【 သရော်စာ 】"တို့ဆေးနဲ့ ခေါ်လိုက်မယ်နော်"

【  သရော်စာ  】"တို့ဆေးနဲ့ ခေါ်လိုက်မယ်နော်"

အခုတလော ဟိုက ကြားလိုက် ဒီကကြားလိုက်နဲ့ အသံတွေ အသံတွေ။
ဘာသံတွေလဲ   ။
နတ်ဆိုးက ဒါမျိုးဆို လွှတ်စိတ်ဝင်စားတာဗျ။
ဟုတ်တယ်လေ လူဆိုတာ သတင်းစားသုံးသူလို့ခင်ဗျားတို့ဘဲပြောတယ်မဟုတ်လား။
နတ်ဆိုးလည်း နာမည်ကသာ နတ်ဖြစ်နေတာ ။
တကယ်က လူကနေ လာတာလေ။
ဒီတော့ သတင်းစားသုံးတဲ့နတ်ပေါ့။

အမှန်က ဒီလိုဗျ။လူဆိုတာ စပ်စုတဲအမျိုး။ဒီတော့ စပ်စုတာကို ဖုံးချင်လို့ သတင်းဆိုပြီး လုပ်ကြတာ။
အခုကြားတယ်မဟုတ်လား။ တက္ကသိုလ်နောက်ဆုံးနှစ်ကို လစာကောင်းတဲ့ အလုပ်ရမယ်ဆိုပြီး ဒလကိုခေါ်သွားတာ။
ဟိုရောက်တော့ ဆေးခပ်ပြီးရောင်းစားတယ်ဆိုလား။
ဒီတော့ နတ်ဆိုးက ဆေးခပ်တယ်ဆိုတာကို လွှတ်စိတ်ဝင်စားတာဗျ။
စဉ်းစားကြည့်လေ။

လူတစ်ယောက်လုံးကိုဆေးခပ်ပြီး ခိုင်းလို့ရတယ်ဆိုတာ အရင်က ကြားသာကြားဘူးတာ။သေသေ
ချာချာ ဘယ်သူက သက်သေပြနိုင်လို့လဲ။
အခုသက်သေပြနိုင်ပြီလေ။
သက်သေပြတာမှ ပညာတတ်ကိုခေါ်ပြီး ဆေးခတ်ပြတာ။
ဒီတော့ ယုံပြီလေ။
အခုဆို ကြောင်ဖား အဲလေ ကျားဖောင် ကိစ္စကြောင့် တို့ဆေးနဲ့ အခေါ်ခံရတဲ့ တခြားကောင်လေးတွေ ကောင်မလေးတွေ ကိစ္စတောင်တစ်ပုံတစ်ပင်ကြီး ပေါ်လာပြီလေ။

ဒဂုံတောင်မှာတောင် ရှစ်ဆယ်လား ကိုးဆယ်လား။
နည်းလား။
နတ်ဆိုးလည်းစဉ်းစားကြည့်တယ်။မိန်းကလေးတွေကတော့ထားလိုက်။မာဆတ်တို့မာစွပ်တို့ ကေတီဗွီတို့မှာ သုံးစားလို့ရလို့ဆိုတော့။ ကျားတွေကျတော့ ဘယ်နေရာမှာ အသုံးချမလဲပေါ့။ အခုမှရှင်းတော့တယ်။
နတ်ဆိုးလည်း အခုဆို တို့ဆေးအကြောင်း ကြားတာနဲ့ လိုက်
ပြီးသား။

ဘာလဲ ဖမ်းပြီး ဆွမ်းကြီးလောင်းမလို့ .....ဟုတ်လား။
ဘယ်ကလာ။
နတ်ဆိုးက တို့ဆေးလိုချင်နေလို့ လိုက်မှာ။
ဘာလုပ်မလို့လဲဟုတ်လား။
တို့ဆေးရရင် နတ်ဆိုးမှာ လုပ်စရာ အများကြီး။
တို့ဆေးကောင်းကောင်းရရင် နတ်ဆိုးအဖို့
စကြာဝတေးမင်းဖြစ်သလိုပေါ့..။
ဖြစ်ချင်တာ အကုန်ဖြစ်လို့ရပြီလေ။

တို့ဆေးသာ ခုချိန်ရှိ ဘာပြောကောင်းမလဲ လုလုလား သဉ္ဇာလား မွေ့မွေ့လား လို့ချင်တဲ့အချိန် တို့ဆေးလေးတို့ ။
တစ်လလောက်သတိမေ့သွားေ။၊ တစ်လပြည့်ခါနီး သတိရခါနီးပြန်ပို့....။
အလဲ့ ဘယ်လောက်မိုက်လဲ.....။
နောက်တစ်ယောက်ပြောင်း ...အဟီး...တွေးကြည့်တာနဲ့တောင် ရင်ခုန်စရာ။
ငွေလိုပြီလား.....။
ငွေလိုရင် အလွယ်လေး။ဘဏ်သူဌေးတွေကို တို့ဆေးနဲ့ တို့။
သိန်းတစ်ရာ သိန်းတစ်ထောင် သိန်းတစ်သောင်း။
ကဲ .... စဉ်းစားကြည့်ရင် အမိုက်ဘဲ။

