရားေက်ာင္းတို႔၊ ဗလီတို႔မပါေသးဘူးေနာ္...။ အဲ့ဘုရားေက်ာင္း ေတြ။ ဗလီေတြကိုလည္းအစိုးရကဖ်က္ဆိုဖ်က္ရတာပဲ။
ဒီေတာ့ အစိုးရဟာဘယ္ဘုရားကိုမဆို ႏိုင္တာပဲ။ သူလုပ္ခ်င္သလိုလုပ္လို႔ရတယ္။ ဒါေၾကာင့္ အစိုးရကို မေစာ္ကားနဲ႔လို႔ေျပာတာ....။
အစိုးရကိုေစာ္ကားရင္ အဝီစိမွာ ဂ်ိဳးကပ္မွာပဲ”
ဆရာခင္ေျပာတာကိုေခါင္းတညိတ္ညိတ္နဲ႔ နားေထာင္သူလည္းရွိရဲ႕။ အခ်ိဳ႕ေတာ့ သိပ္မေက်နပ္ခ်င္ဘူး။
“ဒါျဖင့္ဆရာခင္ရယ္....။ အစိုးရလူႀကီးေတြကအဲ့ဘုရားေတြ၊ ဘုန္းႀကီးေတြကိုရွိခိုးေနတာပဲမဟုတ္လား...။ ရွိခိုးခံရသူကပိုျမတ္တာမဟုတ္လား” လို႔ေမာင္ေက်ာ္ကေျပာျပန္တယ္။
“ဒါကေတာ့ ေမာင္ရင္ရယ္....။ ဒီပလိုမက္တစ္ဆိုတာၾကားဖူးတယ္မို႔လား....။ သင့္တင့္ေလွ်ာက္ပတ္ေအာင္ ဆက္ဆံရတာေပါ့...။
ယဥ္ေက်းမႈႀကီးကဘုန္းႀကီးဆိုရွိခိုးရမယ္။ ဘုရားကိုကန္ေတာ့ရမယ္လို႔ သင္ခဲ့တာကိုး...။ ဒါကိုသူတို႔လည္းခ်က္ခ်င္းႀကီးဘယ္ပယ္လို႔ျဖစ္မလဲ.....။

အဲ့လိုကန္ေတာ့လိုက္လို႔လည္းအစိုးရရဲ႕ သိကၡာတရားယုတ္ေလ်ာ့သြားတာမွမဟုတ္တာ....။ ျပည္သူေတြကေတာင္ ဘုရားတရားၾကည္ညိဳသူလို႔ဆိုၿပီးသေဘာေတြက်ဦးမယ္”
ေမာင္ေက်ာ္တို႔လည္းသိပ္ေတာ့ သေဘာမက်ေပမဲ့... ဆရာခင္ကေျပာတာဆိုေတာ့လည္းနားေထာင္ရတာေပါ့ေလ။
သူေျပာတာလည္းဟုတ္ေနတာကိုး။ အစိုးရကလည္းဘာသာတရားေတြကို ႏိုင္ေနတာပဲမဟုတ္လား။ ဖယ္ဆိုဖယ္၊ ေရွာင္ဆိုေရွာင္၊ ရွားဆိုရွား....။
ဘယ္ဘာသာကအထြန္တက္ရဲလို႔တုန္း။ ဆရာခင္ဆိုတာကလည္းနယ္နယ္ရရမဟုတ္။ ငယ္ငယ္တုန္းက ဘုန္းႀကီးဝတ္ခဲ့ေသးတယ္။
ဘုန္းႀကီးဝတ္နဲ႔ နီေပါျပည္ကိုႂကြဖူးတယ္။

နီေပါမွာေတာ္ေတာ္ၾကာဆိုပဲ။ အဲ့နီေပါျပည္မွာနီေပါျပည္သူေတြကဆရာခင္ကိုေတာ္ေတာ္ၾကည္ညိဳၾကတယ္ဆိုပဲ။ ဒါကေတာ့ ဟုတ္မဟုတ္ ဘယ္သူသိမွာတုန္း။
ဆရာခင္ေျပာလို႔သာသိရတာပ။

အဲ့ဒါနဲ႔ပဲဆရာခင္ဟာ “နီေပါတို႔၏ ၾကည္ညိဳျခင္းကိုအထူးခံယူေတာ္မူေသာဆရာခင္” ဆိုတဲ့ ဘြဲ႕ကိုရေတာ့တာပဲ။
အခုဆိုရင္လည္းဆရာခင္ဟာလက္ရွိအစိုးရကိုသိပ္သေဘာက်တာ။ ပိုစိုးပက္စက္ေထာက္ခံသူဆိုရင္လည္းမမွားဘူး။
ဘာေနေနအစိုးရဘက္ကပဲ။ အရင္အစိုးရေတြတုန္းကေတာ့ ဘယ္သေဘာက်မလဲ။ ဒါေၾကာင့္ အစိုးရမေကာင္းေၾကာင္းတခုခုေျပာေတာ့မယ္ဆိုရင္ေတာင္ အရင္အစိုးရေတြတုန္းကေပါ့ကြာလို႔.. ၫႊန္းတတ္တယ္။
အရင္အစိုးရအဆက္ဆက္ကို ေဝဖန္ေထာက္ျပဆဲဆိုခဲ့တယ္ဆိုရင္လည္းမမွားဘူး။ ဆရာခင္ဟာပညာေလးကလည္းတတ္ေလေတာ့.. အေျပာေကာင္းအေရးေကာင္းေပါ့။
ဒါေၾကာင့္ ဆရာခင္ဟာအြန္လိုင္းေပၚမွာလည္းဆရာတဆူပါပဲ။ အြန္လိုင္းမွာေတာ့ ဆရာခင္မဟုတ္ေတာ့ဘူး။ ဆယ္လီခင္ရယ္လို႔ နာမည္ႀကီးတယ္။
အစိုးရေထာက္ခံစာေတြ ေရးေလေတာ့ ျမန္မာျပည္ကနီေပါေတြကလည္းသိပ္ႀကိဳက္။

အရင္နီေပါျပည္ကလူေတြလည္း ၾကည္ညိဳခဲ့တယ္။ အခုနီေပါေတြကလည္း ၾကည္ညိဳတယ္ဆိုေတာ့.....။
နီေပါတို႔၏ ၾကည္ညိဳျခင္းကိုအထူးအထူးခံယူေတာ္မူေသာလို႔ေတာင္ ေျပာရမယ္ထင္တာပ....။ အင္း.... မနက္လည္းကိုးနာရီခြဲ။ ေနေလးလည္းျမင့္လာၿပီဆိုေတာ့ လက္ဖက္ရည္ဆိုင္ကခြာၾကေတာ့မယ္။
လက္ဖက္ရည္ဖိုးရွင္းဖို႔လုပ္တုန္း.... ေမာင္ေက်ာ္ကထပ္ေမးတယ္။
 “အစိုးရကိုမေထာက္ခံရင္ ေစာ္ကားရင္ အဝီစိေရာက္မယ္ဆိုေတာ့.... ဆရာခင္လည္းအရင္အစိုးရေတြကိုေထာက္ခံခဲ့တာမွမဟုတ္တာ....။
ဒါဆိုဆရာခင္ေရာ... အဝီစိေရာက္မွာလား....” တဲ့။
ဆရာခင္ နည္းနည္းေတာ့ ေၾကာင္သြားတယ္။ ဒီေမးခြန္းကိုမေမွ်ာ္လင့္ထားဘူးေလ။
ဒါေပမဲ့ ဆရာခင္ပဲ...။ ဒါမ်ိဳးေတာ့ ဘယ္ရမလဲ။ “ဒါကဒီလိုရွိတယ္ေမာင္ရင္ရ....။ အစိုးရဆိုတိုင္းလည္းအရမ္းကာေရာေထာက္ခံေနလို႔မျဖစ္ဘူး။
မင္းက်င့္တရားဆယ္ပါးဆိုတာ ၾကားဖူးတယ္မဟုတ္လား....။ အဲ့မင္းက်င့္တရားနဲ႔ မညီတဲ့ အစိုးရေတြကိုေတာ့ ေဝဖန္လို႔ရတယ္။
မေထာက္ခံလို႔ရတယ္။ ယုတ္စြအဆုံးဆဲဆိုရင္ေတာင္ အျပစ္မျဖစ္ဘူးကြ....။ သူတို႔လုပ္ရပ္ေတြမွားေနတာကိုမေထာက္ခံတဲ့အတြက္ ကုသိုလ္ေတာင္ရေသး....။
ကုသိုလ္ရေတာ့ နတ္ျပည္ေတာင္ေရာက္ႏိုင္တာေပါ့ကြာ.....ဟာဟ ”