ဒါပေမယ့် နတ်ဆိုးက တို့ဆေးကို ကိုယ်ကျိုးအတွက်မသုံးပါဘူး။
တိုင်းပြည်အတွက် သုံးမလို့ဗျ။
ဟေ့လူ ....ဘာရယ်တာလဲ။
တကယ်ပြောတာဗျ။
တို့ဆေးကို တိုင်းပြည်အတွက် ဘယ်လိုသုံးမလဲ....ဟုတ်လား။
သုံးလို့ရတာ ရှိတာပေါ့။
နတ်ဆိုးမှာသာ  တို့ဆေးရှိကြည့်။
မြောက်ပိုင်းက အဖွဲ့ဆိုလား...မျောက်သုံးကောင်ဆိုလား။
ဒီလူတွေနဲ့ လက်ဆွဲနူတ်ဆက်တုန်း တို့ဆေးလေး တို့လိုက်။
ပြီးရင် လက်မှတ်ထိုးခိုင်း ကဲ ဘယ်လောက်မိုက်သလဲ။
ကဲ....လွှတ်တော်ထဲ  နူတ်ခမ်းတလန် ပါးတလန် ဖြစ်နေတဲ့သူတွေ ....။
တို့ဆေးသာရှိ ။
ဖင်လေးတစ်ချက်ပုတ်....။
ကိုယ်နောက်ကောက်ကောက်ပါ ...ဘယ်လောက်မိုက်သလဲ။

ဒါကြောင့်ပြောပါတယ်....။
စိတ်ကောက်တဲ့ ကိုကိုတွေ မမတွေ ....
ခဏခဏမကောက်နဲ့....
တို့ဆေးနဲ့ တို့လိုက်မှာ ...ဟင်းဟင်းးး

                                                        နတ်ဆိုး 

(  Zawgyi  )

အခုတေလာ ဟိုက ၾကားလိုက္ ဒီကၾကားလိုက္နဲ႔ အသံေတြ အသံေတြ။
ဘာသံေတြလဲ   ။
နတ္ဆိုးက ဒါမ်ိဳးဆို လႊတ္စိတ္ဝင္စားတာဗ်။
ဟုတ္တယ္ေလ လူဆိုတာ သတင္းစားသုံးသူလို႔ခင္ဗ်ားတို႔ဘဲေျပာတယ္မဟုတ္လား။
နတ္ဆိုးလည္း နာမည္ကသာ နတ္ျဖစ္ေနတာ ။
တကယ္က လူကေန လာတာေလ။
ဒီေတာ့ သတင္းစားသုံးတဲ့နတ္ေပါ့။

အမွန္က ဒီလိုဗ်။လူဆိုတာ စပ္စုတဲအမ်ိဳး။ဒီေတာ့ စပ္စုတာကို ဖုံးခ်င္လို႔ သတင္းဆိုၿပီး လုပ္ၾကတာ။
အခုၾကားတယ္မဟုတ္လား။ တကၠသိုလ္ေနာက္ဆုံးႏွစ္ကို လစာေကာင္းတဲ့ အလုပ္ရမယ္ဆိုၿပီး ဒလကိုေခၚသြားတာ။
ဟိုေရာက္ေတာ့ ေဆးခပ္ၿပီးေရာင္းစားတယ္ဆိုလား။
ဒီေတာ့ နတ္ဆိုးက ေဆးခပ္တယ္ဆိုတာကို လႊတ္စိတ္ဝင္စားတာဗ်။
စဥ္းစားၾကည့္ေလ။

လူတစ္ေယာက္လုံးကိုေဆးခပ္ၿပီး ခိုင္းလို႔ရတယ္ဆိုတာ အရင္က ၾကားသာၾကားဘူးတာ။ေသေသ
ခ်ာခ်ာ ဘယ္သူက သက္ေသျပႏိုင္လို႔လဲ။
အခုသက္ေသျပႏိုင္ၿပီေလ။
သက္ေသျပတာမွ ပညာတတ္ကိုေခၚၿပီး ေဆးခတ္ျပတာ။
ဒီေတာ့ ယုံၿပီေလ။
အခုဆို ေၾကာင္ဖား အဲေလ က်ားေဖာင္ ကိစၥေၾကာင့္ တို႔ေဆးနဲ႔ အေခၚခံရတဲ့ တျခားေကာင္ေလးေတြ ေကာင္မေလးေတြ ကိစၥေတာင္တစ္ပုံတစ္ပင္ႀကီး ေပၚလာၿပီေလ။