ဆရာခင္ရဲ႕ အေျပာမွာ.... ေမာင္ေက်ာ္ငိုင္သြားေတာ့တယ္။ ဆရာခင္ကိုေထာက္ခံသူေတြကေတာ့ “ဒါမွ ဆရာခင္ကြ” ဆိုၿပီး ၾသဘာေပးတယ္။
ေမာင္ေက်ာ္လည္းစဥ္းစားရေတာ့တယ္။ သူကဘယ္အစိုးရကိုမွ ေထာက္ခံသူမဟုတ္....။ ေမာင္ေက်ာ္ကိုလည္းဆရာခင္တို႔ကအနီေၾကာင္လို႔ ေခၚၾကတယ္ေလ။
ထူးထူးဆန္းဆန္းအိမ္မွာေၾကာင္ အနီတစ္ေကာင္ေမြးထားလို႔တဲ့.....။ ထားေတာ့....။ ေမာင္ေက်ာ္စဥ္းစားမိတာကအရင္အစိုးရကိုမေထာက္ခံလို႔ ကုသိုလ္ရမယ္။
ဒီအစိုးရကိုမေထာက္ခံလို႔ အဝီစိေရာက္မယ္။ အဲ့ေတာ့ ဘဲစားဘဲေၾကျဖစ္မလား။ ဒါမွမဟုတ္ ငရဲေတာ့ မေရာက္ဘဲအသူရကယ္ဘုံမ်ားေရာက္မလားေပါ့။
 ၿပီးေတာ့လည္း လက္ဖက္ရည္ဝိုင္းမွာ ငါးေယာက္ရွိတာဆရာခင္နဲ႔ အစိုးရကိုေထာက္ခံသူႏွစ္ေယာက္ကေတာ့ နတ္ျပည္သြားမယ္။
ေမာင္ေက်ာ္နဲ႔ အျခားတေယာက္ကေတာ့ ဘယ္အစိုးရကိုမွ ေထာက္ခံသူမဟုတ္ေလေတာ့.... ငရဲျပည္သြားမယ္။ ဒါဆို ျမန္မာျပည္မွာေရာ....။
ဘယ္သူနတ္ျပည္ေရာက္ၿပီးဘယ္သူေတြ အဝီစိေရာက္မတုန္း....။

“က်ေနာ္ကေတာ့ျဖင့္ ငရဲျပည္ေတာ့ မေရာက္ခ်င္ဘူးဆရာခင္ရယ္...။ ျဖစ္ႏိုင္ရင္ေတာ့ ဆရာခင္တို႔လို႔ နတ္ျပည္ပဲေရာက္ခ်င္တာပဲ.....။ ဒါေၾကာင့္ အခုကစလို႔... ဆရာခင္တို႔လိုမ်ိဳးလက္ရွိအစိုးရကိုပိုးစိုးပက္စက္ေထာက္ခံေတာ့မယ္” လို႔ ေမာင္ေက်ာ္ကေျပာလိုက္တယ္ဆိုရင္ပဲ...
ဆရာခင္မ်က္ႏွာဟာ ၿပဳံးသြားတာပဲ။
ၿပီးေတာ့.... “ဒီလိုမွေပါ့ကြာ....။ ဒီလက္ဖက္ရည္ဖိုးေတြ ငါပဲရွင္းလိုက္ေတာ့မယ္ကြာ...” လို႔ဆရာခင္ကဆိုလိုက္တယ္။
လက္ဖက္ရည္ဖိုးရွင္းၿပီးေတာ့ ေမာင္ေက်ာ္ကမရွင္းတာေလးတခုထပ္ေမးလိုက္တယ္...။
“ဒါနဲ႔ ဆရာခင္ရယ္... အစိုးရဟာမင္းက်င့္တရားဆယ္ပါးနဲ႔ အညီအုပ္ခ်ဳပ္လား၊ မအုပ္ခ်ဳပ္လား....ဘယ္လိုသိရမတုန္းဗ်”
ဒီေတာ့ ဆရာခင္ကတခြန္းထဲေျပာခ်လိုက္တယ္.....။
“ကိုယ္ႀကိဳက္တဲ့အစိုးရကမင္းက်င့္တရားဆယ္ပါးနဲ႔ညီတဲ့ အစိုးရပဲ....။ မႀကိဳက္ရင္ေတာ့ မညီဘူးေဟ့” တဲ့

စိုေျပ