ဒဂုံေတာင္မွာေတာင္ ရွစ္ဆယ္လား ကိုးဆယ္လား။
နည္းလား။
နတ္ဆိုးလည္းစဥ္းစားၾကည့္တယ္။မိန္းကေလးေတြကေတာ့ထားလိုက္။မာဆတ္တို႔မာစြပ္တို႔ ေကတီဗြီတို႔မွာ သုံးစားလို႔ရလို႔ဆိုေတာ့။ က်ားေတြက်ေတာ့ ဘယ္ေနရာမွာ အသုံးခ်မလဲေပါ့။ အခုမွရွင္းေတာ့တယ္။
နတ္ဆိုးလည္း အခုဆို တို႔ေဆးအေၾကာင္း ၾကားတာနဲ႔ လိုက္
ၿပီးသား။

ဘာလဲ ဖမ္းၿပီး ဆြမ္းႀကီးေလာင္းမလို႔ .....ဟုတ္လား။
ဘယ္ကလာ။
နတ္ဆိုးက တို႔ေဆးလိုခ်င္ေနလို႔ လိုက္မွာ။
ဘာလုပ္မလို႔လဲဟုတ္လား။
တို႔ေဆးရရင္ နတ္ဆိုးမွာ လုပ္စရာ အမ်ားႀကီး။
တို႔ေဆးေကာင္းေကာင္းရရင္ နတ္ဆိုးအဖို႔
စၾကာဝေတးမင္းျဖစ္သလိုေပါ့..။
ျဖစ္ခ်င္တာ အကုန္ျဖစ္လို႔ရၿပီေလ။

တို႔ေဆးသာ ခုခ်ိန္ရွိ ဘာေျပာေကာင္းမလဲ လုလုလား သၪၨာလား ေမြ႕ေမြ႕လား လို႔ခ်င္တဲ့အခ်ိန္ တို႔ေဆးေလးတို႔ ။
တစ္လေလာက္သတိေမ့သြားေ။၊ တစ္လျပည့္ခါနီး သတိရခါနီးျပန္ပို႔....။
အလဲ့ ဘယ္ေလာက္မိုက္လဲ.....။
ေနာက္တစ္ေယာက္ေျပာင္း ...အဟီး...ေတြးၾကည့္တာနဲ႔ေတာင္ ရင္ခုန္စရာ။
ေငြလိုၿပီလား.....။
ေငြလိုရင္ အလြယ္ေလး။ဘဏ္သူေဌးေတြကို တို႔ေဆးနဲ႔ တို႔။
သိန္းတစ္ရာ သိန္းတစ္ေထာင္ သိန္းတစ္ေသာင္း။
ကဲ .... စဥ္းစားၾကည့္ရင္ အမိုက္ဘဲ။

ဒါေပမယ့္ နတ္ဆိုးက တို႔ေဆးကို ကိုယ္က်ိဳးအတြက္မသုံးပါဘူး။
တိုင္းျပည္အတြက္ သုံးမလို႔ဗ်။
ေဟ့လူ ....ဘာရယ္တာလဲ။
တကယ္ေျပာတာဗ်။
တို႔ေဆးကို တိုင္းျပည္အတြက္ ဘယ္လိုသုံးမလဲ....ဟုတ္လား။
သုံးလို႔ရတာ ရွိတာေပါ့။
နတ္ဆိုးမွာသာ  တို႔ေဆးရွိၾကည့္။
ေျမာက္ပိုင္းက အဖြဲ႕ဆိုလား...ေမ်ာက္သုံးေကာင္ဆိုလား။
ဒီလူေတြနဲ႔ လက္ဆြဲႏူတ္ဆက္တုန္း တို႔ေဆးေလး တို႔လိုက္။
ၿပီးရင္ လက္မွတ္ထိုးခိုင္း ကဲ ဘယ္ေလာက္မိုက္သလဲ။
ကဲ....လႊတ္ေတာ္ထဲ  ႏူတ္ခမ္းတလန္ ပါးတလန္ ျဖစ္ေနတဲ့သူေတြ ....။
တို႔ေဆးသာရွိ ။
ဖင္ေလးတစ္ခ်က္ပုတ္....။
ကိုယ္ေနာက္ေကာက္ေကာက္ပါ ...ဘယ္ေလာက္မိုက္သလဲ။

ဒါေၾကာင့္ေျပာပါတယ္....။
စိတ္ေကာက္တဲ့ ကိုကိုေတြ မမေတြ ....
ခဏခဏမေကာက္နဲ႔....
တို႔ေဆးနဲ႔ တို႔လိုက္မွာ ...ဟင္းဟင္းးး

                                                        နတ္ဆိုး